← Chapters

အခန်း ၁၀၇၆

Vol. 72 Ch. 1076

အခန်း ၁၀၇၆

Vol. 72 Ch. 1076

အခန်း ၁၀၇၆ - ငါထိန်းသိမ်းထားချင်တဲ့လူကို မင်းက လုယူရဲတယ်ပေါ့လေ

"ဟူး..."

လေဟာနယ်ဟင်းလင်းပြင်၏ အဆုံးနားက သက်ပြင်းချသံတစ်ခုနှင့်အတူ အကူအညီမဲ့မှုနှင့် စိတ်ပျက်အားလျော့မှု အရိပ်အယောင်များ စွက်နေသော အသံတစ်သံ ထွက်ပေါ်လာသည်။

"ဂိုဏ်းရဲ့ စမ်းသပ်မှုတစ်ခုတင် ရှိသေးတာကို ဆရာပေးထားတဲ့ အသက်ဘေးလွတ်ငြိမ်းချမ်းသာခွင့်ပစ္စည်းကို မင်း ထုတ်သုံးလိုက်တယ်ပေါ့လေ။ မင်းကတော့ ဒီဆရာ့ကို တကယ်စိတ်ပျက်စေတာပဲ"

"ဆရာ... သူက ဒီအဆင့်နိမ့်ကမ္ဘာမှာ ရှိနေသင့်တဲ့ သက်ရှိမျိုး မဟုတ်ဘူးဗျ။ တပည့်သင်ယူထားတဲ့ သိုင်းပညာတွေက သူ့ခန္ဓာကိုယ်ကိုတောင် မထိနိုင်ဘူး။ တပည့်ရဲ့ဓားလည်း သူ့ကိုထိမိတာနဲ့ ကြေမွသွားခဲ့တာပါ။ တပည့်အသုံးမကျလို့ တကယ်မဟုတ်ပါဘူးဗျာ"

"ဪ..."

ဤအရာက အသံပိုင်ရှင်ကို အမှန်တကယ် အံ့အားသင့်သွားစေသည်။

ထိုလူငယ်လေး၏ စွမ်းရည်အားလုံးမှာ သူကိုယ်တိုင် သင်ကြားပေးထားခြင်းပင်။ ဤတပည့်တွင် အကျင့်စရိုက်ပိုင်းဆိုင်ရာ ချို့ယွင်းချက်အချို့ ရှိသော်လည်း ပါရမီဉာဏ်ကမူ သေချာပေါက် အဆင့်မြင့်မားလှသည်။ သူ့ကို သင်ကြားပေးထားသော သိုင်းပညာရပ်များကို အလျင်အမြန်ပင် နားလည်သဘောပေါက်ခဲ့သဖြင့် ဤမျိုးဆက်ရှိ တပည့်များထဲတွင် အတော်ဆုံးမဟုတ်လျှင်ပင် ထူးချွန်ထက်မြက်သူတစ်ဦး ဖြစ်သည်။

ကျန်းမုန့်လောင်မှာ သူ့ခန္ဓာကိုယ်ထဲသို့ ကြီးမားကျယ်ပြန့်ပြီး ခန့်ညားထည်ဝါသော စွမ်းအားတစ်ရပ် ဖြတ်သန်းစီးဆင်းသွားကြောင်း ခံစားလိုက်ရသည်။ ထို့နောက် သူ့လျှို့ဝှက်ချက်များအားလုံးမှာ တစ်ဖက်လူ၏ ရှေ့မှောက်တွင် အတိုင်းသားပေါ်လွင်သွားသလို ဖြစ်သွားလေသည်။

"သိုင်းအဆင့်ရှစ်လား"

