← Chapters

အခန်း ၉၀၄

Vol. 61 Ch. 904

အခန်း ၉၀၄

Vol. 61 Ch. 904

အခန်း ၉၀၄) ရှေးဟောင်းဆိတ်သုဉ်းခြင်းကျောက်တုံး။

ချင်ယွင်သည် ဆိတ်သုဉ်းခြင်း ရှေးဟောင်းတောင်တန်း မြေပြင်သို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက်၊ ဆိတ်သုဉ်းခြင်း ရှေးဟောင်းအငွေ့အသက်တစ်ခုသည် သူ့ဆီသို့ ပြေးဝင်လာ သည်ကို ခံစားလိုက်ရသည်။

ဤနေရာတွင် အပင်တွေ သစ်ပင်ကြီးတွေ၊ သဲနှင့် ကျောက်တုံးတစ်ခုချင်းစီတိုင်းသည် ရှေးဟောင်းအငွေ့အသက်ကို ထုတ်လွှတ်နေသည်။ ကမ္ဘာတစ်ခုလုံးသည် အဆုံးမရှိသော ရှေးဟောင်း စွမ်းအင်များဖြင့် ပြည့်နှက်နေပါသည်။

ချင်ယွင်သည် အံ့အားသင့်သွားသည့် အမူအရာကို ထုတ်ဖော်လိုက်မိပါသည်။ အဘယ့်ကြောင့်ဆိုသော်၊ သူ၏ ကနဦးစကြဝဠာသည် အင်မော်တယ်စွမ်းအင်ကို စုပ်ယူစဉ် ကထက် ဆယ်ဆခန့် ပိုမိုထိရောက်မူရှိကြောင်း သူ တွေ့ရှိလိုက်ရသောကြောင့် ဖြစ်ပါသည်။

ဤအရာက ချင်ယွင်ကို အလွန် ပျော်ရွှင်စေခဲ့သည်။ ယခုအချိန်တွင်၊ စကြဝဠာအတွင်းသို့ သူ၏ ရှေးဟောင်းစွမ်းအင် စုပ်ယူမူကို ထိန်းချုပ်ထားရန် မလိုအပ်တော့ပါ။ တစ်နည်းဆိုရ သော်, သူသည် အခြားအရာများကို လုပ်ဆောင်နေစဉ်မှာပင်၊ ကနဦးစကြာဝဠာသည် ဤရှေးဟောင်းစွမ်းအင်ကို လုံးဝ စုပ်ယူနေမည် ဖြစ်သည်။ ဤအရာက သူ၏လုပ်ဆောင်မူ အပေါ် နည်းနည်းလေးမှ သက်ရောက်မှုမရှိခဲ့သလို၊ တချိန်လုံးလည်း ကျင့်ကြံနိုင်ပါသည်။

"ဆိတ်သုဉ်းခြင်း ရှေးဟောင်းတောင်တန်းစစ်မြေပြင်က ရှေးဟောင်းခေတ် ကတည်းက တည်ရှိလာခဲ့တာကွ။ ဒါကြောင့် ဒီနေရာက ရှေးဟောင်းစွမ်းအင်တွေနဲ့ ပြည့်နှက်နေတယ်။ ဒီရှေးဟောင်းဆိတ်သုဉ်းခြင်း ကျောက်တုံးတွေကလည်း ဤနယ်မြေမှာပဲ မွေးဖွားလာကြ တယ်" မာလန်သည် ချင်ယွင်၏မျက်နှာတွင် အံ့သြနေသော အမူအရာကို မြင်ပြီး အပြုံးဖြင့် ရှင်းပြသည်။

ချင်ယွင်သည် ခေါင်းညိတ်လိုက်သည်။ မာလန်၏ စကားများသည် သူထင်ထားသည့် အတိုင်းပင်။ ဤဆိတ်သုဉ်းခြင်း ရှေးဟောင်းတောင်တန်း စစ်မြေပြင်သည် လူသူ ဆိတ်သုဉ်းသည့် ရှေးဟောင်းခေတ်ကတည်းက တည်ရှိခဲ့ခြင်း ဖြစ်သည်။

