အခန်း ၉၁၉
Vol. 62 Ch. 919
အခန်း (၉၁၉) အင်မော်တယ် ဧကရာဇ် ဝမ်ထန်း။
ထို့နောက်၊ ချင်ယွင်သည် သူ၏နတ်နဂါးခန္ဓာကိုယ်ကို ထပ်မံ ခံစားလိုက်သည်။ သူ၏ နတ်နဂါးခန္ဓာကိုယ်သည် လူသားခန္ဓာကိုယ်ထက် များစွာ သန်မာကြောင်း သူ တွေ့ရှိခဲ့ရ သည်။
ဘန်း…။
အတွေးတစ်ချက်ဖြင့် ချင်ယွင်၏ ရုပ်အသွင်သည် လူသားအသွင်သို့ ပြန်ပြောင်းသွားခဲ့ သည်။
"ဘယ်လိုလဲ?၊ ငါ့သခင်ရဲ့အမွေကို ကျေနပ်ရဲ့လား?" နဂါးကြီးအိုက အပြုံးနှင့်အတူ ပြောသည်။
"သေချာပေါက် ကျေနပ်တာပေါ့၊" ချင်ယွင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ နတ်နဂါးပုံစံသို့ အသွင်ပြောင်းပြီးနောက် ချက်ချင်းဆိုသလိုပင် သူ၏ခွန်အားများ တိုးမြင့်လာနိုင်သည်မှာ သေချာပေါက် အလွန်အကျိုးရှိသော ဝှက်ဖဲတစ်ခု ဖြစ်လေသည်။
"ဒီရှေးဟောင်းဆိတ်သုဉ်းခြင်း ဆေးလုံးကိုလည်း မင်း ပိုင်တယ်။" နဂါးအိုကြီးက ပြုံးပြီး ပြောသည်။ ထို့နောက် သူသည် ကျောက်စိမ်းသေတ္တာကို ကောက်ယူပြီး ချင်ယွင်ထံသို့ ပေးလိုက်သည်။
ချင်ယွင်၏ မျက်လုံးများသည် နှိုင်းစာ၍မရအောင် စိတ်လှုပ်ရှားနေသော အမူအရာကို ချက်ချင်း ထုတ်ဖော်လိုက်မိသည်။ အဆင့်ခုနှစ် အင်မော်တယ် ဆေးလုံးသည် အဖိုးမဖြတ်နိုင်သော ရတနာတစ်ခုဟု ကျိန်းသေပေါက် ပြောနိုင်ပါသည်။
"ဒါပေမယ့်၊ မင်း အခု ဒီဆေးလုံးကို မသောက်သေးရင် ပိုကောင်းလိမ့်မယ်။ အနာဂတ်မှာ မင်းရဲ့ ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်းနည်းပညာရပ်က သတ္တမအဆင့်ကို ဖြတ်ကျော်တဲ့ အခါကျမှ ဒီဆေးကို သောက်သုံးရင်လည်း နောက်မကျသေးပါဘူး။" နဂါးအိုကြီးက သတိပေးလိုက်သည်။
ချင်ယွင်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ စီနီယာ နဂါးအိုကြီး ပြောသည်မှာ မှန်ပေသည်။ ဤအဆင့်ခုနစ် အင်မော်တယ်ဆေးလုံးကို ယခုသောက်ခြင်းသည် ဆေး၏ စွမ်းအားအများစုကို ဖြုန်းတီးခြင်းနှင့် ညီပေသည်။ ဤဆေးကို မသောက်မီ ဖင်းဂေါ့ ဂ်ခန္ဓာကိုယ် သန့်စင်ခြင်း သတ္တမအဆင့်သို့ ရောက်သည်အထိ စောင့်ဆိုင်းခြင်းက ပိုကောင်းပါသည်။ ထို့ကြောင့် ချင်ယွင်သည် ဤရှေးဟောင်းဆိတ်သုဉ်းဆေးလုံးကို သူ၏သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်ပါသည်။
"ကောင်းပြီ၊ မင်းလည်း ငါ့သခင်ရဲ့ အမွေကို ရသွားပြီဆိုတော့ မင်းအနေနဲ့ ဒီမှာနေဖို့ ဘာကိစ္စမှ မရှိတော့ဘူး၊ ငါ မင်းကို ပြန်ပို့ပေးလိုက်မယ်" နဂါးအိုကြီးက ကြင်နာစွာ ပြုံးပြသည်။
