← Chapters

အခန်း ၁၆၄

Vol. 17 Ch. 164

အခန်း ၁၆၄

Vol. 17 Ch. 164

အခန်း - ၁၆၄

ဂျပန်နိုင်ငံသည် မီးတောင်ကျွန်းစုမြောက်မြားစွာဖြင့် ဖွဲ့စည်းထားပြီး ပင်လယ်ရပ်ခြားတွင် သီးခြားအထီးကျန် တည်ရှိနေသော ကျွန်းနိုင်ငံတစ်ခု ဖြစ်သည်။ ထို့ကြောင့် ဂျပန်နိုင်ငံတွင် ငလျင်လှုပ်ခတ်မှုမှာ စိတ်ပျက်ဖွယ်ကောင်းလောက်အောင် မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိသည်။

ငလျင်များ အလွန်အမင်း မကြာခဏ လှုပ်ခတ်လေ့ရှိသောကြောင့် ဂျပန်၏ ငလျင်ကြိုတင်ခန့်မှန်းမှု နည်းပညာမှာ အတော်လေးကို အဆင့်မြင့်လှပေသည်။

ရှီလဲ့ ရွေးချယ်လိုက်သည့် ဒုတိယမြောက် ပစ်မှတ်မှာ တိုကျိုမြို့တော် ငလျင်ကြိုတင်ခန့်မှန်းရေးအဖွဲ့ပင် ဖြစ်သည်။ သူသည် ငလျင်ကြိုတင်ခန့်မှန်းရေးအဖွဲ့၏ အတွင်းပိုင်း ကွန်ရက်ထဲသို့ ခိုးဝင်ကာ ၎င်းကို ထိန်းချုပ်ပြီး ပမာဏ ရစ်ခ်ျတာစကေး ၉.၀ အဆင့်ရှိသော အင်အားပြင်း မဟာငလျင်ကြီးတစ်ခု လှုပ်ခတ်တော့မည်ဟူသည့် သတင်းအတုကို ဖန်တီးရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

ပမာဏ ၉.၀ အဆင့်ရှိ အင်အားပြင်း မဟာငလျင်ကြီးတစ်ခုက ဘာကို ဆိုလိုသနည်း။

စကားတွေ အရှည်ကြီး ပြောနေစရာပင် မလိုတော့ချေ။ စကားလုံးတစ်လုံးတည်းဖြင့် ရှင်းပြရလျှင်မူ “ကမ္ဘာပျက်ကပ်” ပင် ဖြစ်တော့သည်။

ရှီလဲ့သည် ဦးစွာပထမ ငလျင်ကြိုတင်ခန့်မှန်းရေးအဖွဲ့၏ တရားဝင် ဝက်ဆိုက်ကို ရှာဖွေလိုက်သည်။ ထိုဝက်ဆိုက်ပေါ်တွင် ငလျင်လှုပ်ခတ်မည့် ဒေသ၊ ငလျင်အဆင့်အတန်း၊ ဗဟိုချက်၏ အနက်၊ အန္တရာယ်ရှိမှု အဆင့် စသည်ဖြင့် ငလျင်ကြိုတင်ခန့်မှန်းချက်အချို့ကို ပြသထားသည်။

ငလျင်ဒဏ် မကြာခဏ ခံရတတ်သော နိုင်ငံတစ်ခု ဖြစ်သည့်အားလျော်စွာ ဂျပန်နိုင်ငံသားများသည် ငလျင်နှင့်ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဗဟုသုတ ရှိကြသည်။ ပမာဏ ၃ သို့မဟုတ် ၄ အဆင့်ရှိသော ငလျင်အသေးစားလေးများသည် ပြည်သူလူထု၏ အာရုံစိုက်မှုကို များများစားစား မရရှိကြချေ။ သူတို့သည် ထိုကဲ့သို့သော ငလျင်အသေးစားလေးများကို ကျင့်သားရနေကြပြီ ဖြစ်သည်။

ရှီလဲ့သည် ငလျင်ကြိုတင်ခန့်မှန်းရေးအဖွဲ့၏ တရားဝင် ဝက်ဆိုက်ကို အသေးစိတ် ကြည့်ရှုစစ်ဆေးပြီးနောက် အားနည်းချက်တစ်ခုကို ရှာတွေ့သွားကာ အခွင့်အရေးကို ရယူရန် ကုဒ်များထည့်သွင်းပြီး ဝက်ဆာဗာထဲသို့ ဝင်ရောက်သွားခဲ့သည်။ ဆာဗာ၏ အထူးအသုံးပြုသူအခွင့်အရေးကို ဟက်ရန် အချိန်အနည်းငယ် ပေးလိုက်ရပြီးနောက် ရှီလဲ့သည် ငလျင်ကြိုတင်ခန့်မှန်းရေးအဖွဲ့၏ တရားဝင် ဝက်ဆိုက်ပေါ်ရှိ ခန့်မှန်းချက် သတင်းကို ချက်ချင်း ပြောင်းလဲခြင်း မပြုလုပ်သေးပေ။

