← Chapters

အခန်း ၉၂၆

Vol. 62 Ch. 926

အခန်း ၉၂၆

Vol. 62 Ch. 926

အခန်း (၉၂၆) ချင်လန်နှင့် ထပ်မံတိုက်ခိုက်ခြင်း။

"ဟမ့်၊ မင်းမှာ အရည်အချင်းရှိရင် ငါ့ကို သတ်လိုက်ပါ။ ငါ မင်းကို မကြောက်ဘူး" ကျန်းဟိုင်က အေးစက်စွာ အော်ပြောလိုက်သည်။

"မင်းက တော်တော်လေး ခေါင်းမာသားပဲ။ ကောင်းပြီလေ၊ မင်းက သေချင်နေမှတော့၊ မင်းရဲ့ဆန္ဒကို ငါ ဖြည့်ဆည်းပေးမယ်။" ချင်ယွင်က တဟားဟား ရယ်မောလိုက်ပြီး ကျန်းဟိုင်၏ အသက်ကို အဆုံးသတ်ပေးလိုက်ပါသည်။

ချင်ယွင်သည် ယခင်က ကျန်းဟိုင်၏ မာန်မာနထောင်လွှားသော အသွင်အပြင်ကို လွန်စွာ မကျေနပ်သော်လည်း၊ သူ၏ခေါင်းမာမူကို သူ၏နှလုံးသားထဲတွင် သဘောကျနေဆဲ ဖြစ်သည်။ ထို့ကြောင့်၊ သူသည် သူ့ကို အမှန်တကယ် အချိန်ကောင်း ပေးလိုက်ပါသည်။

လွင့်မျောစင်မြင့်ပေါ်ရှိ လူအားလုံးသည် အံ့အားသင့်ဟန် အမူအရာများကို ထုတ်ဖော်ထား ကြသည်။ တခဏအတွင်းမှာ လူသုံးဦးအနက် နှစ်ဦးသေဆုံးသွားခဲ့ပြီး၊ နောက်ဆုံးတစ်ဦးမှာ လည်း ဒဏ်ရာအပြင်းအထန် ရရှိထားသည်။

ကျင်းယွင်သည် အဝေးတွင် ရပ်နေရင်း ဤမြင်ကွင်းကို ကြည့်လိုက်သည်။ သူ၏နှလုံးသားထဲတွင် ပြင်းထန်သော နောင်တတရားက တိုးဝင်လာခဲ့သည်။ သူသည် ဤချင်ယွင်ကို ရန်မစသင့်ဘူးဟူသော နောင်တတရားပင် ဖြစ်ပါသည်။

"အယ်..”။

ထိုအချိန်တွင် ကျင်းယွင်သည် ချင်ယွင် သူ့ဆီသို့ လှမ်းကြည့်နေသည်ကို တွေ့လိုက်ရပြီး၊ သူ၏မျက်လုံးများက ချက်ချင်းပင် ထိတ်လန့်သွားခဲ့ပါသည်။

"ငါ မင်းကို မသတ်ဘူး။ ဒါပေမယ့် မင်း အခြေအနေတစ်ခုကို သဘောတူရမယ်။" ချင်ယွင် က ကျင်းယွင်အား ပြုံးပြုံးလေး ပြောလိုက်ပါသည်။

"ဘယ်လို အခြေအနေမျိုးလဲ?။" ကျင်းယွင်သည် စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ချင်ယွင် ကို ကြည့်လိုက်ပါသည်။

