← Chapters

အခန်း ၉၀၆

Vol. 61 Ch. 906

အခန်း ၉၀၆

Vol. 61 Ch. 906

အခန်း (၉၀၆) ချင်ယွင်၏ ခွန်အား

"ကြည့်ရတာ၊ မင်းရဲ့ အပေါ်ယံ ကျင့်ကြံမှုအခြေခံက အတုအယောင် ဖြစ်ပုံရတယ်။ မင်းရဲ့ အစွမ်းက တော်ဝင်တာအိုနယ်ပယ်ရဲ့ အဆင့် ၁၀ မှာ ရှိသင့်တယ်။" အဖြူရောင်ဝတ် လူငယ်က လှောင်ပြောင်ကာ ရှုတ်ချရင်း၊ သူ၏မျက်လုံးများတွင် အထင်မြင်သေးသည့် အရိပ်အယောင်များ ဖြစ်ပေါ်နေသည်။

ချင်ယွင်က မထူးဆန်းသလို ပြုံးလိုက်ပြီး၊ သူ၏မျက်လုံးတွေက အေးစက်နေဆဲပင်။

"ဒါပေမယ့်, မင်းက တော်ဝင်တာအိုနယ်ပယ်ရဲ့ အဆင့် ၁၀ မှာ ရှိနေတယ်ဆိုရင်ရော ဘာဖြစ်လဲ?။ မင်းက ငါ့ရဲ့ ပြိုင်ဘက် မဟုတ်သေးဘူး။ ချာတိတ်လေး၊ ဒီနေ့ မင်းက ငါလီဖုန်းရဲ့ လက်ထဲ ကျရောက်လာခဲ့တယ်။ မင်းက ကံဆိုးလွန်းပါတယ်။ သေလိုက် တော့။" အဖြူရောင်ဝတ် လူငယ်က အေးစက်စွာ ဟစ်အော်ရင်း သူ၏မျက်လုံးများက မထီမဲ့မြင် ပြုဟန်များဖြင့် ပြည့်နှက်နေသည်။ ထို့နောက်တွင် ပြင်းထန်သော လျှပ်စီး စွမ်းရည် အင်မော်တယ်စွမ်းအင်က သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ချင်ယွင်ဆီသို့ ပစ်လွှတ်လိုက်လေသည်။

သူသည် တော်ဝင်တာအို ကိုယ်ပွားကိုတောင် အသုံးမပြုခဲ့ပါဘူး။ သူ၏အမြင်အရ တော်ဝင်တာအိုနယ်ပယ်ရဲ့ အဆင့် ၁၀ အင်မော်တယ်ဘုရင်တစ်ယောက်ကို သတ်ခြင်း သည် အင်မော်တယ်ဘုရင်ကိုယ်ပွားကို အသုံးပြုရန် မလိုအပ်ပေ။

ချင်ယွင်သည် လီဖုန်းက အင်မော်တယ်ဘုရင် ကိုယ်ပွားကို အသုံးမပြုဘဲ သူ့ဆီသို့ အပြေးအလွှား ပြေးလာသည်ကို တွေ့လိုက်ရလျှင်၊ သူ၏ပါးစပ်ထောင့်မှ ချက်ချင်းပင် လှောင်ပြောင်ဟန်များ ထွက်ပေါ်လာသည်။ အကယ်၍၊ လီဖုန်းသည် အင်မော်တယ်ဘုရင် ကိုယ်ပွားကို အသုံးပြုပါက၊ သူသည် အားအင်ကုန်ခမ်းသည်အထိ တိုက်ခိုက်ရမည် ဖြစ်သော်လည်း၊ ယခုမူ လီဖုန်းသည် အမှန်တကယ်ပင် မာနကြီးလွန်းလှသည်။

"ဟမ့်၊ ဒါဆိုလည်း မင်းကို ငါ့ရဲ့ခြေထောက်သိုင်းပညာအသစ်ရဲ့ စွမ်းအားကို မြည်းစမ်းခွင့် ပေးမယ်။" ချင်ယွင်က အပြုံးမပျက် ရှိနေရင်း သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ ထို့နောက်တွင် ဖရိုဖရဲ စွမ်းအင်နှင့် ဖင်းဂေါ့ဂ်စွမ်းအင် လှိုင်းလုံးများက သူ၏ ခြေထောက် များထဲသို့ စိမ့်ဝင်လာသည်။

