← Chapters

အခန်း ၉၀၉

Vol. 61 Ch. 909

အခန်း ၉၀၉

Vol. 61 Ch. 909

အခန်း (၉၀၉) ဝိုင်းရံခံရခြင်း။

"ဟား…၊ ဟား…၊ ကောင်းပြီလေ၊ ဒါဆိုလည်း ညီလေးချင်က ဒီရှေးဟောင်းပျက်စီးနယ်မြေ ကို ရှာဖွေဖို့ ငါတို့နဲ့ လိုက်ခဲ့ပါ။" မာန်လင်က ချင်ယွင်၏ ပခုံးကို ပုတ်ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ချင်ယွင်အပေါ် သူ၏ အသိအမှတ်ပြုမှုသည် ပိုမိုနက်ရှိုင်းလာသည်မှာ ထင်ရှားသည်။

ချင်ယွင်သည် သူ၏စိတ်ထဲတွင် အလွန်ပျော်ရွှင်နေခဲ့သည်။ အမှန်အတိုင်းပြောရလျှင် မာန်လင်နှင့် အခြားသူများသည် သူ့အား ခံစားချက်ကောင်းများ ပေးခဲ့ကြပြီး၊ ချင်ယွင်သည် သူတို့နှင့် မိတ်ဖွဲ့ရသည့်အတွက် ပျော်ရွှင်နေပါသည်။

"အစ်ကိုကြီးမာန်၊ ဒီရှေးဟောင်းအပျက်အစီးနယ်မြေရဲ့သော့ကို ကျွန်တော့်ကို ပြပေးနိုင်မ လား?" ချင်ယွင်က မာန်လင်ကို ပြောသည် ။

"သေချာပေါက် ရတာပေါ့။ ယူကြည့်ပါ” မာန်လင်က ရှေးဟောင်းအပျက်အစီးနယ်မြေ သော့ကို ချင်ယွင်အား ပြတ်သားစွာ ပေးခဲ့သည်။

ချင်ယွင်သည် ရှေးဟောင်းအပျက်အစီးနယ်မြေသော့ကို ယူလိုက်ပြီး ၎င်းထံမှ ပြင်းထန်သော ရှေးဟောင်း အငွေ့အသက်ကို ချက်ချင်း ခံစားလိုက်ရသည်။ ၎င်းပေါ်တွင် ရှိနေသော ရှေးဟောင်းအက္ခရာများကို ထည့်တွက်ခြင်းဖြင့် ဤဟက်ဇဂရမ်ကဲ့သို့သော ရှေးဟောင်း အပျက်အစီးနယ်မြေသော့သည် ရှေးခေတ်ကတည်းက ကျန်ရစ်ခဲ့ကြောင်း ထင်ရှားပါသည်။

ချင်ယွင်သည် အချိန်တော်ကြာအောင် စူးစိုက်ကြည့်လိုက်ပြီး ရှေးဟောင်းအပျက်အစီး နယ်မြေသော့နှင့်ပတ်သက်၍၊ မည်သည့်ထူးခြားမူမှ မတွေ့ရသည့်အတွက် ရှေးဟောင်း အပျက်အစီးနယ်မြေသော့ကို မာန်လင်သို့ ပြန်ပေးရန် ဆုံးဖြတ်လိုက်သည်။

သို့သော် ဤအခိုက်အတန့်တွင်၊ ရှေးဟောင်းအပျက်အစီး နယ်မြေသော့သည် သူတို့ ရှေ့မှာပင် အလင်းရောင်နှင့်အရိပ်ပုံသဏ္ဍာန်တစ်ခုအသွင် တောက်ပသောအလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။

“ဘာတွေဖြစ်နေတာလဲ…”

ရုတ်တရတ် လူအားလုံးသည် စုစည်းလာကြပြီး၊ အလင်းရောင်နှင့်အရိပ်ပုံသဏ္ဍာန်ကို ကြည့်ရူကြသည်။

အလင်းရောင်နှင့်အရိပ်ပုံသဏ္ဍာန်သည် တောင်တန်းတစ်ခု ဖြစ်သည်။ တောင်တန်း၏ မြေမျက်နှာသွင်ပြင်သည် ဆိတ်သုဉ်းခြင်းရှေးဟောင်းတောင်တန်း စစ်မြေပြင်နှင့် အလွန် ဆင်တူသည်။

"ဒါက ရှေးဟောင်းအပျက်အစီးနယ်မြေရဲ့ မြေပုံတစ်ခု မဟုတ်နိုင်ဘူးလား" လင်းယုက မျက်လုံးကို ပြူးကျယ်စွာ ဖွင့်ကာ ပြောလိုက်သည်။

