အခန်း ၉၁၀
Vol. 61 Ch. 910
အခန်း (၉၁၀) ကိုယ့်ကိစ္စကို တာဝန်ယူခြင်း။
ဝှီး…။
အရပ်မျက်နှာအသီးသီးမှ ရုပ်အသွင်ရှစ်ခုသည် တစ်ယောက်ပြီးတစ်ယောက် တဟုန်ထိုး ပျံသန်းလာကြပြီး၊ ချင်ယွင်နှင့် အခြားငါးယောက်ကို တစ်ယောက်ချင်းစီ ပြင်းပြင်းထန်ထန် စတင် တိုက်ခိုက်ကြသည်။
သဘာဝအတိုင်း၊ ချင်ယွင်သည်လည်း တော်ဝင်တာအိုနယ်ပယ်၏ အဆင့် ၁၁ ရှိ အင်မော်တယ်ဘုရင်တစ်ဦး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ဤလူသည် အနက်ရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော လူကြီးတစ်ယောက် ဖြစ်သည်။
ဤလူသည် ချင်ယွင်ကို အလွန် အထင်သေးနေပုံရသည်။ အမှန်တကယ်လည်း သူသည် မည်သည့် သိုင်းပညာရပ်ကိုမျှ အသုံးမပြုဘဲ၊ ချင်ယွင်ကို ချေမှုန်းပစ်ရန်အတွက် သူ၏ အစွမ်းထက်သော ခွန်အားကိုပင် တိုက်ရိုက် အားကိုးခဲ့သည်။
ဤမြင်ကွင်းကို ချင်ယွင် မြင်သောအခါ၊ သူ၏မျက်လုံးထဲတွင် အပြုံးရိပ်တစ်ခု ပေါ်လာပါသည်။
ဤသည်မှာ သူလိုချင်သည့် အခွင့်အရေးကောင်းတစ်ခု ဖြစ်သည်။ ထို့ကြောင့်၊ ချင်ယွင်သည် နတ်နဂါးကျောက်စိမ်းတံဆိပ်နှင့် အင်မော်တယ်ဘုရင်ကိုယ်ပွားတို့ကို တိုက်ရိုက် အသက်သွင်းလိုက်ပြီး၊ အင်မော်တယ်ဘုရင် ကိုယ်ပွားသုံးခုက သူ့ကို ချက်ချင်း ကောင်းချီးပေးလာခဲ့သည်။
တစ်ချိန်တည်းမှာပင် မြူနှင်းချောက်နက်ဓားသည် ချင်ယွင်၏လက်ထဲတွင် ပေါ်လာပါ သည်။
"လေထုကာစီးခြင်းဓားသိုင်းရဲ့ တတိယဓားချက် ကောင်းကင်ဘုံ ထိုးဖောက်ခြင်း” ချင်ယွင်သည် သူ၏စိတ်ထဲတွင် တိုးညှင်းစွာ ဟစ်ကြွေးလိုက်ပြီး၊ သူ၏လက်ထဲမှ မြူနှင်းချောက်နက်ဓားသည် ချက်ချင်းဆိုသလို ကြောက်မက်ဖွယ် ဓားအလင်းအဖြစ် ပြောင်းလဲသွားခဲ့ပါသည်။
“ဖူး…”။
တော်ဝင်တာအိုနယ်ပယ်၏ အဆင့် ၁၁ ရှိ ထိုအင်မော်တယ်ဘုရင်သည် မတုံ့ပြန်ခင်မှာ၊ ချင်ယွင်၏ ဓားချက်က ထက်ဝက်ပိုင်းဖြတ်သွားခဲ့ပြီး၊ သူ၏အသက်လည်း ဆုံးရှုံးသွားခဲ့ရ သည်။
