အခန်း ၉၁၇
Vol. 62 Ch. 917
အခန်း (၉၁၇) အဆင့်ခုနှစ်အင်မော်တယ်ဆေး။
ဘန်း….။
ချင်ယွင်သည် ခန်းမကျယ်ကြီးတစ်ခုတွင် ပြန်ပေါ်မလာခင်၊ သူ၏မျက်လုံးများသည် ဖျတ်ခနဲ လင်းလက်သွားသည်ကိုသာ ခံစားလိုက်ရပါသည်။
ဤသည်မှာ အလွန့်လွန် ကျယ်ဝန်းသော ခန်းမကြီးတစ်ခု ဖြစ်နေသည်။ သို့သော် ချင်ယွင်ကို ထူးဆန်းသလို ခံစားစေသည့်အရာက ခန်းမတစ်ခုလုံးကို ထူးဆန်းသော သတ္တုဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ထို့သို့မဟုတ်လျှင်လည်း၊ ခန်းမတစ်ခုလုံးသည် မူလကတည်းက သတ္တုအပိုင်းအစကြီးတစ်ခု ဖြစ်နေနိုင်သည်။ တစ်စုံတစ်ယောက်သည် အတွင်းမှ ခန်းမကြီးတစ်ခုအဖြစ် ဖန်တီးထားသည်။ ထို့ကြောင့်၊ ခန်းမအတွင်းရှိ ပရိဘောဂများသည် ခန်းမကြီးနှင့်လည်း ချိတ်ဆက်ထားသည်။
ချင်ယွင်သည် ခန်းမထဲမှ ထွက်ပေါ်လာသော ထူထပ်သိပ်သည်းသည့် ရှေးဟောင်း အငွေ့အသက်ကို ခံစားနိုင်သည်။ ချင်ယွင်၏ ခန္ဓာကိုယ်သည် ဤအငွေ့အသက်ကို စုပ်ယူနေသောကြောင့်၊ ယင်းက သူ့ကို သက်တောင့်သက်သာ ဖြစ်စေသည်။ အထူးသဖြင့် ခန်းမအတွင်းရှိ ရှေးဟောင်းအငွေ့အသက်ကို ကနဦးစကြဝဠာမှ စုပ်ယူလိုက်သောအခါ၊ ကနဦးစကြဝဠာ၏ လည်ပတ်မှု အမြန်နှုန်းသည် များစွာ တိုးမြင့်လာသည်။
"အယ်၊ ဒါ..."
ထိုအချိန်မှာပင်၊ ချင်ယွင်သည် ခန်းမအလယ်မှာ အချင်းတစ်မီတာရှိသည့် စက်ဝိုင်း စင်မြင့်တစ်ခု ရှိနေသည်ကို တွေ့လိုက်ရပါသည်။ စင်မြင့်ပေါ်တွင် ဆေးထည့်ထားသည့် ကျောက်စိမ်းသေတ္တာတစ်လုံး ရှိနေသည်။
ချင်ယွင်သည် ဆေးလုံးအား အံ့အားသင့်သော အမူအရာဖြင့် ကြည့်နေသည်၊ အဘယ်ကြောင့်ဆိုသော် ထိုဆေးလုံးသည် အမှန်တကယ် သိမ်မွေ့သော ခုနစ်ရောင်ခြယ် အလင်းတန်းကို ထုတ်လွှတ်နေသောကြောင့် ဖြစ်ပါသည်။
"ဒါက အဆင့်ခုနစ် အင်မော်တယ် ဆေးလုံးလား။" ချင်ယွင်က မတတ်နိုင်ဘဲ အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
အင်မော်တယ်ဆေးပြားများ၏ အဆင့်တန်းသည် ပို၍မြင့်မားလေလေ၊ ၎င်းတို့အပေါ်တွင် သိမ်မွေ့နက်နဲသော အလင်းတန်းများ အရေတွက် ပိုများလေ ဖြစ်သည်။ သူ ရှေးဟောင်း တာအိုဆရာသခင်အတွက် လဲလှယ်ပေးခဲ့သော အဆင့်ငါး အင်မော်တယ်ဆေးလုံးဖြစ်သော ရှင်ခြင်းသေခြင်းဆေးသည် ငါးရောင်ခြယ်အလင်းတန်းကို ပိုင်ဆိုင်ထားသည်။ အခု သူ၏ရှေ့မှ ဆေးလုံးသည် ခုနစ်ရောင်ခြယ် သိမ်မွေ့နက်နဲသော အလင်းတန်းတွေကို ထုတ်လွှတ်နေသည်။ ဆိုလိုသည်မှာ ဤဆေးလုံး၏အဆင့်သည် အဆင့်ခုနှစ်သို့ ရောက်ရှိနေပြီး ဖြစ်သည်။