ဘန်း..။

ချင်ယွင်၏ ရုပ်အသွင်သည် ချက်ချင်းပင် ပျံထွက်သွားပြီး နောက်ကွယ်မှ ပုံရိပ်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားသည်။ ​နောက်​တစ်​စက္ကန့်​တွင်​ သူသည်​ လီဖုန်း​၏ ရှေ့တွင်​​ပေါ်လာသည်​။

ချင်ယွင်၏ လေပွေခြေထောက်က လီဖုန်းကို ပြင်းပြင်းထန်ထန် ကန်ထုတ်လိုက်သည်။ ခြေထောက်ကြာပွတ် ရိုက်ခတ်မူကြောင့်၊ ပြင်းထန်သော လေပွေလှိုင်းတစ်ချက် တိုက်ခတ်သွားပြီး၊ လေဟာနယ်ကိုပင် ပြင်းထန်စွာ တုန်ခါသွားစေသည်။

"ဘုန်း..”။

လီဖုန်းသည် ကြိုတင်ပြင်ဆင်ထားခြင်းမရှိဘဲ သူ၏လက်များကို ပိတ်ဆို့ရန် တိုက်ရိုက် အသုံးပြုခဲ့သည်။ သို့သော် သူ၏လက်များက ချင်ယွင်၏ ခြေထောက်ကို ပိတ်ဆို့လိုက်သည့် အခိုက်တွင် သူမှားမှန်း သိသွားရသည်။

ချင်ယွင်၏ ခြေထောက်များတွင် ပါရှိသော စွမ်းအားသည် အလွန် ကြောက်စရာကောင်း သည်။ သူခုခံရန် အသုံးပြုခဲ့သော လက်မောင်းအရိုးသည် ချင်ယွင်၏ ခြေထောက်နှင့် ထိတွေ့သွားသည့်အခိုက်တွင် ချင်ယွင်၏ခြေထောက်ကြောင့် အစိပ်စိပ်မွှာမွှာ ကြေမွသွားရ သည်။

“အင့်……”။

လီဖုန်းသည် ခပ်အုပ်အုပ် အော်ညီးသံတစ်ချက် ထုတ်ဖော်လိုက်ပြီး၊ ချင်ယွင်နှင့် ခပ်ခွာခွာနေလိုဟန်ဖြင့် နောက်သို့ ချက်ချင်း ဆုတ်လိုက်သည်။

သို့သော် ချင်ယွင်သည် သူ၏ဆန္ဒအတိုင်း မည်သို့ လုပ်ဆောင်ခွင့် ပြုမည်နည်း?။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး အခြေအနေအလိုက် ရွှေ့လျားသွားကာ လီဖုန်းအား ပြင်းထန်စွာ ကန်ထုတ်လိုက်ပြန်သည်။

လီဖုန်းသည် အဆင်သင့် မဖြစ်သေးပါချေ။ ချင်ယွင်သည် သူ၏ ရင်ဘတ်ကို တိုက်ရိုက် ကန်ထုတ်ပစ်လိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် လေးညှို့မှ ပစ်လွှတ် လိုက်သော မြှားတစ်စင်းကဲ့သို့ နောက်သို့ ပျံထွက်သွားခဲ့သည်။ သူ၏ပါးစပ်မှ သွေးများ စီးကျလာပြီး ရင်ဘတ်ကြီးသည် အတွင်းသို့ ချိုင့်ဝင်သွားခဲ့သည်။

“ဘုန်း..”။

လီဖုန်း၏ ရုပ်အသွင်သည် အဝေးရှိ တောင်ကုန်းပေါ်သို့ ပစ်ကျသွားပြီး၊ ကျယ်လောင်သော ပေါက်ကွဲသံကြောင့် တောင်ကုန်းတစ်ခုလုံး ကွဲအက်သွားခဲ့သည်။

"ခွင့်မလွှတ်နိုင်ဘူး…”။

လီဖုန်းသည် တွင်းနက်ကြီးထဲသို့ ပြုတ်ကျသွားပြီး၊ သူ၏ရင်ဘတ်မှ ထွက်ပေါ်လာသော နာကျင်မှုကို ခံစားလိုက်ရသည်။ သူ၏မျက်လုံးများသည် ချက်ချင်းပင် နီမြန်းလာကာ ရှုပ်ယှက်ခတ်နေသော ဆံပင်များက တဟုန်ထိုး ထောင်မတ်လာသည်။ ကြောက်မက်ဖွယ် လျှပ်စီးစွမ်းအားက သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး အင်မော်တယ်ဘုရင် ကိုယ်ပွားသည် သူ၏နောက်တွင် တိုက်ရိုက် ပေါ်လာသည်။

