အခန်း ၉၂၄
Vol. 62 Ch. 924
အခန်း (၉၂၄) မင်းတို့ကောင်တွေ အတူတူလာခဲ့ကြ။
ကောင်းကင်လေနတ်ဘုရားအကယ်ဒမီ၏ ခန်းမကျယ်ကြီးတစ်ခုအတွင်းမှာ ချင်လန်နှင့် ဟူဖန်းတို့သည် သူတို့လက်ထဲမှ သတင်းများကို ကြည့်နေကြပြီး၊ သူတို့မျက်လုံးများတွင် ပြင်းထန်သော အေးစက်မှုများနှင့် ပြည့်နှက်နေခဲ့သည်။
"ဟမ့်၊ ဒီချင်ယွင်က နောက်ဆုံးတော့ ပြန်ပေါ်လာဖို့ သတ္တိရှိသွားပြီပေါ့။ နောက်ဆုံးအကြိမ် တုန်းက သူ့ကို ငါ့ကို လုပ်ကြံခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ဒီရန်ငြိုးကို သေချာပေါက် လက်စားချေရမှာပဲ" ဟူဖန်းက အေးစက်စွာ ပြောလိုက်ပြီး၊ သူမ၏ လှပသော မျက်နှာသည် ပြင်းထန်သော အမျက်ဒေါသများဖြင့် ပြည့်နေခဲ့သည်။
"မင်းကိုယ်တိုင် လှုပ်ရှားဖို့ မလိုပါဘူး။ ဒီတစ်ခါတော့ ငါ့စိန်ခေါ်မှုကို သူ လက်ခံနိုင်မယ့် အရာမှန်သမျှ ငါ လုပ်မယ်။ အဲဒီအချိန်ရောက်ရင်၊ သူ မင်းအပေါ် လုပ်ခဲ့တဲ့ ထိခိုက်နာကျင်မှု ထက် ဆယ်ဆ ငါ ပြန်ပေးပြမယ်။" ချင်လန်က သူမမျက်လုံးထဲတွင် သတ်ဖြတ်လိုသည့် ဆန္ဒများဖြင့် ဝင်းလက်တောက်ပနေသော ဟူဖန်းအား ပြောလိုက်ပါသည်။
"ဒါပေမယ့် သူ့ရဲ့ ဟိုထူးဆန်းတဲ့ ဧရာမအလုံးကြီးကတော့ ကြောက်စရာကောင်းလွန်း တယ်။ အဲဒီအလုံးကြီးထဲမှာ ပြင်းထန်တဲ့ ဆွဲငင်အားလည်း ပါနေတယ်လေ။" ဟူဖန်းက စိုးရိမ်တကြီး ပြောသည်။
'"စိတ်မပူပါနဲ့၊ သူ့ရဲ့ ဧရာမအလုံးကြီးကို ကိုင်တွယ်ဖြေရှင်းဖို့၊ ငါ အင်မော်တယ်မင်းဆက် ကို ပြန်သွားပြီး ဖရိုဖရဲ ကောင်းကင်ရတနာကို ပြန်ယူလိုက်တယ်။ ဒီ ဖရိုဖရဲ ကောင်းကင် ရတနာက သူ့ရဲ့ ထူးဆန်းတဲ့ ဧရာမအလုံးကြီးကို ထိန်းထားနိုင်မှာပါ။ ဒါကြောင့်၊ သူ ဒီတစ်ကြိမ် ဒီထူးဆန်းတဲ့ အလုံးကြီးကို ထုတ်သုံးခဲ့ရင်တောင်၊ ဒီတစ်ခါတော့ ဒီထူးဆန်းတဲ့ အလုံးကြီးက အသုံးမဝင်တော့သလို ဖြစ်သွားလိမ့်မယ်။ ငါ့ရဲ့ အဆင့်ချိုးဖြတ် ပြီးသွားပြီ ဖြစ်တဲ့ တော်ဝင်တာအိုနယ်ပယ်ရဲ့ အဆင့် ၁၂ ကျင့်ကြံခြင်းစွမ်းအားကိုပါ ထည့်တွက်လိုက် ရင်၊ သူ့ကိုသတ်ဖို့ဆိုတာက ကြက်လေးငှက်လေး သတ်သလိုပါပဲ”။ ချင်လန်က အထင်သေးဟန်ဖြင့် ပြေသည်။
"ကောင်းပြီ၊ ဒီတစ်ခါတော့ သူ့အလောင်းကို သေချာပေါက် ခွဲခြမ်းစိတ်ဖြာပစ်မယ်" ဟူဖန်း၏ ချစ်စဖွယ်မျက်လုံးများသည် အေးစက်မှု တစွန်းတစဖြင့် ဝင်းလက်တောက်ပနေ သည်။
