အခန်း ၉၂၃
Vol. 62 Ch. 923
အခန်း (၉၂၃) ပြဿနာက တံခါးခေါက်ရောက်လာခြင်း။
ချင်ယွင်သည် အင်မော်တယ်ဧကရာဇ် ဝမ်ထန်းနှင့် ထပ်ခါတလဲလဲ အတည်ပြုပြီး နောက်တွင် သူ၏မိခင်သည် အမှောင်တွင်းနက်ထဲ၌ မရှိဟူသောအချက်ကို နောက်ဆုံးတွင် လက်ခံခဲ့သည်။
သို့သော်လည်း၊ သူ၏အမေကို အမှောင်ထုချောက်နက်ကြီးထဲသို့ ပစ်ချခဲ့သည့်ကို သူ၏ မျက်လုံးများဖြင့် ကိုယ်တိုင်ကိုယ်ကျ မြင့်ခဲ့ပါလျက် အင်မော်တယ်ဧကရာဇ် ဝမ်ထန်းက သူ၏အမေသည် အမှောင်ထုချောက်နက်ကြီးထဲတွင် မည်သည့်အခါမှ ပေါ်လာခဲ့ခြင်းမရှိဟု အဘယ်ကြောင့် ပြောဆိုရသည်ကို သူ နားမလည်နိုင်ခဲ့ပါဘူး။ ဤအရာက ချင်ယွင်ကို ဝေခွဲမရဖြစ်စေခဲ့သည်.
"ကြည့်ရတာ, ဒီအကြောင်း သူ့ကို မေးရတော့မယ် ထင်တယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။ “သူ”ဟူသည် သူ၏ခမည်းတော် အင်မော်တယ် ဧကရာဇ် ချင်ဟန်ကို သဘာဝကျကျ ရည်ညွှန်းပါသည်။
ရိုးရိုးသားသားပြောရလျှင်, ချင်ယွင်သည် အင်မော်တယ်ဧကရာဇ် ချင်ဟန်ကို ရင်ဆိုင်ရန် အမြဲ တွန့်ဆုတ်နေခဲ့သည်။ ထို့ကြောင့် သူသည် အင်မော်တယ်ကမ္ဘာသို့ ပြန်လာပြီးနောက် တော်ဝင်ချင် အင်မော်တယ်မင်းဆက်တွင် အချိန်အတော်ကြာအောင် ခြေမချနိုင်ခဲ့ပေ။
ယခုအချိန်မှာတော့ အနီးနားပတ်ဝန်းကျင်မှ လူတွေလည်း လူစုခွဲသွားကြပါပြီ။ ယခုအချိန် တွင်, ချင်ယွင်နှင့် တွန်ဒီတို့သာ ကျန်ပါတော့သည်။ လက်ရှိအချိန်တွင် တွန်ဒီရှိနေမူနှင့် အတူ ချင်ယွင်၏ လက်ထဲရှိ ကျောက်ဘုရင်ကို မည်သူမျှ မတိုက်ခိုက်ဝံ့ကြပါဘူး။
"ကောင်လေးချင်၊ မင်း အပြင်ထွက်တော့မလို့လား?။" တွန်ဒီက ပြုံးပြီး ပြောလိုက်ပါသည်။
"ဟုတ်ကဲ့၊ ကျွန်တော့်အမေက ဒီမှာမရှိဘူးဆိုတော့၊ ထုံးစံအတိုင်း ကျွန်တော်လည်း ဒီမှာ နေစရာ မလိုတော့ဘူးလေ" ချင်ယွင်က ပြန်ဖြေသည်။ သူသည် သူ၏ရှေ့တွင်ရှိနေသည့် လျှို့ဝှက်ဆန်းကြယ်သော တွန်ဒီကို လေးစားမှု အပြည့်ရှိနေဆဲ ဖြစ်သည်။
