← Chapters

အခန်း ၉၀၃

Vol. 61 Ch. 903

အခန်း ၉၀၃

Vol. 61 Ch. 903

အခန်း (၉၀၃) အဖွဲ့ထဲပူးပေါင်းခြင်း။

ဤနေရာသို့ မလာခင်ကတည်းက ချင်ယွင်သည် ကျောက်ဘုရင်နှင့်ပတ်သက်ပြီး၊ လင်းယု ပြောပြသည်ကို ကြားဖူးပြီးပါပြီ။

ဤကျောက်ဘုရင်သည် အနှစ်တစ်ရာလျှင် တစ်ကြိမ်သာ ပေါ်ထွန်းလာမည်။ အဖြူရောင်နှင့် အမည်းအရောင်အဖွဲ့တွင် အင်မော်တယ် ဧကရာဇ် အယောက်နှစ်ဆယ် ကျော် ရှိနိုင်သည်။ သူတို့အားလုံးသည် ဤကျောက်ဘုရင်အတွက် ယှဉ်ပြိုင်ချင်ကြသည်။

ဤကျောက်ဘုရင်ကို သူတို့လက်ထဲမှ ဖမ်းဆုပ်ရန်ဆိုသည်မှာ လုံးဝ လွယ်ကူသည့် အလုပ်မဟုတ်သလို ကောင်းကင်ဘုံကို တက်သည်ထက်ပင် ပိုခက်ခဲပါလိမ့်မည်။

အကယ်၍၊ သူသည် ကျောက်ဘုရင်ကို ပထမဆုံး ရှာဖွေတွေ့ရှိသူ ဖြစ်လောက်အောင် ကံကောင်းခဲ့လျှင်ပင်၊ သတင်းများပေါက်ကြား သွားသည်နှင့် ထိုအင်မော်တယ် ဧကရာဇ်များ၏ လိုက်လံရှာဖွေခြင်းကို ခံရလိမ့်မည်။

မာန်လင်၏ စကားကို ကြားတော့၊ လင်းယုလည်း မျက်မှောင်ကြုတ်ပြီး၊ ချင်ယွင်ကို ကြည့်လိုက်မိသည်။ သေချာသည်မှာ၊ သူသည်လည်း ဤကျောက်ဘုရင်ကို သိမ်းပိုက်ရန် မဖြစ်နိုင်ဟုလည်း ထင်ထားသည်။

"မင်း ဒီအကြောင်းကို ဘာလို့ မေ့မထားလိုက်တာလဲ? မင်းအနေနဲ့ အခြားနည်းလမ်းကို စဉ်းစားလို့ ရကောင်းရမှာပါ" လင်းယုက ချင်ယွင်ကို ပြောသည်။

ချင်ယွင်က ခေါင်းခါလိုက်သည်။ အင်မော်တယ်ဧကရာဇ်ဝမ်ထန်း ၏ အကူအညီမပါဘဲ၊ အမှောင်ထုချောက်နက်ကြီးထဲတွင် သူ့အမေကို ရှာဖွေခြင်းသည် ကောက်ရိုးပုံထဲတွင် အပ်တစ်ချောင်းကို ရှာခြင်းကမှ သေချာပါဦးမည်။ ထို့ကြောင့်၊ ကောင်းကင်ဘုံ၌ မသေနိုင်သောဧကရာဇ်ကို ရှာဖွေခြင်းသည် အလျင်မြန်ဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းဖြစ်သည်။

"မဟုတ်ဘူး၊ အင်မော်တယ်ဧကရာဇ်ဝမ်ထန်းကို ကျွန်တော် ရှာရမယ်။ ကျွန်တော် ကျောက်ဘုရင်ကို လိုအပ်ချင်မှ လိုအပ်ပါလိမ့်မယ်။ ဒါမှမဟုတ်၊ တခြားအခြေအနေ သဘောတူညီအောက်မှာ ကျွန်တော် ကောင်းကင်ကို စူးစမ်းပေးဖို့ သူ့ကို တောင်းဆို ကောင်း တောင်းဆိုင်နိုင်မှာပါ။ တကယ်လို့ ကျောက်ဘုရင်ကို ရှာတွေ့နိုင်ရင်တော့၊ အဲဒါက ပိုပြီးတော့ ကောင်းသွားတာပေါ့" ချင်ယွင်က ပြတ်ပြတ်သားသား ပြောလိုက်သည်။

