အခန်း ၉၂၉
Vol. 62 Ch. 929
အခန်း (၉၂၉) အရာအားလုံးကို ပြန်သိမ်းယူခြင်း။
ချင်လန်သည် သူ၏ ခွန်အား အားလုံးကို လက်တွေ့ကျကျ အသုံးပြုခဲ့သော်လည်း၊ သူသည် နတ်ဘုရားသတ်ဖြတ်ခြင်းဆေဘာကို အနည်းငယ်မျှပင် လှုပ်ခါနိုင်စွမ်း မရှိခဲ့ပါချေ။ နတ်ဘုရားသတ်ဖြတ်ခြင်း ဆေဘာသည် ချင်ယွင်၏လက်ထဲတွင် ခိုင်မြဲစွာ ချည်နှောင် ထားသကဲ့သို့ ဖြစ်နေပါသည်။
"မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး။" ချင်လန်က မယုံနိုင်စွာ ခေါင်းခါလိုက်သည်။
ချင်ယွင်၏ နှုတ်ခမ်းများသည် အပြုံးတစ်ခုဟန် တွန့်ကွေးသွား၏။ ချင်လန်၏ လက်ရှိ အမူအရာကို သူ အလွန်ကျေနပ်နေမိသည်။
"မင်းက ငါ့ကို ဒီဆေဘာနဲ့ သေတဲ့အထိ မခုတ်ပိုင်းချင်ခဲ့ဘူးလား?။ မင်း ဘာလို့ မတိုက်ခိုက်တာလဲ?" ချင်ယွင်က ချင်လန်ကို ကြည့်ရင်း ရယ်မောလိုက်ပြီး၊ သူ၏ မျက်လုံးတွေထဲ အဆုံးမဲ့ လှောင်ပြောင်မှုတွေ ပြည့်နှက်နေခဲ့သည်။
ချွင်…။
ချင်ယွင်သည် သူ၏လက်ချောင်းကို လိမ်လိုက်ပြီး၊ ချင်လန်၏လက်မှ နတ်ဘုရား သတ်ဖြတ်ခြင်းဆေဘာသည်လည်း ပြေးထွက်သွားခဲ့သည်။ ၎င်းသည် အနက်ရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကြမ်းပြင်ပေါ် တဝက်ကျော်သည်အထိ မြေပြင်သို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။
ချင်လန်သည် တုန်ရီနေသော သူ၏လက်များကို ကြည့်လိုက်ရင်း သူ၏ မျက်နှာသည် မယုံကြည်နိုင်သည့် အမူအရာဖြင့် ပြည့်နှက်နေသေးသည်။
"ဒါ!"
ချင်ယွင်သည် ချင်လန်ရှိရာဆီသို့ ခြေတစ်လှမ်းချင်း လှမ်းလာခဲ့ပြီး၊ သူ၏ခြေထောက် အောက်မှ ကြမ်းပြင်သည် ကွဲအက်သွားသည်။
"မင်း...မလာနဲ့.. မလာနဲ့.." ချင်လန်သည် မသိစိတ်က ဆုတ်ခွာချင်နေကာ၊ သူ၏ မျက်လုံးများက နှိုင်းပြ၍မရအောင်ပင် ထိတ်လန့်ခြောက်ခြားသည့် အမူအရာ ဖြစ်ပေါ်နေသည်။
ချင်ယွင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ သူ၏ခြေရာတွေက ရပ်တန့်မသွားခဲ့ပါဘူး။ သူလှမ်းလိုက်သည့် ခြေလှမ်းတိုင်းက ပြင်းထန်သော စွမ်းအားတွေ ပါ၀င်နေခဲ့သည်။
