← Chapters

အခန်း ၉၁၈

Vol. 62 Ch. 918

အခန်း ၉၁၈

Vol. 62 Ch. 918

အခန်း (၉၁၈) နဂါးစိတ်ဝိညာဉ် အနှစ်သာရ။

ဤအခိုက်အတန့်တွင် ချင်ယွင်၏ခန္ဓာကိုယ်သည် တုနှိုင်းမရလောက်အောင် များပြားသော ဖင်းဂေါ့ဂ်စွမ်းအားများဖြင့် တဟုန်ထိုး မြင့်တက်လာခဲ့သည်။ နဂါးအိုကြီး၏ တိုက်ခိုက်မှုကြောင့်၊ ဖင်းဂေါ့ဂ်နယ်ပယ်၏ အလယ်လတ်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီးဖြစ်သော သူ၏ရုပ်ခန္ဓာကိုယ်သည် ဤအခိုက်အတန့်တွင်, နောက်ဆုံးမှာ တော့ ဖင်းဂေါ့ဂ်နယ်ပယ်၏ နှောင်းပိုင်းအဆင့်သို့ ဖြတ်ကျော်သွားခဲ့သည်။ သူ ခံစားနေရ သော ဒဏ်ရာတွေလည်း တခဏချင်း သက်သာသွားပါသည်။

ချင်ယွင်သည် အံ့သြသည့် အမူအရာကို ထုတ်ဖော်လိုက်ပြီးနောက်၊ စိတ်အားတက်ကြွမူက ဖြစ်ပေါ်လာသည်။ သူသည် အမှန်တကယ် အဆင့်ချိုးဖြတ်နိုင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ ပေ။

ထို့ကြောင့်, ချင်ယွင်သည် တွန်ဒီ သူ့ကို သင်ကြားပေးထားသော နည်းလမ်းအတိုင်း ပြတ်ပြတ်သားသား လိုက်နာကာ စတင် ကျင့်ကြံလိုက်သည်။ တဟုန်းဟုန်း ထိုးထွက် လာနေသော ဖင်းဂေါ့ဂ်စွမ်းအားများသည် ချင်ယွင်၏ ခန္ဓာကိုယ်အနှံ့ ချက်ချင်း ပျံ့နှံ့လာသည်။ သူ၏ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များသည် ဖင်းဂေါ့ဂ်စွမ်းအားများကို အရူးအမူး ဝါးမြိုသွားခဲ့သည်။ ဤအခြေခံအနှစ်သာရ နည်းပညာရပ်၏ အကျိုး သက်ရောက်မှု အောက်တွင်၊ သူ၏ခန္ဓာကိုယ်သည် ပို၍ပင် အားကောင်းလာခဲ့သည်။

ဤအခိုက်အတန့်တွင်, ချင်ယွင်၏ခန္ဓာကိုယ်အတွင်းရှိ သွေးများသည် ကောင်းကင်ဘုံ ကိုးခုအထက်က မိုးခြိမ်းသံများကဲ့သို့ လူးလိမ့်နေလေသည်။

"စိတ်ဝင်စားဖို့ ကောင်းတယ်။ သူက တကယ်ပဲ ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်း ပညာရပ်ကို ကျင့်ကြံထားတာပဲ။" နဂါးအိုကြီးသည် နောက်တစ်ကြိမ် တိုက်ခိုက်ရန် အလောတကြီး မလုပ်ဆောင်ခဲ့ပေ။ ယင်းအစား သူက အဝေးမှာ ရပ်နေပြီး၊ ချင်ယွင် ကျင့်ကြံနေသည်ကို ကြည့်နေခဲ့ပါသည်။ သူ၏နဂါးမျက်လုံးတစ်စုံက ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်နေခဲ့သည်။

