← Chapters

အခန်း ၉၀၁

Vol. 61 Ch. 901

အခန်း ၉၀၁

Vol. 61 Ch. 901

အဓိပတိအင်မော်တယ်သခင် စာစဉ် (၆၁)

ဘာသာပြန်သူ နေဇင်။

အခန်း (၉၀၁) မဟူရာကျောက်စိမ်း အခြေစိုက်စခန်း။

"ခြေထောက်သိုင်းပညာရပ်လား…? အဲဒါက ငါ့လက်ဖဝါးသိုင်းပညာနဲ့ ဆင်တူတယ်။" လင်းယုက ခေါင်းညိတ်ကာ ပြောပြီးနောက် ချင်ယွင်၏ လျှို့ဝှက်ပညာရပ်အပေါ် စိတ်ဝင်စားမှု လျော့နည်းသွားသည်။

သို့သော် ချင်ယွင်သည် တပ်မှူးတံဆိပ်တွင်ပါရှိသည့် ခြေထောက်သိုင်းပညာရပ်ကို ဂရုတစိုက် လေ့လာခဲ့သည်။

ဤခြေထောက်သိုင်းပညာရပ်ကို "ကောင်းကင်ဘုံ ဖရိုဖရဲ နတ်ဘုရားခြေထောက်"ဟု ခေါ်ပြီး၊ စုစုပေါင်း သိုင်းကွက်သုံးခုသာ ပါရှိပါသည်။ သို့သော်လည်း ၎င်း၏ စွမ်းအားသည် အမှန်တကယ် အံ့အားသင့်စရာပင်။

ချင်ယွင်သည် သူ၏စိတ်နှလုံးတွင် ခြေထောက်သိုင်းကွက်အားလုံးကို လေ့ကျင့်ပြီးနောက် သူ၏မျက်နှာသည် ရွှင်လန်းသောအမူအရာ ချက်ချင်း ပေါ်လာပါသည်။

အကယ်၍၊ သူ့အား လက်ဖဝါးသိုင်းပညာရပ် သို့မဟုတ် လက်သီးသိုင်းပညာရပ် တစ်ခုခုကို ပေးခဲ့ပါက၊ ၎င်းသည် ချင်ယွင်အတွက် ကြက်နံရိုးတစ်ချောင်းသာသာ ဖြစ်နိုင်သော်လည်း ခြေထောက်သိုင်းပညာရပ်ကတော့ ကွဲပြားပါသည်။

ဆိုရိုးစကားအတိုင်းဆို၊ အကယ်၍၊ လက်သီးတစ်ချက်သည် သုံးရာခိုင်နှုန်း စွမ်းအားရှိသည် ဆိုလျှင်၊ ခြေကန်ချက်သည် ခုနစ်ရာခိုင်နှုန်း ရှိပါသည်။ လူတစ်ယောက်၏ ခြေထောက် ခွန်အားသည် လူတစ်ယောက်၏ လက်မောင်းခွန်အားထက် အမြဲ ပိုကြီးနေပါလိမ့်မည်။ သို့သော်၊ ချင်ယွင်သည် ယခုအချိန်အထိ ခြေထောက်သိုင်းပညာရပ်များကို မလေ့ကျင့် ဖူးသေးသောကြောင့် သူ၏ ကြောက်စရာကောင်းသော ခြေထောက်များ၏ ခွန်အားကို အချည်းနှီး ဖြုန်းတီးနေခဲ့သည်ဟု ဆိုနိုင်ပါသည်။

ယခုအချိန်တွင် ဤ "ကောင်းကင်ဘုံ ဖရိုဖရဲ နတ်ဘုရားခြေထောက်" သည် သူ၏ ချို့ယွင်းချက်များအတွက် ပြင်ဆင်ထားပြီးသားဖြစ်နေပြီး၊ တစ်ချိန်တည်းမှာပင်၊ ၎င်းသည် သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို အလွန် တိုးတက်စေခဲ့သည်။