"ကောင်လေး၊ ဒီအချိန်, အမှောင်ထုချောက်နက်ကြီးထဲမှာ မင်းအနေနဲ့ ဘာအကျိုးမှ မရဘဲ ရောက်လာခြင်းမျိုး မဟုတ်ပါဘူး။ ပထမဆုံးအနေနဲ့ မင်းရဲ့ ခွန်အားက နည်းနည်း တိုးလာ ခဲ့တယ်။ နောက်ပြီး, ခရမ်းရောင်နဂါးရဲ့ နဂါးစိတ်ဝိညာဉ်အနှစ်သာရနဲ့ အဆင့်ခုနှစ် အင်မော်တယ် ဆေးတစ်လုံးကိုလည်း မင်း ရထားတယ်။ မင်း အခုလေးတင် ရရှိထားတဲ့ ကျောက်ဘုရင်ကိုပါ ထပ်ထည့်လိုက်ရင်, ဒီရိတ်သိမ်းမူတွေက ကြီးမားလှ ရိတ်သိမ်းမူကြီး ဆိုတာ သံသယရှိစရာမလိုပါဘူး။" တွန်ဒီက ပြုံးပြုံးလေး ပြောသည် ။
ချင်ယွင်၏ မျက်နှာသည် အံ့အားသင့်သော အမူအရာ ပေါ်လာသည်။ တွန်ဒီသည် ရှေးဟောင်း အပျက်အစီးနယ်မြေမှ သူရရှိသည့်အရာတွေကို သိနေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ယင်းကြောင့်၊ တွန်ဒီ၏ ကိုယ်ရေးအချက်လက်သည် အလွန် လျှို့ဝှက် ဆန်းကြယ်သည်ဟု ချင်ယွင်ကို ခံစားရစေသည်။
"စီနီယာ, ဒီကျောက်ဘုရင်ရဲ့ အသုံးဝင်မူက ဘာလဲ?။ အင်မော်တယ်ဧကရာဇ် တော်တော် များများက အဲ့ဒါကို လုယူဖို့ ဘာလို့ ကြိုးစားနေကြတာလဲ?" ချင်ယွင်က မေးသည်။
သူသည် ကျောက်ဘုရင်ကို ရရှိခဲ့သော်လည်း ကျောက်ဘုရင်၏ အသုံးပြုပုံကို မသိခဲ့ပေ။ သို့သော်လည်း ကျောက်ဘုရင်သည် အလွန်အဖိုးတန်သော ရတနာတစ်ပါး ဖြစ်ရမည် ဟူသည့်အချက်ကိုတော့ အင်မော်တယ်ဧကရာဇ်များ၏ အမူအရာများမှတဆင့် သူ ပြောနိုင်ပါသည်။
"ဒီကျောက်ဘုရင်မှာ စွမ်းအင်ပမာဏများစွာ ပါ၀င်နေတာကြောင့် အလွန် အသုံးဝင်တာ ပေါ့။ အတွင်းမှာပါဝင်နေတဲ့ စွမ်းအင်ပမာဏက အင်မော်တယ် ဧကရာဇ်တစ်ပါးရဲ့ အနှစ် တစ်ရာကြာ ကျင့်ကြံမူကို ထောက်ပံ့ပေးနိုင်တယ်။" တွန်ဒီက ပြောသည်။
"အင်မော်တယ် ဧကရာဇ်တစ်ပါးရဲ့ အနှစ်တစ်ရာကြာ ကျင့်ကြံမူကို ထောက်ပံ့ပေးနိုင်တာ လား?" ချင်ယွင်၏မျက်နှာသည် အလွန်အံ့သြသွားသည့် အမူအရာကို ချက်ချင်း ဖော်ပြလာ သည်။ သူသည် သူ၏လက်ထဲမှ ကျောက်ဘုရင်ကို ကြည့်လိုက်ရင်း သူ၏မျက်လုံးတွေက ချက်ချင်းပင် ပူလောင်လာသည်။