"စီနီယာ၊ စီနီယာရော အပြင်ထွက်ဖို့ အစီအစဉ်မရှိဘူးလား?" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။
နဂါးအိုကြီးသည် ခေါင်းယမ်းကာ ပြောသည် "ငါ့သခင်ရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးဖို့ ငါ ဤနေရာမှာ ရှိနေခဲ့တာ။ အခု မင်းလည်း အမွေဆက်ခံပြီးသွားပြီ။ ငါအနေနဲ့လည်း ငါ့သခင်နောက်ကို လိုက်သွားဖို့ အချိန်တန်ပြီ"
ချင်ယွင်သည် ထိုစကားကိုကြားသောအခါ ချက်ချင်းပင် ထိတ်လန့်သွားသည်။ သူသည် တစ်ခုခုကို ပြောချင်သလို ဖြစ်ပေါ်လာစဉ်မှာဘဲ အဘိုးကြီး၏ လက်ဖဝါးက သူ၏ရင်ဘတ်ကို ထိမှန်သွားသည်ကို တွေ့လိုက်ရပါသည်။
တစ်ချိန်တည်းမှာပင်, သူ၏နောက်တွင် ကြီးမားသော လှိုင်းလုံးကြီးတစ်ခု ပေါ်လာသည်။ ချင်ယွင်၏ ခန္ဓာကိုယ်သည် အဖိုးအို၏ တွန်းထုတ်မူကြောင့် ထိုလှိုင်းလုံးကြီးထဲသို့ တိုက်ရိုက် နစ်မြုပ်သွားခဲ့သည်။
သူသည် လေဟာနယ်စုပ်ဝဲကြီးထဲသို့ စိမ့်ဝင်သွားသည့် အခိုက်တွင်၊ ချင်ယွင်သည်လည်း နဂါးအိုကြီး၏ကိုယ်ခန္ဓာကို တဖြည်းဖြည်းနှင့် ဝေဝေဝါးဝါး ဖြစ်လာပြီး၊ နောက်ဆုံးတွင်၊ ၎င်းသည် ချင်ယွင်၏ အမြင်အာရုံထဲတွင် အလင်းတန်းတစ်ခုအဖြစ်သို့ ပျောက်ကွယ် သွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရလျှင်၊ ချင်ယွင်၏ နှလုံးသားက ရုတ်တရက် စိတ်မသက်မသာ ဖြစ်မူကို ခံစားလိုက်ရတယ်။ သူသည် နဂါးအိုကြီးနှင့် တစ်ရက်မျှကြာအောင်ပင် မနေခဲ့ရသော်လည်း ထိုစီနီယာ နဂါးအိုကြီးကို သူ၏စိတ်ထဲတွင် အလွန်ပင် လေးစားဆဲ ပင်။
သို့သော်လည်း၊ ယခုအချိန်မှာတော့ ထိုစီနီယာ နဂါးအိုကြီးသည် ဒီအတိုင်း ထွက်ခွာသွား ခဲ့ပြီ။ ချင်ယွင်သည် သူ၏ဘဝအကြောင်းပင် မသိခဲ့ရပါဘူး။ ဤအရာက ချင်ယွင်၏ နှလုံးသားကို စိတ်လှုပ်ရှားမူနှင့်အတူ လှုပ်ခါသွားစေခဲ့သည်။
ဘန်း…။
ချင်ယွင်၏ ရုပ်အသွင်သည် ပြင်ပကမ္ဘာတွင် ပေါ်လာသည်။ သူ၏ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် စောစောက သူဝင်ခဲ့သော နတ်ဘုရားပြုတ်ကျခြင်း ချောက်နက်ကြီး ဖြစ်သည်။ သို့သော်လည်း၊ သူ၏ပတ်ဝန်းကျင်မှ လူတွေအားလုံးသည် လူစုခွဲသွားကြပြီး၊ ကလေးဧကရာဇ်တောင်မှ (တွန်ဒီ) ပျောက်ကွယ်သွားခဲ့ပြီ။
"အယ်, ချင်ယွင်, မင်း ထွက်လာပြီလား?" ထိုအချိန်တွင် ချင်ယွင်၏ နားထဲသို့ တိုးညှင်းသော ရေရွတ်အသံတစ်ခု ထွက်ပေါ်လာသည်။
ချင်ယွင်သည် လှည့်ကြည့်လိုက်တော့ လင်းယုသည် အဝေးမှ ကျောက်ဆောင်ကြီးပေါ်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။
