← Chapters

အခန်း ၉၁၃

Vol. 61 Ch. 913

အခန်း ၉၁၃

Vol. 61 Ch. 913

အခန်း (၉၁၃) ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်းပညာရပ်။

နတ်နဂါးကျောက်စိမ်းတံဆိပ်၏ အကူအညီဖြင့် ချင်ယွင်၏ခွန်အားသည် အဆနှစ်ဆယ် တိုးလာခဲ့သည်။ သူ၏ပုံရိပ်သည် ချက်ချင်းပင် လေပြင်းများအဖြစ်သို့ ပြောင်းလဲသွားပြီး ကလေးငယ်လေးဆီသို့ ရိုတ်ခတ်သွားသည်။

ယခုတစ်ကြိမ်မှာတော့၊ ကလေးငယ်လေးသည် သက်ပြင်းမချဘဲ၊ နောက်ဆုံးအကြိမ်တုန်း က အတိုင်း ခေါင်းခါယမ်းလိုက်ပါသည်။ သို့သော် သူသည် ကြောက်ရွံ့မှု အနည်းငယ်မျှ မပြခဲ့ပေ။ ယင်းအစား၊ သူ၏နောက်ကျောမှာ လက်တစ်ဖက်ပစ်ထားရင်း လူကြီး တစ်ယောက်လို မတ်တပ်ရပ်လိုက်ပါသည်။

“ဘုန်း…”။

ချင်ယွင်၏ ပျံသန်းလာနေသော ခြေထောက်သည် ကလေးငယ်၏ လက်သီးပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားရာ၊ ပတ်ဝန်းကျင်တွင် ပြင်းထန်ပြီး ကြောက်မက်ဖွယ် ကောင်းသော လေလှိုင်းများ ထွက်ပေါ်လာပါသည်။

ကလေးငယ်၏ ခြေဖဝါးအောက်ရှိ ကျောက်တုံးကြီးသည် တိုက်ရိုက် ကြေကွဲသွားသော် လည်း၊ သူ၏ပုံသဏ္ဍာန်မှာ မလှုပ်မယှက် ဖြစ်နေသည်။

"ငါ့ခွန်အားက ပိုသန်မာတယ် ဒါပေမယ့် ငါက ပိတ်ဆို့တားဆီးနေရတုန်းပဲ။" ကောင်လေးက တခစ်ခစ်ရယ်လိုက်ပြီး၊ လက်သီးတစ်ချက် ပစ်ထိုးလိုက်ရာ၊ ချင်ယွင်၏ ခြေဖဝါးတွေကို တိုက်ရိုက် ထိမှန်သွားပါသည်။

ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြောင့် လွှတ်ထွက်သွားလေသည်။ သူသည် အရင်တုန်းက သင်္ခန်းစာကို သင်ယူထားပြီး ဖြစ်သည့် အတိုင်း ဒီအချိန်အတွက် ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်သည်။ သူသည် သူ၏လက်သီးကို လေထဲတွင် တွန်းထုတ်လိုက်ရင်း မြေပြင်ပေါ်သို့ သက်ဆင်းလိုက်သည်။ သူ မရပ်တန့်နိုင်ခင် ပေတစ်ရာကျော်အထိ လျှောတိုက်ကာ ရွေ့လျားသွားသေးသည်။

သို့သော်လည်း၊ ချင်ယွင်၏ ခြေထောက်သည် ပြင်းထန်စွာ ထုံကျင်နေသေးသည်ကို ခံစားရပြီး၊ ခံစားမူပြန်ရရန် အချိန်အတော်ကြာ ယူခဲ့ရသည်။

"ဟမ့်၊” ကောင်လေးက ပြုံးပြပြီး၊ သူ၏ ပန်းရောင်လက်သီးကို မြေပြင်ပေါ်သို့ ထိုးချလိုက် လေသည်။