"ဒီနေရာကို ငါ သိတယ်။ ငါ အရင်တုန်းက နတ်ဘုရားပြုတ်ကျခြင်းချောက်နက်ကြီးကို ရောက်ဖူးတယ်။" တုကျင်းက အလင်းပုံစံကို တခဏကြာအောင် စူးစိုက်ကြည့်ပြီးနောက် ပြောလိုက်သည်။

"အယ်..။ ဒါက တကယ်ပဲ နတ်ဘုရားပြုတ်ကျခြင်း ချောက်နက်ကြီးပဲ။ ရှေးဟောင်း အပျက်အစီးနယ်မြေဆီ ဝင်ပေါက်က နတ်ဘုရားပြုတ်ကျခြင်းချောက်နက်ကြီးထဲမှာ ရှိနေလို့များလား?။" တုကျင်း ပြောသည်ကို မာန်လင်ကြားသောအခါ၊ သူသည် အလင်းရောင်နှင့်အရိပ်ပုံသဏ္ဍာန်ကို ကြည့်ပြီး အံ့သြစွာ ပြောလိုက်သည်။

"ကြည့်ရတာ၊ ဒီနေရာဟာ ရှေးဟောင်းအပျက်အစီးနယ်မြေရဲ့ နေရာဖြစ်သင့်တယ်။ နတ်ဘုရားပြုတ်ကျခြင်း ချောက်နက်ကြီးက ဘယ်မှာလဲ?" ချင်ယွင်က မေးသည်။

"ဒီနတ်ဘုရားပြုတ်ကျခြင်း ချောက်နက်ကြီးက ဆိတ်သုဉ်းခြင်း ရှေးဟောင်းတောင်တန်း စစ်မြေပြင်၏ အလယ်မှာ ရှိတယ်။ အခု သွားကြမလား?" လင်းယုက ပြောသည်။

"သွားကြရအောင်။ သွားကြည့်ရအောင်။ ဒီနတ်ဘုရားပြုတ်ကျခြင်းချောက်နက်ကြီးက ရှေးဟောင်းအပျက်အစီးနယ်မြေဆီ ဝင်ပေါက်ဖြစ်နိုင်ချေ အရမ်းများပါတယ်။" မာန်လင်က ပြောသည်။

ချင်ယွင်နှင့် အခြားသူများသည် ခေါင်းညိတ် သဘောတူကြပြီး နတ်ဘုရားပြုတ်ကျခြင်း ချောက်နက်ကြီး သို့သွားရန် ပြင်ဆင်ကြသည်။

သို့သော်လည်း မာန်လင်သည် ရှေးဟောင်းအပျက်အစီးနယ်မြေသော့ကို ဖယ်ရှားလိုက်ရုံ ပင်ရှိသေး၊ အဝေးမှ ကြောက်စရာကောင်းသော အသံတွေက ထွက်ပေါ်လာသည်။

“မကောင်းတော့ဘူး”။

မာန်လင်က အခြေအနေ မကောင်းကြောင်း ချက်ချင်း သိလိုက်ပြီး၊ ကမန်းကတန်း အော်လိုက်သည်။ ထို့နောက်၊ သူတို့ငါးယောက် ဘေးနားကို ပြေးသွားကြပါသည်။

“ဘုန်း..”

ချင်ယွင်နှင့် အခြားလူများ ဘေးအနားသို့ ပျံသန်းသွားစဉ်တွင် ကြီးမားသော ဓားအလင်းတန်းတစ်ခု ကောင်းကင်မှ ဆင်းသက်လာခဲ့သည်။ ချင်ယွင်နှင့် အခြားလူများ အစောပိုင်းက မတ်တပ်ရပ်နေသည့်နေရာတွင် ကြီးမားသော တွင်းနက်ကြီးတစ်ခု ကျန်ရစ်ခဲ့သည်။

ဤလျှိုမြောင်နက်ကြီးသည် မီတာပေါင်းများစွာ နက်ရှိုင်းပြီး ၎င်း၏အရှည်သည် ပေတစ်ရာကျော်ရှည်ပြီး၊ ပို၍လည်း ကြောက်စရာကောင်းသည်။ ချင်ယွင်နှင့် အခြားသူများ ရပ်နေသည့် တောင်ကုန်းငယ်လေးသည် ဓါးတစ်ချက်တည်းဖြင့် နှစ်ပိုင်းကွဲသွားခဲ့သည်။

"ဟား…၊ ဟား….၊ မင်းတို့ ထွက်သွားချင်သေးလား?။ မင်းတို့က ထွက်သွားလို့ရော ရနိုင်မှာလား?"