အဘယ်ကြောင့်ဆိုသော် ငလျင်ကြိုတင်ခန့်မှန်းရေးအဖွဲ့၏ ဝက်ဆိုက်သည် လူစိတ်ဝင်စားမှု အလွန်နည်းပါးသောကြောင့် ဖြစ်သည်။ ငလျင်ကြိုတင်ခန့်မှန်းရေးအဖွဲ့၏ ဆာဗာမှတစ်ဆင့် ငလျင်သတင်းများကို ထုတ်လွှင့်ပြသသည့် အဓိက နည်းလမ်း သုံးမျိုး ရှိကြောင်း ရှီလဲ့ သိရှိခဲ့ရသည်။

ပထမတစ်မျိုးမှာ ပမာဏ ၅ အောက် ငလျင်အသေးစားများအတွက် ဖြစ်ပြီး အဓိက ရုပ်မြင်သံကြားလိုင်းများ၏ စခရင်အောက်ခြေတွင် စာတန်းထိုးများ လှိမ့်ပေးခြင်းဖြင့် ပြည်သူများကို သတိထားရန် အသိပေးခြင်း ဖြစ်သည်။

ဒုတိယမြောက် ထုတ်လွှင့်မှုနည်းလမ်းတွင်မူ ပထမနည်းလမ်းအပြင် မြို့အနှံ့ရှိ အမျိုးမျိုးသော ပြသရေးပစ္စည်းများကိုပါ အသုံးပြုခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ကူးသန်းရောင်းဝယ်ရေးဇုန်များရှိ ကြော်ငြာ စခရင်အကြီးကြီးများ၊ ဘတ်စ်ကားပေါ်ရှိ မိုဘိုင်းလ် တီဗီများနှင့် လျှပ်စစ် ဆိုင်းဘုတ်မျိုးစုံတို့ ဖြစ်သည်။ ဤထုတ်လွှင့်မှု နည်းလမ်းကို အဓိကအားဖြင့် ပမာဏ ၅ နှင့် ၆ အဆင့်ရှိ ငလျင်များအတွက် အသုံးပြုခြင်း ဖြစ်သည်။

ပမာဏ ၇ သို့မဟုတ် ထိုထက် မြင့်မားသော အင်အားပြင်း မဟာငလျင်ကြီးများကို ပစ်မှတ်ထားသည့် တတိယမြောက် ထုတ်လွှင့်မှု နည်းလမ်းတွင်မူ ရှေ့က နည်းလမ်းနှစ်ခုစလုံးကို ပေါင်းစပ်ရုံသာမက မြို့ပြ လေကြောင်းရန် အချက်ပေးဥဩသံများနှင့် ရုပ်မြင်သံကြားလိုင်း အားလုံးမှ အရေးပေါ် ထုတ်လွှင့်မှုများကိုပါ ပြုလုပ်ခြင်း ဖြစ်သည်။

ဤငလျင်ကြိုတင်ခန့်မှန်းချက် ထုတ်လွှင့်မှု နည်းလမ်းသုံးမျိုးကြောင့် ငလျင်ကြိုတင်ခန့်မှန်းရေးအဖွဲ့၏ တရားဝင် ဝက်ဆိုက်သည် အမှန်တကယ်တွင် လူအာရုံစိုက်မှု အလွန်ပင် နည်းပါးလှသည်။ ထိုအကြောင်းရင်းကြောင့်ပင် ရှီလဲ့သည် ငလျင်ကြိုတင်ခန့်မှန်းရေးအဖွဲ့၏ ဝက်ဆိုက်ပေါ်တွင် ပမာဏ ၉.၀ အဆင့်ရှိ အင်အားပြင်း မဟာငလျင် ကြေညာချက်ကို ချက်ချင်း မတင်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းက ထိရောက်မှု သိပ်ရှိမည် မဟုတ်ပေ။

ထုတ်လွှင့်မှု သတိပေးချက် နည်းလမ်းသုံးခုအကြောင်းကို ဖတ်ရှုပြီးနောက် ရှီလဲ့၏ မျက်ဝန်းများထဲတွင် ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ ရှီလဲ့သည် မည်သည့်အခါကမျှ ကြင်နာတတ်သူတစ်ယောက် မဟုတ်ခဲ့ပေ။ လူမိုက်များကို မျက်တောင်တစ်ချက် မခတ်တမ်း ရိုက်နှက်နိုင်ခြင်း၊ လူမိုက်များကို ခိုင်းစေကာ ဂျပန် ကန်နွန် ကိုယ်စားလှယ်အဖွဲ့မှ ကိုအီဇူမီ အိီချိီရိုနှင့် အခြားသူများကို ရိုက်နှက်ခိုင်းခြင်း၊ သူ၏ အတန်းဖော်များကို ထောင်ထဲ ပို့ရန် မဟုတ်မမှန် လုပ်ကြံ စွပ်စွဲခြင်း၊ ထို့အပြင် ဂျပန်တွင် အမျိုးမျိုးသော ပေါက်ကွဲမှုများကို ဖန်တီးကာ ကိုအိီဇူမိ အိချီရိုကို သတ်ဖြတ်ရန် ကြံစည်ခြင်းများကို ကြည့်ခြင်းဖြင့် ရှီလဲ့သည် စိတ်နုပြီး ကြင်နာတတ်သူတစ်ယောက် လုံးဝမဟုတ်ကြောင်း သိနိုင်သည်။