ရုတ်တရက် မြေပြင်တစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါစပြုလာသည်။ မြေပြင်ပေါ်တွင် ပေတစ်ရာနက်ပြီး ပေတစ်ထောင်တောင် ရှည်လျားသော ကြီးမားသော အက်ကွဲကြောင်း ကြီးတစ်ခု ပေါ်လာသည်။

ချင်ယွင်သည် ကောင်းကင်ယံသို့ ကမန်းကတန်း ပျံတက်သွားရသည်။ အောက်ဘက်ရှိ လက်သီးချက်ကြောင့် ဖြစ်ပေါ်လာသော ချောက်နက်ကြီးကို ကြည့်လိုက်ရင်း သူသည် ပါးစပ်အပြည့် တံတွေးတစ်လုတ်ကို မမျိုချဘဲ မနေနိုင်ခဲ့ပါချေ။

ဆိတ်သုဉ်းခြင်းရှေးဟောင်းတောင်တန်း စစ်မြေပြင်သည် တုနှိုင်းမရလောက်အောင် မာကြောလှပါသည်။ ကြီးမြတ်သော ကျွမ်းကျင်ပညာရှင်တစ်ဦးသည် သူ၏ ခွန်အားကို အကုန်အစင် အသုံးပြုခဲ့လျှင်ပင်၊ မြေပြင်ပေါ်၌ ပေနှစ်ရာမျှ ရှည်လျားပြီး၊ ပေတစ်ရာမျှ နက်ရှိုင်းသော အက်ကြောင်းကို ချန်ထားရစ်နိုင်မည် မဟုတ်ပါချေ။ ပေးတစ်ထောင်ရှည် လျားသော အက်ကြောင်းကြီးဆိုရင် စကားထဲပင် ထည့်ပြောစရာ မလိုပါချေ။

"အရူးကောင်၊ မင်းက တိုက်ပွဲအတွင်းမှာ ငေးကြောင်ကြောင် ဖြစ်နေတုန်းပါလား။ အခု အောက်ကို ဆင်းခဲ့စမ်း..”။

ချင်ယွင်သည် တွေဝေမှိန်းမောနေစဉ်မှာ၊ ကလေးငယ်၏ ရုပ်အသွင်သည် ချင်ယွင်၏ အထက်တွင် မည်သည့်အချိန်ကတည်းက မှန်းမသိ ထွက်ပေါ်လာခဲ့ပြီး၊ ပြီးနောက် သူသည် ချင်ယွင်၏ နောက်ကျောကို တိုက်ရိုက် ထိုးချလိုက်လေသည်။

ချင်ယွင်သည် ခုခံရန် ခွန်အား အနည်းငယ်မျှ မရှိတော့ပါ။ သူသည် ကျောက်တုံးကြီးကဲ့သို့ နက်ရှိုင်းသော ချိုင့်ဝှမ်းကြီးထဲသို့ ပြင်းပြင်းထန်ထန် ပစ်ကျသွားပြီး၊ တွင်းနက်ကြီးတစ်ခု ဖန်တီးလိုက်လေသည်။

ချင်ယွင်သည် နက်ရှိုင်းသော တွင်းနက်ကြီးထဲတွင် လဲလျောင်းနေရပြီး၊ လှုပ်ရှားနိုင်ခြင်း မရှိတော့ချေ။ သူ၏ခန္ဓာကိုယ်ရှိ အရိုးများနှင့် ကြွက်သားများအားလုံး ကွဲအက်သွား သောကြောင့် နတ်နဂါးကျောက်စိမ်းတံဆိပ်၏ ကောင်းချီးပေးမှုပင် ပျောက်ဆုံး သွားခဲ့ရသည်။

