← Chapters

အခန်း ၉၂၇

Vol. 62 Ch. 927

အခန်း ၉၂၇

Vol. 62 Ch. 927

အခန်း (၉၂၇) မင်းမှာရှိတာ ဒါအကုန်ပဲလား။

ချင်ယွင်နှင့် ချင်လန်တို့ နှစ်ယောက်စလုံးသည် လက်သီးဖြင့် ကိုယ်စီထိုးလိုက်ကြပြီး၊ သူတို့၏ လက်သီးတွေက အပြင်းအထန် ထိပ်တိုက်တွေ့ဆုံသွားကြပါသည်။

ချင်လန်သည် မြေစွမ်းရည် တော်ဝင်တာအို ဥပဒေသများကို ကျင့်ကြံထားသည်။ သူသည် ဖရိုဖရဲ အင်မော်တယ်အရိုးကိုပါ ပိုင်ဆိုင်ထားသောကြောင့်, သူ၏ရုပ်ခန္ဓာကိုယ် ကြံ့ခိုင်မှုက သာမန် တော်ဝင်တာအိုနယ်ပယ်၏ အဆင့် ၁၂ ရှိ အင်မော်တယ်ဘုရင်များထက် အများကြီး သာလွန်ပါသည်။ ထို့ကြောင့် သူ၏လက်သီးချက်သည် အနှိုင်းမဲ့ အစွမ်းထက်လှသည်။

ဘုန်း..။

ချင်ယွင်နှင့် ချင်လန်တို့သည် ကြယ်တံခွန်များကဲ့သို့ ပြင်းထန်စွာ တိုက်မိကြသည်။ ကြောက်စရာကောင်းသော စွမ်းအားသည် ချက်ချင်း ပျံ့နှံ့သွားခဲ့ပြီး ကြီးမားလှသော စွမ်းအင်လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာသည်။

ချင်ယွင်နှင့် ချင်လန်တို့သည် ပေရာနှင့်ချီ၍ နောက်ပြန် ဆုတ်သွားကြသည်။

"ကြည့်ရတာ မင်းရဲ့တိုးတက်မှုက မသေးငယ်ဘူးပဲ။ မင်းက ငါ့ရဲ့လက်သီးချက်ကို ကောင်းကောင်း ခုခံနိုင်ခဲ့တယ်။ မင်းက ငါ့ရဲ့ညီကောင်းတစ်ယောက်ပဲ။" ချင်လန်က သရော်သံဖြင့် ပြောလိုက်သည်။ ထိုလက်သီးချက်သည် စမ်းသပ်မှုတစ်ခုသာ ဖြစ်ပါသည်။ ထို့ကြောင့်, သူ၏ခွန်အားကို အပြည့်အဝ အသုံးမပြုခဲ့ပါဘူး။ သူ့ခွန်အား၏ တစ်ဝက်လောက်တောင် အသုံးမချခဲ့ပါဘူး။

သို့သော်, သူ၏အမြင်အရဆို, ချင်ယွင်သည် သူ၏ ခွန်အားကို အပြည့်အ၀ အသုံးပြုထားပြီး ဖြစ်သည်။ ထိုသို့မဟုတ်ပါက၊ ဤလက်ချက်ကို သူ့အတွက် ခုခံနိုင်ရန်မှာ မဖြစ်နိုင်ပေ။

ချင်ယွင်သည် ချင်လန်၏ နှုတ်ခမ်းပေါ်မှ အေးစက်သော အပြုံးကို မြင်လိုက်ရပြီး သူ မည်သည့်အရာ တွေးနေမှန်း သိလိုက်ပါသည်။ ချင်လန်သည် သူ၏ခွန်အားကို အပြည့်အ၀ အသုံးမပြုခဲ့သလို၊ သူသည်လည်း သ့်ခွန်အား၏ ဆယ်ပုံတစ်ပုံကိုပင် အသုံးမပြုခဲ့ပေ။ သို့သော်လည်း၊ ဤအရာကို ချင်လန်က မည်သို့ သိနိုင်မည်နည်း?။