ထို့ကြောင့် ရှီလဲ့၏ စိတ်ထဲတွင် ဆိုးယုတ်သော အစီအစဉ်တစ်ခု ပေါ်ပေါက်လာခဲ့တော့သည်။

‘ဂျပန်ကောင်တွေရေ... ငါ့ကို ရက်စက်တယ်လို့ လာမပြောနဲ့ဦး’ ဟု ရှီလဲ့ စိတ်ထဲကနေ တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် အသေးစိတ် စတင် စီစဉ်တော့သည်။

ငလျင်ကြိုတင်ခန့်မှန်းရေးအဖွဲ့၏ စောစီးစွာ သတိပေးချက် ထုတ်လွှင့်မှုစနစ်မှတစ်ဆင့် ရှီလဲ့သည် တိုကျိုမြို့ရှိ အင်တာနက်ချိတ်ဆက်ထားသော လျှပ်စစ် ဆိုင်းဘုတ်များ၊ မိုဘိုင်းလ် တီဗီများနှင့် အခြားသော အီလက်ထရွန်နစ် ပြသရေးပစ္စည်းများ အားလုံးကို လျင်မြန် တိတ်တဆိတ် ထိန်းချုပ်လိုက်သည်။ တစ်ချိန်တည်းမှာပင် တိုကျိုမြို့၏ လေကြောင်းရန် အချက်ပေးဥဩသံများကိုပင် သူ၏ ထိန်းချုပ်မှုအောက်သို့ သွတ်သွင်းလိုက်နိုင်ခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ရှီလဲ့သည် ငလျင်ကြိုတင်ခန့်မှန်းရေးအဖွဲ့၏ စောစီးစွာ သတိပေးချက် ထုတ်လွှင့်မှုစနစ်ကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ မဟုတ်ပါက လေကြောင်းရန် အချက်ပေးဥဩသံများကို ထိန်းချုပ်ရန် ကြိုးပမ်းခြင်းက သူ့ကို အတော်လေး အားစိုက်ထုတ်ရစေမည် ဖြစ်သည်။

၎င်းတို့ကို ထိန်းချုပ်ပြီးနောက် ရှီလဲ့သည် ငလျင်ကြိုတင်ခန့်မှန်းရေးအဖွဲ့၏ ဆာဗာထဲမှ ယခုလေးတင် တွေ့ရှိခဲ့သည့် ထုတ်လွှင့်မှု အချက်အလက်များကို ထုတ်ယူလိုက်သည်။ ပမာဏ ၇ နှင့် ထိုထက်မြင့်မားသော အင်အားပြင်း မဟာငလျင် သတိပေးချက်များအတွက် လိုင်းစုံ တီဗီထုတ်လွှင့်မှု အချက်အလက်များသည် ၉၉ ရာခိုင်နှုန်းခန့် ကြိုတင် ပြင်ဆင်ပြီးသား ဖြစ်နေသည်။ တီဗီလိုင်းများတွင် တိုက်ရိုက် ထုတ်လွှင့်ရန်အတွက် နောက်ဆုံး ငလျင်အဆင့်အတန်း၊ တည်နေရာနှင့် အန္တရာယ်ရှိမှု အဆင့်တို့ကိုသာ ဖြည့်စွက်ရန် လိုအပ်သည်။

တီဗီ အစီအစဉ်တင်ဆက်သူတစ်ဦးကို ထုတ်လွှင့်ခိုင်းမည့်အစား ဤနည်းလမ်းကို အသုံးပြုရသည့် အကြောင်းရင်းမှာ မည်သူကမျှ ငလျင် မည်သည့်အချိန်တွင် လှုပ်ခတ်မည်ကို မသိနိုင်သောကြောင့် ဖြစ်သည်။ အကယ်၍ ၎င်းက သန်းခေါင်ယံအချိန်တွင် ဖြစ်ပွားခဲ့လျှင် အစီအစဉ်တင်ဆက်သူတစ်ယောက် မိတ်ကပ်လိမ်း၊ အဝတ်အစားလဲပြီး လာသည်အထိ သူတို့ စောင့်ဆိုင်းနေနိုင်မည်လော။