တစ်ချိန်တည်းမှာပင်၊ ကောင်းကင်လေးအင်မော်တယ်ကျွန်း၏ နက်ရှိုင်းလှသောအရပ်ရှိ မက်မွန်ဥယျာဉ်တွင် လှပသော အမျိုးသမီးတစ်ဦးသည် ကျောက်တုံးပေါ်တွင် တင်ပျဉ်ခွေ ထိုင်ကာ တည်ငြိမ်စွာ ကျင့်ကြံနေပါသည်။ ထာဝရသိမ်မွေ့သော အငွေ့အသက်တစ်ခုက သူမခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။
ဤလှပသော အမျိုးသမီးနှင့်ပတ်သက်ပြီး အရေးကြီးဆုံးအချက်က သူမ၏မွေးရာပါ မောက်မာမူဖြစ်ပြီး၊ အဝေးမှမြင်လျှင်ပင် သူမကို မသိမ်းပိုက်ရ မနေနိုင်ဖြစ်စေသည့် သာလွန်မြင့်မြတ်သော ခံစားမူကို ပေးစွမ်းနိုင်ခြင်း ဖြစ်သည်။
မှန်ပါသည်။ သူမကတော့ ကောင်းကင်အဆင့်မှာ ဒုတိယအဆင့်ရှိသည့် ရှရှန်းယုဖြစ်ပြီး၊ ချင်ယွင်၏ စေ့စပ်ဖူးသူ အမျိုးသမီးလည်း ဖြစ်ပါသည်။
ဝှီး…။
ထိုအမျိုးသမီးနှင့် အနီးမဝေးသော ကျောက်တုံးကြီးပေါ်တွင် သွယ်လျသော အသွင်အပြင် တစ်ခု ပေါ်လာပါသည်။ ထိုလူသည် အနှိုင်းမဲ့ ချောမောခန့်ညားသော အမျိုးသား တစ်ယောက် ဖြစ်ပါသည်။ သူ့တွင် သူရဲကောင်းဆန်သော ဓားမျက်ခုံးတစ်စုံနှင့် စူးရှထက်မြက်သော ဖီးနစ်မျက်လုံးများ ရှိနေပါသည်။ ယခုအချိန်တွင်, သူ၏မျက်လုံးတွေ က အေးစက်မှုတွေနှင့် ပြည့်နှက်နေခဲ့သည်။ (ဓားမျက်ခုံးဟူသည် ရှည်လျား၍ အနည်းငယ် ထူထပ်ကာ ဓား၏အကွေးမျိုးပါသော မျက်ခုံးကို ဆိုလိုပါသည်)။
"သူ ထွက်ပေါ်လာပါပြီ။ ကောင်းကင်လေရင်ပြင်မှာ တစ်ယောက်ယောက်နဲ့ တိုက်ခိုက်ဖို့ ပြင်ဆင်နေပါတယ်။" ထိုလူက ပြောသည်။
ရှရှန်းယု ဖြည်းညှင်းစွာ မျက်လုံးဖွင့်လိုက်သည်။ သူမ၏ စိတ်နှလုံးကို လှုံ့ဆော်နိုင်သော မျက်လုံးများတွင် အပြောင်းအလဲ အနည်းငယ်မျှ မရှိပေ။
"တကယ်တော့, မင်းအနေနဲ့ သူ့ကို အာရုံစိုက်နေဖို့ မလိုပါဘူး။ မင်းအနေနဲ့ သူပြောခဲ့တာ ကို မကြားသလို ဟန်ဆောင်နေလို့ရတာပဲ။" ရှရှန်းယုက ဘာမှမထူးခြားဟန်ဖြင့် ပြောလိုက်သည်။ သူမ၏လေသံက အလွန်အေးဆေးတည်ငြိမ်ပြီး၊ ဤကမ္ဘာပေါ်တွင် မည်သည့်အရာကမျှ သူမကို အပြောင်းအလဲဖြစ်စေအောင် မလုပ်နိုင်သကဲ့သို့ပင်။