အချိန်တွေက တဖြည်းဖြည်း ကုန်ဆုံးလာခဲ့ပြီး၊ ချင်ယွင်လည်း သူ၏ ကျင့်ကြံမှုကနေ ဆုတ်ခွာလိုက်သည်။ ဤအခိုက်အတန့်တွင် သူ၏ ရုပ်ခန္ဓာကိုယ် ခွန်အားသည် ကြောက်မက်ဖွယ်ကောင်းသည်ဟု ဆိုနိုင်သည်။ သူ၏ကြွက်သားများသည် ကြီးမားသော ခွန်အားများဖြင့် ပြည့်နေခဲ့သည်။

ချင်ယွင်သည် သူ၏မျက်လုံးများတွင် တောက်ပသော အပြုံးရိပ်နှင့်အတူ သူ၏ခန္ဓာကိုယ်ကို ကြည့်နေသည်။ သူ၏ခန္ဓာကိုယ်က မကြုံစဖူး အစွမ်းထက်နေသည်ဟု သူ ခံစားရသည်။

"ကောင်လေး၊ မင်း အဆင်သင့် ဖြစ်ပြီလား?။ မင်း အဆင်သင့်ဖြစ်ရင် တတိယလက်ဖဝါး ရိုက်ချက်ကို ခံယူလိုက်ပါ။ ငါ့ရဲ့ ခွန်အားအားလုံးကို ဒီတတိယလက်ဖဝါးရိုက်ချက်မှာ အသုံးပြုမယ်။" နဂါးအိုကြီးက ပြုံးပြီး ပြောလိုက်ရင်း သူ၏မျက်လုံးတွေက စူးရှလာခဲ့ သည်။

"စလိုက်တော့၊ စီနီယာ” ချင်ယွင်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်ပါသည်။

ထိုနောက်တွင်၊ ချင်ယွင်သည် နတ်နဂါးကျောက်စိမ်းတံဆိပ်ကို တိုက်ရိုက် အသက်သွင်း လိုက်ပြီး၊ သူ၏မူလကတည်းက အနှိုင်းမဲ့ အစွမ်းထက်သော အငွေ့အသက်သည် အဆနှစ်ဆယ် တိုးမြင့်လာခဲ့ကာ ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

“အောင်း…”။

နဂါးအိုကြီး၏ ခန္ဓာကိုယ်သည်လည်း နဂါးတစ်ကောင်၏ ဟိန်းဟောက်သံကို ထုတ်လွှတ် သည်။ ထို့နောက်၊ သူသည် လက်ဖဝါးကို ဆန့်ထုတ်ကာ ချင်ယွင်ဆီသို့ စိတ်ကူးယဉ် မဆန်ဘဲ ရိုက်ချလိုက်သည်။ ၎င်းလက်ဖဝါးတွင်ပါရှိသော လှိုင်းလုံးကြီးများသည် ကြောက်မက်ဖွယ်ကောင်းလွန်းပြီး မြင်ရသူများကို နှလုံးခုန် ရင်တုန်သွားစေလောက်သည်။ ကြောက်မက်ဖွယ်ရာ လှိုင်းလုံးများက ခန်းမတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။

ချင်ယွင်၏ မျက်လုံးများတွင် လေးနက်သော အမူအရာ ပေါ်လာပြီး၊ သူ၏မျက်လုံးများတွင် ဆုံးဖြတ်ချက်ပြတ်သားသည့် အရိပ်ယောင် ထွက်ပေါ်လာသည်။

“အောင်း…”။

ချင်ယွင်သည် နဂါးလက်သီးသိုင်း၏ ဆဋ္ဌမမြောက် သိုင်းကွက်ဖြစ်သည့် ငါသည် အစစ်အမှန်နဂါးဖြစ်၏ ဟူသော သိုင်းကွက်ကို တိုက်ရိုက် အသုံးပြုလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော နဂါးအငွေ့အသက်သည် ချက်ချင်းဆိုသလို ထွက်ပေါ်လာပြီး နဂါးအိုကြီး၏ လက်ဖဝါးနှင့် တိုက်ရိုက် ထိမိသွားသည်။

