အခန်း ၉၂၁
Vol. 62 Ch. 921
အခန်း (၉၂၁) ပေါက်ကွဲထွက်လာသောတိုက်ပွဲ။
"တိုက်ပွဲတစ်ခုအတွင်းမှာ အမူမဲ့အမှတ်မဲ့နေရခြင်းက ကောင်းတဲ့အရာ မဟုတ်ဘူး”။
သို့သော် ကောင်းကင်ကြီး တုန်လှုပ်သွားသည်နှင့်အမျှ သူ၏နားထဲတွင် အေးစိမ့်သော အသံက ထွက်ပေါ်လာသည်။ အသံက မကျယ်လှသော်လည်း, သူ၏စိတ်ထဲမှာတော့ မိုးခြိမ်းသံလို ပေါက်ကွဲသွားခဲ့ပါသည်။
"ဘယ်တုန်းက... သူ ဘယ်တုန်းက ငါ့နောက်ကို ရောက်နေတာလဲ?။ ငါ ဘာလို့ သတိမထားမိတာပါလိမ်" ယုထျန်းက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။ သူ၏နားထဲတွင် သရော်သံတစ်ချက် ထွက်ပေါ်လာစဉ်မှာဘဲ သူ၏လည်ပင်းသည် တောင့်တင်းလုနီးပါး ဖြစ်နေပါပြီ။
“ဘုန်း..”
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ချင်ယွင်၏ လက်သီးသည် ယုထျန်း၏ လည်ပင်းကို တိုက်ရိုက် ထိမှန်သွားကာ သူ့ကို မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပစ်ရိုက် ချလိုက်သည်။
ယုထျန်း၏ပုံသဏ္ဍာန်သည် မြေပြင်ပေါ်သို့ ပြိုကျသွားသော ဧရာမကျောက်တုံးကြီးနှင့် တူပြီး၊ တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ သူသည် တွင်းနက်ကြီးထဲတွင် လဲလျောင်း နေစဉ် သူ၏ပါးစပ်မှ သွေးများ ထွက်ကျလာသည်။
အဝေးမှ အင်မော်တယ်ဘုရင်များလည်း အံ့အားသင့်သွားဟန် အမူအရာများကို ဖော်ပြကြပါသည်။ ရှင်းရှင်းပြောရရင်, ယုထျန်းသည် ဤလူငယ်ကြောင့် ယခုလို သနားစဖွယ် အနေထားမျိုးဖြစ်သည်အထိ ရိုက်နှက်ခံရလိမ့်မည်ဟု သူတို့ မမျှော်လင့်ထား ခဲ့သည် ထင်ရှားပါသည်။
"ငါ မင်းကို သတ်ပစ်မယ်။ မင်းကို အပိုင်းပိုင်း ဖြတ်ပစ်မယ်။" ယုထျန်း၏ ဆံပင်များသည် ရှုတ်ထွေးနေပြီး ရူးသွပ်စွာ ဟောက်နေချိန်တွင် သူ၏မျက်လုံးများက နီရဲနေလေသည်။ ထို့နောက်, သူသည် တွင်းနက်ကြီးထဲမှ ပြေးထွက်လာခဲ့သည်။
အဖြူရောင်အဖွဲ့၏ နံပါတ်တစ်တပ်မှူးအဖြစ် သူသည် အမှန်တကယ်ပင် အမည်းရောင်အဖွဲ့မှ တပ်မှူးငယ်လေးကြောင့် မြေပြင်ပေါ်ကို ပြုတ်ကျသွားခဲ့ရသည်။ ဤအရာက သူ့ကို ရက်စက်စွာ အရှက်ခွဲသလို ခံစားရစေသည်။ အကယ်၍၊ သူသည် ဤကိစ္စအတွက် လက်စားချေခြင်း မပြုနိုင်လျှင်, အဖြူရောင်အဖွဲ့ထဲမှာ သူ မည်သို့ မျက်နှာပြရတော့မည်နည်း?။