ချင်ယွင်က ပြုံးပြီး ပြောသည် "ရှရှန်းယု အရမ်းရုပ်ဆိုးတယ်" လို့ အော်ပြောပါ”။

ကျင်းယွင်၏ အမူအရာသည် ယင်ကောင်ကို စားလိုက်မိသကဲ့သို့ အလွန်မင်း ရုပ်ဆိုးသွားလေသည်။

သူသည် မူလက ရှရှန်းယုအတွက် မားမားမတ်မတ် ရပ်တည်ပြီး ချင်ယွင်ကို စိန်ခေါ်ကာ ဆူပူကြိမ်းမောင်းလိုခဲ့သော်လည်း၊ အခုတော့ ချင်ယွင်က သူ့ကို ရှရှန်းယု၏ မကောင်းကြောင်းကို လူသိရှင်ကြား ပြောဆိုခိုင်းနေသည်။ ဤအရာက သူ့ကိုယ်သူ ပြင်းထန်စွာ ပါးရိုက်လိုက်ခြင်း မဟုတ်ဘူးလား? သို့သော် ချင်ယွင်သည် သူ၏ဓားကို ကိုင်လျက် သူ့ဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာသည်ကို သူ မြင်လိုက်သောအခါတွင်၊ သူ၏နောက်ကျောမှ အေးစိမ့်မူအငွေ့အသက်က ထွက်ပေါ်လာဆဲ ဖြစ်သည်။ နောက်ဆုံးတွင် သူသည် သူ၏ သတ္တိကို စုစည်းပြီး အော်ပြောလိုက်တော့သည် " ရှရှန်းယုက အရမ်းကို ရုပ်ဆိုးတယ်”။

"ပိုကျယ်လိုက်ဦး” ချင်ယွင်က အော်ပြောလိုက်သည်။

ကျင်းယွင်၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် တုန်လှုပ်သွားသည်။ ထို့နောက် သူသည် သူ၏ အင်မော်တယ် အနှစ်သာရကို(စွမ်းအင်) အသုံးပြုကာ နောက်တကြိမ် အော်ဟစ်လိုက် သည်" ရှရှန်းယု အရမ်းရုပ်ဆိုးတယ်..”။

သူ၏အသံသည် ကျယ်လောင်ပြီး၊ ကြည်လင်ပြတ်သားလှကာ၊ ကောင်းကင်လေ အင်မော်တယ်ကျွန်း တစ်ခုလုံး ပဲ့တင်ထပ်နေသည်။ ဤစကားကြောင့် တပည့်များအားလုံး အံ့ဩသွားကြသည်။

တစ်ချိန်တည်းမှာပင်၊ ကောင်းကင်လေနတ်ဘုရားအကယ်ဒမီ၏ နက်ရှိုင်းသော အရပ်ရှိ ကျောက်တုံးတစ်ခုပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော မိန်းမလှလေးသည် ဤအော်သံကို ကြားလိုက်ရသည်။ သူမ၏ မျက်ခုံးများသည် အနည်းငယ် တွန့်သွားခဲ့ပြီး၊ သူမ၏ မျက်နှာပေါ်တွင် မကျေမနပ်ဖြစ်မှု အရိပ်အယောင်များ ပေါ်လာပါသည်။

ထိုအချိန်တွင် ကျင်းယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။ သူ ဒီနေ့ ဒီစကားတွေကို အော်ပြောပြီးနောက် ကောင်းကင်လေနတ်ဘုရား အကယ်ဒမီ တစ်ခုလုံးမှာ သူ ရပ်တည်ဖို့ နေရာမရှိတော့ဘူးဆိုသည်ကို သူ သိထားပါသည်။ ရှရှန်းယုကို လိုက်နေကြသော လူများသည် သူ့ကို လွှတ်ထားမည် မဟုတ်သည်မှာ သေချာသည်။

"ကောင်းပြီ၊ မင်းရဲ့အရှုံးကို ဝန်ခံဖို့ ငါ သဘောတူပြီးပြီ။ မင်း အခု ထွက်သွားလို့ရပြီ" ချင်ယွင်က ကျင်းယွင်ကို အေးစက်စွာ ပြောလိုက်သည်။

ချင်ယွင်ပြောပြီးသည်နှင့် ကောင်းကင်လေရင်ပြင်ကို ဖုံးအုပ်ထားသော အကာကွယ် အလင်းတန်းသည် ပွင့်လာခဲ့သည်။

ကျင်းယွင်သည် ထိုစကားကိုကြားသောအခါ၊ သူ၏ဖြူဖျော့သော မျက်နှာပေါ်တွင် တက်ကြွမှု အရိပ်အယောင်ပေါ်လာပါသည်။ သူသည် ချင်ယွင်ကို စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်ပြီးနောက်၊ သူသည် ကောင်းကင်လေရင်ပြင်မှ ပျောက်ကွယ်သွားခဲ့ သည်။