"ဒါဆို မင်းရှေးဟောင်းလူဆိတ်ညံတဲ့ တောင်ကုန်းတိုက်ပွဲထဲကို ဝင်ချင်လား" လင်းယုက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ကောင်းပြီလေ၊ ဒါဆိုလည်း အင်မော်တယ်ဧကရာဇ် ဝမ်ထန်းက ဆိတ်သုဉ်းခြင်း ရှေးဟောင်းတောင်တန်းစစ်မြေပြင်မှာ ရှိနေပြီဆိုတော့၊ သူ့ကို သဘာဝအတိုင်း သွားရှာရ မှာပဲ။ စကားမစပ်၊ ကျွန်တော်လည်း ဒီကျောက်ဘုရင်ကို လိုက်ရှာကြည့်ချင်တယ်။ ကျွန်တော့်ကံကလည်း တကယ်ကို ကောင်းနေကောင်း ကောင်းနေနိုင်တာပဲလေ" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။

အနားတွင်ရှိနေသည့် မန်လင်းကတော့ ထိုသို့ မထင်ထားပေ။ ကျောက်ဘုရင်အတွက် တိုက်ပွဲဝင်ဖို့ ကံကို အားကိုးရသည်မှာ အမှန်ပါပဲ။ သို့သော် ထိုကံတရားသည် ကျောက်ဘုရင်ကို သေချာပေါက် ကာကွယ်နိုင်လိမ့်မည် မဟုတ်ပေ။ ထိုအချိန်တွင်၊ အကယ်၍၊ အင်မော်တယ် ဧကရာဇ်များ ဝိုင်းရံခံထားရမည်ဆိုပါက၊ သူသည် သနားစရာကောင်းသော သေခြင်းမျိုးဖြင့် အဆုံးသတ်သွားနိုင်သည်။

"ညီငယ် ချင်ယွင်က ဆိတ်သုဉ်းခြင်းရှေးဟောင်းတောင်တန်းစစ်မြေပြင်ထဲကို ဝင်ဖို့ ရည်ရွယ်ထားတယ်ပေါ့။ ယုကျန်းက အခုလေးတင် သူ့ရာဇသံစကားကို ထားခဲ့လိုက်ပြီ။ သူ မင်းကို စစ်မြေပြင်မှာ လိုက်သတ်ပစ်မှာကို မကြောက်ဘူးလား?" မာန်လန်က ပြုံးပြီး မေးသည်။

ချင်ယွင်က ပြုံးပြီး ပြောသည် "တကယ်လို့၊ ကျွန်တော်သာ တကယ်ကြောက်တယ်ဆိုရင်၊ ယုကျန်းကို အရင်ကတည်းက စော်ကားမိမှာ မဟုတ်ဘူး။ သေချာတာက၊ သူ ကျွန်တော့်ကို ပြဿနာလာမရှာရင် ပိုကောင်းလိမ့်မယ်။ ကျွန်တော့်မှာ သူနဲ့စကားပြောဖို့ အချိန်ပို မရှိတော့ဘူး။"။

"အိုး..ညီငယ် ချင်ယွင်က အရမ်းကို ယုံကြည်လွန်းနေပါလား?" မာန်လင် နှင့် တုကျင်းတို့ သည် အကြည့်ချင်းဖလှယ်ကာ အပြုံးဖြင့် ဆက်၍ မေးသည်။

