← Chapters

အခန်း ၁၀၆၈

Vol. 72 Ch. 1068

အခန်း ၁၀၆၈

Vol. 72 Ch. 1068

အခန်း ၁၀၆၈ - ဒီမင်္ဂလာပွဲရဲ့အဆင့်အတန်းက ဘယ်လောက်တောင်လဲ

"ဆရာဟန်... စီနီယာအစ်ကို... စီနီယာအစ်မ"

ကျန်းမုန့်လောင်က သူတို့ကို နွေးထွေးပျူငှာစွာ သွားရောက်နှုတ်ဆက်လိုက်သည်။

"မုန့်လောင်... မတွေ့ရတာ ကြာပြီပဲ"

စီနီယာအစ်ကိုကျူးမုန့်ချောင်က သူ့ရင်ဘတ်ကို ထိုးလိုက်သည်။

"ကျွတ် ကျွတ် ကျွတ်... မင်းတောင် ဒီအရွယ်ရောက်နေပြီပဲ။ တော်ဝင်ပညာရှင်တစ်ယောက်ကို ပထမဆုံးအကြိမ် ထိုးဖူးတာဆိုတော့ တော်တော်လေး ခံစားလို့ကောင်းတာပဲ"

"လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက မင်း ကမ္ဘာမြေပေါ်မှာ မရှိဘူးလို့ ကြားတယ်။ မင်း ဘာတွေများ လုပ်နေခဲ့တာလဲ"

တကယ်တမ်းတွင် ထိုစဉ်က ကျူးကျော်လာသော ယာဉ်တန်းကို အနိုင်ယူရန် ကျန်းမုန့်လောင်က လူစုကို ဦးဆောင်ခဲ့ခြင်းဖြစ်သော်လည်း သာမန်ကမ္ဘာသူကမ္ဘာသားများကမူ ထိုအချက်ကို လုံးဝမသိခဲ့ကြပေ။ ကမ္ဘာခြားစစ်မြေပြင်သို့ သူသွားရောက်ခဲ့သည့် ခရီးစဉ်များကိုပင် သူနှင့် အရင်းနှီးဆုံးလူအနည်းငယ်ကသာ အနည်းအကျဉ်း သိကြသည်။

"အင်း... စကြဝဠာထဲက တခြားမျိုးနွယ်စုတွေနဲ့ ကျွန်တော် စီးပွားရေးသွားလုပ်နေတာပါ"

ကျန်းမုန့်လောင် လိမ်ပြောလိုက်သည်။

"ဒီနေ့ မင်းရဲ့ မင်္ဂလာပွဲကြီးက တော်တော်လေး ခမ်းနားတာပဲ။ မင်းက အာကာသက မျိုးနွယ်စုတွေကြားမှာ မိတ်ဆွေတွေ တော်တော်လေးရထားပုံပဲ"

ကျန်းမုန့်လောင်၏ စီနီယာအစ်ကိုများက ရောက်နေနှင့်ပြီးဖြစ်သော ဧည့်သည်တချို့ကို လှမ်းကြည့်လိုက်၏။

"ဂြိုဟ်သားတွေအများကြီး လာကြတာလည်း အံ့ဩစရာတော့ မဟုတ်ပါဘူးလေ"

"လောင်ကျိုး... လောင်ချင်"

ကျန်းမုန့်လောင်က ဘေးနားရှိ အကြီးအကဲများကို ဆက်လက်နှုတ်ဆက်လိုက်သည်။

"ဟားဟားဟား.. ကောင်းတယ်။ ကောင်းတယ်။ ဒီအရိုးဆွေးကြီးနဲ့ မင်းလိုကောင်လေး အိမ်ထောင်ကျတဲ့နေ့ကို မြင်ရလိမ့်မယ်လို့ ငါ မထင်ထားဘူး"

သားသမီးမရှိသော လောင်ကျိုးက ကျန်းမုန့်လောင်ကို သူ့သားအရင်းတစ်ယောက်လိုပင် သဘောထားလေသည်။