တစ်ချိန်တည်းမှာပင်၊ အဝေးကောင်းကင်မှ ကျယ်လောင်သော ရယ်မောသံများ ထွက်ပေါ်လာပြီးနောက် ချင်ယွင်နှင့် အခြားလူများရှေ့တွင် ပေါ်လာသည်။

"ယုကျန်း..၊ မင်းပါလား?။ မာန်လင်သည် သူ၏မျက်လုံးများတွင် နိုးကြားသတိထားသည့် အရိပ်အယောင်ဖြင့် ထိုပေါ်လာသူကို ချက်ချင်း ကြည့်လိုက်သည်။

ချင်ယွင်သည် အဝေးကောင်းကင်ယံမှ ပုံရိပ်ကို ကြည့်လိုက်သည်။ သူ၏မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားကာ၊ ပြင်းထန်သော အန္တရာယ်အငွေ့အသက် ခံစားမှုက သူ၏ နှလုံးသားထဲသို့ တိုးဝင်လာခဲ့သည်။

"ဟား….၊ ဟား…၊ ငါပဲပေါ့။ ဒါပေမယ့် ငါတစ်ယောက်တည်းတော့ မဟုတ်ဘူးနော်”။ ယုကျန်းက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏နောက်ကွယ်က လေဟာနယ်ကို ကျယ်လောင်စွာ အော်ပြောလိုက်သည် "ထွက်လာခဲ့တော့”။

ယုကျန်း၏ စကားကိုကြားတော့ မာန်လင်နှင့် အခြားသူများ အံ့ဩသွားကြသည်။

သို့သော်၊ ယုကျန်း စကားပြီးပြီးချင်းတွင် လူရှစ်ဦးသည် လေဟာနယ်ထဲမှ ထွက်လာကြပြီး၊ ချင်ယွင်နှင့် အခြားလူများကို လမ်းကြောင်းရှစ်ခုမှ ဝိုင်းရံကာ လမ်းကြောင်းအားလုံးကို ပိတ်ဆို့လိုက်သည်။

မာန်လင်နှင့် တခြားလူများသည် ဤရုပ်အသွင်ပြင်ရှစ်ခုကို တွေ့လိုက်ရသောအခါ၊ သူတို့၏ မျက်ခုံးတွေက တင်းတင်းကျပ်ကျပ် တွန့်သွားကြပါသည်။

ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် အေးစက်သွားကာ သူ၏အမူအရာက လေးနက်လာသည်။

"မာန်လင်၊ ငါတို့ မကြာခင် ​ဆုံနိုင်​မယ်​လို့ ငါ မ​မျှော်​လင့်​ထားခဲ့ဘူး" ကျားဖြူက မာန်လင်ကို ကြည့်ပြီး ရယ်မောကာ သူ၏မျက်လုံးများက ရွှင်မြူးမှုဖြင့် ပြည့်နေသည်။

"ယုကျန်း၊ မင်းက တကယ်ပဲ ကိုယ့်ဘက်သားအချင်းချင်းကို ရင်ဆိုင်ဖို့ အဖြူရောင်အဖွဲ့က လူတွေနဲ့ ပူးပေါင်းခဲ့တာပေါ့။ စစ်သူကြီးနဲ့ တခြားလူတွေ ဒီကိစ္စကို ရှာတွေ့သွားမှာ မင်း မကြောက်ဘူးလား" မာန်လင်သည် ချက်ချင်းပင် ကောင်းကင်ယံရှိ ယုကျန်းကို လက်ညှိုး ထိုးပြပြီး အော်ပြောလိုက်သည်။ သူ၏မျက်လုံးများသည် ပြင်းထန်သော ဒေါသများဖြင့် ပြည့်နှက်နေသည်။

"ဟား…၊ ဟား….၊ မင်းတို့အားလုံးကို ငါ သတ်လိုက်တာနဲ့ ဒီဆိတ်သုဉ်းခြင်း ရှေးဟောင်း တောင်တန်းစစ်မြေပြင်မှာ ဘယ်သူက သိဦးမှာလဲ?။ မင်းတို့ဟာ အဖြူရောင်အဖွဲ့ရဲ့ သတ်ဖြတ်ခြင်း ခံလိုက်ရပြီး၊ ငါတို့နဲ့ ဘာမှမဆိုင်ဘူးလို့ပဲ ထင်ကြလိမ့်မယ်။" ယုကျန်းက ကျယ်လောင်စွာ ရယ်မောပြီး မာန်လင်ကို ဆော့ကစားလိုသော အမူအရာဖြင့် ကြည့်လိုက် သည်။