လွင့်မျောစင်မြင်ပေါ်ရှိ လူတိုင်းသည် ချင်ယွင်ကို အမူအရာ အမျိုးမျိုးဖြင့် ကြည့်ကြသည်။ တစ်ချို့က ဒေါသထွက်နေကြသလို၊ တစ်ချို့ကလည်း အံ့သြနေကြသည်။ တစ်ချို့က သိချင်စိတ်ပြင်းပြနေကြသလို၊ တစ်ချို့ကလည်း ကြည်ညိုလေးစားမှု ရှိနေကြသည်။ သို့သော် အဆိုပါ အထင်ကြီးလေးစားသူများသည် အမျိုးသမီးတပည့် အနည်းငယ်မျှသာ ဖြစ်ပါသည်။ အမျိုးသားတပည့်အများစုသည် ချင်ယွင်ကို အရိုးထိအောင် မုန်းတီးနေကြဆဲ ဖြစ်ပါသည်။

ယခုအချိန်တွင် ချင်ယွင်သည် အနီးနားပတ်ဝန်းကျင်ရှိ လူအများ၏ အကြည့်များကို ဂရုမစိုက်အားပေ။ အဘယ့်ကြောင့်ဆိုသော်၊ သူသည် လွင့်မျောစင်မြင့်ပေါ်ကို စိုက်ကြည့် နေရင်း၊ သူ၏မျက်လုံးများသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်ဖြင့် တောက်ပလာ သောကြောင့် ဖြစ်ပါသည်။

"ချင်လန်၊ ဒီကို ဆင်းလာခဲ့စမ်း..။" ချင်ယွင်က ကောင်းကင်ယံကို လှမ်းအော်လိုက်ပြီး၊ သူ၏အော်ဟစ်သံက ကောင်းကင်ဘုံကိုပင် ထိတ်လန့်စေပါသည်။

"ချင်လန်လား…?" ချင်ယွင်ကြည့်နေသည့် မြင်ကွင်းအတိုင်း လိုက်ပါကြည့်ရူရင်း၊ လူတိုင်း က အံ့အားသင့်သည့် အမူအရာများကို ထုတ်ဖော်လာကြပါသည်။

လွင့်မျောစင်မြင့်ပေါ်တွင် အရပ်မြင့်မြင့် ကြံ့ခိုင်သော အမျိုးသားတစ်ဦးသည်လည်း ချင်ယွင် ကို စိုက်ကြည့်နေပါသည်။

"ရိုင်းစိုင်းလိုက်တာ။ ချင်ယွင်၊ ငါက မင်းရဲ့အစ်ကို ဖြစ်နေတုန်းပဲ။ မင်းက ငါ့ကို အခုလို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတယ်ပေါ့။" ချင်လန်သည် ကောင်းကင်ယံမှ ဆင်းလာခဲ့ပြီး ချင်ယွင်ကို အေးစက်စွာ အော်ပြောလိုက်သည်။

"ဟမ့်၊ မင်းရဲ့ အရေခွံခြုံထားမှုကို ဖယ်ရှားလိုက်ပါ။ မင်းက ငါ့ရဲ့အစ်ကိုတစ်ယောက် ဖြစ်ဖို့ အရည်အချင်း မရှိဘူး။ မင်းက ငါ့မျက်လုံးထဲမှာတော့ အညစ်အကြေး သက်သက်ပဲ။" ချင်ယွင်သည် သူ၏လေသံတွင် မည်သည့်လေးစားမှုမှ မရှိဘဲ ချက်ချင်းပင် လှောင်ပြောင်လိုက်သည်။

ချင်ယွင်ကရော သူ့ကို မည်သို့ လေးစားနိုင်မည်နည်း?။ ချင်လန်ကြောင့်သာ မဟုတ်ဘူးဆို ရင်၊ သူသည် ယခုလိုမျိုး စင်မြင့်ပေါ်မှာ ခြေချနေရမှာ မဟုတ်ပါဘူး။

