အခန်း ၉၁၆
Vol. 62 Ch. 916
အဓိပတိအင်မော်တယ်သခင် စာစဉ် (၆၂)
ဘာသာပြန်သူ နေဇင်။
အခန်း (၉၁၆) ရှေးဟောင်းအပျက်အစီးနယ်မြေသို့ ဝင်ရောက်ခြင်း။
"ဘန်ုး….၊ ဘန်း….၊ ဘန်း….”
ချင်ယွင်သည် ပစ်ရိုက်ရုံနှင့် မကျေနပ်သေးဘဲ၊ ယုကျန်း၏ ခြေကျင်းဝတ်ကို ဆွဲကိုင်ပြီး အရူးအမူး ပစ်ချလိုက်လေသည်။
သနားစရာ ယုကျန်းခင်ဗျာ ချင်ယွင်၏ တုတ်တစ်ချောင်းကဲ့သို့ ဆက်ဆံမူခံနေရပြီး၊ မြေပြင်ပေါ်သို့ အပြင်းအထန် ပစ်ရိုက်သွားလေသည်။ မြေကြီး၏ ဘေးနှစ်ဘက်စလုံးတွင် နက်ရှိုင်းသော တွင်းနက်ပေါက်ကြီးနှစ်ခု ဖန်တီးသွားခဲ့ပြီး၊ ယုကျန်း၏ ခန္ဓာကိုယ်တစ်ခုလုံး လုံးဝ ပုံပန်းသဏ္ဍာန် ပျက်ယွင်းသွားခဲ့ပြီ။
အဝေးမှ လူတွေအားလုံး ဤမြင်ကွင်းကို မြင်လိုက်ရသူတိုင်း အေးစက်စက် လေကို ရှုရှိုက်မိကြပါသည်.
ယခင်က ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲများကို သူတို့ မြင်ဖူးသော်လည်း၊ ယခုကဲ့သို့ ရက်စက်သော တိုက်ပွဲမျိုးကို သူတို့ မတွေ့ဖူးခဲ့ပါ။ လူတစ်ယောက်ကို မြေကြီးပေါ်သို့ တိုက်ရိုက် ပစ်ရိုက်ချသည်။ သူတို့သည် ထိုမြင်ကွင်းကို ဘေးကနေ ကြည့်နေရုံဖြင့် နာကျင်မှုဝေဒနာကို ခံစားလိုက်ရပြီး၊ သူတို့ နှလုံးသားတွေထဲမှာ ယုကျန်းအတွက် ပြောစရာစကားမဲ့သလို ဖြစ်နေပြီး၊ အသံတိတ်နေကြသည်။
မာန်လင်နှင့် အခြားသူများလည်း ထိတ်လန့်သွားကြသည်။ ချင်ယွင်သည်၏ ခွန်အားသည် ဤမျှ အားကောင်းမည်ဟု သူတို့ မမျှော်လင့်ထားသော်လည်း၊ နှလုံးသားထဲတွင်မူ သက်သာရာ ရသွားကြသည်။
"ကောင်းလိုက်တဲ့ တိုက်ချက်၊ နောက်တစ်ခေါက်လောက် ထပ်တိုက်ပါဦး။" လင်းယုက မထိန်းနိုင်ဘဲ အော်ဟစ်ရင်း သွေးတွေ ဆူပွက်လာသည်။
ယခုအချိန်တွင် လုံးလုံး ပြိုကျနေပြီဖြစ်သော ယုကျန်းသည် လင်းယု၏စကားကို ကြားသောအခါ၊ သွေးအန်ချင်လာသည်။
ချင်ယွင်၏ ပါးစပ်ထောင့်က အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။ သူသည် ယုကျန်း၏ ခန္ဓာကိုယ်အား ခွန်အားရှိသမျှကို တိုက်ရိုက် အသုံးပြုကာ ယုကျန်းကို မြေပြင်ပေါ်သို့ တိုက်ရိုက် ပစ်ရိုက်ခဲ့သည်။ ကြောက်စရာကောင်းသည့် စွမ်းအားက ချက်ချင်း ပျံ့နှံ့သွားခဲ့ပြီး၊ သူ၏အောက်ရှိ မြေပြင်တစ်ခုလုံးပင် ချက်ချင်း နစ်မြုပ်သွားခဲ့ပြီ။
ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအားအောက်တွင် ယုကျန်းသည် ရွှံ့ပုံကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ မသေဘူးဆိုသည်မှာ မဖြစ်နိုင်တော့ပေ။
တစ်ချိန်တည်းမှာပင် ကောင်းကင်၌ အင်မော်တယ်ဧကရာဇ် လင်းထန်းသည် သူ၏ဦးခေါင်းကို ကလေးငယ်လေ၏ အတင်းအဓမ္မ ဆုတ်ဖြဲခြင်းကို ခံနေသည်။ သူ၏ ပါးစပ်မှ သွေးများ ပန်းထွက်နေပြီး ထိုမြင်ကွင်းသည် အလွန်မင်း သွေးထွက်သံယို မြင်ကွင်းမျိုး ဖြစ်သည်။
နတ်ဘုရားပြုတ်ကျခြင်း ချောက်နက်ကြီးတစ်ခုလုံး သေလောက်အောင် တိတ်ဆိတ်နေကြ သည်။ အားလုံးက အသက်ရှုကြပ်ပြီး သူတို့နှစ်ယောက်ကို ကြည့်နေကြသည်။ အထူးသဖြင့် ကလေးငယ်ကို ဖြစ်သည်။ သူတို့၏အကြည့်များသည် ရိုသေမှုအပြည့် ရှိနေသည်။
အဝေးမှ တိတ်တဆိတ် ကြည့်ရူနေခဲ့သော အင်မော်တယ်ဧကရာဇ် ချီလိသည် နောက်ဆုံးတွင် တစ်ခုခုကို တွေးလိုက်မိသည်။ သူ တိုက်ရိုက် ဒူးထောက်ပြီး ကောင်းကင်ယံရှိ ကလေးငယ်ကို ရိုသေလေးစားစွာ ပြောလိုက်ပါသည် "ကျွန်တော် ချီလိက သခင်တွန်ဒီကို နှုတ်ခွန်းဆက်တယ်” ။
"တွန်ဒီ….?"
ဤနှုတ်ဆက်စကားကို ကြားလျှင်၊ လူတိုင်းက ကြောက်ရွှံ့ထိတ်လန့်သွားသည့် အမူအရာတွေ ဖြစ်ပေါ်လာကြပါသည်။
လွန်ခဲ့သော နှစ်တစ်ထောင်ကျော်က ဤရှေးဟောင်းစစ်မြေပြင်တွင် လျှို့ဝှက် ဆန်းကြယ်သော ကလေးငယ်တစ်ဦး ပေါ်လာဖူးသည်။ သူသည် အင်မော်တယ်ဧကရာဇ် ဆယ်ပါးကို သူတစ်ယောက်တည်း တိုက်ခိုက်ခဲ့သည်။ နောက်ဆုံးမှာတော့၊ သူက အင်မော်တယ်ဧကရာဇ် ဆယ်ပါးလုံးကို သတ်ပစ်ခဲ့ပြီး ထူးထူးခြားခြား ပျောက်ကွယ် သွားခဲ့သည်။
ဤအကြောင်းအရာက အမှောင်ထုချောက်နက်ကြီး တစ်ခုလုံးကို ပျံ့နှံ့သွားပြီး၊ အမှောင်ထုချောက်နက်ကြီး တစ်ခုလုံး၏ ဒဏ္ဍာရီ ဖြစ်လာခဲ့ပါသည်။ လူတိုင်းက သူ့ကို တွန်ဒီဟု လေးလေးစားစား ပြောကြသည်။
မထင်မှတ်ဘဲ၊ အနှစ်တစ်ထောင်ကျော် ကုန်ဆုံးသွားပြီး တွန်ဒီသည် အမှန်တကယ် ပြန်လည် ပေါ်ထွန်းလာခဲ့သည်။ ထို့အပြင် သူ၏ရုပ်ရည်အသွင်အပြင်မှာ လုံးဝ ပြောင်းလဲခြင်း မရှိခဲ့ပေ။ သူသည် ရှစ်နှစ်သားကလေးအရွယ်ပင် ရှိနေသေးသည်။ ယင်းက ပတ်ဝန်းကျင်ရှိ လူများကို မှန်းဆ၍မရဘူးဟူသည့် ခံစားချက်ကို ချက်ချင်း ခံစားရစေ သည်။