“ဘုန်း…”။

ချင်ယွင်၏ရုပ်အသွင်သည် ချက်ချင်း နောက်ပြန် လွင့်ထွက်သွားပြီး အဝေးမှ နံရံကို ပစ်မှန်ကာ၊ ဘန်းခနဲမြည်အသံ ထွက်ပေါ်လာသည်။

သို့သော်၊ နဂါးအိုကြီးသည် ချင်ယွင်၏ လက်သီးအောက်တွင် ခြေသုံးလှမ်းမျှ နောက်ပြန် ဆုတ်သွားရကာ သူ၏မျက်နှာသည် တုနှိုင်းမရသည့် အံ့အားသင့်ဖွယ် အမူအရာ ပေါ်လာသည်။

သူသည် လက်ရှိတွင် လူသားအသွင်ဖြင့် တိုက်ခိုက်နေပြီး သူ ထုတ်ဖော်ပြသထားသည့် တိုက်ပွဲစွမ်းအားသည် အစစ်အမှန် နဂါးအသွင်၏ စွမ်းအားအောက် ဆယ်ပုံတစ်ပုံ အားနည်း သော်လည်း၊ ချင်ယွင်က သူ့ကို လက်သီးတစ်ချက်ဖြင့် ခြေသုံးလှမ်း နောက်ဆုတ်အောင် စွမ်းဆောင်နိုင်ခဲ့သည်။ သူ၏ခွန်အားသည် ကောင်းကင်တာအိုနယ်ပယ်၏ ပထမအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော အင်မော်တယ်ဧကရာဇ်တစ်ပါးနှင့် နှိုင်းယှဉ်နိုင်သော နယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်သည်ကို တွေ့မြင်နိုင်သည်။

ချင်ယွင်သည် အဝေးမှာ ရပ်နေပြီး သူ၏လက်သီးချက်ကို လှမ်းကြည့်လိုက်ပါသည်။ သူ၏မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ ယခု လက်သီးချက် သည် သူ၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုဟု ဆိုနိုင်သည်။ ၎င်း၏ စွမ်းအားသည် တော်ဝင်တာအို၏ မဟာစက်ဝိုင်းကြီးကို ကျော်လွန်ပြီး၊ ကောင်းကင်တာအိုနယ်ပယ်၏ ပထမအဆင့်ဖြစ်သော အင်မော်တယ် ဧကရာဇ်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ ဤအရာက သူ့အတွက် ကြီးမားသော တိုးတက်မှု ဖြစ်သင့်သည်။

"လူသားကောင်စုတ်လေး၊ မင်းက ငါ့လက်ဖဝါးသုံးချက်ကို လက်ခံနိုင်တဲ့အတွက် ဂုဏ်ယူပါတယ်။ အခု မင်းက ငါ့သခင်ရဲ့ အမွေကို လက်ခံယူဖို့ အရည်အချင်း ပြည့်မီသွားခဲ့ပြီ။" နဂါးအိုကြီးက ပြုံးပြီး ကျေနပ်သည့် အမူအရာဖြင့် ပြောလိုက်ပါသည်။

ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် ဝင်းလက်တောက်ပလာသည်။ ဤအမွေက မည်သည့်အရာဖြစ်မည်ကို သူလည်း သိချင်နေမိသည်။

“အောင်း..”။

ထိုအချိန်တွင် ခန်းမထဲမှ ကြောက်မက်ဖွယ်ကောင်းသော နဂါးဟိန်းဟောက်သံက ထွက်ပေါ်လာသည်။ ထို့နောက် ခရမ်းရောင် နဂါးပုံသဏ္ဍာန်ကြီးသည် ခန်းမဆောင်ကြီးမှ ထွက်ပေါ်လာပြီး၊ ခန်းမ၏အထက်တွင် ရစ်ပတ်နေသည်။ ချက်ချင်းပင် ကြီးမားသော ဖိအားတစ်ခုက ခန်းမတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ချင်ယွင်တောင်မှ သူ၏ ခြေထောက်တွေ အားနည်းသွားသလို ခံစားရသည်။

