အခန်း ၉၁၂
Vol. 61 Ch. 912
အခန်း (၉၁၂) လျှို့ဝှက်ဆန်းကြယ်သောကလေးငယ်။
"ဒါက တတိယမြောက်ပဲ”။
ချင်ယွင်သည် သူ၏လက်ထဲတွင်ရှိနေသော ခုနစ်ရောင်ခြယ် ရှေးဟောင်း ဆိတ်သုဉ်းခြင်း ကျောက်တုံး၏ ပြာမှုန်းများကို ဖြန့်ကြဲလိုက်ပြီး၊ တောက်ပသော အပြုံးရိပ်က သူ၏မျက်လုံးထဲတွင် ပေါ်လာပါသည်။
ယနေ့သည် ယုကျန်းကို ရိုက်နှက်လွှတ်ပြီးနောက် သုံးရက်မြောက်နေ့ ဖြစ်သည်။ ဤသုံးရက်အတွင်း၊ ချင်ယွင်သည် ကနဦးစကြဝဠာ၏ အာရုံခံစားမူကို အသုံးပြု၍၊ ရှေးဟောင်း ဆိတ်သုဉ်းခြင်း ကျောက်တုံးများကို ရှာဖွေနေခဲ့သည်။
ကနဦးစကြဝဠာ၏ အာရုံခံစားမှု အကူအညီဖြင့် ချင်ယွင်သည် ရှေးဟောင်း ဆိတ်သုဉ်းခြင်း ကျောက်တုံး ၄၈ တုံးကို ချက်ချင်း ရှာတွေ့ခဲ့သည်။ ၎င်းတို့ထဲမှ သုံးခုသည် အမှန်တကယ် ပင် ခုနစ်ရောင်ခြယ် ရှေးဟောင်း ဆိတ်သုဉ်းခြင်း ကျောက်တုံးများ ဖြစ်ကြသည်။
ခြွင်းချက်မရှိ၊ ချင်ယွင်သည် ဤရှေးဟောင်း ဆိတ်သုဉ်းခြင်း ကျောက်တုံးအားလုံးကို သန့်စင်ခဲ့သည်။
ယခုအချိန်တွင်၊ ချင်ယွင်၏ ကနဦးစကြာဝဠာသည် တစ်ဖန် ကျယ်ပြန့်လာခဲ့သည်။ သူ၏ ကျင့်ကြံမူအခြေခံသည် လုံးဝ မပြောင်းလဲသွားသော်လည်း၊ သူ၏ ခွန်အားက တကယ်ကို အများကြီး တိုးတက်ခဲ့ပါသည်။ သူ၏ ခန္ဓာကိုယ်သည်လည်း ပို၍ပင် အားကောင်းလာကာ၊ သူသည် ဖင်းဂေါ့ဂ်နယ်ပယ်၏ နှောင်းပိုင်းအဆင့်သို့ ဖြတ်ကျော်ဝင်ရောက်ရန် ခြေတစ်လှမ်းသာ ဝေးပါတော့သည်။
ဟုတ်ပါသည်၊ ချင်ယွင် စိတ်အလှုပ်ရှားဆုံးအရာကတော့၊ သူသည် တော်ဝင်တာအို ဉပဒေသတွေကို နားလည်သဘောပေါက်ခြင်းပင် ဖြစ်ပါသည်။ ယခုအခါ၊ သူ၏ လျှပ်တပြက်ခန္ဓာကိုယ် တော်ဝင်တာအို ဉပဒေသသည် တော်ဝင်တာအိုနယ်ပယ်၏ အဋ္ဌမအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး၊ သူ၏ အကန့်သတ်မဲ့ အသွင်ပြောင်းခြင်း တော်ဝင်တာအိုဉပဒေသသည်လည်း တော်ဝင်တာအိုနယ်ပယ်၏ နဝမအဆင့်သို့ ရောက်ရှိ သွားခဲ့ပြီ ဖြစ်သည်။ ရှေးဟောင်းဖရိုဖရဲတော်ဝင်တာအိုဉပဒေသဆိုလျှင် တော်ဝင်တာအို နယ်ပယ်၏ ဒသမအဆင့်သို့ပင် ရောက်ရှိသွားခဲ့ပြီ။