ချင်လန်သည် ပါးစပ်မှ သွေးတပွက် အန်ထုတ်လိုက်ပြီး၊ ချင်ယွင်ကို ထိတ်လန့်တကြား ကြည့်နေသည်။ ချင်ယွင် လှမ်းလိုက်သည့် ခြေလှမ်းတိုင်း သူ၏ရင်ဘတ်ကို တက်နင်းသွား သကဲ့သို့ သူ၏နှလုံးသားကို နာကျင်စေပါသည်။
ချင်လန်သည် သူရှေ့မှ အဖြစ်ပျက်တွေကို မယုံကြည်နိုင်လောက်အောင်ပင် ဖြစ်နေခဲ့သည်။ ချင်ယွင်၏ ခွန်အားသည် သူ့မျှော်လင့်ချက်ထက် များစွာ ကျော်လွန်သွားခဲ့သည်။
"ဟမ့်၊ ဟိုတုန်းက မင်း ငါ့ကို လျှို့ဝှက်ကြံစည်ခဲ့စဉ်တုန်းက, မင်းဟာ ငါ့ရဲ့ ရှေးဟောင်း ဖရိုဖရဲ အင်မော်တယ်အရိုး အနှစ်သာရကိုတောင် လုယက်ခဲ့တယ်။ မင်း ဒီလို အဆုံးသတ် ရလိမ့်မယ်လို့ တစ်ခါမှ အိပ်မက် မမက်ဖူးဘူး ဟုတ်တယ်မဟုတ်လား?။" ချင်ယွင်၏ မျက်လုံးများသည် အေးစက်သော အလင်းရောင်ကဲ့သို့ စူးရှနေပြီး၊ သူ၏ပါးစပ်ထောင့်ရှိ လှောင်ပြောင်ပြောဆိုသံက အဆုံးမရှိ ဝမ်းနည်းပူဆွေးမှုများ သယ်ဆောင်လာသည်။
"မင်း...မလာနဲ့။" ချင်လန်သည် နောက်ဆုတ်သွားခဲ့သည်။ ဤအခိုက်အတန့်တွင်၊ သူ၏ရှေ့ရှိ ချင်ယွင်သည် အနှိုင်းမဲ့ မြင့်မားလာခဲ့ပြီး၊ သူသည် အနှိုင်းမဲ့ သေးငယ်သွားသလို ခံစားလိုက်ရသည်။
လွင်မျောစင်မြင့်ပေါ်ရှိ လူအုပ်ကြီးသည် ကောင်းကင်လေရင်ပြင်ပေါ်ရှိ မြင်ကွင်းကို စိုက်ကြည့်နေကြသည်။ ချင်ယွင်၏ ခွန်အားက သူတို့ကို ထိတ်လန့်သွားစေခဲ့ပြီ။ ဤအခိုက်အတန့်တွင် ချင်ယွင်၏ ကိုယ်ပေါ်ရှိ ဖိနှိပ်ထားသော သတ်ဖြတ်လိုသည့် ဆန္ဒကို သူတို့ ခံစားနိုင်ကြသည်။ ထိုသတ်ဖြတ်လိုစိတ်က သူတို့၏ နောက်ကျောကို အေးစိမ့်သွား စေခဲ့သည်။
"ဟမ့်၊ ဒီနေ့ မင်းရဲ့ ရှေးဟောင်း ဖရိုဖရဲ အင်မော်တယ်အရိုးတွေကို ဖယ်ထုတ်ခံရတဲ့ ခံစားချက်ကို မင်းကို မြည်းစမ်းခွင့်ပေးမယ်။" ချင်ယွင်က အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏မျက်လုံးများက ရုတ်တရက် စူးရှလာသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဖိနှိပ်ထားသော သတ်ဖြတ်လိုသည့်ဆန္ဒသည်လည်း ယခုအချိန်တွင် ဖိနှိပ်ထားခြင်းမရှိ ပေါက်ကွဲထွက် လာခဲ့သည်။
ကွင်းပြင်ပေါ်ရှိ လေထုသည် ရုတ်တရက် ခိုင်မာလာပြီး၊ ကောင်းကင်လေ ရင်ပြင် တစ်ခုလုံးရှိ လူတိုင်းသည် နှလုံးခုန်ပြီး စိတ်ဓာတ်ကျသွားကြသည်။