အင်မော်တယ် ဧကရာဇ်များသည် ကောင်းကင်တာအို၏ စွမ်းအားကို နားလည်ဆင်ခြင် ရုံသာမက, ကျင့်ကြံရန်လည်း လိုအပ်ပါသေးသည်။ လိုအပ်သော အင်မော်တယ်စွမ်းအင် ပမာဏသည် သဘာဝအတိုင်း အလွန်ကြီးမားပါသည်။ သို့သော်လည်း ဤကျောက်ဘုရင် သည် အင်မော်တယ်ဧကရာဇ်တစ်ပါး၏ ကျင့်ကြံမှုကို အနှစ်တစ်ရာကြာအောင် ထောက်ပံ့ပေးနိုင်သည်။ ဤကျောက်ဘုရင်အတွင်း ပါရှိနေသော စွမ်းအင်ပမာဏသည် မည်မျှကြီးမားသည်ကို တွေးကြည့်နိုင်သည်။
ယခုအချိန်တွင်၊ ချင်ယွင်၏ ကနဦးစကြာဝဠာသည် ပြောင်းလဲတိုးတက်နေပြီ ဖြစ်သည်။ အကယ်၍ သူသည် ကြယ်များနှင့် ဂြိုလ်ကမ္ဘာများအဖြစ်သို့ ပြောင်းလဲတိုးတက်လိုပါက စွမ်းအင်ပမာဏများစွာ လိုအပ်ပါသည်။ ကျောက်ဘုရင်၏ စွမ်းအင်နှင့်ပတ်သက်၍၊ ၎င်းသည် ချင်ယွင်အတွက် သဘာဝအားဖြင့် များစွာ အကျိုးရှိသည်။
"ကောင်လေး၊ မင်း သွေးဆောင်ခံနေရပြီ မဟုတ်လား?" ချင်ယွင်၏ မျက်လုံးများ တောက်ပနေသည်ကို မြင်လိုက်ရသဖြင့် တွန်ဒီသည် ချက်ချင်း ပြုံးပြီး ပြောလိုက်သည်။
ချင်ယွင်က ခပ်ဖျော့ဖျော့ ပြုံးပြီး "စီနီယာ, ကျွန်တော် အခုထွက်သွားဖို့ စီစဉ်ထားတယ်။ ဒါပေမယ့်, စီနီယာကိုတော့ နည်းနည်းတော့ ပြစ်မှားမိလိမ့်မယ်။ စီနီယာကို ကျွန်တော့်ရဲ့ အင်မော်တယ်နန်းတော်ထဲကို ခေါ်သွားချင်တယ်"
"ကောင်းပြီ!" တွန်ဒီက ပွင့်ပွင့်လင်းလင်း ပြောသည်။
ချင်ယွင်က ခေါင်းညိတ်ပြပြီး တွန်ဒီကို အင်မော်တယ်ဘုရင်၏ စံအိမ်တော်ထဲသို့ ထည့်သွင်း လိုက်သည်။ သို့သော်လည်း, ချင်ယွင်ကတော့ ကနဦးစကြဝဠာအတွင်းသို့ တိုက်ရိုက် ဝင်ရောက်ပြီး၊ ကနဦးစကြာဝဠာ၏ လေဟာနယ်လမ်းကြောင်းမှတဆင့် ကောင်းကင်လေ နတ်ဘုရားအကယ်ဒမီ၏ သစ်သားအိမ်ခန်းလေးထဲသို့သာ ပြန်သွားနိုင်ပါသည်။
အမှောင်ထုချောက်နက်ကြီးထဲကနေ အတင်းရုန်းထွက်ရန်ဆိုသည်မှာ မဖြစ်နိုင်သလောက် ပင်။ တွန်ဒီလို အစွမ်းထက်သည့် ကျွမ်းကျင်ပညာရှင်တောင်မှ ထိုကဲ့သို့ မလုပ်ဆောင်နိုင် ပါဘူး။
ထိုအချိန်တုန်းက, ချင်ယွင်သည် ကောင်းကင်လေနတ်ဘုရားအကယ်ဒမီ၏ သစ်သားအိမ် ငယ်လေးထဲတွင် လေဟာနယ် လမ်းကြောင်းတစ်ခုကို တည်ဆောက်ထားခဲ့သည်။ ထို့ကြောင့်, သူသည် ကောင်းကင်လေနတ်ဘုရားအကယ်ဒမီသို့သာ ပြန်သွားနိုင်ပါသည်။