အဆင့်ခုနှစ် ဆေးပြားတွေကို အနည်းဆုံး အနှစ်တစ်သောင်းကြာအောင် သန့်စင်ရနိုင် သည်။ အင်မော်တယ်ကမ္ဘာတွင်၊ ထိုဆေးလုံးများသည် လုံးဝ အဖိုးမဖြတ်နိုင်သော ရတနာများ ဖြစ်သည်။ သူတို့၏ အဖိုးတန်မှုသည် ဖရိုဖရဲ ကောင်းကင်ရတနာများနှင့် သေချာပေါက် နှိုင်းယှဉ်နိုင်သည်။
"ဒီဆေးက ဘယ်လိုဆေးမျိုးလဲ? ဘာအတွက် အသုံးပြုမှာလဲဆိုတာ ငါ သိချင်လိုက်တာ" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
ဆေးအမျိုးအစားတွေလည်း အများပြား ရှိနေပါသည်။ ယေဘုယျအားဖြင့် ပြောရလျှင်၊ ဒဏ်ရာကုသဆေးများရှိသလို၊ လူတစ်ယောက်၏ ကျင့်ကြံမှုကို တိုးမြှင့်ပေးနိုင်သော ဆေးအချို့လည်း ရှိနေပါသည်။ အချို့ဆေးများသည် လူတစ်ယောက်၏ ခန္ဓာကိုယ်ကို ကြံ့ခိုင်သန်မာစေနိုင်ပြီး၊ အချို့ဆေးတွေကတော့ တော်ဝင်တာအို သို့မဟုတ် ကောင်းကင် တာအိုအပေါ် နားလည်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပါသည်။ သို့သော်လည်း၊ ဤနောက်ဆုံး ဆေးအမျိုးအစားများသည် ရှားပါးလွန်းပြီး ထူးခြားဆန်းကြယ်လွန်းသည်ဟု ဆိုနိုင်ပါသည်။
ချင်ယွင်သည် သူ၏ရှေ့က ဆေးလုံးကို ကြည့်လိုက်သည်။ ဆေးပြားမှ ထွက်ပေါ်လာသော အစွမ်းထက် ရှေးဟောင်း အငွေ့အသက်ကို သူ ခံစားနိုင်ပါသည်။
"ဒီဆေးကို ဆိတ်သုဉ်းခြင်းရှေးဟောင်းဆေးလို့ ခေါ်တယ်ကွ။ ဒီဆေးက ခန္ဓာကိုယ်ကို ကြံ့ခိုင်သန်မာစေတဲ့ အဆင့်ခုနစ် အင်မော်တယ်ဆေးပြား တစ်ခုပဲ"
ထိုအချိန်တွင် ခန်းမထဲမှ အသံနက်ကြီးတစ်ခု ထွက်ပေါ်လာသည်။
"ဘယ်သူလဲ ဘယ်သူ ပြောနေတာလဲ?" ချင်ယွင်သည် ချက်ချင်း သတိရှိလာပြီး ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သည်။
သို့သော် သူ၏ပတ်ဝန်းကျင်တွင် မည်သူမျှ မရှိသည့်အပြင် ခန်းမတစ်ခုလုံးလည်း အလွတ်ဖြစ်နေသည်။
"နှစ်တစ်သန်း၊ နှစ်တစ်သန်းလောက် ငါ စောင့်နေခဲ့ရတယ်။ နောက်ဆုံးတော့ တစ်စုံတစ်ယောက် ရောက်လာခဲ့ပြီပေါ့" အသံနက်ကြီး ထွက်ပေါ်လာပြီးနောက် ခန်းမထဲတွင် သက်ကြီးရွယ်အိုတစ်ဦး ပေါ်လာပါသည်။
ချင်ယွင်သည် ရုတ်တရက် အံ့အားသင့်သွားပြီး အဘိုးအိုကို ကြည့်ကာ သူ၏မျက်လုံးများ တွင် သံသယအရိပ်အယောင်များ ပေါ်လာပါသည်။
ဤအဘိုးကြီးသည် လူသားတစ်ဦး မဟုတ်ဘဲ၊ နဂါးဦးခေါင်းပါသော အဘိုးအိုတစ်ယောက် ဖြစ်သည်။ လူသားခန္ဓာကိုယ်၊ နဂါးဦးခေါင်းနှင့် တင်ပါးနောက်တွင် နဂါးအမြီးပါရှိပြီး၊ သေချာစိုက်ကြည့်လေ အလွန်ထူးဆန်းသော ခံစားချက်ကို ပေးစွမ်းလေသည်။
"စီနီယာက နဂါးမျိုးနွယ်ဝင်လား?။" ချင်ယွင်သည် အဖိုးအိုကို ကြည့်ကာ မေးလိုက်သည်။
