← Chapters

အခန်း ၉၀၅

Vol. 61 Ch. 905

အခန်း ၉၀၅

Vol. 61 Ch. 905

အခန်း (၉၀၅) လုပ်ကြံခံရခြင်း။

“ဘုန်း….”။

ချင်ယွင်သည် သူ၏ရှေ့ရှိ ကျောက်တုံးကြီးကို ရိုက်ခွဲလိုက်ပြီး၊ အပျက်အစီးများကြားထဲမှ လက်ဖဝါးအရွယ် စွမ်းအင်သလင်းကျောက်ကို ထုတ်ယူလိုက်သည်။ သို့ရာတွင်၊ ဤစွမ်းအင် သလင်းကျောက်သည် သူအရင်က ရရှိဖူးသော စွမ်းအင်သလင်းကျောက်များနှင့် ကွဲပြားနေ ပါသည်။ အကြောင်းမှာ ၎င်း၏အရောင်သည် ရောင်စုံဖြစ်နေသောကြောင့် ဖြစ်ပါသည်။

"ဒါက ခုနစ်ရောင်ခြယ် ရှေးဟောင်းဆိတ်သုဉ်းခြင်းကျောက်တုံး မဟုတ်လား? လင်းယုက တအံ့တဩ အော်ပြောလိုက်ရင်း၊ သူ၏မျက်လုံးများတွင် မယုံကြည်နိုင်ဟန် အမူအရာဖြင့် ပြည့်နှက်နေပါသည်။

လင်းယု၏ အာမေဋိတ်သံကို ကြားတော့ ကျန်သည့် လူသုံးယောက်သည် ချင်ယွင်ဘက်ကို ခေါင်းလှည့်လာကြပါသည်။ သူတို့သည် ချင်ယွင်၏ရှေ့မှ ခုနစ်ရောင်ခြယ် ကျောက်တုံးကို တွေ့လိုက်ကြစဉ်၊ သူတို့၏မျက်လုံးများသည် အံ့အားသင့်မှု အမူအရာကို ထုတ်ဖော်လာ ကြသည်။

"ခုနစ်ရောင်ခြယ် ရှေးဟောင်းဆိတ်သုဉ်းခြင်းကျောက်တုံးလား?။ ဒီကျောက်တုံးနဲ့ သာမာန် ရှေးဟောင်းဆိတ်သုဉ်းခြင်း ကျောက်တုံးတွေကြားမှာ ခြားနားချက် တစ်စုံတစ်ရာများ ရှိနေလို့လား?” ဟု ချင်ယွင်က ရှုပ်ထွေးစွာ မေးလိုက်ပါသည်။

ချင်ယွင်၏ အမေးကို ကြားလျှင်၊ မာန်လင်နှင့် အခြားလူများသည် ပြောစရာစကားမရှိ ဖြစ်သွားရပါသည်။

“မောင်လေးချင်၊ ဒီခုနစ်ရောင်ခြယ် ရှေးဟောင်းဆိတ်သုဉ်းခြင်းကျောက်တုံးက သာမာန် ရှေးဟောင်းဆိတ်သုဉ်းခြင်းကျောက်တုံးတွေနဲ့ အလွန်ကို ကွာခြားတာပေါ့။ သာမာန် ရှေးဟောင်းဆိတ်သုဉ်းခြင်းကျောက်တုံးတွေက လူတစ်ယောက်ရဲ့ ရုပ်ခန္ဓာကိုယ် ခွန်အားနဲ့ ကျင့်ကြံခြင်းအဆင့်ကိုသာ တိုးမြှင့်ပေးနိုင်ပေမယ့်၊ ဒီခုနစ်ရောင်ခြယ် ရှေးဟောင်း ဆိတ်သုဉ်းခြင်း ကျောက်တုံးကတော့ ကွဲပြားတယ်။ သူက တော်ဝင်တာအိုရဲ့ ဉပဒေသများ ကိုတောင် တိုက်ရိုက် ချိုးဖျက်နိုင်တယ်။ ဒါက အဆင့်ခြောက် အင်မော်တယ်ဆေးလုံးနဲ့ ယှဉ်နိုင်တဲ့ ထိပ်တန်း ရတနာတစ်ခုပဲ" တုကျင်းက ရှင်းပြခဲ့ပြီး၊ မနာလိုမှုအပြည့်ဖြင့် ချင်ယွင်ကို ငေးကြည့်နေသည်။