မသေဆုံးမီတွင် ထိုအင်မော်တယ်ဘုရင်သည် မယုံကြည်နိုင်ဟန် အမူအရာကို ထုတ်ဖော် သွားသေး၏။ သူ၏မျက်လုံးထဲတွင် လက်သီးချက်တစ်ချက်ကိုပင် ခံနိုင်ရည်ရှိမည် မဟုတ်သော ဤကောင်လေးသည် ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားဖြင့် ရုတ်တရက် ပေါက်ကွဲထွက်လာမည်ဟု မည်သည့်အခါမှ မထင်ထားခဲ့ပေ။
သေချာသည်မှာ၊ သူ ယခုလို မြန်မြန်ဆန်ဆန် သေသွားရသည့် အကြောင်းရင်းကတော့ သူသည် ချင်ယွင်ကို လျှော့တွက်လွန်းသောကြောင့် ဖြစ်ပါသည်။
ဤအင်မော်တယ်ဘုရင်ကို ဓားတစ်ချက်ဖြင့် ခုတ်ပိုင်း၍ သတ်ဖြတ်ပြီးနောက်၊ ချင်ယွင်သည် ရပ်တန့်နေခြင်း မရှိခဲ့ပေ။ ယင်းအစား သူသည် အားနည်းဆုံး တော်ဝင် တာအိုနယ်ပယ်၏ အဆင့် ၁၀ ရှိ အင်မော်တယ်ဘုရင်ဆီသို့ ပြေးသွားခဲ့သည်။
“ဖူး…”။
ချင်ယွင်သည် အားနည်းဆုံးဖြစ်သော တော်ဝင်တာအိုနယ်ပယ်၏ အဆင့် ၁၀ ရှိ အင်မော်တယ်ဘုရင်၏ ရှေ့တွင် ချက်ချင်းဆိုသလို ပေါ်လာပြီး၊ သူ၏ဓားကို ခုတ်ပိုင်းလိုက် သည်နှင့် ထိုအင်မော်တယ်ဘုရင်လည်း ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။
ချင်ယွင် လိုချင်သည့်အရာကလည်း ယခုလို သတိပေါ့လျော့နေသည့် အချိန်အခါမျိုး ဖြစ်သည်။ အခြားတဖက်အဖွဲ့မှာ လူအင်အား အများပြားရှိနေသည်။ ထို့ကြောင့်၊ သူသည် အနည်းငယ်ကို အရင်ဆုံး ဖြေရှင်းထားရမည်။ ထို့အပြင်၊ သူသည် အားနည်းသူတွေကို တိုက်ခဲ့ရမည်။ ထို့ကြောင့်သာ၊ လင်းယုကို တိုက်ခိုက်နေသော ထိုအင်မော်တယ်ဘုရင်သည် ချင်ယွင်ကို တုံ့ပြန်နိုင်ခြင်း မပြုမီ သေဆုံးသွားခဲ့ရသည်။
သို့သော်၊ ချင်ယွင်၏ ရည်ရွယ်ချက်ပန်းတိုင်ကို အခြားတဖက်က အလျင်အမြန် ရှာတွေ့ သွားခဲ့သည်။ အခြားသော တော်ဝင်တာအိုနယ်ပယ်၏ အဆင့် ၁၁ ရှိ အင်မော်တယ်ဘုရင် နှစ်ယောက်သည် ချင်ယွင်ဆီသို့ တစ်ယောက်ပြီးတစ်ယောက် ပြေးလာကြသည်။
ဤမြင်ကွင်းကို ချင်ယွင် မြင်သောအခါ၊ သူ၏မျက်လုံးထဲတွင် အပြုံးရိပ်တစ်ချက် ပေါ်လာပါသည်။
ဤအင်မော်တယ်ဘုရင်နှစ်ပါး ရောက်လာသောအခါ၊ တုကျင်းနှင့် လျူဘိုင်တို့၏ ဖိအားများသည် ရုတ်ခြည်း လျော့ကျသွားခဲ့သည်။
“ချွင်…၊ ချွင်..”
