← Chapters

အခန်း ၉၂၅

Vol. 62 Ch. 925

အခန်း ၉၂၅

Vol. 62 Ch. 925

အခန်း (၉၂၅) အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု။

ဆောင်းကျိနှင့် အခြားသူများသည် ချင်ယွင်အား အေးစက်သော အပြုံးဖြင့် ကြည့်နေကြ သော်လည်း၊ သူတို့၏ မျက်လုံးများတွင်မူ အသည်းအသန် ပျော်ရွှင်ကြည်နူးမှု ရှိနေပါသည်။

"အယုတ်တမာကောင်လေး၊ မင်းက ကိုယ့်ဘာသာကိုယ် သေခြင်းတရားကို တောင်းခံလာ တာပဲ?။ ဒါပေမယ့်, အခုချိန်မှာ မင်းနောင်တရနေရင်တောင် နောက်ကျသွားပြီကွ။" ဆောင်းကျိက ချင်ယွင်ကို လှောင်ပြောင်သည်။

ချင်ယွင်က မနှစ်မြို့သလို ပြုံးပြီး ပြောလိုက်ပါသည် "တကယ်တော့ မင်းတို့အတွက် ငါ အရမ်းကို ဝမ်းနည်းနေမိတယ်။ မင်းတို့က ငါ့ကို ရှရှန်းယုကြောင့် ပစ်မှတ်ထားနေတယ်လို့ ပြောခဲ့တယ်။ မင်းတို့ကရော ဒီအတွက် ဘာအကျိုးကျေးဇူးတွေ ရနိုင်မှာလဲ?။ မင်းတို့က သူမကိုယ်စား ငါ့ကို သင်္ခန်းစာပေးတဲ့အတွက် သူမရဲ့စိတ်ဝင်စားမူကို မင်းတို့ ရနိုင်မယ်လို့ ထင်နေကြတာလား?။ သူမကို မင်းတို့ကို ခဏတဖြုတ်တောင် လှည့်မကြည့်မှာ ငါ စိုးရိမ်မိတယ်။ ဒါက ဝမ်းနည်းစရာကောင်းတယ်လို့ မင်းတို့ မထင်ကြဘူးလား?။”

ဆောင်းကျိနှင့် အခြားသူများသည် ချင်ယွင်၏စကားကို ကြားသောအခါ၊ သူတို့၏ အမူအရာ တွေက အလွန်မင်း ရှက်ရွံ့သွားကြသည်။

"ဟမ့်၊ ငါတို့ မင်းကို သင်ခန်းစာ သင်ပေးရတဲ့ အကြောင်းရင်းက ရှရှန်းယုရဲ့ အာရုံစိုက်မူကို ဆွဲဆောင်ဖို့ မဟုတ်ဘူး။ မင်းက ရှရှန်းယုနဲ့ မထိုက်တန်ဘူးဆိုတာ မင်းကို သိစေချင်ရုံ သက်သက်ပဲ။ မင်း စောစောက ပြောခဲ့တဲ့စကားတွေအတွက် တန်ရာတန်ကြေး ပေးဆပ်ရမယ်ကွ။" ကျင်းယွင်က အေးစက်စွာ ပြန်ပြောသည်။

"မှန်တယ်။ ရှရှန်းယုက ကောင်းကင်ဘုံရဲ့ ဂုဏ်ယူစရာကောင်းတဲ့ သမီးတော်တစ်ပါးပဲ။ မင်းက သူမကို ဘယ်လိုလုပ် အရှက်ရစေရတာလဲ?။ မင်းလို အမှိုက်က ရှရှန်းယုနဲ့ မထိုက်တန်ဘူး။" ကျန်းဟိုင်ကလည်း သူ့အဖေကိုသတ်၍ ရန်ငြိုးထားသလိုမျိုး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"အိုး? ရှရှန်းယုက အရမ်းကို ကောင်းတာပဲ။ ဒါပေမယ့် မင်းတို့ပြောတဲ့အတိုင်း ငါက ဘာလို့ မခံစားရတာပါလိမ့်။ ကြည့်ရတာ၊ ငါက သူမကို မှန်မှန်ကန်ကန် သင်္ခန်းစားပေးပြီး၊ မင်းတို့ခေါ်နေတဲ့ ကောင်းကင်ဘုံက ဂုဏ်ယူရတဲ့ မိန်းကလေးရဲ့ အရသာကို မြည်းစမ်း ကြည့်သင်ပြီထင်တယ်" ချင်ယွင်က လှောင်ပြောင်လိုက်သည်။