ချင်ယွင်သည် သူ၏နှလုံးသားထဲတွင် ခါးသီးစွာ ပြုံးလိုက်မိသည်။ ဤကလေးငယ်၏ ခွန်အားက သူ လုံးဝ ပြန်မတိုက်နိုင်လောက်အောင် ပြင်းထန်လွန်း၏။ ထို့အပြင်၊ ဤကလေးငယ်သည် သူ၏နောက်ကျောမှာ လက်တစ်ဖက်ကို အမြဲ ပစ်ထားခဲ့သည်။ ထို့ကြောင့်၊ သူသည် သူ၏ခွန်အား အားလုံးကို အသုံးမပြုခဲ့ပေ။ ထို့အပြင်၊ သူ၏ခန္ဓာကိုယ် တွင် မည်သည့်စွမ်းအင် အတက်အကျလှိုင်းမှ ရှိမနေခဲ့ပေ။ သူသည် သူ၏ ရုပ်ခန္ဓာကိုယ် သက်သက်ဖြင့် တိုက်ပွဲဝင်ခဲ့ခြင်း ဖြစ်သည်။

ချင်ယွင်သည် ဤကလေးငယ် မည်မျှ အစွမ်းထက်မည်ကို တွေးကြည့်၍ မရပေ။

"အရူးကောင်၊ မင်းခန္ဓာကိုယ်က ဘယ်လောက်တောင်မှ အားနည်းနေပြီလဲဆိုတာ မင်း သိပြီးလား?။" ကလေးငယ်၏ ရုပ်အသွင်သည် ချင်ယွင်ရှိနေသည့် နက်ရှိုင်းသော တွင်းနက်ကြီးဘေးသို့ လွင့်မျောလာပြီး၊ သူ၏မျက်နှာပေါ်က ပြုံးနေရင်း ချင်ယွင်ကို ကြည့်လိုက်သည်။

"စီနီယာ၊ စီနီယာရဲ့ ရုပ်ခန္ဓာကိုယ် ကြံ့ခိုင်မှုက ဘာလို့ ဒီလောက် သန်မာနေရတာလဲ?" ချင်ယွင်သည် တွင်းနက်ကြီးထဲမှ ထနိုင်ရန် ရုန်းကန်ကြိုးစားရင်း ခါးသီးသော အပြုံးဖြင့် မေးလိုက်သည်။ သို့သော်၊ သူ လှုပ်ရှားလိုက်သော အခါတွင်၊ သူ၏ခန္ဓာကိုယ်မှ စူးစူးရှရှ နာကျင်ကိုက်ခဲမှုကို ခံစားလိုက်ရသည်။

"အကြောင်းပြချက် မရှိပါဘူး။ ငါက ဖင်းဂေါ့ဂ်ခန္ဓာကိုယ်သန့်စင်ခြင်း ပညာရပ်ကို လေ့ကျင့်ထားတဲ့ အတွက်ကြောင့်ပဲ။" ကောင်လေးက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"စီနီယာလည်း ဖင်းဂေါ့ဂ်ခန္ဓာကိုယ်သန့်စင်ခြင်း ပညာရပ်ကို ကျင့်ကြံထားတာလား?။" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။

"မှန်တာပေါ့။ မဟုတ်ရင် မင်းရဲ့ ဖင်းဂေါ့ဂ်ခန္ဓာကိုယ်သန့်စင်ခြင်းပညာရပ်ကို တစ်ချက် ကြည့်လိုက်ရုံနဲ့ ငါက ဘယ်လိုလုပ် မြင်နိုင်မှာလဲ?" ကလေးငယ်က ချင်ယွင်ကို မျက်စောင်းထိုးကာ ပြောလိုက်သည်။

"ဒါဆို စီနီယာရဲ့ ဖင်းဂေါ့ဂ်ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်က ဘယ်အဆင့်ကို ရောက်နေပြီ လဲ?။ သတ္တမအဆင့်လား?" ချင်ယွင်က မျက်လုံးကို ပြူးကျယ်စွာ ဖွင့်ကာ မေးလိုက်သည်။

