အခန်း ၉၂၂
Vol. 62 Ch. 922
အခန်း (၉၂၂) မိခင်၏တည်နေရာ။
ကွင်းပြင်ရှိ လေထုသည် ချက်ချင်းပင် လေးနက်လာခဲ့သည်။ ချင်ယွင်သည် ကောင်းကင် တာအိုနယ်ပယ်၏ ပဉ္စမအဆင့်ရှိ အင်မော်တယ်ဧကရာဇ်တစ်ပါး၏ လှုပ်ရှားမှုကို ခုခံခဲ့ပြီး၊ သူသည် သေဆုံးသွားခြင်း မရှိခဲ့ပေ။ ဤအရာက လူတိုင်းကို အရမ်းအံ့သြသွားစေခဲ့သည်။
"မောက်မာပြီးရင်း မောက်မာနေပါလား?။ မင်းဘယ်လောက်ထိ မောက်မာနိုင်မလဲ ငါ ကြည့်ပါရစေ။" ကောင်းကင်ယံရှိ အင်မော်တယ်ဧကရာဇ် ချန်ကျန့်သည် အေးစက်စွာ ပြောလိုက်ပြီး ချင်ယွင်ကို ထပ်မံ တိုက်ခိုက်တော့မည် ဖြစ်သည်။ အင်မော်တယ်ဧကရာဇ် တစ်ပါး၏ စွမ်းအားသည် လှုံ့ဆော်လာခဲ့ပြီဂ ချင်ယွင်အပေါ် ပြင်းထန်စွာ ဖိနှိပ်လာခဲ့သည်။
နတ်နဂါးအသွင်ပြောင်းကာ ချန်ကျန့်ကို အဆုံးထိ တိုက်ခိုက်ရန် ကြံစည်နေရင်း၊ ချင်ယွင်၏ မျက်လုံးများတွင် အေးစက်မှု အရိပ်အယောင် ပေါ်လာခဲ့သည်။
"ဟမ့်၊ ချန်ကျန့်၊ မင်း ငါ့ရဲ့ အမည်းရောင်အဖွဲ့က လူတွေကို အနိုင်ကျင့်ဖို့ ဘယ်အချိန်က တည်းက မင်းအလှည့် ရောက်သွားတာလဲ?" သို့သော် ဤအခိုက်အတန့်တွင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခုက ရုတ်တရက် ထွက်ပေါ်လာပြီး ချန်ကျန့်၏ အငွေ့အသက်ကို တိုက်ရိုက် ပျောက်ကွယ်သွားစေသည်။ အင်မော်တယ် ဧကရာဇ်ဝမ်ထန်း၏ ရုပ်အသွင်က ချင်ယွင်၏ ရှေ့တွင် ပေါ်လာသည်။
ချင်ယွင်၏ မျက်လုံးများက အံ့ဩသွားသည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။ ယခုအချိန်မှာ အင်မော်တယ်ဧကရာဇ် ဝမ်ထန်းကို လှုပ်ရှားလိမ့်မည်ဟု သူ မမျှော်လင့်ထား ပါဘူး။
ချန်ကျန့်သည် ဝမ်ထန်းကို လေးနက်သော အမူအရာဖြင့် ကြည့်လိုက်ရင်း သူ၏ အကြည့်တွေက ချက်ချင်းပင် လေးနက်သွားသည်။ သူက အေးစက်စွာ နှာခေါင်းရှုံ့ပြီး ပြောလိုက်သည် "ဟမ့်၊ သူက အဖြူရောင်အဖွဲ့က ငါတို့လူတွေကို သတ်ပြီး ငါ့ကို မရိုမသေ လုပ်ခဲ့တယ်။ ဒီနေ့ သူပြောခဲ့သမျှအတွက် ငါ သူ့ကို ခွင့်မလွှတ်နိုင်ဘူး။ ဝမ်ထန်း, မင်း ဝင်ရောက်စွက်ချင်တာလား?။"