ကောင်းကင်လေနတ်ဘုရားအကယ်ဒမီသည် ပြင်ပလူများကို ဝင်ခွင့်မပြုသောကြောင့် ချင်ယွင်သည် တွန်ဒီကို ခေတ္တခဏ ထွက်ခွာခွင့်ပြု၍ မရပါချေ။
ထို့အပြင်, ချင်ယွင် အခန်းတွင်းမှာ ပေါ်လာသည်နှင့် တပြိုင်နက်, သူသည် အင်မော်တယ် စိတ်ဝိညာဉ်စွမ်းအင် လှိုင်းများစွာက သူ့ဆီသို့ ပစ်မှထား ကျရောက်လာသည်ကို ခံစားလိုက်ရပြီး၊ ယင်းက ချင်ယွင်၏ မျက်ခုံးများကို မျက်မှောင်ကြုတ်သွားစေပါသည်။
ချင်ယွင်သည် အခန်းထဲမှ ထွက်လာခဲ့သည်။ အမှန်ပင်၊ သူ၏အခန်းအထက်မှာ လူသုံးယောက် လွင့်မျောပျံသန်းနေသည်။
ချင်ယွင်သည် ဤလူသုံးယောက်နှင့် လုံးဝ ရင်းနှီးမူမှရှိဘဲ၊ ၎င်းတို့ကို တစ်ခါမှ မမြင်ဖူးပေ။ သို့သော် သူတို့၏ အကြည့်များမှတဆင့်, သူတို့သည် သူ့အပေါ် ရန်လိုမှုများနှင့် ပြည့်နှက်နေသည်ကို မြင်နိုင်ပါသည်။
"နောက်ဆုံးတော့ မင်း ထွက်ပေါ်လာဖို့ ဆန္ဒရှိပြီပေါ့။ မင်းက မင်းရဲ့ အင်မော်တယ် နန်းတော်ထဲမှာပဲ အမြဲတမ်း ပုန်းနေမယ်လို့ ငါထင်ထားခဲ့တာ။" လူသုံးယောက်၏ ခေါင်းဆောင်က ချင်ယွင်ကို ကြည့်ကာ လှောင်ပြောင် ပြောဆိုသည်။ သူ၏နောက်က လူငယ်နှစ်ယောက်လည်း လှောင်ပြောင်ကြသည်။
"မင်းတို့က ဘယ်သူတွေလဲ?။ ဘာလို့ ငါ့ကို ရှာနေတာလဲ?" ချင်ယွင်က အံ့အားသင့်စွာဖြင့် မေးလိုက်ရင်း, သူ၏လေသံက အလွန်မင်း အေးစက်နေသည်။
"ဟမ့်၊ အယုတ်တမာကောင်၊ မင်းက ငါ ဘယ်သူလဲဆိုတာ တကယ် မသိဘူးလား?။ ကောင်းပြီ၊ ငါက ကောင်းကင်အဆင့်မှာ အဆင့် ၁၀၀ ရှိတဲ့ ဆောင်းကျိပဲ။ သူတို့ကတော့ အဆင့် ၁၂၀ ရှိတဲ့ ကျန်းဟိုင်နဲ့ အဆင့် ၁၃၅ မှာရှိတဲ့ ကျင်းယွင်တို့ပဲ။" ဦးဆောင်လာသူက နှာခေါင်းရှုံ့ပြီး၊ မောက်မာသော အမူအရာဖြင့် ပြောလိုက်သည်။
"အိုး? ဘာကိစ္စများ ရှိလို့လဲ" ချင်ယွင်က မကျေနပ်သည့် လေသံဖြင့် ပြောသည်။