ထိုစကားတွေ ပြောပြီးသည်နှင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပါသည်။ ရှရှန်းယု၏ နောက်လိုက်များနှင့် ရှရှန်းယုကို လေးစားကြသော တပည့်များအားလုံးသည် ချင်ယွင်ကို ဒေါသတကြီး စိုက်ကြည့်နေကြသည်။ သူတို့ပုံစံတွေကို ကြည့်ရသည်မှာ မျက်လုံးများ နီရဲနေသော ကြက်ဖတွေလိုပင်။ ပွဲကြည့်ပရိတ်သတ်များ ကြောက်လန့်တကြား မဖြစ်ရအောင် ခုခံကာကွယ်ပေးထားသော အတားအဆီးကြောင့်သာ၊ ထိုသို့မဟုတ်ပါက၊ သူတို့သည် ထိုင်ရာမှထ၍ ချင်ယွင်၏ခန္ဓာကိုယ်ကို အစိတ်ပိုင်းတစ်သောင်းအထိတိုင် အပိုင်းပိုင်း ခွဲပစ်ရန်ပင် စိတ်အားထက်သန်ကြလိမ့်မည်။

ထိုအခိုက်တန့်တွင်, ဆောင်းကျိနှင့် တခြားလူနှစ်ယောက်လည်း ခြွင်းချက်မရှိပါဘူး။ ချင်ယွင်ကို ကြည့်ရင်း သူတို့၏မျက်လုံးများသည် နီမြန်းနေပြီး၊ သူတို့၏မျက်လုံးများသည် ပြင်းထန်သော သတ်လိုစိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။

သူတို့၏ နှလုံးသားထဲတွင် ရှရှန်းယုသည် နတ်ဘုရားမတစ်ပါးနှင့်တူသော တည်ရှိမူ ဖြစ်နေ သည်မှာ သေချာပါသည်။ ကဲ့ရဲ့လိုသည့် အရိပ်မြွက်စကား ပြောလျှင်ပင် ထိုလူအတွက် နေစရာနေရာမရှိ ဖြစ်သွားရလိမ့်မည်။ ချင်ယွင်၏စော်ကားခြင်းကိုသာ ခံရလျှင်၊ စကားထဲ ပင် ထည့်ပြောနေစရာ မလိုပါချေ။

"အယုတ်တမာကောင်၊ မင်းက သေချင်နေတာပဲ။ ဒီနေ့ မင်းကို မြေပေါ်ရိုက်ပစ်ပြီး ခွေးတစ်ကောင်လို သနားညှာတာပေးဖို့အတွက် တောင်းဆိုခိုင်းရမယ်။" ကျင်းယွင်က အေးစက်စွာ အော်ဟစ်လိုက်ပြီး တော်ဝင်တာအို၏ ကြောက်စရာကောင်းသော စွမ်းအား တစ်ခု သူ၏ခန္ဓာကိုယ်မှ ထွက်လာပါသည်။

သတ္တုစွမ်းရည် တော်ဝင်တာအိုဉပဒေသက ထွက်ပေါ်လာခဲ့ပြီး၊ ကျင်းယွင်၏ ခန္ဓာကိုယ်ကို ရွှေရောင်အလင်းတန်းများဖြင့် ဖုံးအုပ်ထားပုံရသည်။

"သေလိုက်တော့..”။

ဧရာမ ရွှေရောင်လက်သီးအရိပ်ကြီး တစ်ခုသည် ကျင်းယွင်၏ လက်သီးမှ ထွက်ပေါ်လာပြီး၊ ချင်ယွင်ဆီသို့ ထိုးသွင်းလိုက်လေသည်။