ချင်ယွင်နှင့် အခြားသူများသည် ရှေးဟောင်းဆိတ်သုဉ်းခြင်း ကျောက်တုံးများကို ရှာဖွေရန် ဆိတ်သုဉ်းခြင်း ရှေးဟောင်းတောင်တန်း စစ်မြေပြင်သို့ ဝင်ရောက်လာခြင်း ဖြစ်သော ကြောင့်၊ သူတို့၏ လမ်းလျှောက်နှုန်းက မမြန်ပေ။ သာမာန်လူများ၏ အရှိန်အတိုင်း လမ်းလျှောက်နေကြသည်။

ဤရှေးဟောင်းဆိတ်သုဉ်းခြင်း ကျောက်တုံးသည် အင်မော်တယ်စိတ်ဝိညာဉ်၏ စွမ်းအား ကို အားကိုးခြင်းဖြင့် ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။ ထို့ကြောင့်၊ ၎င်းကို သာမန် မျက်စိဖြင့်သာ ရှာဖွေတွေ့ရှိနိုင်မည် ဖြစ်သည်။ ထို့ကြောင့်၊ ဤ ရှေးဟောင်းဆိတ်သုဉ်းခြင်း ကျောက်တုံးကို ရှာဖွေလိုပါက, သူတို့သည် ၎င်းကို ဖြည်းညှင်းစွာ ရှာဖွေရမည် ဖြစ်သည်။

ထိုအချိန်တွင် ချင်ယွင်နှင့် အခြားသူများသည် တောင်ကုန်းတစ်ခုပေါ်တွင် လမ်းလျှောက် နေကြသည်။ သူတို့ငါးဦးသည် ရှေးဟောင်းဆိတ်သုဉ်းခြင်း ကျောက်တုံးကို ရှာဖွေရန် ခေါင်းတွေကို အသီးသီးငုံ့ထားကြသည်။

"အယ်…? ဘာဖြစ်နေတာလဲ?"

ချင်ယွင်သည် ကျောက်တုံးကြီးတစ်ခုဘေးတွင် လမ်းလျှောက်နေစဉ်မှာပင်၊ သူ၏ကနဦး စကြာဝဠာသည် တစ်စုံတစ်ရာကို အာရုံခံစားမိသကဲ့သို့ တုံ့ပြန်သွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ ဤခံစားချက်က သူ၏ဘေးနားရှိ လူတစ်ဝက်လောက် မြင့်သည့် ကျောက်တုံးကြီးဆီကနေ ထွက်ပေါ်လာခြင်း ဖြစ်သည်။

"ဒီကျောက်တုံးကြီးမှာ တစ်ခုခုရှိနိုင်မလား" ချင်ယွင်သည် သူ၏မျက်လုံးများတွင် ရှုပ်ထွေးသော အမူအရာဖြင့် ထိုသာမန်ကျောက်တုံးကြီးကို ကြည့်လိုက်သည်။

သို့သော်, သူသည် ကျောက်တုံးကို ဖြိုခွဲပြီး အတွင်း၌ မည်သည့်အရာရှိနေသည်ကို ကြည့်ရူရန် ဆုံးဖြတ်ခဲ့ပါသေးသည်။

ရလာဒ်အနေဖြင့်, ချင်ယွင်သည် ကျောက်တုံးကြီးကို တိုက်ရိုက် လက်သီးဖြင့် ထိုးလိုက်ပြီး၊ ချက်ချင်း ကွဲအက်သွားကာ၊ ၎င်းသည် ကျိုးပဲ့နေသော ကျောက်တုံးများအဖြစ်သို့ ပြောင်းလဲ သွားခဲ့သည်။