သို့သော်၊ ကလေးလေးသည် ခေါင်းယမ်းကာ "ငါက မင်းလိုပါပဲ။ ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ရာမှာ ဆဋ္ဌမမြောက်အဆင့်ရဲ့ အထွတ်အထိပ်ကိုပဲ ရောက်ပါသေးတယ်" ဟု ပြောလိုက်ပါသည်။

"ဆဋ္ဌမမြောက်နယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်?။ အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?။" ချင်ယွင်က အံ့သြစွာ ပြန်ပြောလိုက်သည်။

သူ၏အမြင်အရဆို၊ ဆဋ္ဌမမြောက်နယ်ပယ် အထွက်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦးသည် ဤမျှလောက် အစွမ်းထက်သော ခွန်အားကို ပိုင်ဆိုင်ဖို့ဆိုသည်မှာ မဖြစ်နိုင်ပါဘူး။ အကယ်၍၊ သူသည် ဆဋ္ဌမမြောက်နယ်ပယ်၏ အထွတ်အထိပ်အဆင့်ကို ဖြတ်ကျော် ဝင်ရောက်နိုင်မည်ဆိုလျှင်ပင်၊ သူ၏ ခွန်အားသည် ဤကလေးငယ်၏ ထက်ဝက်မျှသာ ဖြစ်ပေလိမ့်မည်။

"ဟမ့်၊ အဲဒါ မင်းရဲ့ကိုယ်ပိုင် ကျင့်ကြံခြင်းနည်းလမ်းကြောင့်ပဲ။ ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်းပညာရပ်ဆိုတာ ဘယ်လောက်တောင်မှ အစွမ်းထက်လိုက်သလဲ?။ အခုတော့၊ မင်းကျင့်ကြံလိုက်တော့မှ ဒီပညာရပ်က တခြား ခန္ဓာကိုယ်သန့်စင်ခြင်းပညာရပ်တွေထက် နည်းနည်းလေးပဲ ပိုသန်မာတော့တယ်။ နောက်ပြီး၊ မင်းက မင်းရဲ့ ခွန်အားကို အပြည့်အဝ လည်း အသုံးမချနိုင်ခဲ့ဘူး။ အဲဒါကြောင့်၊ ငါက အရင်က မင်းကို အရူးတစ်ယောက်လို့ ခေါ်ပြီး လှောင်ရယ်နေတာပေါ့" ကောင်လေးက ပြောသည်။ သူ၏ပုံစံက အသက်ကြီး ရွယ်အိုတစ်ယောက်၏ ပုံစံအတိုင်းဖြစ်နေပြီး၊ အမှန်အတိုင်းပြောရလျှင် သူသည် ပညာရှင်တစ်ယောက်၏ အရိပ်အယောင်ကို အမှန်တကယ် ပိုင်ဆိုင်ထားသည်။ အနည်းဆုံး တော့ ချင်ယွင်ကို အံ့သြသွားစေသည်။

"စီနီယာ၊ ကျွန်တော်ကိုလည်း အကြံဥာဏ်လေး ပေးပါဦး" ချင်ယွင်က လေးလေးစားစား ပြောသည်။

"ဖင်းဂေါ့ဂ်တစ်ယောက်ရဲ့ ခန္ဓာကိုယ်သန့်စင်ခြင်း နည်းလမ်းတွေနဲ့ မင်းရဲ့ ခွန်အားကို မှော်ဆန်ဆန် ထုတ်လွှတ်နိုင်အောင် ငါ မင်းကို သင်ပေးနိုင်တယ်။ ဒါပေမယ့် မင်းက အခြေအနေတစ်ခုကိုတော့ သဘောတူညီပေးရမယ်။" ကောင်လေးက ချင်ယွင်ကို စိုက်ကြည့်ပြီး ပြောလိုက်သည်။