ထိုအချိန်တုန်းက၊ ချင်လန် သူ့အပေါ် ပြုမူခဲ့သော အရာသည် ချင်ယွင်ကို တမင်တကာ ဖျက်ဆီးပစ်စရာမလိုပဲ ပျက်စီးလုနီးပါး ဖြစ်စေခဲ့သည်။ ယနေ့ထိတိုင်၊ ချင်ယွင် သတိရသည့် အခါတိုင်း၊ သူ၏နှလုံးသားထဲတွင် ပြင်းထန်သော အမျက်ဒေါသက ဖြစ်ပေါ်နေသေးသည်။

"မင်း သစ္စာဖောက်၊ ဟိုတုန်းက ခမည်းတော်က မင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ တယ်။ မင်း သူ့ကို တကယ်ပဲ သစ္စာဖောက်ခဲ့တယ်။ တကယ်လို့၊ ငါသာ မသိခဲ့ဘူးဆိုရင်, ခမည်းတော်ဟာ မင်းရဲ့ သတ်ဖြတ်ခြင်း ခံသွားရမှာကိုတောင် ငါ ကြောက်မိတယ်။ ခမည်းတော်က မင်းကို သေမျိုးကမ္ဘာထဲ ပစ်ချခဲ့တယ်။ မင်းလည်း အသိတရားရကာ ပြုပြင်ပြောင်းလဲသွားပြီလို့ ငါ ထင်ထားခဲ့တာ။ မင်းက ဒီနေ့ထိတိုင် နောင်တမရသေးဘူးလို့ ငါ မမျှော်လင့်ခဲ့ဘူး။ ဒီနေ့ ခမည်းတော်ကိုယ်စား မင်းကို သင်ခန်းစာကောင်းတစ်ခု သင်ပေးရမယ်။” ချင်လန်က ကိုယ့်ကိုယ်ကို မုန်းတီးသလိုမျိုး အေးစက်စွာ ပြောလိုက်ပါ သည်။ (ဤနေရာ၌ ကိုယ့်ကိုယ်ကို မုန်းတီးသလိုမျိုးဟု ပြန်ဆိုရခြင်းမှာ အစ်ကိုတစ်ဦး အနေနဲ့ ညီတစ်ယောက်ကို ကောင်းကောင်းမဆုံးမနိုင်သည့်အတွက် ကိုယ့်ကိုယ်ကို မုန်းတီးဟန်ဖြင့် ပြန်ဆိုထားပါသည်။ မူရင်းပါသည့်အတိုင်း ပြန်ဆိုလျှင် ဘယ်လိုမှ ဖတ်၍ အဆင်မပြေနိုင်ပါ။ (Qin Lan said coldly, as if she hated steel.) အချို့နေရာများ၌ ပြန်ဆိုရသည်မှာ အတော့်ကို လက်ပေါက်ကပ်ပါသည်။ ထို့ကြောင့် ဇာတ်လမ်း မပျက်စေဘဲ အဆင့်ပြေသလို ပြန်ဆိုရပါသည်)။

"မင်းက သရုပ်ဆောင်နေတုန်းပဲ။ မင်းရဲ့လှည့်ကွက်တွေကို ဖယ်ထားလိုက်ပါတော့။ အဲဒီတုန်းက မင်းက ငါ့ကို နတ်ဘုရားသတ်ဖြတ်ခြင်းအဆိပ်ကို ပေးခဲ့တယ်။ မင်းက ငါ့ကို တမင်တကာ ချောက်ချချင်ခဲ့တာလေ။ မင်းရဲ့ ခန္ဓာကိုယ်ပေါ်က ဖရိုဖရဲ အင်မော်တယ်အရိုး လလည်း မင်း ငါ့ဆီကနေ လုယူသွားခဲ့တာပဲ။ ငါ့ဆီက အရာအားလုံးကို လုယူဖို့အတွက် မင်း လျှို့ဝှက်ကြံစည်ထားတာ မဟုတ်လား?။" ချင်ယွင်က အထင်သေးဟန်ဖြင့် ပြောလိုက်ပြီး၊ သူ၏မျက်လုံးတွေက ပို၍ပင် အေးစက်လာခဲ့သည်။

