← Chapters

အခန်း ၉၀၇

Vol. 61 Ch. 907

အခန်း ၉၀၇

Vol. 61 Ch. 907

အခန်း (၉၀၇) အဆင့်ဖြတ်ကျော်မှု။

မာန်လင်၏ မျက်လုံးများသည် အံ့ဩခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။ ရှင်းရှင်းလင်းလင်း ပြောရရင်၊ တိုက်ပွဲကိုအဆုံးသတ်နိုင်ဖို့အတွက် တိုက်ပွဲငါးခုတွင် ချင်ယွင်က ပထမဆုံးလူ ဖြစ်လာမည်ဟု သူ မမျှော်လင့်ထားခဲ့ပါဘူး။ ထို့အပြင် ချင်ယွင်၏ ပြိုင်ဘက်၏ တိုက်ခိုက်ရေးစွမ်းအားမှာ အားမနည်းလှပေ။ တုကျင်းနှင့် လျူဘိုင်၏ ပြိုင်ဘက်များကဲ့သို့ သူတို့သည် တော်ဝင်တာအိုနယ်ပယ်၏ အဆင့် ၁၁ ကျွမ်းကျင်သူများ ဖြစ်ကြပါသည်။ သူသည် နောက်တကြိမ် ချင်ယွင်ကို ပြန်ကြည့်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ပါဘူး။

တုကျင်းလည်း ချင်ယွင်ကို အံ့အားသင့်စွာ ကြည့်မိသည်။ ချင်ယွင်သည် တိုက်ပွဲပြီးဆုံးချိန် အထိ ခဏကြာအောင် ထိန်းထားနိုင်မည်ဟုသာ သူမ ထင်ခဲ့သော်လည်း၊ ချင်ယွင်က သူမအရင် တိုက်ပွဲကို အဆုံးသတ်နိုင်လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

လျူဘိုင်လည်း ချင်ယွင်ကို အံ့အားသင့်စွာ ကြည့်သည်။ ချင်ယွင်၏ တိုက်ပွဲစွမ်းရည်ကြောင့် သူ အလွန်အံ့သြသွားသည်မှာ ထင်ရှားပါသည်။ သို့သော်လည်း ချင်ယွင်ကို ကြည့်သည့် သူ၏အကြည့်တွေက အလွန်အေးစက်နေခြင်း မရှိတော့ပေ။ ယင်းအစား၊ အခြားလူများ နည်းတူ တူညီစွာ ငေးကြည့်နေခြင်း ဖြစ်သည်။

ထိုအချိန်တွင်၊ ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်နဂါးအမှတ်အသားများ ပေါ်လာနေပြီး၊ သူ၏ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ်ကောင်းသော နဂါးစွမ်းအားများဖြင့် ပြည့်နှက်နေသည်။ သူက ကျားဖြူအဖွဲ့၏ တခြားအဖွဲ့ဝင်တွေကို ကြည့်ပြီး အေးစက်စက် အသံဖြင့် မေးလိုက်သည် "မင်းတို့ ဆက်တိုက်ချင်သေးလား?”။

ဆံပင်ဖြူနှင့်လူငယ်သည် ထိုစကားကိုကြားသောအခါ၊ သူ၏မျက်လုံးများသည် ချက်ချင်း ပင် မှုန်မှိုင်းသွားပြီး အေးစက်လာသည်။ သူ၏အကြည့်တွေက ချင်ယွင်ဆီကို စူးစူးစိုက်စိုက် ကြည့်နေရင်း ပြင်းထန်သော ရက်စက်မှုများနှင့် ပြည့်နှက်နေသည်။

"သွားကြရအောင်” ဆံပင်ဖြူနှင့် လူငယ်က အမိန့်ပေးပြီး၊ ချက်ချင်း လှည့်ထွက်သွားသည်။

သူ၏နောက်လိုက် အဖွဲ့သားများလည်း ချင်ယွင်ကို အေးစက်စွာ ကြည့်နေကြပြီး သူတို့၏ မျက်လုံးများသည် ပြင်းထန်သော ခက်ထန်ခြင်းများဖြင့် တောက်ပနေသည်။ ထို့နောက်၊ ဆံပင်ဖြူနှင့်လူငယ်နှင့်အတူ လူတိုင်း၏ လုပ်ငန်းခွင်ထဲမှ ပျောက်ကွယ်သွားကြသည်။