ထို့ကြောင့် သူ၏ရုပ်အသွင်သည် တွင်းနက်ကြီးထဲမှ ပြေးထွက်လာပြီး ချင်ယွင်ဆီသို့ ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။ ဤတစ်ကြိမ်တွင် သူသည် သူ၏ဓားကို တိုက်ရိုက် အသုံးပြုပြီး ဓားအတွင်းပါရှိသော ရှေးဟောင်းဖရိုဖရဲ ဉပဒေသ အပြောင်းအလဲများသည် ပို၍ ကြောက်စရာကောင်းသည်။
"ဟမ့်၊ မင်းက တကယ်ကို သေချင်နေတာပဲ" ချင်ယွင်က အေးစက်စွာ ပြောလိုက်သည်။ အရင်တုန်းကတော့ သူ၏လက်စကို ထိမ်းထားခဲ့သည်။ ယုထျန်းသည် မည်သည့်အချိန် ရှေ့ဆက်ရမည်, မည်သည့်အချိန် နောက်ဆုတ်ရမည်ဟူသည့် သဘောတရားကို အမှန်တကယ် လျစ်လျူရူထားလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ထိုသို့ဖြစ်ခြင်းကြောင့်, သူသည်လည်း သနားညှာတာမူကို ပြသရန် မလိုအပ်တော့ပါချေ။
ရလာဒ်အနေဖြင့် ချင်ယွင်၏လက်များတွင် အစွမ်းထက်သော ဖင်းဂေါ့ဂ်စွမ်းအားက ချက်ချင်းဆိုသလို ပျံ့နှံ့လာခဲ့သည်။ သူ၏ရုပ်ခန္ဓာကိုယ်သည် လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာရပ်၏ ဆဋ္ဌမအဆင့်ဖြစ်သည် ဖင်းဂေါ့ဂ်နယ်ပယ်၏ နှောင်းပိုင်း အဆင့်သို့ ဖြတ်ကျော်သွားပြီးကတည်းက ၎င်း၏ ရုပ်ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် တော်ဝင်တာအိုနယ်ပယ်၏ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ဦးနှင့် နှိုင်းယှဉ် နိုင်နေပြီ ဖြစ်သည်။
ယခု ဖင်းဂေါ့ဂ်စွမ်းအားများ ထွက်ပေါ်လာသည့်အခိုက်တွင်, ရှေးဟောင်း ဆိတ်သုဉ်းခြင်း သားရဲတစ်ကောင် ဟိန်းဟောက်လိုက်သကဲ့သို့။
ချွင်….။
ချင်ယွင်သည် ကောင်းကင်ယံမှ ဓားကို လက်သီးချက်ဖြင့် ပြင်းပြင်းထန်ထန် ထိုးချလိုက်ရာ သန့်စင်သော သံမဏိအချင်းချင်း ထိခိုက်မံသံများ ထွက်ပေါ်လာသည်။ အလယ်လတ် အဆင့် အကြီးမြတ်ဆုံး အင်မော်တယ်ဓားသည်ပင် ချင်ယွင်၏ အရေပြားကို အမှန်တကယ် ထိုးဖောက်နိုင်ခြင်း မရှိတော့ပေ။
ဤမြင်ကွင်းကို မြင်လိုက်ရတော့ အားလုံးသည် အေးစက်သော လေကို ရှုရှိုက်မိကြသည်။ သူ၏အမေက လူသားခန္ဓာကိုယ်မှ ဟုတ်ပါလေရဲ့လား?။