"ဟမ့်၊ မင်းက ဒါကို လျစ်လျူရှုနိုင်တယ်၊ ဒါပေမယ့် ငါ မလုပ်နိုင်ဘူး။ ငါ မင်းကို ဘယ်သူ့ကိုမှ ထိကိုင်ခွင့်တောင် မပြုနိုင်ဘူး။ မင်းကို အရှက်ခွဲကိုတော့ ပြောစရာတောင် မလိုတော့ဘူး" ချောမောသော လူငယ်သည် မျက်လုံးများကို မှေးကျဉ်းထားရင်း သူ၏ မျက်လုံးများတွင် တဖျပ်ဖျပ် လင်းလက်နေသော သတ်ဖြတ်လိုသည့်ဆန္ဒဖြင့် ပြောလိုက် သည်။
"သူက မင်းရဲ့ကြိုးစားမှုနဲ့ မထိုက်တန်ဘူး။" ရှရှန်းယုက ဘာမှမထူးခြားသကဲ့သို့ ပြောလိုက် သည်။
"သူက ငါကိုယ်တိုင် လှုပ်ရှားရလောက်အောင် မထိုက်တန်ပါဘူး။ ဒါပေမယ့် ငါ မလှုပ်ရှားခင်, ရှေ့မှာ လှုပ်ရှားမယ့်လူတွေ သေချာပေါက် အများကြီး ရှိနေမှာပါ။ ငါ မလှုပ်ရှားခင်အထိ, သူက သူ့ရဲ့အသက်ကို ထိန်းထားနိုင်စွမ်း ရှိမရှိဆိုတာ ငါ သိချင်မိသား” လူငယ်က အေးစက်စွာ ပြောလိုက်ပါသည်။
ရှရှန်းယုက တခြားဘာမှ မပြောတော့ပါဘူး။ ယင်းအစား သူမသည် သူမ၏မျက်လုံးများကို ဆက်လက်မှိတ်ထားပြီး ကျင့်ကြံမှုအခြေအနေသို့ ပြန်လည် ဝင်ရောက်သွားခဲ့သည်။
လူငယ်၏မျက်လုံးများတွင် အေးစက်မှုအရိပ်အယောင်များ ထွက်ပေါ်လာပြီးနောက်၊ သူ၏ ရုပ်အသွင်သည် လေဟာနယ်ထဲသို့ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
ထိုအချိန်တွင်, ကောင်းကင်လေရင်ပြင်ထဲမှာ, ချင်ယွင်သည် ကောင်းကင်လေရင်ပြင်၏ အလယ်တွင် မတ်တပ်ရပ်နေပြီး ဆောင်းကျိနှင့် အခြားလူများသည်လည်း ကောင်းကင်လေ ရင်ပြင်ထက်မှာ လွင့်မျောနေပါသည်။
သတင်းကို လက်ခံရရှိခဲ့ကြသော ကောင်းကင်လေနတ်ဘုရား အကယ်ဒမီမှ တပည့်များ သည် စိန်ခေါ်မူတိုက်ပွဲကို တိုက်ရိုက်ကြည့်ရှုနိုင်ရန် ဤနေရာသို့ အမြန်ပြေးလာကြသည်။ ကောင်းကင်ကြယ်စက်ဝိုင်း အစီအရင်ဝင်္ကပါ အနီးတွင် နောက်ဆုံးအကြိမ် တိုက်ပွဲကို တိုက်ခိုက်ပြီးသည့်နောက်၊ ချင်ယွင်၏ ကျော်ကြားမူဂုဏ်သတင်းသည် ကောင်းကင်လေ နတ်ဘုရားအကယ်ဒမီတွင် ပျံ့နှံ့နေခဲ့ပါပြီ။ အထူးသဖြင့် ချင်ယွင်သည် ရှရှန်းယုကို အရှက်ခွဲပြီးနောက်၊ ရှရှန်းယုကို နတ်ဘုရားမအဖြစ် မှတ်ယူထားကြသော တပည့်များသည် ချင်ယွင်အပေါ် မုန်းတီးမှုက ပို၍ပင် ယားကျိကျိဖြစ်လာစေသည်။
"ချာတိတ်လေး၊ ဒီစိန်ခေါ်မှုမှာ မင်းရဲ့ပြိုင်ဘက်အဖြစ် ငါတို့သုံးယောက်ထဲက တစ်ယောက်ယောက်ကို ရွေးချယ်ဖို့ မင်းကို အခွင့်အရေးပေးမယ်။" ဆောင်းကျိသည် ချင်ယွင်ကို ကြည့်ပြီး အထင်သေးဟန်ဖြင့် ပြောလိုက်သည်။