သူတို့အနေဖြင့် ထွက်မသွားဘူးဆိုလျှင်လည်း၊ ဤတိုက်ပွဲကို အနိုင်မယူနိုင်ပါဘူး။ ယခုလေးတင် ချင်ယွင်သည် လီဖုန်းကို သတ်ပစ်လိုက်ပြီ။ ထိုကြောင့်၊ သူတို့ဘက်တွင် လူတစ်ယောက် လျော့နည်းသွားခဲ့ပြီ။ ချင်ယွင်သည် ကျန်တိုက်ပွဲများတွင် ပါဝင်လာနှင့်၊ သူတို့အဖွဲ့သည် ချက်ချင်း အသာစီးရသွားလိမ့်မည်။ ထို့ကြောင့် ဤအချိန်တွင် ထွက်ခွာခြင်းသည် ဆံပင်ဖြူနှင့် လူငယ်များအတွက် ပညာအရှိဆုံး ရွေးချယ်မှု ဖြစ်သည်။

ချင်ယွင်သည် ဆံပင်ဖြူလူငယ်နှင့် အခြားလူများနောက်ကို လိုက်ပါသွားရန် ရည်ရွယ်ချက် မရှိပေ။ သူ၏ နဂါးလက်သီးသိုင်းသည် ကြာရှည်စွာ မတည်ရှိနိုင်ပေ။ မကြာမီ အားနည်းသည့် ကာလတစ်ခုသို့ ရောက်ရှိသွားမည် ဖြစ်သည်။ ထို့ကြောင့်ပင်၊ ချင်ယွင်သည် ဤတိုက်ပွဲကို အမြန်အဆုံးသတ်လိုသည့် အကြောင်းရင်းလည်း ဖြစ်ပါသည်။

သေချာသည်မှာ၊ ချင်ယွင်၏ လက်ရှိ ရုပ်ခန္ဓာကိုယ် ကြံ့ခိုင်မှုအရ အားနည်းသော အခြေအနေသို့ ရောက်ရှိသွားခဲ့လျှင်ပင်၊ အရင်ကလို မလှုပ်ရှားနိုင်တော့သည့် အဖြစ်မျိုးထိ ရောက်မသွားနိုင်ပါဘူး။ အများဆုံး သူ၏ခွန်အားက နည်းနည်းပါးပါး လျော့နည်းသွားရုံသာ ဖြစ်ပါလိမ့်မည်။

ဘန်း…။

ချင်ယွင်သည် နဂါးလက်သီးနှင့် နတ်နဂါးကျောက်စိမ်း တံဆိပ်၏ ကောင်းချီးများကို ဖယ်ရှားလိုက်ရာ သူ၏တစ်ကိုယ်လုံး ပျော့ခွေသွားသလို ခံစားလိုက်ရသည်။

"ဟား….၊ ဟား…၊ ညီငယ်ချင်က ဒီလောက်ထိ အစွမ်းထက်လိမ့်မယ်လို့ ငါ မမျှော်လင့်ထား ဘူး။ ကြည့်ရတာ ငါတို့ မှားယွင်းနေပုံပဲ” မာန်လင်က ရယ်မောပြီး လမ်းလျှောက်လာသည်။

"အစ်ကိုကြီးမာန်က ကျွန်တော့်ကို အရမ်းချီးကျူးနေတာပါ။ ကျွန်တော်က လျှို့ဝှက် ပညာရပ်အချို့ကို အသုံးပြုထားလို့ပါ။ အဲဒီလျှို့ဝှက်ပညာရပ်စွမ်းအား ကုန်ဆုံးသွားတာနဲ့၊ ကျွန်တော်လည်း အချိန်တိုလေးအတွင်း အားနည်းတဲ့အခြေထဲ ဝင်ရောက်သွားမှာပါ။ အဲဒီအချိန်ရောက်ရင်၊ တော်ဝင်တာအိုနယ်ပယ် တတိယအဆင့်ရှိတဲ့ အင်မော်တယ် ဘုရင်ကိုတောင် အနိုင်မယူနိုင်မှာ ကျွန်တော် ကြောက်မိတယ်။ " ချင်ယွင်က ခါးသီးသော အပြုံးဖြင့် ပြောသည်။

