← Chapters

အခန်း ၁၆၁

Vol. 17 Ch. 161

အခန်း ၁၆၁

Vol. 17 Ch. 161

အခန်း - ၁၆၁

ယာဆူကူနီ နတ်ကွန်း၏ တရားဝင် ဝက်ဆိုက်သည် ဟက်ကာမဟာမိတ်အဖွဲ့လက်ထဲသို့ ကျရောက်သွားခဲ့ပြီး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရိုမှ ကွန်ပျူတာ လုံခြုံရေး ကျွမ်းကျင်သူများသည် ဟက်ကာ မဟာမိတ်အဖွဲ့ကို ချက်ချင်းပင် ပြန်လည် တိုက်ခိုက်ခဲ့ကြသည်။

ဆာကူရာအဖွဲ့မှ အရောင်ရှစ်မျိုး ချယ်ရီပန်းများသည်လည်း စုရုံးကာ ဆာဗာ၏ ထိန်းချုပ်ခွင့်ကို ပြန်လည် သိမ်းပိုက်ရန် သန္နိဋ္ဌာန် ချထားရင်း ယာဆူကူနီ နတ်ကွန်း၏ တရားဝင် ဝက်ဆိုက်ဆီသို့ အပြင်းအထန် ထိုးဖောက် ဝင်ရောက်ခဲ့ကြသည်။

ရှီလဲ့သည် ဘေးမှနေ၍ ကြည့်နေရုံသာ ကြည့်နေပြီး တိုက်ပွဲထဲသို့ ဝင်ရောက် စွက်ဖက်ရန် ရည်ရွယ်ချက် မရှိပေ။ ဟက်ကာ မဟာမိတ်အဖွဲ့တွင် ပင်မ အဖွဲ့ဝင် ဆယ်ဦး ရှိပြီး ၎င်းတို့သည် ဝက်ဆာဗာကို ထိန်းချုပ်ထားပြီး ဖြစ်သဖြင့် အိမ်ကွင်း အသာစီး ရနေကြသည်။ ထို့ကြောင့် လက်ရှိ တိုက်ပွဲကို ၎င်းတို့ တောင့်ခံနိုင်ဆဲ ဖြစ်သည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရိုသည် ယခုအကြိမ်တွင် လုံခြုံရေး ကျွမ်းကျင်သူ ဆယ်ဦး စေလွှတ်ခဲ့ပြီး၊ ၎င်းတို့ အားလုံးနီးပါးမှာ ကမ္ဘာ့အဆင့်မီ ဆရာကြီးများ ဖြစ်ကြကာ အင်အား အကောင်းဆုံး တစ်ဦးမှာမူ စစ်မှန်သော ကမ္ဘာ့အဆင့်မီ ဆရာကြီး တစ်ဦး ဖြစ်သည်။ ဤလူအင်အား ဖွဲ့စည်းပုံမှာ ကြောက်ခမန်းလိလိ ဖြစ်သော်လည်း ၎င်းတို့၏ ကျော်စောမှုနှင့်စာလျှင်မူ အနည်းငယ် လိုအပ်နေသေးသည်။

လုံခြုံရေး ကျွမ်းကျင်သူ အဖွဲ့သည် ယာဆူကူနီ နတ်ကွန်း၏ တရားဝင် ဝက်ဆိုက်ကို အကြီးအကျယ် တိုက်ခိုက်ခဲ့သည်။ သို့သော်လည်း ဟက်ကာမဟာမိတ်အဖွဲ့၏ ပင်မ အဖွဲ့ဝင် ဆယ်ဦးမှာ အော်တို အရှုံးပေးမည့်သူများ မဟုတ်ပေ။ ၎င်းတို့သည် စွမ်းဆောင်ရည်မြင့် ဆာဗာ အမြောက်အမြားကို ပိုင်ဆိုင်ထားကြရာ ဆာကူရာ အဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရိုတို့၏ ပူးပေါင်း တိုက်ခိုက်မှုမှာ ခက်ခဲလွန်းလှသော်လည်း ၎င်းတို့ ပြိုလဲမသွားခဲ့ပေ။

