အခန်း ၉၂၀
Vol. 62 Ch. 920
အခန်း (၉၂၀) ကျောက်ဘုရင်ကို ဆင့်ခေါ်ခြင်း။
"ဟုတ်ကဲ့၊ ကျောက်ဘုရင် ထွက်လာအောင် ကျွန်တော် လုပ်နိုင်တယ်" ချင်ယွင်က ပြတ်သားစွာ ပြောလိုက်သည်။
အင်မော်တယ်ဧကရာဇ် ဝမ်ထန်းသည် ထိုစကားကို ကြားသောအခါ၊ သူက ချက်ချင်း အထင်သေးဟန် ပေါ်လာပြီး လှောင်ပြောင်ကာ ပြောလိုက်သည် "မင်းက ကျောက်ဘုရင် ထွက်လာအောင် လုပ်နိုင်တယ်ပေါ့။ ကောင်စုတ်လေး၊ မင်းက ငါကို အရူးလို့ ထင်နေတာလား?။"
"စီနီယာ၊ ကျွန်တော်က ကျောက်ဘုရင်ကို တကယ် ခေါ်ထုတ်လို့ရတယ်နော်" ချင်ယွင်က အလေးနက်ထားကာ ပြောလိုက်ပြီး, သူ၏အကြည့်တွေက အနှိုင်းမဲ့ ခိုင်မာနေဆဲပင်။
ဤဘက်ခြမ်းမှ အုတ်အုတ်ကျက်ကျက် ဖြစ်မူက ပတ်ဝန်းကျင်ရှိ အင်မော်တယ် ဘုရင်များကို ချက်ချင်း ဆွဲဆောင်သွားခဲ့သည်။ မူလက ကျောက်ဘုရင်ကို လိုက်ရှာနေကြ သည့် သူတွေလည်း ဤဘက်ခြမ်းသို့ တစ်ယောက်ပြီး တစ်ယောက် ကြည့်လာကြပါသည်။
ကျောက်ဘုရင်ကို ခေါ်ထုတ်နိုင်သည်ဟု ချင်ယွင် ပြောသည်ကို ကြားလိုက်ရသောအခါ, အားလုံးက အထင်အမြင် သေးသွားကြသည်။
"ကျောက်ဘုရင်ကို ခေါ်ထုတ်နိုင်တယ်။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"
"မှန်တယ်။ ဒီကျောက်ဘုရင်က ဉာဏ်ရည်ထက်မြက်တယ်လို့ ပြောပေမယ့် များသော အားဖြင့်၊ သူက သူ့သခင်ကို ကိုယ်တိုင်ရွေးချယ်တာ များတယ်။ ဒါပေမယ့် ဘယ်သူကမှ ကျောက်ဘုရင်ကို အစပြုထွက်လာအောင် လုပ်ဆောင်နိုင်တယ်လို့ စိတ်ကူးယဉ်ပြီး ချဲ့ကားပြောဆိုကာ တောင်းခံတာမျိုး မလုပ်ဆောင်ခဲ့ဖူးဘူး။"
ပတ်ဝန်းကျင်မှ လူတွေလည်း ဆွေးနွေးနေကြပြီး၊ ချင်ယွင်က ဝါကြွားလွန်းနေသည်ဟု အားလုံးက ခံစားရသည်။
အင်မော်တယ် ဧကရာဇ် ဝမ်ထန်းသည်လည်း ချင်ယွင်ကို အေးစက်သော အမူအရာနှင့် အတူ မထီမဲ့မြင်ပြုသည့် အမူအရာဖြင့် ကြည့်နေသည်။ နောက်ဆုံးတွင် သူက အေးစက်စွာ နှာခေါင်းရှုံ့ပြီး အော်ပြောလိုက်သည် "ကောင်းပြီ၊ ဒါဆိုလည်း အခုပဲ ကျောက်ဘုရင်ကို အရင်ဆုံး ထွက်လာပါစေ။ မင်း ငါ့ကို လှည့်စားနေသလားဆိုတာ ငါ ကြည့်ချင်တယ်။ တကယ်လို့၊ မင်း ငါ့ကို လှည့်စားနေတယ်ဆိုရင်, မင်းအပေါ် မယှဉ်ကျေးဘူးဆိုပြီး ငါ့ကို အပြစ်မတင်ပါနဲ့။"