"မင်းရဲ့မိဘတွေသာ အပေါ်ကနေ ကြည့်နေမယ်ဆိုရင် သူတို့လည်း တော်တော်လေး ဝမ်းသာနေကြမှာပဲ"

ထိုစကားကို ကြားသောအခါ ကျန်းမုန့်လောင်မှာ မျက်လုံးမလှန်ဘဲ မနေနိုင်တော့ပေ။

သူ့မိဘတွေ မသေသေးဘူးလေ။

လွန်ခဲ့သည့် လအနည်းငယ်က မင်္ဂလာဆောင်မည့်ရက် သတ်မှတ်ပြီးချိန်တွင် ကျန်းမုန့်လောင်မှာ ကောထန်ကတစ်ဆင့် သူ့ဘိုးဘေးများထံသို့ ဖိတ်စာများ ပေးပို့ခဲ့သည်။ သို့သော် မယားငယ်အသစ်လေးက ကလေးမွေးမည်ဆိုခြင်းကြောင့်ဖြစ်စေ၊ အဆင့်မြင့်ကမ္ဘာမှ အကြီးအကဲတစ်ယောက်၏ ညစာစားပွဲ ဖိတ်ကြားချက်ကြောင့်ဖြစ်စေ သူတို့အားလုံးက မလာရောက်နိုင်သည့် အကြောင်းပြချက်များကို တစ်ယောက်ပြီးတစ်ယောက် ပေးခဲ့ကြသည်။

သွေးက ရေထက်ပျစ်တယ်ဆိုတဲ့ မိသားစုသံယောဇဉ်တွေက ဘာတွေလဲ။ အကုန် အလကားတွေချည်းပဲ။

"မင်းရဲ့ တခြားသူငယ်ချင်းတွေလည်း လာနေကြပြီဆိုတော့ ငါတို့ မင်းကို အနှောင့်အယှက် မပေးတော့ဘူး။ သွားဧည့်ခံလိုက်ဦး"

ဧည့်သည်များ တင်ဆောင်လာသော အာကာသယာဉ်နောက်တစ်စင်းက အဝေးရှိ ဆိုက်ကပ်ရာနေရာသို့ ဆင်းသက်လာသည်။

"ဟားဟားဟား... ကောင်းပါပြီ။ အစားအသောက်တွေကို သုံးဆောင်ကြပါဦး။ ကျွန်တော် ဧည့်သည်တွေကို အရင်သွားကြည့်လိုက်ဦးမယ်"

သာမန်သူငယ်ချင်းများဆိုလျှင် ပြဿနာမရှိသော်လည်း အဆင့်ရှစ်သက်ရှိဖြစ်စေ၊ အဆင့်ကိုးသက်ရှိဖြစ်စေ ကျန်းမုန့်လောင်က သူတို့ထဲရှိ မည်သူ့ကိုမျှ မျက်နှာသာပေးမည် မဟုတ်ပေ။ သို့သော် ထိုအာကာသယာဉ်ပေါ်မှ ရင်းနှီးနေသော အငွေ့အသက်အချို့ကို ကျန်းမုန့်လောင် ရှင်းလင်းစွာ ခံစားလိုက်ရသည်။

"အိုင်းရင်း... ရှာယန်နာ...ရှာဇီနာ"

"မုန့်လောင်"

အိုင်းရင်းက ကျန်းမုန့်လောင်ကို တင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။ စကြဝဠာမြေအောက်ကုန်သွယ်ရေးပွဲတွင် သူတို့ နောက်ဆုံးတွေ့ပြီးကတည်းကဆိုလျှင် နှစ်အတော်ကြာခဲ့လေပြီ။

အိုင်ဇက်မျိုးနွယ်စုသည် အဆင့်နှစ်မျိုးနွယ်စုသာ ဖြစ်နေသေးသော်လည်း အိုင်းရင်း စီမံခန့်ခွဲနေသည့် ဧရာမစာပို့အုပ်စုကွန်ရက်ကြီးကို ထိန်းသိမ်းပေးထားသောကြောင့် မရေတွက်နိုင်သော သယံဇာတများကို ရရှိခဲ့သည်။ နေ့စဉ်နေ့တိုင်း လူများက သူ့ထံသို့ ငွေကြေးများ၊ ဂြိုဟ်များနှင့် ရတနာများပေးပို့ရန် ကြိုးစားနေကြသည်။