ချင်ယွင်သည်လည်း အံ့သြသွားသည့် အမူအရာကို ထုတ်ဖော်လိုက်မိသည်။ ရှင်းရှင်းပြောရရင်၊ ဤကလေးငယ်သည် ယခုလို ဘွဲ့ထူးမျိုး ပိုင်ဆိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ထို့အပြင်၊ တွန်ဒီဟူသော ဘွဲ့အမည်က သူ့အတွက် တကယ်ကို သင့်တော်ပါသည်။
"အနှစ်တစ်ထောင်ကျော်သွားပြီးတဲ့နောက် ငါ့ကို မှတ်မိနေတဲ့ တစ်စုံတစ်ယောက် အမှန်တကယ် ရှိနေဦးမယ်လို့ ငါ မမျှော်လင့်ထားဘူး။ ဘာလဲ၊ မင်းကရော ဒီရှေးဟောင်း အပျက်အစီးနယ်မြေရဲ့သော့ကို လုယူချင်နေတာလား?။" တွန်ဒီက ချီလိကို ကြည့်ပြီး ပြောလိုက်သည်။
"မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ပါဘူး၊ သခင် တွန်ဒီရဲ့ပစ္စည်းကို ကျွန်တော့်တို့က ဘယ်လိုလုပ် တောင်းခံရဲမှာလဲ။ ကျွန်တော်က ဖြတ်သွားဖြတ်လာ တစ်ဦးပါ။” အင်မော်တယ်ဧကရာဇ် ချီလိသည် တွန်ဒီက နားလည်မှု လွဲသွားမည်ကို အလွန်မင်း ကြောက်လန့်နေသည့်အလား အလောတကြီး ခေါင်းယမ်းပြလိုက်ပါသည်။
သူသည် ရှေးခေတ်အပျက်အစီးနယ်မြေသော့ကို အမှန်တကယ် လုယူချင်သော်လည်း ယခုအချိန်တွင် ထိုသို့လုပ်ဖို့ စိတ်ကူးမရှိတော့သလောက်ပင်။
အဓိပ္ပာလည်းမရှိလှပေ။ ဤရှေးဟောင်းအပျက်အစီးနယ်မြေနှင့် နှိုင်းယှဉ်ပါက သူ၏ အသက်သည် သဘာဝအတိုင်း ပို၍ အရေးကြီးပါသည်။ သူသည်လည်း ထိုအင်မော်တယ် ဧကရာဇ် လင်းဖန်းကဲ့သို့ ခေါင်းပြတ်မခံချင်ပါ။
တွန်ဒီသည် အင်မော်တယ်ဧကရာဇ် ချီလိအား အထင်အမြင် သေးစွာဖြင့် စိုက်ကြည့်ပြီး နောက် လျစ်လျူရှုထားလိုက်သည်။ ယင်းအစား သူက ချင်ယွင်ဘက်သို့ လှည့်ပြီး ပြောသည် "ကောင်လေးချင်၊ ဒီရှေးဟောင်းအပျက်အစီး နယ်မြေသော့ကို သူတို့ မလိုချင်ဘူးဆိုတော့ မင်းကို ငါ ပေးလိုက်မယ်။ ဒီရှေးဟောင်းအပျက်အစီးနယ်မြေက သော့ကိုင်တဲ့လူတစ်ယောက်ပဲ ဝင်လို့ရတယ်။ ဒီနယ်မြေထဲမှာရှိတဲ့ အရာတွေက ငါ့အတွက် အသုံးမဝင်ဘူး။ မင်း ငါ့ကို အကြွေးတင်နေပြီလို့ သဘောထားလိုက်ပါ"။
တွန်ဒီသည် သူ၏လက်ထဲရှိ ရှေးဟောင်းအပျက်အစီးနယ်မြေသော့ကို ချင်ယွင်ထံသို့ ပစ်ပေးလိုက်သည်။ ချင်ယွင်ကို ကြည့်နေကြသည့် လူတိုင်း၏အကြည့်တွေက မနာလို ငြူစူမှုတွေနှင့် ပြည့်နှက်နေခဲ့သည်။
ချင်ယွင်သည် ရှေးဟောင်း အပျက်အစီးနယ်မြေသော့ကို ယူ၍၊ ရှိုက်ကြီးတငင် ပြုံးကာ ပြောလိုက်သည် "ငါ့မှာ သော့ရှိနေပြီ။ ဒါပေမယ့် အပျက်အစီးနယ်မြေက ဘယ်မှာလဲ?"