ချင်ယွင်သည် သူတို့နှစ်ဦး၏ တိုက်ခိုက်မှုများကို နှစ်ယောက် တစ်ယောက်အနေဖြင့် ဆက်လက် ရင်ဆိုင်ခဲ့သည်။
ချင်ယွင်သည် တော်ဝင်တာအိုနယ်ပယ်၏ အဆင့် ၁၁ ရှိ အင်မော်တယ်ဘုရင်နှစ်ပါး၏ ဝန်းရံတိုက်ခိုက်ခြင်းကို ခံနေရသည့်အတွက် အနည်းငယ် ပင်ပန်းလာနေသည်။
"ကြည့်ရတာ၊ ငါ ဒီအကွက်ကို အသုံးပြုဖို့ တကယ် လိုအပ်နေပုံပဲ။" ချင်ယွင်၏ နှုတ်ခမ်းများက ပြုံးယောင်သမ်းကာ တွန့်ကွေးသွားခဲ့သည်။ ဤသိုင်းကွက်သည် သူ အရင်က တခါမှ အသုံးမချဖူးသေးသည့် လျှို့ဝှက်သတ်ဖြတ်ခြင်း လှုပ်ရှားမှုတစ်ခု ဖြစ်သည်။
"ထွက်လာခဲ့စမ်း..”။
ထိုအချိန်တွင် မြေပြင်သည် ပြင်းထန်စွာ တုန်ခါလာသည်။ မရေမတွက်နိုင်သော နွယ်ပင်များသည် မြေပြင်ပေါ်သို့ လျင်မြန်စွာ ထွက်ပေါ်လာကြပြီး၊ ကျန်အင်မော်တယ် ဘုရင် ခုနစ်ယောက်၏ ခြေထောက်များကို ရစ်ပတ်ထားကြသည်။ ကျားဖြူနှင့် ယုကျန်းတို့ ပင်လျှင် သူတို့၏ပေါင်များကို ရစ်ပတ်လာသည်ကို သတိမမူမိကြပေ။
"လခွမ်း၊ ဒါက ဘာကောင်ကြီးတုန်းဟ" ယုကျန်းသည် သူ၏ပေါင်မှာ ရစ်ပတ်ထားသော သစ်ကိုင်းကြီးကို ကြည့်ပြီး ကျယ်လောင်စွာ ကျိန်ဆဲလိုက်သည်။
အခြားအင်မော်တယ် ဘုရင်များသည်လည်း သူတို့၏လက်နက်များကို ထုတ်ယူကာ ထူးဆန်းသော သစ်ကိုင်းများကို အပြင်းအထန် တိုက်ခိုက်ကြသည်။ သို့သော် အကိုင်း တစ်ကိုင်းကို မဖြတ်နိုင်ခင်မှာ အခြားသစ်ကိုင်းတွေက ၎င်းတို့ကို ရစ်ပတ်လာပြန်သည်။
ဘေးတဖက်ရှိ မာန်လင်သည်လည်း ဤမြင်ကွင်းကို မျက်လုံးပြူးကျယ်စွာ စိုက်ကြည့်ရင်း၊ အံ့အားသင့်သည့် အမူအရာ ဖြစ်ပေါ်နေသည်။
"အစ်ကိုကြီးမာန်၊ မြန်မြန်ထွက်သွားတော့။ ဒီသစ်ကိုင်းတွေကို အချိန်ခဏလောက်ပဲ ချည်နှောင်ထားနိုင်တယ်။ ငါတို့က သူတို့ကို ထောင်ချောက်ဆင်လို့ မရနိုင်ဘူး။ အချိန်ကျရင်၊ ကျွန်တော်တို့ နတ်ဘုရားပြုတ်ကျခြင်းချောက်နက်ကြီးမှာ ပြန်ဆုံကြမယ်။" ချင်ယွင်သည် မာန်လင်နှင့် အခြားသူများထံသို့ အသံဖြင့် သတင်းစကား အမြန် ပေးပို့လိုက်သည်။
"ကောင်းပြီ၊ မင်း သတိထားရမယ်နော်”။ မာန်လင်သည် ပြတ်ပြတ်သားသား သဘောတူပြီး၊ ချက်ချင်းပင် အလင်းတန်းတစ်ခုအဖြစ် ပျောက်ကွယ်သွားခဲ့သည်။
