← Chapters

အခန်း ၉၀၂

Vol. 61 Ch. 902

အခန်း ၉၀၂

Vol. 61 Ch. 902

အခန်း (၉၀၂) အကျပ်အတည်းထဲသို့ ကျရောက်ခြင်း။

ချင်ယွင်၏စကားကို ကြားသောအခါ၊ လူတိုင်း အံ့အားသင့်သွားကြသည်။ အားလုံးက ချင်ယွင်ကို အံ့သြစွာ ကြည့်နေကြသည်။ ချင်ယွင်သည် ယုကျန်းကို ဤကဲ့သို့ ပွင့်ပွင့်လင်းလင်း ငြင်းခုံဝံ့လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားမိသည်မှာ ထင်ရှားပါသည်။

ဤတံဆိပ်ပြားကို ချင်ယွင်က တကယ်ကြီး ကောက်တွေ့ခဲ့သည်ဟု တွေးတောရလောက် အောင် မည်သူမှ တုံးအနေခြင်းမရှိပါဘူး။ ထင်ရှားသည်မှာ၊ ဤစကားများသည် ယုကျန်းကို တမင်တကာ လှောင်ပြောင်လိုက်ခြင်းဖြစ်သည်။ ထို့ကြောင့်၊ အခြားတပ်မှူးသုံးဦး၏ အကြည့်များသည် ချင်ယွင်ကို ပို၍ပင် စူးစမ်းလိုစိတ် ဖြစ်လာကြသည်။

ယုကျန်း၏ မျက်လုံးများသည်လည်း ဒေါသများဖြင့် ဝင်းလက်တောက်ပလာသည်။ သူ၏ အနက်ရောင် မျက်လုံးတစ်စုံသည် ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်လျက် အေးစက်စွာ ပြောလိုက်သည် "ချာတိတ်လေး၊ ငါ ဘယ်သူလဲဆိုတာ မင်းသိရဲ့လား?။ မင်းက ငါ့ကို ဘယ်လိုလုပ် ဒီလိုပြောရဲတာလဲ?။"

"ဟမ့်၊ ကျုပ်က ခင်ဗျား ဘယ်သူလဲဆိုတာ ဂရုမစိုက်ဘူး။ ကျုပ်ကလည်း ခင်ဗျားလို တပ်မှူးတစ်ယောက်ပဲလေ။ ခင်ဗျားကို ဘာလို့ ဒီလိုစကားမျိုး မပြောရဲရမှာလဲ?။" ချင်ယွင်က ယဉ်ကျေးမနေဘဲ ပြန်ပြောလိုက်သည်။

သူသည် အမြဲတမ်း ယခုလိုမျိုး ပြုမူတတ်သူ ဖြစ်သည်။ အခြားလူတွေက သူ့ကို ခြေတစ်လှမ်းလောက် လေးစားပေးရင်၊ သူက ဆယ်ပေလောက် လေးစားပေးမှာ သေချာပါသည်။ သို့သော်၊ အကယ်၍၊ တစ်ယောက်ယောက်က သူ့ကို ခြေတစ်လှမ်းစာ၊ အနိုင်ကျင့်ချင်သည်ဆိုလျှင်၊ သူက ဆယ်ဆလောက် ပြန်ပေးဆပ်မည့်လူမျိုး ဖြစ်သည်။

"မင်းက သေခြင်းတရားကို တောင်းခံနေတာလား?။ သန်မာတဲ့တပ်မှူးတွေ ရှိသလို၊ အားနည်းတဲ့ တပ်မှူးတွေလည်း ရှိတယ်ဆိုတာ မင်း မသိဘူးလား?။" ယုကျန်းသည် မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ကာ သူ၏မျက်လုံးထဲတွင် ပြင်းထန်သော ဒေါသကို ဖိနှိပ်ထားရင်း ပြောလိုက်ပါသည်။

တပ်ဖွဲ့များတွင် တပ်မှူးများ အချင်းချင်း သတ်ဖြတ်ခွင့် မပြုထားသော စည်းမျဥ်းများ ကြောင့်သာ၊ ထို့သို့မဟုတ်လျှင်၊ ချင်ယွင်၏ အစောပိုင်းစကားတွေကို အခြေပြု၍၊ သူသည် တိုက်ရိုက် တိုက်ခိုက်ခြင်း ခံရပေလိမ့်မည်။