"ဒါက နဂါးစိတ်ဝိညာဉ်အနှစ်သာရလား ?" ချင်ယွင်က အံ့သြစွာ ပြောလိုက်သည်။

"မှန်တယ်။ ဒါက ငါ့သခင်မသေခင် ချန်ထားခဲ့တဲ့ အမွေပဲ။ သူ့စိတ်ဝိညာဉ်ရဲ့ အနှစ်သာရ ပေါ့။ ဒီနဂါးစိတ်ဝိညာဉ်က သာမန်နဂါးစိတ်ဝိညာဉ်ရဲ့ အနှစ်သာရ မဟုတ်ဘဲ၊ ရှေးဟောင်း နတ်နဂါးမျိုးနွယ်ရဲ့ နဂါးစိတ်ဝိညာဉ်အနှစ်သာရဆိုတာ မင်း သိထားသင့်တယ်။" နဂါးအိုကြီးက ခံစားချက်အပြည့်ပါသည့် လေသံဖြင့် ပြောလိုက်ပါသည်။

"ရှေးဟောင်းနတ်နဂါးရဲ့ နဂါးစိတ်ဝိညာဉ်အနှစ်သာရ..?" ချင်ယွင်က မထိန်းနိုင်ဘဲ မျက်လုံးပြူးသွားကာ အံ့သြသွားဟန် အမူအရာကို ထုတ်ဖော်လိုက်မိသည်။ ပြင်းထန်သော စိတ်လှုပ်ရှားမှုသည် သူ၏နှလုံးသားထဲမှ ထွက်ပေါ်လာခဲ့သည်။

“ဘုန်း…”။

ဤအခိုက်အတန့်တွင် ခရမ်းရောင်နဂါးအရိပ်ကြီးသည် ကောင်းကင်မှဆင်းသက်လာပြီး ချင်ယွင်၏ ကောင်းကင်ဝိညာဉ်အလွှာထဲသို့ တိုက်ရိုက် နစ်မြုပ်သွားခဲ့သည်။

ချင်ယွင်၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် တုန်ခါသွားသည်။ ခရမ်းရောင် နဂါး စိတ်ဝိညာဉ် အနှစ်သာရသည် သူ၏ နီဝမ်နန်းတော်အတွင်းသို့ တိုးဝင်သွားပြီး သူ၏စိတ်ဝိညာဉ် အနှစ်သာရထဲသို့ နစ်မြုပ်သွားသည်ကို ချင်ယွင် ခံစားမိသည်။

ဤနဂါးစိတ်ဝိညာဉ် အနှစ်သာရသည် အသိဉာဏ်ကင်းနေပါပြီ။ သန့်စင်သော စွမ်းအင် ခန္ဓာကိုယ်သက်သက်ဟု ဆိုနိုင်ပါသည်။ ထို့ကြောင့် ချင်ယွင်သည် ဤနဂါးစိတ်ဝိညာဉ် အနှစ်သာရက သူ၏စိတ်ဝိညာဉ်အပေါ် ပြန်လည်တုံ့ပြန်မည်ကို စိုးရိမ်နေခြင်း မရှိပေ။

နဂါးစိတ်ဝိညာဉ်အနှစ်သာရ ပျံ့နှံ့လာသည်နှင့်အမျှ ချင်ယွင်၏ စိတ်ဝိညာဉ်သည်လည်း နှိုင်းစာ၍မရအောင်ပင် အားကောင်းလာခဲ့သည်။ ချင်ယွင်၏ခန္ဓာကိုယ်မှ တုနှိုင်း၍ မရအောင် ကြောက်မက်ဖွယ်ကောင်းသော နဂါးတစ်ကောင်၏ လွှမ်းမိုးနိုင်စွမ်းရှိသော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။

ချင်ယွင်၏ခန္ဓာကိုယ်အတွင်းရှိ နတ်နဂါးသွေးမျိုးဆက်သည် ရုတ်ချည်း အသက်ဝင်လာပုံ ရပြီး ပြင်းထန်စွာ ဆူပွက်လာသည်။