ထိုအချိန်တုန်းက ချင်လန်သည် သူ၏ခမည်းတော်ကို ဒုက္ခပေးလိုသောကြောင့် သူ့ကို လျှို့ဝှက်ကြံစည်ခဲ့သူ ဖြစ်သည်။ ထို့ကြောင့်ပင်, သူ၏ခမည်းတော်က ဒေါသထွက်သွားခဲ့ သည်။ သူသည် သူ၏ ဖရိုဖရဲ အင်မော်တယ်အရိုးကို ဖယ်ထုတ်ပြီး သေကမ္ဘာသို့ သူ့ကို စေလွှတ်ခဲ့သည်။ သူသည် သေမျိုးကမ္ဘာသို့ ကျရောက်ခဲ့ရ၍ ကောင်းကင်ဘုံကို အံတုနိုင်သော ကံကြမ္မာကောင်းကြီးကို တွေ့ကြုံခဲ့ရခြင်းကလည်း အမှန်ပင် ဖြစ်ပါသည်။

လွင့်မျောစင်မြင့်ပေါ်ရှိ လူတိုင်းသည်လည်း စတင်ဆွေးနွေးကြသည်။ ထင်ရှားသည်မှာ၊ ဤကိစ္စနှင့် ပတ်သက်၍ သူတို့သည် ယခင်က ကြားဖူးပြီးပါပြီ။ ချင်ယွင်နှင့် ချင်လန်တို့၏ စကားဝိုင်းကို ကြားတော့၊ ဤကိစ္စထဲတွင် အခြားလျှို့ဝှက်ချက်အချို့ ရှိနေပုံရသည်ဟု သူတို့ ခံစားလိုက်ရပါသည်။

ချင်လန်သည် သူ၏ပတ်ဝန်းကျင်မှ လူပေါင်းများက သူ့ကို သံသယ စတင်ဝင်လာသည်ကို ကြားသောအခါ၊ သူ၏မျက်လုံးထဲတွင် အုံ့မှိုင်းမူအရိပ်ယောင်က ချက်ချင်း ပေါ်လာပြီး၊ သူက ချင်ယွင်အား အေးစက်စွာ ပြောလိုက်သည် "ချင်ယွင်၊ မင်းက အခုချိန်မှာ တကယ်ကို မောက်မာပြီးရင်း မောက်မာလာနေတယ်။ မင်းမှာ ဘယ်လိုအရည်အချင်းတွေ ရှိနေလဲဆို တာ ငါက မြင်ချင်ရုံသက်သက်ဖြစ်ပေမယ့်၊ မင်းကတော့ မင်းရဲ့အစ်ကိုကြီးဖြစ်တဲ့ ငါ့ကို အရေးမစိုက်တော့ဘူး”။

"ကောင်းလိုက်တာ၊ အစ်ကိုကြီးရဲ့ ခွန်အားကို ညီလေးကလည်း ခံစားချင်နေမိတယ်" ချင်ယွင်က သရော်ဟန်ဖြင့် ပြောသည်။ သူသည် ချင်လန်ကို သတ်ဖြတ်ရန် ရည်ရွယ်ထားပြီး ဖြစ်သည်။

ထို့ကြောင့်, ချင်ယွင်သည် ချက်ချင်းပင် သူ၏ ကိုယ်ရေးအချက်လက်တံဆိပ်ပြားကို ဆွဲထုတ်လိုက်ပြီး ချင်လန်ကို စိန်ခေါ်လိုက်သည်။ ချင်လန်သည်လည်း သူ၏စိန်ခေါ်မှုကို ချက်ချင်း လက်ခံလိုက်သည်၊ ထို့ကြောင့်, အကာကွယ်အလင်းဒိုင်းသည် ကောင်းကင်လေ ရင်ပြင်တွင် တစ်ဖန်ပြန်လည် ပျံ့နှံ့လာခဲ့သည်။

"ချင်ယွင်၊ မင်းရဲ့ ခွန်အားတွေ တိုးလာတာနဲ့ မင်းက တခြားသူတွေကို လျစ်လျူရှုလို့ရပြီလို့ မထင်လိုက်ပါနဲ့၊ ဒီနေ့တော့ အစ်ကိုကြီးဖြစ်တဲ့ငါက မင်းကို လေးစားမှုက ဘာလဲဆိုတာ သင်ပေးပေးမယ်" ချင်လန်က အေးစက်စွာ ပြောလိုက်သည်။