"လင်းယု၊ မင်း ဘာလို့ ဒီကိုရောက်နေတာလဲ?။ အစ်ကိုကြီးမန်ာနဲ့ တခြားလူတွေ ဘယ်မှာလဲ?" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
လင်းယုသည် မာန်လင်နှင့် အခြားလူနှင့် အဖွဲ့တူဖြစ်ပါသည်။ ယုတ္တိဗေဒအရ ပြောရလျှင်၊ သူသည် မာန်လင်၊ အခြားလူများနှင့်အတူ ထွက်သွားသင့်သည်။
"သေချာပေါက်, ငါ မင်းကိုစောင့်နေဖို့ ဒီကို ရောက်နေတာပေါ့။ မူလကတော့, မင်း ပြန်ထွက်လာဖို့ အချိန်အတော်ကြာအောင် စောင့်နေရမယ်လို့ ငါ ထင်ထားခဲ့တာ။ ဒါပေမယ့်, မင်းက တစ်ရက်တောင် မကြာသေးဘဲ ပြန်ထွက်လာမယ်လို့ ငါ မမျှော်လင့်ထား ဘူး။ ဘယ်လိုလဲ၊ မင်း တစ်ခုခု ရလာရဲ့လား?" လင်းယုသည် ချင်ယွင်၏ နံဘေးသို့ လျှောက်လာပြီး အပြုံးဖြင့် ပြောလိုက်သည်။
"အကျိုးအမြတ်အချို့တော့ ရပါတယ်။" ချင်ယွင်က ခေါင်းညိတ်ပြီး ပြောသည်။ သူက လင်းယုကို ယုံကြည်နေဆဲ ဖြစ်ပါသည်။
"မင်း တစ်ခုခုရခဲ့တာ ကောင်းပါတယ်။ မဟုတ်ရင် ငါတို့ရဲ့ အရင်က ကြိုးစားမှုတွေက အချည်းနှီး ဖြစ်သွားလိမ့်မယ်" လင်းယုက ပြုံးပြီး ပြောသည်။ ချင်ယွင်အတွက် သူ ပျော်နေသည်မှာ ထင်ရှားပါသည်။ ထို့အပြင်၊ သူသည် ၎င်းကို ထောက်ပြရုံသာဖြစ်ပြီး ချင်ယွင် ရိတ်သိမ်းခဲ့သည့်အရာက မည်သည့်အရာဖြစ်သည်ကို မမေးမြန်းခဲ့ပေ။
"သွားကြရအောင်။ ကျောက်ဘုရင်ပေါ်လာပြီ။ အခု အစ်ကိုကြီး မာန်နဲ့ တခြားလူတွေက ကျောက်ဘုရင် ထွက်ပေါ်လာရာ လမ်းကြောင်းအတိုင်း သွားနေကြပြီ။ ငါတို့လည်း အတူတူ သွားကြရအောင်။" လင်းယုက ပြောသည်။
"ကျောက်ဘုရင် ပေါ်လာပြီလား?။ သုံးလကျန်သေးတယ်လို့ မပြောဘူးခဲ့လား?" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။
ကျောက်ဘုရင်သည် တစ်ရက်အတွင်းမှာပင် အမှန်တကယ် ထွက်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပါဘူး။
"ဟုတ်တယ်၊ ဒါက တကယ်ကို အရင်ကထက် သုံးလ စောနေတယ်။ ဒါပေမယ့် ကျောက်ဘုရင် ထွက်ပေါ်လာမယ့်ရက်ကို သတ်မှတ်ထားလို့ မရနိုင်ဘူး။ အရင်ရက်စွဲက ခန့်မှန်းချက်သက်သက် တစ်ခုပါပဲ။" လင်းယုက ရှင်းပြသည်။
ချင်ယွင်သည် ရုတ်တရက် ခေါင်းညိတ်လိုက်သည်။ သူသည် ဤကျောက်ဘုရင် အကြောင်းကိုလည်း အလွန် သိချင်နေခဲ့သည်။ ထို့အပြင်၊ ဤကျောက်ဘုရင်သည် အင်မော်တယ် ဧကရာဇ်ဝမ်ထန်း သူ့မိခင်၏နေရာကို ရှာတွေ့ရန် ကူညီပေးနိုင်ခြင်း ရှိမရှိနှင့်လည်း ဆက်စပ်နေပါသည်။ ထို့ကြောင့်, ဤကျောက်ဘုရင်သည် သူ့အတွက် အလွန်အရေးကြီးပါသည်။