ဆောင်းကျိသည် ခဏတာ မှင်သက်သွားသည်။ ထို့နောက် သူ၏မျက်လုံးထဲတွင် ဒေါသအရိပ်ယောင်များ ပေါ်လာသည်။ သူတို့၏ အဆင့်သတ်မှတ်ချက်ကို ကြားပြီးနောက် ချင်ယွင်သည် တစ်ခုခုတုံ့ပြန်မူ ရှိလိမ့်မည်မဟုတ်ဟု သူ မမျှော်လင့်ထားပေ။ ဤအရာက ပင်လယ်ရေမျက်နှာပြင်ကို လက်သီးဖြင့် အစွမ်းကုန် ထိုးနှက်လိုက်သလိုမျိုး ခံစားရစေ သည်။ (သူတို့အဆင့်သတ်မှတ်ချက်ကို ကြားသည်နှင့် ချင်ယွင်ထံမှ အံ့ဩခြင်း ထိတ်လန့် ခြင်းစသော တုန့်ပြန်သူတစ်ခုခုကို မျှော်လင့်ထားသော်လည်း ဟိုက ဘာမှမထူးခြားဟန် ဖြင့် ပြန်မေးလာသည့်အတွက် ဒေါသထွက်သွားသည် ဆိုလိုဟန်)။
"ဟမ့်, ချင်ယွင်, မင်းက နတ်ဘုရားမ ရှရှန်းယုကို အရှက်ရစေခဲ့တယ်။ ဒီနေ့ ငါက မင်းကို စိန်ခေါ်မယ်။ မင်းက နတ်ဘုရားမ ရှရှန်းယုရှေ့မှာဆို မစင်ထက်တောင် ယုတ်နိမ့်တယ်လို့ မင်းကို ပြောပြဖို့အတွက် ငါ့ခွန်အားကို အသုံးပြုမယ်။" ဆောင်းကျိသည် ချင်ယွင်ကို လက်ညှိုးထိုးပြီး ဒေါသတကြီး ပြောလိုက်ရင်း သူ၏လေသံမှာ ပြင်းပြင်းထန်ထန် ရှုတ်ချမှုများနှင့် ပြည့်နှက်နေသည်။
ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် စိတ်ရှုပ်ထွေးမှု အရိပ်အယောင် ပေါ်လာပါသည်။ ဤကိစ္စက ရှရှန်းယုနှင့် အဘယ်ကြောင့် ဆက်စပ်နေသနည်း?။
"အစ်ကိုဆောင်း၊ ဒီကောင်က သူ ဘာအမှားလုပ်မိမှန်း မသိဘူး ဖြစ်မယ်ထင်တယ်" ကျန်းဟိုင်သည် ချင်ယွင်၏ အံ့အားသင့်သွားသော အကြည့်ကို မြင်သောအခါ၊ သူက အထင်သေးစွာ ပြောလိုက်သည်။
"အင်း, သူ့ကြည့်ရတာ မှန်နေသလိုပဲ။ ဒီလူက သူ့ကိုယ်သူ ဒုက္ခရောက်အောင် လုပ်ခဲ့မိတယ်။ ဒါပေမယ့် သူ ဒီကိစ္စကို လုံးဝ မသိလိုက်ဘူး။ ဒါက ဘယ်လောက်တောင်မှ ရယ်စရာကောင်းလိုက်လဲ။" ကျင်းယွင်က ရယ်မောလိုက်သည်။
ချင်ယွင်သည် သူ့ကြောင့်ဖြစ်ပေါ်လာသော ပြဿနာအမျိုးစားကို အမှန်ပင် မသိကြောင်း ဆောင်းကျိလည်း မြင်နိုင်ပါသည်။ "အယုတ်တမာကောင်လေး၊ မင်း မသိသေးဘူးလား? အဲဒီတုန်းက မင်းက တော်ဝင်မင် အင်မော်တယ် မင်းဆက်ရဲ့ ဧကရာဇ်မင်းမြတ် ရှေ့မှာ ရှရှန်းယုကို နှိမ့်ချပြီး သိက္ခာချခဲ့တယ်လေ။ ဒီအကြောင်းအရာက နတ်ဘုရားအကယ်ဒမီ တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပြီ။ မင်းရဲ့စကားတွေက ရှရှန်းယုကို လက်ထပ်လိုတဲ့ လူတော်တော်များများကို ဒေါသထွက်စေခဲ့တယ်။ သူတို့အားလုံးက မင်းဟာ ရှရှန်းယုထက် နိမ့်ကျတဲ့ကြောင်း မင်းကို သိအောင်ပြသဖို့ ဆန္ဒပြင်းပြနေကြတယ်”။