ချင်ယွင်က ညင်သာစွာ ပြုံးပြီး လှုပ်ရှားခြင်းမရှိပေ။ သူသည် သူ၏ခြေဖဝါးကို အနည်းငယ် ရွှေ့ကာ ကျင်းယွင်၏ လက်သီးကို အလွယ်တကူ ရှောင်တိမ်းလိုက်သည်။

“ဘုန်း..”။

ကျင်းယွင်၏ လက်သီးချက်သည် မြေပြင်ပေါ်သို့ ထိုးကျသွားပြီး၊ ရင်ပြင်ပေါ်ရှိ မြေပြင်သည် တစ်လက်မချင်းအကွာဖြင့် အက်ကွဲသွားပါသည်။

"သူ တကယ်ကို ရှောင်တိမ်းနိုင်တာလား?" လွင့်မျောစင်မြင့်ပေါ်ရှိ တစ်စုံတစ်ယောက်က အံ့သြစွာ မေးလိုက်ပါသည်။

ကျင်းယွင်၏ အမူအရာလည်း အလွန်မင်း ရှက်ရွံ့သွားပါသည်။ သူ လက်သီးဖြင့် ထိုးလိုက်စဉ်မှာ, သူ၏လက်သီးချက်သည် ချင်ယွင်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေလိမ့် မည်ဟု မူလက ထင်ထားခဲ့သော်လည်း၊ ချင်ယွင်က သူ၏လက်သီးချက်ကို ယခုလို အလွယ်တကူ ရှောင်တိမ်းသွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပါဘူး။ ဤအရာက သူ့ကို ရှက်ရွံ့မူကို ခံစားရစေသည်။

"ကျင်းယွင်, မင်း လုပ်နိုင်လား? မလုပ်နိုင်ဘူးလား? မင်း မလုပ်နိုင်ရင် ငါ လှုပ်ရှားတော့ မယ်" ကျန်းဟိုင်က နောက်ကနေ ပြောလိုက်သည် ။

ကျင်းယွင်၏ မူလက ရှက်ရွံ့နေသော အမူအရာသည် ပို၍ပင် ပြာနှမ်းသွားကာ၊ ချင်ယွင်ကို ကြည့်နေသည့် သူ၏အကြည့်တွေက သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

"မင်းတို့လည်း အတူတူ တိုက်ခိုက်သင့်တယ်လို့ ငါ ထင်တယ်။ သူတစ်ယောက်တည်းဆို တကယ်ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး" ချင်ယွင်က ပြုံးပြီး ကျင်းယွင်ကို သူ၏မျက်လုံး ထဲတွင် လုံးဝ မထည့်ထားသည့် အမူအရာဖြင့် ပြောလိုက်ပါသည်။

ကျင်းယွင်သည် ချက်ချင်းပင် ဒေါသထွက်သွားပြီး၊ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင် စွမ်းအင် အတက်အကျလှိုင်းများက လှိုင်းလုံးများကဲ့သို့ လွင့်ပျံလာခဲ့သည်။

"ငါ မင်းကို သတ်မယ်” ကျင်းယွင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ သတ္တုစွမ်းင်အတက်အကျလှိုင်းများသည် အလွန်အမင်း တုန်ခါသွားခဲ့ သည်။ သူ၏လက်ထဲတွင် ရွှေပုဆိန်ကြီးတစ်ခုအဖြစ် ရွှေရောင်စွမ်းအင် အတက်အကျလှိုင်း များက ပေါင်းစပ်သိပ်သည်းသွားခဲ့ပြီး၊ ချင်ယွင်ဆီသို့ ပြင်းထန်စွာ ခုတ်ပိုင်း လိုက်လေသည်။

ချင်ယွင်သည် လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်ရင်း၊ သူ၏ မျက်လုံးများတွင် အပြုံးရိပ်တစ်ခု ပေါ်လာပါသည်။

“ချွင်…၊ ချွင်..”