"တော်ဝင်တာအိုရဲ့ ဉပဒေသတွေကို အဆင့်ချိုးဖျက်နိုင်တာလား?" ချင်ယွင်၏ မျက်လုံးတွေ တောက်ပလာခဲ့ပါသည်။

ထိုတော်ဝင်တာအိုဉပဒေသများသည် ဆန်းကြယ်လှပါသည်။ တော်ဝင်တာအို ဉပဒေသ အပိုင်းအစများပင်လျှင် အဆင်းချိုးဖျက်နိုင်ရန် အပိုင်းအစပေါင်းများစွာကို စုပ်ယူရန် လိုအပ်ပြီး၊ ဤခုနစ်ရောင်ခြယ် ရှေးဟောင်းဆိတ်သုဉ်းခြင်း ကျောက်တုံးသည် တော်ဝင်တာအို၏ ဉပဒေသများကို တိုက်ရိုက် ချိုးဖျက်နိုင်သည်ဆိုလျှင်၊ ၎င်းသည် အလွန် မြင့်မြတ်သော ရတနာတစ်ခုဟု ဆိုနိုင်ပါသည်။ "

“ဒီရှေးဟောင်းဆိတ်သုဉ်းခြင်း ကျောက်တုံးမှာ ဒီလိုအကျိုးကျေးဇူးတွေ ရလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ထားဘူး။ ကြည့်ရတာ၊ ဒီဆိတ်သုဉ်းခြင်းရှေးဟောင်းတောင်တန်း စစ်မြေပြင်လာရောက်ခြင်းက အကျိုးမဲ့တော့ မဟုတ်ဘူးထင်တယ်" ချင်ယွင်သည် သူ့ကိုယ်သူ တွေးတောရင်း ခုနစ်ရောင်ခြယ် ရှေးဟောင်းဆိတ်သုဉ်းခြင်းကျောက်တုံးကို ကောက်ယူရန် လှမ်းထွက်လိုက်သည်။

ဘန်း…။

သို့သော် ယခုအချိန်တွင်၊ အလွန်မင်း ပြင်းထန်သော လေထုကို ထိုးဖောက်လာသည့်အသံ က ထွက်ပေါ်လာသည်။ ထိုအသံသည် ဝေဟင်မှဖြတ်သန်းလာ၍ ချက်ချင်းဆိုသလို ချင်ယွင်၏ မျက်ခုံးကြားဆီသို့ တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။ ထိုအထဲတွင်၊ ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားတစ်ခု ပါဝင်နေသည်။

ထိုကြောက်မက်ဖွယ် အငွေ့အသက်ကို ခံစားမိသည်နှင့်၊ ချင်ယွင်၏ရုပ်အသွင်သည် သူ၏ခန္ဓာကိုယ်ရှိ ခွန်အားအားလုံးကို စုစည်းကာ ရှောင်တိမ်းလိုက်သည်။

ချင်ယွင် ထွက်ခွာခါနီးတွင် ချင်ယွင်၏ပါးပြင်ကို အနက်ရောင် မြှားတစ်စင်းက ဖြတ်သွားခဲ့သည်။