ရှီလဲ့သည် မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိသည်။ အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရိုသည် လုံခြုံရေး ကျွမ်းကျင်သူဆယ်ဦးသာ စေလွှတ်ခဲ့ပြီး အခြားသော အင်အားစုများကိုမူ အသုံးမပြုရသေးပေ။ ဤအချက်က ရှီလဲ့ကို များစွာ မကျေမနပ် ဖြစ်စေခဲ့သည်။ 'ယန်' ကို ထိန်းချုပ်ရင်း ရှီလဲ့သည် အင်တာနက် ပင်လယ်ပြင်ကြီးထဲမှ အနှိုင်းမဲ့ သားရဲကြီး တစ်ကောင် ကဲ့သို့ ထူးဆန်း ထိတ်လန့်ဖွယ် လှိုင်းတံပိုးကြီး တစ်ခုကို ဖန်တီးကာ အာဆာဟီရှင်းဘန်၏ တရားဝင် ဝက်ဆိုက်ဆီသို့ တဟုန်ထိုး တိုက်ခိုက်လေတော့သည်။

ဂျပန်နိုင်ငံ၏ ထိပ်တန်း သတင်းစာ လုပ်ငန်းကြီး ငါးခုအနက် တစ်ခု ဖြစ်သည့် အာဆာဟီ ရှင်းဘန်သည် အရှိန်အဝါ အလွန် ကြီးမားလှသည်။ ရှီလဲ့သည် စူပါကွန်ပျူတာ 'ယန်' ၏ အကူအညီဖြင့် ၎င်းတို့၏ တရားဝင် ဝက်ဆိုက်ထဲသို့ ဝင်ရောက်သွားသောအခါ အားစိုက်ထုတ်ရန်ပင် မလိုဘဲ အာဆာဟီ ရှင်းဘန်၏ တရားဝင် ဝက်ဆိုက်ကို တိုက်ရိုက် စီးနင်း ထိန်းချုပ်လိုက်ပြီး ယာဆူကူနီ နတ်ကွန်းမှ အန်နီမေးရှင်း ဗီဒီယိုကို ပြန်လည် တင်ပေးလိုက်သည်။

သူသည် ဂျပန်ဘာသာစကားဖြင့် မောက်မာလွန်းသော စာသား တစ်ခုကိုပင် ချန်ထားခဲ့သေးသည်။

"ဂျပန် နိုင်ငံရဲ့ ဟက်ကာ လောကက အမှိုက်တွေ သက်သက်ပဲ... ငါတို့ ရှနိုင်ငံရဲ့ ဟက်ကာ လောကနဲ့ ယှဉ်ရင် ကွာခြားချက်က ကြီးမားလွန်းတယ်"

အာဆာဟီ ရှင်းဘန် ပြီးနောက် ရှီလဲ့သည် အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရိုကို စောင့်ကြည့်ခဲ့သော်လည်း ၎င်းတို့သည် မည်သည့် ဆရာကြီးတစ်ဦးကိုမျှ စေလွှတ်ခြင်း မရှိသည်ကို တွေ့လိုက်ရသည်။ ရှီလဲ့သည် နှာခေါင်းရှုံ့ကာ အေးစက်စွာ ရေရွတ်လိုက်သည်။ "လိပ်လို ခေါင်းလျှိုနေတဲ့ ကောင်တွေ မင်းတို့ ဘယ်လောက်အထိ အောင့်အီး ထိန်းချုပ်နိုင်မလဲဆိုတာ ငါ ကြည့်ချင်သေးတာပေါ့"

စူပါကွန်ပျူတာ 'ယန်' ကို ထိန်းချုပ်ကာ ရှီလဲ့သည် ယိုမီအူရီ ရှင်းဘန်ကို ဆက်လက် စီးနင်း တိုက်ခိုက်လိုက်ပြီး ၎င်းတို့၏ တရားဝင် ဝက်ဆိုက်ကို ယာဆူကူနီ နတ်ကွန်းအား စော်ကားသော ဗီဒီယိုအဖြစ် ပြောင်းလဲပစ်လိုက်သည်။ သို့သော်လည်း အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရိုမှ လုံခြုံရေး ကျွမ်းကျင်သူများသည် ပေါ်မလာသေးပေ။

အမှန်စင်စစ်တွင် အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရိုသည် ဤ ဆိုက်ဘာစစ်ပွဲတွင် ပါဝင်ရန် မည်သည့် ရည်ရွယ်ချက်မျှ မရှိချေ။

ရှနိုင်ငံ၏ ဟက်ကာများသည် ဂျပန်နိုင်ငံ၏ အစိုးရ ဝက်ဆိုက်များ၊ စစ်ဘက်ဆိုင်ရာ ကွန်ရက်များနှင့် လုံခြုံရေး ထောက်လှမ်းရေး အေဂျင်စီများကို မတိုက်ခိုက်သရွေ့ အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရိုသည် ဤကဲ့သို့သော အသေးအဖွဲ ကိစ္စရပ်များကို ဂရုစိုက်နေမည် မဟုတ်ပေ။