သူ ဇဝေဇဝါ ဖြစ်သွားသည်။ ကမ္ဘာနှစ်ခုကြားရှိ အဆင့်ကွာဟချက်အပေါ် အခြေခံကြည့်လျှင် သူ့တပည့်လည်း အဆင့်ချင်းအတူတူပင်။ ဤအဆင့်နိမ့်ကမ္ဘာတွင် ရှားပါးလှသော အဆင့်ကိုးအထွတ်အထိပ်များကလွဲ၍ သီအိုရီအရ အန္တရာယ်ရှိသော ရင်ဆိုင်မှုမျိုး မရှိသင့်ပေ။ သို့ပါလျက်နှင့် သူသည် အဆင့်ရှစ်လူငယ်တစ်ယောက်၏ ဖိအားပေးမှုကို ဤမျှအခြေအနေအထိရောက်အောင် ဘာကြောင့်ခံလိုက်ရသလဲ။

"အသက်သုံးဆယ်တောင် မပြည့်သေးဘူး။ ဒါ..."

"ဒီအဆင့်နိမ့်ကမ္ဘာရဲ့ စွမ်းအားအပြင် ဒီကမ္ဘာထက် အများကြီးသာတဲ့ တခြားစွမ်းအင်တွေအများကြီး ရှိနေသေးတယ်... ပြီးတော့ ငါတို့ကမ္ဘာရဲ့ ရွှမ်းချီတောင် ပါနေသေးတယ်"

"မဖြစ်နိုင်တာ"

သူ့အသံမှာ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားသည်။

"ဒီရွှမ်းချီက ငါတို့ကမ္ဘာထက်တောင် အဆတစ်ရာလောက် ပိုပြီးအစွမ်းထက်နေသေးတယ်။ ဂိုဏ်းရဲ့ အနက်ရှိုင်းဆုံးကျင့်စဉ်... ဟောက်ထျန်းနယ်မြေတစ်ခုလုံးမှာ အသန်မာဆုံးလူတောင် ဒီအဆင့်ကို ရောက်နိုင်မှာမဟုတ်ဘူး"

"...စွမ်းအင်အမျှင်ပေါင်း ၅၇ခုရှိပြီး အဲ့ဒီအထဲက ၃၉ခုက အဲဒီရွှမ်းချီထက်တောင် ပိုသန်မာနေတယ်။ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"ငါတို့ထက် ပိုအဆင့်မြင့်တဲ့ ကမ္ဘာတစ်ခုခုက လူတစ်ယောက်ကလည်း ဒီစမ်းသပ်မှုအတွက် လာတာများလား"

အကြီးအကဲမှာ ချက်ချင်းပင် တွေးမိသွားပြီး ဤသည်မှာ အလွန်ကျိုးကြောင်းဆီလျော်သည်ဟု ခံစားလိုက်ရသည်။

အကယ်၍ ထိုသို့သာဆိုလျှင် သူ ဇွတ်တရွတ်မလုပ်ဆောင်သင့်ပေ။ အကယ်၍ တစ်ဖက်လူတွင် သူ နားမလည်နိုင်သော နည်းလမ်းများ ရှိနေပါက သူကိုယ်တိုင်ပင်လျှင် ဒုက္ခရောက်သွားနိုင်သည်။

"ဟေ့လူ... ခင်ဗျား အဲ့ဒီဘက်မှာ ရှိမှန်း ကျုပ်သိတယ်။ ခင်ဗျားရဲ့တပည့်ကို လာဖျက်ဆီးခိုင်းထားတာဆိုတော့ လျော်ကြေးလည်းပေးရဲရမယ်"

ကျန်းမုန့်လောင်က အော်ဟစ်လိုက်သည်။

"ကျုပ် ကျန်းမုန့်လောင်က ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့လူ။ ခင်ဗျားတို့ဂိုဏ်းရဲ့ သိုလှောင်ရုံ တစ်ဝက်လို့ ပြောရင် တစ်ဝက်ပဲ။ ခင်ဗျားကို သီချင်းတစ်ပုဒ်စာ အချိန်ပေးမယ်။ မဟုတ်ရင်တော့ အကြွေးဆပ်ဖို့အတွက် ဒီလူတွေကို ကျုပ်ဘာသာပဲ စီရင်လိုက်တော့မယ်"