"ဒါဆို ကျောက်ဘုရင်ကို ကျွန်တော် ခေါ်ထုတ်နိုင်ခဲ့ရင် ဘယ်လိုလုပ်မလဲ?" ချင်ယွင်က သူ၏မျက်လုံးများတွင် ပြုံးရိပ်သမ်းကာ မေးလိုက်သည်။
"ဟမ့်၊ မင်း ကျောက်ဘုရင် ထွက်လာအောင် အစပြုနိုင်တာနဲ့ ငါက အခြေအနေတစ်ခုကို သဘောတူပေးမယ်။" အင်မော်တယ် ဧကရာဇ် ဝမ်ထန်းက အေးစက်စွာ နှာခေါင်းရှုံ့ လိုက်သည်။ သေချာသည်မှာ၊ ချင်ယွင်က ကျောက်ဘုရင် ထွက်လာအောင် လုပ်နိုင်သည် ဟူသော ပြောစကားကို သူ့ကိုယ်သူ သေသည်အထိ ရိုက်နှက်ပြီး ပြောလျှင်ပင် သူ ယုံကြည်မည်မဟုတ်ပါချေ။
"ကောင်းပြီလေ၊ စီနီယာက ဒီဂျူနီယာအတွက် တခြားဘာမှ လုပ်ပေးစရာ မလိုပါဘူး။ ဒီဂျူနီယာအတွက် ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကို ဖောက်ထွင်းပြီး လူတစ်ယောက်ရဲ့ တည်နေရာကို ရှာဖွေပေးရုံပါပဲ။" ချင်ယွင်က ချက်ချင်း ပြုံးပြီး ပြောလိုက်သည်။ သူစောင့်မျှော်နေသည့် အရာက အင်မော်တယ် ဧကရာဇ် ဝမ်ထန်းကို တောင်းဆိုခွင့်ရရန် ဖြစ်ပါသည်။
"ဟမ့်၊ မင်းသာ ဒီကျောက်ဘုရင်ကို ထွက်လာအောင် အစပြုလုပ်ပေးနိုင်ရင်, မင်းအတွက် ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကို ဖောက်ထွင်းပြီး လူတစ်ယောက်ရဲ့ တည်နေရာကို ရှာဖွေပေးဖို့ မပြောနဲ့။ ဆယ်ယောက်ဆိုလည်း ငါ သဘောတူတယ်ကွာ" အင်မော်တယ် ဧကရာဇ် ဝမ်ထန်းက ချက်ချင်း ပြောသည်။
ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် တောက်ပသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။ “စီနီယာ, စောင့်ကြည့်နေပါ” ချင်ယွင်က ယုံကြည်မူရှိစွာ ပြောလိုက်ပါသည်။
ထိုစကားကို ပြောပြီးနောက် ချင်ယွင်သည် တောအုပ်ဆီသို့ ပျံသန်းသွားကာ၊ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။
တောအုပ်ထဲရှိ လူတိုင်းက ချင်ယွင်ကို ကြည့်နေကြပြီး၊ ချင်ယွင်က ကျောက်ဘုရင် ထွက်လာအောင် မည်သို့ အစပြုလုပ်ဆောင်မလဲဆိုသည်ကို သူတို့ သိချင်နေကြပါသည်။