သို့သော်လည်း ထိုအခိုက်အတန့်တွင် ပို၍ပင် ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်ပွားခဲ့သည်။ ချင်ယွင်က ရုတ်တရက် သူ၏လက်ကောက်ဝတ်ကို လိမ်လိုက်ပြီး ယုထျန်း၏ ဓားရှည်ကို သူ၏လက်ထဲမှာ ဆုပ်ကိုင်လိုက်ပါသည်။ သို့သော်လည်း ချင်ယွင်၏ လက်ထဲတွင် အနှိုင်းမဲ့ မာကြောလှသော ဓားရှည်သည် ကွေးသွားခဲ့ပါသည်။
လူတိုင်းသည် ပါးစပ်အပြည့် တံတွေး မမျိုးချဘဲ မနေနိုင်ခဲ့ပါချေ။ ချင်ယွင်၏ ခန္ဓာကိုယ် သည် တုနှိုင်းမရအောင် ကြောက်မက်ဖွယ်ကောင်းသော ရှေးဟောင်းသားရဲ တစ်ကောင်ကို ဖုံးကွယ်ထားသည်ဟုပင် သံသယရှိကြသည်။
ယုထျန်း၏ မျက်လုံးများလည်း အံ့ဩခြင်းများဖြင့် ပြည့်နှက်နေသည်။ ဆိုးဝါးသည့် ကြိုတင်သတိပေးချက်တစ်ခုက သူ၏နှလုံးသားထဲကို တိုးဝင်လာပြီး သူသည် နောက်ပြန် ဆုတ်တော့မည်။
သို့သော် ထိုအခိုက်တန့်တွင် ချင်ယွင်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ယုထျန်း၏လက်ကို ဆုပ်ကိုင်လိုက်သည်။
"မင်း လှုပ်ရှားရတာကို သဘောကျမှတော့ တန်ရာတန်ကြေး ပေးဆပ်ရမယ်။" ချင်ယွင်က အထင်သေးဟန်ဖြင့် ပြောလိုက်ပြီး သူ၏လက်ကို အတင်းဆွဲလိုက်သည်။ ယုထျန်း၏ လက်မောင်းသည် လူတိုင်း၏အကြည့်အောက်တွင် စုတ်ပြတ်သွားလေသည်။
“အား…”
ယုထျန်းက ချက်ချင်း ရူးသွပ်စွာ အော်ဟစ်လိုက်ပါသည်။ သူတို့လက်မောင်းကို ဆွဲဖြတ်ခြင်းမခံရသော အင်မော်တယ် ဘုရင်များပင်လျှင် နာကျင်မှုကို ခံစားရပေလိမ့်မည်။
အဝေးမှ အင်မော်တယ်ဘုရင်များလည်း သည်းမခံနိုင်သော အမူအရာများကို ထုတ်ဖော်နေ ကြပါသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် မလှုပ်ရှားမိသည့်အတွက် စိတ်နှလုံးထဲတွင် တိတ်တဆိတ် ပျော်ရွှင်မိကြသည်။ ထိုသို့မဟုတ်ရင်, သူတို့သည် အရုပ်လေးတစ်ရုပ်ကဲ့သို့ ယုထျန်းလို စုတ်ဖြဲခံရပြီး အဆုံးသတ်သွားလိမ့်မည်။
"ချမ်းသားပေးပါ၊ ချမ်းသားပေးပါ" ယုထျန်းက သနားညှာတာပေးရန် အလျင်စလို တောင်းလိုက်ရင်း သူ၏အသံက အားနည်းလာသည်။
