← Chapters

အခန်း ၉၁၅

Vol. 61 Ch. 915

အခန်း ၉၁၅

Vol. 61 Ch. 915

အခန်း (၉၁၅) သန်မာခြင်း၏ အဓိပ္ပာယ်။

"မင်းက ဘယ်သူလဲ။ မင်းလက်ထဲက ပစ္စည်းကို လွှဲပေးလိုက်ပါ။" အင်မော်တယ် ဧကရာဇ် လင်းဖန်းက ကလေးငယ်ကို ကြည့်ပြီး အေးစက်စွာ မေးခွန်းထုတ်သည်။

သို့သော်, ကလေးငယ်သည် အင်မော်တယ် ဧကရာဇ် လင်းဖန်း၏စကားများကို နားမကြားဟန်ကဲ့သို့ အခြား မည်သူမျှ မကြည့်ဘဲ နောက်ကွယ်ရှိ လေဟာနယ်ကို ကြည့်ကာ ပြောလိုက်သည် "ကောင်လေးချင်၊ ဒါက မင်းပြောခဲ့တဲ့ ရှေးဟောင်း အပျက်အစီးနယ်မြေရဲ့ သော့ဆိုတာလား?"

ချင်ယွင်သည် လေဟာနယ်ထဲမှ လမ်းလျှောက်ထွက်လာခဲ့ပြီး အပြုံးနှင့်အတူ ပြောလိုက်ပါသည် "ဟုတ်ကဲ့ပါ စီနီယာ..”။

ထိုမြင်ကွင်းကို မြင်လိုက်ရလျှင်၊ အဝေးမှ လူတွေအားလုံး အံ့အားသင့်သွားသည့် အမူအရာ အသီးသီးကို ချက်ချင်း ထုတ်ဖော်လိုက်မိကြပါသည်။ ချင်ယွင်၏ မိတ်ဆက်စကားကြောင့် သူတို့ အံ့ဩသွားကြသည်မှာ ထင်ရှားပါသည်။ ယင်းကြောင့် လူတိုင်းက ကောင်လေးကို စူးစူးစိုက်စိုက် ကြည့်ပြီး စူးစမ်းချင်စိတ် ဖြစ်လာကြပါသည်။

မာန်လင်နှင့် ဘေးနားရှိ အခြားလူများ၏ မျက်လုံးများသည် ရုတ်တရက် တောက်ပလာပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည် "ညီငယ် ချင်၊ မင်း မသေသေးဘူးလား?"။

ချင်ယွင်က မာန်လင်နှင့် တခြားလူတွေကို ပြုံးပြပြီး၊ သူ သူအဆင့်ပြေကြောင်း အမူအရာ ပြလိုက်ပါသည်။

မာန်လင်, တုကျင်းနှင့် အခြားလူများသည် စိတ်လှုပ်ရှားစွာ ခေါင်းညိတ်ပြကြသည်။ ယုကျန်းကြောင့် သူတို့ခံစားခဲ့ရသည့် အမျက်ဒေါသများပင် ချင်ယွင် ယူဆောင်လာသည့် ပျော်ရွှင်မှုများနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။

သူတို့သည် ချင်ယွင်၏ လုံခြုံရေးအတွက် အမြဲတမ်း စိုးရိမ်နေခဲ့သည်။ ချင်ယွင် အဆင်ပြေနေသည်ကို မြင်လိုက်ရတော့ သူတို့လည်း စိတ်သက်သာရာ ရသွားကြသည်မှာ သဘာဝပင်။ အမှန်တကယ်ဆို, သူတို့ထွက်သွားပြီးနောက် ချင်ယွင်က လူတိုင်းကို သတ်ခဲ့သည့်အကြောင်းကိုသာ သူတို့ သိသွားခဲ့မည်ဆိုရင်၊ သူတို့အနေဖြင့် မည်သို့ တွေးနေမည်ကို မသိနိုင်ပါဘူး။