သို့သော်လည်း, ချင်ယွင် လုပ်နိုင်မည်ဟု လူအများစုက မယုံကြည်ကြသေးပေ။ ပုံမှန်အားဖြင့်, ကျောက်ဘုရင်များသည် ၎င်းကို လုံး၀ မြင်တွေ့နိုင်ရန် အခွင့်ရေး တစ်ကြိမ်သာ ရှိသည်။ တခါတရံဆို, ၎င်းတို့သည် တစ်ကြိမ်တစ်ခါသာ ပေါ်လာတတ်သည်။ ပြန်ပေါ်မလာမီ, နောက်တစ်ကြိမ် ပြန်ပေါ်လာရန် ဆယ်ရက်နှင့် တစ်လခွဲ ကြာနိုင်သည်။ အကယ်၍, ကျောက်ဘုရင်များ ပေါ်လာရန် အစပြုနိုင်ခြင်း မရှိပါက၊ အကယ်၍ သင်သည် ဆိတ်သုဉ်းခြင်း ရှေးဟောင်းတောင်တ န်းစစ်မြေပြင် တစ်ခုလုံးကို လေးဖက်လေးတန် လှည့်ပတ်လိုက်ရှာလျှင်ပင် ၎င်းကို သင်ရှာတွေ့နိုင်မည် မဟုတ်ပါ။
အဝေးမှ အမြင့်ဆုံး တောင်ကုန်းတစ်ခုပေါ်မှာ တွန်ဒီသည် သူ၏ခြေထောက်တွေကို ကန့်လတ်ဖြတ်၍ တင်ပျဉ်ခွေ ထိုင်နေပါသည်။ သူသည် ဤမြင်ကွင်းကို မြင်လိုက်ရတော့ သူ၏မျက်လုံးထဲတွင် ခပ်ဖျော့ဖျော့ အပြုံးရိပ်မပျက် ရှိနေသည်။ သူက တိုးတိုးလေး ရယ် ပြီး ပြောလိုက်သည် "ဒီကောင်လေးချင်က လှည့်ကွက်တွေ ကစားနည်းတွေကို တကယ် သိနေတာပဲ။ ဟိုအရင်ကတည်းက သူက ကျောက်ဘုရင်ရဲ့ တည်ရှိနေမူကို ရှင်းရှင်း လင်းလင်း သိထားပေမယ့်၊ သူက အခုလိုမျိုး ရည်ရွယ်ချက်ရှိရှိ ပြောဆိုနေခဲ့တယ်"။
မှန်ပါသည်။ ချင်ယွင်သည် အင်မော်တယ် ဧကရာဇ် ဝမ်ထန်းကို ဂုဏ်ယူဝံ့ကြွားစွာ ပြောဆိုရဲသည့် အကြောင်းရင်းက သူ ဒီနယ်မြေသို့ ရောက်ရှိလာအချိန်မှာ, သူသည် ကျောက်ဘုရင်၏ တည်ရှိနေမူကို သိထားပြီးသောကြောင့် ဖြစ်ပါသည်။
တကယ်တော့၊ ချင်ယွင်သည် ကနဦးစကြဝဠာက ကျောက်ဘုရင်အပေါ် အဘယ့်ကြောင့် ခံစားနိုင်စွမ်းရှိနေရသလဲဆိုတာ သူ မသိခဲ့ပါဘူး။ ထိုမျှတင်မကဘဲ, သူ၏ကနဦးစကြဝဠာ သည် ကျောက်ဘုရင်အပေါ် ပြင်းထန်သော ဆွဲဆောင်မှုရှိနေပုံရသည်ကိုလည်း ချင်ယွင် ရှာတွေ့ထားပါသည်။
ယခုလေးတင်, သူသည် အင်မော်တယ် ဧကရာဇ် ဝမ်ထန်းဆီသို့ ပျံသန်းလာစဉ် ကျောက်ဘုရင်သည်လည်း သူ့ဆီသို့ တိတ်တဆိတ် ပြေးလာခဲ့သည်။ ထို့ကြောင့်၊ ချင်ယွင်သည် အင်မော်တယ် ဧကရာဇ် ဝမ်ထန်းနှင့် သူ၏ အလောင်းအစားအတွက် သေချာသည့်ပုံစံဖြင့် ဆိုနိုင်ခြင်း ဖြစ်ပါသည်။
ဘန်း…။
လူတိုင်း၏အကြည့်များအောက်မှာ ချင်ယွင်က သူ၏လက်ကို မြေပြင်ပေါ်သို့ တင်လိုက်ပါ သည်။ ချက်ချင်းပင်၊ ချင်ယွင်၏ လက်ဖဝါးမှ ကြီးမားသော စုတ်ယူမှုတစ်ခု ထွက်ပေါ်လာသည်။ ၎င်းသည် ကနဦးစကြဝဠာ၏ စုပ်ယူမှုစွမ်းအား ဖြစ်သည်။