"တိတ်နေတုန်းပဲလား။ ဒါဆိုရင်တော့ ကျုပ်လှုပ်ရှားပြီ"

ကျန်းမုန့်လောင်၏ ခန္ဓာကိုယ်ပေါ်ရှိ အကြမ်းပတမ်းစွမ်းအားများမှာ သွေးကဲ့သို့ နီရဲသော ဧရာမလက်ဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လူငယ်လေးကို မချီကာ ကောင်းကင်ပေါ်သို့ ဖြည်းညင်းစွာ မြှင့်တင်လိုက်သည်။

"ဆရာ ကျွန်တော့်ကို ကယ်ပါဦး။ ဆရာ"

ထိုလူငယ်လေးခမျာ ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်၏။ သူ့ဆရာက ဤအဆင့်နိမ့်သက်ရှိကို ဖြေရှင်းရန် အဘယ်ကြောင့်များ ချက်ချင်းမလှုပ်ရှားရသလဲဆိုသည်ကို နားမလည်နိုင်တော့ပေ။

"လူငယ်လေး.. ငါက သူတို့ရဲ့ဆရာပါ။ သူတို့ အမှားလုပ်မိတာလည်း ဖြစ်နိုင်တဲ့အတွက် ငါကပဲ သူတို့ကိုယ်စား တောင်းပန်ပါတယ်။ သူတို့ကို လွှတ်ပေးရင်ရော ဘယ်လိုလဲ။ အပြန်အလှန်အနေနဲ့ လျော်ကြေးအဖြစ် ထိပ်တန်းသိုင်းပညာရပ်တစ်ခု ပေးပါ့မယ်"

ထိုဝဲဂယက်အတွင်းမှ နောက်ထပ်ကျောက်စိမ်းပြားတစ်ခု ပျံသန်းထွက်ပေါ်လာသည်။

ကျန်းမုန့်လောင်က ထိုအရာကို ပေါ့ပေါ့ပါးပါး ဖမ်းယူပြီး တစ်ချက်ကြည့်လိုက်သည်။

"ကောင်းကင်ဖြိုခွင်းလက်"ဟု အမည်ရသော ဤသိုင်းပညာရပ်မှာ သူတို့ကမ္ဘာတွင် ကောင်းမွန်သည်ဟု ယူဆနိုင်သော်လည်း ဤနေရာရှိ စွမ်းအားကြီးမားသော စိတ်ကူးယဉ်ကမ္ဘာများ၏ စံနှုန်းများနှင့်ယှဉ်လျှင်မူ အလွန်ဆုံးရှိလှ အဆင့်မြင့်တိုက်ခိုက်ရေးစွမ်းရည်တစ်ခုမျှသာ ဖြစ်သည်။

"​ဂျွတ်"

ကျန်းမုန့်လောင်က ထိုကျောက်စိမ်းပြားကို ချေမွပစ်လိုက်သည်။

"ကောင်းကင်ဖြိုခွင်းလက်တဲ့လား။ ဒီလိုအရာမျိုးနဲ့ ငါ့ကို လာချွေးသိပ်ဖို့ ကြိုးစားနေတာလား။ ငါ့ကို အမှိုက်သိမ်းတဲ့လူလို့ ထင်နေတာလား"

"ကောင်းကင်ဖြိုခွင်းလက် ဟုတ်လား"

ထိုလူငယ်များ အံ့အားသင့်သွားကြသည်။

ဤကောင်းကင်ဖြိုခွင်းလက်မှာ အလွန်အဆင့်မြင့်သော သိုင်းပညာရပ်တစ်ခုဖြစ်ပြီး ဂိုဏ်း၏ အကြီးအကဲများနှင့် ထိုထက်အဆင့်မြင့်မားသူများသာ သင်ယူခွင့်ရှိသည်။ ထိုလူငယ်လေးမှာ ထိုသိုင်းကိုသင်ယူရန် သူ့ဆရာထံတွင် အကြိမ်ကြိမ် တောင်းဆိုခဲ့ဖူးသော်လည်း ငြင်းပယ်ခံခဲ့ရသည်။