အကြောင်းမှာ ပြီးခဲ့သည့်အကြိမ်က ဟက်ကာ မဟာမိတ်အဖွဲ့သည် အလွန်ပင် နားလည်တတ်ခဲ့ကြသည်။ ၎င်းတို့သည် အစိုးရ ကွန်ရက်များကို မထိခဲ့ကြသလို၊ စစ်ဘက်နှင့် ထောက်လှမ်းရေး ကွန်ရက်များကိုလည်း ရှုပ်ယှက်ခတ်အောင် မလုပ်ခဲ့ကြချေ။ နည်းပညာမြင့် ကော်ပိုရေးရှင်းကြီးများ၏ ဒေတာများကိုလည်း ခိုးယူခြင်း မရှိခဲ့ပေ။ ဤအချက်က ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရိုကို များစွာ စိတ်ကျေနပ်မှု ရရှိစေခဲ့သည်။

ရှီလဲ့သည် ထိပ်တန်း သတင်းစာ လုပ်ငန်းကြီး ငါးခုအနက် နှစ်ခု၏ တရားဝင် ဝက်ဆိုက်များနှင့် အခြားသော အသေးစားနှင့် အလတ်စား မီဒီယာ ကုမ္ပဏီအချို့၏ တရားဝင် ဝဘ်ဆိုက်များကို ဆက်တိုက် စီးနင်း တိုက်ခိုက်ခဲ့သော်လည်း အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရိုသည် သူ့ကို တားဆီးရန် ထွက်မလာသေးပေ။

"အစုတ်ပလုတ်တွေ, မင်းတို့ ဘယ်လောက်အထိ အောင့်အီးနိုင်မလဲ ကြည့်ကြသေးတာပေါ့" ရှီလဲ့သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး NHK ရုပ်သံလိုင်းဆီသို့ ဦးတည်ကာ ၎င်း၏ ထုတ်လွှင့်မှု ကွန်ရက်ထဲသို့ တိုက်ရိုက် ထိုးဖောက် ဝင်ရောက်သွားခဲ့သည်။

ရှီလဲ့သည် ကေဘယ်လ် တီဗီ ထုတ်လွှင့်မှု ကွန်ရက် ပရိုတိုကောများကို ကောင်းစွာ နားလည်ထားသူ ဖြစ်သည်။ အင်တာနက်မှတစ်ဆင့် ကေဘယ်လ် တီဗီ ထုတ်လွှင့်မှု ကွန်ရက်ထဲသို့ ဝင်ရောက်ပြီးနောက် ရှီလဲ့သည် စူပါကွန်ပျူတာ 'ယန်' ၏ အကူအညီဖြင့် NHK ရုပ်သံလိုင်း၏ လိုင်းပေါင်း ဆယ့်ကိုးလိုင်း စလုံးကို ထိန်းချုပ်ခွင့် ရရှိသွားခဲ့သည်။

အစီအစဉ် ထုတ်လွှင့်နေသည့် လိုင်းပေါင်း ဆယ့်ကိုးလိုင်း စလုံးသည် တစ်ပြိုင်နက်တည်း ချက်ချင်း ရပ်တန့်သွားခဲ့ပြီး ယာဆူကူနီ နတ်ကွန်း၏ တရားဝင် ဝဘ်ဆိုက်မှ စော်ကားထားသော ဗီဒီယိုကို ထုတ်လွှင့် ပြသခဲ့လေတော့သည်။

NHK ရုပ်သံလိုင်း၏ တရားဝင် ဖောက်သည် ဝန်ဆောင်မှု ဖုန်းလိုင်းများသည် ဒေါသထွက်နေသော အစွန်းရောက်များ၏ ခေါ်ဆိုမှုများကြောင့် ပြတ်တောက်လုနီးပါး ဖြစ်ခဲ့ရပြီး NHK ရုပ်သံလိုင်းသည် ရုပ်သံလိုင်း အစီအစဉ် အားလုံးကို အရေးပေါ် ရပ်ဆိုင်းလိုက်ရသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ဟက်ကာများကို နှိမ်နင်းပေးရန် အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရိုထံ အကူအညီ တောင်းခံခဲ့ကြသည်။