တစ်ဖက်မှ ကျန်းဟိုင်နှင့် ကျင်းယွင်တို့သည်လည်း အေးစက်သော အပြုံးကိုယ်စီဖြင့် ချင်ယွင်ကို ကြည့်နေကြပါသည်။ သူတို့ သုံးဦးစလုံးသည် တော်ဝင်တာအိုနယ်ပယ်၏ အဆင့် ၁၁ ရှိ အင်မော်တယ်ဘုရင်များ ဖြစ်ကြပါသည်။ စွမ်းအားကွာခြားချက်က သိပ်ပြီး ကြီးကြီးမားမား မရှိပါဘူး။ ထို့ကြောင့် သူတို့၏ မျက်လုံးထဲတွင် မည်သူမဆို သူတို့ရှေ့မှာရှိနေသော ချင်ယွင်ကို လုံးလုံး ချေမှုန်းပစ်နိုင်ပါသည်။ ထို့ကြောင့်၊ မည်သူ လှုပ်ရှားသည်ဖြစ်စေ ရလာဘ်က အတူတူပင် ဖြစ်ပါသည်။ ချင်ယွင်ကို ရွေးချယ်ခွင့် ပေးရသည့်အကြောင်းရင်းက သူ့ကို ကျီစယ်ချင်၍သာ ဖြစ်သည်။
လွင့်မျောစင်မြင့်ပေါ်ရှိ တပည့်များသည် ချင်ယွင်ကို ကြည့်ကြသည်။ ပြီးခဲ့သည့် ပြိုင်ပွဲနှစ်ခု တုန်းက ချင်ယွင်၏ အရူးအမူး တန်ပြန်တိုက်စစ်ကြောင့် သူတို့ တုန်လှုပ်သွားခဲ့ဖူး သော်လည်း၊ တော်ဝင်တာအိုနယ်ပယ်၏ သတ္တမအဆင့်သို့ ရောက်နေသော ကျူးယဲ့သည် မလုံလောက်ခဲ့ပါချေ။ ယခုမူ သူနှင့် သူ၏ရှေ့မှာရှိနေသော လူသုံးယောက်ကြားတွင် အဆင့်တစ်ခုထက်ပိုသော ကွာခြားချက်ကြီးတစ်ခု ရှိနေခဲ့သည်။ ထို့ကြောင့်၊ ချင်ယွင်သည် ၎င်းတို့သုံးဦးကို အနိုင်ယူနိုင်မည်မဟုတ်ဟု သူတို့ ယုံကြည်ကြသည်။ (ကျူးယဲ့ ဗာမီလီယမ် ငှက်မင်းသား)။
သို့သော်, ဆောင်းကျိ၏စကားကိုကြားသောအခါ, ချင်ယွင်သည် ရယ်မောလိုက်ပါသည်။ သူက သူတို့သုံးယောက်ကို ကဲ့ရဲ့လှောင်ပြောင်ပြီး ပြောလိုက်သည် “မင်းတို့ သုံးယောက်စလုံး အတူတူတက်လာခဲ့ပါ။ ဒီလိုဆိုရင်, ငါ မင်းတို့ကို တစ်ယောက်ပြီး တစ်ယောက် ရင်ဆိုင်ရမယ့် ပြဿနာမျိုး မရှိတော့ဘူးပေါ့”။
"ဘာလဲ?၊ သူက သုံးယောက်စလုံးကို တစ်ပြိုင်နက် စိန်ခေါ်ချင်နေတာလား?။ သူ ရူးနေသလား?" လွင့်မျောစင်မြင့်ပေါ်ရှိ လူတိုင်း မထိန်းနိုင်ဘဲ အံ့သြတကြီး အော်ပြောလိုက် ကြသည်။
"ဒီကောင်က (ဦးနှောက်) ပျက်ဆီးနေတာတော့ မဖြစ်နိုင်ဘူး ဟုတ်တယ် မဟုတ်လား?? ဘယ်လိုပဲဖြစ်ဖြစ်၊ သူက တစ်ယောက်ချင်းဆိုလည်း ပြန်တိုက်ခိုက်နိုင်မှာမှ မဟုတ်တာ။ ဒီတော့, မသေခင် သူ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ပါလား?။" တစ်စုံတစ်ယောက်က သူ၏ သံသယများကို ထုတ်ဖော်ပြောဆိုသည်။