"ဟုတ်လည်း ဟုတ်တယ်။ မဟုတ်လည်း မဟုတ်ပြန်ဘူးကွ" အဘိုးကြီးက ပြန်ဖြေသည်။
ချင်ယွင်သည် ချက်ချင်းပင် ပဟေဠိ ဖြစ်သွားသည်။ “ဟုတ်လည်း ဟုတ်တယ်။ မဟုတ်လည်း မဟုတ်ပြန်ဘူး” ဟူသည် မည်သည့်အရာကို ဆိုလိုပါသနည်း?။ မှန်ရင် မှန်တယ်, မမှန်ရင် မမှန်ဘူးဟု ပြောရမှာ မဟုတ်ဘူးလား?”။
"အတိအကျ ပြောရမယ်ဆိုရင်၊ ငါက လက်ရှိ နဂါးမျိုးနွယ်ဝင် မဟုတ်တော့ဘူး။ ငါက ရှေးဟောင်းနတ်နဂါး အနွယ်ဝင်ပဲ။" အဖိုးအိုက နဂါးမုတ်ဆိတ်မွေးကို ကိုင်ပြီး ပြောလိုက်သည်။
"ဘာ…? နတ်နဂါးသွေးမျိုးဆက်က ပျောက်ကွယ်သွားတာ ကြာပြီ မဟုတ်ဘူးလား?" ချင်ယွင်က အံ့အားသင့်စွာ ပြောလိုက်ရင်း၊ သူ၏မျက်လုံးများ ရှုပ်ထွေးမှုအရိပ်ယောင်များ ပြည့်နှက်နေသည်။
နတ်နဂါးများသည် ရှေးခေတ်ကတည်းကပင် မျိုးသုဉ်းသွားခဲ့ပါပြီ။ ဤနေရာတွင် မည်သို့ ပေါ်လာနိုင်သနည်း။ အပြင်ပကမ္ဘာရှိ နဂါးများသည် နတ်နဂါးများ၏ ဆင်းသက်လာသူများ သာ ဖြစ်ကြပြီး၊ ၎င်းတို့၏ ခန္ဓာကိုယ်ရှိ နတ်နဂါးသွေးမျိုးဆက်များသည် အချိန် အတော်ကြာကတည်းက အလွန်ပါးလွှာလာခဲ့သည်။
"ချာတိတ်လေး၊ မင်း မသိသေးတဲ့ အရာတွေ အများကြီး ရှိပါသေးတယ်။ နတ် နဂါးမျိုးနွယ် ဟာ မျိုးသုဉ်းသွားခြင်း မရှိပါဘူး။ နတ်ဘုရား ဖင်းဂေါ့းဂ်မျိုးနွယ်တွေတောင်မှ အမြဲတမ်း တည်ရှိနေခဲ့တယ်။ ဒါပေမယ့် သူတို့က ထွက်ပေါ်မလာကြသေးဘူး။ ဒါပေမယ့် အချိန်က နီးနေပြီလေ။" နဂါးဦးခေါင်းနှင့် လူကြီးက ပြောသည်။
အဖိုးအို၏ စကားများက ချင်ယွင်ကို တွန်ဒီ ယခင်က ပြောခဲ့သည့် စကားကို အမှတ်ရသွား စေသည်။
"ကောင်းကင်ကြီးက ပြောင်းလဲတော့မယ်။"
ယခင်က ချင်ယွင်သည် ဤပြောင်းလဲမှု၏ အဓိပ္ပါယ်ကို နားမလည်ခဲ့သော်လည်း ယခုအခါ နဂါးအိုကြီး၏ စကားများနှင့်အတူ ချင်ယွင်သည် တစ်စုံတစ်ခုကို အနံ့ခံလိုက်မိသလို ခံစားလိုက်ရသည်။
ဖြစ်နိုင်တာက ရှေးဟောင်းဖင်းဂေါ့ဂ်တွေများ နိုးထလာမည်လား?။ ထိုတန်ခိုးကြီးသော နတ်ဘုရားများနှင့် နတ်နဂါးသားရဲများ ပြန်လာတော့မည်လား?။
အကယ်၍၊ ထိုဖင်းဂေါ့ဂ်များသည် အင်မော်တယ်ကမ္ဘာသို့ အမှန်တကယ် ပြန်လာခဲ့ပါက အင်မော်တယ်ကမ္ဘာသည် မည်သို့သော ပုံစံမျိုး ဖြစ်သွားမည်ကို ချင်ယွင် တွေးဆ၍ မရနိုင်ပါချေ။
"ကောင်းပြီ၊ ကောင်စုတ်လေး၊ မင်းက ဒီကို ရောက်လာမှတော့၊ ငါ့သခင် ချန်ထားခဲ့တဲ့ အမွေကို လက်ခံရမယ်။ ဒါပေမယ့် မင်း အမွေကို ရယူချင်တယ်ဆိုရင်တော့ နောက်ထပ် စမ်းသပ်မှုတစ်ခု ပြုလုပ်ရမယ်။ စမ်းသပ်မူကို ကျော်ဖြတ်နိုင်မှသာ ငါ့သခင်ရဲ့ အမွေကို ရယူနိုင်လိမ့်မယ်" နဂါးအိုကြီးက ပြောသည်.