NHK ရုပ်သံလိုင်း၏ တောင်းဆိုမှုကြောင့် အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရိုသည် နောက်ဆုံးတွင် လုံခြုံရေး ကျွမ်းကျင်သူ ဆယ်ဦးကို ထပ်မံ စေလွှတ်ခဲ့ပြီး ၎င်းတို့သည် NHK ရုပ်သံလိုင်း၏ ကွန်ရက်ဆီသို့ ရွှေ့ပြောင်း ဝင်ရောက်ခဲ့ကြသည်။

NHK ရုပ်သံလိုင်း ကွန်ရက်ထဲသို့ ဝင်ရောက်လာသည်နှင့် အမျှ ဤလုံခြုံရေး ကျွမ်းကျင်သူ ဆယ်ဦးသည် ရှီလဲ့ ထောင်ထားသော ဟန်ပြထောင်ချောက် များထဲတွင် ပိတ်မိသွားခဲ့ပြီး ၎င်းတို့ကို ရှီလဲ့က ချက်ချင်း ရိပ်မိသွားခဲ့သည်။

ရှီလဲ့သည် ဟန်ပြထောင်ချောက် တစ်ခုချင်းစီ၏ အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။ ဤလုံခြုံရေး ကျွမ်းကျင်သူ ဆယ်ဦး၏ အရည်အချင်းမှာ အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရို၏ ဂုဏ်သိက္ခာကို စော်ကားနေသကဲ့သို့ ဖြစ်နေသည်။ လုံခြုံရေး ကျွမ်းကျင်သူ ဆယ်ဦးအနက် တစ်ဦးမျှပင် ကမ္ဘာ့အဆင့်မီ အဆင့်သို့ မရောက်ရှိကြချေ။

'ငါ့ကို ဒီလောက်တောင် အထင်သေးရဲတယ်ပေါ့' ရှီလဲ့သည် စိတ်ထဲမှနေ၍ လှောင်ပြောင် သရော်ကာ ရယ်မောလိုက်ပြီး NHK ရုပ်သံလိုင်း၏ ဆာဗာများထဲသို့ 'ဘက်ဒရောက် ဖိုင်းယားဝေါလ်' ကို တိုက်ရိုက် ထည့်သွင်းလိုက်ပြီး ဆယ်နာရီအကြာတွင် အလိုအလျောက် ပျက်စီးသွားစေရန် သတ်မှတ်လိုက်သည်။

'ဘက်ဒရောက် ဖိုင်းယားဝေါလ်' ကို ရှီလဲ့ကိုယ်တိုင် နောင်အနာဂတ် မျိုးဆက်များ၏ အဆင့်မြင့် သဘောတရားအချို့ကို ပေါင်းစပ်ကာ ဒီဇိုင်းဆွဲ ရေးသားထားခြင်း ဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် 'ဘက်ဒရောက် ဖိုင်းယားဝေါလ်' ၏ ခုခံကာကွယ်မှု စွမ်းအားကို ကျော်ဖြတ်နိုင်ရန်မှာ အခြေခံအားဖြင့် မဖြစ်နိုင်သလောက်ပင်။

အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရိုမှ ကျွမ်းကျင်သူ ဆယ်ဦးသည် ရှီလဲ့ ထောင်ထားသော ဟန်ပြထောင်ချောက်ကို ကျော်ဖြတ်ရန် မိနစ်အနည်းငယ် အချိန်ယူခဲ့ရပြီး NHK ရုပ်သံလိုင်း ဆာဗာ၏ အပြင်ဘက် ပတ်လည်သို့ ဝင်ရောက်နိုင်ခဲ့သည်။ သို့သော်လည်း NHK ရုပ်သံလိုင်းကို 'ဘက်ဒရောက် ဖိုင်းယားဝေါလ်' က ကာကွယ်ထားသဖြင့် ၎င်းတို့ အပြင်ဘက် ပတ်လည်သို့ ဝင်ရောက်လာသည်နှင့် ဆာဗာ၏ ပိတ်ဆို့ခြင်းကို ချက်ချင်း ခံလိုက်ရသည်။

'ဘက်ဒရောက် ဖိုင်းယားဝေါလ်' ၏ စွမ်းအားနှင့် ရင်ဆိုင်ရသောအခါ အမည်ခံ ကျွမ်းကျင်သူ ဆယ်ဦးသည် ဖိုင်းယားဝေါလ်ကို ဖောက်ထွင်းရန်နှင့် ၎င်း၏ လုပ်ဆောင်ချက်ကို ရပ်တန့်ရန် ရူးသွပ်စွာ ကြိုးစားခဲ့ကြသည်။ သို့သော်လည်း ၎င်းတို့ ရင်ဆိုင်နေရသော ဖိုင်းယားဝေါလ်မှာ ၎င်း၏ နာမည်အတိုင်းပင် ကျောက်ဆောင်ကြီးတစ်ခုကဲ့သို့ ခိုင်မာလှသည်။