ထိုအချိန်တွင် ချင်လန်သည် ပို၍ပင် ကြောက်လန့်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ရှေ့တွင် သရဲတစ္ဆေသဏ္ဍာန် ပုံရိပ်တစ်ခု ပေါ်လာသည်ကို မြင်သောကြောင့် ဖြစ်ပါသည်။ သူသည် ကမန်းကတန်း ရှောင်တိမ်းလိုက်ချင်သော်လည်း၊ လက်တဖက်က လျှပ်စီးလက်သလို ထွက်ပေါ်လာပြီး၊ သူ၏လည်ပင်းကို တိုက်ရိုက် ဖမ်းဆုပ်လိုက်သည်။ ကြောက်စရာကောင်းသော အင်အားတစ်ခုက ချင်လန်ကို ချက်ချင်း ချုပ်နှောင်ထား လိုက်သည်။
“ဘုန်း..”။
ချင်ယွင်၏လက်သီးသည် ချင်လန်၏ ဝမ်းဗိုက်ပေါ်သို့ ကျရောက်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခုက သူ၏လက်သီးမှ ထွက်ပေါ်လာပြီး ချင်လန်၏ ဒန်တီယန်ကို ဖြိုခွဲပစ်လိုက်သည်။
စုပ်ယူခြင်းစွမ်အားတစ်ခု ထွက်ပေါ်လာပြီး ချင်လန်၏ ဒန်တန်ရှိ အင်မော်တယ် အနှစ်သာရ ကို ချင်ယွင်က လုံး၀ ဝါးမျိုသွားခဲ့သည်။
"မဟုတ်ဘူး" ချင်လန်၏ မျက်လုံးများက လုံးဝကို ထိတ်လန့်သွားခဲ့သည်။ အင်မော်တယ် အနှစ်သာရမရှိဘဲ၊ သူ၏ တိုက်ခိုက်ရေးစွမ်းအားသည် အလွန်အမင်း အားနည်းသွားခဲ့သည်။ အကယ်၍၊ သူသည် သူ၏ဒန်တန်ကို ပြုပြင်ချင်သည်ဆိုလျှင်ပင်၊ သူသည် အချိန်တိုအတွင်း ပြုပြင်နိုင်လိမ့်မည် မဟုတ်ပေ။
"သိပ်ကို ကြောက်သွားတာလား။ ချင်လန်၊ ဒါက အစပဲ ရှိသေးတယ်။ ကောင်းမွန်တဲ့ ပြကွက်တွေ ဆက်ရှိနေသေးတယ်” ချင်ယွင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ သို့သော် လူတိုင်းသည် သူ၏ အပြုံးတွင် ပြင်းထန်သော အေးစက်မှုကို ခံစားနိုင်သည်။
"ချင်ယွင်၊ ငါ့ကို မသတ်ပါနဲ့။ ငါက မင်းရဲ့အစ်ကိုကြီးလေ။ မင်း ငယ်ငယ်ကတည်းက တိုက်ခိုက်ခြင်းပညာရပ်တွေ သင်ပေးခဲ့တာကို မင်း မေ့သွားပြီလား?" ချင်လန်က အလျင်စလို ပြောပြီး သူ၏မျက်လုံးများတွင် သနားညှာတာပေးရန် တောင်းခံသည့် အမူအရာဖြင့် ပြည့်နှက်နေသည်။
ချင်ယွင်သည် ထိုစကားကို ကြားသောအခါတွင် သူ၏ ပါးစပ်ထောင့်မှ အထင်အမြင် သေးသည့် အေးစက်စက် အပြုံးတစ်ခု ထွက်ပေါ်လာသည်။