သေချာပါသည်။ ပျော်ရွှင်နေသည့် လူများရှိနေသလို စိုးရိမ်ပူပန်နေသည့် လူတွေလည်း ရှိပါသည်။ ယုကျန်းကတော့ ချင်ယွင်ကို ပြင်းပြင်းထန်ထန် မုန်းတီးနေသည့် မျက်လုံးတွေ နှင့် စိုက်ကြည့်နေပါသည်။

ချင်ယွင်သည် အင်မော်တယ် ဧကရာဇ် လင်းဖန်း၏ နောက်ကွယ်တွင်ရပ်နေသော ယုကျန်း ကို သဘာဝကျကျ သတိပြုမိပြီး သူ၏နှုတ်ခမ်းထောင့်စွန်းက အေးစက်သော အပြုံးတစ်ခု အဖြစ် တွန့်ကွေးသွား၏။

ချင်ယွင်၏ နှုတ်ခမ်းပေါ်မှ အေးစက်သော အပြုံးကို မြင်သောအခါ၊ ယုကျန်း၏ နှလုံးသားသည် တုန်လှုပ်သွားခဲ့သည်။ ထို့နောက်၊ သူ၏မျက်လုံးထဲတွင် စဉ်းလဲ ကောက်ကျစ်သော အမူအရာ ပေါ်လာပါသည်။ ထို့နောက် သူက ရှေ့သို့ ခြေတစ်လှမ်း တိုးကာ ကလေးငယ်ကို အော်ငေါက်လိုက်ပါသည်။ "စစ်သူကြီး လင်းဖန်းက မင်းနဲ့ စကားပြောနေတာကို မင်းက ဘယ်လိုလုပ် ပြန်မပြောဘဲ နေရဲတာလဲ? မင်းက သေချင်နေတာလား?"

မှန်ပါသည်။ ယုကျန်းကိုယ်တိုင် မတ်တပ်ထရပ်ပြီး စကားပြောရသည့် အကြောင်းရင်း ကတော့၊ သူသည် ချင်ယွင်ကိုသတ်ရန်အတွက် အင်မော်တယ် ဧကရာဇ် လင်းဖန်း၏ လက်ကို ငှားရမ်းလို၍ ဖြစ်ပါသည်။ သို့သော် အင်မော်တယ် ဧကရာဇ် လင်းဖန်းနှင့် ချင်ယွင် တို့ကြားတွင် အာဃာတနှင့် မုန်းတီးမှုများ မရှိပါချေ။ ထုံးစံအတိုင်း, အကြောင်းပြချက် မရှိဘဲ သူ့ကို တိုက်ခိုက်ရန်မှာ မဖြစ်နိုင်ပါဘူး။ ထို့ကြောင့် သူသည် ဤအခြေနေကို ကျော်ဖြတ်နိုင်ရန် ဆင်ခြေတစ်ခု ရှာဖွေရပေမည်။ ဤဆင်ခြေကတော့ ချင်ယွင်နှင့်အတူ ပါလာသော ကလေးငယ်လေး ဖြစ်ပေသည်။

ချင်ယွင်သည် ယုကျန်း၏ အော်ငေါက်သံကို ကြားသောအခါ၊ ယုကျန်း မည်သို့သော လှည့်ကွက်မျိုးကို တွေးတောနေမှန်း သူ သိလိုက်သည်။ သို့သော် သူသည် ဖော်ထုတ်ပြရန် ရည်ရွယ်ချက်မရှိဘဲ ပြပွဲကို ကြည့်ရူနေသကဲ့သို့ သူ၏အမူအရာကို ထိန်းသိမ်းထားသည်။

"ယုကျန်း၊ ယုကျန်း၊ မင်းက ငါ့ကို ရည်ရွယ်ချက်ရှိရှိနဲ့ ရန်စချင်တာက မင်းအနေနဲ့ ဘာအမှားယွင်းမှ မရှိပါဘူး။ ဒါပေမယ့်, လူရွေးမှားတာကတော့ မင်းရဲ့အပြစ်ပဲ" ချင်ယွင်က သူ၏စိတ်နှလုံးထဲမှာ လှောင်ရယ်နေခဲ့ပါသည်။ ဤကလေးငယ်၏ ခွန်အားကို သူသာ သိပါသည်။ အင်မော်တယ် ဧကရာဇ်လင်းဖန်းဟု ခေါ်သူသည်ပင် သူ၏ပြိုင်ဘက်ဟု မထင်ထားပေ။ ထို့အပြင် သူ၏ ယခင်ထိတွေ့ဆက်ဆံမူအရ, ကလေးငယ်၏ ဒေါသသည် မျက်နှာပြင်ပေါ်တွင် တွေးထင်ထားသည့်အတိုင်း အန္တရာယ်မရှိခြင်းမျိုး မဟုတ်ပေ။