ချင်ယွင်၏ လက်ရှိတိုက်ခိုက်ရေးစွမ်းအားဖြင့်၊ သူသည် နဂါးနတ်ဘုရားကျောက်စိမ်း စည်းတံဆိပ်ကို အသုံးမပြုခဲ့လျှင်ပင်၊ သူသည် တော်ဝင်တာအိုနယ်ပယ်၏ အဆင့် ၁၂ ရှိ ကျွမ်းကျင်သူများကို ဆက်လက် တိုက်ခိုက်နိုင်သည်။
အကယ်၍ သူသည် သူ၏ စွမ်းအားကို အဆ ၂၀ တိုးရန်အတွက် နဂါးနတ်ဘုရား ကျောက်စိမ်းစည်းတံဆိပ်ကို အသုံးပြုလိုက်ပါက၊ ယုကျန်းကဲ့သို့ တော်ဝင်တာအိုနယ်ပယ် ၏ အဆင့် ၁၂ ရှိ ကျွမ်းကျင်သူကိုပင် ချက်ချင်း သတ်ပစ်နိုင်သည်။ တော်ဝင်တာအို ပြီးပြည့်စုံခြင်းအဆင့်ရှိ ကျွမ်းကျင်သူကိုပင်လျှင်၊ သူ တိုက်ခိုက်နိုင်လိမ့်မည်။
တော်ဝင်တာအိုနယ်ပယ်၏ အဆင့် ၁၂ သည် အင်မော်တယ်ဘုရင်များကြားတွင် အစွမ်းထက်ဆုံး မဟုတ်ပေ။ အစွမ်းထက်ဆုံးမှာ တော်ဝင်တာအိုနယ်ပယ်၏ ဉပဒေသများကို ပြီးပြည့်စုံသောနယ်ပယ်အထိ နားလည်သဘောပေါက်ထားသည့် ကျွမ်းကျင်သူများ ဖြစ်သည်။ ထိုသို့သော ပညာရှင်များသည် တော်ဝင်တာအို၏ ဉပဒေသများကို ပြင်းထန်စွာ အသုံးချနိုင်စွမ်းရှိပြီး၊ ၎င်း၏ စွမ်းအားသည် ကြောက်မက်ဖွယ် ကောင်းလှသည်။ (ရှေ့မှာတုန်းက မဟာစက်ဝိုင်းကြီးနှင့် ယှဉ်နိုင်သောအဆင့်ဟူသည် ပြီးပြည့်စုံသောအဆင့်ကို ဆိုလိုဟန်တူပါသည်)။
"နတ်ဘုရားပြုတ်ကျခြင်း ချောက်နက်ကြီးကို သွားပြီးတော့ အစ်ကိုကြီးမာန်တို့ကို ဝိုင်းရံပေးရအောင်။" ချင်ယွင်က သူ့ကိုယ်သူ စိတ်ထဲမှ ရေရွတ်လိုက်သည်။ ထို့နောက်၊ သူသည် ဆိတ်သုဉ်းခြင်းရှေးဟောင်းတောင်တန်းစစ်မြေပြင်အလယ်သို့ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
“ခွီး…ခွီး..”