ဆိတ်သုဉ်းခြင်းရှေးဟောင်းတောင်တန်းများတွင် ကျန်ရစ်ခဲ့သော ကျောက်တုံးများသည် အလွန် မာကြောလှသည်။ ချင်ယွင်သည် ကျောက်တုံးများကို ဖြိုခွဲလိုပါက၊ သူသည် သူ့စွမ်းအား၏ ငါးရာခိုင်နှုန်းကို အသုံးပြုရမည် ဖြစ်သည်။

"အယ်, ဒီဟာက ဘာလဲ" ချင်ယွင်သည် ကွဲအက်နေသော ကျောက်တုံးကြီးကို အံ့သြသော အမူအရာဖြင့် ကြည့်လိုက်သည်။

ဤသည်မှာ ထို အပျက်အစီးများကြားတွင် အဝါရောင် မြေသလင်းကျောက်နှင့်တူသော ထူးခြားသော ကျောက်တုံးများကို မြှုပ်နှံထားပြီး၊ ၎င်းထံမှ အလွန်သိပ်သည်းသော ရှေးဟောင်း အငွေ့အသက်ကို ထုတ်လွှတ်နေသောကြောင့် ဖြစ်ပါသည်။

ချင်ယွင်သည် လက်ကို ဆန့်ထုတ်လိုက်ပြီး၊ လက်ထဲတွင် ကြက်ဥအရွယ် အဝါရောင် သလင်းကျောက်တုံးကို ကိုင်လိုက်ပါသည်။ အဝါရောင် သလင်းကျောက်တုံးအတွင်း ပါရှိသည့် ကြီးမားသော စွမ်းအင်ပမာဏကို သူ ချက်ချင်း ခံစားလိုက်ရသည်။

"အယ်,၊ ညီငယ်ချင်၊ မင်းရဲ့ကံကတော့ တော်တော်ကို ကောင်းတာပဲ။ မင်းက ရှေးဟောင်း ဆိတ်သုဉ်းခြင်းကျောက်တုံးကို ဒီလောက် မြန်မြန်ဆန်ဆန် ရှာတွေ့သွားပြီလား?။" ထိုအချိန်တွင် ချင်ယွင်နှင့် မဝေးလှသောနေရာမှ လမ်းလျှောက်နေသော လင်းယုသည် အံ့သြစွာ ပါးစပ်ကို ဖွင့်လိုက်သည်။ သူက ချင်ယွင်၏ လက်ထဲမှ အဝါရောင် သလင်းကျောက်ကို ပြူးကျယ်သော မျက်လုံးတွေနှင့် စိုက်ကြည့်နေပါသည်။

"ဒါက ရှေးဟောင်းဆိတ်သုဉ်းခြင်း ကျောက်တုံးလား?" ချင်ယွင်က အံ့သြသည့် အမူအရာကို ထုတ်ဖော်လိုက်မိသည်။

'"မှန်တာပေါ့။ ဒါက ရှေးဟောင်းဆိတ်သုဉ်းခြင်းကျောက်တုံးပဲ။ ဆိတ်သုဉ်းခြင်း ရှေးဟောင်းတောင်တန်း စစ်မြေပြင်ကို ဝင်ပြီးပြီးချင်၊ မင်းက ဒါကို ရှာတွေ့လိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ နောက်ပြီး၊ အဲဒီသလင်းကျောက်က ကျောက်တုံးထဲမှာ ပုန်းကွယ်နေ သေးတယ်။ ဒီလိုကျောက်တုံးမျိုးက ရှာရအခက်ဆုံးပဲကွ။ ညီငယ်ချင်ရဲ့ ကံက တကယ်ကို ကောင်းလွန်းပါတယ်။" လင်းယုက ချင်ယွင်၏ ပခုံးကို ပုတ်ကာ ပြုံးပြသည်။