ချင်ယွင်က မထူးဆန်းသလို ပြုံးလိုက်သည်။

"ညီငယ် ချင်ယွင်က ဆိတ်သုဉ်းခြင်း ရှေးဟောင်းတောင်တန်းစစ်မြေပြင်ထဲကို ဝင်ချင်တယ်ဆိုမှတော့၊ "ငါတို့အဖွဲ့ကလည်း ဆိတ်သုဉ်းခြင်း ရှေးဟောင်းတောင်တန်း စစ်မြေပြင်ကို ဝင်ဖို့ ရည်ရွယ်ထားတယ်။ ဒါ့အပြင်၊ ငါတို့အဖွဲ့က လူတစ်ဦး လိုနေသေး တယ်။ ဘယ်လိုလဲ၊ ညီငယ်ချင်ယွင်က ငါတို့အဖွဲ့ထဲ ဝင်မလား?။ မင်း ငါတို့အဖွဲ့ထဲ ဝင်လိုက်တာနဲ့၊ မင်းက ငါတို့အဖွဲ့ဝင် ဖြစ်သွားပြီ။ ယုကျန်းက မင်းကို လွယ်လွယ်နဲ့ တိုက်ခိုက်ဝံ့မှာ မဟုတ်တော့ဘူး။ ညီလေး ချင်ယွင်က ဆန္ဒရှိမရှိ ငါ သိချင်မိတယ်။" မာန်လင်က ချင်ယွင်ကို ပြုံးပြီး ပြောလိုက်ပါသည်။

ချင်ယွင်သည် အနည်းငယ် မှင်သက်သွားခဲ့ရသည်။ သေချာပါသည်။ မာန်လင်က သူ့ကို သူတို့အဖွဲ့ထဲ ဝင်ရန် ဖိတ်ခေါ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပါဘူး။

အရင်က ယုကျန်းကို သူ စော်ကားခဲ့သည်ကို သူတို့အားလုံး တွေ့မြင်ခဲ့ပြီး ဖြစ်ပါသည်။ အခု၊ သူသည် ချင်ယွင်ကို သူတို့အဖွဲ့ထဲပါဝင်ဖို့ ဖိတ်ခေါ်လိုက်သည်။ ယင်းက သူသည် ယုကျန်းနှင့် ဆန့်ကျင်ဘက် လုပ်လိုက်သည်မှာ ရှင်းနေပါသည်။ ထိုအချိန်တွင်၊ ယုကျန်းသည် သူ၏ရက်စက်ကြမ်းကြုတ်မူတွေကို တခြားအဖွဲ့ဝင်တွေဆီ လွှဲပြောင်း ပစ်မှတ်ထားမည်မှာ သေချာပါသည်။ ထို့ကြောင့်၊ ယခုလိုအချိန်မျိုးတွင်၊ မည်သည့် လူတုံးလူကမှ ချင်ယွင်ကို သူတို့အဖွဲ့ထဲဝင်ဖို့ ဖိတ်ခေါ်ကြမှာ မဟုတ်ပါဘူး”။

မာန်လင်ကို ယုကျန်းကို စော်ကားလိုစိတ်ရှိပြီး၊ သူ့ကို သူတို့အဖွဲ့ထဲကို ဆွဲခေါ်ရန် အဘယ့်ကြောင့် ဆန္ဒရှိနေရသနည်း ဆိုသည်ကို ချင်ယွင် နားမလည်နိုင်ပါချေ။

မာန်လင်က ချင်ယွင်၏ အတွေးတွေကို မြင်လိုက်ရပုံပင်။ သူက ပြုံးပြီး ပြောသည် “အမှန်တကယ်တော့၊ မင်းကို ငါတို့အဖွဲ့ထဲ မဆွဲခေါ်ထားရင်တောင်မှ၊ ယုကျန်းက ငါတို့ကို လွှတ်ပေးထားမှာ မဟုတ်ဘူး။ တကယ်တော့ သူက မင်းမလာခင် ငါနဲ့ ညှိနှိုင်းဖို့ ရောက်လာခဲ့တာ။ ငါ​တို့အဖွဲ့အားလုံးကို သူ့အဖွဲ့အ​နေနဲ့ ပူး​ပေါင်းချင်​​ပေမယ့်၊​ ငါက ​သ​ဘောမတူခဲ့ဘူး။ ယုကျန်းရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အကျင့်စရိုက်နဲ့ဆို၊ သူက ငါတို့ကို လွှတ်ပေးထားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး"။