"အပြောကောင်းလိုက်တာ။ မင်းတို့က ကျောက်ဘုရင်ကို သူ့ဆီကနေ လုယူဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား?။ ဒီကျောက်ဘုရင်က ငါတို့ရဲ့ အမည်းရောင်အဖွဲ့နဲ့ပဲ သက်ဆိုင်တယ်။ ဘယ်သူက ငါ့ကို ကျော်ဖြတ်ပြီး ကျောက်ဘုရင်ကို အဝေးကို လုယူသွားရဲလဲ?။" အင်မော်တယ်ဧကရာဇ် ဝမ်ထန်းက လွှမ်းမိုးနိုင်စွမ်းရှိစွာ ပြောလိုက် သည်။ သူ၏အငွေ့အသက်က သက်တံကဲ့သို့ ထွက်ပေါ်ခဲ့ပြီး၊ အင်မော်တယ်ဘုရင်များ၏ ချင်ယွင်ဆီကနေ လုယက်လိုသောဆန္ဒကို ရိုက်ချိုးပစ်သည်။
ချင်ယွင်သည် အင်မော်တယ်ဧကရာဇ် ဝမ်ထန်းကို အံ့သြသော အမူအရာဖြင့် ကြည့်လိုက် လေသည်။ ဤအချိန်တွင် အင်မော်တယ်ဧကရာဇ် ဝမ်ထန်းသည် သူ့ကို ကူညီရန် မားမား မတ်တတ် ရပ်တည်လာမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ တကယ်တော့ သူသည် ငြိမ်သက်စွာ ထိုင်နေပြီး၊ အင်မော်တယ်ဧကရာဇ် ချန်ကျန့် သူ့ကို သတ်ဖြတ်ပြီးသည်အထိ စောင့်ဆိုင်း နေနိုင်သည်။
ချန်ကျန့်သည် အင်မော်တယ် ဧကရာဇ် ဝမ်ထန်း၏ စကားကို ကြားသောအခါ၊ သူ၏မျက်လုံးထဲတွင် မှုန်မှိုင်းနေသည့် အမူအရာက ချက်ချင်းပင် ပို၍ ပြင်းထန်လာပါ သည်။
"ဟမ့်၊ အမည်းရောင်အဖွဲ့ရဲ့ အင်မော်တယ် ဧကရာဇ်နှစ်ပါးက ဒီကျောက်ဘုရင်ကို ကာကွယ်နိုင်တုန်းလို့ မင်း ထင်နေတာလား?။" ချန်ကျန့်က သရော်ဟန်ဖြင့် ပြောလိုက် သည်။ ယခုအချိန်တွင်၊ အမည်းရောင်အဖွဲ့သည် အင်မော်တယ်ဧကရာဇ် နှစ်ဦးသာ ရှိတော့ပြီး၊ ၎င်းတို့ဘက်တွင်မူ သုံးဦး ရှိနေသည်။
ဟုတ်ပါသည်။ ချန်ကျန့် ပြောပြီးသည်နှင့် သ်၏နောက်က အင်မော်တယ်ဧကရာဇ် နှစ်ယောက်က တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်ဟန်ဖြင့် ရှေ့ကို ခြေတစ်လှမ်း တိုးလိုက်ပါ သည်။
အင်မော်တယ်ဧကရာဇ် ဝမ်ထန်း၏မျက်နှာသည် ချက်ချင်းပင် ပြာနှမ်းသွားသည်။ မူလက အဖြူရောင်အဖွဲ့နှင့် အမည်းရောင်အဖွဲ့တို့သည် အင်အားအရာမှာ ဟန်ချက်ညီညီ ရှိနေခဲ့ သော်လည်း, ယခုအခါ အင်မော်တယ်ဧကရာဇ်လင်းဖန်း၏ သေဆုံးခဲ့မူကြောင့် ၎င်းတို့၏ စွမ်းအားသည် အဖြူရောင်အဖွဲ့ထက် သိသိသာသာ နိမ့်ကျသွားခဲ့ရသည်။