ချင်ယွင်၏ မျက်နှာသည် ရုတ်တရက် ထူးခြားသည့် အမူအရာ ပေါ်လာသည်။

"တကယ်တော့၊ ကျွန်‌တော်က ဒီကျောက်တုံးကြီး ကျွန်တော့် လမ်းကြောင်းမှာ ရောက်နေ တယ်လို့ ခံစားမိတဲ့အတွက် ခွဲချလိုက်တာပါ။ အထဲမှာ ရှေးဟောင်း ဆိတ်သုဉ်းခြင်း ကျောက်တုံး တကယ်ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ကျွန်တော့်ရဲ့ကံက တကယ်ကို ကောင်းပုံရတယ်။" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။

"အင်း…၊ မင်း ရှေးဟောင်းဆိတ်သုဉ်းခြင်းကျောက်တုံးကို မင်းကိုယ်ပိုင် သိမ်းထားနိုင် တယ်။ အဖွဲ့က ရှေးဟောင်းဆိတ်သုဉ်းခြင်း ကျောက်တုံးကို တွေ့တဲ့လူတိုင်းက ကိုယ်ရှာတွေ့တာ ကိုယ်ပိုင်ဆိုင်တယ်ဆိုတဲ့ စည်းကမ်းကို ချမှတ်ထားတယ်။" လင်းယုသည် ချင်ယွင်၏စကားကို သံသယ မရှိခဲ့ပေ။ သူသည် ဤစကားကို ချန်ထားခဲ့ပြီး၊ ရှေးဟောင်းဆိတ်သုဉ်းခြင်း ကျောက်တုံးကို ဆက်လက် ရှာဖွေပါတော့သည်။

ထိုအချိန်တွင်, ချင်ယွင်သည် သူ၏လက်ထဲတွင်ရှိသော ရှေးဟောင်းဆိတ်သုဉ်းခြင်း ကျောက်တုံးကို ကြည့်ပြီး၊ စိတ်ထဲတွင် တွေးတောနေမိတော့သည်။

အစောပိုင်းက, သူသည် ကနဦးစကြဝဠာ၏ တုံ့ပြန်မှုကြောင့် ထိုကျောက်တုံးကြီးကို ဖြိုခွဲခဲ့ခြင်း ဖြစ်သည်။ ထိုသို့မဟုတ်ပါက, ထိုကျောက်တုံးကြီးထဲတွင် ရှေးဟောင်း ဆိတ်သုဉ်းခြင်းကျောက်တုံး ရှိနေသည်ကို သူ ဘယ်သောအခါမှ ရှာဖွေတွေ့ရှိမည် မဟုတ်ပါ။ တစ်နည်းဆိုရသော်, သူ၏ ကနဦးစကြဝဠာသည် ဤ ရှေးဟောင်း ဆိတ်သုဉ်းခြင်း ကျောက်တုံးများကို ခံစားနိုင်ပုံရပါသည် ။

ထိုအကြောင်းကို တွေးကြည့်မိရင်း, ချင်ယွင်၏ မျက်လုံးတွေက ရွှင်မြူးသည့် အမူအရာ ပေါ်လာပါသည်။

ဤနေရာသို့ မရောက်ခင်တုန်းက, ဤရှေးဟောင်းဆိတ်သုဉ်းခြင်း ကျောက်တုံးများသည် အလွန်ထူးခြားပြီး သာမန်မျက်စိဖြင့်သာ တွေ့မြင်နိုင်သည်ဟု လင်းယုက ပြောခဲ့ဖူးသည်။ မြေကြီးထဲတွင် မြှုပ်နှံထားသော သို့မဟုတ် ကျောက်တုံးများတွင် ဝှက်ထားသော အချို့သော ရှေးဟောင်းဆိတ်သုဉ်းခြင်းကျောက်တုံးများသည် ရှာဖွေရန် အလွန်ခက်ခဲ သည်။

ယခုမူ, ချင်ယွင်သည် သူ၏ကနဦးစကြဝဠာကို အားကိုး၍ ဤ ရှေးဟောင်းဆိတ်သုဉ်းခြင်း ကျောက်တုံးကို ခံစားသိရှိနိုင်သည်။ ၎င်းသည် အခြားလူများထက် ရှာဖွေရာမှာ အခွင့်အလမ်းများစွာ ပိုများသည်ဟု ဆိုလိုသည်မဟုတ်ပါလော?။