သို့သော် ချင်ယွင်သည် မတ်တပ်ရပ်လိုက်သည်နှင့် ကြေးခေါင်းလောင်းသံကဲ့သို့ တခွီးခွီးရယ်သံက သူ၏နောက်မှ ထွက်ပေါ်လာသည်။
ချင်ယွင် လှည့်ကြည့်လိုက်တော့၊ သူ၏နောက်ရှိ ကျောက်တုံးကြီးပေါ်မှာ ထိုင်နေသည့် အသက် ခုနစ်နှစ် ရှစ်နှစ်လောက်သာ ရှိသေးသော ကလေးလေးတစ်ယောက်သည် ချင်ယွင်ကို လက်ညှိုးထိုးပြီး ကျယ်လောင်စွာ ရယ်မောနေသည်ကို တွေ့လိုက်ရပါသည်။
ချင်ယွင်သည် ချက်ချင်းပင် အံ့အားသင့်သွားသည့် အမူအရာကို ထုတ်ဖော်လိုက်မိပါသည်။ ဤဆိတ်သုဉ်းခြင်း ရှေးဟောင်းတောင်တန်း စစ်မြေပြင်တွင် ကလေးတစ်ယောက် မည်သို့ ရှိနေရသနည်း?။
ထို့ကြောင့်၊ ချင်ယွင်သည် ကလေးငယ်ကို ဂရုတစိုက် ကြည့်ရူစစ်ဆေးလိုက်သည်။ သို့သော် ထိုကလေးငယ်သည် သာမန်ကလေးငယ်တစ်ယောက်နှင့် မတူဘဲ၊ ပုန်းအောင်းနေသော မွန်းစတားအိုကြီးများနှင့် အလွန်တူသည်ကို သူ တွေ့ရှိခဲ့ရသည်။
သို့သော်လည်း သူ မည်သည့်အရာကိုမှ မမြင်နိုင်လေလေ၊ ဤကလေးငယ်သည် အလွန် ထူးဆန်းသည်ဟု ချင်ယွင် ခံစားလာရလေ ဖြစ်သည်။
"ကောင်လေး..၊ မင်း ဘာရယ်နေတာလဲ?" ချင်ယွင်က အစမ်းသဘောဖြင့် မေးကြည့်သည်။
"မင်းရဲ့မိုက်မဲတုံးအမှုကို ငါ ရယ်နေတာပေါ့" ကောင်လေးက ပြုံးရင်း ကလေးဆန်သော အသံဖြင့် ပြောလိုက်သည်။
ချင်ယွင်၏စိတ်ထဲတွင် မကျေမနပ်မူက ရုတ်တရက် ပေါက်ကွဲသွားသည်။ အမှန်တကယ်ပင်၊ သူ့ကို ခုနစ်နှစ် ရှစ်နှစ်ဝန်းကျင် ကောင်လေးတစ်ယောက်က မထီမဲ့မြင် ပြုနေခဲ့သည်။ သို့သော်၊ သူသည် သူ၏စိတ်ထဲရှိ ဒေါသကို ထိန်းကာ “ငါ ဘယ်နေရာမှာ တုံးအနေလို့လဲ?” ဟု မေးလိုက်သည်။
"ဟား…၊ ဟား..၊ မင်းက ဖင်းဂေါ့ဂ်ခန္ဓာကိုယ်သန့်စင်ခြင်း နည်းပညာရပ်ကို ဒီလိုပုံစံမျိုးနဲ့ ကျင့်ကြံထားတယ်လေ။ မင်းကိုယ်မင်း လူတုံးလူအတစ်ယောက်လို့ မထင်ဘူးလား?။" ကလေးက ချင်ယွင်ကို လက်ညှိုးထိုးပြပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ချင်ယွင်သည် သူ့စိတ်ထဲတွင် ထိတ်လန့်သွားပြီး ကလေးငယ်ဆီသို့ စူးစူးစိုက်စိုက် ကြည့်ရင်း၊ သူ၏အမူအရာက ချက်ချင်း လေးနက်လာခဲ့ပါသည်။