ရှီလဲ့သည် ပမာဏ ၉.၀ အဆင့်ရှိ အင်အားပြင်း မဟာငလျင်အတွက် ကြိုတင်ပြင်ဆင်ထားသော အချက်အလက်များကို ထုတ်ယူကာ အသေးစိတ်အချက်အလက်အားလုံးကို ဖြည့်စွက်ပြီးနောက် နောက်ပိုင်းတွင် အလွယ်တကူ အသုံးပြုနိုင်ရန် သိမ်းဆည်းထားလိုက်သည်။

ငလျင်ကြိုတင်ခန့်မှန်းရေးအဖွဲ့၌ ပြင်ဆင်မှုများ ပြီးဆုံးသွားပြီးနောက် ရှီလဲ့သည် အမျိုးမျိုးသော တီဗီလိုင်းများကို စတင် တိုက်ခိုက်တော့သည်။

NHK တီဗီလိုင်းနှင့် TBS တီဗီလိုင်းတို့သည် လက်ရှိတွင် အလုပ်မလုပ်တော့ဘဲ လည်ပတ်မှု ရပ်ဆိုင်းနေသဖြင့် လောလောဆယ် ထည့်မစဉ်းစားတော့ပေ။ ရှီလဲ့ ပထမဆုံး စတင်တိုက်ခိုက်သည်မှာ သဘာဝကျစွာပင် ဖူဂျီ တီဗီလိုင်း ဖြစ်သည်။ ဖူဂျီ တီဗီလိုင်းအပြင် ကျန်ရှိသည့် အဓိက ပုဂ္ဂလိက တီဗီလိုင်းကြီး အားလုံးသည် ရှီလဲ့၏ လက်မည်းကြီးအောက်တွင် သားကောင်များ ဖြစ်သွားခဲ့ကြရသည်။

ရှီလဲ့သည် ၎င်းတို့၏ ထုတ်လွှင့်မှု စီမံခန့်ခွဲရေးဌာန၏ အဓိက ထိန်းချုပ်ကွန်ပျူတာများကို ထိန်းချုပ်လိုက်ရုံသာမက ကေဘယ်လ်တီဗီ ထုတ်လွှင့်မှု ကွန်ရက်ကိုပါ အရန်အဖြစ် ဖြတ်တောက် ဝင်ရောက်ထားလိုက်သည်။

သူသည် မော်နီတာ၏ အောက်ခြေ ညာဘက်ထောင့်ရှိ အချိန်ကို ကြည့်လိုက်ရာ တရုတ်နိုင်ငံ စံတော်ချိန် ည ၁၀ နာရီ မိနစ်အနည်းငယ် ရှိနေပြီ ဖြစ်ပြီး ၎င်းက ဂျပန်စံတော်ချိန် ည ၁၁ နာရီ မိနစ်အနည်းငယ် ဖြစ်သည်ဟု ဆိုလိုသည်။ ဤအချိန်တွင် ဂျပန်နိုင်ငံသား အများစုမှာ တီဗီကြည့်နေကြဆဲ ဖြစ်ပြီး အိပ်ရာမဝင်ကြသေးချေ။

‘ဒီနေ့ဟာ မေ့လို့မရနိုင်တဲ့ နေ့တစ်နေ့ ဖြစ်လာတော့မယ်’ ရှီလဲ့က စပ်ဖြဲဖြဲဖြင့် ပြုံး၍ တွေးလိုက်ပြီးနောက် သူ၏ လုပ်ငန်းစဉ်ကို စတင်လိုက်တော့သည်။

တိုကျိုမြို့တော် ငလျင်ကြိုတင်ခန့်မှန်းရေးအဖွဲ့သည် ဖြစ်လာနိုင်သမျှသော ငလျင်သတိပေးချက်များအတွက် အဆင်သင့်ဖြစ်စေရန် တစ်နှစ်ပတ်လုံး ၂၄ နာရီပတ်လုံး ဝန်ထမ်းများဖြင့် လည်ပတ်နေသည်။ ယနေ့ တာဝန်ကျနေသူ နှစ်ဦးမှာ ခိီတာဂါဝါ ယူအီရှင်း နှင့် ကိုဘာယာရှီ ဟီတိုမီတို့ ဖြစ်ကြသည်။