"သွားရအောင်၊ ငါ့ကို မြန်မြန်ခေါ်သွားပါ" ချင်ယွင်က ကမန်းကတန်း ပြောလိုက်သည်။
လင်းယုက ခေါင်းညိတ်လိုက်ပြီး ချင်ယွင်ကို ဆိတ်သုဉ်းခြင်း ရှေးဟောင်းတောင်တန်း စစ်မြေပြင်၏ အခြားဦးတည်ရာ အရပ်ဆီသို့ ခေါ်ဆောင်သွားသည်။
ကျောက်ဘုရင်သည် ဆိတ်သုဉ်းခြင်း ရှေးဟောင်းတောင်တန်း စစ်မြေပြင်တွင် အလွန် ထူးခြားသော ရတနာတစ်ခု ဖြစ်သည်။ ၎င်းသည် နှစ်တစ်ရာလျှင် တစ်ကြိမ်သာ ပေါ်လာ လိမ့်မည်။ ထို့အပြင် ဤကျောက်ဘုရင်သည် အသေကောင် မဟုတ်ပါ။ ဆန့်ကျင်ဘက် အနေဖြင့်, ၎င်းသည် အလွန်ဉာဏ်ကောင်းသော ရတနာတစ်ခု ဖြစ်သည်။ သူ၏ ပတ်ဝန်းကျင်မှာ ပေါ်လာသည့် သင့်တော်သော ပိုင်ရှင်ကို ရွေးချယ်တတ်သည်။ ထို့ကြောင့်၊ တစ်ခါတစ်ရံတွင်၊ ဤကျောက်ဘုရင်ကို ရရှိရန် ကံကောင်းမှုပေါ်တွင်လည်း မူတည်ပါ သည်။
သေချာပါသည်၊ နောက်ပိုင်းမှာ, အကယ်၍၊ သင်သည် ကျောက်ဘုရင်ကို ကာကွယ် ချင်သည်ဆိုလျှင်, သင့်မှာ သန်မာသော ခွန်အား ရှိရပါလိမ့်မည်။ ထို့သို့မဟုတ်လျှင်၊ အကယ်၍၊ သင်သည် ထိုကျောက်ဘုရင်ကို ရသည်ဆိုလျှင်ပင် အခြားလူတွေက ၎င်းကို သင့်ဆီကနေ သိမ်းသွားပါလိမ့်မည်။
ချင်ယွင်သည် လင်းယုနောက်သို့ လမ်းတစ်လျှောက်လုံး လိုက်ပါသွားရင်း, နောက်ဆုံးတွင် ဒဏ္ဍာရီလာ ကျောက်ဘုရင် ပေါ်ထွန်းခဲ့သည့်နေရာသို့ ရောက်ရှိလာခဲ့သည်။ ဤသည်မှာ ကျယ်ပြောလှသော တောင်ပေါ်သစ်တောနယ်မြေ ဖြစ်သည်။
ဘေးပတ်ပတ်လည်ရှိ တောင်တက်လမ်းများသည် မတ်စောက်ပြီး ကျောက်ဆောင်များစွာ ရှိနေသည်။ ဤနေရာမှာ ကျောက်ဘုရင်ကို ရှာဖွေခြင်းသည် လွယ်ကူသော အလုပ်တစ်ခု မဟုတ်ပေ။
ယခုအချိန်တွင် ဤတောင်ပေါ်သစ်တောထဲ၌ ကျွမ်းကျင်ပညာရှင် တစ်ရာနီးပါး စုရုံး ရောက်ရှိနေပါသည်။ သူတို့အားလုံးသည် အင်မော်တယ်ဘုရင်အဆင့်တွင် ရှိကြသည်။ အင်မော်တယ် ဧကရာဇ်အဆင့် ကျွမ်းကျင်သူများလည်း ရှိနေခဲ့သည် ။
အင်မော်တယ် ဧကရာဇ်ငါးပါးရှိကာ နှစ်ဦးသည် အမည်းရောင်အဖွဲ့မှ ဖြစ်ပြီး သုံးဦးမှာ အဖြူရောင်အဖွဲ့မှ ဖြစ်သည်။
မူလက အမည်းရောင်အဖွဲ့တွင် အင်မော်တယ် ဧကရာဇ် ၃ ပါးရှိသော်လည်း အင်မော်တယ် ဧကရာဇ် လင်းဖန်းကို ကလေးငယ် အင်မော်တယ် ဧကရာဇ်က သတ်လိုက်သောကြောင့်၊ အမည်းရောင်အဖွဲ့သည် အဖြူရောင်အဖွဲ့ထက် အင်မော်တယ် ဧကရာဇ်တစ်ပါး နည်းသွား ခဲ့ရသည်။