"ညီငယ်ချင်၊ မင်း အခု တပ်မှူးတံဆိပ်ကို ရရှိခဲ့ပြီ။ မင်း အခုပဲ ဆိတ်သုဉ်းခြင်း ရှေးဟောင်း တောင်တန်းစစ်မြေပြင်ကို သွားဖို့ အစီအစဉ်ရှိလား?။ ဒါမှမဟုတ် ခဏလောက် အနားယူပြီးမှ သွားဖို့ အစီအစဉ်ထားလား?" လင်းယုက ချင်ယွင်ကို မေးသည်။

"အခုပဲ သွားမယ်” ချင်ယွင်က ပြတ်ပြတ်သားသား ပြောသည်။

အမှောင်ထုချောက်နက်ကြီး၏ အခြေအနေကို သူမြင်တွေ့ပြီးနောက် ချင်ယွင်သည် သူ့မိခင်၏ လုံခြုံရေးအတွက် ပို၍ပင် စိုးရိမ်လာသည်။ မိနစ်တိုင်းကို အလဟသ ဖြုန်းတီးခြင်းကပင် သူ့အမေအတွက် အန္တရာယ်များကို ကြုံတွေ့ရနိုင်သည်။ ထို့ကြောင့်၊ သူသည် ဆိတ်သုဉ်းခြင်း ရှေးဟောင်းတောင်တန်း စစ်မြေပြင်သို့ သွားကာ ကောင်းကင်ဘုံ ရှာဖွေခြင်း အင်မော်တယ်ဧကရာဇ် ထမ်ထန်းကို ရှာဖွေပြီး၊ သူ့အမေရှိရာ အရပ်ကို ရှာဖွေပေးရန် တောင်းဆိုလိုသည်။

"ကောင်းပြီ၊ ငါလည်း ဆိတ်သုဉ်းခြင်း ရှေးဟောင်းတောင်တန်း စစ်မြေပြင်ကို သွားဖို့ စီစဉ်ထားတယ်။ ကောင်းပြီ၊ အတူတူသွားကြရအောင်။ ဒီလိုဆို၊ ငါတို့လည်း တစ်ယောက်ကို တစ်ယောက် ဂရုစိုက်လို့ ရတာပေါ့။" လင်းယုက ပြောသည်။

"ဒါဆိုလည်း ကျေးဇူးတင်ပါတယ် အစ်ကိုကြီးလင်း..” ချင်ယွင်က ကျေးဇူးတင်စကား ဆိုသည်။

"သွားကြရအောင်..။ ငါတို့ သွားလာရင်း လမ်းမှာ ဆိတ်သုဉ်းခြင်း ရှေးဟောင်းတောင်တန်း စစ်မြေပြင်အကြောင်း ငါ မင်းကို ပြောပြမယ်။" လင်းယုက ချင်ယွင်ကို ပြောသည်။

ထို့နောက် သူသည် ချင်ယွင်နှင့်အတူ ဆိတ်သုဉ်းခြင်း ရှေးဟောင်းတောင်တန်း စစ်မြေပြင် ဆီသို့ တိုက်ရိုက် ပျံသန်းခဲ့ကြသည်။ သူသည် လမ်းတစ်လျှောက်လုံး၊ ဆိတ်သုဉ်းခြင်း ရှေးဟောင်းတောင်တန်း စစ်မြေပြင်ကို ဂရုစိုက်သင့်ကြောင်း ချင်ယွင်ကို ရှင်းပြခဲ့သည်။

လင်းယု၏ ဇာတ်ကြောင်းစုံထဲ မျောပါသွားပြီးနောက် ချင်ယွင်သည် ဆိတ်သုဉ်းခြင်း ရှေးဟောင်းတောင်တန်း စစ်မြေပြင်အပေါ် နက်ရှိုင်းစွာ နားလည်လာခဲ့သည်။

အမှောင်ထုချောက်နက်ကြီး မွေးဖွားချိန်မှစ၍၊ ဤဆိတ်သုဉ်းခြင်း ရှေးဟောင်းတောင်တန်း သည် ထင်ရှားရှိနေပြီ ဖြစ်သည်။ ရံဖန်ရံခါ၊ ဤဆိတ်သုဉ်းခြင်း ရှေးဟောင်းတောင်တန်းရှိ မြေပြင်မှ ထူးဆန်းသော ရှေးဟောင်းဆိတ်သုဉ်းခြင်း ကျောက်တုံးအချို့ ထွက်ပေါ် လာတတ်သည်။