ယခုအခါ သူ့မျိုးနွယ်စုသည် အဆင့်ငါး မျိုးနွယ်စုပေါင်းလေးရာကျော်ကို အုပ်ချုပ်နေပြီဖြစ်ပြီး သူ့ပိုင်ဆိုင်မှုများက ကြယ်တာရာစကြဝဠာဒင်္ဂါးသန်းဆယ်ဂဏန်းကျော်နေပြီဖြစ်ရာ သူ့အဆင့်အတန်းမှာ အဆင့်ရှစ်သက်ရှိတစ်ဦးနှင့်ပင် နှိုင်းယှဉ်၍ရနေလေပြီ။

ဘေးနားရှိ ရှာယန်နာမှာမူ အနည်းငယ်ဝဖြိုးလာပုံရပြီး ကိုယ်ဝန်ရှိနေပုံပေါ်သည်။

"ဟား ဂုဏ်ယူပါတယ်"

ကျန်းမုန့်လောင်က မျက်စိမှိတ်ပြလိုက်သည်။

"အာ.... နှမြောစရာပဲ"

ရှာဇီနာက သက်ပြင်းချလိုက်လေသည်။

"ငါသာ ကြိုသိခဲ့ရင် စောစောစီးစီး လှုပ်ရှားပါတယ်။ ရှင့်ကို မူးအောင်တိုက်လိုက်ရင် ရှင်က ကျွန်မလူဖြစ်နေလောက်ပြီ"

"ရှာဇီနာ"

ရှာယန်နာက သူ့ညီမကို စိုက်ကြည့်လိုက်သည်။

"ဟားဟား နောက်တာပါ"

ရှာဇီနာက ပြောင်စပ်စပ်ဖြင့် ပြောလိုက်လေသည်။

"ဂုဏ်ယူပါတယ်နော်"

"ဒါနဲ့ မင်းအတွက် လက်ဆောင်ကို မင်းလူတွေဆီ ပေးထားပြီးပြီနော်"

အိုင်းရင်းက ပြောလေသည်။

"မင်းရဲ့အဆင့်အတန်းနဲ့ ချမ်းသာကြွယ်ဝမှုမျိုးနဲ့ဆိုတော့ မင်းကို တန်ဖိုးကြီးတာ ဘာမှမပေးနိုင်ဘူးလေ။ အဲဒါကြောင့် နောက်ဆုံးပေါ် အကန့်အသတ်နဲ့ ထုတ်ထားတဲ့ ကိုယ်ပိုင်အာကာသယာဉ်တစ်စင်း မင်းအတွက် ဝယ်လာခဲ့တယ်။ ချေးမများနဲ့နော်"

"ဟားဟားဟား... ငါက အဲဒီလိုလူစားမျိုးလား"

ကျန်းမုန့်လောင်က လက်ဆောင်များ၏ ငွေကြေးတန်ဖိုးကို ဘယ်သောအခါမှ ဂရုမစိုက်ပေ။ မည်သို့ပင်ဖြစ်စေ သူသည် အရာအားလုံးကို တတ်နိုင်သူပင်။

ကျန်းမုန့်လောင် ရောက်လာပြီးနောက် မင်္ဂလာပွဲတိုက်ရိုက်ထုတ်လွှင့်မှုကို စတင်ခဲ့သည်။ အခြားဂြိုဟ်ပေါ်တွင် ကျင်းပခြင်းဖြစ်သောကြောင့် ဤမျှကြီးမားသော အတိုင်းအတာရှိသည့် ပွဲမျိုးကို ကမ္ဘာမြေပေါ်တွင် မြင်တွေ့ရခဲလှသည်။ ထုတ်လွှင့်မှု စတင်သည်နှင့်တစ်ပြိုင်နက် မှန်းဆ၍မရနိုင်လောက်အောင် များပြားလှသော လူများ ဝင်ရောက်လာကြသည်။