သို့သော်လည်း ချင်ယွင်သည် ရပ်တန့်ရန် အနည်းငယ်မျှ စိတ်ကူးမရှိခဲ့ပေ။ ယခုအချိန်တွင် လူများစွာက သူ့ကို လောဘကြီးစွာ စိုက်ကြည့်နေကြသည်။ ထို့ကြောင့်၊ သနားညှာတာ တတ်သည့် စိတ်နှလုံးသားကို ဆက်ထိန်းထားမည်ဆိုလျှင်, သူသည် ဤလူအားလုံး၏ ဝါးမျိုခြင်းကို ခံရမည်မှာ သေချာပါသည်။ ဤနေရာတွင် လူကောင်းတစ်ယောက်မျှ မပါရှိသည်ကို သိထားရပါမည်။
“ဖူး…”။
ချင်ယွင်သည် သူ၏ ခွန်အားကို တစ်ဖန်စိုက်ထုတ်လိုက်ပြီး ယုထျန်း၏ အခြား လက်မောင်းကို အတင်းဆွဲ ထုတ်လိုက်သည်။
ယုထျန်းသည် ယခုအချိန်တွင် တုတ်တစ်ချောင်းအသွင် ပြောင်းလဲသွားခဲ့ရပြီး၊ သူ၏နဖူးက အေးစက်သော ချွေးများဖြင့် ဖုံးလွှမ်းနေပြီ။ သူ၏ အထွတ်အထိပ်အဆင့်ရှိ အင်မော်တယ် ဘုရင် ကျင့်ကြမှုအခြေခံဖြင့် သူ၏လက်မောင်းတွေကို ဆုတ်ဖြဲခံရပြီးနောက် သေဆုံးရန်မှာ သဘာဝအတိုင်း မဖြစ်နိုင်ပေ။ သို့သော် ဤကြီးမားသော နာကျင်မှုသည် အခြား နာကျင်မူများထက် မနည်းလှပေ။
မူလက လှုပ်ရှားချင်နေကြသည့် လူများသည်လည်း သူတို့၏ နှလုံးသားထဲက ဆန္ဒတွေကို ဖိနှိပ်လိုက်ကြသည်။
"နောက်တစ်ကြိမ် မလှုပ်ရှားခင်မှာ, မင်းအနေနဲ့ ဒီအကြောင်းကို ရှင်းရှင်းလင်းလင်း တွေးတောသင့်တယ်။ တကယ်လို့ မင်းက လှုပ်ရှားချင်တယ်ဆိုရင်, မင်းလည်း အသတ်ခံရ နိုင်တယ်ဆိုတဲ့ အသိမျိုးရှိရမယ်။ သေလိုက်တော့” ချင်ယွင်က ယုထျန်းကို ကြည့်ပြီး အထင်သေးစွာ ပြောလိုက်သည်။ သူပြောပြီးသည်နှင့် သူ၏လက်ဖဝါးမှ ပြင်းထန်သော ဖင်းဂေါ့ဂ်စွမ်းအားက ထွက်ပေါ်လာပြန်သည်။ လက်ဖဝါးတစ်ခုက ယုထျန်း၏ ကောင်းကင် စိတ်ဝိညာဉ်အလွှာကို တိုက်ရိုက် ထိမှန်သွားတော့မည်။
ဤပြင်းထန်သော ဖင်းဂေါ့ဂ်စွမ်းအားကို ခံစားလိုက်ရသဖြင့် ယုထျန်း၏ မျက်နှာသည် ချက်ချင်း ဖြူဖျော့သွားခဲ့သည်။ သို့သော် ချင်ယွင်၏ ခန္ဓာကိုယ်ရှိ အငွေ့အသက်သည် ကြောက်မက်ဖွယ် ကောင်းလွန်းသဖြင့် သူ မလှုပ်ရှားနိုင်တော့ပေ။ ချင်ယွင်၏ လက်ဖဝါးများ ကျဆင်းလာသည်နှင့်အမျှ သူသည် ကူကယ်ရာမဲ့သာ စောင့်ကြည့်နေနိုင်ခဲ့ သည် ။
ထိုအခိုက်အတန့်တွင်, ကြောက်ရွံ့မှုအပြင် သူ၏မျက်လုံးများတွင် နောင်တရမှုက ပြင်းထန်စွာ ရှိနေခဲ့သည်။ တခဏအတွင်း လှုပ်ရှားမိခဲ့သည်ကို သူ နောင်တရမိသည်။
"ရပ်လိုက်…”