ရှီလဲ့သည် ဆာဗာ၏ ခုခံကာကွယ်မှု စွမ်းရည်ကို မြှင့်တင်ရန် NHK ရုပ်သံလိုင်း ဆာဗာများရှိ လုံခြုံရေး မူဝါဒအမျိုးမျိုးကို ပြုပြင်မွမ်းမံခဲ့သည်။ ထို့နောက် သူသည် 'ဘက်ဒရောက် ဖိုင်းယားဝေါလ်' အတွင်း၌ အရေးပေါ် အစီအမံ တစ်ခုကို ချန်ထားခဲ့သည်။

အကယ်၍ NHK ရုပ်သံလိုင်းသည် တရားမျှတစွာ ရှုံးနိမ့်သွားပြီး ဆာဗာများကို ပိတ်ပစ်ခြင်း သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ကွန်ရက် ချိတ်ဆက်မှုများကို ဖြတ်တောက်ခြင်းမျိုး မလုပ်ဆောင်ပါက 'ဘက်ဒရောက် ဖိုင်းယားဝေါလ်' ၏ ကြိုတင် သတ်မှတ်ထားသော အစီအမံများသည် အသက်ဝင်မည် မဟုတ်ဘဲ ဆယ်နာရီ ကြာပြီးနောက် ဖိုင်းယားဝေါလ်သည် အလိုအလျောက် ပျက်စီးသွားလိမ့်မည် ဖြစ်သည်။

သို့သော်လည်း ၎င်းတို့သည် အချိန်မတိုင်မီ ဆာဗာများကို ပိတ်ပစ်ခြင်း သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ကွန်ရက် ချိတ်ဆက်မှုများကို ဖြတ်တောက်ခြင်းမျိုး ပြုလုပ်ခဲ့ပါက ကွန်ရက် ပတ်ဝန်းကျင်ကို အသုံးပြုနိုင်ခြင်း မရှိတော့သော 'ဘက်ဒရောက် ဖိုင်းယားဝေါလ်' သည် NHK ၏ အတွင်းပိုင်း ဆာဗာများထဲတွင် ကြိုတင် ထည့်သွင်းထားသော ဗိုင်းရပ်စ် အချိန်ကိုက်ဗုံးကို အစပျိုးပေးမည် ဖြစ်ပြီး၊ ထိုအတွင်းပိုင်း ကွန်ရက်နှင့် ချိတ်ဆက်ထားသည့် မည်သည့် ကွန်ပျူတာကိုမဆို ကူးစက်စေကာ ကွန်ပျူတာ စက်ပစ္စည်း၏ ပါဝါ စီမံခန့်ခွဲမှု စနစ်ကို တိုက်ရိုက် တိုက်ခိုက်ပြီး လျှပ်စစ်ဖြန့်ဖြူးမှုကို အတင်းအကျပ် အနှောင့်အယှက် ပေးကာ ကွန်ပျူတာ၏ ဟာ့ဒ်ဝဲအချို့ကို လောင်ကျွမ်း ပျက်စီးသွားစေလိမ့်မည် ဖြစ်သည်။

'ဘက်ဒရောက် ဖိုင်းယားဝေါလ်' ကို သတ်မှတ်ပြီးနောက် ရှီလဲ့သည် NHK ရုပ်သံလိုင်း ကွန်ရက်မှ ထွက်ခွာခဲ့သည်။ ဂျပန်နိုင်ငံရှိ အခြားသော မီဒီယာများသည် NHK ရုပ်သံလိုင်းအား ဟက်ကာများက ထပ်မံ စီးနင်း တိုက်ခိုက်သွားကြောင်း ဝမ်းသာအားရ သတင်းထုတ်လွှင့်နေကြပြီး၊ ရှီလဲ့သည် ၎င်းတို့ကိုပါ ပစ်မှတ်ထားနေပြီ ဖြစ်ကြောင်းကိုမူ လုံးဝ မသိရှိကြချေ။