အရင်တုန်းက ချင်လန်သည် သူ့ကို တစ်ရက်လေးတောင်မှ ရိုးရိုးသားသား မဆက်ဆံခဲ့ပါ ဘူး။ အရင်တုန်းက အရပ်မြင့်မြင့် သူ့အစ်ကိုကြီး၏ ပုံရိပ်တွေက လုံးဝကို အတုအယောင် တွေ ဖြစ်နေခဲ့သည်။ အရင်တုန်းက သူသည် ချင်လန်၏ လှည့်ကွက်တွေကို မမြင်နိုင်လောက်အောင် ငယ်ရွယ်သေးသော်လည်း၊ ယခုအချိန်မှာတော့ သူသည် ချင်လန်၏ မျက်နှာကို မည်သို့ ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘဲ ရှိမည်နည်း?။
"ဟုတ်ပါတယ်လေ၊ မင်း အရင်တုန်းက ဘယ်လိုတိုက်ရမယ်ဆိုတာ သင်ပေးခဲ့ပါတယ်။" ချင်ယွင်က နတ်ဆိုးဆန်သည့် အမူအရာဖြင့် ပြောလိုက်သည်။
ချင်လန်သည် ထပ်ခါတလဲလဲတီးခတ်နေသော ဗုံတစ်လုံးကဲ့သို့ အလျင်အမြန် ခေါင်းညိတ် လိုက်ပြီး သူ၏ မျက်လုံးများက ဝင်းလက်တောက်ပနေသည်။
“အား…”။
သို့သော် သူ၏မျက်နှာပေါ်ရှိ အပြုံးပီတိများ လျော့ကျသွားခင်၊ သူ၏ ဘယ်ဘက် လက်မောင်းကို ချင်ယွင်က အတင်းအကျပ် ဆွဲဖြဲပစ်လိုက်သည်။ ပြင်းထန်သော နာကျင်မှုကြောင့် ချင်လန်သည် ကြေကွဲဖွယ်ရာ နာကျင်မှုကို ခံစားလိုက်ရသည်။
"မင်း... မင်း အရမ်းကို ရက်စက်တာပဲ" ချင်လန်သည် ပြင်းထန်သော ဝေဒနာကို ခံနိုင်ရည်ရှိအောင် ကြိုးစားရင်း ပြောလိုက်သည်။ ချင်ယွင်ကိုကြည့်သည့် သူ၏ အကြည့်များက ပြင်းထန်သော အမုန်းတရားများဖြင့် ပြည့်နှက်နေခဲ့သည်။
"ငါက ရက်စက်တယ်။ မင်းလောက် ရက်စက်နိုင်ပါ့မလား?" ချင်ယွင်က လှောင်ပြောင်ပြီး ချင်လန်၏ ဒူးပေါ်ကို တိုက်ရိုက် ကန်ချလိုက်သည်။
“ဖျစ်…ဖျစ်…”။
ချင်လန်၏ ဒူးခေါင်းသည် ချက်ချင်း ကျိုးကြေသွားပြီး မြေပြင်ပေါ်တွင် ဒူးထောက် လိုက်ရ သည်။ အရိုးကျိုးသည့် ဝေဒနာက သူ၏ဦးရေပြားကို ထုံသွားစေသည်။
သူ၏ ဒန်တန်သည် သုံးစားမရဖြစ်သွားခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်ထဲတွင် အင်မော်တယ် စွမ်းအင် မရှိတော့ပါ။ ဆိုလိုသည်မှာ, သူ၏ခန္ဓာကိုယ်သည် သာမန်သေမျိုးများထက် အနည်းငယ် ပိုသန်မာရုံသာ ရှိပါတော့သည်။ သဘာဝအတိုင်း၊ သူသည် နာကျင်မှုကို အမှန်တကယ် ခံစားရပါသည်။ ထို့ကြောင့် ချင်လန်၏ ခန္ဓာကိုယ်မှ ထွက်လာသော နာကျင်မှုသည် သူ့ကို အလွန်နာကျင်စေ၍ ဖြစ်ပါသည်။