အားလုံးက တွန်ဒီကို လှမ်းကြည့်နေကြသည်။ သူတို့သည် နတ်ဘုရားပြုတ်ကျခြင်း ချောက်နက်ကြီးကို အကြိမ်ကြိမ် ရှာဖွေခဲ့ပြီး ဖြစ်သော်လည်း၊ ရှေးဟောင်းအပျက်အစီး နယ်မြေဆီသို့ ဝင်ပေါက်ကို ရှာတွေ့ခဲ့ခြင်း မရှိခဲ့ပေ။ ချင်ယွင်၏မေးခွန်းကို ကြားတော့ တွန်ဒီသည် ရှေးဟောင်း အပျက်အစီးနယ်မြေရှိရာ ဝင်ပေါက်ကို သိရှိခြင်းရှိမရှိ လူတိုင်း သိချင်နေကြသည်။
တွန်ဒီက ပြုံးပြီး ချင်ယွင်၏ မေးခွန်းကို ပြန်မဖြေပါဘူး။ ယင်းအစား သူသည် အလွန်မြင့်မားသော အရှိန်ဟုန်ဖြင့် ကောင်းကင်မှ ခုန်ဆင်းလိုက်ပြီး မြေပြင်ပေါ်သို့ ဆင်းသက်ကာ ခြေတစ်ချက် ဆောင့်ချလိုက်သည်။
မြေပြင်တစ်ခုလုံး ချက်ချင်း တုန်ခါသွားကာ နတ်ဘုရားပြုတ်ကျခြင်း ချောက်နက်ကြီး တစ်ခုလုံးသည် လူတိုင်း၏ ထိတ်လန့်တကြား အကြည့်များအောက်တွင် တစ်ဝက်စီ ပြိုကွဲသွားသည်။
လျှိုမြောင်တစ်ခု ထွက်ပေါ်လာခြင်းနှင့်အတူ လူတိုင်း၏ အမြင်အာရုံထဲတွင် ရှည်လျားသော လှေကားတစ်ခု ပေါ်လာသည်။ ဤလှေကား၏အဆုံးတွင် ဧရာမ သတ္တုတံခါးကြီးတစ်ခု ရှိနေပါသည်။
"အပျက်အစီးနယ်မြေက တကယ်ကို ရှိနေတာပဲ" အဝေးမှ အင်မော်တယ်ဘုရင်များ အားလုံးသည် အံ့အားသင့်ဟန် အမူအရာများကို ထုတ်ဖော်နေကြပြီး၊ သူတို့၏ မျက်လုံးများ သည် ချက်ချင်းပင် ပူလောင်လာသည်။
ချင်ယွင်လည်း အနည်းငယ် ထိတ်လန့်သွားသည်။ ထင်ရှားသည်မှာ၊ ဤရှေးဟောင်း အပျက်အစီးနယ်မြေ၏ ဝင်ပေါက်သည် မြေအောက်၌ အမှန်တကယ် နစ်မြုပ်နေလိမ့် မည်ဟု သူ မထင်ထားခဲ့သည်မှာ ထင်ရှားပါသည်။ တွန်ဒီ၏ ကောင်းကင်ကို ဖြိုခွဲပြီး ကမ္ဘာမြေကို ခွဲထုတ်နိုင်တဲ့ စွမ်းရည်ကြောင့်သာ၊ ထိုသို့မဟုတ်ပါက ဤအပျက်အစီး နယ်မြေ၏ ဝင်ပေါက်ကို မည်သူက ရှာဖွေတွေ့ရှိနိုင်မည်နည်း။
"စီနီယာ တွန်ဒီ၊ အပျက်အစီးနယ်မြေထဲကို လူတစ်ယောက်ပဲ ဝင်လို့ရတာလား?" ချင်ယွင်က တွန်ဒီကို ကြည့်ကာ မေးလိုက်သည်။
ဤစကားလုံးများသည် မာန်လင်နှင့် အခြားသူများအတွက် ဖြစ်ပါသည်။ မာန်လင်နှင့် အခြားလူများသည် အပျက်အစီးနယ်မြေသော့ကို ပိုင်ဆိုင်ထားကြသည်။ ချင်ယွင်သည် တစ်ယောက်တည်း ဆင်းသွားရင် ရှင်းပြရခက်လိမ့်မည်။
"လူတစ်ယောက်ပဲ" တွန်ဒီက ပြောသည်။
ချင်ယွင်သည် မျက်မှောင်ကြုတ်ပြီး မာန်လင်နှင့် တခြားသူတွေကို ကြည့်လိုက်ပါသည်။
"ညီငယ်ချင်၊ မင်း ဆင်းသွားလို့ရပြီ။ မင်းကြောင့်သာ မဟုတ်ရင် ငါတို့လည်း ယုကျန်းရဲ့ လုပ်ကြံမှုအောက်မှာ သေသွားလိမ့်မယ်။” မာန်လင်က ပြောသည်။