"ခွန်အားက ခွန်အားပါပဲကွာ။ မင်းက လီဖုန်းကို အနိုင်ယူနိုင်တယ်ဆိုမှတော့၊ အဲဒါက မင်းရဲ့ခွန်အားပဲပေါ့" အမြဲတမ်း နှုတ်ဆိတ်နေတတ်သည့် လျူဘိုင်က ပြောသည်။

ချင်ယွင်ပင် အနည်းငယ် အံ့သြသွားသည်။ လျူဘိုင်စကားပြောသည်ကို သူ ပထမဆုံး အကြိမ် ကြားလိုက်ခြင်းပင်။ ကြည့်ရသည်မှာ၊ လျူဘိုင်က သူ့ကို အမှန်တကယ် လက်သင့်ခံသွားပုံရသည်။ ယင်းက ချင်ယွင်ကို အရမ်းကို ကျေနပ်သွားစေပြီး သူက ပြောလိုက်သည် "အစ်ကိုလျူက ကျွန်တော့်ကို မြှောက်ပင့်နေပြန်ပါပြီ”။

လျူဘိုင်က ခေါင်းညိတ်ပြီး၊ စကားမပြောတောပေ။

"မောင်လေးချင်၊ မင်းက တကယ်ကို အံ့သြစရာကောင်းတယ်။ လျူဘိုင်က လူတွေကို ဘယ်တော့မှ လွယ်လွယ်နဲ့ မချီးမွမ်းဘူး။ သူ ချီမွှမ်းတဲ့လူတွေ အားလုံးကလည်း သူ့နှလုံးသားထဲမှာ တကယ်ကို အသိအမှတ်ပြုတဲ့ လူတွေချည်းပဲလေ။ တကယ်လို့၊ အနာဂတ်မှာ အစ်မ အခက်အခဲရှိရင် မောင်လေးချင်က ကူညီပေးမှာ မဟုတ်ဘူး၊ ဟုတ်တယ်မလား?" တုချင်းလည်း အပြုံးနှင့်အတူ လျှောက်လှမ်းလာရင်း ခါးထောက်ကာ ကျီစယ်လိုက်သည် ။

ချင်ယွင်သည် ကူကယ်ရာမဲ့ ခေါင်းယမ်းလိုက်မိသည်။ တုကျင်းက သူ့ကို အနိုင်ယူဖို့ ကြိုးစားနေမှန်း သူ သိပါသည်။ သူက အလျင်မြန် ပြောလိုက်သည် "အစ်မတုရဲ့ကိစ္စက ကျွန်တော့်ကိစ္စပဲလေ၊ ကျွန်တော်က ဘာလို့ မကူညီရမှာလဲ?။

ချင်ယွင်၏ စကားကိုကြားတော့ တုကျင်းက ကျေနပ်စွာ ပြုံးပြလိုက်သည်။

လင်းယုသည် ချင်ယွင်ထံသို့ လျှောက်သွားကာ ခါးသီးစွာ ပြုံးရင်း "မင်း ရောက်လာပြီး တဲ့နောက်၊ ငါက အဖွဲ့ထဲမှာ အားနည်းဆုံး အဖွဲ့ဝင် မဟုတ်တော့ဘူး ငါ တွေးထားခဲ့တာ။ ဒါပေမယ့် အခုတော့ ငါပဲ ဖြစ်နေသေးတယ်ဆိုတာ ငါ သိပါပြီ”။

ချင်ယွင်က ပြုံးပြီး လင်းယုကို ပုခုံးပေါ် ပုတ်လိုက်သော်လည်း၊ သူမည် မည်သည့်စကားမှ ပြန်မပြောပါချေ။

ယခုလေးတင်၊ တိုက်ပွဲကြီးတစ်ခုကို ရင်ဆိုင်ထားသောကြောင့်၊ လူတိုင်းသည် ဤနေရာတွင် အနားယူပြီး ပြုပြင်ပြောင်းလဲမှုအချို့ ပြုလုပ်ခဲ့ကြသည်။ ချင်ယွင်သည် သူ၏ အားလပ်ချိန်တွင် ခုနစ်ရောင်ခြယ် ရှေးဟောင်းဆိတ်သုဉ်းခြင်း ကျောက်တုံးကို ထုတ်ယူ လိုက်သည်။