ခိီတာဂါဝါ ယူအီရှင်းသည် ကျောင်းပြီးသည်မှာ နှစ်နှစ်သာ ရှိသေးသည့် လူငယ်တစ်ဦး ဖြစ်ပြီး တိုကျိုမြို့တော် ငလျင်ကြိုတင်ခန့်မှန်းရေးအဖွဲ့သို့ ရောက်ရှိနေသည်မှာ နှစ်နှစ်ပင် မပြည့်သေးချေ။ ကိုဘာယာရှီ ဟီတိုမီမှာမူ ငလျင်ကြိုတင်ခန့်မှန်းရေးအဖွဲ့တွင် ၁၅ နှစ်ကျော်ကြာ လုပ်ကိုင်ခဲ့သည့် ဝါရင့်ဝန်ထမ်းတစ်ဦး ဖြစ်သည်။ ဤကဲ့သို့ ဝန်ထမ်းအသစ်နှင့် အဟောင်း တွဲဖက်ပေးခြင်းသည် ဝါရင့်ဝန်ထမ်းများ၏ ကြွယ်ဝသော အတွေ့အကြုံများကို အသုံးပြု၍ ဝန်ထမ်းအသစ်များကို လမ်းညွှန် ပြုစုပျိုးထောင်ပေးရန် ငလျင်ကြိုတင်ခန့်မှန်းရေးအဖွဲ့၏ အဖွဲ့လိုက် လုပ်ငန်းခွင် ပုံစံပင် ဖြစ်သည်။

ယနေ့က သောကြာနေ့ ဖြစ်သည်။ အကယ်၍ ၎င်းက သာမန် အလုပ်တစ်ခုသာ ဆိုလျှင်မူ သူတို့သည် ရှားပါးလှသော ပိတ်ရက် အားလပ်ရက်ကို ပျော်ရွှင်စွာ ခံစားရင်း သူငယ်ချင်းများနှင့်အတူ အီဇာကာယာဆိုင်တွင် သောက်စားကာ ပျော်ပါးနေကြရမည် ဖြစ်သည်။

သို့သော် ငလျင်ကြိုတင်ခန့်မှန်းရေးအဖွဲ့တွင် သာမန်အားလပ်ရက် ဟူ၍ မရှိဘဲ အလှည့်ကျ အားလပ်ရက် ယူကြရသည်။ ခိီတာဂါဝါ ယူအီရှင်းသည် ပျင်းရိ ငြီးငွေ့စွာဖြင့် ကွန်ပျူတာဂိမ်း ကစားနေရင်း အနည်းငယ် ညည်းတွားလိုက်သည်။ “စီနီယာ ကိုဘာယာရှီ... စီနီယာ ဒီငလျင်ကြိုတင်ခန့်မှန်းရေးအဖွဲ့မှာ အလုပ်လုပ်တာ ၁၅ နှစ်တောင် ရှိပြီဆိုတော့ မရိုးအီဘူးလား... ပုံသေသတ်မှတ်ထားတဲ့ အားလပ်ရက်လည်း မရှိ၊ ညဂျူတီတွေ ဆင်းရ၊ ငြီးငွေ့စရာကောင်းတဲ့ အလုပ်တွေ... ဒါကြီးက ပျင်းစရာကောင်းတယ်လို့ မထင်ဘူးလား”

ကိုဘာယာရှီ ဟီတိုမီက ခေါင်းခါယမ်းလိုက်ပြီး “ခိီတာဂါဝါ... မင်း ငါတို့အလုပ်ရဲ့ အဓိပ္ပာယ်ကို သိရဲ့လား”

“ငလျင်သတင်း အချက်အလက်တွေကို ကြိုတင်ခန့်မှန်းဖို့ပေါ့ စီနီယာ” ခိီတာဂါဝါ ယူအီရှင်က ချက်ချင်း တုံ့ပြန်လိုက်သည်။

“မှားတယ်” ကိုဘာယာရှီ ဟီတိုမီက ပြုံးလျက် ငြင်းပယ်လိုက်သည်။

“စီနီယာ ကိုဘာယာရှီ... ကျွန်တော်တို့အလုပ်က ငလျင်သတင်းတွေကို ကြိုတင်ခန့်မှန်းဖို့ မဟုတ်ဘူးလား” ခိီတာဂါဝါ ယူအီရှင်းက ဇဝေဇဝါ ဖြစ်လျက် မေးလိုက်သည်။

အကယ်၍ ငလျင်ကြိုတင်ခန့်မှန်းရေးအဖွဲ့၏ အလုပ်က ငလျင်သတင်းများကို ကြိုတင်ခန့်မှန်းရန် မဟုတ်လျှင် ဘာဖြစ်နိုင်မည်နည်း။

“ခိီတာဂါဝါ... ငါတို့အလုပ်က ငါတို့ရဲ့ နိုင်ငံသားတွေကို ငလျင်အန္တရာယ်ကနေ ကာကွယ်ပေးဖို့ပဲ... ငါတို့က သူတို့ရဲ့ အကာအကွယ်ထီးတစ်ချောင်းပဲ၊ ငါတို့နိုင်ငံကို ကာကွယ်ပြီး ငါတို့မိသားစုတွေကို ကာကွယ်ပေးနေတာ” ကိုဘာယာရှီ ဟီတိုမီက ဆက်ပြောသည်။ “မင်းရဲ့ မိသားစုလည်း တိုကျိုမှာပဲ ရှိတာ မဟုတ်လား တိုကျိုမှာ အင်အားပြင်း မဟာငလျင် လှုပ်ခတ်ဖို့ အလားအလာ အလွန်နည်းပေမဲ့ ဘယ်အရာမှ လုံးဝမဖြစ်နိုင်ဘူးလို့ ပြောလို့မရဘူး... အကယ်၍ တိုကျိုမှာ အင်အားပြင်း ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပြီး ငါတို့ဘက်က တာဝန်ကျဝန်ထမ်း မရှိလို့ စောစီးစွာ သတိပေးချက် သတင်းတွေ မထုတ်ပြန်နိုင်ခဲ့ရင် ငါတို့က နိုင်ငံရဲ့ ရာဇဝတ်ကောင်တွေ ဖြစ်သွားလိမ့်မယ်”