ယခုမူ ထိုအရာဖြင့် လူပြန်ရွေးရန်အတွက် ကမ်းလှမ်းလိုက်သော်လည်း အမှိုက်အဖြစ် ပယ်ချခံလိုက်ရသည်တဲ့လား။ အကယ်၍ သူသာ ထိုအရာကို အကြိမ်တစ်သန်းတွေ့ခဲ့လျှင် အကြိမ်တစ်သန်းစလုံး သိမ်းထားမိမည်ဖြစ်၏။

ကျန်းမုန့်လောင်၏ လုပ်ရပ်များကြောင့် အကြီးအကဲမှာ သူသည် ပိုအဆင့်မြင့်သောကမ္ဘာမှ လာသူဖြစ်ကြောင်း ပိုယုံကြည်သွားသည်။ သူတို့ဂိုဏ်းတွင် ဤသိုင်းပညာရပ်မှာ သေချာပေါက် ထိပ်တန်းအဆင့်ပင်။ ဤကမ္ဘာရှိ ပိုကြီးမားသော ဂိုဏ်းကြီးများကြားတွင်ပင် ထိုသိုင်းပညာကို အကောင်းစားပစ္စည်းအဖြစ် သတ်မှတ်ကြသည်။ ထိုပစ္စည်းအား အမှိုက်လို ဆက်ဆံခံရခြင်းမှာ ပိုအဆင့်မြင့်သော ကမ္ဘာကြောင့်ပင် ဖြစ်ရမည်။ အခြားမဖြစ်နိုင်ပေ။

"ကျုပ် ခင်ဗျားတို့ရဲ့ သိုလှောင်ရုံတစ်ဝက်ကို လိုချင်တယ်လို့ ပြောပြီးပြီ။ ကျုပ်ကို တတိယအကြိမ် ထပ်မပြောခိုင်းနဲ့တော့"

"လူငယ်လေး... လွန်လွန်းလှချည်လား။ လူကြီးက မင်းကို အေးအေးဆေးဆေး စကားပြောနေတာ မင်းကိုကြောက်လို့ မဟုတ်ဘူးနော်"

"ဪ ကျုပ်ကလွန်တယ်ဟုတ်လား"

ကျန်းမုန့်လောင်က လှောင်ပြောင်လိုက်သည်။

"ခင်ဗျားလူတွေက ကျုပ်အိမ်ကို ဖျက်ဆီးတယ်။ ကျုပ်ရဲ့ရှေးဟောင်းရတနာတွေကို ဖျက်ဆီးတယ်။ အဲ့ဒါတွေထဲက အများစုက တစ်ခုတည်းပဲရှိတဲ့ အဖိုးတန်ပစ္စည်းတွေ။ လျော်ကြေးတောင်းတာက လွန်သလား။ အခု ကျုပ် ခင်ဗျားကို စိတ်ရှည်လက်ရှည် စကားပြောနေတာဟာ လူကြီးကို ရိုသေပြီး လူငယ်ကိုသနားလို့ပဲ"

"ခင်ဗျားကို ငါးမိနစ်အချိန်ပေးမယ်။ တစ်ခုခု စီစဉ်လိုက်။ မဟုတ်ရင်တော့ ခင်ဗျားတို့ရဲ့ကမ္ဘာထဲကို ကျုပ်ကိုယ်တိုင် ချိုးဖျက်ဝင်ရောက်ပြီး လျော်ကြေးလာတောင်းရလိမ့်မယ်"

"လေကြီးလှချည်လား"

အကြီးအကဲက ဒေါသတကြီး ပြောလိုက်သည်။

"မင်းလို အဆင့်ရှစ်သက်ရှိတစ်ယောက်က ကမ္ဘာအတားအဆီးတွေကို ချိုးဖျက်ချင်တယ် ဟုတ်လား။ မင်း တကယ်ဟာသလာလုပ်နေတာပဲ။ ဒီနေ့ ငါ သူတို့ကို ခေါ်သွားချင်တယ်ဆိုရင်တောင် မင်း ငါ့ကို ဘာလုပ်နိုင်မှာလဲ"