တစ်ဖက်မှ လင်းယုသည် တစ်ခုခုမှားနေပြီဟု သဘောပေါက်ပြီး ချင်ယွင်ကို အလျင်အမြန် ကြည့်ကာ စကားရပ်ရန် အချက်ပြလိုက်သည်။ သို့သော် ချင်ယွင်သည် လင်းယု၏ အကြည့်ကို လျစ်လျူရှုကာ ယုကျန်းအား မောက်မာစွာ ကြည့်ရင်း ပြောလိုက်သည် "သန်မာတဲ့တပ်မှူးတွေရှိသလို အားနည်းတဲ့ တပ်မှူးတွေလည်း ရှိပါတယ်။ ဒါပေမယ့်၊ ခင်ဗျားက ကျုပ်ထက် သန်မာနေတာ သေချာရဲ့လား"

ချင်ယွင်၏ စကားများသည် ကျယ်လောင်ပြီး ပြင်းထန်သော ဒေါသများဖြင့် ပြည့်နှက်နေ သည်။

ထိုနေရာတွင် ထိုင်နေသော လူထွားကြီးသည် ချင်ယွင်၏ စကားကို ကြားသောအခါ၊ ချင်ယွင်ကိုကြည့်သည့် သူ၏အကြည့်တွေက ပို၍ပင် စူးစမ်းလိုစိတ် ပြင်းပြလာခဲ့သည်။

အနက်ရောင် ဆံပင်ရှည်များနှင့် အနက်ရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော အမျိုးသမီး၏ နှုတ်ခမ်းထောင့်များသည် တွန့်ကွေးနေပြီး၊ သူမ၏ မျက်လုံးများက ချင်ယွင်ကို စိတ်ဝင်တစား စိုက်ကြည့်နေသည်။

သို့သော် ပိန်ပိန်ပါးပါးလူကတော့ မျက်မှောင်ကြုတ်နေမိသည်။ ချင်ယွင်သည် တမင်တကာ ဝါကြွားပြောနေသည်ဟု သူ ခံစားမိသည်မှာ ထင်ရှားပါသည်။

"ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ၊ မင်း ရှေးဟောင်းဆိတ်သုဉ်းခြင်း တောင်တန်း စစ်မြေပြင်ကို ဝင်ရဲတယ်ဆိုရင်၊ ငါ မင်းကို သေချာပေါက် အလွှတ်ပေးမှဦ မဟုတ်ဘူး။ အဲဒီအချိန်ရောက်ရင်၊ မင်းက ပိုသန်မာသလား?။ ဒါမှမဟုတ် ငါကပဲ ပိုသန်မာနေသလား ဆိုတာ ငါ ကြည့်ခွင့်ပေးမယ်။" ယုကျန်းက အေးစက်စွာ ဟစ်အော်လိုက်ပြီး သူ၏ ဝတ်စုံလက်မောင်းကို တိုက်ရိုက် ဝှေ့ယမ်းကာ ခြံဝင်းထဲမှ ထွက်ခွာသွားလေသည်။

ယုကျန်း ထွက်သွားသည်ကို မြင်တော့ လင်းယုက ချက်ချင်း ရှေ့ကို လှမ်းလိုက်ပြီး ချင်ယွင်ကို ပြောသည် "အီယာ…၊ ညီငယ်ချင်၊ မင်းတော့ ဒီအချိန်မှာ ဒုက္ခရောက်ရပြီ။ ဒီ ယုကျန်းက အနည်းဆုံး တပ်မှူး ၁၀၈ ယောက်ထဲမှာ ထိပ်တန်း ၂၀ ထဲက တစ်ယောက်ပဲ။ သူ့ရဲ့ ကျင့်ကြံမူအဆင့်က တော်ဝင်တာအိုနယ်ပယ် အဆင့် ၁၁ ရဲ့ အထွတ်အထိပ်ကို ရောက်ရှိနေပြီ။ သူက ဒီစော်ကားမှုအတွက် မင်းကို သေချာပေါက် လက်စားချေလိမ့်မယ်။”

ချင်ယွင်က ဘာသိဘာသာ ပြုံးလိုက်သည်။ လင်းယု၏စကားကို သူ ဂရုမစိုက်ပေ။ သူသည် ယုကျန်းအား စော်ကားရန် ရွေးချယ်ပြီးကတည်းက၊ အရာအားလုံးကို အေးအေးဆေးဆေး ဖြေရှင်းမည့်သူနှင့် ဆက်ဆံရသလို သက်တောင့်သက်သာ မရှိသည်မှာ သဘာဝပင် ဖြစ်သည်။ ယုကျန်း၏စွမ်းအားနှင့် ပတ်သက်၍မူ၊ သူသည် ယခုအချိန်မှာ မသန်မာသေး သော်လည်း အနာဂတ်မှာ သူ့လောက် သန်မာခြင်းမရှိဟု မဆိုလိုပါဘူး။