"ဒီရှေးဟောင်းဆိတ်သုဉ်းခြင်း ကျောက်တုံးက ဘာတွေများ ထူးခြားနေလဲလို့ ငါ သိချင်မိ တယ်။" ချင်ယွင်သည် သူ၏လက်ထဲတွင်ရှိသော ရှေးဟောင်းဆိတ်သုဉ်းခြင်းကျောက်တုံး ကြည့်ပြီး အပြုံးမပျက် ပေါ်လာပါသည်။

ထို့နောက် သူ၏လက်မှ စုပ်ယူမှုစွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဟုန်ဖြင့်, မူလက တောက်ပနေသော ရှေးဟောင်းဆိတ်သုဉ်းခြင်း ကျောက်တုံးသည် အဆုံးသတ်တွင် ကျောက်တစ်ခုလုံးသည် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲ သွားပြီး လေထဲသို့ ပြန့်ကျဲသွားပါသည်။

ကံကောင်းထောက်မစွာ၊ ပတ်ဝန်းကျင်ရှိလူများ၏ အာရုံစူးစိုက်မှုသည် ရှေးဟောင်း ဆိတ်သုဉ်းခြင်းကျောက်တုံးကို ရှာဖွေရာမှာ အာရုံစိုက်နေခဲ့ပြီး၊ အစောပိုင်းက ချင်ယွင်၏ လုပ်ရပ်များကို သတိမပြုမိခဲ့ပေ။ ထိုသို့မဟုတ်လျှင်၊ သူတို့ တုန်လှုပ်သွားမည်မှာ သေချာပါသည်။

ဤရှေးဟောင်းဆိတ်သုဉ်းခြင်း ကျောက်တုံး၏စွမ်းအားသည် အလွန်မင်း ကြီးမားပါသည်။ ပုံမှန်အားဖြင့်၊ အင်မော်တယ်ဘုရင်နှင့် အင်မော်တယ်ဧကရာဇ်များသည်ပင် ကြက်ဥအရွယ် ရှေးဟောင်းဆိတ်သုဉ်းခြင်း ကျောက်တုံးကို စုပ်ယူရန် အချိန်နှစ်နာရီမှ သုံးနာရီအထိ လိုအပ်ပါသည်။ ချင်ယွင်သည် ရှေးဟောင်းဆိတ်သုဉ်းခြင်းကျောက်တုံးထဲက စွမ်းအင် အားလုံးကို တခဏချင်း မည်သို့ စုပ်ယူနိုင်ရသနည်း?။

ဘန်း…။

ချင်ယွင်သည် ရှေးဟောင်းဆိတ်သုဉ်းခြင်း ကျောက်တုံးမှ စွမ်းအားအားလုံးကို သူ၏ ခန္ဓာကိုယ်ထဲသို့ မျိုချလိုက်ပြီးနောက်၊ ရှေးဟောင်းဆိတ်သုဉ်းခြင်း ကျောက်တုံး၏ စွမ်းအား ထက်ဝက်သည် သူ၏ခန္ဓာကိုယ်ထဲသို့ စီးဆင်းသွားပြီး သူ၏ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များ အားလုံးက စုပ်ယူသွားသည်ကို ခံစားလိုက်ရသည်။ ဤဆဲလ်များ စုပ်ယူလိုက်သည်နှင့်အမျှ ချင်ယွင်၏ ခန္ဓာကိုယ်သည် သိသာထင်ရှားစွာဖြင့် အမှန်တကယ် တိုးမြင့်လာခဲ့သည်။