NHK ရုပ်သံလိုင်း တစ်ခုတည်းကမူ အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရိုမှ ကမ္ဘာ့အဆင့်မီလုနီးပါး ရှိသော သာမန် ကျွမ်းကျင်သူ ဆယ်ဦးကိုသာ ဆွဲဆောင်နိုင်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရို၏ ပုံမှန်မဟုတ်သော အပြုအမူက ရှီလဲ့ကို သတိကြီးစွာ ထားစေခဲ့သည်။ ၎င်းတို့သည် သူ ရေနောက်တွင်ငါးဖမ်းလိုပြီး ပရောဂျက် R ဆိုင်ရာ အချက်အလက်များကို ရှာဖွေရန် ထိုးဖောက် ဝင်ရောက်လိုနေသည်ကို သိရှိနေကြ၍လော။

စူပါကွန်ပျူတာ 'ယန်' ကို အသုံးပြုကာ ရှီလဲ့သည် TBS ရုပ်သံလိုင်းကို ထပ်မံတိုက်ခိုက်ခဲ့သည်။ ၎င်းတို့သည်လည်း ဟက်ခံခဲ့ရသော်လည်း အစီအစဉ် ထုတ်လွှင့်မှုကို လူကိုယ်တိုင် ထိန်းချုပ်ခြင်းဖြင့် ပုံမှန် အခြေအနေသို့ ယာယီ ပြန်လည် ရောက်ရှိအောင် ပြုလုပ်ထားကြသည်။

ရှီလဲ့၏ အမြင်တွင်မူ TBS ရုပ်သံလိုင်း၏ ခုခံကာကွယ်မှုမှာ စက္ကူဖြူတစ်ရွက် ကဲ့သို့ပင် ဖြစ်ပြီး အခြေခံအားဖြင့် မည်သည့် ခုခံနိုင်စွမ်းမျှ မရှိသည်နှင့် တူညီနေသည်။ ရှီလဲ့သည် TBS ရုပ်သံလိုင်း၏ အတွင်းပိုင်း ကွန်ရက်ထဲသို့ ဝင်ရောက်ကာ ကေဘယ်လ် တီဗီ ထုတ်လွှင့်မှု ကွန်ရက်သို့ ဝင်ရောက်နိုင်မည့် အပေါက်ကို ရှာဖွေပြီး တိုက်ရိုက် ထိုးဖောက် ဝင်ရောက်ခဲ့သည်။

TBS ၏ ကံဆိုးမှုပင် ဖြစ်သည်။ ၎င်းတို့၏ အရေးပေါ် သတင်းလိုင်းသည် NHK ရုပ်သံလိုင်း ဟက်ခံရပြီး လိုင်းပေါင်း ဆယ့်ကိုးလိုင်း စလုံး ထုတ်လွှင့်မှု ရပ်ဆိုင်းလိုက်ရကြောင်း သတင်းတင်ဆက်နေစဉ်၊ ရှီလဲ့သည် ၎င်းတို့၏ ကိုယ်ပိုင် ကေဘယ်လ် တီဗီ ထုတ်လွှင့်မှု ကွန်ရက်ထဲသို့ ဝင်ရောက်နေပြီ ဖြစ်ကြောင်းကိုမူ ရိပ်မိခြင်းပင် မရှိကြသေးချေ။

ရှီလဲ့သည် TBS ရုပ်သံလိုင်း၏ ကေဘယ်လ် တီဗီ ထုတ်လွှင့်မှု ကွန်ရက်ထဲသို့ ဝင်ရောက်ကာ ၎င်းတို့၏ ရုပ်သံလိုင်း ဆယ့်ခုနစ်လိုင်းကို ရယူခဲ့သော်လည်း ချက်ချင်း အရေးယူ ဆောင်ရွက်ခြင်း မပြုခဲ့ပေ။ ထို့အစား သူသည် NHK တွင် အသုံးပြုခဲ့သည့် သတ်မှတ်ချက်များအတိုင်း TBS ရုပ်သံလိုင်း၏ အတွင်းပိုင်း ဆာဗာများကို အပြည့်အဝ ထိန်းချုပ်ကာ 'ဘက်ဒရောက် ဖိုင်းယားဝေါလ်' ကို TBS ရုပ်သံလိုင်း၏ အတွင်းပိုင်း ဆာဗာများထဲသို့ ကူးယူ ထည့်သွင်းလိုက်သည်။ ထို့နောက်မှသာ သူသည် TBS ရုပ်သံလိုင်း၏ လိုင်းပေါင်း တစ်ဆယ့်ခုနစ်လိုင်း စလုံးကို လျင်မြန်စွာ စီးနင်း ထိန်းချုပ်လိုက်ပြီး ယာဆူကူနီ နတ်ကွန်းနှင့် ထိုနေရာသို့ သွားရောက် ဂါရဝပြုသူများကို စော်ကားသည့် ဗီဒီယိုများကို ထုတ်လွှင့် ပြသခဲ့လေတော့သည်။