ချင်ယွင်၏ လျစ်လျူရှုသော အမူအရာကို မြင်လိုက်ရတော့ လင်းယုသည် သူ မည်သည့်ပင် ပြောပြော၊ အသုံးမဝင်ကြောင်း သိလိုက်ရသည်။ သူသည် သက်ပြင်းကို အသာယာချပြီး၊ ခေါင်းကို ခါလိုက်မိသည်။

“ဟား.. ၊ ဟား….၊ မျှော်လင့်ထားသလိုပဲ၊ သူရဲကောင်းတွေဟာ ငယ်ရွယ်သူတွေထဲက ပေါ်လာတာပဲ။ တပ်မှူးအများစုက ကျန်းယုကို အသည်းအသန် ကြောက်ကြတယ်။ ညီငယ် ချင်ယွင်က အခုမှ တပ်မှူးရာထူး တိုးပြီးပေမယ့် ယုကျန်းကို တိုက်ရိုက် စိန်ခေါ်ရဲလိမ့် မယ်လို့ မမျှော်လင့်ထားဘူး။ ဒါက ငါတို့အနေနဲ့ မင်းကို တကယ်ပဲ ချီးကျူးပါတယ်။" ဦးဆောင်သူ လူထွားကြီးက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"အစ်ကိုကြီးမာန်၊ အစ်ကိုကြီးမာန်က နောက်နေတာပဲ၊ စောစောလေးက ကျွန်တော်က ယုကျန်းကို လှည့်စားဖို့ ကြိုးစားနေတာပါ။ ကျွန်တော် သူ့ကို အနိုင်မယူနိုင်သေးပါဘူး။ ဒါပေမယ့်၊ ကျွန်တော်တို့အနေနဲ့ သူ့ကို အနိုင်မယူနိုင်ဘူးဆိုရင်တောင်၊ စွမ်းအားနဲ့ ပတ်သက်လာရင်၊ ကျွန်တော်တို့က ဘယ်သူ့ကိုမှ အရှုံးမပေးသင့်ဘူးလေ။ မဟုတ်လား?။" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။

လူထွားကြီးသည် ချင်ယွင်၏ စကားကို ကြားသောအခါ၊ သူသည် တခဏမျှ အံ့အားသင့်သွားသည်။ ထို့နောက် သူက ကျယ်လောင်စွာ ရယ်မောပြီး ပြောသည် "ညီငယ်ချင်၊ ဒါက တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတယ်။ မင်းပြောတာက ကျိုးကြောင်းဆီလျော်တယ်။ တကယ်လို့၊ မင်း သူ့ကို အနိုင်မယူနိုင်ဘူးဆိုရင်တောင် တွန်းအားတစ်ခုအနေနဲ့ အနိုင်ယူရမယ်။"

အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် အမျိုးသမီး၏ နှုတ်ခမ်းထောင့်စွန်းသည် ချစ်စရာဖွယ် အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။ သေချာသည်မှာ သူမသည် ချင်ယွင်၏ စကားကို သဘောကျနေသည်။

သို့သော် အေးစက်ပြီး ပိန်ပိန်ပါးပါးလူသည် ပို၍ပင် မျက်မှောင်ကြုတ်ကာ၊ ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်ရင်း၊ သူ၏အကြည့်တွေက ပို၍ပင် အေးစက်လာသည်။

သူ၏အမြင်အရဆို၊ အကယ်၍၊ သူက အနိုင်မယူနိုင်ဘူးဆိုမှတော့၊ ယင်းက သေခြင်းတရား ကို တောင်းခံလိုက်ခြင်း ဖြစ်သည်။ ဤလောကတွင် စကားပြောနိုင်သည့် တစ်ဦးတည်း သော ပုဂ္ဂိုလ်မှာ ခွန်အားရှိသောလူသာ ဖြစ်သည်။

"ညီငယ်ချင်၊ လာ…၊ ငါတို့ အချင်းချင်း သိရအောင် မိတ်ဆက်ပေးမယ်။ ငါ့နာမည်က မာန်လင်ပါ။ ငါလည်း မင်းလို တပ်မှူးတစ်ယောက်ပဲ။ ပြီးတော့ ဒီတပ်ဖွဲ့ရဲ့ ခေါင်းဆောင် လည်း ဖြစ်တယ်။" လူထွားကြီးက သူ၏ရင်ဘတ်ကို ပုတ်ပြီး ပြောသည် ။

"မင်္ဂလာပါ အစ်ကိုကြီးမန်” ချင်ယွင် ခေါင်းညိတ်လိုက်သည်။ သူ၏စိတ်နှလုံးထဲတွင် မာန်လင်အပေါ် အကောင်းမြင်စိတ်ရှိပါသည်။