ဤအကြောင်းကို အရင်က ချင်ယွင်ကိုယ်တိုင် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ထို့အပြင်၊ သူသည် ယခုအချိန်တွင် ဒဏ်ရာလည်း ရရှိထားသည်။ သူသည် တော်ဝင်တာအိုနယ်ပယ်၏ အဆင့် ၁၂ တွင် ရှိနေသော်လည်း ကျားဖြူနှင့် ယုကျန်းတို့ကို တိုက်ခိုက်နေရခြင်း ဖြစ်သည်။ ထို့ကြောင့်၊ ယခုတိုက်ပွဲတွင် သူသည် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။ အကယ်၍၊ သူ ရှိနေရင်တောင် အသုံးမဝင်ပါဘူး။
တုကျင်း၊ လျူဘိုင်နှင့် လင်းယုတို့သည်လည်း ချင်ယွင်ကို ဂရုတစိုက် ကြည့်ပြီးနောက်၊ အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာ မာန်လင်နောက်သို့ ပျံသန်းသွားကြသည်။
သူတို့သုံးယောက် မိုးကုပ်စက်ဝိုင်းထဲ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရတော့၊ ချင်ယွင်၏ မျက်လုံးများက အပြုံးရိပ် ပေါ်လာသည်။ မာန်လင်နှင့် တခြားသူတွေ ထွက်ခွာ သွားပြီး ဖြစ်သည့်အတွက် သူ၏လက်တွေကို စိတ်တိုင်းကြ လွှတ်ပြီး ကြီးမားသည့်အရာ တစ်ခုခု လုပ်နိုင်ပါတော့မည်။
"မင်းက သေခြင်းတရားကို တောင်းခံနေတာပဲ ချင်ယွင်။ ငါ မင်းကို အပိုင်းပိုင်း ခုတ်ပိုင်းဖြတ်မယ်။" မာန်လင်နှင့် အခြားသူများ အမှန်တကယ် လွတ်မြောက်သွားသည်ကို ယုကျန်း မြင်လိုက်ရသောအခါတွင်၊ ပြင်းထန်သော ဒေါသအမျက်က ချက်ချင်း ထွက်ပေါ်လာသည်။ ကျယ်လောင်သော ကြွေးကြော်သံနှင့်အတူ၊ အင်မော်တယ်ဘုရင် ကိုယ်ပွားသည် သူ၏နောက်တွင် ပေါ်လာသည်နှင့်၊ သူ၏ခန္ဓာကိုယ်တွင် ရစ်ပတ်နေသော အကိုင်းအခက်များအားလုံး ချက်ခြင်း ကွဲကြေသွားသည်။
ကျားဖြူသည်လည်း ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး အကိုင်းအခက်အားလုံးကို ဖြိုချ ပစ်လိုက်သည်။ နောက်ဆုံးတွင် အခြားလူများသည်လည်း အသက်သစ်ပင်၏ အကိုင်းအခက်များ ချည်နှောင်ခံရခြင်းမှ လွတ်မြောက်ပြီး သူတို့၏ လွတ်လပ်ခွင့်ကို ပြန်လည်ရရှိခဲ့ကြသည်။
ချင်ယွင်သည် ဤမြင်ကွင်းကို လုံးဝ မအံ့သြပါ။ အသက်သစ်ပင်၏ အကိုင်းအခက်များသည် မာကျောသော်လည်း၊ တော်ဝင်တာအိုနယ်ပယ်၏ အဆင့် ၁၁ နှင့် တော်ဝင်တာအို နယ်ပယ်၏ အဆင့် ၁၂ ရှိ ဤအင်မော်တယ်ဘုရင်များကို လုံးလုံးလျားလျား ဖမ်းထားနိုင်စွမ်း မရှိဘူးဆိုသည်ကို သူသိပါသည်။