ရုတ်တရက်ဆိုသလို ဝဲဂယက်အတွင်းမှ ဧရာမ လက်ဝါးကြီးတစ်ဖက် ဆန့်ထွက်လာသည်။ ထိုလက်မှာ ပိန်လှီပုံရသော်လည်း နိယာမဥပဒေသ စွမ်းအားများ ထပ်ဆင့်ရစ်ပတ်ထားပြီး အဆင့်ကိုး အထွတ်အထိပ်သက်ရှိထက် ကျော်လွန်နေသော အထူးသက်ရှိတစ်မျိုးပင်။

"ကောထန်.. ဒါက အထူးသက်ရှိလား"

ကျန်းမုန့်လောင်က မေးလိုက်သည်။

[ကျောင်းအုပ်ကြီး...ခင်ဗျားက လောလောဆယ် အဆင့်ရှစ်သက်ရှိပဲ ရှိသေးတဲ့အတွက် နောက်ပိုင်းက သီးခြားခွဲခြားမှုတွေကို ကျွန်တော် မိတ်မဆက်ပေးခဲ့တာပါ။ သိပ္ပံနည်းကျခွဲခြားမှုအရ သက်ရှိတွေကို အဆင့်နိမ့်၊ အလယ်အလတ်၊ အဆင့်မြင့် ဆိုပြီး အဆင့်သုံးဆင့်ခွဲခြားထားပါတယ်။ တစ်ဆင့်စီမှာ အဆင့်ကိုးဆင့်စီရှိပြီး မတူညီတဲ့ ကမ္ဘာတွေရဲ့ အဆင့်တွေနဲ့ ကိုက်ညီပါတယ်။ အထူးသက်ရှိတွေနဲ့ ပတ်သက်လို့ကတော့ သူတို့က အဆင့်မြင့်သက်ရှိပုံစံကို ကျော်လွန်သွားကြတာပါပဲ]

"ဒါဆို ငါ့အဖေရဲ့အဆင့်က အခု ဘယ်လောက်လဲ"

[ခင်ဗျားရဲ့အဖေအပါအဝင် ခင်ဗျားရဲ့ဘိုးဘေးတွေအားလုံးက အခု အထူးသက်ရှိတွေ ဖြစ်နေကြပါပြီ]

"လန်းတယ်ကွာ"

ဤအချိန်တွင် ကျန်းမုန့်လောင်မှာ သူ့မိသားစု၏ စွမ်းအားအချို့ကို အမှန်တကယ် နားလည်သွားသည်။

"ဒါဆို ဒီအဘိုးကြီးကရော"

[ဟောက်ထျန်းနယ်မြေရဲ့ သတ်မှတ်ချက်အရ သူက ကောင်းကင်ဖြိုခွင်းခြင်းတတိယအဆင့်လို့ သတ်မှတ်နိုင်ပါတယ်။ သက်ရှိအဆင့် ခွဲခြားမှုအရဆိုရင်တော့ သူက အဆင့်သုံးအလယ်အလတ်သက်ရှိ ဖြစ်ပါလိမ့်မယ်]

"ဪ သာမန်ပါပဲလား"

ကျန်းမုန့်လောင်က လှောင်ပြောင်လိုက်သည်။ ဤအဘိုးကြီးက အထင်ကြီးစရာကောင်းလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ဘာမှမဟုတ်သည့် လူတစ်ယောက်မျှသာ ဖြစ်နေချေသည်။