အချိန်အတော်ကြာ နှုတ်ဆိတ်နေသော အရပ်မြင့်မြင့်နှင့် အင်မော်တယ်ဧကရာဇ်သည် လည်း သူ၏ မျက်လုံးများတွင် လေးနက်သော အမူအရာ ရှိနေပါသည်။ သိသာပါသည်၊ လက်ရှိအခြေအနေက သူတို့အတွက် သိပ်အဆင်မပြေပါဘူး။
"ဟား…၊ ဟား….၊ ဒီကောင်စုတ် ဒီနေ့ သေကို သေရမယ်။ ဘယ်သူမှ သူ့ကို ကာကွယ်နိုင် မှာ မဟုတ်ဘူး။ ပြီးတော့၊ ဒီကျောက်ဘုရင်ကလည်း ငါတို့ရဲ့ အဖြူရောင်အဖွဲ့နဲ့ပဲ သက်ဆိုင်တယ်" ချန်ကျန့်သည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပါသည်။ ဝမ်ထန်း ရှုံးနိမ့်သွားသည်ကို မြင်လိုက်ရတော့ သူ၏စိတ်က အရမ်းကို သက်တောင့်သက်သာ ဖြစ်သွားပါသည်။
"တကယ်လား?။ ဒါဆို ငါကရော ဘာလဲ?" သို့သော် ဤအခိုက်အတန့်တွင် တွန်ဒီ၏ သိမ်မွေ့သောအသံက လူတိုင်း၏နားထဲတွင် ထွက်ပေါ်လာသည်။
ဧရာမ ခြေထောက်ကြီးတစ်ချောင်းသည် ကောင်းကင်တွင် ထွက်ပေါ်လာခဲ့ပြီး၊ ၎င်းသည် ချန်ကျန့်ဆီသို့ အပြင်းအထန် ဆောင့်နင်းလိုက်ပါသည်။
ချန်ကျန့်၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။ ဤကြောက်စရာကောင်းသော ဆောင့်နင်းချက်ကို တားဆီးရန်အတွက်၊ သူသည် ကောင်းကင်တာအို၏ စွမ်းအားကို အလျင်အမြန် အသက်သွင်းလိုက်ရသည်။ သို့သော် ဤကြီးမားသော ခြေဖဝါးကြီးသည် အလွန်ကြောက်စရာကောင်းသည်။ ချန်ကျန့်သည် ခုခံနိုင်စွမ်းမရှိသဖြင့် ဤကြီးမားသော ခြေဖဝါးကြီးဖြင့် နင်းချေခြင်းခံခဲ့ရသည်။
ကောင်းကင်နှင့်မြေကြီးကြားတွင် ပေတစ်ထောင်မြင့်သော ဧရာမလူကြီးတစ်ယောက် ရှိနေပါသည်။ ထိုဧရာမလူကြီးသည် လူတိုင်း၏ရှေ့တွင် ရပ်နေပြီး နတ်တောင်ကြီးနှင့်ပင် တူနေသေးသည်။ ဤဧရာမလူကြီးသည် တွန်ဒီမှလွဲ၍ အခြားသူ မဟုတ်ပေ။
လူတိုင်းသည် အေးစက်စက် လေကို မရှုရှိုက်ဘဲ မနေနိုင်ပါချေ။ အင်မော်တယ် ဧကရာဇ်တစ်ပါးကို ခြေတစ်ချောင်းတည်းဖြင့် နင်းချေပစ်လိုက်သည်။ ဤအရာက လွှမ်းမိုးနိုင်စွမ်းရှိလွန်းသည် မဟုတ်ပါလား?