"ငါ့ရဲ့တိုးတက်မှုက သေချာပေါက် မသေးငယ်ဘူးပေါ။ ဒါပေမယ့် မင်းရဲ့တိုးတက်မှုက နည်းနည်း နှေးနေပုံရတယ်။ ကြည့်ရတာ, မင်းက ငါ့ရဲ့ ဖရိုဖရဲ အင်မော်တယ်အရိုးကို ဘာမှအသုံးမဝင်သလို ဖြုန်းတီးခဲ့ပုံပဲ။" ချင်ယွင်က မထီမဲ့မြင်ပြုဟန်ဖြင့် ပြောလိုက်သည်။

ထိုစကားကို ကြားတော့, ချင်လန်သည် ချက်ချင်းဆိုသလို သူ၏မျက်လုံးထဲတွင် ပြင်းထန်သော အမျက်ဒေါသက တဟုန်ထိုး ထွက်ပေါ်လာခဲ့သည်။ ထိုအချိန်တုန်းက၊ သူသည် ချင်ယွင်၏ အစွမ်းထက်သော ပါရမီအရည်အချင်းကို သူ နားမလည်ခဲ့ပေ။ သူ့တွင် ဖရိုဖရဲ အင်မော်တယ်အရိုး ရှိနေသည်ကို လက်မခံလိုရုံသာ ဖြစ်သည်။ ထို့ကြောင့်၊ သူ၏ ဖရိုဖရဲ အင်မော်တယ်အရိုးကို သိမ်းပိုက်နိုင်ရန် သူတတ်နိုင်သမျှ လုပ်ဆောင်ခဲ့သည်။ မူလက အရာအားလုံး ပြီးဆုံးသွားပြီဟု သူ ထင်ထားခဲ့သည်။ ယခုမူ ချင်ယွင်က သူသည် ဤဖရိုဖရဲ အင်မော်တယ်အရိုးကို အချည်းနှီး သက်သက် ဖြုန်းတီးပစ်လိုက်ကြောင်း ပြောဆိုနေသည်။ သူ မည်သို့ ဒေါသမထွက်ဘဲ နေနိုင်မည်နည်း?။

"ဟမ့်၊ ငါက ဖရိုဖရဲ အင်မော်တယ် အရိုးကို ဖြုန်းတီးခဲ့တယ်လို့ မင်း ပြောလာမှတော့, ငါ့လက်ထဲမှာရှိနေတဲ့ ရှေးဟောင်း ဖရိုဖရဲအင် မော်တယ်အရိုးရဲ့ စွမ်းအားကို မင်းကို ကောင်းကောင်း ကြည့်ခွင့်ပေးမယ်။" ချင်လန်က ခက်ထန်စွာ ပြောလိုက်ပြီး၊ သူ၏ မျက်လုံးက သတ်ဖြတ်လိုစိတ်ဖြင့် လင်းလက်နေသည်။

ဘန်း…။

ချင်လန်၏ ခန္ဓာကိုယ်မှ ပြင်းထန်သော ဖရိုဖရဲ စွမ်းအင် အတက်အကျလှိုင်းတစ်ခုက ထွက်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်သည် သန့်စင်သော အလင်းရောင်အလွှာဖြင့် ဖုံးလွှမ်းထားသည့်အလား မြင်ရသူတိုင်းကို နှလုံးခုန်ရင်တုန်စေလောက်သည့် စွမ်းအင် အတက်အကျလှိုင်းတွေက တလှိမ့်လှိမ့် မြင့်တက်နေပါသည်။

ချင်လန်သည် သူ၏ လက်သီးများကို ဆုပ်ထားလိုက်ရာ ပတ်ဝန်းကျင်လေထုသည် ချက်ချင်း ပေါက်ကွဲသွားပြီး အနီးနားရှိ လေဟာနယ်တွင် သေးငယ်သော အက်ကွဲကြောင်းများပင် ပေါ်လာသည်။