ချင်ယွင်သည် မြှားကို ရှောင်တိမ်းနိုင်ခဲ့သော်လည်း၊ ထိုမြှားမိုးတွင်ပါဝင်နေသော ကြောက်မက်ဖွယ် ဖျက်ဆီးခြင်း အငွေ့အသက်က ချင်ယွင်၏ပါးပြင်ပေါ်တွင် ဓါးသွားကဲ့သို့ ရှည်လျားသော သွေးထွက်သံယိုဒဏ်ရာတစ်ခုကို ချန်ထားရစ်ခဲ့သေးသည်။

ဘုန်း…။

ချင်ယွင်ကို ဖြတ်ကျော်သွားသော မြှားသည် အဝေးမှ တောင်ကုန်းတစ်ခုကို ထိမှန်ပြီး၊ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ထိုမြှားချက်ကြောင့် တောင်တစ်ခုလုံး ပျက်စီးသွားခဲ့ပါသည်။

ချင်ယွင်၏ပုံရိပ်သည် သူ၏ဘေးနားရှိ ကျောက်တုံးကြီးတစ်ခုပေါ်သို့ သက်ဆင်းသွားသည်။ သူ၏မျက်လုံးအစုံက အဝေးက ပိုမြင့်သော တောင်ကုန်းဆီသို့ စိုက်ကြည့်နေသည်။

ထိုနေရာတွင် လူငါးယောက် မတ်တပ်ရပ်နေကြသည်။ သူတို့ထဲမှ တစ်ယောက်သည် အဖြူရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး၊ ဆန်းကြယ်သော လေးတစ်လက်ကို သူ၏လက်ထဲ မှာ ကိုင်ဆောင်ထားသည်။ သူသည် အခုလေးတင် မြှားကို ပစ်ခဲ့သည်မှာ ထင်ရှားပါသည်။

"ကျားဖြူ၊ မင်းပါလား…။ မာန်လင်နှင့် အခြားသူများသည် ရန်သူ၏တိုက်ခိုက်မှုကို သတိပြုမိကြပြီး အဝေးမှ တောင်ကုန်းကို သတိထား ကြည့်ရှုကြသည်။

"ငါက ဘယ်သူလဲလို့ တွေးနေတာ၊ ဆိုတော့၊ အမည်းရောင်အဖွဲ့ရဲ့ 'မသေနိုင်တဲ့ ခန္ဓာကိုယ်' လို့ သိကြတဲ့ မာန်လင်ပါလား?။

ဆံပင်ဖြူနှင့် အဖြူရောင်ဝတ် လူငယ်တစ်ယောက်သည် အဝေးရှိ တောင်ပေါ်ကနေ ထွက်လာပါသည်။ သူ၏ပါးစပ်ထောင့်တွင် ငြီးတွားလှောင်ပြောင်သံတစ်ခု ချိတ်ဆွဲထားပြီး၊ သူ၏အကြည့်တွေက မောက်မာသော အမူအရာနှင့် ကမ္ဘာကြီးကိုပင် အထင်သေးန်သည့် အလားပင်။

သို့သော် သူ၏ခန္ဓာကိုယ်ရှိ အငွေ့အသက်သည် အလွန်အစွမ်းထက်ပါသည်။ ထင်ရှားသည် မှာ၊ သူသည် တော်ဝင်တာအိုနယ်ပယ်၏ အဆင့် ၁၂ သို့ ရောက်ရှိနေပြီဖြစ်ပြီး၊ သူ၏ အငွေ့အသက်က ကြောက်မက်ဖွယ်ကောင်းလှသည်။

"ဟမ့်၊ ကျားဖြူ၊ ဒီနေရာမှာ မင်းနဲ့ပတ်သက်ပြီး ဘာကိစ္စမှ ရှိဘူး။ မင်းထွက်သွားရင် ပိုကောင်းလိမ့်မယ်။ မဟုတ်ရင် ငါ့ကို အပြစ်မတင်နဲ့။" မာန်လင်သည် ဆံပင်ဖြူနှင့် လူငယ်ကို အေးစက်စွာ ပြောလိုက်သည်။ သူ၏လေသံသည်လည်း ခက်ထန်မူ အပြည့် ရှိနေပါသည်။