“ဒါက အတော်လေး ဖြစ်နိုင်မယ်ထင်တယ်။ သူက မသေခင် ဟန်ဆောင်ချင်နေတာ။ တစ်ယောက်ချင်း တိုက်ခိုက်လည်း သေမှာပဲ။ သုံးယောက်စလုံးနဲ့ တိုက်ခိုက်လည်း သေမှာပဲ။ ဆိုတော့, လူသုံးယောက်နဲ့ တိုက်ခိုက်ရင် ပိုကောင်းတာပေါ့။ ဒါက ကြွားဝါလို့ ပိုကောင်းတယ်လေ။ ဒါပေမယ့် ရလာဒ်က နည်းနည်းတော့ စိတ်မကောင်းစရာဖြစ်မှာကို ငါကြောက်မိတယ်။" တစ်စုံတစ်ယောက်က ခေါင်းညိတ်ပြပြီး သဘောတူသည်။
လူတိုင်းသည် ထိုလူ၏သုံးသပ်ချက်ကို ကြားသောအခါ၊ ချင်ယွင်ကိုကြည့်သည့် သူတို့၏ အကြည့်တွေက အထင်မြင်သေးလာကြသည်။ အကယ်၍၊ သူတို့သည် ခက်ခဲကြမ်းတမ်း သည့် ဇာတ်အိမ်မျိုးကို သရုပ်ဆောင်ပြီး သေရမည်ဆိုလျှင်၊ သူတို့သည် အမှန်တကယ်ပင် ခက်ခဲသည့် အတွေ့ကြုံတွေကို ရင်ဆိုင်ခံစားပြီး သေဆုံးမူကို (ရွေးချယ်ကြလိမ့်မည်။)
ကောင်းကင်ယံရှိ ဆောင်းကျိနှင့် တခြားလူတွေလည်း ဒေါသထွက်သွားသလို၊ ပြုံးလည်း ပြုံးမိကြသည်။ သူတို့သည် အရူးတစ်ယောက်ကို ကြည့်နေသည့်အလား ချင်ယွင်ကို ကြည့်နေကြပါသည်။
"အယုတ်တမာကောင်၊ မင်းက ငါတို့ သုံးယောက်ကို တစ်ပြိုင်နက် စိန်ခေါ်မှာလား?။ လူတစ်ယောက် အရိုက်နှက်ခံရတာနဲ့ လူသုံးယောက် အရိုက်နှက်ခံရတာ မတူဘူးဆိုတာကို မင်း သိထားရမယ်။" ဆောင်းကျိက ရယ်မောရင်း ပြောလိုက်သည်။
"အစ်ကိုဆောင်း၊ သူက ငါတို့သုံးယောက်ကို စိန်ခေါ်ချင်မှတော့ သူ့ကို စိန်ခေါ်ခွင့် ပြုလိုက်စမ်းပါ။ ဘာပဲဖြစ်ဖြစ် ငါတို့လက်တွေ ယားယံနေပြီ။ ငါတို့သုံးယောက် အတူပူးပေါင်းပြီး သူ့ကို ရိုက်နှက်ရမယ်ဆိုရင်လည်း ကောင်းတာပဲလေ" ကျန်းဟိုင်က ပြုံးပြီး ပြောသည်။ ချင်ယွင်ကိုကြည့်သည့် သူ၏အကြည့်တွေကလည်း သဘာဝအတိုင်း မထီမဲ့မြင်ပြုခြင်းများဖြင့် ပြည့်နှက်နေသည် ။
"မှန်တယ်။ သူက ကောင်းကင်နဲ့ မြေကြီးကို မသိဘူးဆိုမှတော့၊ ကောင်းကင်ကြီးက ဘယ်လောက် ပြာလဲ၊ ကမ္ဘာမြေကြီးက ဘယ်လောက် မာကြောလဲတယ်ဆိုတာ သူ့ကို သိသွားပါစေ။" ကျင်းယွင်က သူ၏ပါးစပ်ထောင့်ကို ဆွဲငင်ရင်း ပြောလိုက်သည်။