ချင်ယွင်၏ မျက်လုံးများသည်လည်း ဝင်းလက်တောက်ပနေသည်။ တွန်ဒီ၏ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံမှုသည် ဖင်းဂေါ့ဂ်နယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားဖွယ် ရှိနေပါပြီ။ အကယ်၍၊ သူသည် သတ္တမအဆင့်ကို မကျော်ဖြတ်ရသေးဘူးဆိုရင်တောင် သတ္တမအဆင့်နှင့် ဝေးကွာတော့မှာ မဟုတ်ပါဘူး။
ဘန်း…။
တွန်ဒီ၏ရုပ်အသွင်သည် ရှစ်နှစ်သားအရွယ် ကလေးငယ်အရွယ်အစားအထိ လျော့ကျသွား ခဲ့သည်။ သို့သော်လည်း ဘေးပတ်ဝန်းကျင်မှ လူများ၏ အကြည့်များသည် ပြင်းထန်သော ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။ အဖြူရောင်အဖွဲ့၏ အခြားသော အင်မော်တယ် ဧကရာဇ်နှစ်ပါးပင် ခြွင်းချက်မရှိပေ။
"ဟမ့်, ထွက်သွားကြစမ်း" တွန်ဒီသည် အဖြူရောင်အဖွဲ့၏ ဦးတည်ရာဘက်ရှိ အင်မော်တယ် ဧကရာဇ်နှစ်ပါးကို အော်ငေါက်လိုက်သည်။
ထိုအင်မော်တယ်ဧကရာဇ် နှစ်ပါးသည် ချက်ချင်းပင် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားပြီး တစ္ဆေသရဲကို မြင်ရသကဲ့သို့ ပျောက်ကွယ်သွားကြသည်။
အဖြူရောင်အဖွဲ့မှ အင်မော်တယ်ဘုရင်များသည်လည်း မှင်သက် တွေဝေနေကြသည်။ သူတို့အဖွဲ့၏ အင်မော်တယ် ဧကရာဇ်အားလုံး ထွက်ပြေးသွားကြပြီ။ သူတို့အနေဖြင့် ဤနေရာ၌နေ၍ မည်သည့်အရာ လုပ်နိုင်ဦးမည်နည်း?။ ထို့ကြောင့် ၎င်းတို့အားလုံးသည် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားပြီး ၎င်းတို့၏ မူလနေရာအသီးသီးမှ ပျောက်ကွယ်သွားကြသည်။
ချင်ယွင်သည် ကြွက်များကဲ့သို့ အပြေးလွှား ထွက်ပြေးနေကြသော အင်မော်တယ် ဘုရင်များကို ကြည့်ပြီး ကူကယ်ရာမဲ့ဟန်ဖြင့် မပြုံးဘဲ မနေနိုင်ပါချေ။ ဤတွန်ဒီ၏ အငွေ့အသက်က တကယ်ကို လွှမ်းမိုးကြီးစိုးနိုင်လွန်း၏။ အင်မော်တယ်ဘုရင်များနှင့် အင်မော်တယ်ဧကရာဇ်နှစ်ဦးစလုံးသည် သူ့ကို အလွန်ကြောက်နေကြသည်။
"စီနီယာရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ် စီနီယာ" အင်မော်တယ် ဧကရာဇ် ဝမ်ထန်းသည် လက်နှစ်ယှက်ကာ တွန်ဒီအား ပြောလိုက်သည်။
တွန်ဒီသည် အင်မော်တယ်ဧကရာဇ် ဝမ်ထန်းကို ကြည့်ပင်မကြည့်ချေ။ ယင်းအစား၊ သူက ချင်ယွင်ကို ကြည့်ပြီး ပြောသည် "ကောင်လေးချင်၊ ဒီတစ်ကြိမ်မှာလည်း မင်း ငါ့ကို နောက်ထပ် ကျေးဇူးအကြွေးတစ်ခု ထပ်ပြီး ပေးဆပ်ရပြန်ဦးမယ်။ မင်း ငါ့ကို ကတိပေးထား တာကို သတိရပါ။"