"ဟမ့်၊ သေလိုက်တော့” ချင်လန်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ချက်ချင်းပင် ပျံထွက်သွားလေသည်။ သူ၏ရုပ်အသွင်သည် ချင်ယွင်၏ရှေ့တွင် ပုံရိပ်ယောင်တစ်ခုကဲ့သို့ ပေါ်လာပါသည်။

ပြင်းထန်သော စွမ်းအင်အတက်အကျလှိုင်းများက သူ၏လက်ဖဝါးမှ ထွက်ပေါ်လာခဲ့ပြီး၊ ချင်ယွင်ဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။

ဤမြင်ကွင်းကို ချင်ယွင် မြင်လိုက်သောအခါ၊ အေးစက်သော အပြုံးရိပ်တစ်ခုက သူ၏မျက်လုံးထဲတွင် ပေါ်လာသည်။ ဖင်းဂေါ့ဂ်စွမ်းအင်က ကြိုတင်ပြင်ဆင်ထားခြင်း မရှိဘဲ ချက်ချင်း ထွက်ပေါ်လာပြီး၊ သူ၏လက်ဖဝါးပေါ်တွင် စုစည်းလာလေသည်။

“ဖျန်း…။

ချင်လန်ဆီမှ နှိုင်းစာရမရအောင် ကျယ်လောင်သော ရိုက်နှက်သံ ထွက်ပေါ်လာသည်။ သူသည် ချင်ယွင်၏ ခန္ဓာကိုယ်ကို သူမ မရိုက်နှက်နိုင်ခင်မှာ ချင်ယွင်က သူ့ကို ပြင်းပြင်း ထန်ထန် ပါးရိုက်လိုက်ခြင်း ဖြစ်ပါသည်။ ကျယ်လောင်သော ပါးရိုက်သံက ကောင်းကင် လေ ရင်ပြင်တစ်ခုလုံး ပဲ့တင်ထပ်သွားလေသည်။

ထိုအချိန်တွင် ချင်လန်၏ မျက်နှာသည် ပို၍ပင် ပုံပျက်ပန်းပျက် ဖြစ်လာသည်။ သူ၏ သွားများအားလုံး ပြုတ်ကျသွားပြီး၊ သွေးတွေက ဖျန်းခနဲ လွင့်စင်သွားသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးလည်း လွင့်ထွက်သွားပါသည်။

လူတိုင်းသည် သူတို့၏ နှလုံးသားများ ပြင်းထန်စွာ လှုပ်ယမ်းသွားသလို ခံစားလိုက်ရသည်။ ချင်လန်သည် အင်မော်တယ်ဘုရင်နယ်ပယ်ရှိ တော်ဝင်တာအိုနယ်ပယ်၏ အဆင့် ၁၂ တွင် ရှိနေသည်။ ထို့အပြင်, သူသည် ဖရိုဖရဲ အင်မော်တယ်အရိုးကဲ့သို့ ကောင်းကင်ဘုံကို စိန်ခေါ်နိုင်သော ခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်ထားသည်။ ထိုသို့ဖြစ်ပါလျှက်၊ သူသည် ပါးရိုက်ချက်ကြောင့် လွင့်ထွက်သွားရသည်။ ဤအရာက မယုံကြည်နိုင်စရာ ကောင်းလွန်း ပါသည်။ အကယ်၍၊ သူတို့သည် ကိုယ်တိုင်ကိုယ်ကျ မျက်စိဖြင့်သာ တပ်အပ်မမြင်ဖူးဆိုရင်၊ ယင်းက အမှန်တရားဟု သူတို့ ယုံကြည်မှာ မဟုတ်ပါဘူး။