ချင်ယွင်သည် လေထဲတွင် ရပ်နေကာ၊ သူ၏မျက်နှာပေါ်တွင် အေးစက်သော အပြုံးဖြင့် ဤမြင်ကွင်းကို ကြည့်နေလေသည်။

ယခုလေးတင်၊ သူအသုံးပြုခဲ့သော ခြေထောက်သိုင်းပညာသည် သူကျွမ်းကျင်ထားသော "ကောင်းကင်ဘုံ ဖရိုဖရဲ နတ်ဘုရားခြေထောက်"ပညာရပ်၏ ပထမဆုံး သိုင်းကွက်တစ်ခု သာ ဖြစ်သည်။ နောက်ဆုံး သိုင်းကွက်နှစ်ခုကို သူ ကောင်းကောင်း နားမလည်သေး သော်လည်း ဤသိုင်းကွက်၏ အစွမ်းကလည်း အားမနည်းပါချေ။

"မင်း ငါ့ကို ဒေါသထွက်အောင် အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့ပြီ ကောင်လေး၊ မင်း ငါ့ကို ဒေါသထွက်အောင်လုပ်ရင် ဘာဖြစ်သွားမလဲဆိုတာ ငါ မင်းကို သိစေချင်တယ်။" လီဖုန်း၏ မျက်လုံးများသည် အလွန်စူးရှလာပြီး သူ၏ ခန္ဓာကိုယ်သည် ခရမ်းရောင် အလင်းတန်းများ တောက်ပလာကာ၊ သူ၏ခန္ဓာကိုယ်သည် အဆုံးမဲ့ အဖျက်စွမ်းအားများဖြင့် ပြည့်နှက်နေ သည်။

ဝှီး…။ လီဖုန်းသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ချင်ယွင်ဆီသို့ ပြေးသွားခဲ့သည်။ သူ၏ ဒေါသမျက်နှာသည် ခရမ်းရောင် အလင်းတန်းများအောက်တွင် အလွန်တရာ ရက်စက်ကြမ်းကြုတ်သွားခဲ့သည်။

"သေလိုက်စမ်း..” ကောင်းကင်ဘုံဖြိုခွင်း နတ်ဘုရားလျှပ်စီး” လီဖုန်းက ကျယ်လောင်စွာ အော်လိုက်ပြီး ချင်ယွင်ဆီသို့ ပြင်းထန်စွာ ပစ်ဝင်သွားစဉ်မှာ၊ သူ၏လက်များသည် ကြောက်မက်ဖွယ် စွမ်းအင်အတက်အကျလှိုင်းများနှင့်အတူ တုန်တုန်ယင်ယင် ဖြစ်နေပါသည်။

သူ၏လက်ဖဝါးတွင်ပါရှိသော နတ်ဘုရားလျှပ်စီးကြောင်းများသည် သာမန် တော်ဝင် တာအိုနယ်ပယ် အဆင့် ၁၁ ရှိ ကျွမ်းကျင်သူများပင် နောက်ပြန် ဆုတ်ခွာခဲ့ရသည့်အရာ ဖြစ်သည်။

ချင်ယွင်သည် သူ၏မျက်လုံးထဲတွင် လှောင်ပြုံးဖြင့် တဖြည်းဖြည်း ချဉ်းကပ်လာနေသည့် နတ်ဘုရားလျှပ်စီးကို ကြည့်နေသည်။

"နဂါးလက်သီးသိုင်းကို ငါ အသုံးမပြုတာ တော်တော်ကြာခဲ့ပြီ။ အခု နဂါးလက်သီးသိုင်းနဲ့ ပေါင်းစပ်ပြီး နတ်နဂါးကျောက်စိမ်းစည်းတံဆိပ်က ဘယ်လောက်တောင် အစွမ်းထက်လာ မလဲဆိုတာ မင်းကို ကြည့်ခွင့်ပြုမယ်" ချင်ယွင်သည် အေးစက်စက် အမူရာဖြင့် မောက်မာစွာ ပြောပြီး သူ၏မျက်လုံးများသည် ချက်ချင်းပင် အနှိုင်းမဲ့ စိုးမိုးလာခဲ့သည်။

“အောင်း..”