ဤရှေးဟောင်းဆိတ်သုဉ်းခြင်းကျောက်တုံးသည် လူတစ်ယောက်၏ ရုပ်ခန္ဓာကိုယ် ခွန်အားကို မြှင့်တင်ပေးနိုင်ရုံသာမက၊ ၎င်းသည် တော်ဝင်တာအို၏ ဉပဒေသများနှင့် ကောင်းကင်တာအို၏ဉပဒေသများကိုပါ နားလည်နိုင်စေရန် ကူညီပေးနိုင်ပါသည်။ ထို့ကြောင့်၊ လူပေါင်းများစွာတို့သည် ဤဆိတ်သုဉ်းခြင်း ရှေးဟောင်းတောင်တန်းများတွင် ဤရှေးဟောင်း ဆိတ်သုဉ်းခြင်းကျောက်တုံးများအတွက် တိုက်ပွဲများ စတင်ခဲ့ကြသည်။ တဖြည်းဖြည်းနှင့်၊ ဤရှေးဟောင်းဆိတ်သုဉ်းခြင်းကျောက်တုံးများအတွက် တိုက်ပွဲဝင်သူ များသည် ဆန့်ကျင်ဘက်အင်အားစု နှစ်ခုဖြစ်သော လက်ရှိအမည်းရောင်အဖွဲ့နှင့် အဖြူအရောင်အဖွဲ့တွေအဖြစ် တဖြည်းဖြည်း ကြီးထွားလာခဲ့ကြပါသည်။

နောက်ဆုံးမှာတော့၊ ဆိတ်သုဉ်းခြင်းရှေးဟောင်းတောင်တန်း စစ်မြေပြင်မှာလည်း ရှေးဟောင်းဆိတ်သုဉ်းခြင်းကျောက်တုံး အရေအတွက်သည် အကန့်အသတ်သာ ရှိပါသည်။ ထို့ကြောင့်၊ အဖြူရောင်အဖွဲ့နှင့် အမည်းအရောင်အဖွဲ့သည် တပ်မှူးအဆင့်နှင့် အထက်ရှိသူများကိုသာ ဆိတ်သုဉ်းခြင်းရှေးဟောင်းတောင်တန်းစစ်မြေပြင်သို့ ဝင်ရောက် ခွင့်ပေးရရန် သဘောတူညီချက်တစ်ခု ပြုလုပ်ခဲ့ကြသည်။

အကယ်၍၊ တစ်စုံတစ်ယောက်သည် တပ်မှူးတစ်ယောက်၏ ခွန်အားမရှိဘဲ၊ ဝင်ရောက်မည်ဆိုလျှင်၊ သတ်ပစ်နိုင်ပါသည်။ ထို့ကြောင့်၊ သာမာန်အချိန်များတွင် တပ်မှူးများသည် အဖွဲ့ငါးဖွဲ့ဖွဲ့ကာ ဆိတ်သုဉ်းခြင်း ရှေးဟောင်းတောင်တန်း စစ်မြေပြင် ထဲသို့ ဝင်ရောက်လေ့ရှိသည်။ ဤနည်းဖြင့် အချင်းချင်း ထိန်းကျောင်းနိုင်မည် ဖြစ်သည်။

အကယ်၍၊ သင်သည် တစ်ယောက်တည်းနေပြီး၊ ဆိတ်သုဉ်းခြင်း ရှေးဟောင်းတောင်တန်း စစ်မြေပြင်ထဲကို ဝင်ရောက်ခဲ့မည်ဆိုရင်၊ သင်၏ကံကြမ္မာက ကောင်းမွန်နေရန် လိုအပ်ပါ သည်။ အကယ်၍၊ သင် ကံမကောင်းဘူးဆိုလျှင်၊ ရန်သူတပ်များမှ ကျွမ်းကျင်သူများ၏ ဝိုင်းရံတိုက်ခိုက်မူကို ခံရလိမ့်မည်။ တခါတရံတွင်၊ ကိုယ်ပိုင်တပ်ဖွဲ့များဖွဲ့ပြီး၊ ဆိတ်သုဉ်းခြင်းရှေးဟောင်းတောင်တန်း စစ်မြေပြင်သို့ ဝင်ရောက်နိုင်ပါသည်။ ထို့ကြောင့်၊ အဖွဲ့ဖွဲ့ပြီး ဆိတ်သုဉ်းခြင်းရှေးဟောင်းတောင်တန်း စစ်မြေပြင်သို့ ဝင်ရောက်ခြင်းသည် အလုံခြုံဆုံး ဖြစ်လိမ့်မည်။