"မင်း ငါ့ကို ထွက်သွားစေရင်၊ မင်းလုပ်နိုင်ပါတယ်။ မင်းတို့အနေနဲ့ ခုနစ်ရောင်ခြယ် ရှေးဟောင်းဆိတ်သုဉ်းခြင်း ကျောက်တုံးကို လွှဲပေးလိုက်တာနဲ့ ငါတို့ ချက်ချင်း ထွက်သွား မှာပါ" ဆံပင်ဖြူနှင့် လူငယ်က လှောင်ပြောင်ဟန်ဖြင့် ပြောလိုက်သည်။

သူ၏နောက်မှ အခြားလူလေးယောက်လည်း သူတို့၏ နှုတ်ခမ်းပေါ်တွင် ဆော့ကစားဟန် ဖြင့် မထီမဲ့မြင်ပြုသော အပြုံးများ ထုတ်ဖော်လာကြသည်။

"အိပ်မက်မက်နေလိုက်။ ဒီခုနစ်ရောင်ခြယ် ရှေးဟောင်းဆိတ်သုဉ်းခြင်း ကျောက်တုံးက ငါတို့ ပထမဆုံး ရှာတွေ့ခဲ့တယ်။ ငါက မင်းကို ဘယ်လိုလုပ် ပေးနိုင်မှာလဲ?" မာန်လင်က အေးစက်စွာ ပြောလိုက်သည်။

"ဟမ့်၊ ဒါဆိုလည်း မယဉ်ကျေးတဲ့အတွက် ငါတို့ကို အပြစ်မတင်နဲ့။ ငါတို့ ကျားဖြူအဖွဲ့ဆို တာက ငါတို့လိုချင်တဲ့အရာဆို ဘယ်တော့မှ အရမယူနိုင်တာမျိုး မရှိခဲ့ဘူး။ တိုက်ကြစမ်း။" ဆံပင်ဖြူနှင့် လူငယ်က အမိန့်လိုက်သည်နှင့်၊ သူ၏နောက်မှ လူလေးယောက်သည် သူ၏ ဦးဆောင်မှုအောက်မှာ ချင်ယွင်နှင့် တခြားလူများဆီသို့ တဟုန်ထိုး ပြေးဝင်သွားကြပါ သည်။

"တိုက်ပွဲအတွက် ပြင်ဆင်ကြ။ တစ်ယောက်ချင်းစီပဲ" မာန်လင်က အေးစက်စွာ အော်ဟစ်ပြီး ချက်ချင်းပင် ပြေးထွက်သွားလေသည်။ သူ၏ပစ်မှတ်က ဆံပင်ဖြူနှင့် လူငယ်ဖြစ်သည်။

စကားတစ်ခွန်းမှ မပြောဘဲ ထက်ရှသော ဓားဗြက်နှစ်လက်က သူ၏လက်ထဲတွင် ပေါ်လာပြီး ဆံပင်ဖြူ လူငယ်နှင့် တစ်ယောက်ချင်း တိုက်ရိုက် ရင်ဆိုင်လိုက်သည်။

လျိုဘိုင်အနေဖြင့်မူ၊ သူက ပို၍ပင် တိုက်ရိုက်ဆန်သေးသည်။ သူ၏လက်ထဲတွင် လှံရှည် တစ်ချောင်း ပေါ်လာပြီး၊ နောက်ထပ် အင်မော်တဘ် ဘုရင်တစ်ယောက်ဆီ ဦးတည်သွား လေသည်။

လင်းယုသည် တော်ဝင်တာအိုနယ်ပယ်၏ အဆင့် ၁၀ ရှိ အင်မော်တယ်ဘုရင်တစ်ပါးနှင့် ရင်ဆိုင်သည်။ သူတို့နှစ်ဦး ဆုံတွေ့ပြီးသည်နှင့်၊ အချင်းချင်း တိုက်ရိုက် တိုက်ခိုက်ကြသည်။