ချင်ယွင်၏ ခန္ဓာကိုယ်မှ နဂါးဟိန်းဟောက်သံ ထွက်ပေါ်လာသည်။ ထို့နောက် ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ နဂါးတစ်ကောင်၏ ခမ်းနားထည်ဝါသော အငွေ့အသက်များ ပေါက်ကွဲ သွားပြီး၊ သူ၏နောက်တွင် ရွှေနဂါးကြီးတစ်ကောင် ပေါ်လာသည်။ ၎င်း၏ အငွေ့အသက် သည် တောင်ပြိုကျသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည်။

ဘန်း..။

ချင်ယွင် ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ သူ၏သူငယ်အိမ်တွေက ရွှေရောင် ပြောင်းသွားခဲ့သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ရွှေရောင်နဂါးအမှတ်သားဖြင့် ဖုံးလွှမ်းထားသည်။ ထိုအခိုက်အတန့်တွင် အကန့်အသတ်မရှိသော စွမ်းအားတစ်ခုသည် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး တစ်ကိုယ်လုံးသို့ စိမ့်ဝင်လာသည်။

"နဂါးလက်သီးသိုင်းရဲ့ စတုတ္ထသိုင်းကွက်၊ နဂါးနတ်ဘုရား အမြစ်ပြတ်ချေမှုန်းခြင်း" ချင်ယွင်က အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏ရုပ်အသွင်က ပေါက်ကွဲထွက်လာကာ သူ့နှင့် အလွန်နီးကပ်နေပြီဖြစ်သော လီဖုန်းကို တိုက်ရိုက် ထိမှန်သွားသည်။

“ဘုန်း..”။

လီဖုန်း၏လက်သီးနှင့် ချင်ယွင်၏လက်သီးတို့သည် တိုက်ရိုက် တိုက်မိသွားကြပြီး၊ အနှိုင်းမဲ့ ထိတ်လန့် တုန်လှုပ်ဖွယ်အသံနှင့်အတူ ပေါက်ကွဲထွက်ကာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းလုံးကြီးက မုန်တိုင်းတစ်ခုလို ပျံ့နှံ့သွားခဲ့သည်။

“ဖျစ်…ဖျစ်..”

လီဖုန်း၏ လက်မောင်းထံမှ အရိုးကွဲအက်သွားသောသံများ ထပ်မံ ထွက်ပေါ်လာသည်။ ယခင်က မပြုပြင်ရသေးသော အရိုးများသည် ချင်ယွင်၏ လက်သီးအောက်တွင် ပေါက်ကွဲ သွားပြန်သည်။ ချင်ယွင်၏လက်သီးကြောင့် သူ၏လက်ဖဝါးမှ နတ်ဘုရား လျှပ်စီးသည်ပင် ကြေကွဲသွားခဲ့သည်။

"ဘာလဲ..” လီဖုန်း၏ မျက်နှာသည် တုန်လှုပ်ခြောက်ခြားသွားသည့် အမူအရာ ပေါ်လာပါသည်။ နတ်ဘုရားလျှပ်စီးကြောင်းကို အသုံးပြုပြီးနောက် သူ၏လက်မောင်း တစ်ခုလုံး ကွဲကြေသွားလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့မိသည်မှာ ထင်ရှားပါသည်။

"နောက်ဆုတ်..”

ထိုအချိန်တွင် လီဖုန်း၏ နှလုံးသားထဲတွင် အတွေးတစ်ခုသာ ရှိနေသည်။ ချင်ယွင်၏ အငွေ့အသက်သည် ကြောက်မက်ဖွယ်ကောင်းလွန်းသဖြင့် သူ၏နှလုံးသားကို အေးခဲသွား စေခဲ့သည်။

သို့သော်၊ နောက်ပြန် ဆုတ်ခွာရန် သူ၏အင်မော်တယ်စွမ်းအင်ကို မစုစည်းနိုင်ခင်မှာဘဲ သူ၏ရှေ့မှာ ပုံရိပ်တစ်ခု ပေါ်လာပါသည်။

"ဟမ့်၊ အခုမှ နောက်ပြန်ဆုတ်မယ်ဆိုတော့ အရမ်းကို နောက်ကျသွားခဲ့ပြီ" ချင်ယွင်သည် အေးစက်ပြီး မာနကြီးသော အမူအရာဖြင့် ပြုံးလိုက်သည်။