ဟုတ်ပါသည်၊ အရေးကြီးဆုံးကတော့ သူသည် အလွန်မင်း အရှက်ကွဲမူကို ခံစားနေရသည်။ လူအများရှေ့မှာ ချင်ယွင်၏ အရှက်ခွဲမှုကိုခံလိုက်ရတော့၊ သူသည် ဤဖြစ်ရပ်မှန်ကို သူ၏စိတ်ထဲမှာ လက်မခံနိုင်ပါဘူး။
"ချင်လန်၊ ဘယ်လိုလဲ။ အရိုးကျိုးသွားတဲ့အရသာ ဘယ်လိုခံစားရလဲ?။" ချင်ယွင်က ရယ်မောရင်း မေးလိုက်သည်။
အကယ်၊ သူသည် ဖရိုဖရဲ အင်မော်တယ်အရိုး၏ အနှစ်သာရကို စုပ်ယူချင်သည်ဆိုလျှင်၊ သူ၏ ခန္ဓာကိုယ်ထဲမှ အရိုးအားလုံးကို ခွဲထုတ်ပြီးမှ၊ ရှေးဟောင်း ဖရိုဖရဲ အင်မော်တယ် အရိုး၏ အနှစ်သာရကို ထုတ်ယူနိုင်ပါမည်။ ထိုအချိန်တုန်းက ချင်လန်သည် သူ၏ကျင့်ကြံမူကို သုံံးစားမရဖြစ်အောင် လုပ်ခဲ့သည်။ ထို့နောက် သူသည် သူ၏အရိုးများကို တစ်ခုပြီးတစ်ခု ဖြတ်ထုတ်ကာ သူ၏ ရှေးဟောင်း ဖရိုဖရဲ အင်မော်တယ်အရိုး အနှစ်သာရကို ထုတ်ယူခဲ့ခြင်း ဖြစ်သည်။ ချင်ယွင်သည် ထိုလူမဆန်စွာ ညှဉ်းပန်း နှိပ်စက်မှုမှ ကြောက်ရွံ့ထိတ်လန့်မှုကို မသိစိတ်က ခံစားနေရဆဲ ဖြစ်သည်။
“ဖျစ်…။
ချင်ယွင်က ကန်ချက် ပြင်းပြင်းဖြင့် ချင်လန်၏ အခြားခြေထောက် အရိုးတွေကို ချိုးပစ် လိုက်ပြီး၊ သူ့ကို မြေပြင်ပေါ်တွင် ဒူးထောက်ပြီး လုံးလုံးလျားလျား ပုံကျသွားစေခဲ့သည်။
ချင်လန်၏နဖူးသည် ချွေးများဖြင့် ဖုံးလွှမ်းနေပြီး၊ သူ၏မျက်နှာသည် နီမြန်းနေသည်။ ချင်ယွင်ကိုကြည့်သည့် သ်၏အကြည့်တွေက ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
လွင့်မျောစင်မြင့်ပေါ်တွင် ဟူဖန်းသည် ဤမြင်ကွင်းကို ကြည့်ပြီး၊ သူမ၏ လက်သီးများကို တင်းတင်းဆုပ်ထားကာ၊ သူ၏မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နေခဲ့သည်။
သူမသည် ချင်လန်ကို အလွန် ချစ်ခင်နှစ်သက်သူ ဖြစ်သည်။ ချင်လန် မည်သည့်အရာ လုပ်လုပ် သူမ ဂရုမစိုက်ပါဘူး။ ယခု ချင်ယွင်သည် ချင်လန်ကို ထိုကဲ့သို့ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခြင်းက သူမ၏စိတ်ထဲရှိ သတ်ဖြတ်လိုသော ဆန္ဒသည် ပေါက်ကွဲလုနီးပါး ကြီးထွားလာခဲ့သည်။