"ဝိုး... ဒါ တကယ်ပဲ မစ္စတာကျန်းရဲ့ မင်္ဂလာပွဲလား။ အံ့ဩစရာပဲ"

"ငါ ခဏခဏပြောပြီးပြီလေ။ သူ့ကို မစ္စတာကျန်းလို့ ခေါ်တာ ရပ်လိုက်တော့။ အဲဒါ စီးပွားရေးဆန်လွန်းတယ်။ သူ့ကို တော်ဝင်ပညာရှင်ကျန်းလို့ ခေါ်ကြစမ်းပါ"

"ကျွတ် ကျွတ် ကျွတ်... လူသားမျိုးနွယ်စုရဲ့ ရှေ့ဆောင်လမ်းပြပဲ။ ဒီနေ့ခေတ် ကမ္ဘာမြေရဲ့ လျင်မြန်တဲ့တိုးတက်မှုတွေက တော်ဝင်ပညာရှင်ကျန်းရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ ခွဲခြားလို့မရဘူးလို့ ငါကြားတယ်"

အများပြည်သူအမြင်တွင် အာကာသရှိ မျိုးနွယ်စုများ လူသားများထံသို့ စတင်လည်ပတ်လာချိန်မှစ၍ လူသားများ၏ နည်းပညာမှာ လျင်မြန်စွာ တိုးတက်လာခဲ့ပြီး ကျန်းမုန့်လောင်ကလည်း အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ထို့ကြောင့်ပင် သူသည် သိပ္ပံသုတေသနပရောဂျက်များကြောင့် အလုပ်များနေခဲ့သဖြင့် လွန်ခဲ့သည့်နှစ်များအတွင်း သူ့အကြောင်း သတင်းဖော်ပြခံရမှုမှာ အလွန်နည်းပါးခဲ့သည်။

"ကြည့်စမ်း... ဂြိုဟ်ကောင်စီက ခေါင်းဆောင်တချို့တောင် ရောက်လာကြတယ်"

"ဒါက ဘာများဆန်းလို့လဲ။ ဒါက မစ္စတာကျန်းရဲ့ ပုံမှန်အခြေအနေပဲလေ။ ဟိုက ပုံပန်းသဏ္ဌာန်ထူးဆန်းနေတဲ့ လူတွေကို မြင်လား။ သူတို့က အနီးအနားက တခြားမျိုးနွယ်စုတွေက လာတာဖြစ်ရမယ်။ အားလုံးက တော်ဝင်ပညာရှင်ကျန်း တခြားမျိုးနွယ်စုတွေမှာ ရထားတဲ့ သူငယ်ချင်းတွေချည်းပဲ"

"ကျွတ် ကျွတ် ကျွတ် မယုံနိုင်စရာပဲ"

"ကြည့်... အာကာသယာဉ်ထဲကနေ လူတွေ ထပ်ထွက်လာကြပြီ"

"အဲဒီလူကို ငါသိတယ်။ ပြီးခဲ့တဲ့တစ်ခေါက် တီဗီထဲမှာ သူ့ကို ငါမြင်လိုက်တယ်။ သူက အလင်းနှစ်၇၃၀၀၀ကွာဝေးတဲ့ အိန်ဂျယ်နည်းပညာက ဂြိုဟ်တစ်လုံးရဲ့ အရှင်သခင်လေ။ အဆင့်နှစ်မျိုးနွယ်စုကပေါ့"

"တကယ်ကြီးလား။ အဆင့်နှစ်မျိုးနွယ်စုက အရှင်သခင်တစ်ယောက်တောင် လာတာလား။ တော်ဝင်ပညာရှင်ကျန်းရဲ့ ဩဇာလွှမ်းမိုးမှုက ဒီလောက်တောင် ကြီးမားနေပြီလား"

"ထူးဆန်းတာက သူ တစ်ချိန်လုံး တုန်ယင်နေသလိုပဲဆိုတာ မင်းတို့ သတိထားမိကြလား"