သေချာပါသည်၊ ယုကျန်းက ထိုစကားပြောပြီးသည်နှင့် ကလေးငယ်၏ မျက်လုံးတွေက ကျဉ်းမြောင်းသွားခဲ့ပါပြီ။ သူက ယုကျန်းဘက်သို့ လှည့်ပြီး အေးစက်စွာ မေးလိုက်သည် "မင်း ဘာပြောလိုက်တာလဲ"

ယုကျန်းသည် ကလေးလေး၏ အကြည့်ကြောင့် ထိတ်လန့်သွားပြီး၊ သူ၏နှလုံးသားထဲတွင် ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခု ထွက်ပေါ်လာသော်လည်း၊ သူ့မှာလည်း ရွေးချယ်စရာ မရှိခဲ့ပါချေ။

"ဟမ့်၊ မင်းလက်ထဲမှာရှိတဲ့ အရာက ငါတို့ရဲ့အင်မော်တယ် ဧကရာဇ် လင်းဖန်း ပိုင်ဆိုင်တဲ့ အရာပဲလေ။ မင်း သူ့လက်ထဲ ပြန်အပ်လိုက်တာ ပိုကောင်းလိမ့်မယ်။ မဟုတ်လို့, မင်း အင်မော်တယ် ဧကရာဇ် လင်းဖန်းကို ဒေါသထွက်အောင်လုပ်မိရင် မင်း ဘယ်လိုသေရမှန်း တောင်ပဲ ဖြစ်သွားလိမ့်မယ်"သူက ကောင်လေးကို လက်ညှိုးကောက်ကောက် ထိုးပြီး အေးစက်စွာ အော်‌ပြောလိုက်သည်။

ယုကျန်း၏ စကားကို ကြားသောအခါ, ကောင်လေးသည် လှောင်ပြောင်သော အမူအရာဖြင့် အေးစက်စွာ ပြုံးလိုက်သည်။ သို့သော် သူ၏မျက်လုံးများ၏ နက်ရှိုင်းသော အရပ်တွင် အေးစက်မူ အရိပ်အယောင် ပေါ်လာသည်။

အနီးနားရှိ အင်မော်တယ် ဧကရာဇ် လင်းဖန်းလည်း မျက်မှောင်ကြုတ်သွားသည်။ ယုကျန်း က သူ့ကို လှံတစ်ချောင်းအဖြစ် အသုံးပြုနေသည်ကို သူ မကြိုက်သော်လည်း၊ မည်သို့ပင် ဖြစ်စေကာမူ၊ သူကိုယ်တိုင်ကလည်း ကလေးငယ်၏လက်ထဲမှ ရှေးဟောင်းအပျက်အစီး နယ်မြေသော့ကို လုယူချင်သောကြောင့်, သူ့ကို မတားခဲ့ပါဘူး။

ခပ်လှမ်းလှမ်းတွင်၊ အင်မော်တယ် ဧကရာဇ် ချီလိသည် ပြဇာတ်တစ်ပုဒ်ကို ကြည့်နေရင်း အထင်သေးသည့် အမူအရာ ဖြစ်ပေါ်နေသည်။ သို့သော်လည်း၊ သူသည် ကောင်လေးထံမှ ဖြစ်ပေါ်လာသော ထူးဆန်းသော အမူအရာကို ကြည့်ရင်း တစ်ခုခုကို တွေးတောနေမိသည်။