သို့သော် ထိုအချိန်တွင် ကောင်းကင်ယံမှ ကျယ်လောင်သော အော်ဟစ်သံတစ်ချက် ထွက်ပေါ်လာသည်။ ထိုကြီးမားလှသော စွမ်းအားသည် ကောင်းကင်ယံကို ချက်ချင်း ထိုးဖောက်ဝင်ရောက်ကာ ချင်ယွင်ဆီသို့ တိုးဝင်လာသည်။
ချင်ယွင်သည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အတက်အကျလှိုင်းများကို ခံစားရ သော်လည်း သူ၏မျက်လုံးများတွင် ထိတ်လန့်သွားခြင်း မရှိပေ။ ဆန့်ကျင်ဘက်အနေနှင့် ဤအရာအားလုံးသည် သူ၏မျှော်လင့်ချက်ထဲတွင် ရှိနေခဲ့သည်။
"ဟမ့်၊ ခင်ဗျား ရပ်လို့ပြောတိုင်း ကျုပ်က ရပ်ရမှာလား?" ချင်ယွင်က အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏လက်ဖဝါးက ရပ်တန့်ခြင်း မရှိပါဘူး။ သူက ယုထျန်း၏ခေါင်းကို ပြင်းပြင်းထန်ထန် ပုတ်ချလိုက်သည်။
ယုထျန်းသည် ကူရာမဲ့ ခေါင်းယမ်းနေစဉ်မှာပင် ပေါက်ကွဲပြီး သေဆုံးသွားပါသည်။
တစ်ချိန်တည်းမှာပင် ထိုကြောက်မက်ဖွယ် စွမ်းအားသည် ချင်ယွင်၏ ရှေ့သို့ ရောက်ရှိ လာခဲ့သည်။
ချင်ယွင်က အေးစက်စွာ အော်လိုက်ပြီး, နတ်နဂါး ကျောက်စိမ်းတံဆိပ်က ချက်ချင်း အသက်ဝင်လာသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ခွန်အား၏အရှိဟုန်သည် အဆနှစ်ဆယ် တိုးလာကာ ထိုကြောက်မက်ဖွယ် စွမ်းအားနှင့် တိုက်ရိုက် တွေ့ဆုံလိုက်သည်။
သို့သော် ထိုစွမ်းအားသည် အလွန် ကြောက်စရာကောင်းသည်။ ချင်ယွင်သည် ထိုစွမ်းအား ကို ထိလိုက်သည့် အခိုက်တွင်၊ သူသည် နောက်ပြန် လွင့်သွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျပြီး အချင်းပေတစ်ရာရှိသော တွင်းနက်ကြီးတစ်ခု ဖန်တီးလိုက်သည်။
အင်မော်တယ်ဘုရင်များသည် အေးစက်သောလေကို ရှုရှိုက်ရင်း တွင်းနက်ကြီးဆီသို့ ဦးတည်ကြည့်ရင်း ခေါင်းယမ်းလိုက်ကြသည်။
သူတို့အမြင်အရဆို, ဤလူငယ်သည် ဤတိုက်ခိုက်မှုမှ လွတ်မြောက်ဖို့ အခွင့်အလမ်း လုံးဝ မရှိပါဘူး။ အဘယ်ကြောင့်ဆိုသော် တိုက်ခိုက်သူသည် ကောင်းကင်တာအိုနယ်ပယ်၏ ပဉ္စမအဆင့်ရှိ အင်မော်တယ် ဧကရာဇ် ချန်ကျန့် ဖြစ်နေခြင်းကြောင့်ပါ။ သူသည် အဖြူရောင်အဖွဲ့တွင် ကောင်းကင်တာအိုနယ်ပယ်၏ ပဉ္စမအဆင့်ရှိ ကျင့်ကြံမူအခြေခံကို ပိုင်ဆိုင်ထားသော ဒုတိယမြောက် အင်မော်တယ်ဧကရာဇ်တစ်ပါး ဖြစ်ပါသည်။