"ဒါက ငါတို့တပ်ဖွဲ့ရဲ့ အလှမယ်လေးပေါ့။ သူမနာမည်က တုကျင်းတဲ့" မာန်လင်က သူ၏ နောက်မှ အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် အမျိုးသမီးကို လက်ညှိုးထိုးပြပြီး ပြောလိုက်ပါသည်။

"မောင်ငယ်လေးက အစ်မကို နှုတ်ဆက်တယ်။ အစ်မတုက တကယ့်ကို ရှားပါးတဲ့ အလှမယ်တစ်ယောက်ဖြစ်ဖို့ ထိုက်တန်ပါတယ်။ သူမရဲ့ ရုပ်ရည် အသွင်အပြင်က တကယ့်ကို ကပ်ဘေးဆိုးကြီးဖြစ်ပေါ်မယ့် ရုပ်ရည်မျိုးပဲ။ သူမဟာ ရှက်ရွံ့တတ်ပြီး သူမရဲ့ ချပ်ဝတ်တန်ဆာက သူရဲကောင်းဆန်တဲ့ စိတ်ဝိညာဉ်တွေနဲ့ ပြည့်နှက်နေတယ်။ အမျိုးသမီး တစ်ယောက်အနေနဲ့ ဆံပင်တစ်ချောင်းတောင် အဆုံးမခံနိုင်ဘူး။ “ချင်ယွင်က အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် အမျိုးသမီးကို ပြောလိုက်လေသည် ။

"အိုး၊ မောင်ငယ်လေးချင်ရဲ့ နှုတ်ရေးက တကယ်ကို ချိုမြိန်နေမယ်လို့ ငါ မမျှော်လင့်ထား ဘူး။ မောင်လေးက စကားကောင်းကောင်း ပြောတတ်တယ်ဆိုတော့၊ နောင်အနာဂတ်မှာ အခက်အခဲတွေ ကြုံလာရရင် ဒီအစ်မကို လာရှာလိုက်ပါ။ ဒီအစ်မက မင်းကို ကာကွယ်ပေးလိမ့်မယ်။" တုကျင်းသည် ချင်ယွင်ကို ချစ်စဖွယ် ပြုံးပြကာ သူမ၏ မျက်လုံးများတွင် စနောက် ကျီစယ်လိုဟန်ဖြင့် ပြောလိုက်ပါသည်။

"သေချာပေါက် လာရှာမှာပါ” ချင်ယွင်က အပြုံးဖြင့် အမြန် ပြန်ဖြေလိုက်သည်။

သေချာသည်မှာ၊ ချင်ယွင်သည် ဤတုကျင်းကို သိပ်မကြိုက်ပါဘူး။ ဤတုကျင်းသည် တကယ်ကို လှပသော်လည်း၊ လိင်စိတ်လှုပ်ရှားဖွယ် ကောင်းလွန်းပြီး၊ ချင်ယွင်၏ အကြိုက်ဆုံး ဟင်းလျာမျိုး မဟုတ်ခဲ့ပါဘူး။

"ဒါက ငါ​တို့အဖွဲ့ရဲ့ တတိယ​မြောက် ​အဖွဲ့ဝင်​ပါ။ သူ့နာမည်​က လျူဘိုင်ပါ။ သူက ​အေးစက်​ပြီး စကား​ပြောရတာ မကြိုက်​ဘူး" မာန်လင်က ပိန်ပိန်ပါးပါး နောက်ဆုံး လူကို ညွှန်ပြရင်း ပြောသည်။

"မင်္ဂလာပါ အစ်ကိုကြီး လျူ" ချင်ယွင်က ပိန်ပိန်ပါးပါးလူကို ဦးညွှတ်လိုက်သည်။

လျူဘိုင်သည် ချင်ယွင်ကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စက် ခေါင်းညိတ်ရုံသာ ညိတ်ပြသည်။ သူက ချင်ယွင်ကို မည်သည့်စကားမှ ပြန်မပြောချေ။

လျူဘိုင် စကားမပြောသည်ကို ချင်ယွင်က နားလည်ပေးနိုင်ပြီး၊ အခု သူသည် မာန်လင်၏ စကားတွေကို ယုံကြည်သွားပြီ။ ဤလျူဘိုင်၏ ပင်ကိုယ်စရိုက်ကိုယ်က တကယ်ကို အေးစက်သည်။

"လင်းယုကိုတော့ မိတ်ဆက်ပေးစရာ မလိုတော့ပါဘူး။ မင်း သူ့ကို သိနေတာကြာပြီလေ" မာန်လင်က ပြောသည်။