သို့သော်လည်း စိန်ခေါ်မှုစတင်သည်နှင့်တပြိုင်နက်, ချင်ယွင်က ချင်လန်ကို လွှတ်ပေးရန် သဘောတူခြင်း မရှိပါက ဤတိုက်ပွဲကို မည်သူမျှ အဆုံးသတ်နိုင်မည် မဟုတ်ပေ။ ချင်ယွင်က ချင်လန်ကို လွှတ်ပေးဖို့ဆိုသည်မှာ မဖြစ်နိုင်ဘူးဆိုသည်ကိုလည်း သူမ သိပါသည်။
"ချင်ယွင်, တကယ်လို့၊ နင် ချင်လန်ကို သတ်ရဲတယ်ဆိုရင်၊ ငါ နင့်ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး" ဟူဖန်း၏ မျက်လုံးများသည် အလွန်အမင်း အေးစက်နေပြီး၊ သူမ၏ မြေခွေးလို မျက်လုံးများတွင် အေးစက်သော အလင်းရောင်သည် မြွေပွေးနှင့် ကင်းမြီးကောက်ကဲ့သို့ပင် ရက်စက်ကြမ်းကြုတ်လှသည်။
‘ဖျစ်… ဖျစ်”
အရိုးအက်ကွဲသံများ ကွင်းပြင်ထဲမှ အဆက်မပြတ် ထွက်ပေါ်လာပြီး ချင်လန်၏ သနားစဖွယ် အော်သံများသည် ကောင်းကင်လေရင်ပြင်ထဲတွင် ဆက်တိုက်ဆိုသလို ပဲ့တင်ထပ် ထွက်ပေါ်နေခဲ့သည်။ လွင့်မျောစင်မြင့်ပေါ်ရှိ တပည့်များအားလုံးသည် သည်းမခံနိုင်သည့် အမူအရာများကိုပင် ထုတ်ဖော်လာကြသည်။
ခြွင်းချက်မရှိ အရိုးပေါင်း ၂၀၆ ခု စလုံးကို ချင်ယွင်က ရိုက်ချိုးပစ်ခဲ့သည်။ ချင်လန်သည် ရွှံ့နွံကဲ့သို့ မြေပြင်ပေါ်တွင် လဲလျောင်းနေရပြီး, သူ၏ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့် စိုရွှဲနေသည်။
"ဟိုတုန်းက မင်း ငါ့ဆီက ယူခဲ့သမျှအရာအားလုံးကို ပြောင်းလဲယူဖို့အတွက် အချိန်တန်ပြီ" ချင်ယွင်က တဟားဟား ရယ်မောလိုက်သည်။ ထို့နောက် သူသည် ချင်လန်ရှိရာဆီသို့ နက်ရှိုင်းသော လက်ဖဝါးတစ်ချက် ထိုးချိန်လိုက်ပြီး သူ၏လက်ဖဝါးမှ ပြင်းထန်သော စုပ်ယူခြင်းစွမ်းအားတစ်ခု ထွက်ပေါ်လာခဲ့သည်။
"မဟုတ်ဘူး... မဟုတ်ဘူး၊ ဒီ ရှေးဟောင်း ဖရိုဖရဲ အင်မော်တယ် အနှစ်သာရက ငါ့ဉစ္စာပဲ။ အဲဒါက ငါ့ဟာပဲ”။ ချင်လန်က ရူးသွပ်စွာ အော်ဟစ်လိုက်သည်။
သို့သော်လည်း ချင်ယွင်၏ စုပ်ယူခြင်းစွမ်းအား အားကောင်းလာသည်နှင့်အမျှ သူ့ အရိုးတွင်းခြင်ဆီ၏ နက်ရှိုင်းသောအရပ်ဆီမှ ထူးဆန်းသော စွမ်းအင်တစ်ခုသည် ဖြည်းညှင်းစွာ စီးထွက်လာသည်ကို သူ ခံစားလိုက်ရသည်။ ဤခံစားချက်က သူ့ကို ချောက်ထဲကျသွားသလို စိတ်ဓာတ်လုံးလုံး ကျလုနီးပါး ခံစားရစေသည်။