ထိုမှသာ ချင်ယွင်သည် ဤအရာအားလုံးသည် ရှရှန်းယုကြောင့် ဖြစ်သည်ကို ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ ထိုအချိန်တုန်းက, သူသည် ရှဟောင်ချင်း၏ရှေ့မှာ ရှရှန်းယုကို နှိမ့်ချရန် တစ်ခုခုပြောခဲ့ဖူးသော်လည်း ထိုစကားကြောင့် အမုန်းတရားများ ကြီးကြီးမားမား ဖြစ်လာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
"ရှရှန်းယု၊ ရှရှန်းယု၊ မင်းရဲ့ဆွဲဆောင်နိုင်စွမ်းကို ငါ လျှော့တွက်ထားမိပုံရတယ်။" ချင်ယွင်က လှောင်ပြောင်ဟန်ဖြင့် သူ့ကိုယ်သူ ရေရွတ်ရင်း သူ၏လေသံက သရော်လိုသည့် အရိပ်အယောင်တွေနှင့် ပြည့်နေခဲ့သည်။
"ကောင်စုတ်လေး၊ မင်း ငါ့ရဲ့စိန်ခေါ်မှုကို လက်ခံမလား? လက်မခံဘူးလား?၊ မင်း လက်မခံဝံ့ရင် ကောင်းကင်လေနတ်ဘုရားအကယ်ဒမီကနေ အခုထွက်သွားတော့။ မင်းကို နောင်တကြိမ် ဘယ်တော့မှ ပြန်မတွေ့ပါရစေနဲ့ " ဆောင်းကျိက ချင်ယွင်ကိုကြည့်ပြီး မာနကြီးပြီး မောက်မာသည့်ပုံစံဖြင့် ပြောလိုက်သည်။
"လက်ခံတယ်, ဘာလို့ လက်မခံရမှာလဲ?" ချင်ယွင်က အပြုံးလေးနှင့် ပြန်ဖြေလိုက်သော် လည်း၊ သူ၏မျက်လုံးထဲမှာတော့ ဆော့ကစားလိုဟန် အပြုံးတစ်ခု ရှိနေပါသည်။
ယခုအချိန်တွင်၊ နတ်နဂါးကျောက်စိမ်းတံဆိပ်ကို အသုံးမပြုလျှင်ပင်၊ သူသည် တော်ဝင်တာအိုနယ်ပယ်၏ ပြီးပြည့်စုံခြင်းအဆင့်ရှိ အင်မော်တယ်ဘုရင်များ ရှေ့မှာပင် ပြိုင်ဘက်ကင်းအနေထားမျိုး ရှိနေပြီဖြစ်သည်။ ဒီပိုးကောင်လေးတွေကို ဘာလို့ ကြောက် နေရမှာလဲ?။
"ချင်လန်၊ ရှရှန်းယု၊ မင်းတို့ အကြွေးတွေ ပြန်ပေးဆပ်ရမယ့် အချိန်ရောက်ပြီ။" ချင်ယွင်၏ နှလုံးသားထဲတွင် အေးစက်မူက ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။