ချင်ယွင် ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ၊ မိတ်ဆက်ခြင်း ပြီးသွားပါပြီ။ အခု ငါ့ကို ပြောပြပါ၊ ညီငယ်ချင်၊ မင်း ငါတို့ကို ဘာအတွက် ရှာနေတာလဲ?။” မာန်လင်သည် ချင်ယွင်ကို ကြည့်ကာ မေးသည်။

အသင်းငယ်လေးတစ်ခု၏ ခေါင်းဆောင်ဖြစ်လာရန်အတွက်၊ လူတစ်ယောက်၏ စွမ်းအား အပြင် သူ၏စိတ်ကလည်း သဘာဝအတိုင်း အလွန် သွက်လက်ပါသည်။

"အစ်ကိုကြီးမာန်၊ ချင်ယွင်က အင်မော်တယ် ဧကရာဇ် ဝမ်ထန်းကို မေးဖို့ ဒီကို ရောက်လာခဲ့ တာ။ အင်မော်တယ် ဧကရာဇ် ဝမ်ထန်း ဒီမဟူရာကျောက်စိမ်းမြို့ ဌာနချုပ်မှာ ရှိ၊ မရှိ အစ်ကိုမာန်တို့ကို မေးမြန်းဖို့ သူ့ကို ဒီကို ခေါ်လာခဲ့တာ။" မာန်လင်၏ အမေးကိုကြားတော့ လင်းယုက ကမန်းကတန်း ပြောလိုက်သည်။

ချင်ယွင်လည်း ခေါင်းညိတ်ပြီး ပြောသည် "ဟုတ်တယ်၊ အစ်ကိုကြီးမာန်၊ ကျွန်တော့်မှာ အင်မော်တယ် ဧကရာဇ် ဝမ်ထန်းကို မေးမြန်းဖို့ အရေးတကြီးကိစ္စတစ်ခု ရှိနေတယ်။ အခု သူ ဘယ်ရောက်နေလဲဆိုတာ အစ်ကိုကြီးမာန် သိလားလို့ ကျွန်တော် သိချင်နေတယ်"

မာန်လင်သည် ချင်ယွင်၏စကားကို ကြားပြီးနောက်၊ သူသည် ချင်ယွင်ကို ပြန်ကြည့်ခြင်း မပြုမီ၊ တခဏတာ တိတ်ဆိတ်နေပြီး ပြောလိုက်သည် "မင်းရောက်လာတာ ကံမကောင်း လိုက်တာ။ သူက လွန်ခဲ့တဲ့ သုံးရက်လောက်ကပဲ ရှေးဟောင်းဆိတ်သုဉ်းခြင်း တောင်တန်း စစ်မြေထဲကို ဝင်ရောက်သွားခဲ့ပြီ။ သူ မြန်မြန်ပြန်မလာမှာ ငါ ကြောက်မိတယ်"။

"သုံးရက် နောက်ကျသွားတာလား?" ချင်ယွင်က သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး သူ့စိတ်ထဲ အလွန်အမင်း စိတ်မသက်မသာ ခံစားလိုက်ရသည်။

"မင်းက ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကို ဖောက်ထုတ်ပေးဖို့အတွက် သူ့ကို တောင်းဆိုဖို့ အင်မော်တယ် ဧကရာဇ် ဝမ်ထန်းကို ရှာနေတာပဲ မဟုတ်လား?" မာန်လင်က ထပ်မေးသည်။

"ဟုတ်တယ်..” ချင်ယွင်က ခေါင်းညိတ်လိုက်သည်။

"ဒါဆို မင်း သူ့ကိုရှာဖို့ မလိုဘူး။ အင်မော်တယ် ဧကရာဇ် ဝမ်ထန်းက အဆိုပြုထားပြီးသား။ တကယ်လို့၊ မင်း ကောင်းကင်ဘုံကို စူးစမ်းဖို့ သူ့ကို ရှာချင်တယ်ဆိုရင်၊ မင်း ရှာနိုင်တယ်။ မင်းအနေနဲ့ အဲဒါကို ကျောက်ဘုရင်နဲ့ လဲလှယ်မှ ရလိမ့်မယ်။ တခြားဘာပစ္စည်းနဲ့မှ စကားပြောလို့ ရမှာမဟုတ်ဘူး" မာန်လင်က ပြောသည်။

"ကျောက်ဘုရင်နဲ့ လဲလှယ်ရမှာလား?" ချင်ယွင်က လေးလေးနက်နက် မျက်မှောင် ကြုတ်လိုက်မိပါသည်။

All Chapters