အရိပ်ထဲတွင်ရှိနေသော ကျောက်ဘုရင်သည် ဤစုပ်ယူခြင်းစွမ်းအားကို အာရုံခံစားမိသည့် အခိုက်၊ သူသည် မြေကြီးထဲမှ ချင်ယွင်ဆီသို့ အရူးအမူး ပြေးလာခဲ့ပြီး၊ သူသည် အလွန် စိတ်လှုပ်ရှားနေပုံရသည်။
ဘန်း…။
အဆုံးတွင် ချင်ယွင်သည် သူ၏လက်ကို ဆန့်တန်းကာ ကျောက်ဘုရင်၏ သူ၏လက်ဖြင့် ဆုပ်ကိုင်လိုက်သည်။
ဤကျောက်ဘုရင်သည် ချင်ယွင် မျှော်မှန်းထားသည်နှင့် တခြားစီပင်။ ကျောက်ဘုရင်သည် လက်သီးဆုပ်အရွယ်မျှသာ ရှိပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် နှင်းကဲ့သို့ ဖြူဖွေးနေသည်။ ၎င်းသည် ထူထပ်သော ရှေးဟောင်း အငွေ့အသက်ကို ထုတ်လွှတ်နေပြီး သူ၏လက်ထဲတွင် အေးခဲသော ခံစားချက်တစ်ခု ရှိနေခဲ့သည်။
"ဒါက ကျောက်ဘုရင်လား?" ချင်ယွင်က သူ၏လက်ထဲရှိ ကျောက်တုံးကို အံ့သြနေသည့် အမူအရာဖြင့် ကြည့်လိုက်ပါသည်။
အနီးနားရှိ လူများလည်း အံ့အားသင့်နေသည့် အမူအရာများကို ထုတ်ဖော်နေကြသည်။ ဤကောင်သည် ကျောက်ဘုရင်ကို ခေါ်ထုတ်နိုင်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားပါဘူး။
ကောင်းကင်ယံရှိ အင်မော်တယ် ဧကရာဇ် ဝမ်ထန်းလည်း တုန်လှုပ်သွားခဲ့သည်။ တစ်စုံတစ်ယောက်က သူ့ကို ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်သလိုမျိုး၊ သူ၏ အိုမင်းနေသော မျက်နှာက နီရဲသွားပါသည်။
"မြန်မြန်၊ သူ့ကို ထွက်မသွားစေနဲ့..”
သို့သော်, ဤအခိုက်တွင် တစ်စုံတစ်ယောက်က လှမ်းအော်သည်။ တအံ့တသြ ဖြစ်နေကြသည့် လူတွေလည်း အသိဝင်လာကြပြီး ချင်ယွင်ဆီကို အရူးအမူး ပြေးသွားကြ သည်။
ချင်ယွင်နှင့် အလွန်နီးကပ်နေသော အင်မော်တယ်ဘုရင်များထဲမှ တစ်ယောက်သည် ချင်ယွင်၏ လက်ထဲမှ ကျောက်ဘုရင်ကို လှမ်းကိုင်လိုက်သည် ။
ချင်ယွင်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် ရန်လိုသော အရိပ်အယောင်က သူ၏မျက်လုံးထဲတွင် ချက်ချင်း ပျံ့နှံ့လာခဲ့သည်။ သူသည် ဤကျောက်တုံးကို သူ၏ အစွမ်းအစဖြင့် ဆွဲဆောင်ခဲ့ခြင်း ဖြစ်သည်။ ဤကောင်တွေက သူ၏ထံမှ လုယူချင်နေခဲ့ သည်။ ချင်ယွင်၏စိတ်နေသဘောထားနှင့်ဆို၊ ယင်းက မည်သို့ပင်ဆိုစေ သူ သည်းခံနိုင်မည် မဟုတ်ပေ။