ချင်ယွင်သည် သူ၏လက်သီးတွေကို တင်းတင်းဆုပ်လိုက်ပြီး သူ၏ခန္ဓာကိုယ်အနှံ့ စီးဆင်းနေတဲ့ နတ်နဂါးသွေးမျိုးဆက်၏ စွမ်းအားကို ခံစားလိုက်မိသည်။ သူ၏ မျက်လုံးများသည် တောက်ပသော အလင်းရောင်များဖြင့် လင်းလက်နေသည်။

နဂါးစိတ်ဝိညာဉ်အနှစ်သာရ၏ ဤပေါင်းစပ်မှုသည် သူ၏ခွန်အားအတွက် သိသာ ထင်ရှားသော အကူအညီ မဟုတ်သော်လည်း ၎င်းထံမှ ရရှိလာသည့် အကျိုးကျေးဇူးများမှာ နှိုင်းစာ၍ မရအောင်ပင် ကြီးမားလှသည်။ ဥပမာအားဖြင့်၊ ချင်ယွင်၏ လက်ရှိ အသုံးပြုနေသည့် နတ်နဂါးလက်သီးသိုင်းသည် ယခင်ကထက် အဆပေါင်းများစွာ ပိုမိုအားကောင်းခဲ့ပြီး၊ ဆိုလိုသည်မှာ သူ၏ တိုက်ခိုက်ရေးစွမ်းအားသည် ရုတ်တရက် တိုးမြင့်လာခြင်း ဖြစ်သည်။

"လူသား ကောင်လေး၊ အခု မင်းမှာ နဂါးစိတ်ဝိညာဉ်အနှစ်သာရ ရှိနေခဲ့ပြီ။ မင်းကို နတ်နဂါးကလန်ရဲ့ အဖွဲ့ဝင်အဖြစ် သတ်မှတ်ပြီးသွားပြီ။ မင်းရဲ့ လက်ရှိခန္ဓာကိုယ်ဟာ လူသားအသွင်ကို ဆောင်နိုင်ရုံသာမက၊ နဂါးအသွင်ကိုလည်း ပြောင်းလဲနိုင်ခဲ့ပြီ။" နဂါးအိုကြီး ပြောသည်။

"စီနီယာ ဆိုလိုတာက ကျွန်တော်က နတ်နဂါးတစ်ကောင် ဖြစ်လာနိုင်တာလား?" ချင်ယွင်က မယုံကြည်နိုင်စွာ မေးလိုက်သည်။

အကန့်သတ်မဲ့အသွင်ပြောင်းခြင်း တော်ဝင်တာအိုဉပဒေသကို အသုံးပြုခြင်းဖြင့် နဂါးမျိုးနွယ်၏ နဂါးအသွင်အပြင်ကို ပြောင်းလဲနိုင်သော်လည်း ၎င်းသည် ဉပဒေသများ၏ အကျိုးသက်ရောက်မှုကြောင့်သာ ဖြစ်ပါသည်။ ၎င်းသည် နဂါးမျိုးနွယ်ဝင် နဂါးအစစ် မဟုတ်ပါ။ နဂါးမျိုးနွယ်ဝင် ကျွမ်းကျင်ပညာရှင်များသည် ၎င်းကို အကြည့်တစ်ချက်ဖြင့်ပင် မြင်နိုင်ကြသည်။

နဂါးအိုကြီးက ပြုံးပြီး ခေါင်းညိတ်ကာ "မင်းရဲ့ နဂါးစိတ်ဝိညာဉ် အနှစ်သာရကို အသက်သွင်းလိုက်စမ်းပါ" ဟု ပြောလိုက်ပါသည်။

ထိုစကားကို ကြားတော့ ချင်ယွင်သည် နဂါးအိုကြီး၏ ညွှန်ကြားချက်ကို လိုက်နာပြီး သူ၏ နဂါးစိတ်ဝိညာဉ် အနှစ်သာရကို အသက်သွင်းလိုက်ပါသည်။