ဟုတ်ပါသည်။ သူသည် သူတို့ကို ဤနည်းလမ်းဖြင့် ထောင်ချောက်ဆင်ရန် ရည်ရွယ်ထားခြင်း မရှိပါဘူး။ မာန်လင်နှင့် တခြားလူတွေ ထွက်ပြေးနိုင်ရန်အတွက် အချိန်ခဏလောက် ဝယ်ယူချင်၍သာ ဖြစ်ပါသည်။
"ချင်ယွင်၊ မင်းက တကယ့်ကို တရားမျှတတဲ့လူတစ်ယောက်ပဲ။ မင်းက မင်းရဲ့ အသင်းဖော်တွေအတွက် ကိုယ့်ကိုယ်ကို စတေးဖို့ပင် ဆန္ဒရှိနေခဲ့တယ်။ ကောင်းပြီ၊ မင်းရဲ့ လုပ်ရပ်တွေက ဘယ်လောက် မိုက်မဲပြီး ဘယ်လောက်တောင်မှ ကလေးဆန်လဲဆိုတာ ငါ မင်းကို ပြောပြမယ်။" ယုချန်းသည် ရှေ့သို့ ခြေတစ်လှမ်းတိုးရင်း ချင်ယွင်အား ဒေါသတကြီး ပြောလိုက်သည်။ သူ၏ မျက်လုံးများက အမျက်ဒေါသနှင့် ပြည့်နေခဲ့သည်။
သူသည် ဤထောင်ချောက်ကြီးကို ခက်ခက်ခဲခဲ ချမှတ်ထားခဲ့ရသည်။ မူလက မာန်လင်နှင့် အခြားလူများကို သတ်ပစ်နိုင်မည်ဟု သူ ထင်ခဲ့သော်လည်း ယခုမူ ချင်ယွင်က ဤအရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ ထို့ကြောင့်၊ သူသည် မည်သို့လျှင် ဒေါသမထွက်ဘဲ နေနိုင်မည်နည်း?။ ဤအခိုက်အတန့်တွင် သူသည် ချင်ယွင်၏ အရေပြားကို ခွာပြီး အရွတ်များကိုပင် ဆွဲထုတ်ပစ်ချင်သည်။
"အို၊ ငါက သေခြင်းတရားကို စောင့်စားဖို့အတွက် ဒီနေရာမှာ နေခဲ့တယ်လို့ မင်းတို့ တကယ် ထင်နေကြတာလား?။" ယုကျန်း၏ စကားကိုကြားတော့ ချင်ယွင်က ပြုံးပြသည်။
"ဟမ့်၊ မင်းက ငါတို့ ခုနစ်ယောက်ကို အနိုင်ယူနိုင်မယ်လို့ ထင်နေသေးတာလား?။ ချာတိတ်လေး၊ မင်း စောစောကရခဲ့တဲ့ ခုနစ်ရောင်ခြယ် ရှေးဟောင်းဆိတ်သုဉ်းခြင်း ကျောက်တုံးကို ပေးရင် အကောင်းဆုံးပဲ။" ကျားဖြူက ချင်ယွင်ကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
ကျန်ငါးယောက်လည်း ချင်ယွင်ကို စိတ်လက်ပေါ့ပါးစွာ ကြည့်နေကြသည်။ သေချာသည်မှာ၊ သူတို့သည် ချင်ယွင်ကို အိုးထဲက လိပ်တစ်ကောင်အဖြစ် ရူမြင်ထားသည်။
"တောင်းပန်ပါတယ်၊ မင်း နောက်ကျသွားပြီ။ ငါ အဲဒီခုနစ်ရောင်ခြယ် ရှေးဟောင်း ဆိတ်သုဉ်းခြင်းကျောက်တုံးကို စုပ်ယူပြီးသွားပြီ။" ချင်ယွင်က ဝမ်းနည်းဟန် အမူအရာဖြင့် ပြောလိုက်ပါသည်။