"အမွေလား? ဘာအမွေလဲ။?" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
"မင်း စမ်းသပ်မူကို အောင်မြင်ပြီးရင် သိလာမှာပေါ့”။ မင်း ငါ့ကို စိတ်ပျက်အောင် မလုပ်ဘူးလို့ ငါ ယုံကြည်တယ်။" နဂါးအိုကြီးက ပြုံးပြုံးလေး ပြောတယ်။
ချင်ယွင်က ခေါင်းညိတ်ပြပြီး မေးသည် "ဒါဆို စမ်းသပ်မူကို ဘယ်လို လက်ခံရမှာလဲ?"
နဂါးအိုကြီးက ခပ်ဖျော့ဖျော့ ပြုံးပြီး ပြောသည် "ငါ့ရဲ့ လက်ဖဝါးသုံးချက်ကို မင်း ခံယူရမယ်။ မင်း မတ်တပ်ရပ်နိုင်သေးရင်, မင်းက စမ်းသပ်မူကို အောင်မြင်ပြီပဲ”။
ချင်ယွင်သည် ချက်ချင်းပင် စကားမပြောနိုင် ဖြစ်သွားရသည်။ ဒါက သောက်ရမ်း အဓိပ္ပာယ်မဲ့တဲ့ ဘယ်လို စမ်းသပ်မှုမျိုးလဲ?။ ဤစမ်းသပ်မူက ရိုက်နှက်ခံရမည်မှာ ထင်ရှားနေ၏။
သို့သော်၊ ဤနဂါးအိုကြီးသည် ချင်ယွင်ကို စဉ်းစားရန် အချိန်အနည်းငယ်မျှ မပေးခဲ့ချေ။ ၎င်းသည် အလင်းတန်းတစ်ခုအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားပြီး ချင်ယွင်၏ ရင်ဘတ်ထဲသို့ ချက်ချင်း ထိုးလိုက်သွားသည်။
ချင်ယွင်သည် သူ၏ရင်ဘတ်မှ စွမ်းအင်တန်ချိန် ၁၀၀၀၀ ပေါက်ကွက်ထွက်လာသည်ကို ခံစားလိုက်ရပြီး၊ အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ၊ သူ၏နောက်ရှိ သတ္တုနံရံကို ပစ်မှန်သွားခဲ့သည်။
ဒေါင်!
ခေါင်းလောင်းသံကဲ့သို့ ဒရမ်တီးသံ ထွက်ပေါ်လာပြီး၊ ချင်ယွင်၏ ပါးစပ်မှလည်း သွေးများ အန်ထုတ်လိုရသည်။
"ဘယ်လောက်တောင်မှ ကြောက်စရာကောင်းလိုက်တဲ့ စွမ်းအားလဲ။" ချင်ယွင်သည် သူ၏ရှေ့မှ အဖိုးအိုကို အံ့အားသင့်စွာ ကြည့်လိုက်ရင်း သူ၏မျက်လုံးများက အသည်းအသန် သတိထားသည့် အမူအရာကို ပေါ်လွင်စေသည်။
"ကောင်လေး၊ ဒါက ငါ့ခွန်အားရဲ့ ၁၀ ရာခိုင်နှုန်း ပဲ အသုံးပြုရသေးတယ်။ မင်း အဲဒါကိုတောင် မထိန်းနိုင်တော့ဘူးလား?" နဂါးအိုကြီးက ပြုံးပြုံးလေး ပြောသည်.