ချင်ယွင်သည်လည်း အပြင်းအထန် တိုက်ခိုက်ခံနေရသည်။

သူ၏ပြိုင်ဘက်က လျှို့ဝှက်ဆန်းကြယ်သော လေးကို ကိုင်ဆောင်ထားသော အဖြူရောင်ဝတ်လူငယ် ဖြစ်သည်။ ဤလူငယ်သည် လောလောဆယ်တွင် အဝေးတွင် ရပ်နေကာ သူ၏လက်ထဲရှိ ဆန်းကြယ်သော လေးကို လှုပ်ယမ်းရင်း ကြောက်မက်ဖွယ် ကောင်းသော အနက်ရောင် မြှားများကို တစ်စင်းပြီးတစ်စင်း ပစ်လွှတ်နေသည်။

“ဘုန်း…”။

ချင်ယွင်၏ ရုပ်အသွင်သည် မရေမတွက်နိုင်သော ပုံရိပ်များအဖြစ်သို့ ပြောင်းလဲသွားပြီး အရူးအမူး ရှောင်တိမ်းနေရသည်။ အနက်ရောင် ငှက်မွှေးမြှား အားလုံးသည် သူ၏ဘေးမှ ဖြတ်ကျော်သွားသည်။

"ဟမ့်၊ မင်းက ငါ့မြှားတွေကို အခုလိုမျိုး ရှောင်တိမ်းနိုင်မယ်လို့ ထင်နေတာလား?" အဖြူရောင် လူငယ်က လှောင်ပြောင်ပြောလိုက်သည်။ သူ၏လက်ထဲမှ လျှို့ဝှက် ဆန်းကြယ်သော လေးကို လပြည့်ဝန်းအနေထားထိ ဆွဲတင်လိုက်ပြီး၊ အနှိုင်းမဲ့ ကြောက်မက်ဖွယ် စွမ်းအားများ ပါဝင်နေသော အနက်ရောင် ငှက်မွှေး မြှားတစ်စင်းက သူ၏လျှို့ဝှက်ဆန်းကြယ်သော လေးပေါ်တွင် သိပ်သည်းသွားခဲ့သည်။

“ဘန်း..”

လေးညှိကြိုး ပြုတ်ကျသံနှင့်အတူ အနက်ရောင် မြှားသည် လေးညှို့ကို ဆုပ်ကိုင်ထားရာမှ ချက်ချင်း ပျံထွက်သွားကာ ပေရာပေါင်းများစွာ အကွာအဝေးကို တိုက်ရိုက် ဖြတ်သန်းပြီး၊ ချင်ယွင်၏ရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။ ၎င်းမြှားသည် ချင်ယွင်၏ရင်ဘတ်နှင့် နှလုံးသားကို ဖမ်းဆုပ်တော့မည့် အနက်ရောင်လေပွေကဲ့သို့ ပြင်းထန်သော ဖျက်ဆီးခြင်း စွမ်းအင်အတက်အကျလှိုင်းများ ပါရှိနေသည်။

ဤမြှားကို မြင်သောအခါ ချင်ယွင်၏ မျက်လုံးများသည် အေးစက်သွားသည်။ သူသည် နည်းနည်းလေးမှ တုန့်ဆိုင်းမနေဘဲ၊ နတ်နဂါးကျောက်စိမ်း တံဆိပ်ကို ချက်ချင်း အသက်သွင်းလိုက်ပြီး၊ သူ၏နောက်မှာ ရွှေနဂါးတက်တူးတစ်ခု ပေါ်လာပါသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်သည် အဆနှစ်ဆယ်အထိ ရုတ်တရက် တိုးမြင့်လာသည်။