ထို့ကြောင့်၊ ချင်ယွင်၏ ရုပ်အသွင်သည် ချက်ချင်းပင် ပုံရိပ်ယောင်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး၊ ရှေ့သို့ ပြေးဝင်လာနေသော အင်မော်တယ်ဘုရင်၏ ရှေ့တွင် တိုက်ရိုက် ပေါ်လာသည်။
“ဘုန်း..”။
ချင်ယွင်က ခြေကန်ချက်တစ်ချက် ကန်ထုတ်လိုက်သည်နှင့်၊ တော်ဝင်တာအိုနယ်ပယ်၏ အဆင့် ၁၁ ရှိ ထိုအင်မော်တယ်ဘုရင်၏ ဦးခေါင်းကို ထိုနေရာမှာပင် ပေါက်ကွဲသွားပါ သည်။ ချက်ချင်းဆိုသလို, အသွေးအသားတွေက နေရာတိုင်း ဖျန်းခနဲ လွင့်စင်သွားခဲ့ပြီး သွေးထွက်သံယို မြင်ကွင်းမျိုး ဖြစ်ပေါ်လာခဲ့သည်။
ချင်ယွင်သည် ထိုနေရာမှာပင် ရပ်မနေခဲ့ပါဘူး။ ယင်းအစား၊ သူသည် နောက်ထပ် လက်သီးတစ်ချက်ကို ပစ်သွင်းလိုက်ပြီး၊ နောက်ထပ် တော်ဝင်တာအိုနယ်ပယ်၏ အဆင့် ၁၂ ရှိ အင်မော်တယ်ဘုရင်တစ်ယောက်ကို ပေ ၁၀၀၀၀ အကွာဝေးအထိ လွင့်ထွက်သွား စေခဲ့သည်။
"ဟမ့်၊ ငါချင်ယွင်ရဲ့ ပစ္စည်းတွေကို လုယူဖို့ဆို မင်းတို့အလှည့် မရောက်သေးဘူး" ချင်ယွင်က အေးစက်စွာ အော်ပြောလိုက်ပြီး၊ သူ၏ကြွေးကြော်သံက တောင်သစ်တော တစ်ခုလုံးကို ချက်ချင်း တုန်ခါသွားစေသည်။
မူလက လှုပ်ရှားရန် ကြံစည်နေကြသော အင်မော်တယ်ဘုရင်အဆင့် ကျွမ်းကျင်သူများ အားလုံး ရပ်တန့်ကာ ချင်ယွင်ကို ကြောက်ရွံ့စွာ ကြည့်နေကြသည်။
အစောပိုင်းက ချင်ယွင်၏ လုပ်ရပ်များသည် ကြီးစိုးနိုင်စွမ်းရှိပြီး ပြတ်သားလွန်းသည်။ သူသည် အင်မော်ယ်ဘုရင် ဘုရင်နှစ်ပါးကို လှုပ်ရှားမှုနှစ်ခုဖြင့် သတ်ဖြတ်ခဲ့ပြီး ၎င်းတို့ထဲမှ တစ်ယောက်သည် တော်ဝင်တာအိုနယ်ပယ်၏ အဆင့် ၁၂ အင်မော်တယ်ဘုရင် ဖြစ်သည်။ ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်သောလူတစ်ယောက်ထံမှ လုယူခြင်းသည် သေခြင်းတရား ကို တောင်းခံနေခြင်း တူပါသည်။
ကောင်းကင်ယံမှာရှိနေကြသည့် အင်မော်တယ် ဧကရာဇ်ငါးပါးသည် လှုပ်ရှားမူတစ်ခုပင် မလုပ်ခဲ့ကြပါဘူး။ ယင်းအစား၊ သူတို့သည် ချင်ယွင်ကိုကြည့်ရင်း စောင့်မျှော်ကြည့်ရှု နေသည့် စိတ်သဘောထားကို ထိန်းသိမ်းထားကြသည်။