"ဟမ့်၊ ဒီအရာက မင်းပိုင်ဆိုင်တဲ့အရာ ဟုတ်မဟုတ် ပြောနေစရာမလိုဘူး။ တကယ်လို့, ငါက မလွှဲပေးဘူးဆိုရင်, မင်းက ငါ့ကို ဘာလုပ်နိုင်မှာလဲ?" ရိုးရိုးသားသားပြောရရင်၊ မင်းရဲ့နောက်မှာရှိတဲ့ အင်မော်တယ် ဧကရာဇ်လင်းဖန်းဆိုတာက ငါ့မျက်လုံးထဲမှာတော့ မစင်အစုအပုံ တစ်ခုထက် ဘာမှမပိုပါဘူး။" ကောင်လေးက လှောင်ရယ်ရယ်နေပြီး သူ၏ မျက်လုံးများတွင် လှောင်ပြောင်မှုအပြည့် ရှိနေပါသည်။

အင်မော်တယ် ဧကရာဇ် လင်းဖန်းက မစင်အစုံပုံ ဆိုပါလား?။

ပတ်ဝန်းကျင်ရှိ အင်မော်တယ်ဘုရင်များ အားလုံးသည် အံ့အားသင့်သွားသည့် အမူအရာများကို ထုတ်ဖော်လာကြသည်။ ထင်ရှားသည်မှာ၊ ဤလျှို့ဝှက်ဆန်းကြယ်သော ကလေးငယ်သည် အင်မော်တယ် ဧကရာဇ် လင်းဖန်း၏ ရှေ့မှောက်မှာပင် သူ့ကို မစင် အစုအဝေးဟု ခေါ်ဝံ့မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြသည်မှာ ထင်ရှားပါသည်။

အင်မော်တယ် ဧကရာဇ် လင်းဖန်းသည် ထိုစကားကို ကြားသောအခါ သူ၏မျက်နှာသည် ချက်ချင်းပင် ပြာနှမ်းသွားပြီး၊ ကလေးလေးကိုကြည့်သည် သူ၏အကြည့်တွေက သတ်ပစ်ချင်စိတ်များဖြင့် ပြည့်နှက်လာခဲ့သည်။

"မင်း ဘယ်သူလဲဆိုတာ ငါ ဂရုမစိုက်ပါဘူး။ ဒီနေ့ မင်းရဲ့အပြောအဆိုနဲ့ လုပ်ရပ်အတွက် မင်း တန်ရာတန်ကြေး ပေးဆပ်ရမယ်။" အင်မော်တယ် ဧကရာဇ် လင်းဖန်းသည် သူ၏ခန္ဓာကိုယ်မှ အဆုံးမဲ့ သတ်ဖြတ်လိုသည့်ဆန္ဒများ ပေါက်ကွဲထွက်လာပြီး၊ ဒေါသတကြီး အော်ပြောလိုက်သည်။

ယုကျန်းသည် အင်မော်တယ် ဧကရာဇ် လင်းဖန်း၏ အမျက်ဒေါသကို မြင်သောအခါတွင်၊ သူသည် အလွန်ပျော်ရွှင်သွားခဲ့သည်။ ဤမြင်ကွင်းက သူလိုချင်သည့် မြင်ကွင်းမျိုး အတိအကျပင်။

"ဟမ့်၊ မင်း ငါ့ကို တန်ရာတန်ကြေး ပေးဆပ်ခိုင်းဖို့ အရည်အချင်း မရှိမှာပဲ ငါ ကြောက်မိတယ်" ကောင်လေးက ရယ်ပြီး၊ သူရဲကောင်းအားလုံးကို အထင်သေးသည့် အမူအရာဖြင့် ကြည့်နေလေသည်။

"မင်းက သေခြင်းတရားကို တောင်းခံနေတာပဲ” အင်မော်တယ် ဧကရာဇ် လင်းဖန်းသည် ချက်ချင်းပင် ဒေါသအမျက်ထွက်ကာ ကလေးငယ်ဆီသို့ ပြင်းထန်သော စွမ်းအားကို တိုက်ရိုက် ပစ်လွှတ်လိုက်သည်။

ကောင်လေးက ညင်သာစွာ ပြုံးလိုက်ပြီး လေဟာနယ်ကို မော့ကာ အော်ဟစ်လိုက်သည် “ကွဲသွားစမ်း”