"ဒီချင်ယွင်က ဘယ်လောက်တောင်မှ သန်မာနေပြီလဲ?" လူတိုင်းက ကိုယ့်ကိုကိုယ် တွေးလိုက်ကြသည်။ ဤအခိုက်အတန့်တွင်၊ ဆောင်းကျိနှင့် အခြားသူများသည် ချင်ယွင်၏ ရှေ့တွင် လုံးဝကို အားနည်းသောကြောင့် ချင်ယွင်က ဆောင်းဂျီနှင့် အခြားလူများကို တစ်ယောက်တည်း ရန်ဆိုင်ရန် အဘယ့်ကြောင့် ရွေးချယ်ရဲသည်ကို နောက်ဆုံးတွင် သူတို့ နားလည်သွားခဲ့ကြပါပြီ။

"ဒါက မင်းပြောခဲ့တဲ့ ဖရိုဖရဲ အင်မော်တယ်အရိုးရဲ့ စွမ်းအားလား?" ချင်ယွင်သည် နောက်တစ်ကြိမ် လှုပ်ရှားရန် အလျင်လိုခြင်းမရှိဘဲ၊ မြေပြင်ပေါ်တွင် ဒူးတစ်ဝက်ကျကာ ဒူးထောက်နေသော ချင်လန်ကို ကြည့်ရင်း အေးစက်သော အပြုံးဖြင့် ထိုမူလနေရာမှာပင် ရပ်နေလေသည်။

ထိုအချိန်တွင် ချင်လန်၏ မျက်လုံးများသည် အလွန်မင်း အုံ့မှိုင်းနေ၏။ အစောပိုင်းက, ချင်ယွင် မည်သို့ တိုက်ခိုက်ခဲ့သည်ကို သူပင် မမြင်လိုက်ပေ။ သူသည် ချင်ယွင်၏ ပါးရိုက်ချက်ကြောင့် လွင့်ပျံသွားခဲ့ရသည်။ ထို့အပြင်၊ ဤအရာက သူ့ကို လူပေါင်းများစွာ ရှေ့တွင် ကိုယ်လုံးတီး အရှက်ခွဲခံရသကဲ့သို့ ခံစားရစေသည်။

"ငါ မင်းကို သေစေချင်တယ်" ချင်လန်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ အနှိုင်းမဲ့ အစွမ်းထက်သော အငွေ့အသက်များ ထွက်ပေါ်လာသည်။ သူ၏ အင်မော်တယ်ဘုရင် ကိုယ်ပွားသည်လည်း သူ၏နောက်တွင် ပေါ်လာခဲ့ပြီး၊ သူ၏ အငွေ့အသက်သည် ရုတ်တရက် အဆပေါင်းများစွာ မြင့်တက်လာခဲ့သည်။

"ဘုန်း…”။

ချင်လန်သည် သူ၏ ခြေထောက်ကို အနည်းငယ် ဆောင့်နင်းလိုက်ပြီး၊ သူ၏ ခြေထောက်အောက်ရှိ ကြမ်းပြင်သည် ချက်ချင်း ပေါက်ကွဲသွားသည်။

တော်ဝင်တာအိုဉပဒေသများသည် အနှိုင်းမဲ့ အစွမ်းထက်လှသည်။ ၎င်းတို့သည် အလွန် ရက်စက်ကြမ်းကြုတ်သော တော်ဝင်တာအိုဉပဒေသများလည်း ဖြစ်သည်။ ၎င်းတို့သည် ခွန်အားကို အဓိကထားသည့်အရာလည်း ဖြစ်သည်။ ထိုအချိန်တွင် ချင်လန်၏ ခန္ဓာကိုယ် ပေါ်ရှိ ခွန်အားများသည် အလွန်မင်း ကြောက်မက်ဖွယ်ကောင်းသည့် အတိုင်းတာအထိပင် ကြောက်စရာကောင်းလာခဲ့သည်။

"ငါ မင်းကို သေစေချင်တယ်" ချင်လန်သည် သူ၏သွားများကြားမှ စကားလုံးလေးလုံးကို ညှစ်ထုတ်လိုက်ပြီး၊ သူ၏ မျက်လုံးတွေက ကြက်သွေးရောင်ကဲ့သို့ နီမြန်းလာသည်။ သူသည် ချင်ယွင်ဆီသို့ နောက်တစ်ကြိမ် တဟုန်ထိုး ပြေးတက်သွားခဲ့သည်။