"အဓိပ္ပာယ်မရှိတဲ့ စကားတွေ သိပ်ကိုပြောနေပါလား။ တိုက်မယ့်ဟာ တိုက်စမ်းပါ။ မင်းစကား များများပြောလေ ငါ့ကတော့ မင်းကို ပိုပြီး စက်ဆုပ်ရွံရှာလေပဲ" ချင်ယွင်က အေးစက်စွာ အော်ပြောလိုက်ပြီး ချင်လန်၏ စကားတွေကို လှောင်ပြောင်လိုက်သည်။

ချင်လန်၏ မျက်လုံးများသည် အုံ့မှိုင်းနေသော အရိပ်အယောင်များဖြင့် တောက်ပလာကာ သူ့မျက်လုံးများ၏ နက်ရှိုင်းသောနေရာတွင် အေးစက်မူသည်လည်း ပြင်းထန်စွာ ထွက်ပေါ်လာသည်။

"ကြည့်ရတာ, မင်းက ပြန်ကယ်လို့မရအောင် တကယ်ကို မောက်မာနေပုံရတယ်။ ဒီနေ့၊ ငါ နိုးထလာအောင် လုပ်ပေးရတော့မှာပေါ့”။ ချင်လန်က ကျယ်လောင်စွာ အော်ပြောလိုက် သည်။ တော်ဝင်တာအိုနယ်ပယ်၏ အဆင့် ၁၂ ရှိ အင်မော်တယ်ဘုရင်တစ်ယောက်၏ စွမ်းအင်အတက်အကျတွေက ချက်ချင်း ထွက်ပေါ်လာသည်။ ၎င်း၏ကြီးမားသော အရှိန်အဟုန်သည် ဧရာမနတ်ဘုရားတစ်ပါနှင့်တူပြီး သူ၏ခန္ဓာကိုယ်သည် ထူထပ် သိပ်သည်းသော ဖရိုဖရဲစွမ်းအင်အငွေ့အသက်ကို ထုတ်လွှတ်နေသည်။

ချင်ယွင်သည် ဤရင်းနှီးသော ဖရိုဖရဲ အငွေ့အသက်ကို ခံစားလိုက်ရပြီး အေးစက်သော အပြုံးရိပ်တစ်ခုက သူ၏မျက်လုံးထဲတွင် ပေါ်လာသည်။

ဤဖရိုဖရဲ အငွေ့အသက်သည် သူ၏ ဖရိုဖရဲ အင်မော်တယ်အရိုးမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဤအငွေ့အသက်သည် သူ့နောက်ကို ဆယ်နှစ်ကြာအောင် လိုက်ပါနေခဲ့ပြီး၊ သူသည် ဤအငွေ့အသက်နှင့် ဒီထက်ပိုပြီး ရင်းနှီးအောင် မလုပ်နိုင်တော့ပေ။

"ဟမ့်၊ မင်းက ဖရိုဖရဲအင်မော်တယ်အရိုးကို ပိုင်ဆိုင်ဖို့ မထိုက်တန်ဘူး။ ဒီနေ့ မင်း ငါ့ဆီက ယူသွားခဲ့သမျှ ငါ အားလုံးကို ပြန်ယူမယ်။" ချင်ယွင်က အထက်စီးလေသံဖြင့် ပြောလိုက်သည်။ အစွမ်းထက်သော ဖင်းဂေါ့ဂ်စွမ်းအင် အတက်အကျလှိုင်းများသည်လည်း တခဏချင်း ထွက်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်သည် ချင်လန်ထက် မနိမ့်ကျသည့်အပြင် ချင်လန်ထက်ပင် မြင့်မားနေသည်။

"မင်းက သေချင်နေတာပဲ”။ ချင်လန်သည် အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏ရုပ်အသွင် သည် ချက်ချင်း ပေါက်ကွဲသွားပြီး ချင်ယွင်ဆီသို့ လက်ဗလာဖြင့် ပြေးဝင်လိုက်သည်။

ချင်ယွင်၏ အကြည့်များသည် အေးစက်နေပြီး၊ သူ၏ရုပ်အသွင်သည်လည်း ပြင်းထန်စွာ ပြေးထွက်သွားကာ ချင်လန်နှင့် အပြင်းအထန် ထိပ်တိုက်တွေ့ဆုံသည်။

All Chapters