ချင်ယွင်သည် ကျင်းယွင်၏ လက်ထဲမှ ရွှေပုဆိန်ကို ပြင်းပြင်းထန်ထန် လှုပ်ခါစေရန် အတွက် လက်ချောင်းတစ်ချောင်းကို တိုက်ရိုက် အသုံးပြုလိုက်ပါသည်။ ရွှေပုဆိန်သည် ချင်ယွင်၏လက်ချောင်းကို ခုတ်ပိုင်းမိပြီး၊ သန့်စင်သော သံမဏိအချင်းချင်း ထိခိုက်မိသည့် အသံတစ်များ ထွက်ပေါ်လာသည်။

"ဘာလဲဟ…?"

ကျင်းယွင်သည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါတွင်၊ သူ၏မျက်နှာသည် ချက်ချင်းပင် ထိတ်လန့်တကြား ဖြစ်သွားပါသည်။

"မင်းက ဘာမှ မလုပ်နိုင်ဘူးလို့ ငါ မင်းကို ပြောခဲ့ပါတယ်"။ သို့သော်လည်း ထိုအချိန်တွင် ချင်ယွင်သည် ရုတ်တရက် သူ၏လက်ကို ဆန့်ထုတ်လိုက်ပြီး ကျင်းယွင်၏ ပုဆိန်ကြီးကို ဖမ်းကိုင်ကာ အပြင်းအထန် ချေမွပစ်လိုက်သည်။

ကျင်းယွင်သည် ရွှေရောင်အင်မော်တယ် အနှစ်သာရအဖြစ်သို့ ပြောင်းလဲသွားသော ဧရာမ ရွှေပုဆိန်ကြီးကို ကြည့်လိုက်သည်။ သူ၏မျက်လုံးထဲတွင် ထိတ်လန့်မှုက နှိုင်းစာပြ၍ မရနိုင်ပါချေ။ ယခုအချိန်မှာတော့၊ သူ၏ရှေ့မှ လူငယ်၏ ခွန်အားသည် သူ ထင်ထားသလို အားနည်းခြင်း မရှိဘူးဆိုသည်ကို သူ နားလည်သွားခဲ့ပါပြီ။ အားမနည်းသည့်အပြင်၊ သူသည် အလွန်အစွမ်းထက်နေပါသည်။

သို့သော် သူ နောက်ဆုတ်ခါနီးတွင်၊ ချင်ယွင်၏ နှုတ်ခမ်းတစ်စုံသည် အေးစက်သော အပြုံးတစ်ခုအဖြစ် ကွေးသွားသည်ကို သူ တွေ့လိုက်ရပါသည်။

"မကောင်းတော့ဘူး”။ ကျင်းယွင်သည် ချက်ချင်းပင် ထိတ်လန့်သွားပြီး ရွှေရောင် စွမ်းအင် အတက်အကျလှိုင်းများဖြင့် ကြီးမားသော အကာကွယ်ဒိုင်းတစ်ခုကို အလျင်အမြန် သိပ်သည်းလိုက်ပါသည်။

"ဟမ့်၊ အဲဒါက အသုံးမဝင်ဘူး။" ချင်ယွင်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး၊ အစွမ်းထက်သော ဖင်းဂေါ့ဂ်စွမ်းအားက သူ၏လက်သီးချက်မှ ချက်ချင်း ထွက်ပေါ်လာ သည်။ သူသည် ကျင်းယွင် သိပ်သည်းထားသော အကာကွယ်ဒိုင်းကြီးကို လက်သီးဖြင့် တိုက်ရိုက် ထိုးချလိုက်ပါသည်။

ဒိုင်းကြီးသည် ချက်ချင်းပင် ကွဲကြေသွားခဲ့ပြီး၊ ချင်ယွင်၏ လက်သီးချက်သည် ကျင်းယွင်၏ ဝမ်းဗိုက်ကို အတားအဆီးမရှိဘဲ ထိမှန်သွားခဲ့သည်။