"ဟမ့်၊ ကောင်စုတ်လေး, မင်းက အရူးပဲ။ ဒီလိုဆိုမှတော့ ငါ မင်းကို ကောင်းကင်ကြီးကို မြင်တွေ့ခွင့်ပေးမယ်" ထိုအချိန်တွင် ကောင်းကင်ယံမှ ကျယ်လောင်သော ဟိန်းဟောက်သံ က ထွက်ပေါ်လာသည်။ အရပ်မြင့်မြင့် လူငယ်တစ်ယောက်သည် ချင်ယွင်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားသည်။ သူသည် သူ၏ဓားကို ဝှေ့ယမ်းလိုက်ရာ တော်ဝင်တာအို၏ စွမ်းအင် အတက်အကျလှိုင်းများ တဟုန်ထိုး ပျံ့နှံ့ထွက်ပေါ်လာသည်။ သူ့ဓား၏ အစွမ်းသည် အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသည်။
"သူ မဟုတ်လား?။ အဖြူရောင်အဖွဲ့ရဲ့ နံပါတ်တစ် ခေါင်းဆောင်မဟုတ်လား?။ သူက လေစွမ်းရည် ရှေးဟောင်းဖရိုဖရဲ ဉပဒေသနဲ့ တော်ဝင်တာအိုနယ်ပယ်ရဲ့ ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်နေပြီလို့ ပြောကြတယ်။" တစ်စုံတစ်ယောက်က ထိုလူငယ်ကို ချက်ချင်း မှတ်မိသည်။
ချင်ယွင်သည် တဖက်လူထံမှ ထွက်ပေါ်လာသော ဓားအလင်းကို ကြည့်လိုက်သည်။ သို့သော်၊ သူ၏ပါးစပ်ထောင့်မှ လှောင်ပြောင်သံတစ်ချက် ထွက်ပေါ်လာသည် "ဟမ့်၊ မင်းရဲ့ တော်ဝင်တာအိုနယ်ပယ်က အထွတ်အထိပ်ကို ရောက်နေတော့ရော ဘာဖြစ်လဲ?။ ငါ့မျက်လုံးထဲမှာတော့ မင်းက တစ်ချက် ထိုးနှက်တာကိုတောင် မခံနိုင်လောက်သေးဘူး၊ ."
ချင်ယွင်က အေးစက်စွာ အော်ပြောလိုက်ပြီး၊ သူ၏ခန္ဓာကိုယ်က ရှောင်တိမ်းခြင်း မရှိဘဲ၊ ကြယ်ရောင်မြစ်ကဲ့သို့ ဇောက်ထိုးကျလာသော ဓားအလင်းကို တိုက်ရိုက် ထိုးပစ်လိုက် သည်။
“ဘုန်း…”
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်း သည် ချင်ယွင်၏ လက်ချက်ကြောင့် တိုက်ရိုက် ပြိုကွဲသွားခဲ့သည်။
"ဘာလဲ?၊ သူက တိုက်ရိုက် လက်သီးတစ်ချက် ထိုးလိုက်တာလား?။ အင်မော်တယ်ဘုရင် များ အားလုံးသည် မယုံကြည်နိုင်သည့် အမူအရာများကို ထုတ်ဖော်လာကြသည်။
ယုထျန်း၏ မျက်လုံးများသည် အံ့အားသင့်သွားသည့် အမူအရာကို ထင်ရှားပေါ်လွင်စေ သည်။ သူ၏ ရှေးဟောင်းဖရိုဖရဲ ဉပဒေသသည် ကြီးကျယ်သော ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေခဲ့ပြီးဖြစ်ကာ၊ တိုက်ခိုက်မှု တစ်ခုချင်းစီ၏ စွမ်းအားသည် အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသည်။ သို့တိုင်, သူ၏ရှေ့မှ ဤလူငယ်သည် လက်သီးတစ်ချက် ဖြင့် ပေါက်ခွဲပစ်ခဲ့သည်လား..? ထိုသို့ဆိုလျှင်၊ သူ၏ရုပ်ခန္ဓာကိုယ်သည် မည်မျှ သန်မာနေပြီလဲ?။