ရှေးဟောင်းတာအိုဆရာသခင်မှလွဲ၍ ဧကရာဇ် ဟောက်ချန်းနှင့် ဧကရာဇ်ရှန်းလုံတို့ သာလျှင် သူ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာရပ်ကို ကိုယ့်ဘာသာ လေ့ကျင့်ထားကြောင်း သိပါသည်။ ဤအရာကို အခြားလူတွေ သိရန်ဆိုသည်မှာ မဖြစ်နိုင်ပါဘူး။ သို့သော် သူ၏ရှေ့မှ ဤကလေးငယ်သည် ချင်ယွင်၏ ရုပ်ခန္ဓာကိုယ် ကျင့်ကြံခြင်း၏ လျှို့ဝှက်ချက်များကို ထုတ်ဖော်ပြောခဲ့သည်။ ဤအရာက သူ၏ရှေ့မှ ဤကလေးငယ်၏ ကိုယ်ရေးအချက်လက်သည် လုံးဝကို ထူးထူးခြားခြား ဖြစ်နေသည်ဟု ပြသရန် လုံလောက်ပါသည်။
သို့သော်၊ ချင်ယွင် နားမလည်နိုင်သေးပေ။ သူ၏ ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်း နည်းပညာရပ်သည် အမြဲတမ်း ကောင်းမွန်ခဲ့သည်။ သူ၏ရှေ့မှ ဤကလေးငယ်သည် သူ၏ ဖင်းဂေါ့ဂ်ခန္ဓာကိုယ်သန့်စင်ခြင်း နည်းပညာရပ်ကို အဘယ့်ကြောင့် လှောင်ရယ်ရသနည်း?။
"မင်းရဲ့ ဖင်းဂေါ့ဂ်ခန္ဓာကိုယ်သန့်စင်ခြင်း နည်းပညာရပ်က ပြဿနာမရှိဘူးလို့ မင်း ခံစားနေရတယ် မဟုတ်လား?" ကလေးငယ်က ချင်ယွင်ကို ကြည့်လိုက်ပြီး သူ၏ မျက်လုံးကြီးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း စူးစူးဝါးဝါး အကြည့်ဖြင့် ပြောသည် ။
"အင်း..” ချင်ယွင်လည်း မသိစိတ်က အလိုလို ခေါင်းညိတ်လိုက်မိသည်။
"အရူးကောင်၊ ငါ့ကို ရိုက်စမ်း။" ကောင်လေးက ပြုံးပြီး ပြောသည်။
"မင်းကို ထိုးရမှာလား..?" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။
ယခုအချိန်တွင် သူ၏ခန္ဓာကိုယ်သည် ဖင်းဂေါ့ဂ်နယ်ပယ်၏ အလယ်လတ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် ဖင်းဂေါ့ဂ်နယ်ပယ်၏ နှောင်းပိုင်းအဆင့်နှင့် ခြေတစ်လှမ်းသာ ဝေးကွာတော့သည်။ တော်ဝင်တာအိုနယ်ပယ်၏ အဆင့် ၁၀ ရှိ အင်မော်တယ်ဘုရင်ပင်လျှင် သူ၏ခန္ဓာကိုယ်သက်သက်ဖြင့် သူ၏ထိုးနှက်ချက်ကို ခံနိုင်ရည်မရှိပေ။ ဤကလေးငယ်က မည်သည့်အတွက်ကြောင့် သူ့ကို ရိုက်နှက်ခိုင်းရသ နည်း?။
"အရူးကောင်၊ မင်း ထိုးမှာသာ ထိုးစမ်းပါ။ မင်းက ဘာလို့ ဒီလိုအမှိုက်စကားတွေ ပြောနေရတာလဲ?" ကောင်လေး၏မျက်နှာပေါ်တွင် မကျေနပ်မှု အရိပ်အယောင် ပေါ်လာသည်။
"ကောင်းပြီလေ”။ ထိုကလေးငယ်၏ ပြောစကားကို ကြားတော့၊ ချင်ယွင်သည် တုံ့ဆိုင်းမနေဘဲ ပြတ်ပြတ်သားသား ပြန်ဖြေလိုက်သည်။
ဤကလေးငယ်သည် သူ၏လှုပ်ရှားမူကို သတ္တိရှိရှိ လုပ်ခိုင်းနိုင်မှတော့ သူ့မှာ ထူးခြားမူ တစ်ခုခုတော့ ရှိနေပါလိမ့်မည်။ တိုက်ဆိုင်စွာပင်၊ ချင်ယွင်သည်လည်း ဤကလေးငယ်၏ ထူးဆန်းသော အရာကို မြင်လိုသလို သိလည်းသိလိုခဲ့သည်။