ခိီတာဂါဝါ ယူအီရှင်း၏ ပါးစပ်မှာ အနည်းငယ် ဟသွားပြီးနောက် ခေါင်းကို ပြင်းပြင်းထန်ထန် ညိတ်လိုက်သည်။ “စီနီယာ ကိုဘာယာရှီ... ကျွန်တော် နားလည်ပါပြီ လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ကျွန်တော် စီနီယာ့ဆီကနေ သင်ယူပြီး စီနီယာ့လိုပဲ တော်တဲ့ ဝန်ထမ်းကောင်းတစ်ယောက် ဖြစ်အောင် လုပ်ပါ့မယ်”

ကိုဘာယာရှီက ပြုံးလျက် ခေါင်းညိတ်ပြီး ခိီတာဂါဝါ၏ ပုခုံးကို ပုတ်ပေးလိုက်သည်။ “တက်တက်ကြွကြွနေပါ ပေါ့ဆလို့ လုံးဝမရဘူး... ငါတို့နိုင်ငံအတွက် ငါတို့တတ်နိုင်တဲ့ဘက်ကနေ ပံ့ပိုးပေးရမယ်”

တိုကျိုမြို့တော် ငလျင်ကြိုတင်ခန့်မှန်းရေးအဖွဲ့တွင်မူ ရှီလဲ့သည် ၎င်းတို့၏ ဆာဗာထဲရှိ ငလျင်ကြိုတင်ခန့်မှန်းရေး ဆော့ဖ်ဝဲလ် လည်ပတ်မှုကို စစ်ဆေးနေပြီး ကိုးကားချက် အချက်အလက်များမှတစ်ဆင့် ဤဆော့ဖ်ဝဲလ်၏ အခြေခံ သဘောတရားများကို အကြမ်းဖျင်း လေ့လာနေသည်။

လက်ရှိတွင် ရှီလဲ့သည် တိုကျို၏ လျှပ်စစ် ဆိုင်းဘုတ်များ၊ မိုဘိုင်းလ် တီဗီများနှင့် အခြားသော အီလက်ထရွန်နစ် ပြသရေးပစ္စည်းများကို ထိန်းချုပ်ထားပြီး ဖြစ်သည်။ တီဗီလိုင်းများနှင့် ပတ်သက်၍ TBS မှလွဲ၍ အခြား အဓိက ပုဂ္ဂလိက တီဗီလိုင်း ၄ လိုင်းလုံးသည် သူ၏ လက်ထဲတွင် ရှိနေပြီး မြို့ပြ လေကြောင်းရန် အချက်ပေးဥဩသံများသည်လည်း သူ၏ အိတ်ကပ်ထဲ ရောက်နေပြီ ဖြစ်သည်။

ဒါပေမဲ့ ဘာဖြစ်လဲ။

ရှီလဲ့အနေဖြင့် တီဗီလိုင်း ၄ လိုင်းကို ထိန်းချုပ်ပြီး ပမာဏ ၉.၀ အဆင့်ရှိ အင်အားပြင်း မဟာငလျင် ဘေးအန္တရာယ် သတိပေးချက်ကို တိုက်ရိုက် ထုတ်လွှင့်ခိုင်းကာ လျှပ်စစ် ဆိုင်းဘုတ်များနှင့် မိုဘိုင်းလ် တီဗီများကိုလည်း ဘေးအန္တရာယ် သတိပေးချက် ထုတ်လွှင့်ရန် ထိန်းချုပ်ကာ မြို့ပြ လေကြောင်းရန် အချက်ပေးဥဩသံများကို ဖွင့်ပြီး တိုကျိုပြည်သူလူထုကို ဘက်ပေါင်းစုံမှ ခြောက်လှန့်လိုက်လျှင်ပင် တိုကျိုခေါင်းဆောင်ပိုင်းက ငလျင်ကြိုတင်ခန့်မှန်းရေးအဖွဲ့ထံ ဖုန်းဆက် စုံစမ်းမေးမြန်းလိုက်သည်နှင့် ၎င်းတို့သည် ဟက်ကာများ ခိုးဝင်မှုနှင့် လှည့်စားထားသော သတင်းအမှားများသာ ဖြစ်ကြောင်း သိသွားကြလိမ့်မည်။