ယခင်က သူ တိုက်ခိုက်ပြီး လုပ်ကြံသတ်ဖြတ်ခြင်း ခံရချိန်မှာ၊ ချင်ယွင်သည် ခုနစ်ရောင် ခြယ် ရှေးဟောင်းဆိတ်သုဉ်းခြင်း ကျောက်တုံးကို သူ၏ ကနဦးစကြဝဠာထဲသို့ စုပ်ယူထား ပြီး ဖြစ်သည်။

ဘန်း….။

ခုနစ်ရောင်ခြယ် ကျောက်တုံး ပေါ်လာသည်နှင့် တပြိုင်နက် ချင်ယွင်သည် ထူးခြားသော စွမ်းအင်ပမာဏ မျာစွာပါ၀င်သည်ဟု ခံစားလိုက်ရသည်။

"ဒီခုနစ်ရောင်ရှိတဲ့ ရှေးဟောင်းဆိတ်သုဉ်းခြင်း ကျောက်တုံးက တော်ဝင်တာအိုဉပဒေသ တွေရဲ့ ကျင့်ကြံမူကို ဘယ်လို မြှင့်တင်ပေးနိုင်လဲဆိုတာ ငါ ကြည့်ချင်မိတယ်။" ချင်ယွင်၏ မျက်လုံးများတွင် စူးစမ်းလိုစိတ်တစ်ခု ပေါ်လာသည်။ ထို့နောက် သူသည် တင်ပျဉ်ခွေ ထိုင်ကာ ကနဦးစကြဝဠာ၏ စုပ်ယူမှုစွမ်းအားကို စုစည်းပြီး ခုနစ်ရောင်ခြယ် ရှေးဟောင်း ဆိတ်သုဉ်းခြင်းကျောက်တုံး၏ စွမ်းအားကို စုပ်ယူရန် စတင်ခဲ့သည်။

ချင်ယွင်က ၎င်းကျောက်တုံးကို စုပ်ယူလိုက်သောအခါ၊ ခုနစ်ရောင်ခြယ် ရှေးဟောင်း ဆိတ်သုဉ်းခြင်းကျောက်တုံးပေါ်ရှိ သက်တံရောင်အလင်းသည် တဖြည်းဖြည်း မှိန်ဖျော့ဖျော့ ဖြစ်လာပြီး၊ နောက်ဆုံးတွင် လေနှင့်အတူ လွင့်ပါသွားသော ဖှုန်အမှုန့်တစ်စုအဖြစ်သို့ ပြောင်းလဲသွားပါသည်။

ဤမြင်ကွင်းကို အခြားလူအနည်းငယ်သာ မြင်တွေ့ခွင့် ရခဲ့ပါသည်။ သူတို့အားလုံး၏ မျက်လုံးများသည် ပြူးကျယ်သွားကာ မယုံကြည်နိုင်သော အရိပ်အယောင်များ ထွက်ပေါ် လာကြသည်။

ယခုအချိန်တွင် ချင်ယွင်သည် သူ၏ပတ်ဝန်းကျင်ရှိ လူလေးဦး၏ တုန်လှုပ် ခြောက်ခြားနေဟန် အကြည့်များကို ဂရုမစိုက်တော့ပေ။ အကြောင်းမှာ ယခုအချိန်တွင် သူသည် အံ့မခန်းအခြေနေထဲတွင် နှစ်မြှုပ်နေပြီ ဖြစ်သောကြောင့် ဖြစ်ပါသည်။

ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ထဲသို့ ခုနစ်ရောင်ခြယ် ရှေးဟောင်းဆိတ်သုဉ်းခြင်း ကျောက်တုံး၏ စွမ်းအင်ကို စုပ်ယူလိုက်ပြီးနောက်တွင်၊ ခုနစ်ရောင်ခြယ် စွမ်းအင်သည် ချင်ယွင်၏ ဦးနှောက်ထဲသို့ ချက်ခြင်း ပျံ့နှံ့ဝင်လာခဲ့သည်။ ထို့နောက် ချင်ယွင်သည် အိပ်မက်ဆန်ဆန် အင်မော်တယ်ကမ္ဘာတစ်ခုတွင် ရှိနေသကဲ့သို့ ခံစားခဲ့ရသည်။