"မင်းက စက်ဆုပ်ဖွယ်ကောင်းပြီး အရှက်မရှိတဲ့လူပဲ” လင်းယုလည်း ယုကျန်းကို လက်ညိုး ထိုးပြပြီး ကျယ်လောင်စွာ ကျိန်ဆဲလိုက်သည်။

"ကျိန်ဆဲပါ၊ ကျိန်ဆဲကြပါ။ မင်းတို့ ဘယ်လိုပဲ ကျိန်ဆဲနေပါစေ၊ ဒီနေ့ မင်းတို့ ဒီနေရာမှာ သေရလိမ့်မယ်" ယုကျန်းက ရယ်ကျဲကျဲ အမူအရာဖြင့် ပြောလိုက်ပြီး၊ တိတ်ဆိတ် ငြိမ်သက်နေသော ချင်ယွင်ဘက်ကို လှည့်ကြည့်လိုက်ပါသည်။

"ချာတိတ်လေး၊ ငါ မင်းကို အရင်တုန်းက ပြောခဲ့ဖူးပါတယ်။ ငါ ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ မင်းကို သိခွင့်ပေးမယ်လို့။ အခု မင်း သိသင့်ပါပြီ။ မင်း ဒူးထောက်ပြီး ငါ့ကို အဘိုးလို့ သုံးခါခေါ်ရင်၊ ငါ မင်းကို အလောင်းနဲ့ထားပေးခဲ့ဖို့ စဉ်းစားပေးမယ်" ယုကျန်းက ချင်ယွင်ကို လှောင်ပြောင်ပြောသည်။

ထိုစကားကို ကြားလိုက်ရလျှင်၊ ချင်ယွင်က အေးစက်စက် ပြုံးလိုက်ပါသည်။

ယုကျန်းသည် လူရှစ်ယောက်ကို ချက်ချင်း ခေါ်ဆောင်လာခဲ့သည်။ ၎င်းတို့ထဲတွင်၊ တော်ဝင်တာအိုနယ်ပယ်၏ အဆင့် ၁၀ ရှိသူ ကျွမ်းကျင်ပညာရှင်တစ်ဦးမှ လွဲ၍၊ ကျန်ခြောက်ယောက်သည် တော်ဝင်တာအိုနယ်ပယ်၏ အဆင့် ၁၁ တွင် ရှိနေကြသည်။ ထို့အပြင်၊ ကျားဖြူနှင့် ယုကျန်းတို့သည် တော်ဝင်တာအိုနယ်ပယ်၏ အဆင့် ၁၂ တွင် ရှိနေကြသည်။ သူသည် သူတို့ကို အမှန်တကယ် ရင်မဆိုင်နိုင်ပါ။

ဟုတ်ပါသည်၊ ချင်ယွင်ကို ဒူးထောက် တောင်းပန်ပြီး သနားညှာတာပေးရန် တောင်းပန် ခိုင်းခြင်းကတော့၊ သူသည် ချင်ယွင်ကို လျှော့တွက်လွန်းရာ ကျပါသည်။

"မြေးကောင်းလေး၊ မင်းက ငါ့ကို အဘိုးလို့ ခေါ်သင့်တယ်လို့ ငါထင်တယ်" ချင်ယွင်က အေးစက်သော အပြုံးဖြင့် ပြောသည်။ သူ၏လေသံမှာလည်း ဝင့်ကြွားမူ အပြည့်ရှိနေသည်။

ချင်ယွင်က ထိုစကားကို ပြောပြီးပြီးချင်း၊ သူသည် သူတို့လေးယောက်ကို စိတ်ဝိညာဉ်ဖြင့် သတင်းစား ပို့လိုက်သည် "အစ်ကိုကြီးမာန်၊ အစ်မကြီးတု အစ်ကိုကြီးလျူနဲ့ အစ်ကိုကြီး လင်းယုတို့, တိုက်ပွဲစတဲ့အခါ၊ သူတို့ကို ကျွန်တော် ထိန်းထားမယ်။ ဒီအခွင့်အရေးကို အရယူပြီး ထွက်ပြေးကြပါ"

"မင်း ရူးနေလား?၊ သူတို့ ကိုးယောက်ကို မင်းတစ်ယောက်တည်း ထိန်းချုပ်ထားနိုင်မှာ လား?။ ဒီလိုဆို မင်း သေသွားမှာပေါ့" တုကျင်း၏ စိတ်လှုပ်ရှားနေသော အသံသည် ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။