လီဖုန်း၏အမူအရာသည် ရုတ်ချည်း ပြောင်းလဲသွားပြီး စကားမပြောနိုင်အောင်ပင် ကြောက်ရွံ့မှုတစ်ခုက သူ၏နှလုံးသားထဲသို့ တိုးဝင်လာသည်။ အထူးသဖြင့် ချင်ယွင်၏ အပြုံးကို ခံစားလိုက်ရသည့်အခါ၊ သူ၏ဦးရေပြားသည်၊ ပြင်းထန်စွာ ထုံကျင်သွားသလို ခံစားရပါသည်။

“မသတ်ပါနဲ့…” လီဖုန်းက သနားညှာတာပေးရန် ချက်ချင်း တောင်းဆိုလိုက်ပါသည်။

ချင်ယွင်က နှုတ်ခမ်းကို အနည်းငယ် ကွေးလိုက်ပြီး ပြင်းထန်သော အေးစက်မှုက သူ၏ မျက်လုံးထဲတွင် တိုးဝင်လာခဲ့သည်။ အရင်တုန်းကတော့၊ ဤကောင်သည် သူ့ကို လေးမြှားနှင့် ချောင်းမြောင်းပစ်ခတ်ပြီး သတ်ပစ်ရန် ဆုံးဖြတ်ထားသည်မှာ ထင်ရှားပါ သည်။ ယခု သူ့ကို ပြန်လွှတ်ပေးရန်ဆိုသည်မှာ မည်သို့ ဖြစ်နိုင်ပါမည်နည်း?။

"သေလိုက်တော့” လီဖုန်းသည် အံတင်းတင်းကြိတ်ကာ သူ၏လက်ထဲတွင် ဓားမြှောင် တစ်ချောင်း ပေါ်လာသည်။ ၎င်းသည် အေးစက်သော အလင်းရောင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ချင်ယွင်ဆီသို့ ဓားဖြင့် ထိုးလိုက်သည်။

ချင်ယွင်သည် ဤမြင်ကွင်းကို မြင်သောအခါ သတ်ဖြတ်လိုစိတ်များက သူ၏မျက်လုံးထဲ တွင် တိုးမြင့်လာခဲ့သည်။ သူက အေးစက်စွာ ဟစ်အော်ပြီး သူ၏လက်ကို ဆန့်ထုတ်ကာ ဓားမြှောင်ကို ဖြိုခွဲလိုက်သည်။

လီဖုန်းသည် ချက်ချင်းပင် ထိတ်လန့်သွားပြီး စိတ်ပျက်အားငယ်သော ခံစားချက်က သူ၏ မျက်လုံးများထဲသို့ ချက်ချင်း ပျံ့နှံ့ဝင်လာပါသည်။

"ဟမ့်၊ နဂါးလက်သီးသိုင်းရဲ့ ပဉ္စမသိုင်းကွက် နဂါးနတ်ဘုရားနိုးထခြင်း..” ချင်ယွင်က ကျယ်လောင်စွာ အော်လိုက်ပြီး ရွှေနဂါးကြီးက သူ၏လက်မောင်းကို ရစ်ပတ်လာကာ လီဖုန်း၏ ရင်ဘတ်ထဲကို မညှာတာစွာ ရိုက်ချိုးလိုက်သည် ။

“မဟုတ်ဘူး…”

လီဖုန်းသည် အနှိုင်းမဲ့ သနားစရာကောင်းသော ငိုကြွေးသံဖြင့် အော်ဟစ်လိုက်ပြီး၊ သူ၏ခန္ဓာကိုယ်သည် အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော လက်သီးချက်အောက်တွင် ပေါက်ကွဲသွားကာ ကောင်းကင်ယံတွင် သွေးမိုးများအဖြစ်သို့ ပြောင်းလဲသွားသည်။

အဝေးမှ တိုက်ပွဲဝင်နေကြသော လူများသည် လီဖုန်း၏ သနားစရာကောင်းသော အော်ဟစ်သံကို ကြားလိုက်ကြပြီး ချင်ယွင်၏ ဦးတည်ရာဆီသို့ ကြည့်လိုက်ကြသည်။

ချင်ယွင်၏ လက်သီးချက်ကြောင့် လီဖုန်း ကြေကွဲသွားသည်ကို တွေ့လိုက်ရသောအခါတွင် သူတို့၏ မျက်နှာများသည် အံ့ဩခြင်းများဖြင့် ပြည့်နှက်နေသည်။ မာန်လင်၊ တုကျင်းနှင့် အခြားသူများပင်လျှင် မယုံကြည်နိုင်သော အမူအရာများကို ထုတ်ဖော်ပြသနေကြသည်။

All Chapters