ဟုတ်ပါသည်။ ဤကာလသည် ပုံမှန်ကာလဖြစ်ပြီး၊ အထူးအချိန်အခါနှင့် လုံးဝ ကွဲပြားပါသည်။

ဆိတ်သုဉ်းခြင်းရှေးဟောင်းတောင်တန်းတွင်၊ ဆိတ်သုဉ်းခြင်း ရှေးခေတ် ကျောက်ဘုရင် တစ်ပါးသည် အနှစ်တရာကြားတိုင်း မွေးဖွားလာလိမ့်မည်။ ဤကျောက်ဘုရင်သည် ဘွဲ့အမည်အဆင့်ရှိသော အင်မော်တယ်ဧကရာဇ်တစ်ပါး အဆင့်တန်းရှိပြီး၊ အကန့်အသတ် မဲ့ အသုံးဝင်မှုများ ရှိနေပါသည်။ ထို့ကြောင့် ကျောက်ဘုရင် ပေါ်ထွန်းလာသည်နှင့် အင်အားနှစ်ခု၏ အင်မော်တယ်ဧကရာဇ်များသည် ကျိန်းသေပေါက် တိုက်ခိုက်လာမည် ဖြစ်သည်။ ထိုအချိန်ရောက်လျှင်၊ တပ်မှူးအဆင့်နှင့် မလုံလောက်တော့ပါဘူး။

ချင်ယွင်သည် တိုက်ဆိုင်စွာ ရောက်ရှိလာခဲ့သည်။ ဤနှစ်သည် အနှစ်တစ်ရာပြည့်သည့်နှစ် ဖြစ်သည်။ ကျောက်ဘုရင်မမွေးခင် သုံးလလောက်အလိုမှာ ဖြစ်နိုင်ပါသည်။ ထို့ကြောင့်၊ ဆိတ်သုဉ်းခြင်း ရှေးဟောင်းတောင်တန်း စစ်မြေပြင်သည် အပြင်းထန်ဆုံး အချိန်အခါ ဖြစ်သည်။ နှစ်ဖက်စလုံးမှ အင်မော်တယ်ဧကရာဇ်များ အားလုံးနီးပါးသည် နောက်ဆုံး ကျောက်ဘုရင်ကို လုယူနိုင်ရန် စောင့်ဆိုင်းနေကြပြီး ဆိတ်သုဉ်းခြင်း ရှေးဟောင်း တောင်တန်း စစ်မြေပြင်တွင် စုဝေးနေခဲ့ကြသည်။

ဝှီး…။

ငါးရက်ကြာ ခရီးထွက်ပြီးနောက် ချင်ယွင်နှင့် လင်းယုတို့သည် နောက်ဆုံးတွင် ဆိတ်သုဉ်းခြင်းရှေးဟောင်းတောင်တန်း စစ်မြေပြင်၏ နယ်နိမိတ်သို့ ရောက်ရှိခဲ့သည်။

မဟူရာကျောက်စိမ်းမြို့ဟုခေါ်သော မြို့ငယ်လေးတစ်မြို့ ရှိသည်။ ၎င်းသည် အမည်းရောင် အဖွဲ့၏ ဌာနချုပ်ဖြစ်သည်။ ဆိတ်သုဉ်းခြင်း ရှေးဟောင်းတောင်တန်း စစ်မြေပြင်သို့ ဝင်ရောက်ရန် သို့မဟုတ် ဆုတ်ခွာရန် ပြင်ဆင်နေသော ကျွမ်းကျင်သူများအားလုံးသည် ဤဌာနချုပ်တွင် အနားယူကြပါသည်။