ချင်ယွင်က ရုတ်တရက် ခေါင်းညိတ်ပြ လိုက်သည်။

မာန်လင်က သူ၏အရည်အချင်းကြောင့် မဟုတ်ဘဲ။ ဘုံရန်သူဖြစ်နေသည့်အတွက်၊ သူ့ကို သူတို့အဖွဲ့ထဲကို ဆွဲခေါ်သည်ကို အခုမှ သူ သဘောပေါက်သွားသည်။

ရန်သူ၏ ရန်သူသည် ငါတို့၏မိတ်ဆွေဟု ဆိုရိုးစကားရှိထားသည်။ ထို့ကြောင့်၊ မန်လင်သည် သူ့အား သူတို့အဖွဲထဲသို့ ဆွဲသွင်းခဲ့ခြင်း ဖြစ်သည်။ သေချာပါသည်၊ မာန်လင်၏အဖွဲ့တွင် ပါဝင်ခြင်းသည် ချင်ယွင်အတွက်လည်း မဆိုးလှပေ။

ထို့ကြောင့်၊ ချင်ယွင်သည် ပြတ်ပြတ်သားသာ သဘောတူလိုက်ပါသည်။ “ကောင်းပြီလေ၊ ကျွန်တော် ပူးပေါင်းဖို့ ကတိပေးပါတယ်။ အစ်ကိုကြီးမာန်၊ ကျေးဇူးပြုပြီး၊ နောင်ပိုင်းမှာ ကျွန်တော့်ကို ဂရုစိုက်ပေးပါဦး”။

"ဟား...၊ ဟား...၊ ကောင်းပြီ။ မင်းက ဒီနေ့ ငါတို့အဖွဲ့ထဲကို ဝင်လိုက်ပြီ။ အခုချိန်ကစပြီး၊ မင်းက ငါတို့အဖွဲ့ရဲ့ တစိတ်တပိုင်း ဖြစ်သွားပြီ။ တစ်ယောက်ယောက်က မင်းကို အနိုင်ကျင့်လာသရွေ့၊ မင်းကို ငါတို့က အစွမ်းကုန် ကူညီပါ့မယ်။" မာန်လင် ချင်ယွင်၏ ပုခုံးကို ပုတ်ပြီး ပြောသည်။

"မာန်လင်ရဲ့အဖွဲ့ကနေ ကြိုဆိုပါတယ်" တုကျင်းက ချင်ယွင်ကို အပြုံးနှင့်အတူ ပြောလိုက်ပါသည်။

"အစ်မတု၊ ကျွန်တော့်ကတော့ တကယ်ပဲ အနာဂတ်မှာ ကျွန်တော့်ကို ကာကွယ်ပေးဖို့ အစ်မတုကို အားကိုးရတော့မှာပဲ။" ချင်ယွင်က ပြုံးပြီး နောက်ပြောင်သည်။

"ကောင်းပါပြီ၊ မင်းက ဒီအစ်မကြီးရဲ့စကားကို နားထောင်နေသမျှ အစ်မကြီးက မင်းကို အမြဲ ကာကွယ်ပေးမှာပါ" တုကျင်းက ချင်ယွင်ကို ဆွဲမက်ဖွယ် အပြုံးလေးနှင့် ပြောလိုက်ပါ သည်။

ဘေးတဖက်မှ လျူဘိုင်လည်း ချင်ယွင်ကို လှမ်းကြည့်လိုက်သည်။ သူ၏ မျက်လုံးတွေက အရင်လို အေးစက်မနေတော့ဘဲ၊ သူ၏အမူအရာက ခံစားချက်မဲ့နေသေးသည်။