မြိုပြ လေကြောင်းရန် အချက်ပေးဥဩသံများကို အင်တာနက်မှ လုံးဝ ဖြတ်တောက်ပြီး ကိုယ်တိုင် ထိန်းချုပ်မှုသို့ ပြောင်းလဲပစ်နိုင်သည်။ တီဗီ ထုတ်လွှင့်မှုများအတွက်လည်း ဂျပန်အစိုးရ၏ အမျိုးသားအဆင့် စွမ်းအားဖြင့် တီဗီလိုင်း အားလုံးကို အတင်းအကျပ် ဝင်ရောက် ထိန်းချုပ်ကာ သတင်းအမှားဖြစ်ကြောင်း ရှင်းလင်းသည့် သတင်းများကို ထုတ်လွှင့်နိုင်ပေသည်။

ထိုသို့ဆိုလျှင် ရှီလဲ့ သေချာ ပြင်ဆင်ထားသည့် အစီအစဉ်မှာ ရေစုန်မျောသွားမည် မဟုတ်ပါလော။

ရှီလဲ့က ထိုကဲ့သို့သော အရာမျိုးကို မည်သို့ ခွင့်ပြုနိုင်ပါမည်နည်း။

ထို့ကြောင့် သူသည် ငလျင်ကြိုတင်ခန့်မှန်းရေးအဖွဲ့၏ ဆာဗာထဲရှိ ငလျင်ကြိုတင်ခန့်မှန်းရေး ဆော့ဖ်ဝဲလ်နှင့် ပတ်သက်သော မည်သည့်အချက်အလက်က မည်သည့်ငလျင်အဆင့်၊ ဗဟိုချက် အနက်၊ လှုပ်ခတ်မည့် ဒေသ စသည်တို့ကို ကိုယ်စားပြုသည်ဟူသော အချက်အလက်မျိုးစုံကို လေ့လာနေခြင်း ဖြစ်သည်။

ရှီလဲ့သည် ငလျင်ကြိုတင်ခန့်မှန်းရေးအဖွဲ့ကိုယ်တိုင် ငလျင်သတိပေးချက်ကို ထုတ်ပြန်စေရန်အတွက် ငလျင်ကြိုတင်ခန့်မှန်းရေး ဆော့ဖ်ဝဲလ်ကို ကြိုးကိုင်ကာ ပမာဏ ၉.၀ အဆင့်ရှိ မဟာငလျင် သတင်းအချက်အလက်ကို လုပ်ကြံ ဖန်တီးရန် ပြင်ဆင်လိုက်သည်။

ဤအရာကမှ ရှီလဲ့၏ ပန်းတိုင်နှင့် အမှန်တကယ် ကိုက်ညီပေလိမ့်မည်။

ငလျင်သတိပေးချက်ကို ထုတ်ပြန်လိုက်သည်နှင့် တိုကျိုတစ်မြို့လုံး၊ ထို့အပြင် ဂျပန်တစ်နိုင်ငံလုံးသည် ရုန်းရင်းဆန်ခတ် ဖြစ်သွားပေလိမ့်မည်။

ထိုအချိန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရိုသည်လည်း အလားတူ ရုန်းရင်းဆန်ခတ် ဖြစ်သွားပေလိမ့်မည်။

နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရို၏ ရုံးချုပ်သည် တိုကျိုတွင်ပင် ရှိသည်။ ထိုသူများသည် ငလျင်ကို မကြောက်ဘဲ သို့မဟုတ် ရုံးချုပ်ကို ကာကွယ်ရန်အတွက် အသက်စွန့်ပြီး ကျန်ရစ်နေခဲ့ကြလိမ့်မည်ဟု ရှီလဲ့ လုံးဝ မယုံကြည်ပေ။

ရှီလဲ့သည် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ထောက်လှမ်းရေးဗျူရိုတစ်ခုလုံး လူသူကင်းမဲ့သွားပြီး ၎င်း၏ ကာကွယ်ရေးစနစ်များ ဟာလာဟင်းလင်း ဖြစ်သွားမည့် မြင်ကွင်းကိုပင် စိတ်ကူးပုံဖော်ကြည့်လိုက်မိသည်။

ငလျင်ကြိုတင်ခန့်မှန်းရေး ဆော့ဖ်ဝဲလ်ထဲရှိ အချက်အလက်အားလုံးကို တစ်ခေါက် ဖြတ်သန်း ကြည့်ရှုပြီးနောက် ရှီလဲ့သည် ဤဆော့ဖ်ဝဲလ်ထဲရှိ အမျိုးမျိုးသော အချက်အလက်များ၏ အဓိပ္ပာယ်ကို အခြေခံအားဖြင့် နားလည်သွားခဲ့ပြီ ဖြစ်သည်။