ကြောက်မက်ဖွယ် စွမ်းအားတစ်ခုသည် ချက်ချင်း ပျံ့နှံ့သွားပြီး၊ အင်မော်တယ် ဧကရာဇ် လင်းဖန်း ပစ်လွှတ်လိုက်သော စွမ်းအားကို ချက်ချင်း ဖြိုခွဲပစ်လိုက်သည်။

လူတိုင်း၏ အမူအရာများ ပြောင်းလဲသွားကြပါပြီ။ “ကွဲသွားစမ်း” ဟူသော စကားတစ်ခွန်းက အင်မော်တယ် ဧကရာဇ်တစ်ပါး၏ တန်ခိုးအစွမ်းကို ဖြိုခွဲ ပစ်လိုက်သည်။ ဤအရာက မည်သို့သော ခွန်အားမျိုးနည်း?။

အင်မော်တယ် ဧကရာဇ် လင်းဖန်းသည်လည်း အံ့အားသင့်သွားသည့် အမူအရာကို ထုတ်ဖော်ရင်း၊ သူသည် သံပန်းကန်ပြားကို ကန်မိပြီဖြစ်ကြောင်း သိလိုက်ပါပြီ။

သို့သော် ဤအခိုက်အတန့်တွင်၊ သူ၏ရှေ့မှာ အရပ်ပုပုရုပ်အသွင်တစ်ခု ပေါ်လာသည်။ သူ့အား တုံ့ပြန်ရန်ပင် အခွင့်အရေး အနည်းငယ်မျှ မပေးဘဲ၊ ထိုပုံရိပ်သည် အင်မော်တယ် ဧကရာဇ် လင်းဖန်း၏ မျက်နှာကို ရိုက်ချလိုက်သည်။

“ဖပ်…” အသံသည် အနှိုင်းမဲ့ ကြည်လင်ပြတ်သားသည်။

အင်မော်တယ် ဧကရာဇ် လင်းဖန်းကို လွင့်ပျံသွားစေခဲ့သည်။

သို့သော်၊ ထိုကလေးငယ်သည် ရပ်တန့်ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ သူသည် အင်မော်တယ် ဧကရာဇ် လင်းဖန်း၏ နောက်ကို လိုက်ပါသွားခဲ့သည်။ လက်တစ်ဖက်က အင်မော်တယ် ဧကရာဇ် လင်းဖန်း၏ လည်ပင်းကို ဆုပ်ကိုင်လိုက်ပြီး ကျန်လက်တစ်ဖက်က သူ၏မျက်နှာပေါ်ကို အရူးအမူး ဆိတ်ဆွဲတော့သည်။ သူက ဆိတ်ဆွဲနေရင်း “မင်းကိုမင်း မစင်အစုအပုံကြီးလို့ မထင်ဘူးလား?” ဟု မေးနေလေသည်။

အဝေးမှ အင်မော်တယ် ဘုရင်များအားလုံးသည် မျက်လုံးပြူးကာ အေးစက်စက် လေကို ရှုရှိုက်လိုက်ကြသည်။

ဤသည်မှာ အင်မော်တယ် ဧကရာဇ်တစ်ပါး ဖြစ်ပါသည်။ ထို့အပြင်၊ သူသည် ကောင်းကင် တာအိုနယ်ပယ်၏ တတိယအဆင့်ရှိ အင်မော်တယ် ဧကရာဇ်တစ်ပါး ဖြစ်ပါသည်။ ယခုမူ၊ ဤကလေးငယ်၏ လက်ထဲတွင် အခြားတဖက်က ချမ်းသာပေးမှရမည့် ရွှံ့ရုပ်တစ်ရုပ်လို အဘယ့်ကြောင့် ခံစားနေရသနည်း?။

ဘေးတွင်ရှိနေသည့် ယုကျန်းလည်း လုံးဝ အံ့အားသင့်သွားခဲ့ပြီး၊ သူ၏မျက်လုံးများတွင် မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်နေသည်။

ဤအခိုက်အတန့်တွင် ပြင်းထန်သော နောင်တစိတ်က သူ၏နှလုံးသားထဲသို့ တိုးဝင်လာခဲ့သည်။ ဤလျှို့ဝှက်ဆန်းကြယ်သော ကောင်လေးကို ဒေါသထွက်အောင် လုပ်မိသည့်အတွက် သူ့ကိုယ်သူ မုန်းနေမိသည်။

ဒါက သောက်ရမ်းကြမ်းတမ်းတဲ့ လူသားတစ်ယောက် မဟုတ်တော့ဘူး။ သောက်ရမ်း အစွမ်းထက်တဲ့ မွန်းစတားတစ်ကောင်ပဲ။

ပြေးရမလား?