ချင်ယွင်သည် သူတို့သုံးယောက် ပြောစကားတွေကို ကြားလိုက်ရသောအခါတွင်၊ သူ၏မျက်လုံးထဲတွင် အေးစက်သော အပြုံးရိပ်က ဝင်းလက်တောက်ပလာသည်။ "မင်းတို့ တိုက်ခိုက်မှာလား?။ မတိုက်ခိုက်ဘူးလား?။ မင်းတို့ မတိုက်ခိုက်ဘူးဆိုရင် ငါ ထွက်သွား တော့မယ်။ မင်းတို့သုံးယောက်ကို တစ်ခါတည်း ရိုက်နှက်ဖို့က ငါ့အတွက် ပြဿနာ မရှိဘူး။ ပြီးတော့ အချိန်ကုန်လည်း သက်သာတယ်" သူက စိတ်မရှည်စွာ ပြောလိုက်သည်။
"လခွမ်း၊ ဒီကောင်က သောက်ရမ်းကို လေကြီးနေတာပဲ၊ ငါ သူ့ကို တကယ်ကို ကြည့်လို့ မရတော့ဘူး။ အစ်ကိုဆောင်း၊ အတူတူ သွားကြရအောင်။ ငါ သူ့ပါးစပ်ကို ဆွဲဖြဲပစ်မယ်။" ကျန်းဟိုင်က ဒေါသတကြီး ကျိန်ဆဲလိုက်သည်။
"ဟမ့်၊ ငါ သူ့ခြေထောက်ကို ရိုက်ချိုးပြီး၊ သူ မြေပြင်ပေါ် တွားတွားသွားနေတာ ငါ မြင်ချင်တယ်" ချင်ယွင်ကို စိုက်ကြည့်ရင်း ကျင်းယွင်၏ မျက်လုံးများသည် ဒေါသများဖြင့် ပြည့်နှက်နေခဲ့သည်။
"ကောင်းပြီလေ၊ မင်းရဲ့စိန်ခေါ်မှုကို ငါတို့ လက်ခံတယ်။ အချိန်ရောက်တာနဲ့ မင်းရဲ့ လုပ်ရပ်အတွက် နောင်တမရလို့ ငါ မျှော်လင့်တယ်။" ဆောင်းဂျီက လှောင်ရယ်ရင်း ပြောသည်။
ထိုသို့ပြောပြီးနောက်, သူတို့ သုံးဦးသည် ၎င်းတို့၏ ကိုယ်ရေးအချက်လက် တံဆိပ်ပြားများ ကို ထုတ်ယူပြီး စိန်ခေါ်မှု ဝန်ခံစာချုပ်တစ်ခု ပြုလုပ်လိုက်သည်။ စိန်ခေါ်မှု၏ စည်းမျဉ်းများသည် အလွန်လွတ်လပ်မူရှိပြီး ကန့်သတ်ချက်များစွာ မရှိပေ။ ထို့ကြောင့် ချင်ယွင်သည် ၎င်းတို့သုံးဦးကို တစ်ကြိမ်တည်းဖြင့် စိန်ခေါ်ခြင်းက မဖြစ်နိုင်ခြင်း မဟုတ်ပေ။
မကြာခင်မှာဘဲ၊ သူတို့လေးယောက်သည် စိန်ခေါ်မှုဝန်ခံစာချုပ်တစ်ခုကို ချုပ်ဆိုပြီးသွားပြီး၊ စိန်ခေါ်မှုစာချုပ် ချုပ်ဆိုပြီးသည်နှင့်၊ ကောင်းကင်လေရင်ပြင်မှာ သူတို့လေးယောက်ကို လွှမ်းခြုံသွားသည့် အကာကွယ်အတားအဆီးတစ်ခု ပေါ်လာခဲ့ပါသည်။
လွင့်မျောစင်မြင့်ပေါ်ရှိ လူတိုင်း ရင်ခုန်ကာ စိတ်လှုပ်ရှားနေကြသည်။ ကောင်းကင်လေ နတ်ဘုရားအကယ်ဒမီတွင် လူသုံးယောက်ကို ကိုယ်တိုင်ကိုယ်ကျ စိန်ခေါ်ခြင်းမျိုးသည် အလွန်ရှားပါသည်။ ထို့ကြောင့် သူတို့သည် ဤတိုက်ပွဲကို စောင့်မျှော်နေကြသည်။ ဟုတ်ပါသည်။ သူတို့မျက်လုံးထဲမှာတော့ နောက်ဆုံးရလာဒ်ကလည်း ဆုံးခန်းတိုင်ပြီး ဖြစ်နေပါပြီ။ ချင်ယွင်၏ သေဆုံးမှုက မည်မျှ သနားစရာကောင်းမလဲဆိုသည်ကို သူတို့ သိချင်နေကြပါပြီ။