"သွားရအောင်။ တခြားတပ်မှူးတွေကို တွေ့ဖို့ အရင်ဆုံး ခေါ်သွားပေးမယ်။ သူတို့က ဒီမှာ တစ်နှစ်ပတ်လုံး နေကြသူတွေပဲ။ အင်မော်တယ် ဧကရာဇ် ဝမ်ထန်း မြို့ထဲမှာ ရှိ၊ မရှိ သူတို့ သိရမယ်။ တကယ်လို့ အင်မော်တယ် ဧကရာဇ် ဝမ်ထန်း စစ်မြေပြင်ထဲ ဝင်သွားပြီဆိုရင် တော့ အဲဒါက အတော်ကိုကြီးမားတဲ့ ပြဿနာတစ်ခု ရှိနေလို့ပဲ။" လင်းယုက ချင်ယွင်ကို ပြောသည်။

ချင်ယွင်က ခေါင်းညိတ်ပြပြီး လင်းယုနှင့်အတူ မြို့ထဲသို့ လိုက်သွားခဲ့သည်။

ဆိတ်သုဉ်းခြင်း ရှေးဟောင်းတောင်တန်းစစ်မြေပြင်သည် တပ်မှူးအဆင့်အထက် လူများကိုသာ ၀င်ခွင့်ပြုထားသော်လည်း၊ မဟူရာကျောက်စိမ်းမြို့တွင် ကန့်သတ်မထား သောကြောင့် မဟူရာကျောက်စိမ်းမြို့၏ နေရာတိုင်းတွင် အစစ်အမှန် အင်မော်တယ်နှင့် နက်နဲသိမ်မွေ့ခြင်းအင်မော်တယ်အဆင့်ရှိ ကျွန်များနှင့် အိမ်ဖော်များ ရှိနေဆဲဖြစ်သည်။

ချင်ယွင်သည် လင်းယုနောက်မှ ဇိမ်ခံခြံဝင်းထဲသို့ လိုက်ပါသွားခဲ့သည်။ ထိုအချိန်တွင် ခြံဝင်းထဲတွင် လူလေးယောက် ရှိနေကြသည်။ အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထိုင်နေကြပါသည်။

ခြံဝင်းထဲသို့ သူတို့ ဝင်လာသောအခါ၊ ချင်ယွင်သည် သူ၏ဒန်တန်ထဲရှိ ကိုယ်ရေးအချက် လက်တံဆိပ်ပြားမှ တစ်ဆင့် ၎င်းတို့ကို သတိပြုမိနေပြီ ဖြစ်သည်။ သူတို့ လေးယောက်စလုံးသည် တပ်မှူးတွေဖြစ်ကြပြီး၊ သူတို့၏ ကျင့်ကြံခြင်းအဆင့်တွေက မနိမ့်ကျပါဘူး။ သူတို့အားလုံးသည် အင်မော်တယ်ဘုရင်နယ်ပယ်၏ အထွတ်အထိပ်အဆင့် တွင်ရှိကြပြီး ၎င်းတို့၏အငွေ့အသက်များသည် လင်းယု၏အထက်မှာ ရှိနေသည်။

အထူးသဖြင့် အဖွဲ့ကို ဦးဆောင်နေသူ လူထွားကြီးဖြစ်သည်။ သူ၏ခန္ဓာကိုယ်က ပြင်းထန်သော အထီးကျန်ဆန်ခြင်း အငွေ့အသက်များနှင့် ပြည့်နေခဲ့သည်။

တပ်မှူးတံဆိပ်သည် တစ်ဦးနှင့်တစ်ဦး အာရုံခံစားနိုင်ပြီး၊ ဆက်သွယ်ရေး သင်္ကေတ အဖြစ်လည်း အသုံးပြုနိုင်ပါသည်။ ဤကိုယ်ရေးအချက်လက်တံဆိပ်သည် အလွန်အဆင် ပြေသည်ဟု ဆိုနိုင်ပါသည်။