ဘန်း…။
ချင်ယွင်၏ ခန္ဓာကိုယ်သည် ပြင်းထန်သော စွမ်းအားနှင့်အတူ ဖင်ဂေါ့ဂ်စွမ်းအင်များက ချက်ခြင်းဆိုသလို တဟုန်ထိုး ပျံ့နှံ့သွားခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲ ထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို သယ်ဆောင်ကာ သူ၏ လက်သီးက ကလေးငယ်ဆီသို့ တိုက်ရိုက် ရိုက်ခတ်သွားလေသည်။
"အီယာ….၊ အရမ်းကို အားနည်းလွန်းတယ်”။
သို့သော်လည်း ကောင်လေးသည် အစွမ်းထက်သော ဖရိုဖရဲစွမ်းအားနှင့် ဖင်းဂေါ့ဂ်စွမ်းအား များ အရှိန်ဟုန်ပြင်းစွာ သယ်ဆောင်လာသည့် ချင်ယွင်၏ လက်သီးကို ကြည့်ပြီး ပြုံးကာ ခေါင်းခါလိုက်သည်။ ထို့နောက် သူသည် လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်ကာ ချင်ယွင်၏ လက်သီးကို တိုက်ရိုက် ပိတ်ဆို့လိုက်သည်။
"ဘာလဲဟ…"
ချင်ယွင်၏ လက်သီးသည် လုံးဝ လှုပ်ခါနိုင်စွမ်းမရှိအောင် မာကြောလှသော ကြေးနီနံရံကို ရိုက်ချိုးလိုက်သကဲ့သို့ ကလေးလေး၏ လက်ချောင်းထဲသို့ ထိုးသွင်းသွားလေသည်။
"ဘယ်လို...ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?" ချင်ယွင်က သူ့ကိုယ်သူ အံ့သြစွာ ရေရွတ်လိုက်သည်။ သူ၏လက်သီးသည် အဆင့်နိမ့် အကြီးမြတ်ဆုံး အင်မော်တယ်ပစ္စည်း ကိုတောင် ဖြိုခွဲနိုင်သော်လည်း၊ သူ၏ရှေ့မှ ကလေးငယ်၏ လက်ညှိုးကို လှုပ်ခါနိုင်စွမ်းပင် မရှိခဲ့ပါဘူး။
"သွားစမ်း…”
ဤအခိုက်အတန့်တွင်, ကလေးငယ်က ရယ်မောပြီး ချင်ယွင်၏ လက်သီးကို လက်ညှိုးဖြင့် တောက်ထုတ်လိုက်သည်။
ချင်ယွင်သည် သူ၏လက်မောင်းမှ ကြီးမားသော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရပြီး၊ သူ၏ရင်ဘတ်တွင် တိုက်ရိုက် ပေါက်ကွဲသွားပြီးနောက်၊ သူ၏တစ်ကိုယ်လုံး ဥက္ကာပျံကဲ့သို့ နောက်ပြန် လွင့်သွားရသည်။
“ဘုန်း…”
ချင်ယွင်၏ ခန္ဓာကိုယ်သည် အဝေးရှိ တောင်ကုန်းပေါ်သို့ ပြိုကျသွားပြီး၊ တောင်ကုန်းကို အပိုင်းပိုင်းခွဲထုတ်ကာ ရွှံ့ထဲတွင် မြှုပ်နှံသွားလေသည် ။
"အဟွတ်… အဟွတ်…"
ချင်ယွင်သည် မြေကြီးထဲမှ ခက်ခက်ခဲခဲ ခုန်တက်လာရသည်။ သူ၏လက်မောင်းတစ်ခုလုံး ကွဲကြေသွားကာ ရင်ဘတ်ကလည်း ပြင်းထန်စွာ နာကျင်နေသည်။