"ဒီဂျူနီယာက စီနီယာ ပေးထားတဲ့ကတိကို သဘာဝအတိုင်း မေ့ပျောက်ပစ်မှာ မဟုတ်ပါဘူး" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်ပါသည် ။
တွန်ဒီက ခေါင်းညိတ်ပြီး စကားပြန်မပြောပေ။
သို့သော်၊ အနီးနားရှိ အင်မော်တယ်ဧကရာဇ် ဝမ်ထန်းနှင့် အရပ်မြင့်မြင့် အမျိုးသားသည် ချင်ယွင်ကို အံ့သြစွာ ကြည့်နေသည်။ ချင်ယွင်သည် ဒဏ္ဍာရီဆန်ဆန် ပုဂ္ဂိုလ်ဖြစ်သည့် တွန်ဒီနှင့် ဤမျှ ကောင်းမွန်သော ဆက်ဆံရေး ရှိနေမည်ဟု သူတို့ မမျှော်လင့်ခဲ့မှာ သိသာပါသည်။
"ညီငယ်ချင်၊ ငါ မင်းကို အရင်က စော်ကားခဲ့ဖူးတယ်။ ကျေးဇူးပြုပြီး, ငါ့ကို ခွင့်လွှတ်ပါ" အင်မော်တယ်ဧကရာဇ် ဝမ်ထန်းက ပြုံးပြီး ချင်ယွင်ကို ပြောသည်။ သူက ချင်ယွင်ကို အဆင့်အတူအနေဖြင့် စူးစူးစိုက်စိုက် ကြည့်လိုက်သည်။
ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် အားကိုးရာမဲ့ အပြုံးတစ်ခု ပေါ်လာသည်။ ဤတွန်ဒီ သည် အင်မော်တယ်ဧကရာဇ် ဝမ်ထန်းနှင့် အခြားလူများ၏အမြင်မှာပင် ဤမျှ မြင့်မား သော အဆင့်အတန်းမျိုး ရှိနေမည်ဟု သူ မျှော်လင့်မထားခဲ့ပေ။ သူ့အား စကားအနည်းငယ် ပြောခဲ့ရုံမျှဖြင့်၊ အင်မော်တယ်ဧကရာဇ် ဝမ်ထန်း၏ သူ့အပေါ်ထားရှိသော သဘောထားက ချက်ချင်းပင် ပြောင်းလဲသွားခဲ့သည်။
'"စီနီယာ၊ စီနီယာ ကျွန်တော့်ကို ကူညီပေးမယ်လို့ ပေးထားတဲ့ ကတိအတိုင်း ဒီကျောက်ဘုရင်က ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်ကို ချိုးဖောက်ပြီး လူတစ်ယောက်ရဲ့ တည်နေရာကို ရှာတွေ့ဖို့ ထိုက်တန်ပါ့မလားဆိုတာ ကျွန်တော် သိချင်မိပါတယ်။ သေချာတာက, ကျွန်တော်က စီနီယာရဲ့စွမ်းအင်တွေကို အချည်းနှီး ဖြုန်းတီးခိုင်းမှာ မဟုတ်ပါဘူး။” ချင်ယွင်က ကျောက်ဘုရင်ကို အင်မော်တယ်ဧကရာဇ် ဝမ်ထန်းထံ ပေးအပ်ရင်း ပြောလိုက်ပါသည်။
အင်မော်တယ်ဧကရာဇ် ဝမ်ထန်းသည် မှင်သက်သွားခဲ့သည်။ သူက အလောတကြီး ပြောလိုက်သည် "မဟုတ်ဘူး၊ ငါ ဒီကျောက်ဘုရင်ကို မယူနိုင်ဘူး။ မင်းနဲ့ ငါ အလောင်းအစား လုပ်ရာမှာ ငါက ရှုံးနိမ့်သွားမှတော့ ငါ့ကတိစကားကို သဘာဝအတိုင်း ငါ တည်ရမယ်လေ။ နောက်ပြီး လူတစ်ယောက်ကို ရှာတွေ့ဖို့က ငါ့အတွက် အရမ်းကြီးလည်း မခက်ပါဘူး။ စွမ်းအင်ကုန်ဆုံးမူကလည်း အရမ်းကြီး မကြီးပါဘူး။ ."