ချင်ယွင်နှင့် လင်းယုတို့သည် ခြံဝင်းထဲသို့ လျှောက်လာသည်ကို မြင်သောအခါ၊ သူတို့ လေးယောက်သည် လင်းယုနှင့် ချင်ယွင်တို့ကို အာရုံစိုက်လာကြသည်။ လင်းယုကို တွေ့လိုက်ရစဉ်မှာ၊ သူတို့အနေဖြင့် အဆင်ပြေပါသေးသည်။ အမှန်တကယ်လည်း၊ သူတို့သည် တစ်ယောက်နှင့် တစ်ယောက် ရင်းနှီးပြီးသားလူများ ဖြစ်ကြပါသည်။ သို့သော်၊ ချင်ယွင်ကို ကြည့်လိုက်စဉ်မှာ သူတို့၏မျက်လုံးတွေက ထူးထူးခြားခြား ဖြစ်လာကြသည်။

"လင်းယု၊ မင်း ဒီကို ရောက်လာပြီပေါ့။ မင်းဘေးနားက ဒီညီငယ်လေးက ဘယ်သူလဲဆိုတာ ငါ သိနိုင်မလား" ဦးဆောင်သူ လူထွားကြီးက လင်းယုနှင့် စကားပြောနေသော်လည်း သူ၏ အကြည့်တွေက ချင်ယွင်ကို အမြဲတမ်း ကြည့်နေခဲ့သည် ။

"အစ်ကိုကြီးမာန်၊ သူ့နာမည်က ချင်ယွင်ပါ။ သူက တပ်မှူးရာထူးကို အခုလေးတင်မှ ရထားသူပါ။" လင်းယုက ဦးဆောင်နေသည့် လူထွားကြီးအား ပြောလိုက်သည်။

“အိုး..” လူထွားကြီးသည် ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်ကာ စူးစမ်းလို စိတ်ရှိနေခဲ့သည်။

သူ၏ဘေးနားမှ ပိန်ပိန်ပါးပါး လူတစ်ယောက်သည်လည်း အေးစက်သော အမူအရာရှိ သော်လည်း သူ၏မျက်လုံးတွေက ချင်ယွင်ကို ကြည့်နေသည်။ တစ်ဖက်မှ အနက်ရောင် ချပ်ဝတ်တန်ဆာ ၀တ်ဆင်ထားသည့် အမျိုးသမီးသည်လည်း ချင်ယွင်ကို စူးစမ်းချင်စိတ် အပြည့်ဖြင့် ကြည့်နေပါသည်။

တစ်ဖက်တွင် ထိုင်နေသော အရပ်မြင့်မြင့် အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသာ ချင်ယွင်ကို သူ၏မျက်လုံးများတွင် အထင်အမြင်သေးသည့် အမူအရာဖြင့် ကြည့်နေသည်။ ထို့အပြင် သူက တုန့်ဆုတ်မနေဘဲ ပြောလိုက်သေးသည် "ဟမ့်၊ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့်တစ်ဦးက ဘယ်အချိန်ကတည်း တပ်မှူးတစ်ယောက် ဖြစ်လာနိုင်တာ လဲ?။ ဘာလဲ?။ မင်းက ဒီတပ်မှူးတံဆိပ်ကို ကောက်တွေ့လာတာလား?"

ထိုစကားကို ကြားလျှင်၊ ချင်ယွင်၏ မျက်ခုံးတွေက ချက်ချင်း ရှုံ့တွသွားခဲပါသည်။ ကျန်လူသုံးယောက်က သူ့ကို စူးစမ်းဟန် သံသယစိတ်ဖြင့်သာ ကြည့်နေခဲ့ကြသည်။ နောက်ဆုံးလူ ပြောသည့် စကားတွေက သူ့ကို အလွန် စိတ်မချမ်းမသာဖြစ်စေခဲ့သည်။

"ကောက်တွေ့လာတဲ့ တံဆိပ်က တပ်မှူးရာထူးအတွက် အသုံးပြုနိုင်မယ်လို့ ကျုပ် မထင်ဘူး။ ဟုတ်တယ်မလား?" ချင်ယွင်က အေးစက်စွာ ပြန်ပြောပြီး၊ သူ၏မျက်လုံးများက အရပ်မြင့်မြင့် ထိုအမျိုးသားကို ကြောက်ရွံ့ခြင်းအလျဉ်းမရှိပဲ ကြည့်နေလေသည်။

All Chapters