ကမ္ဘာတစ်ခုလုံးသည် အရောင်ခုနစ်ရောင်ဖြင့် ပြည့်နှက်နေသည်။ ဤအရောင် ခုနစ်ရောင်စလုံးကို စကြဝဠာတစ်ခုလုံး၏ နိယာမများ၊ ဉပဒေသများဖြင့် လုံးလုံးလျားလျား ဖွဲ့စည်းထားပြီး ချင်ယွင်သည် ၎င်းတို့ထဲတွင် နှစ်မြှုပ်နေပုံရသည်။ လေစွမ်းရည် တော်ဝင်တာအိုဉပဒေသများသည် သူ၏စိတ်ထဲတွင် တစ်ခုပြီးတစ်ခု စိမ့်ဝင်လာခဲ့သည်။

ထိုအခြေနေမျိုးဖြင့်ပင်၊ ချင်ယွင်သည် အမွှေးတိုင်တစ်တိုင် ထွန်းညှိချိန်အပြည့် ဤအံ့သြဖွယ်ကောင်းသော အခြေအနေထဲတွင် သူ့ကိုယ်သူ နှစ်မြှုပ်နေခဲ့သည်။ ချင်ယွင်သည် သူ၏အသိအာရုံများ ပြန်ရလာစဉ်မှာ၊ သူသည် သူ၏ တော်ဝင်တာအို ဉပဒေသ သုံးခုစလုံး အဆင့်ချိုးဖြတ်သွားသည်ကို တွေ့ရှိလိုက်ရပါသည်။

လျှပ်တပြက်ခန္ဓာကိုယ်တော်ဝင်တာအို ဉပဒေသသည် ပဉ္စမအဆင့်အထိ ချိုးဖြတ်သွား ခဲ့ပြီး၊ အကန့်သတ်မဲ့အသွင်ပြောင်းခြင်း တော်ဝင်တာအိုဉပဒေသသည် တော်ဝင်တာအို နယ်ပယ်၏ ဆဋ္ဌမအဆင့်အထိ ချိုးဖြတ်ဝင်ရောက်သွားခဲ့သည်။ ရှေးဟောင်းဖရိုဖရဲ တော်ဝင်တာအိုဉပဒေသဆိုလျှင်၊ တော်ဝင်တာအို နယ်ပယ်၏ သတ္တမအဆင့်အထိ ချိုးဖြတ်သွားခဲ့ခြင်း ဖြစ်သည်။

အမွှေးတိုင်တစ်ချောင်း ထွန်းညှိချိန်ဆိုသည့် ဤတိုတောင်းလှသော အချိန်လေးအတွင်း၊ ချင်ယွင်၏ စွမ်းရည်သုံးပါးစလုံးသည် အဆင့်တစ်ခုသို့ ချိုးဖြတ်သွားခဲ့ပါသည်။

"ဒီခုနစ်ရောင်ခြယ် ရှေးဟောင်းဆိတ်သုဉ်းခြင်း ကျောက်တုံးတွေက အဆင့်ခြောက် အင်မော်တယ်ဆေးလုံးနှင့် ယှဉ်နိုင်တာက အံ့ဩစရာ မဟုတ်ဘူးပဲ။ အခုလို ကြောက်မက်ဖွယ်ကောင်းတဲ့ အကျိုးသက်ရောက်မှုက ကောင်းကင်ဘုံကို အန်တုနိုင်တယ် ဆိုနိုင်တယ်။" ချင်ယွင်က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ တစ်ချိန်တည်းမှာပင်၊ သူသည် သူ၏ တော်ဝင်တာအိုဉပဒေသများ မြင့်မားသော အဆင့်သို့ မရောက်ခင်အထိ၊ နောက်ထပ် ခုနစ်ရောင်ခြယ် ရှေးဟောင်းဆိတ်သုဉ်းခြင်း ကျောက်တုံးအချို့ကို ထပ်မံ ရရှိအောင် ရှာဖွေရန် လျှို့ဝှက်စွာ ဆုံးဖြတ်လိုက်သည်။