အိန်ဂျယ်မျိုးနွယ်စုက ထိုအရှင်သခင်မှာ မတုန်ယင်ဘဲ နေနိုင်မည်လော။

မည်သို့ပင်ဆိုစေကာမူ သူသည် အခြားလူ၁၇ယောက်နှင့်အတူ တစ်စီးတည်းသော အာကာသယာဉ်ဖြင့် ရောက်လာခဲ့ခြင်းပင်။ ထိုလူတစ်ဦးစီတိုင်းမှာ သူ့ကို အလွယ်တကူ ချေမှုန်းနိုင်စွမ်းရှိသည့် အဆင့်ခုနစ်သက်ရှိများ ဖြစ်ကြသည်။ ပိုကြောက်မက်ဖွယ်ကောင်းပုံရသော လူနှစ်ယောက်ပင် ပါသေးသည်ဖြစ်ရာ ထိုအဆင့်ငါးသက်ရှိများ၏ အရှင်သခင်များကပင် သူတို့နှင့် အကွာအဝေးတစ်ခုကို တမင်သက်သက် ခွာထားကြသည်။

"အဲဒီလူကို စကြဝဠာကွန်ရက်ပေါ်မှာ ငါမြင်ဖူးတယ်။ သူက ငါတို့ရဲ့ အမြွှာဝေလငါးစကြဝဠာအင်ပါယာရဲ့ ခေါင်းဆောင်ပဲ။ ငါတို့ အမြွှာဝေလငါးစကြဝဠာအင်ပါယာက အဆင့်ငါးမျိုးနွယ်စုလေ။ ဘယ်လိုလုပ်ပြီး ဒီလောက် နာမည်ကြီးတဲ့လူက ဒီကို ရောက်နေရတာလဲ"

"ခဏနေပါဦး။ ဘာလို့ တစ်ခုခုလွဲနေသလို ခံစားရတာလဲ။ သူ့ကို ကြည့်စမ်း။ ဖားယားပြီး ပြုံးဖြီးဖြီးလုပ်နေတာနော်"

"ဖားယားနေတာတင် မကဘူး။ မျက်နှာချိုသွေးနေတဲ့ ခွေးတစ်ကောင်နဲ့တောင် တူနေသေးတယ်"

"တော်ဝင်ပညာရှင်ကျန်း မှာ ငါတို့ကို ဖုံးကွယ်ထားတဲ့ တခြားကိစ္စတစ်ခု သေချာပေါက် ရှိရမယ်လို့ ငါထင်တယ်"

"အိုင်ဇက်မျိုးနွယ်စုအရှင်သခင် အိုင်းရင်းက ကြယ်အလုံးတစ်ရာနဲ့ စူပါစတား မျိုးနွယ်စုက အာကာသယာဉ်တစ်စင်း လက်ဆောင်ပေးပါတယ်"

လက်ဆောင်များကို မှတ်တမ်းတင်ရန် တာဝန်ရှိသော ဝန်ထမ်းများက စတင်ကြေညာလေသည်။

"ကြယ်အလုံးတစ်ရာဟုတ်လား။ ငါတို့ရဲ့ အမြွှာဝေလငါးစကြဝဠာအင်ပါယာတစ်ခုလုံးကမှ ကြယ်အလုံးရေ နည်းနည်းပဲ တန်ဖိုးရှိတာလေ။ သူတို့ ငါတို့ကို လာနောက်နေတာလား။ ဒါ လိမ်လည်နေတာများလား"

"စူပါစတားမျိုးနွယ်စုရဲ့ ကိုယ်ပိုင်အာကာသယာဉ်က စတားဂေဇာရဲ့ အဆင့်မြှင့်တင်ထားတဲ့ မော်ဒယ်​လေ။ စွမ်းဆောင်ရည်၁၀ရာခိုင်နှုန်း တိုးလာပြီး စတားဂေဇာမော်ဒယ်ရဲ့ မူလဈေးနှုန်းထက် နှစ်ဆကျော် ပိုများတယ်။ ပိုက်ဆံရှိရင်တောင် အဲဒါကို ရချင်မှရမှာ။ သူတို့ လိမ်ပြောနေတာလား"