မိုးကြိုးမုန်တိုင်း ဝင်ဆောင့်သည် ဆိုသည်မှာ ဤသို့ပင် ဖြစ်မည်လော။ TBS သည် အလွန် ကံဆိုးလှသော ကောင်လေးတစ်ယောက် ဖြစ်သွားခဲ့ရသည်။

NHK ရုပ်သံလိုင်း ဟက်ခံရခြင်းကို လှောင်ပြောင် သရော်ပြီး သတင်းထုတ်လွှင့်ခဲ့ပြီး မိနစ်အနည်းငယ် အကြာတွင်ပင် ၎င်းတို့ကိုယ်တိုင်လည်း ထိုကံကြမ္မာဆိုးနှင့် ရင်ဆိုင်ခဲ့ရသည်။

ရှီလဲ့သည် အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရိုကို စောင့်ကြည့်ခဲ့ရာ ၎င်းတို့သည် TBS ကို ကိုင်တွယ်ရန်အတွက် ကမ္ဘာ့အဆင့်မီလုနီးပါး ရှိသော သာမန် လုံကြုံရေး ကျွမ်းကျင်သူ ဆယ်ဦးကိုသာ စေလွှတ်ခဲ့ဆဲ ဖြစ်သည်ကို တွေ့ရသည်။ ၎င်းတို့သည် ဤကျော်ကြားသော ရုပ်သံလိုင်း နှစ်ခုကို ကယ်ဆယ်ရန် စစ်မှန်သော အင်အားစုများကို အသုံးပြုရန် ရည်ရွယ်ချက် မရှိပုံရသည်။

'အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရိုက ကောင်တွေ ဘာကို ဆိုလိုတာလဲ' ရှီလဲ့သည် စိတ်ထဲမှ တွေးတောနေခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရို၏ စွမ်းအားမှာ အလွန် ကြီးမားလှသည်။ အနည်းဆုံးတော့ ရှီလဲ့သည် ၎င်းတို့ကို ဗြောင်ကျကျ မဆွရဲပေ။ ပြီးခဲ့သည့်အကြိမ်က လူစီဖာ၏အမည်ဖြင့် လှုပ်ရှားစဉ် ၎င်းတို့၏ ဖမ်းဆီးခြင်းကို အသည်းအသန် ခံခဲ့ရဖူးရာ ၎င်းတို့၏ အင်အားကို သက်သေပြရန် လုံလောက်လှသည်။

အကယ်၍ ရှီလဲ့တွင် စူပါကွန်ပျူတာ 'ယန်' မရှိခဲ့ပါက အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရိုမှ ခြေရာခံ ကျွမ်းကျင်သူများနှင့် ရင်ဆိုင်ရလျှင် လွတ်မြောက်ရန် အင်မတန် အားစိုက်ထုတ်ရပေလိမည်။ ဤသည်မှာပင် အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရိုက ၎င်းတို့၏ စွမ်းအား အပြည့်အဝကို အသုံးမပြုသေးသည့် အခြေအနေတွင် ဖြစ်သည်။

အကယ်၍ ၎င်းတို့သည် ရှီလဲ့ကို ဖမ်းဆီးရန်သာ အာရုံစိုက်ပြီး အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရိုတစ်ခုလုံးမှ လုံခြုံရေး ကျွမ်းကျင်သူ အားလုံးက ရှီလဲ့ တစ်ယောက်တည်းကို ဝိုင်းရံ တိုက်ခိုက်ခဲ့ကြမည်ဆိုလျှင် ရှီလဲ့သည် စူပါကွန်ပျူတာ 'ယန်' ကို စွန့်လွှတ်ကာ အသက်ဘေးမှ လွတ်မြောက်ရန် ၎င်း၏ 'ရထား' ကို စတေးပြီး 'ဘုရင်' ကို ကယ်တင်သည့် နည်းလမ်းကိုသာ အသုံးပြုရပေလိမည်။

အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရိုသည် ဂျပန်နိုင်ငံ၏ တရားဝင် ဆိုက်ဘာ အင်အားစုကို ကိုယ်စားပြုသည်။