‘ပမာဏ ၉.၀ အဆင့်ရှိ ငလျင်ရဲ့ အံ့အားသင့်စရာ လက်ဆောင်ကြီး... စတင်မယ်’

ရှီလဲ့သည် စိတ်ထဲတွင် ကျိတ်၍ ရေရွတ်လိုက်ပြီး လက်နှစ်ဖက်က ကီးဘုတ်ပေါ်တွင် လျင်မြန်စွာ လှုပ်ရှားသွားသည်။ သူသည် ပြင်ဆင်မှု နှစ်မျိုး ပြုလုပ်ထားခဲ့သည်။ အကယ်၍ ငလျင်ကြိုတင်ခန့်မှန်းရေးအဖွဲ့က ဦးဦးဖျားဖျား ထုတ်လွှင့်ခြင်း မပြုလုပ်ခဲ့လျှင် သူသည် အရင်းအမြစ် အားလုံးကို ထိန်းချုပ်ကာ ပမာဏ ၉.၀ အဆင့်ရှိ မဟာငလျင် သတင်းကို အတင်းအကျပ် ထုတ်လွှင့်ခိုင်းမည် ဖြစ်သည်။

တိုကျိုမြို့တော် ငလျင်ကြိုတင်ခန့်မှန်းရေးအဖွဲ့ အတွင်း၌မူ ကိုဘာယာရှီ ဟီတိုမီက သမ်းဝေလိုက်ရင်း မတ်တတ်ရပ်ကာ ခိီတာဂါဝါ ယူအီရှင်းကို ပြောလိုက်သည်။ “ခိီတာဂါဝါ... ငါ အိမ်သာသွားပြီး မျက်နှာကို ရေအေးအေးနဲ့ ဆေးဦးမယ်၊ ပြီးတော့ စီကရက်တစ်လိပ်လောက် သောက်လိုက်ဦးမယ် မင်းအချက်အလက်တွေကို သေချာ စောင့်ကြည့်ထားလိုက်ဦး တစ်ခုခုဖြစ်ရင် ငါ့ကို လှမ်းခေါ်လိုက်”

ခိီတာဂါဝါ ယူအီရှင်းက အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။ “စီနီယာ ကိုဘာယာရှီ... စိတ်မပူပါနဲ့၊ ကျွန်တော် သေချာ အာရုံစိုက်ထားပါ့မယ်”

ကိုဘာယာရှီ ဟီတိုမီသည် စိတ်အေးလက်အေးဖြင့် အိမ်သာဘက်သို့ လျှောက်သွားခဲ့သည်။ သူ လျှောက်သွားရင်း ဘောင်းဘီအိတ်ကပ်ထဲမှ စီကရက်တစ်ဘူးကို ထုတ်ကာ တစ်လိပ်ကို နှုတ်ခမ်းတွင် ခဲလိုက်သည်။

ခိီတာဂါဝါ ယူအီရှင်းသည် ကွန်ပျူတာဂိမ်းကို ပိတ်လိုက်ပြီး မော်နီတာပေါ်ရှိ ငလျင်သတိပေးချက် ဆော့ဖ်ဝဲလ်မှ မက်ဆေ့ခ်ျများကို စိုက်ကြည့်နေမိသည်။

အခြားတစ်ဖက်တွင်မူ ငလျင်ကြိုတင်ခန့်မှန်းရေးအဖွဲ့၏ အတွင်းပိုင်း ဆာဗာထဲ၌ ရှီလဲ့သည် ငလျင်ကြိုတင်ခန့်မှန်းရေး ဆော့ဖ်ဝဲလ်ထဲသို့ ထည့်သွင်းရမည့် ကုဒ်ကို နောက်ဆုံးတွင် ပြင်ဆင် ရေးသားပြီးသွားခဲ့ပြီ ဖြစ်သည်။ သူ Enter ခလုတ်ကို နှိပ်လိုက်သည်နှင့် ကုဒ်အားလုံးသည် ဒေတာစီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ငလျင်ကြိုတင်ခန့်မှန်းရေး ဆော့ဖ်ဝဲလ်ထဲသို့ စီးဝင်သွားခဲ့တော့သည်။

ငလျင်ကြိုတင်ခန့်မှန်းရေးအဖွဲ့ အတွင်း၌ ခိီတာဂါဝါ ယူအီရှင်း၏ မျက်နှာမှာ ရုတ်တရက် အကြီးအကျယ် ပျက်ယွင်းသွားပြီး သူသည် ထအော်တော့သည်။

“စီနီယာ ကိုဘာယာရှီ... ပမာဏ ၉.၀ အဆင့်ရှိ အင်အားပြင်း မဟာငလျင်ကြီးပဲ သွားပြီ... သွားပြီ... အဆင့် ၉.၀ အဆင့်ရှိ အင်အားပြင်း မဟာငလျင်ကြီး လှုပ်တော့မယ်”

All Chapters