အကယ်၍၊ မာန်လင်နှင့် အခြားသူများသည် ချင်ယွင်၏ အကြံအစည်များကို သိရှိခဲ့ပါလျှင်၊ သူတို့သည့် ဒေါသအထွက်လွန်းပြီး သွေးအန်နေပေလိမ့်မည်။

ရှေးဟောင်းဆိတ်သုဉ်းခြင်း ကျောက်တုံးများကို ရှာတွေ့နိုင်ခဲ့ခြင်းကပင် သူတို့အတွက် အလွန်ကောင်းမွန်နေပြီ ဖြစ်သည်။ တစ်ခါတလေ၊ သူတို့ ကံကောင်းနေလျှင်၊ သူတို့သည် တစ်ရက်တစ်တုံး ရှာတွေ့ကြသည်။ အကယ်၍၊ သူတို့ ကံမကောင်းဘူးဆိုလျှင်၊ ဆယ်ရက် လောက် ရှာလျှင်ပင်၊ သူတို့အနေဖြင့် ရှေးဟောင်းဆိတ်သုဉ်းခြင်းကျောက်တုံး တစ်တုံးကို ရှာတွေ့ကောင်းမှ ရှာတွေ့ပါလိမ့်မည်။ ရှားပါးလှသော ခုနစ်ရောင်ခြယ် ရှေးဟောင်း ဆိတ်သုဉ်းခြင်းကျောက်တုံးဆိုလျှင် စကားထဲပင် ထည့်ပြောစရာ မလိုပါချေ။

ချင်ယွင်နှင့် အခြားသူများသည် တစ်နေရာတည်းတွင် အနားယူနေကြစဉ် ချင်ယွင်၏ တွန်းလှန်ခြင်းကို ခံခဲ့ရသော ကျားဖြူနှင့် အခြားသူများသည် တောင်ကုန်း တစ်ခုပေါ်တွင် စုရုံးရောက်ရှိနေကြပြီး၊ ၎င်းတို့၏ မျက်လုံးများသည် ရက်စက်ခြင်းများဖြင့် ပြည့်နှက်နေသည်။

"အစ်ကိုကြီး၊ ငါတို့ ဒီကိစ္စကို အလွှတ်ပေးလို့ မရဘူးနော်။ စတုတ္ထညီ အသတ်ခံရတာကို ငါတို့ သည်းမခံနိုင်ဘူး။" လူငယ်လေးသည် လက်သီးများကို တင်းတင်းဆုပ်ကာ ပြောလိုက် သည်။

"မှန်တယ် အစ်ကိုကြီး။ ဒီကောင့်မှာ ခုနစ်ရောင်ခြယ် ရှေးဟောင်း ဆိတ်သုဉ်းခြင်း ကျောက်တုံး ရှိနေတယ်။ သူနဲ့ဆိုရင်၊ အစ်ကိုကြီးက တော်ဝင်တာအိုဉပဒေသတွေရဲ့ စစ်မှန်တဲ့ ပြီးပြည့်စုံမှုကို ရရှိနိုင်လိမ့်မယ်။ အဲဒီအချိန်ရောင်ရင်၊ အစ်ကိုကြီးလည်း ငါတို့ တပ်မှူးတွေထဲမှာ သေချာပေါက် နံပါတ်တစ်လူ ဖြစ်လာလိမ့်မယ်။" နောက်လူငယ် တစ်ယောက်က နောက်ကနေ ထောက်ခံပေးသည်။

ဆံပင်ဖြူနှင့် လူငယ်သည် ထိုစကားကိုကြားသောအခါ သူ၏မျက်ခုံးများသည် တင်းကျပ်စွာ တွန့်သွားခဲ့သည်။ သူ၏မျက်လုံးများသည် အေးစက်မူနှင့်အတူ တဖျပ်ဖျပ် ပုတ်ခတ်နေသည်။ ထင်ရှားသည်မှာ၊ သူသည်လည်း ခုနစ်ရောင်ခြယ် ရှေးဟောင်း ဆိတ်သုဉ်းခြင်း ကျောက်တုံးကို လိုချင်နေခဲ့ပါသည်။

All Chapters