ရှီလဲ့သည် ကျော်ကြားသော ရုပ်သံလိုင်း နှစ်ခုကို ဆက်တိုက် သိမ်းပိုက်ခဲ့သော်လည်း အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရိုကို ဆွပေးနိုင်ခြင်း မရှိသေးပေ။ ရှီလဲ့သည် တတိယမြောက် ရုပ်သံလိုင်းတစ်ခုကို သွားရောက် ရှာဖွေခြင်းမျိုးလည်း မလုပ်ဆောင်ခဲ့ပေ။ သူ၏ ဆန်းစစ်ချက်အရ သူ တတိယတစ်ခုကို ထပ်မံ ရှာဖွေခဲ့လျှင်ပင် အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရိုမှ ကောင်များသည် ၎င်းကို ဝတ္တရားအရသာ ပြီးစလွယ် ကိုင်တွယ်ဖြေရှင်းကြပေလိမည်။

ရှီလဲ့သည် အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရို၏ လှုပ်ရှားမှု မရှိခြင်း အကြောင်းရင်းကို စိတ်ထဲမှ တိတ်တဆိတ် တွေးတောနေစဉ် ယာဆူကူနီ နတ်ကွန်း၏ တရားဝင် ဝက်ဆိုက်ဆီသို့ ရောက်ရှိလာခဲ့သည်။

ယာဆူကူနီ နတ်ကွန်း၏ တရားဝင် ဝက်ဆိုက်သည် ၎င်းတို့၏ ဆာဗာများကို ပိတ်ပစ်ခြင်း မရှိဘဲ အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရိုနှင့် ဆာကူရာ အဖွဲ့တို့ထံမှ ကယ်ဆယ်ရေးကို ခိုင်မာစွာ စောင့်ဆိုင်းနေဆဲ ဖြစ်သည်။

ဟက်ကာ မဟာမိတ်အဖွဲ့၏ ပင်မ အဖွဲ့ဝင် ဆယ်ဦးသည် ဆာဗာများကို ထိန်းချုပ်ထားမှုအပေါ် အခြေခံကာ အင်အားစု နှစ်ခုစလုံး၏ ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်မှုကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ပြီး ယာဆူကူနီ နတ်ကွန်း၏ တရားဝင် ဝက်ဆိုက်ပေါ်တွင် စော်ကားသော စာသားအချို့ကိုပင် ထပ်မံ အဆင့်မြှင့်တင်ကာ ဂျပန်နိုင်ငံကို ပိုမို ဆွပေးခဲ့ကြသည်။

အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရို၏ အစည်းအဝေးခန်းမအတွင်း ဆိုက်ဘာလုံခြုံရေးဌာန၏ အကြီးအကဲဖြစ်သူ ကူရိုင်း နီဟိုက အစည်းအဝေးကို ဦးဆောင် ကျင်းပနေသည်။

ကူရိုင်း နီဟိုသည် တစ်ချက် ချောင်းဟန့်လိုက်ပြီး "တိတ်တိတ်နေကြပါ"

အစည်းအဝေးခန်းမထဲတွင် စုစုပေါင်း လူဆယ့်နှစ်ဦး ရှိနေသည်။ ဤ ဆယ့်နှစ်ဦးမှာ ဆိုက်ဘာလုံခြုံရေးဌာနရှိ ဆိုက်ဘာလုံခြုံရေးအဖွဲ့ တစ်ဆယ့်နှစ်ဖွဲ့၏ ခေါင်းဆောင်များ ဖြစ်ကြပြီး အဖွဲ့တစ်ဖွဲ့စီတွင် လုံခြုံရေး ကျွမ်းကျင်သူ တစ်ဆယ်ဦးစီ ရှိကြသည်။

"ငါတို့ ဘာကြောင့် ဘေးကနေ ထိုင်ကြည့်နေပြီး အဲဒီ ရှနိုင်ငံက အမှိုက်တွေကို ငါတို့ရဲ့ လှပတဲ့ မိခင်နိုင်ငံတော်ကြီးရဲ့ ဆိုက်ဘာကမ္ဘာထဲမှာ စိတ်ကြိုက် လာရောက် ဖျက်ဆီးခွင့် ပေးထားရသလဲဆိုတာ မင်းတို့ အားလုံး သိချင်နေကြမှန်း ငါ သိတာပေါ့"

အဖွဲ့ခေါင်းဆောင် ဆယ့်နှစ်ဦးသည် အဖြေကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။

"ငါတို့ ဘေးကနေ ဒီအတိုင်း စောင့်ကြည့်နေရတဲ့ အကြောင်းရင်းကတော့..."

All Chapters