ယင်းက ချင်ယွင်ကို ရှက်ရွံ့သွားသလို ခံစားရစေသည်။ သူသည် လျူဘိုင်ကို မည်သို့မည်ပုံ နှုတ်ဆက်ရမည်ကို အမှန်တကယ် မသိတော့ပါဘူး။

“ညီငယ်ချင်၊ အခု ငါတို့က သေဖော်ရှင်ဖက် မိတ်ဆွေတွေ ဖြစ်သွားကြပြီ။ စစ်မြေပြင်မှာ, ငါတို့ရဲ့အသက်က ငါတို့လက်ထဲမှာပဲ ရှိလိမ့်မယ်" လင်းယုက ချင်ယွင်ထံ လျှောက်လာရင်း ပြုံးကာ ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး..” ချင်ယွင်က ပြတ်ပြတ်သားသား ပြန်ပြောသည် ။

လင်းယုပြောသည်မှာ မှန်ပါသည်။ အဖွဲ့တစ်ခုသည် လက်တွဲ လုပ်ဆောင်ရပါမည်။ ထို့သို့မဟုတ်ဘဲ၊ တစ်စုံတစ်ယောက်က ရန်သူဘက်ကို သစ္စာဖောက်ခြင်း သို့မဟုတ် ထွက်ပြေးသွားခြင်းမျိုး ဖြစ်သွားပါက၊ ထိုလူများသည် ကိုယ့်အသင်းဖော်များကို တိုက်ရိုက် ထိခိုက်စေလိမ့်မည်။ ထို့ကြောင့် ဤအသင်းဖော် အများစုသည် သေခြင်းရှင်ခြင်းကို အနီးကပ် ရင်ဆိုကြုံတွေ့ရာမှ ညီအစ်ကိုများ ဖြစ်လာကြသည်။ တစ်ယောက်နှင့် တစ်ယောက် နက်ရှိုင်းသော ခံစားချက်တွေ ရှိလာကြသည်။ ဆန့်ကျင်ဘက်အနေဖြင့်၊ သူတို့သည် ကိုယ့်အသင်းဖော်တွေကို မည်သို့ ကျောခိုင်းထားရစ်နိုင်မည်နည်း?။

"မင်းက မဟူရာကျောက်စိမ်းမြို့ကို အခုမှ ရောက်ရုံပဲရှိသေးတယ်။ မင်း နှစ်ရက်လောက် အနားယူသင့်တယ်။ နောက်ပြီး ငါတို့ စစ်မြေပြင်အတွက် ပြင်ဆင်ရဦးမယ်။" မာန်လင်က ချင်ယွင်ကို ပြောသည်။

ချင်ယွင်က ခေါင်းညိတ်ပြပြီး သဘောတူရုံသာ တတ်နိုင်ပါသည်။

အမှန်တော့၊ သူ၏အတွေးအရဆို၊ သူသည် ဆိတ်သုဉ်းခြင်းရှေးဟောင်းစစ်မြေပြင်သို့ ချက်ချင်း ဝင်သွားလိမ့်မည်။ သို့သော်လည်း၊ မာန်လင်က နောက်ထပ် နှစ်ရက်နေဖို့ တောင်းဆိုသည့်အတွက် မဟူရာကျောက်စိမ်းမြို့မှာ ဆက်နေဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး။

နောက်နှစ်ရက်တွင်, သူသည် လင်းယုနှင့် အမှောင်ထုချောက်နက်ကြီးအကြောင်း တိုင်ပင် ဆွေးနွေးခြင်းအပြင်၊ သူရရှိသော "ကောင်းကင်ဘုံ ဖရိုဖရဲ နတ်ဘုရားခြေထောက်" ပညာရပ်ကိုလည်း လေ့လာနေခဲ့ပါသည်။