“ဖူး..”။

ကျင်းယွင်၏ ခန္ဓာကိုယ်သည် နောက်သို့ လွင့်ပျံသွားခဲ့ကာ၊ အကာကွယ်အလင်း အတားအဆီးကို ပြင်းထန်စွာ ထိမှန်သွားခဲ့ပြီး အကာကွယ် အလင်းအတားအဆီး တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားလေသည်။

ဤမြင်ကွင်းကြောင့် လူတိုင်း မှင်သက်သွားကြသည်။ ချင်ယွင်၏ တိုက်ခိုက်မှုသည် မြန်ဆန်လွန်းသောကြောင့်၊ ၎င်းတို့မတုံ့ပြန်နိုင်ခင် ကျင်းယွင်သည် နောက်ပြန် လွင့်ထွက် သွားခဲ့ပြီ ဖြစ်သည်။

ကျင်းယွင်သည် ကြီးမားစွာသော နာကျင်မူဝေဒနာကို ခံစားရင်း မြေပြင်ပေါ်တွင် လဲလျောင်းနေသည်ကို မြင်လိုက်ရချိန်မှာ သူတို့သည် ခဏတာ မှိန်းမောတွေဝေသွားကြ သည်။

ဆောင်းကျိနှင့် ကျန်းဟိုင်တို့လည်း အနှိုင်းမဲ့ ထိတ်လန့်သွားကြသည်။ ချင်ယွင်သည် အမှန်တကယ် အင်အားကြီးမားလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။

"ငါပြောသလိုပဲ။ မင်းက ငါ့ရှေ့မှာ အရမ်းကို အားနည်းလွန်းတယ်။ မင်းတို့ သုံးယောက် ပေါင်းရင်တောင် ငါ့အတွက် ပြိုင်ဘက်မဟုတ်သေးဘူး။" ချင်ယွင်က အထင်သေးစွာ ပြောလိုက်သည်။

ဆောင်းကျိနှင့် ကျန်းဟိုင်တို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး၊ သူတို့၏မျက်လုံးတွေ က ရက်စက်မှု အရိပ်အယောင်များဖြင့် တဖျပ်ဖျပ် ပုတ်ခတ်နေကြသည်။ ထို့နောက် သူတို့နှစ်ဦးသည် တစ်ချိန်တည်းမှာပင် ချင်ယွင်ကို တိုက်ခိုက်ရန် သူတို့၏လက်နက်များကို အသုံးပြုလိုက်ကြသည်။

ချင်ယွင်သည် သူ၏မျက်လုံးများတွင် သရော်သည့် အရိပ်အယောင်နှင့်အတူ သူတို့နှစ်ဦး ပြေးလာနေသည်ကို ကြည့်နေသည်။

"ဟမ့်၊ မင်းတို့က ငါ့ခြေထောက်ကို ချိုးချင်ကြတယ် မဟုတ်လား?။ ဒါဆိုလည်း ခြေကျိုးတဲ့ အရသာက ဘယ်လိုခံစားမူရှိလဲဆိုတာ ငါ မင်းကို ပြောပြမယ်။" ချင်ယွင်က အေးစက်စွာ ဟစ်အော်လိုက်ပြီး၊ သူ၏မျက်လုံးများတွင် ရန်လိုမှုအရိပ်အယောင် ပေါ်လာသည်။

ချင်ယွင်သည် ပြေးထွက်သွားပြီး ကျန်းဟိုင်၏ ရှေ့မှာ ရုတ်တရက် ပေါ်လာပါသည်။ သူ၏လက်ထဲမှာ မြူနှင်းချောက်နက်ဓားကို ကိုင်ထားပြီးသား ဖြစ်နေပြီ။

ဓားအလင်းတန်းများက လင်းလက်သွားခဲ့ပြီး၊ ချင်ယွင်ကြောင့် ဆောင်းကျိနှင့် ကျန်းဟိုင်တို့ သည် သူတို့၏ပေါင်များ တိုက်ရိုက် ဖြတ်တောက်သွားပြီး၊ နှစ်ပိုင်းပြတ်သွားကာ၊ သွေးများက မြေပြင်တစ်ခုလုံး ဖြန်းခနဲ လွင့်စင်သွားခဲ့သည်။