ချန်ကျန့်သည် လေဟာနယ်ထဲတွင် ရပ်နေကာ အနက်ရောင်တွင်းနက်ကြီးဆီသို့ လှမ်းကြည့်လိုက်သည်။ သို့သော် သူ၏မျက်လုံးများသည် ပြင်းထန်သော အေးစက်မှုများဖြင့် ပြည့်နှက်နေသည်။
ဤလူငယ်သည် သူ၏သတိပေးချက်ကို လျစ်လျူရှုပြီး ယုထျန်းကို တကယ် သတ်ဖြတ် ချင်နေခဲ့သည်။ ယင်းကြောင်း, သူလည်း ရှောင်လွှဲလို့မရဘဲ ဤတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ရသည်။
သူ၏အမြင်အရဆို, သူ၏တိုက်ခိုက်မှုကို ခံရပြီးနောက်၊ ဤလူငယ်သည် အသက်ရှင်ဖို့ အခွင့်အလမ်း လုံးဝ မရှိခဲ့ပါဘူး။ ကောင်းကင်တာအိုနယ်ပယ်၏ ပထမအဆင့်ရှိ အင်မော်တယ် ဧကရာဇ်တစ်ပါးသည်ပင် ဤတိုက်ခိုက်မှုကို ကြုံတွေ့ရလျှင်၊ သူသည် ယုံမှားသံသယဖြစ်ဖွယ်မရှိ သေဆုံးသွားလိမ့်မည်။
"ဟမ့်၊ မင်းက ဒီလိုအခြေနေမျိုးကို ကိုယ်တိုင်ဖန်တီးလာမှတော့, မင်းအနေနဲ့ ကိုယ့်ကိုယ်ကိုသာ အပြစ်တင်သင့်တယ်" ချန်ကျန့်သည် အေးစက်စွာ ပြောလိုက်ပြီး သူ၏မျက်လုံးများတွင် မောက်မာမှုအပြည့် ရှိနေသည်။
"ကောင်းကင်တာအိုနယ်ပယ်ရဲ့ ပဉ္စမအဆင့်မှာရှိတဲ့ အင်မော်တယ် ဧကရာဇ်တစ်ပါးက လည်း ဒီထက် ဘာမှမပိုပါဘူး။" သို့သော် ဤအခိုက်အတန့်တွင် အေးစက်ပြီး မောက်မာသော အသံက လူတိုင်း၏နားထဲတွင် ထွက်ပေါ်လာသည်။ ထို့နောက် အနက်ရောင် တွင်းနက်ကြီးထဲမှ အပေါ်ပိုင်းဗလာကျင်းနေသည့် အမျိုးသားတစ်ဦး ဖြည်းညှင်းစွာ လမ်းလျှောက်လာသည်ကို လူတိုင်း တွေ့လိုက်ရသည်။ သူ၏ ကြွက်သားများ သည် အနှိုင်းမဲ့ အချိုးစားညီကာ တသမတ်တည်းဖြစ်နေပြီး၊ သူ၏ ကြွက်သားဖြစ်ပေါ်ရာ လမ်းကြောင်းများကလည်း လုံးဝ ပြီးပြည့်စုံနေကာ သူ၏ အသားအရေပြားသည်ပင် အပြစ်ကင်းစင်စွာ ဖြူဖွေးနေပါသည်။
"ဘာ…။ သူ တကယ် မသေသေးဘူ” ထိုအင်မော်တယ်ဘုရင်များ အားလုံးသည် သူတို့၏ မျက်လုံးများကို ပြူးကျယ်စွာဖွင်ကာ မယုံကြည်နိုင်သော အမူအရာများကို ဖြစ်ပေါ်လာကြ သည်။
ချန်ကျင့်၏ မျက်လုံးများတွင် မှုန်မှိုင်းမှိုင်း တစွန်းတစက ဖျတ်ခနဲ လင်းလက်သွားခဲ့ပြီး, သူသည် မျက်မှောင်ကြုတ်လိုက်ပါသည်။