"ဒါပေမယ့်" ချင်ယွင်က ပြန်လည် ချေပတော့မည်။
သို့သော်၊ အင်မော်တယ်ဧကရာဇ် ဝမ်ထန်း၏အမူအရာမှာ အေးစက်သွားခဲ့သည်။ သူက စိတ်ဆိုးဟန်ဆောင်ပြီး ပြောသည် “ငါ့ကိုလည်း ညီငယ်ချင်ရဲ့ မိတ်ဆွေတစ်ယောက်အနေနဲ့ ဆက်ဆံစမ်းပါ။ မင်းရှာနေတဲ့လူရဲ့ နာမည်က ဘာလဲ?။ ငါ့ကို ပြောပြပါ"
"ကောင်းပါပြီ၊ ဒါဆိုလည်း စီနီယာ ဝမ်ထန်းကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် ရှာနေတဲ့လူက ချန်ရှင်းလန်လို့ ခေါ်ပါတယ်၊ ကျွန်တော့်ရဲ့အမေပါ" ချင်ယွင်က ပြောသည်။
အင်မော်တယ်ဧကရာဇ် ဝမ်ထန်းက ခေါင်းညိတ်လိုက်သည်။ ထို့နောက်, သူသည် သူ၏မျက်လုံးတွေကို တင်းတင်းမှိတ်လိုက်ပြီး ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များထဲသို့ ကျူးကျော်ဝင်ရောက်နေသကဲ့သို့ သူ၏လက်ချောင်းများဖြင့် အနှိုင်းမဲ့ လျှို့ဝှက် ဆန်းကြယ်သော မှော်စာလုံးများကို ဖိနှိပ်ရေးဆွဲနေလေသည်။
ထိုအချိန်တွင် ချင်ယွင်လည်း အလွန်စိတ်လှုပ်ရှားနေပါသည်။ သူ၏အမေ တစ်ခုခု ဖြစ်သွား မည်ကို သူ အရမ်းကို ကြောက်ရွှံ့နေမိသည်။ ထိုသို့ဖြစ်လျှင်၊ သူသည် သူ၏ဘဝ တစ်သက်တာလုံး ငြိမ်ချမ်းတော့မည် မဟုတ်ပေ။
"အီ…၊ ထူးဆန်းလိုက်တာ။" ဤအခိုက်အတန့်တွင် အင်မော်တယ်ဧကရာဇ် ဝမ်ထန်းသည် တိုးညှင်းသောအသံကို ထုတ်ဖော်လိုက်သည်။
ချင်ယွင်က အလောတကြီး မေးလိုက်သည် "ဘာဖြစ်လို့လဲ?။ ကျွန်တော့်အမေ တစ်ခုခု ဖြစ်နေပြီလား?။"
အင်မော်တယ်ဧကရာဇ် ဝမ်ထန်းက ခေါင်းခါယမ်းပြီး ချင်ယွင်ကို “မင်းအမေက အမှောင်ထု ချောက်နက်ကြီးထဲမှာရော ရှိနေလို့လား?” ဟု မေးလိုက်ပါသည်။
“မဖြစ်နိုင်ပါဘူး၊ အမေကို အမှောင်ထုချောက်နက်ကြီးထဲ ပစ်ချခဲ့တာကို ကျွန်တော် ကိုယ်တိုင် မျက်စိနဲ့ မြင်ခဲ့တာပါ” ချင်ယွင်က ကမန်းကတန်း ပြောလိုက်သည်။
"ဒါဆို ထူးဆန်းနေပြီ။ ကောင်းကင်ဘုံရဲ့လျှို့ဝှက်ချက်တွေကို ငါ စူးစမ်းကြည့်တော့ အမှောင်ထုချောက်နက်ကြီးထဲမှာ မင်းအမေနဲ့ပတ်သက်ပြီး ဘာသဲလွန်စမှ ရှိမနေတာကို ငါ တွေ့ခဲ့တယ်။ တစ်နည်းပြောရရင်၊ သူမက အမှောင်တွင်းနက်ကြီးထဲမှာ တစ်ခါမှ ထွက်ပေါ်မလာခဲ့ဖူးဘူး။" အင်မော်တယ်ဧကရာဇ် ဝမ်ထန်းက ပြောပါသည်။
ချင်ယွင်သည် ထိုစကားကိုကြားသောအခါ တိတ်ဆိတ်သွားပြီး သူ၏မျက်လုံးများတွင် သံသယစိတ်များဖြင့် ပြည့်နှက်နေသည်။
"အမေက အမှောင်ထုချောက်နက်ကြီးထဲမှာ ပေါ်မလာခဲ့ဘူး။ ဒါဆို အမေက ဘယ်ကို ရောက်သွားတာလဲ?" ချင်ယွင်က သူ၏စိတ်ထဲတွင် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။