"နောက်တကြိမ်” နဂါးအိုကြီးအား ခေါင်းမာမာဖြင့် ပြောနေလိုက်ရင်း ချင်ယွင်၏ မျက်လုံးများသည် မခံမရပ်နိုင်သော အမူအရာဖြင့် ဝင်းလက် တောက်ပလာသည်။
"ကောင်လေး၊ ဒါဆိုလည်း မင်း အဆင်သင့် ပြင်ထားရမယ်။ ဒီတစ်ခါတော့ ငါ့ခွန်အားရဲ့ ၇၀ ရာခိုင်နှုန်းကို အသုံးပြုမယ်။" နဂါးအိုကြီးက ပြောသည်။ သူပြောပြီးသည်နှင့် ကြောက်မက်ဖွယ်ကောင်းသော နဂါးတစ်ကောင်၏ ခမ်းနားထည်ဝါသော အငွေ့အသက် က သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ ချင်ယွင်ပင်လျှင် သူ၏ ကြီးကျယ်ခမ်းနားသော အငွေ့အသက်ကို ခုခံနိုင်စွမ်းမရှိဟု ခံစားမိသည်။
"အရမ်းကို သန်မာလွန်းတယ်”။
အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ၊ ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဖိအားများကို ဖြေလျှော့ရန် နတ်နဂါးကျောက်စိမ်းတံဆိပ်ကို အသုံးပြုလိုက်ရသည်။
သို့တိုင်၊ ယခုအချိန်တွင် နတ်တောင်တစ်ခု၏ ဖိအားကဲ့သို့ ခမ်းနားထည်ဝါသော အငွေ့အသက်က ချင်ယွင်ထံသို့ ပြင်းထန်စွာ ဖိနှိပ်လာနေ၏။ သူသည် တိုးဝင်လာသော ခမ်းနားထည်ဝါသော အငွေ့အသက်ကို လက်သီးဖြင့် ချက်ချင်း ထိုးထုတ်လိုက်ရင်း၊ ချင်ယွင်၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
“ပြိုကွဲစမ်း..”။
ခမ်းနားထည်ဝါသော အငွေ့အသက်ကြားမှ လက်တစ်ဖက်က စုတ်ဖြဲထွက်လာခဲ့ပြီး သူ၏လက်သီးကို အပြင်းအထန် ထိုးဖောက်လိုက်သည်ကို ချင်ယွင် မြင်လိုက်ရပါသည်။
ချင်ယွင်၏ လက်သီးသည် အနည်းငယ်မျှပင် ခံနိုင်ရည် မရှိခဲ့ပေ။ သူ၏လက်မောင်း တစ်ခုလုံး ချက်ခြင်း ကွဲကြေသွားပြီး၊ သူ၏ရင်ဘတ်ပင် ချိုင့်ဝင်သွားခဲ့သည်။ သူ၏ကိုယ်တွင်းအင်္ဂါများ အပါအဝင် သူ၏ခန္ဓာကိုယ်ရှိ အရိုးများအားလုံး ကွဲအက်သွားခဲ့ သည်။
"မင်း ကြည့်ရတာ လက်ဖဝါးနှစ်ဖက်ပဲ ခံနိုင်ရည်ရှိမယ့်ပုံပဲ။" နဂါးအိုကြီးသည် ခေါင်းကို ခါယမ်းကာ ကူကယ်ရာမဲ့ဟန်ဖြင့် သူ၏မျက်လုံးများတွင် စိတ်ပျက်လက်ပျက် ဖြစ်သည့် အရိပ်အယောင်များ ပေါ်လာသည်။
ဘန်း…။
သို့သော်လည်း ယခုအချိန်တွင် ချင်ယွင်၏ ခန္ဓာကိုယ်မှ ကြီးမားသော လှိုင်းလုံးကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ဖင်းဂေါ့ဂ်စွမ်းအားက မြစ်ရေပြင်ပြိုကျသကဲ့သို့ တဟုန်ထိုး ပေါက်ကွဲထွက်လာသည်။
"အီ..၊ တကယ်ကို အဆင့်ချိုးဖျက်သွားတာလား?။ စိတ်ဝင်စားဖို့ ကောင်းတယ်။" နဂါးအိုကြီး၏ မျက်လုံးများတွင် အံ့အားသင့်မှု အရိပ်အယောင် ပေါ်လာသည်။