၎င်းအား ပြန်လည်ကုစားရန် ဖရိုဖရဲစွမ်းအင်နှင့် ဖင်းဂေါ့ဂ်စွမ်းအားကို အသုံးပြုထားပြီး ဖြစ်သော်လည်း၊ သူသည် အနှိုင်းမဲ့ နာကျင်ခံစားရဆဲ ဖြစ်သည်။
ယခုအချိန်တွင် ချင်ယွင်သည် နာကျင်မှုကို ဂရုမစိုက်နိုင်တော့ပေ။ သူသည် ကလေးငယ် အား လေးနက်သောအကြည့်ဖြင့် ကြည့်လိုက်ရင်း သူ၏နှလုံးသားသည် မုန်တိုင်း ထန်နေသကဲ့သို့ ခံစားရသည်။
ကလေးငယ်သည် ယခုလေးတင် သူ၏ရုပ်ခန္ဓာကိုယ် ခွန်အားကို အသုံးပြုခဲ့သည်မှာ သေချာပါသည်။ သို့သော်၊ လူတစ်ယောက်၏ ရုပ်ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် ဤမျှ ကြောက်စရာကောင်းသော အဆင့်ထိ ရောက်ရှိနိုင်လိမ့်မည်ဟု ချင်ယွင်သည် မည်သည့်အခါမှ မမျှော်လင့်ထားခဲ့ပါဘူး။ ထို့အပြင်၊ ဤအရာအားလုံးသည် ရှစ်နှစ်သား အရွယ် ကောင်လေးတစ်ယောက်ဆီမှာ ရှိနေခဲ့သည်။
"အရူး..၊ မင်းရဲ့ အစွမ်းအားလုံးကို အသုံးချပြီး ကြိုးစားကြည့်စမ်းပါဦး။ မင်း ဘယ်လောက် သန်မာလဲဆိုတာ ငါ ကြည့်ပါရစေ။" ကောင်လေးက ကစားရသည်ကို စိတ်ဝင်စားနေသည့် အလား တဟားဟား ရယ်နေခဲ့သည်။
"ကောင်းပြီလေ၊ ဒါဆိုလည်း စီနီယာ၊ ကျွန်တော့်ကို သင်ကြားပေးပါဦး" ချင်ယွင်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
ယခုအချိန်မှာ ဤကလေးငယ်သည် သာမန်ကလေးလေးပဲဟု သူ ထင်နေသေးသည် ဆိုလျှင်၊ သူသည် အမှန်တကယ် ရူးသွပ်သွား၍ ဖြစ်ပါလိမ့်မည်။ ဤရှစ်နှစ်အရွယ် ကလေးငယ်သည် အမှန်တကယ်ပင် နှစ်ပေါင်းများစွာ ရှင်သန်နေထိုင်ခဲ့သော မွန်းစတားအိုကြီးတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်ပါသည်၊ ဤကလေးငယ်သည် သူ့အား လမ်းညွှန်မှုပေးရန် သူ၏စိတ်ထဲ စွဲထင်လာခဲ့သည်။
ချင်ယွင်သည် တုံ့ဆိုင်းမနေဘဲ သူ့အား ကောင်းချီးပေးရန်အတွက် နတ်နဂါးနတ် ကျောက်စိမ်းတံဆိပ်ကို တိုက်ရိုက် အသုံးပြုလိုက်သည်။ သူ၏ခွန်အားသည် အဆနှစ်ဆယ် တိုးလာခဲ့ပြီး ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်နဂါးပုံစံများ ပေါ်လာသည်။
"အင်း စိတ်ဝင်စားစရာပဲ" ကောင်လေးသည် ချင်ယွင်၏ ခွန်အားများ တိုးမြင့်လာသည်ကို မြင်သောအခါ၊ သူ၏မျက်လုံးများက အံ့အားသင့်သွားသည့် အရိပ်အယောင်များ ထွက်ပေါ် လာသည်။ ထို့နောက်၊ သူ၏ နှုတ်ခမ်းထောင့်စွန်းမှ အပြုံးက ပိုမိုရှင်းလင်းလာပါသည်။