သူသည် လှုပ်ရှားလိုက်ရင်း, မိုးခြိမ်းသံနှင့် လေပြင်းကဲ့သို့ ဟိန်းဟောက်လိုက်ကာ၊ သူ၏ ခန္ဓာကိုယ်မှ အလွန်ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်နေပါသည်။

ဘန်း…။

ချင်လန်၏ ခွန်အားသည် အလွန်ကြီးမားလာခဲ့ပြီး၊ သူ၏ လက်သီးက ကြွေကျလာသော ကြယ်တစ်စင်းကဲ့သုိ့ ချင်ယွင်၏ ခေါင်းကို အပြင်းအထန် တိုက်ခိုက်လိုက်လေသည်။ သူ၏နှလုံးသားထဲမှ အမုန်းတရားတွေကို ချေဖျက်ပစ်ရန်အတွက်၊ သူသည် ချင်ယွင်၏ ခေါင်းကို လက်သီးဖြင့် ထိုးခွဲပစ်ချင်ခဲ့သည်။

လွင့်မျောစင်မြင့်ပေါ်ရှိ တပည့်များလည်း တုန်လှုပ်ခြောက်ခြားသွားဟန် အမူအရာတွေကို ထုတ်ဖော်နေကြပါသည်။ သူတို့သည် ဤလက်သီးတွင်ပါရှိသော ကြီးမားသော စွမ်းအားကို အလွန်မင်း အလှမ်းဝေးသော အကွာအဝေးမှပင် ခံစားနိုင်သည်။ ချင်ယွင်သည် ဤလက်သီးချက်ကို ခံနိုင်ရည်ရှိမည် မဟုတ်ဟု သူတို့ ခံစားရသည်။

“ဘုန်း…။

ထိတ်လန့်ခြောက်ခြားဖွယ် အပြင်းအထန် ထိပ်တိုက်တွေ့ဆုံမိသည့် အသံတစ်ချက် ထွက်ပေါ်လာခဲ့သော်လည်း၊ သူတို့ မျှော်လင့်ထားသည့် ပေါက်ကွဲသံမျိုး မကြားခဲ့ရပါဘူး။

ကြောက်မက်ဖွယ်ကောင်းသော လေလှိုင်းတွေက တုန်လှုပ်ချောက်ချားဖွယ် လှိုင်းလုံးများ ကဲ့သို့ လွင့်ပျံလာပြီး ကောင်းကင်လေ ရင်ပြင်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။ သို့သော်၊ ချင်ယွင်၏ ရုပ်အသွင်သည် မလှုပ်မယှက် ဖြစ်နေပြီး ချင်လန်၏လက်သီးကိုလည်း ချင်ယွင်၏ လက်တစ်ဖက်က ပိတ်ဆို့ထားလေသည်။

"မဖြစ်​နိုင်​ဘူး မဟုတ်လား?" ချင်လန်၏ မျက်နှာသည် နှိုင်းစာ၍မရအောင်ပင် ထိတ်လန့်တုန်လှုပ်သွားသည့် အမူအရာ ပေါ်လာပါသည်။ သူ၏ အစွမ်းထက်သော လက်သီးချက်ကို ချင်ယွင်က အလွယ်တကူ တားဆီးနိုင်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

ချင်လန် တင်မကဘဲ လွင့်မျောစင်မြင့်ပေါ်ရှိ တပည့်များလည်း အံ့သြ တုန်လှုပ်သွားကြရပါ ပြီ။ ထိုလက်သီးချက်တွင် ပါဝင်သော စွမ်းအားသည် အလွန်ကြောက်စရာကောင်းပြီး သူတို့၏နှလုံးသားများကို တုန်ခါစေသည်။ အကယ်၍၊ ဤလက်သီးချက်သာ၊ ကျရောက် သွားပါက၊ ၎င်းတို့သည် ကြယ်ဆယ်ခုအတွင်းမှာ ရှိနေလျှင်ပင် တိုက်ရိုက် ပေါက်ကွဲ ကောင်း ပေါက်ကွဲသွားနိုင်ပါသည်။