"ညီငယ်ချင်၊ ငါတို့က မင်းကို တစ်ယောက်တည်း သေချာပေါက် မထားခဲ့နိုင်ဘူး”။ မာန်လင်ကလည်း စိတ်ဝိညာဉ်ဖြင့် သတင်းစကား ပို့လိုက်သည်။

"မှန်တယ်။ ငါတို့က မင်းကို တစ်ယောက်တည်း ထားခဲ့မှာ မဟုတ်ဘူး။ ငါတို့က မင်းကို ထားခဲ့ပြီး သေချာပေါက် ကိုယ်လွှတ် ရုန်းပြေးကြမှာ မဟုတ်ဘူး" လင်းယုက စိတ်လှုပ်ရှားစွာ ပြောသည်။

"အတူတူသေကြတာပေါ့” လျူဘိုင်တောင်မှ စိတ်ပိုင်းဆိုင်ရာ ပို့လာသည်။

"အကိုကြီး မာန်၊ ကျွန်တော့်စကားကို နားထောင်ပါ။ စိတ်မပူပါနဲ့၊ အစ်ကိုကြီးတို့ကို အရင်ဆုံး ထွက်သွားဖို့ ကျွန်တော် ပြောခဲ့မှတော့၊ အစ်ကိုကြီးတို့ လွတ်မြောက်သွားတာနဲ့၊ ကျွန်တော်မှာ လွတ်မြောက်ဖို့ နည်းလမ်းတစ်ခု သေချာပေါက် ရှိနေလို့ပေါ့။ သူတို့က ကျွန်တော် ဘာမှ မလုပ်နိုင်ပါဘူး။ တကယ်လို့၊ အစ်ကိုကြီးတို့ ကျန်နေဦးမယ်ဆိုရင်၊ မလိုအပ်ဘဲ အဓိပ္ပါယ်မဲ့ စွန့်လွှတ်အနစ်နာခံမှုတွေပဲ ဖြစ်သွားလိမ့်မယ်။" ချင်ယွင်က ကမန်းကတန်း ရှင်းပြသည်။

"တကယ်လား?" မာန်လင်က အသံဖြင့် လှမ်းမေးသည်။

"တကယ်ပါ" ချင်ယွင်က ပြတ်ပြတ်သားသား ပြန်ပြောသည်။

"ကောင်းပြီလေ၊ အဲဒါဆို ငါတို့ သဘောတူမယ်။ ဒါပေမယ့်၊ မင်း အန္တရာယ် တစ်ခုခု ကြုံလာခဲ့ရင် ငါတို့ ဆက်နေဖို့ သေချာပေါက် ရွေးချယ်ရလိမ့်မယ်" မာန်လင်က ပြတ်ပြတ်သားသား ပြန်ပြောသည်။

"ကောင်းပြီ” ချင်ယွင်က ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။

ချင်ယွင်၏စကားကို ကြားတော့ သူတို့သုံးယောက်လည်း ချင်ယွင်၏ ဆုံးဖြတ်ချက်ကို သဘောတူခဲ့ကြသည်။

ချင်ယွင်နှင့် အခြားသူများသည် အစီအစဉ်ကို ဆွေးနွေးနေကြစဉ် ကောင်းကင်ယံရှိ ယုကျန်း၏ မျက်လုံးများသည် ပြင်းထန်သော ဒေါသများဖြင့် ထွက်ပေါ်လာနေပြီ။ ဤချင်ယွင်သည် သူ၏နှလုံးသားထဲတွင် သတ်ဖြတ်လိုသည့်ဆန္ဒကို ချက်ချင်း ဖြစ်ပေါ်လာ စေသည့် နားခံရခက်သော စကားမျိုးကို အမှန်တကယ် ပြောဆိုခဲ့ပြီး၊ သူသည် ယခုရပ်နေသည့်နေရာမှာပင် အမှန်တကယ် သေဆုံးသွားသင့်ပြီ။

"ကောင်းပြီလေ၊ မင်းပါးစပ်ကို ဘယ်လောက်ကြာကြာ ဖွင့်ထားနိုင်မလဲဆိုတာ ငါ ကြည့်ချင်မိတယ်။ သွားတော့..”။ ယုကျန်းက အေးစက်စွာ အော်ဟစ်လိုက်ပြီး ကျန်ရှစ်ယောက်ကို အော်ပြောလိုက်သည် ။

ယုကျန်း၏ အမိန့်ကို ကြားသောအခါ၊ သူတို့ရှစ်ယောက်သည် ချင်ယွင်နှင့် အခြားလူများ ဆီသို့ ပြေးသွားကြသည်။

All Chapters