"မဖြစ်နိုင်ဘူး၊ ဒီခုနစ်ရောင်ခြယ် ရှေးဟောင်းဆိတ်သုဉ်းခြင်းကျောက်တုံး စုပ်ယူဖို့ အနည်းဆုံး သုံးရက်လောက် အချိန်ယူရလိမ့်မယ်။ အခုလို အချိန်တိုလေးအတွင်းမှာ မင်းအနေနဲ့ စုပ်ယူနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကောင်စုတ်လေး၊ မင်းက လွှဲပေးဖို့ ငြင်းဆန်နေမှတော့ ကိုယ့်ဘာသာပဲ ယူရတော့မှာပေါ့" ကျားဖြူ၏ မျက်လုံးများသည် လည်း ပြင်းပြသော သတ်ဖြတ်လိုသည့်ဆန္ဒ ထင်ရှားပေါ်လာသည်။
ချင်ယွင်သည် ကူကယ်ရာမဲ့ဟန် ခေါင်းယမ်းလိုက်သည်။ သူ ပြောခဲ့သည့်စကားတွေက အမှန်တရားတွေ ဖြစ်ပါသည်။ ဤကောင်က ထိုစကားကို အမှန်တကယ် မယုံကြည်ပေ။ သို့သော်၊ သူသည် ရှင်းပြရန် ပျင်းရိလွန်း၏။ အဘယ့်ကြောင့်ဆိုသော်၊ အကယ်၍၊ ရှင်းပြနေလျှင်ပင် နောက်ဆုံးတိုက်ပွဲကို ရှောင်လွှဲလို့ မရနိုင်ပါဘူး။
"ဟမ့်၊ ချင်ယွင်၊ မင်း မှတ်ထားပါ။ ငါယုကျန်းကို စော်ကားခဲ့တဲ့လူတွေရဲ့ အဆုံးသတ်က တစ်ခုပဲရှိတယ်။ အဲဒါကတော့ သေခြင်းပဲ" ယုကျန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး၊ ထို့နောက်တွင် အားကောင်းသည့် မြေစွမ်းရည် တော်ဝင်တာအိုဉပဒေသ စွမ်းအင် အတက်အကျလှိုင်းသည် သူ၏လက်မှ ထွက်ပေါ်လာသည်။
အလွန်မင်း ထက်ရှသော လက်သည်းဆယ်ချောင်းသည် ကျားဖြူ၏ လက်များမှ ထွက်ပေါ် လာသည်။ ပြင်းထန်သော အေးစက်စက် အလင်းတန်းများက လက်သည်းများပေါ်တွင် လင်းလက်လာပြီး၊ သူ၏လက်သည်းများမှ ကြောက်မက်ဖွယ်ရာ စွမ်းအင်အတက်အကျ လှိုင်းများကို မြင်တွေ့နိုင်သည်။
ကျန်ငါးယောက်လည်း ချင်ယွင်ကို စူးစိုက်စိုက်စိုက် ကြည့်ရင်း၊ တိုက်ပွဲအတွက် ကြိုင်တင် ပြင်ဆင်သည့် အရိပ်အယောင်များ ရှိနေလေသည်။
ချင်ယွင်သည် ဤလူခုနစ်ယောက်ကို မြင်သောအခါ၊ သူ၏နှုတ်ခမ်းထောင့်စွန်းတွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာသည်။ သူက အထင်သေးဟန်ဖြင့် ပြောလိုက်သည် "မင်းတို့က ကစားချင်မှတော့ ဒီသခင်လေးကလည်း ဒီနေ့ အဆုံးတိုင်အောင် မင်းတို့နဲ့ ကစားပေးမယ်။ နောက်ဆုံးမှာ ဘယ်သူရှုံးမလဲဆိုတာ ငါ တွေ့ချင်သေးတယ်"။