"သူ ဘယ်လို လုပ်လိုက်တာလဲ?" လူအုပ်ထဲက တစ်စုံတစ်ယောက် မထိန်းနိုင်ဘဲ မေးလိုက် မိပါသည်။

သို့သော်၊ လူတိုင်းက ခေါင်းယမ်းလိုက်ကြသည်။ ချင်ယွင်၏ ခွန်အားတွေ တိုးမြင့်လာသည့် အရှိန်ဟုန်က ကြီးမားလွန်းသည့်အတွက် ဖော်ပြ၍မရတော့ပါဘူး။

"အစ်ကိုကြီး၊ မင်းရဲ့လက်သီးတွေက ဘာလို့ ဒီလောက် ပျော့ညံ့နေရတာလဲ။ မင်းဟာက ဘာခွန်အားမှလည်း မရှိဘူး။ မင်းရဲ့ညီလေး မင်းကို လက်သီးထိုးနည်းလေး နည်းနည်း ပါးပါး ပြောပြပါရစေ" ထိုအချိန်တွင် ချင်ယွင်က လှောင်ပြောင်ပြောဆိုရင်း၊ သူ၏ ညာလက်ကို တင်းတင်းဆုပ်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော ဖင်းဂေါ့ဂ် စွမ်းအားက သူ၏ရှေ့ရှိ ဧရိယာကို ချက်ချင်း လွှမ်းခြုံသွားသည်။ နဂါးဟိန်းဟောက်သံ တစ်ချက် ထွက်ပေါ်လာပြီး နဂါးလက်သီး၏ စတုတ္ထမြောက် သိုင်းကွက်က ချက်ချင်းပင် အသက်ဝင်လာခဲ့သည်။

"မဟုတ်ဘူး.." ချင်လန်သည် ချင်ယွင်၏ လက်သီးတွင် ပြင်းထန်သော စွမ်းအားတွေ ပါဝင်နေသည်ကို ခံစားလိုက်ရပြီး၊ သူ၏ မျက်လုံးတွေထဲ ကြောက်ရွံ့မှု အရိပ်အယောင် ပေါ်လာပါသည်။ သူသည် အလျင်အမြန် နောက်ဆုတ်လိုက်ချင်သော်လည်း၊ ချင်ယွင်က သူ၏ လက်သီးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရပါသည်။

“ဘုန်း…”

သူ မတုံ့ပြန်နိုင်ခင်မှာ ချင်ယွင်၏ လက်သီးက သူ၏ဝမ်းဗိုက်ထဲကို ရွှေရောင် အလင်းတန်းနှင့် အတူ ထိုးဖောက် ဝင်ရောက်သွားခဲ့ပါပြီ။

ထိုအခိုက်တန့်တွင်၊ ချင်လန်သည် ကောင်းကင်ကြီး မှေးမှိန်သွားပြီး ကမ္ဘာကြီးတစ်ခုလုံး အရူးအမူး တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။ သူ၏ ရင်ဘတ်ရှိ ကြောက်မက်ဖွယ် နာကျင်မှုသည် သူ၏ဦးနှောက်ထဲသို့ ပြည့်လျှံသွားသကဲ့သို့ ပျံ့နှံ့လာခဲ့ပြီး၊ ယင်းက သူ့ကို ချက်ချင်းပင် မှင်သက်သွားစေခဲ့သည်။

“ဖူး..”

ချင်လန်သည် သွေးများကို ရူးသွပ်စွာ ထွေးထုတ်လိုက်ရသည်။ သူသည် မြေပြင်ပေါ်တွင် လူးလိမ့်ပြီး နောက်သို့ ပစ်လွင့်သွားကာ မြေပြင်ပေါ်တွင် တွင်းပေါက်များစွာ ဖန်တီးခဲ့လေ သည်။

All Chapters