ဤအရာ သူ၏စိတ်ထဲမှာဖြစ်ပေါ်နေသော တစ်ခုတည်းသော အတွေးဖြစ်ပါသည်။

သို့သော်၊ သူခေါင်းကိုလှည့်ပြီး ထွက်ပြေးရန် ပြင်ဆင်နေချိန်မှာ ချင်ယွင်သည် သူ၏နောက်တွင် ပြုံးပြုံးရွှင်ရွှင် ရပ်နေသော မျက်နှာထားဖြင့် ရပ်နေသည်ကို တွေ့လိုက်ရပါသည်။ ယင်းက သူ၏နှလုံးကို တစ်ချက်ခုန်သွားစေသည်။

"ဘာလဲ?၊ ဒီလောက်ကောင်းတဲ့ ပြပွဲတစ်ခုပြီးတော့မှ မင်းက ထွက်သွားဖို့ စီစဉ်နေတာ မဟုတ်ပါဘူးနော်”။ ချင်ယွင်က ယုကျန်းကို ကြည့်ကာ ပြုံးလိုက်သည်။ သူ၏လေသံက အရမ်းကို နူးညံ့လွန်း၏။

သို့သော် သူ၏အပြုံးသည် ယုကျန်း၏မျက်လုံးထဲတွင် သေမင်းနတ်ဘုရား၏ အပြုံးထက် ပို၍ ကြောက်စရာကောင်းနေ၏။ သူ၏ နူးညံ့သိမ်မွေ့သော အသံက မြေအောက်ကမ္ဘာ ငရဲပြ၌ နာကျည်း ဝိညာဉ်များ၏ အူသံထက်ပင် ပို၍ ကြောက်စရာကောင်းသည်။

"ချင်ယွင်၊ ဒါတွေအားလုံးက မင်းရဲ့အပြစ်တွေပဲ၊ ငါ မင်းကို တိုက်ခိုက်မယ်။" ယုကျန်း၏ မျက်လုံးများသည် ကြက်သွေးရောင် ပြောင်းသွားပြီး၊ စိတ်ပျက်အားငယ်သံဖြင့် အော်ဟစ်ရင်း သူ၏ခန္ဓာကိုယ်ရှိ စွမ်းအင်အားလုံး တဟုန်ထိုး ပျံ့နှံ့မူနှင့်အတူ ချင်ယွင်ထံသို့ ပြေးသွားခဲ့သည်။

ချင်ယွင်သည် သူ့ဆီသို့ ပြေးလာနေသော ယုကျန်းကို လှမ်းကြည့်ရင်း သူ၏ ပါးစပ်ထောင့်က အပြုံးမပျက် ရှိနေသည်။

“ဘုန်း…”။

လက်သီးချက်သည် ယုကျန်း၏ ဝမ်းဗိုက်ပေါ်သို့ တိုက်ရိုက် ကျရောက်သွားပြီး ယုကျန်း၏ တစ်ကိုယ်လုံး ပုစွန်တစ်ကောင်ကဲ့သို့ ကွေးညွှတ်သွားခဲ့သည်။

သို့သော်လည်း ချင်ယွင်က သူ့ကို လွင့်ထွက်သွားခွင့် မပြုခဲ့ပေ။ ယင်းအစား၊ သူ၏ ဆံပင်တွေကို ဆွဲယူပြီး ယုကျန်းကို ပုဆိန်တစ်လက်ကဲ့သို့ ဝှေ့ယမ်းကာ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ရိုက်ပစ်လိုက်လေသည်။

စာစဉ် (၆၁) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters