အခန်း ၉၂၈
Vol. 62 Ch. 928
အခန်း (၉၂၈) နတ်ဘုရားသတ်ဖြတ်ခြင်းဆေဘာ။
ချင်လန်၏ မျက်နှာသည် ယခင်အခြေအနေနှင့် လုံးဝ ကွဲပြားသွားပြီး၊ သူမ၏ ခန္ဓကိုယ် တစ်ခုလုံးသည် သွေးများဖြင့် ဖုံးလွှမ်းနေပြီ။ သူသည် ဒဏ်ရာများဖြင့် ပြည့်နေခဲ့ပြီး၊ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ဝမ်းနည်းကြေကွယ်ဖွယ် အခြေအနေတွင် ရှိနေသည်ဟု ဆိုနိုင်ပါ သည်။
ချင်ယွင်၏ လက်သီးချက်သည် အလွန်ကြောက်စရာကောင်းသည်။ အကယ်၍ ၎င်းသည် ကောင်ကင်လေရင်ပြင်ရှိ အကာကွယ်အလင်းဒိုင်းနှင့် အကာကွယ်အစီအရင်ဝင်္ကပါတွေ ရှိနေခြင်းကြောင့်သာ၊ မဟုတ်ပါက၊ ချင်လန်သည် ကောင်းကင်လေအင်မော်တယ် ကျွန်းမှပင် တိုက်ရိုက် လွင့်ပျံသွားဖွယ် ရှိနေပါသည်။
ထိုအချိန်တွင် ချင်လန်၏ဆံပင်များက ရှုပ်ပွနေပြီး သူမ၏မျက်နှာမှာ သွေးများဖြင့် စွန်းထင်းနေသည်။ သို့သော် သူ့မျက်လုံးများသည် အလွန်မှိုင်းမှိုင်းနေ၏။
သတ်ဖြတ်လိုသောဆန္ဒ၊ အဆုံးမဲ့ သတ်ဖြတ်လိုသောဆန္ဒ။
ထိုအချိန်တွင် ချင်လန်သည် သူ၏ နှလုံးသားထဲတွင် ပြင်းထန်သော သတ်ဖြတ်လိုသည့် ဆန္ဒတစ်ခုသာ ရှိပါတော့သည်။ အရင်က သူ့ကို နင်းလျှောက်ခဲ့သည့် လူတစ်ယောက်က သူ့ကို လက်သီးတစ်ချက်ဖြင့် လွင့်ထွက်သွားစေခဲ့သည်။ ဤအရာက မည်မျှ အရှက်ရစရာ ကောင်းလိုက်သနည်း?
"အဆင်ပြေရဲ့လား?။ ငါ့ရဲအစ်ကိုကောင်းကြီး။ ငါ့လက်သီးက သန်မားသေးရဲ့လား" ချင်ယွင်က ချင်လန်ကို ကြည့်ရင်း လှောင်ပြောင် ရယ်မောလိုက်သည်။ ချင်လန်၏ သနားစဖွယ် အသွင်အပြင်ကို ကြည့်လိုက်ရင်း၊ သူ၏စိတ်ထဲ၌ လွန်စွာ ပျော်ရွှင်သွားနေ သည်။
ထိုအချိန်တုန်းက၊ ချင်လန်သည် သူ့ကို အထင်သေးခဲ့သည်။ ထိုအချိန်ကတည်းက, သူသည် ချင်လန်၏ ဘဝတသက်တာလုံး ပျော်ရွှင်ကျေနပ်နေသည့် အကြည့်ကို သတိရနေခဲ့ပြီး၊ ယခုမူ, ချင်လန် သူ့ကို ကြည့်နေသည့်ပုံစံက ထိုစဉ်က သူကို သူကြည့်နေသည့် ပုံစံနှင့် အလွန်ဆင်တူသည်။
ချင်ယွင်၏ လှောင်ပြောင်အသံကို ကြားလိုက်ရတော့ ချင်လန်၏ မျက်လုံးများက ပို၍ပင် နီရဲလာသည်။
"မင်း ငါ့ကို ဒီလိုပုံစံမျိုးနဲ့ အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား?။ ချင်ယွင်, မင်းက ငါ့ကို အရမ်းလျှော့တွက်လွန်းတယ်။ အစတုန်းကတော့ ငါ အဲဒီအရာကို မထုတ်ချင်ခဲ့ပေမယ့် မင်းက ငါ့ကို ဒီလိုလုပ်ခိုင်းတယ်။" ချင်လန်၏ အသံသည် ကမ္ဘာမြေပြင်ပေါ်သို့ ကျဆင်းလာသော ရေခဲပုလဲတစ်လုံးကဲ့သို့ ကျယ်လောင်ပြီး၊ ပြင်းထန်ကာ၊ သူ၏ လေသံသည်လည်း ပြင်းထန်သော အေးစက်မူကို ထုတ်ဖော်နေသည်။
"အိုး? မင်းမှာ ရတနာတွေ ရှိနေသေးတာလား?" ချင်ယွင်က ဂရုမစိုက်သလို လှောင်ပြောင်ကာ မေးလိုက်ပါသည်။
ချင်လန်သည် အစွမ်းထက်သော ရတနာများကို ထုတ်သုံးလာမည်ကို သူ မစိုးရိမ်ပါ။ ချင်လန်သည် အရှေ့ပိုင်းဧကရာဇ်ခေါင်းလောင်း သို့မဟုတ် ပန်ဂုပုဆိန်ကဲ့သို့ ရတနာမျိုးကို မထုတ်ယူနိုင်ခဲ့ပါက၊ သူ၏ နတ်နဂါးကျောက်စိမ်းတံဆိပ်ကို ဆန့်ကျင်တိုက်ခိုက်နိုင်မှာ မဖြစ်နိုင်ပေ။
နတ်နဂါးကျောက်စိမ်း တံဆိပ်၏ နတ်နဂါးချပ်ဝတ်ကို တစ်နှစ်လျှင် တစ်ကြိမ်သာ အသုံးပြု နိုင်သော်လည်း၊ နတ်နဂါးကျောက်စိမ်းတံဆိပ်၏ ကောင်းချီးပေးမူကိုတော့ အကန့်အသတ် မရှိ အသုံးပြုနိုင်ပါသည်။ ဤကောင်းချီးပေးမူမျှဖြင့် ဖရိုဖရဲ ကောင်းကင်ရတနာ အားလုံးကို ချေမှုန်းနိုင်ပါသည်။ ထို့ကြောင့်, ချင်လန်သည် မည်သည့် ရတနာများကို ထုတ်ယူလာသည် ဖြစ်စေ, သူသည် ချင်လန်ကို အဘယ်ကြောင့် ကြောက်ရမည်နည်း?။
"ဟမ့်၊ မင်း မသေခင်, ရတနာတွေရဲ့ အစွမ်းကို ငါ ပြသပေးမယ်" ချင်လန်က အေးစက်စွာ နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။ သူ စကားပြောပြီးသည်နောက်, သူ၏လက်ဖဝါးမှ ပြင်းထန်သော လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာသည်။
“ဘုန်း..”။
ကြီးမားလှသော အနက်ရောင် ဆေဘာတစ်လက်သည် ချင်လန်၏ရှေ့သို့ ပြင်းထန်စွာ ကျရောက်လာသည်။ ၎င်းထွက်ပေါ်လာပြီး မကြာခင်မှာပင်, ၎င်း၏ကိုယ်ထည် တစ်ဝက်သည် ကောင်းကင်လေရင်ပြင်၏ မြေပြင်ထဲသို့ ဝင်သွားသွားသည်။ တုနှိုင်းမရအောင် ထူထပ်သိပ်သည်းသည့် စွမ်းအင်အတက်အကျလှိုင်းက ထိုဧရာမ ဆေဘာကြီးကနေ ချက်ချင်း ထွက်ပေါ်လာပါသည်။
"ဒါ….၊ ဒါက…. ဖရိုဖရဲ ကောင်းကင်ရတနာအဆင့် သတ်မှတ်ချက်မှာ တတိယအဆင့်မှာ ရှိနေတဲ့ နတ်ဘုရားသတ်ဖြတ်ခြင်းဆေဘာများ ဖြစ်နိုင်မလား?" ဗဟုသုတ ကြွယ်ဝသည့် လူတစ်ဦးက ချက်ချင်း ထအော်သည်။
"မှန်တယ်၊ ဒါက နတ်ဘုရားသတ်ဖြတ်ခြင်း ဆေဘာပဲ။ ဒဏ္ဍာရီတွေအရတော့, ဒီဆေဘာက တန်ချိန်တစ်ရာအထိ အလေးချိန်ရှိပြီး ဝှေ့ယမ်းလိုက်တဲ့အခါမှာတောင် သူ့ရဲ့ စွမ်းအားက ကြောက်စရာကောင်းလွန်းတယ်။" အင်မော်တယ်ဘုရင် ကျွမ်းကျင်သူ တစ်ဦးကလည်း နတ်ဘုရားသတ်ဖြတ်ခြင်းဆေဘာကို ကြည့်ရင်း ရေရွတ်လိုက်သည်။
သူ၏ဘေးနားမှ လူများသည်လည်း အေးစက်သည့်လေကို ရှုရှိုက်လိုက်ကြသည်။ ဤ ချင်လန်သည် မူလကတည်းက တော်ဝင်တာအိုနယ်ပယ်၏ ပြီးပြည့်စုံခြင်း အဆင့် ကျင့်ကြံခြင်းစွမ်းအားကို ပိုင်ဆိုင်ထားသည်။ ယခု သူသည် နတ်ဘုရားသတ်ဖြတ်ခြင်း ဆေဘာကို အသုံးပြုခဲ့ပြီ။ ယင်းက ကျားတစ်ကောင်အား အတောင်ပံတပ်ပေးလိုက် သကဲ့သို့ပင်။ သူသည် သူ၏ ခွန်အားကို အပြည့်အဝ ထုတ်ဖော်နိုင်တော့မည်။
"ချင်ယွင် ဒီနေရာမှာ ပြိုလဲသွားမှာကို ငါ ကြောက်မိတယ်။ ချင်လန်ရဲ့ ခွန်အားနဲ့အတူ နတ်ဘုရားသတ်ဖြတ်ခြင်းဆေဘာနဲ့ဆိုပါက၊ ချင်ယွင်ရဲ့ခန္ဓာကိုယ်ဟာ ဘယ်လောက်ပဲ ကြံ့ခိုင်နေပါစေ သူ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။" တစ်စုံတစ်ယောက်က ပြောပြီးသည်နှင့် ချင်ယွင်ကိုကြည့်လိုက်ပြီး၊ သူ၏အကြည့်တွေက သနားသည့်အရိပ်တွေ ရှိနေပါသည်။
ဤလူ၏စကားသည် ကျိုးကြောင်းဆီလျော်သည်ဟု ခံစားရသဖြင့် အခြားလူများလည်း ခေါင်းညိတ်ကြသည်။
"ကျုပ်တော့ အဲဒီလိုမထင်ဘူး။ ချင်ယွင်က ဟွန်ထန်းလုံရဲ့ အမွေကို ရရှိခဲ့တယ်ဆိုတာကို အားလုံး မေ့နေကြပြီလား?။ အဲဒီအချိန်တုန်းက ဟွမ်ထန်းလုံ သူနဲ့အတူ သိမ်းယူသွားခဲ့တဲ့ ဖရိုဖရဲ ရတနာနှစ်ခုက သူ့ရဲ့လက်ထဲမှာ ရှိနေခဲ့တာ ဖြစ်နိုင်တယ်။" တစ်စုံတစ်ယောက်က ပြန်ပြောသည် ။
"ဟမ့်၊ သူက ရှေးဟောင်း ဖရိုဖရဲ ရတနာတွေကို ရရှိခဲ့ရင်တောင် သူက အသုံးပြုနိုင်မှာတဲ့ လား?။ ဟွမ်ထန်းလုံလောက် ကြီးကျယ်ခမ်းနားမှု မရှိဘူးဆိုရင်၊ အင်မော်တယ်ဧကရာဇ် အဆင့်အောက်ရှိ ဘယ်သူရောက် ရှေးဟောင်း ဖရိုဖရဲရတနာကို အသုံးပြုနိုင်မှာလဲ?။ အရင်ဆုံး စကားစပြောသည့်လူက တင်းမာသောလေသံဖြင့် ပြောသည်။
လူတိုင်းသည် ဤစကားက ကျိုးကြောင်းဆီလျော်သည် ခံစားရသည်။ ဤရှေးဟောင်း ဖရိုဖရဲ ရတနာများသည် သူတို့အလိုရှိသလို စိတ်တိုင်းကျ မည်သူမဆို အသုံးပြုနိုင်သော အရာမဟုတ်ပါ။ သို့သော် ဤအခိုက်အတန့်တွင် အတွေးတစ်ခုက သူတို့၏ နှလုံးသားထဲ တွင် အထိန်းကွပ်မဲ့ ပေါ်လာသည်။ ဒီချင်ယွင်ကရော မွန်းစတားတစ်ကောင် မဟုတ်ဘူးလား?။
ထုံးစံအတိုင်းဆို, ဤအဖြေက အံ့သြစရာ မဟုတ်ပါချေ။ ဤချင်ယွင်သည် ဟွမ်ထန်းလုံနှင့် ယှဉ်နိုင်သော မွန်းစတားတစ်ကောင် ဖြစ်ပါသည်။
ချင်လန်သည် ချင်ယွင်၏လက်ထဲတွင် ဖရိုဖရဲ ရတနာတစ်ခု ရှိနေနိုင်သည်ကို သဘာဝကျကျ သိထားသော်လည်း, ချင်ယွင်က ၎င်းကို အသုံးပြုနိုင်မည်ဟု သူ မထင်ခဲ့ပေ။ အကယ်၍၊ ရှိနေသည်ဆိုလျှင်ပင်, အသုံးမပြုနိုင်ပါက အဓိပ္ပါယ်မဲ့သွားပါလိမ့်မည်။
"ဒါက ငါရဲ့ နတ်ဘုရားသတ်ဖြတ်ခြင်း ဆေဘာကို ပထမဆုံးအကြိမ် အသုံးပြုတာပဲ။ ဒီနေ့တော့ ငါ့ရဲ့နတ်ဘုရားသတ်ဖြတ်ခြင်းဆေဘာကို ယဇ်ပူဇော်ဖို့အတွက် မင်းရဲ့သွေးကို ငါ အသုံးပြုမယ်။" ချင်ယွင်ကို စိုက်ကြည့်နေရင်း ချင်လန်၏ မျက်လုံးများသည် သတ်ဖြတ်လိုသည့် ဆန္ဒများဖြင့် ပြည့်နှက်နေခဲ့သည်။ တစ်ချိန်တည်းမှာပင် သူသည် သူ၏လက်ကို နတ်ဘုရားသတ်ဖြတ်ခြင်းဆေဘာ၏ ဓားရိုးပေါ်တွင် တင်လိုက်သည်။
ချီး…..။
ချင်လန်သည် မြေထဲစိုက်ဝင်နေသော နတ်ဘုရားသတ်ဖြတ်ခြင်း ဆေဘာကို ဆွဲထုတ်ကာ ချင်ယွင်ကို ထိုးညွှန်လိုက်သည်။
ထိုမြင်ကွင်းကို မြင်တော့ ချင်ယွင်က ပေါ့ပေါ့ပါးပါး ပြုံးပြပြီး ပြောသည် "မင်းက ရတနာချင်း ယှဉ်ပြိုင်ချင်မှတော့, ရတနာအစစ်က ဘယ်လိုလဲဆိုတာ ငါ မင်းကို မြင်တွေ့ခွင့်ပေးမယ်။"
ထိုစကားပြောပြီးသည်နှင့်, ချင်ယွင်၏ ခန္ဓာကိုယ်မှ နဂါးဟိန်းဟောက်သံ ထွက်ပေါ်လာ သည်။ ထို့နောက်တွင်၊ ရွှေရောင်နဂါးရုပ်အသွင်သည် သူ၏ ကောင်းကင်ဝိညာဉ်အလွှာထဲမှ ပြေးထွက်လာပြီး, သူ၏ခေါင်းထက်တွင် နဂါးပုံသဏ္ဍာန် ကျောက်စိမ်းတံဆိပ်တစ်ခု ထွက်ပေါ်လာသည်။ နဂါးပုံသဏ္ဍာန် ကျောက်စိမ်းတံဆိပ်သည် ကြောက်မက်ဖွယ် ကောင်းသော နဂါးတစ်ကောင်၏ အငွေ့အသက်ကို ထုတ်လွှတ်နေသည်။
"ဒါက ဒဏ္ဍာရီလာ နတ်နဂါး ကျောက်စိမ်းတံဆိပ် ဖြစ်မလား?။"
လွင့်မျောစင်မြင့်ပေါ်ရှိ လူတိုင်းသည် ချင်ယွင်၏ ဦးခေါင်းထက်တွင် လွင့်မျောနေသော နဂါးပုံသဏ္ဍာန် ကျောက်စိမ်းတံဆိပ်ကို စိုက်ကြည့်နေစဉ်, သူတို့၏မျက်လုံးများသည် ပြူးကျယ်သွားကြပါသည်။ သူတို့၏ မျက်လုံးများသည် စိတ်အားထက်သန်မှုနှင့် မနာလိုမှု များဖြင့် ပြည့်နှက်နေသည်။
"ဒါက နတ်နဂါးကျောက်စိမ်း တံဆိပ်ပဲ။ လုံးဝ မမှားနိုင်ဘူး။ ဒါက ငါတို့နတ်ဆိုးသားရဲ မျိုးနွယ်ရဲ့ အဖိုးတန်ဆုံး ရတနာတစ်ခုပဲ" လွင့်မျောစင်မြင့်ပေါ်ရှိ နတ်ဆိုသားရဲမျိုးနွယ်စုဝင် တပည့်တွေက ချက်ခြင်း ပြောလိုက်သည်။ နတ်နဂါးကျောက်စိမ်းတံဆိပ်မှ ထွက်လာသော နဂါးတစ်ကောင်၏ ခမ်းနားထည်ဝါမူကို သူတို့ ခံစားနိုင်ပါသည်။ ဤနဂါးတစ်ကောင်၏ ခမ်းနားထည်ဝါသော အငွေအသက်သည် သူတို့၏ စိတ်နှလုံးအောက်ခြေထိတိုင် စိမ့်ဝင်စေ နေခဲ့သည်။ ထို့ကြောင့်, ဤအရာသည် နတ်နဂါးကျောက်စိမ်း တံဆိပ်ဖြစ်သည်ကို တစ်ချက် ကြည့်ရုံဖြင့်ပင် ပြောနိုင်ပါသည်။
နတ်နဂါးကျောက်စိမ်း တံဆိပ်သည် အင်မော်တယ်ကမ္ဘာ၌ တစ်ဖန်ပြန်ပေါ်လာခဲ့ပြီး၊ လူတိုင်းကို ဖော်မပြနိုင်လောက်အောင် ခံစားရစေသည်။
ထိုအချိန်တွင်၊ ချင်လန်၏မျက်နှာသည် အမှန်တကယ်ပင် ဖြူဖျော့သွား၏။ ချင်ယွင်သည် နတ်နဂါးကျောက်စိမ်း တံဆိပ်ကို အမှန်တကယ် အသုံးပြုနိုင်လိမ့်မည်ဟု သူသည် မမျှော်လင့်ထားခဲ့ပါချေ။ သေချာပါသည်။ သူ၏စိတ်နှလုံးသားထဲတွင် မနာလိုစိတ်က ပြင်းထန်စွာ ဖြစ်ပေါ်လာသည်။
"မဟုတ်ဘူး၊ ငါ သူ့ကိုသတ်ပြီး သူ့ရဲ့ ဖရိုဖရဲရတနာကို သိမ်းဆည်းရမယ်။ နတ်နဂါး ကျောက်စိမ်းတံဆိပ်က သူ့အပေါ်မှာ ရှိနေတဲ့အတွက် ကြည်လင်ကောင်းကင်ဓားကလည်း သူ့ကိုယ်အပေါ်မှာ ရှိနေရမယ်။" ချင်လန်သည် သူ၏စိတ်ထဲတွင် သူ့ကိုယ်သူ ရေရွတ်လိုက် ပြီး သူ၏ မျက်လုံးထဲရှိ သတ်ပစ်လိုစိတ်က ပို၍ပင် ပြင်းထန်လာခဲ့သည်။
ဘန်း…။
ချင်လန်သည် သူ၏လက်ထဲတွင် နတ်ဘုရားသတ်ဖြတ်ခြင်း ဆေဘာကို ဝှေ့ယမ်းကာ ချင်ယွင်ဆီသို့ ပြေးဝင်လိုက်လေသည်။ နတ်ဘုရားသတ်ဖြတ်ခြင်းဆေဘာသည် ရှေးဟောင်းသားရဲတစ်ကောင်ကဲ့သို့ အော်ဟစ်ဟစ်ကာ ကောင်းကင်ယံကို ချိုးဖြတ် သွားခဲ့သည်။ ၎င်းတွင်ပါရှိသော စွမ်းအားသည် အလွန်မင်း ကြောက်မက်ဖွယ် ကောင်းလွန်း သည်။ ထက်ရှသော ဓားသွားသည် အေးစက်သော အလင်းရောင်ဖြင့် ဝင်းလက်တောက်ပ လာကာ မြင်ရသူတိုင်းကို အသက်ရှူကြပ်သွားသလို ခံစားရစေ သည်။
သို့သော်, ချင်ယွင်သည် ဤကြောက်မက်ဖွယ်ကောင်းသော ဆေဘာကို မြင်လိုက်ရသည့် အခါတွင်၊ သူ၏ပါးစပ်ထောင့်မှ အပြုံးမပျက် ထွက်ပေါ်လာသည်။ ထို့နောက်၊ နတ်နဂါး ကျောက်စိမ်းတံဆိပ်သည် ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ဝင်ရောက်လာသည်။ နတ်နဂါးကျောက်စိမ်းတံဆိပ် ဝင်ရောက်သွားစဉ်မှာ ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်တွင် ရွှေနဂါး အလွှာတစ်ခု ပေါ်လာသည်။ ချင်ယွင်၏ ခွန်အားသည် ချက်ချင်းပင် ကြောက်မက်ဖွယ် အဆင့်သို့ တိုးမြင့်လာခဲ့သည်။
"ငရဲကိုသွားလိုက်တော့..”။ ချင်လန်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။ နတ်ဘုရား သတ်ဖြတ်ခြင်းဆေဘာဖြင့် ချင်ယွင်၏ ခေါင်းကိုပင် ဟက်တက် ခွဲချလိုက်ရသည်။ တော်ဝင်တာအိုနယ်ပယ်၏ ပြီးပြည့်စုံခြင်းအဆင့် ကျွမ်းကျင်သူများပင်လျှင် ၎င်းခုတ်ပိုင်း ချက်ကြောင့် နောက်ဆုတ်ရပေလိမ့်မည်။
"ဟမ့်…..။ ချင်ယွင်က လှောင်ရယ်ရယ်လိုက်ပြီး ရှောင်တိမ်းခြင်းမရှိဘဲ လျှပ်စီးလက်သလို လက်နှစ်ချောင်းကို ဆန့်လိုက်သည်။
ချွင်….။
ချင်ယွင်၏ လက်နှစ်ချောင်းကြောင့် နတ်ဘုရားသတ်ဖြတ်ခြင်းဆေဘာသည် တန့်သွားခဲ့ရ သည်။ ထက်ရှသောဓားသွားသည် ချင်ယွင်၏ မျက်နှာနှင့် တစ်လက်မမျှသာ ကွာဝေးတော့ သော်လည်း နောက်တစ်လက်မ ရှေ့တိုးရန်ပင် အခွင့်အလမ်း မရှိခဲ့ပေ။
ချင်လန်၏ နှလုံးသည် ခုန်သွားခဲ့ရပါပြီ။ သူ၏မျက်လုံးများသည် ချက်ချင်းပင် တုန်လှုပ် ခြောက်ခြားလာခဲ့သည်။ ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခုက သူ၏နှလုံးသားထဲ သို့ တိုးဝင်လာခဲ့သည်။