ကြေညာလိုက်သည့် အချက်အလက်များက အမှန်ဖြစ်ကြောင်း ကြည့်ရှုသူများအနေနှင့် ယုံကြည်ရန် ခက်ခဲနေကြသည်။

သို့သော် နောက်ထပ် ကြေညာလိုက်သော လက်ဆောင်များက သူတို့၏ ကမ္ဘာ့အမြင်ကို ပိုမိုရှုပ်ထွေးသွားစေခဲ့သည်။

"နိုအာမျိုးနွယ်စုအရှင်သခင်က ကြယ်အလုံးရေ တစ်ဘီလီယံနဲ့ အဆင့်ငါးမျိုးနွယ်စုငါးရာကို လက်ဆောင်ပေးပါတယ်"

"အိုင်ဇက်မျိုးနွယ်စုအရှင်သခင်က ကြယ်အလုံးရေသန်း၈၈၀နဲ့ အဆင့်ငါး မျိုးနွယ်စု၁၂၀၀ကို လက်ဆောင်ပေးပါတယ်"

...

"နိုအာမျိုးနွယ်စုလား။ အဲဒါက စကြဝဠာထဲမှာ အကြီးမားဆုံး မျိုးနွယ်စုတွေထဲက တစ်ခု မဟုတ်ဘူးလား"

"တစ်ခုဆိုတာကို ဖယ်လိုက်စမ်းပါ"

"ဒီလူတွေက ဘယ်သူတွေလဲ။ လက်ဆောင်တွေကို ကြယ်အလုံးရေဘီလီယံနဲ့ချီပြီး တိုင်းတာနေကြတာလား။ ပြီးတော့ မျိုးနွယ်စု ရာထောင်ချီကို လက်ဆောင်အဖြစ် ပေးကြတယ်ပေါ့"

"စကြဝဠာအမှတ်၈၂မှ ကိုယ်စားလှယ်များက ကြယ်တာရာအမြုတေ ၈.၈ းဘီလီယံနဲ့ စကြဝဠာအမှတ်၈၂က အဆင့်ငါးမျိုးနွယ်စုနယ်မြေ ၅၀၀၀ကို လက်ဆောင်ပေးပါတယ်"

"စကြဝဠာအမှတ်၉၇မှ ကိုယ်စားလှယ်များက ကြယ်တာရာအမြု​တေ၆.၆ဘီလီယံနဲ့ စကြဝဠာအမှတ်၈၇က အဆင့်ငါး မျိုးနွယ်စုနယ်မြေ ၆၆၆၆ကို လက်ဆောင်ပေးပါတယ်"

...

တက်ရောက်လာသူများနှင့် ပေးအပ်သော လက်ဆောင်များမှာ ပိုမိုလွန်ကဲလာသဖြင့် ကြည့်ရှုသူများ၏ မျက်နှာများလည်း ပုံပျက်စပြုလာလေပြီ။ ယနေ့ ဤမင်္ဂလာပွဲကို တက်ရောက်လာသူများပင် ရူးသွပ်နေကြလေသလား။ သို့မဟုတ် သူတို့ကိုယ်တိုင်သာ ရူးနေကြလေသလား။ ကာဗွန်အခြေခံသက်ရှိတစ်ယောက်က ဤကဲ့သို့သော မင်္ဂလာပွဲမျိုးကို တကယ်ကျင်းပနိုင်လေသလား။

စူပါမျိုးနွယ်စုများမှ အုပ်ချုပ်သူများ ရောက်လာသည်မှာ အသာထားဦး။ အဘယ်ကြောင့်များ အပြိုင်စကြဝဠာများရှိ လူများပါ လာကြလေသလဲ။ ဤအရာများက သီအိုရီအရသာ ရှိနေသေးသည်မဟုတ်လော။

ဒီမင်္ဂလာပွဲရဲ့အဆင့်အတန်းက ဘယ်လောက်တောင်လဲ....

********************

All Chapters