"ဘယ်လို အခြေအနေမျိုးလဲ?။" ချင်ယွင်က မေးသည်။

"မင်း အမှောင်ထုချောက်နက်ကြီးကနေ ထွက်သွားတဲ့အချိန်ကြရင်၊ မင်းအနေနဲ့ ငါ့ကိုပါ ခေါ်သွားပေးရမယ်။ ငါ ဒီမှာနေနေရတာ ပျင်းနေပြီကွ။" ကောင်လေးက ဒေါသတကြီး ပြောသည်။

ချင်ယွင် အံ့ဩသွားပါသည်။ ဤလျှို့ဝှက်ဆန်းကြယ်သော ကလေးငယ်က သူ့မှာ အမှောင်ထုချောက်နက်ကြီးထဲကနေ ထွက်ခွာသွားနိုင်သည့် လမ်းကြောင်းတစ်ခု ရှိနေ သည်ကို မည်သို့ သိရှိနေရသနည်း? ဆိုသည်ကို သူ နားမလည်တော့ပါဘူး။ သေချာသည် မှာ၊ ဤကိစ္စက ချင်ယွင်အတွက် လုံးဝ ပြဿနာ မရှိပါဘူး။ အချိန်ရောက်သည်နှင့်, သူသည် သူ့ကို အင်မော်တယ်ဘုရင်စံအိမ်ထဲသို့ ခေါ်ဆောင်ပြီး၊ အင်မော်တယ်ဘုရင်စံအိမ်နှင့်အတူ ထွက်ခွာသွားရန်သာ လိုအပ်ပါသည်။

"သဘောတူပါတယ်။ ကျွန်တော် စီနီယာရဲ့နာမည်ကို သိလို့ရမလား?။" ချင်ယွင်က ကလေးငယ်ကို ပြောလိုက်သည်။

"ဒါတွေကို မင်းသိဖို့ မလိုပါဘူး။ ငါက မင်းကို ဒုက္ခမပေးဘူးဆိုတာကိုပဲ မင်း သိထားဖို့ လိုတယ်။"ကလေးက သူ၏လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်.

ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ဤလျှို့ဝှက်ဆန်းကြယ်သော စီနီယာက မည်သည့်အရာကိုမှ ပြောပြလိုစိတ် မရှိခဲ့ပေ။ ထို့ကြောင့်, သူလည်း နောက်ထပ် မေးရန် မသင့်တော်ပါ။ သို့သော်၊ သူ၏စိတ်ထဲတွင် ဤလျှို့ဝှက်ဆန်းကြယ်သော ကောင်လေးငယ်၏ ကိုယ်ရေးအချက်လက်ကို ပို၍ ပို၍ သိချင်လာမိသည်။

"ကောင်းပြီ ကောင်လေး၊ ငါ မင်းကို ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်းပညာရပ်ကို ကျင့်ကြံရာမှာ ငါ့ရဲ့ နည်းလမ်းတွေနဲ့ အတွေ့အကြုံတွေ အားလုံးကို သင်ကြားပေးမယ်။ ကျန်တာကတော့ မင်းရဲ့ ကံကြမ္မာပေါ်မှာပဲ မူတည်လိမ့်မယ်။" ကောင်လေးက လေးနက်စွာ ပြောသည်။

ထို့နောက်၊ သူ၏လက်ဖဝါးမှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင် အတက်အကျလှိုင်းတစ်ခု ပျံ့နှံ့လာပြီးနောက် ချင်ယွင်၏ နဖူးကို သူ၏လက်ဖဝါးဖြင့် ရိုက်လိုက်သည်။

လျှို့ဝှက်ဆန်းကြယ်ပြီး မထင်မရှား စာသားတစ်ခုက သူ၏လက်ဖဝါးမှ စီးထွက်လာခဲ့ပြီး ၎င်းတို့အားလုံးသည် အလင်းနှင့် အရိပ်များအဖြစ် ပြောင်းလဲသွားပြီး ချင်ယွင်၏ စိတ်ထဲသို့ ဝင်သွားပါသည်။