[ကျောင်းအုပ်ကြီး.. ဆရာတွေအားလုံးရဲ့ စွမ်းအားကန့်သတ်ချက်တွေကို လွှတ်ပေးဖို့အတွက် ခွန်အားအမှတ်တစ်ဘီလီယံကို အသုံးပြုနိုင်ပါတယ်။ အလယ်အလတ်အဆင့် သက်ရှိအဆင့်ကို ရောက်သွားတာနဲ့ ကန့်သတ်ချက်အားလုံးကို လုံးဝဖွင့်ချဖို့အတွက် ခွန်အားအမှတ်၁၀၀ဘီလီယံ အသုံးပြုနိုင်ပါတယ်]

"ငါ နားလည်ပြီ"

ယခု ထူးရှယ်နတ်ဘုရားကျောင်းတော်တွင် အဆင့်မြင့်ကမ္ဘာများရှိ ဆရာအများစုမှာ သူတို့၏ စွမ်းအားအလုံးစုံကို ဖွင့်မချရသေးသဖြင့် အဆင့်ရှစ်သက်ရှိ သို့မဟုတ် အဆင့်ကိုးသက်ရှိများအဖြစ်သာ ရှိနေကြဆဲပင်။

"အားလုံးကို ဖွင့်ချလိုက်"

ကျန်းမုန့်လောင်တွင် အကောင့်ထဲ၌ မသုံးရသေးသော ခွန်အားအမှတ်တစ်ဘီလီယံကျော် ရှိနေသဖြင့် ခွန်အားအမှတ် ပေါနေလေသည်။

[ထူးရှယ်နတ်ဘုရားကျောင်းတော်ရဲ့ ဒုတိယအဆင့် ဆရာစွမ်းအားဖွင့်လှစ်မှုကို စတင်လိုက်ပါပြီ]

[ရှောင်ယန်၏အဆင့်ကို အဆင့်ရှစ် အလယ်အလတ်အဆင့်သက်ရှိအဖြစ် ပြန်လည်သတ်မှတ်ပြီးပါပြီ]

[လင်းသုန်း၏အဆင့်ကို အဆင့်ရှစ် အလယ်အလတ်အဆင့်သက်ရှိအဖြစ် ပြန်လည်သတ်မှတ်ပြီးပါပြီ]

[လော့ဖုန်း၏အဆင့်ကို အဆင့်ကိုး အလယ်အလတ်အဆင့်သက်ရှိအဖြစ် ပြန်လည်သတ်မှတ်ပြီးပါပြီ]

[သာနို့စ်၏အဆင့်ကို အဆင့်ကိုး အလယ်အလတ်အဆင့်သက်ရှိအဖြစ် ပြန်လည်သတ်မှတ်ပြီးပါပြီ]

[ကလပ်ခ်၏အဆင့်ကို အဆင့်ကိုး အလယ်အလတ်အဆင့်သက်ရှိအဖြစ် ပြန်လည်သတ်မှတ်ပြီးပါပြီ]

...

"အဘိုးကြီးရေ.. သေဖို့သာပြင်ထား"

[ကောထန်.. လော့ဖုန်းရဲ့စွမ်းအားကို အသက်သွင်းပေး]

[လော့ဖုန်းရဲ့စွမ်းအားကို အသက်သွင်းခြင်းအတွက် တစ်မိနစ်လျှင် ခွန်အားအမှတ်ဆယ်သန်း ကုန်ကျပါမည်]

"သောက်ကျိုးနည်း... ဈေးကြီးလိုက်တာ"

ဆရာများက ပိုမိုသန်မာလေလေ ကျန်းမုန့်လောင် သူတို့၏စွမ်းအားကို ငှားရမ်းအသုံးပြုရန် ခွန်အားအမှတ်ပိုမိုကုန်ကျလေလေပင်။

"ဒီဆုံးရှုံးမှုတွေအားလုံးကို မင်းရဲ့အကောင့်ထဲမှာပဲ စာရင်းသွင်းထားလိုက်မယ်"

စွမ်းအားများမှာ ကျန်းမုန့်လောင်၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားပြီးနောက် ချက်ချင်းဆိုသလိုပင် ကမ္ဘာခြားအုပ်ချုပ်ရေးစင်တာကြီးကို တုန်ခါသွားစေသည်။

********************

All Chapters