“အား….”။

ဆောင်းကျိနှင့် ကျန်းဟိုင်တို့သည် ချက်ချင်းပင် စိတ်ဆင်းရဲစရာကောင်းစွာ အော်ဟစ်လိုက် ကြပြီး ကောင်းကင်လေ ရင်ပြင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားလေသည်။

လွင့်မျောစင်မြင့်ပေါ်မှ လူများသည် ဤမြင်ကွင်းကို မြင်သောအခါ အားလုံး အံသြသွားကြ သည်။ ဆောင်းကျိနှင့် တခြားလူများသည် ချင်ယွင်၏ ရှေ့မှာ ဤမျှလောက် အားနည်းနေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားကြပါဘူး။

ဆောင်းကျိနှင့် ကျန်းဟိုင်တို့ ထက်ဝက် ဖြတ်တောက် ခံလိုက်ရသော်လည်း သေဆုံးသွားခြင်း မရှိခဲ့ပါဘူး။ သူတို့သည် မြေကြီးပေါ်၌ ရှိုက်ကြီးတငင် အော်ဟစ်နေရုံသာ တတ်နိုင်ပါတော့သည်။

သို့သော်လည်း၊ ချင်ယွင်သည် ဝင့်ကြွားစွာ မတ်တပ်ရပ်ပြီး ဆောင်းကျိ၏ ရင်ဘတ်ပေါ်သို့ တက်လှမ်းကာ သူ့ကို အထင်အမြင်သေးစွာဖြင့် ကြည့်နေသည်။

"မလုပ်နဲ့...ငါ့ကို မသတ်ပါနဲ့။" ဆောင်းကျိသည် အလွန်မင်း ထိတ်လန့်နေပြီ ဖြစ်ကာ၊ သူ့ကို သနားညှာတာပေးရန် အလျင်အမြန် တောင်းပန်လိုက်သည်။

ချင်ယွင်သည် ထိုစကားကိုကြားသောအခါ၊ မထီမဲ့မြင်ပြုဟန် အရိပ်အယောင်သည် သူ၏ မျက်နှာပေါ်တွင် ပျံ့နှံ့သွားခဲ့သည်။ သူသည် အဓိပ္ပာယ်မရှိသည့် မည်သည့်စကားကိုမှ ပြောမနေတော့ပေ။ သူသည် လက်ထဲရှိ မြူနှင်းချောက်နက်ဓားကို ညင်သာစွာ ဝှေ့ယမ်းပြီး၊ ဆောင်းကျိ၏ အသက်ကို အဆုံးသတ်လိုက်ပါသည်။

ဆောင်းကျိ၏ အလောင်းသည် ထက်ခြမ်းကွဲသွားကာ မြေပြင်တစ်ခုလုံး သွေးများ စီးကျလာသည်။ နီရဲတောက်ပြောင်သော သွေးများက ထိတ်လန့် တုန်လှုပ်ဖွယ်ကောင်းလှ သည်။

ကျန်းဟိုင်လည်း ဆောင်းကျိကို စိုက်ကြည့်ရင်း၊ လုံးဝ စိတ်ဓာတ်ကျသွားခဲ့သည်။ သူသည် သူ၏မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ပြီး၊ သူ၏နှလုံးသားကလည်း ချက်ချင်းဆိုသလို စိတ်ပျက်အားငယ်မူနှင့် ပြည့်နှက်လာခဲ့သည်။

"ခြေထောက်တွေ ဖြတ်ခံရတဲ့အရသာက ဘယ်လိုလဲ? ခံစားလို့ ကောင်းရဲ့လား?" ချင်ယွင်က ကျန်းဟိုင်ကို ကြည့်ပြီး အထင်သေးစွာ မေးလိုက်သည်။

All Chapters