ချင်ယွင်သည် တစ်ချက် လှည့်ပတ် ကြည့်လိုက်သည်။ အဖြူရောင်အဖွဲ့၏ အင်မော်တယ် ဧကရာဇ်သုံးပါးသည် အမည်းရောင်အဖွဲ့၏ အင်မော်တယ် ဧကရာဇ် နှစ်ပါးကို ကြည့်ရှုကြ သည်။ ထိုနှစ်ယောက်သည် တစ်ယောက်က ထွားကြိုင်းပြီး နောက်တစ်ယောက်ကတော့ မသေနိုင်သေးသည့် အဘိုးကြီးတစ်ဦး ဖြစ်သည်။ ထိုအချိန်တွင် သူတို့သည် စူးရှသော မျက်လုံးများဖြင့် တောင်တန်းတစ်ခုလုံးကို ကြည့်ရူစစ်ဆေးနေကြသည်။ သူတို့သည် ကျောက်ဘုရင်ကို ရှာနေကြသည်မှာ ထင်ရှားပါသည်။
"သူက မင်းရှာနေတဲ့ အင်မော်တယ် ဧကရာဇ် ဝမ်ထန်းပဲ။" လင်းယုက ကောင်းကင်ယံရှိ အံ့ဖွယ်ကောင်းသော အဖိုးအိုကို ညွှန်ပြရင်း ပြောလိုက်ပါသည်။
"အင်း…" ချင်ယွင်က ခေါင်းညိတ်လိုက်သည်။ သူသည်လည်း ဤအဘိုးအိုသည် အင်မော်တယ် ဧကရာဇ် ဝမ်ထန်းဖြစ်ကြောင်းကို ခန့်မှန်းမိသည်။
ထို့ကြောင့် ချင်ယွင်သည် အင်မော်တယ် ဧကရာဇ် ဝမ်ထန်းရှိရာ အရပ်ဆီသို့ ပျံသန်းသွားခဲ့ သည်။ အင်မော်တယ် ဧကရာဇ် ဝမ်ထန်းက သူ့အတွက် ကောင်းကင်ဘုံ၏လျှို့ဝှက်တွေကို ကျူးကျော်ဝင်ရောက်ပြီး စူးစမ်းပေးရန် ဆန္ဒရှိလားဟု သူ မေးကြည့်ချင်နေသည်။
"ဂျူနီယာ ချင်ယွင်က စီနီယာဝမ်ထန်းကို နှုတ်ဆက်ပါတယ်။" ချင်ယွင်က အဖိုးအိုကို နှုတ်ဆက်စကား ပြောလိုက်သည်။
သို့သော် ချင်ယွင်၏အသံ ပြိုဆင်းသွားချိန်မှာ၊ ၎င်းသည် ကျောက်တုံးကြီးတစ်တုံး ပင်လယ်ထဲသို့ နစ်မြုပ်သွားသကဲ့သို့ပင်။ လှိုင်းရိုက်ခတ်ခြင်းပင် မရှိခဲ့ပါချေ။ အင်မော်တယ် ဧကရာဇ်ဝမ်ထန်းသည် ချင်ယွင်ကို လှည့်ပင် မကြည့်ခဲ့ပေ။
ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ယခင်တုန်းက မာန်လင်နှင့် အခြားလူများ ပြောခဲ့သည့် စကားတွေကို သူ သတိရမိသည်။ ဤအင်မော်တယ် ဧကရာဇ်ဝမ်ထန်း၏ စိတ်နေသဘောထားသည် အလွန်ထူးဆန်းနေသည်။ ယင်းက လုံးဝ မမှားဘူးဟု ထင်ရပါသည်။
"စီနီယာ.." ချင်ယွင်က သုံးကြိမ်တိုင်တိုင် ထပ်အော်ခေါ်လိုက်သော်လည်း အင်မော်တယ် ဧကရာဇ်ဝမ်ထန်းကတော့ တုံ့ပြန်မှုနည်းနည်းမှ မရှိသေးပါဘူး။ ယင်းကြောင့် ချင်ယွင်၏ နှလုံးသားထဲတွင် အမည်မဲ့ မီးတောက်တစ်ခု ပေါ်ပေါက်လာမည့် အရိပ်မြွက်ပင် ဖြစ်ပေါ်စေခဲ့သည်။
"စီနီယာ, ကျွန်တော်က စီနီယာ ကျောက်ဘုရင်ကို ရှာတွေ့အောင် ကူညီပေးနိုင်တယ်။" ချင်ယွင်က အေးစက်စွာ ပြောသည်။
သေချာပါသည်၊ ချင်ယွင်ကို အမြဲတမ်း လျစ်လျူရှုထားခဲ့သော အင်မော်တယ် ဧကရာဇ် ဝမ်ထန်းသည် ချင်ယွင်ဆီသို့ လှည့်ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည် “မင်းက ကျောက်ဘုရင်ကို တွေ့အောင်ရှာနိုင်လို့လား?”