ကောင်လေးသည် သူ၏လက်ဖဝါးကို ပြန်မရုတ်သိမ်းခင် အမွှေးတိုင်တစ်ချောင်း ထွန်းညှိချိန် ကြာအောင် ဤလုပ်ငန်းစဉ်က ကြာမြင့်ခဲ့ပါသည်။

ဤအခိုက်အတန့်တွင် ချင်ယွင်သည် ဤကြီးမားသော အချက်အလက်များထဲတွင် နှစ်မြှုပ်နေခဲ့ပြီး အားလုံးကို ခွဲခြမ်းစိပ်ဖြာ နေခဲ့သည်။

"ဒါဆို ဒီလိုပေါ့။ ဒါက ဒီလိုပါလား?။ ငါ ကျင့်ကြံခဲ့တဲ့ နည်းလမ်းတွေက အကုန်မှားတွေ ချည်းပဲ။" ချင်ယွင်သည် သူ၏ မျက်လုံးတွေကို ဖွင့်လိုက်ပြီး သူ့ကိုယ်သူ စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။ ကလေးငယ်အပေါ် သူ၏အကြည့်တွေကလည်း ကျေးဇူးတင်သည့် အရိပ်ယောင်များဖြင့် ပြည့်နေခဲ့ပါသည်။

ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်းပညာရပ်၏ ခွန်အားသည် ကျင့်ကြံနည်းစနစ်များလို မဟုတ်ပေ။ ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်းပညာရပ်တိုင်းသည် မြင့်မြတ်သော ခန္ဓာကိုယ်ကို ဖန်တီးရပြီး၊ အတွင်းပိုင်းနည်းလမ်းတွေကတော့ လက်တွေ့အားဖြင့် (ကျင့်ကြံခြင်းပညာရပ်တွေနှင့်) တူညီပါသည်။

အရင်တုန်းက ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ကို တွန်းအားပေးပြီး သန့်စင်ရန်အတွက် ပြင်ပစွမ်းအင်တွေကို အားကိုးခဲ့သည်။ အမှန်တကယ်တော့ ဤနည်းလမ်းသည်လည်း မည်သည့် အမှားယွင်းမှ မရှိခဲ့ပါဘူး။ သို့သော်၊ သူသည် သူ၏ခန္ဓာကိုယ်အား ဒဏ္ဍာရီလာ ဖင်းဂေါ့ဂ်စွမ်းအားသို့ အမှန်တကယ် ရောက်ရှိစေလိုပါက၊ သူသည် သူ၏ခန္ဓာကိုယ်ကို ခိုင်ခံ့သန်မာလာစေရန် တိကျသောနည်းလမ်းတစ်ခုကို အသုံးပြုရမည် ဖြစ်သည်။

ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ကို ကြံ့ခိုင်သန်မာစေရန်အတွက် အရေးကြီးဆုံးဖြစ်သည့် နည်းလမ်းများ မရှိခဲ့ပေ။ ဤနည်းပညာရပ်များကို ရှေးဟောင်းတာအိုဆရာသခင် ပေးအပ်သည့် 'လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာ' ရပ်တွင် မှတ်တမ်း တင်ထားခြင်းလည်း မရှိပါ။ ၎င်းတို့သည် ဖင်းဂေါ့ဂ်ခန္ဓာကိုယ်သန့်စင်ခြင်း၏ အဓိက အနှစ်သာရဖြစ်သည့် နည်းလမ်းများ ဖြစ်သင့်ပါသည်။

ဟုတ်ပါသည်။ ချင်ယွင်ကို ပိုပြီးပျော်ရွှင်စေသောအရာက ဤလျှို့ဝှက်ဆန်းကြယ်သော ကောင်လေးသည် သူ့ကို ထိုအနှစ်သာရဖြစ်သော နည်းပညာရပ်ကို ပေးပို့ထားရုံသာမက၊ သတ္တမအဆင့်ဖြစ်သည့် ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်းပညာရပ်ကိုလည်း ပေးပို့ထားပါ သည်။

All Chapters