ဘန်း…။

ချင်ယွင်သည် လက်ဖဝါးရိုက်ချက်ကို ထုတ်ဖော်လိုက်ပြီး အနက်ရောင် ငှက်မွှေးမြှားကို တိုက်ရိုက် ရိုက်ချလိုက်သည်။

အနက်ရောင် ငှက်မွှေးမြှားသည် ချင်ယွင်၏ လက်ဖဝါးအတွင်းမှာ လျင်မြန်စွာ လည်ပတ်နေပြီး၊ ကြောက်မက်ဖွယ် အဖျက်စွမ်းအားလှိုင်းများနှင့်အတူ ချင်ယွင်၏ လက်ဖဝါးကို ထိုးဖြတ်သွားချင်နေသည်။

"ဖျက်ဆီးလိုက်စမ်း..”

ချင်ယွင်က ကျယ်လောင်စွာ အော်လိုက်ပြီး၊ သူ၏လက်ဖဝါးက ရုတ်တရက် တုန်ခါသွားကာ အနက်ရောင် ငှက်မွှေးမြှားပေါ်ရှိ အဖျက်စွမ်းအားကို တိုက်ရိုက် ချိုးဖျက်ပြီး၊ အနက်ရောင် ငှက်မွှေးမြှားကို ဘာမှမရှိသည်၏ဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။

"အယ်…။ ကြည့်ရတာ၊ မင်းက ငါ့ရဲ့ဒီမြှားချက်ကို ခံနိုင်ရည် ရှိနေပုံရတယ်။" အဖြူရောင်ဝတ် လူငယ်က ညင်သာစွာ သက်ပြင်းတစ်ချက် ချလိုက်သည်။

သို့သော်၊ ထိုအချိန်တွင် အဖြူရောင်ဝတ် လူငယ်၏ အမူအရာသည် အဝေးမှာရှိနေသော ချင်ယွင် ရုတ်တရက် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသဖြင့် ပြောင်းလဲသွားပါသည်။

“မကောင်းတော့ဘူး..”။

အဖြူရောင်ဝတ် လူငယ်သည် တစ်ခုခုမှားနေပြီဆိုသည်ကို ချက်ချင်း သဘောပေါက် သွားပြီး သူ၏ကျင့်ကြံမူအခြေခံဖြစ်သော တော်ဝင်တာအိုနယ်ပယ်၏ အဆင့် ၁၁ စွမ်းအားကို မြှင့်တင်လိုက်သည်။ သူသည် ချက်ချင်းပင် သူ၏ရှေ့မှ လေဟာနယ်ဆီသို့ လက်ဖဝါးကို ရိုက်ထုတ်လိုက်သည်။

“ဘုန်း..”။

ချင်ယွင်၏လက်သီးနှင့် အဖြူရောင်ဝတ်လူငယ်၏လက်ဖဝါးတို့သည် ပြင်းထန်စွာ တိုက်မိသွားကြသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်သည် ချက်ချင်းပင် ထွက်ပေါ်လာပြီး ကြီးမားသော စွမ်းအင်လှိုင်းလုံးကြီးကို ဖြစ်ပေါ်စေသည်။

သူတို့၏ခန္ဓာကိုယ် နှစ်ခုလုံးသည် ဤစွမ်းအင်လှိုင်း၏ တွန်းထုတ်ခြင်း ခံလိုက်ရသည်။ အဖြူရောင်ဝတ် လူငယ်သည် သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်အောင် မထိန်းနိုင်ခင် ပေတစ်ရာ နောက်ဆုတ်သွားခဲ့ရပြီး၊ ချင်ယွင်သည် ပေနှစ်ရာ ဆုတ်သွားခဲ့ရသည်။

နှစ်ယောက်သား သတ်ပစ်ချင်စိတ်တွေ ပြည့်နှက်နေသော မျက်လုံးများဖြင့် စိုက်ကြည့် နေရင်း၊ မျက်နှာချင်းဆိုင် ရပ်နေကြသည်။

All Chapters