ဟုတ်ပါသည်။ ချင်ယွင်က နဂါးစိတ်ဝိညာဉ်အနှစ်သာရကို အသက်သွင်းလိုက်သည်နှင့်၊ သူ၏ခန္ဓာကိုယ်ထဲမှာ နဂါးစိတ်ဝိညာဉ်အသံတစ်ချက် ထွက်ပေါ်လာတယ်။ ထို့နောက် ချင်ယွင်သည် သူ၏ခန္ဓာကိုယ်မှ မကြုံစဖူးသော နာကျင်မှုကို ခံစားလိုက်ရသည်။ သူ၏အရေပြားကို တွန်းဖွင့်လိုက်သလိုပါပင်။ ခရမ်းရောင် နဂါးအကြေးခွံများသည် သူ၏ ခန္ဓာကိုယ်ပေါ်တွင် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ နောက်ဆုံးတွင်၊ ချင်ယွင်၏ ပုံသဏ္ဍာန်သည်လည်း ရှည်လျားသော ခရမ်းရောင် နဂါးကြီးအဖြစ်သို့ လုံးဝ ပြောင်းလဲ သွားသည်အထိ ပြောင်းလဲသွားပါသည်။

ခရမ်းရောင် နဂါးကြီး၏ ကိုယ်ပေါ်ရှိ နဂါးအကြေးခွံများသည် ခရမ်းရွှေရောင်ကို ထွက်ပေါ်နေသာ အနှိုင်းမဲ့ မာကြောသော ခံစားချက်ကို ပေးစွမ်းသည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ နဂါးတစ်ကောင်၏ခမ်းနားထည်ဝါသော အငွေ့အသက်သည် လူများကို ပို၍ပင် ဦးညွှတ်လိုစိတ် ဖြစ်ပေါ်စေသည်၊ အထူးသဖြင့် သူ၏ အေးစက်ပြီး မောက်မာသော မျက်လုံးတစ်စုံဖြစ်သည်။

"ဒါက ငါလား?” ခရမ်းရောင် ဧရာမနဂါးကြီးသည် စကားလုံးများကို ထုတ်ပြောလိုက် သော်လည်း၊ ၎င်း၏လေသံမှာ မယုံကြည်နိုင်သည့် အမူအရာများဖြင့် ပြည့်နှက်နေသေး သည်။

ချင်ယွင်သည် သူ၏ကြီးမားသော ခြေသည်းကြီးကို ဆန့်ထုတ်လိုက်ပြီး ချွန်ထက်သော ခြေသည်းကြီးသည် နံရံပေါ်သို့ ညင်သာစွာ ဆုပ်ကိုင်လိုက်ရာ နံရံတစ်ခုလုံးတွင် နက်ရှိုင်းသော ခြစ်ရာငါးခု ကျန်ရစ်ခဲ့သည်။

"ကြည့်ရတာ မင်းလည်း တွေ့လိုက်ပုံရတယ်။ မှန်တယ်။ ဒါက နတ်နဂါးရဲ့ရုပ်အသွင်ဟာ လူသားပုံစံထက် အဆတစ်ရာနီးပါး ပိုအစွမ်းထက်တယ်။ မင်းရဲ့ လက်ရှိခွန်အားနဲ့ဆို၊ နတ်နဂါးရုပ်အသွင်ကို ပြောင်းလဲလိုက်ရင် ကောင်းကင်တာအိုနယ်ပယ်ရဲ့ တတိယအဆင့် အင်မော်တယ် ဧကရာဇ်တစ်ပါးရဲ့စွမ်းအားနဲ့ ယှဉ်နေနိုင်ပြီ။ ။" နဂါးအိုကြီးက ပြုံးပြုံးလေး ပြောလိုက်သည်။

ချင်ယွင်သည် အံ့အားသင့်သွားပြီး၊ သူ၏မျက်လုံးများတွင် စိတ်အားတက်ကြွမူများဖြင့် ပြည့်နေတော့သည်။

All Chapters