သူလေ့လာထားပြီးသော ဤခြေထောက်သိုင်းပညာတွင် ရှေးဟောင်းဖရိုဖရဲ တော်ဝင် တာအိုအပေါ် သူ၏ကိုယ်ပိုင်နားလည်မှုကို ထည့်သွင်းခြင်းဖြင့် ၎င်းသည် မူလခြေထောက် သိုင်းပညာရပ်ထက်ပင် ပိုမိုအားကောင်းလာပါသည်။

ဤခြေထောက်သိုင်းပညာရပ်သည် နဂါးလက်သီးသိုင်းထက်ပင် နောင်တိုက်ပွဲများ၌ ခမ်းနားစွာ တောက်ပနေမည်ဟု သူ ယုံကြည်ခဲ့သည်။

နှစ်ရက်အချိန်သည် အလွန်မြန်ဆန်စွာ ကုန်ဆုံးသွားခဲ့ပါပြီ။ မာန်လင်နှင့် အခြားသူများ သည် နောက်ဆုံးတွင် အဆိုပါကိစ္စရပ်များကို ဖြေရှင်းခဲ့ပြီးနောက်၊ ဆိတ်သုဉ်းခြင်း ရှေးဟောင်းတောင်တန်းစစ်မြေပြင်သို့ ထွက်ခွာရန် အသင့်ဖြစ်ခဲ့ကြသည်။

ချင်ယွင်နှင့် သူတို့အဖွဲ့သည် မဟူရာကျောက်စိမ်းမြို့မှ ထွက်ခွာပြီးနောက်၊ သူတို့သည် အလင်းတန်းငါးခုအဖြစ် ပြောင်းလဲကာ ဆိတ်သုဉ်းခြင်း ရှေးဟောင်းတောင်တန်း စစ်မြေပြင်သို့ ပြေးသွားကြသည်။

တစ်ချိန်တည်းမှာပင်၊ မဟူရာကျောက်စိမ်းမြို့ရှိ မျှော်စင်ပေါ်တွင် ယုကျန်းသည် ချင်ယွင်နှင့် အခြားလူများ ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်နေခဲ့သည်။ သူ၏ မျက်လုံးထဲတွင် အေးစက်သော အပြုံးရိပ်တစ်ခု ပေါ်လာသည်။ သူက သူ၏ဘေးက လူတယောက်ကို လှည့်ကြည့်ပြီး ပြောလိုက်သည် "ဆိတ်သုဉ်းခြင်းရှေးဟောင်း တောင်တန်းစစ်မြေပြင်အတွက် ပြင်ဆင်ကြဖို့ ညီအစ်ကိုတွေကို အကြောင်းကြားလိုက်ပါ။"

"ဟုတ်ကဲ့ပါ”။ လူငယ်က ပြန်ပြောသည်နှင့် သူ၏ရုပ်အသွင်သည် ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။

"ဟမ့်၊ မာန်လင်၊ မင်းက ငါပြောခဲ့တဲ့ ငါ့အဆိုပြုချက်ကို မင်းက ငြင်းပယ်ခဲ့တယ်။ အခြေအနေက ဒီလိုဆိုမှတော့၊ မင်းလည်း မင်းရဲ့အဖွဲ့ကို ခေါ်သွားပြီး ပျောက်ကွယ်သွားနိုင် ပြီး။ ပြီးတော့၊ ချင်ယွင်, ငါ မင်းကို လေးစားမှုရဲ့ အဓိပ္ပာယ်ကို ပြောပြပေးဦးမယ်။" ယုကျန်းသည် မြို့ရိုးပေါ်ရှိ ကျောက်တုံးကို လက်ဖဝါးဖြင့် ဖိလိုက်သည်နှင့် ကျောက်တုံး လည်း အပိုင်းပိုင်း ကြေမွသွားသည်။ သူ၏နှုတ်ခမ်းထောင့်က အေးစက်စက် ပြုံးလိုက်ဟန်ဖြင့် တွန့်ကွေးသွားခဲ့ပါသည်။

All Chapters