"ဟုတ်တယ်၊ မင်း မရှိဘူးဆိုရင် ငါတို့လည်း သေခဲ့တာ ကြာပြီ။ ဒီအပျက်အစီးနယ်မြေကို ငါတို့ ပိုင်ဆိုင်နိုင်မှာ မဟုတ်ဘူး" တုကျင်းကလည်း ပြောလိုက်သည်။
လျူဘိုင်နှင့် လင်းယုတို့က မာန်လင်၊ တုကျင်းတို့စကားကို သဘောတူညီသည့်အလား ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ၊ ဒါဆိုလည်း ကျွန်တော် ဆင်းလိုက်မယ်။" ချင်ယွင်သည် ရှက်ရွံ့တတ်သူ မဟုတ်ပေ။ ထို့ကြောင့်၊ သူက ပြတ်ပြတ်သားသား ပြောလိုက်သည်။
"ညီငယ်ချင် သတိထားပါ!" မာန်လင် သတိပေးသည်။
ချင်ယွင်သည် ခေါင်းညိတ်ပြပြီး လူတိုင်းရဲ့မျက်စိရှေ့မှာ သတ္တုတံခါးကြီးဆီကို လျှောက်သွားသည်။
ချင်ယွင်သည် သတ္တုတံခါးကြီးရှေ့သို့ အမြန်ရောက်လာသည်။ သတ္တုတံခါးကြီးသည် တုနှိုင်းမရလောက်အောင် ခိုင်ခံ့သည်ကို တွေ့လိုက်ရသဖြင့် ချင်ယွင် အံ့သြသွားသည်။ သူ မည်မျှပင် ကြိုးစားကြိုးစား၊ တံခါးမကြီးကို လှုပ်လို့တောင် မရခဲ့ပါဘူး။
သို့သော် ဧရာမတံခါးကြီး၏ အလယ်ဗဟိုတွင် အပေါက်တစ်ခု ရှိနေသည်။ ၎င်းသည် ဟက်ဇဂရမ်သတ္တုပြား ပုံစံမျိုးပင်။ ချင်ယွင်၏လက်ထဲမှ ဟက်ဇဂရမ်သတ္တုပြားသော့နှင့် အတိအကျ တူတူပင်။
ချင်ယွင်သည် ၎င်းသည် ဤတံခါးကြီး၏သော့ဖြစ်သည်ကို သိသောကြောင့် သူသည် တုန့်မဆိုင်းမနေဘဲ လက်ထဲတွင်ရှိနေသော ဟက်ဇဂရမ်သတ္တုပြားကို အပေါက်ပေါ်သို့ ဖိလိုက်သည်။
ဟက်ဇဂရမ်သတ္တုပြားကို တံခါးကြီး၏အပေါက်ထဲသို့ ထည့်လိုက်သောအခါ၊ သတ္တုတံခါးကြီးတစ်ခုလုံးသည် တောက်ပသောအလင်းရောင်ကို ထုတ်လွှတ်သည်။ အနှိုင်းမဲ့ လျှို့ဝှက်ဆန်းကြယ်သော ပုံစံသင်္ကေတများသည် ဟက်ဇဂရမ်သတ္တုပြား တစ်ဝိုက်တွင် ဆင်းသက်လာပြီး လမ်းကြောင်းအားလုံးဆီကို လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော ရှေးဟောင်းဆိတ်သုဉ်းခြင်း အငွေ့အသက်သည် သတ္တုတံခါးကြီးမှ ထွက်ပေါ်လာပြီး ချောက်ကြီးတစ်ခုလုံးကို ရှုပ်ထွေးသွားစေသည်။
ဘန်း…။
ဤအခိုက်အတန့်တွင် ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်သို့ အလင်းတန်းတစ်ခု တိုက်ရိုက် တောက်ပလာပြီး သူ့ကို ဖုံးအုပ်သွားခဲ့သည်။ ထို့နောက် ချင်ယွင်သည် လူတိုင်း၏အကြည့်မှ ပျောက်ကွယ်သွားသည်။
ထို့နောက်တွင်၊ မူလက အက်ကွဲနေသော လျှိုမြောင်ကြီးသည် လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် ပျောက်ကွယ်သွားပြီး ချောက်နက်ကြီး၏ မူလအသွင်အပြင်ကို ပြန်လည် ရရှိစေသည်။