ချင်ယွင်၏ လက်ရှိ ရုပ်ခန္ဓာကိုယ် ကြံ့ခိုင်မူအခြေခံသည် ကြီးမားလွန်းသည်ကို သိထားရလိမ့်မည်။ ယင်းစွမ်းအားက သူ့ခန္ဓာကိုယ် ကြီးထွားလာသည်ကို ခံစားသိရှိနိုင်စေခဲ့ သည်။ ဆိုလိုသည်မှာ ဤစွမ်းအားသည် အမှန်တကယ်ပင် ကြီးမားလှသည်။

သူ၏စွမ်းအားတဝက်သည် သူ၏ဒန်တန် လမ်းကြောင်းထဲကို စီးဝင်သွားသောကြောင့်၊ သူ၏စွမ်းအားတစ်ဝက်ကို ချင်ယွင်၏ ကနဦးစကြဝဠာက စုပ်ယူလိုက်ပါသည်။

"ဒါဆို ဒီရှေးဟောင်းဆိတ်သုဉ်းခြင်း ကျောက်တုံးတွေက တကယ်ကို မရိုးရှင်းဘူးပဲ။ အထဲမှာတဲ့ ရှေးဟောင်းဆိတ်သုဉ်းခြင်း စွမ်းအင်က လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို တကယ်ကို အားကောင်းစေနိုင်တာပဲ။ ဒါပေမယ့် ငါ့အတွက်ကတော့ ရှေးဟောင်း ဆိတ်သုဉ်းခြင်းကျောက်တုံးတစ်ခုက အရမ်းကို နည်းပါးလွန်းနေပါသေးတယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

သို့သော်လည်း, သူ၏ ကနဦးစကြဝဠာက ၎င်းတို့၏ တည်ရှိမှုကို သူခံစားနိုင်သရွေ့၊ သူသည် ရှေးဟောင်းဆိတ်သုဉ်းခြင်း ကျောက်တုံးများစွာကို ရှာတွေ့နိုင်ပါသေးသည်။

ထို့ကြောင့်, ချင်ယွင်သည် ကနဦးစကြဝဠာ၏ အာရုံခံနိုင်စွမ်းကို အသုံးပြု၍ ဤရှေးဟောင်းဆိတ်သုဉ်းခြင်း ကျောက်တုံးများကို စတင် ရှာဖွေပါတော့သည်။

ကနဦးစကြဝဠာ၏ အကူအညီဖြင့် ချင်ယွင်သည် ကျောက်တုံးဆယ်တုံးနီးပါးကို ချက်ချင်း ရှာဖွေတွေ့ရှိခဲ့သည်။ ယင်းကြောင့် မန်လင်းနှင့် အခြားသူများကို အံ့အားသင့်သွားစေခဲ့ သည်။ ၎င်းတို့လေးဦးသည် ရှေးဟောင်းဆိတ်သုဉ်းခြင်း ကျောက်တုံး နှစ်ကိုခုသာ တွေ့ဖွေရှိခဲ့သော်လည်း၊ ချင်ယွင်သည် သူတစ်ယောက်တည်းဖြင့် ဆယ်တုံး တွေ့ရှိခဲ့သည်။ သူတို့သည် ချင်ယွင်၏ ကံကြမ္မာကို မည်သို့ ဖော်ပြရမှန်းတောင် မသိကြတော့ပါဘူး။

သို့သော်လည်း, ချင်ယွင်သည် ရှာဖွေနေစဉ်မှာပင်၊ သူ့ကနဦးစကြဝဠာ၏ အာရုံခံနိုင်စွမ်း အကွာအဝေးသည် အလွန်သေးငယ်ကြောင်းကိုလည်း ချင်ယွင် တွေ့ရှိခဲ့သည်။ သူသည် သူ့ပတ်ဝန်းကျင်၏ တစ်မီတာအတွင်းရှိ ရှေးဟောင်းဆိတ်သုဉ်းခြင်း ကျောက်တုံးများ ကိုသာ ခံစားသိရှိနိုင်ပြီး၊ ဤအကွာအဝေးကို ကျော်သွားလျှင်တော့ ၎င်းတို့ကို အာရုံ မခံစားနိုင်တော့ပေ။

All Chapters