← Chapters

အခန်း ၉၃၀

Vol. 62 Ch. 930

အခန်း ၉၃၀

Vol. 62 Ch. 930

အခန်း (၉၃၀) သေခြင်းထက်ဆိုးသောဘဝ။

ရှေးဟောင်း ဖရိုဖရဲ အင်မော်တယ် အနှစ်သာရသည် ချင်လန်၏ ခန္ဓာကိုယ်ထဲမှ အဆက်မပြတ် ထွက်ပေါ်ပြီး ချင်ယွင်၏ လက်ဖဝါးတွင် တဖြည်းဖြည်း စုရုံးလာခဲ့သည်။

လူတိုင်းသည် ချင်လန်၏ ခန္ဓာကိုယ်မှ အဆက်မပြတ် ပျံသန်းနေသော အစိမ်းရောင် အလင်းတန်းများကို ကြည့်ရင်း သိလိုစိတ်ပြင်းပြသော အမူအရာများ ဖြစ်ပေါ်နေကြသည်။

"ဒါက ရှေးဟောင်း ဖရိုဖရဲ အင်မော်တယ်အရိုးရဲ့ အနှစ်သာရလား?" လူတိုင်းသည် အံ့အားတသင့် ပြောလိုက်ကြပြီး၊ စိတ်လှုပ်ရှားမူနှင့်အတူ သူတို့မျက်လုံးတွေက ပူလောင်လာကြပါသည်။

ဖရိုဖရဲခန္ဓာကိုယ်သည် လူတွေက အမြဲတမ်း ချီးကျူးခံရသည့် ခန္ဓာကိုယ်တစ်ခု ဖြစ်ပါသည်။ ဖရိုဖရဲခန္ဓာကိုယ်ဖြင့်ဆို, လူတစ်ယောက်၏ ကျင့်ကြမှုအရှိန်ဟုန်သည် ကောင်းကင်သို့ပင် ပျံတက်သွားသည်ဟု ဆိုနိုင်ပါသည်။ ထို့အပြင်, ချင်ယွင် ပိုင်ဆိုင်ခဲ့ဖူးသော ရှေးဟောင်း ဖရိုဖရဲ အင်မော်တယ်အရိုး သို့မဟုတ် ချင်လန်၏ ဖရိုဖရဲခန္ဓာကိုယ်သည် ကျင့်ကြံမူ အမြန်နှုန်းကို ထူးထူးခြားခြား အံ့ဩစရာကောင်းလောက်အောင် မြန်ဆန်စေပါသည်။

ဟုတ်ပါသည်၊ အဆုံးမှာတော့ သဘက်ခါဆိုသည်မှာ သဘက်ခါသာ ဖြစ်ပါသည်။ ချင်လန်၏ကိုယ်အပေါ် ဤရှေးဟောင်း ဖရိုဖရဲ အင်မော်တယ်အရိုး အနှစ်သာရ၏ သက်ရောက်မှုသည် ထိုအချိန်တုန်း ချင်ယွင်ဆီမှာ ရှိစဉ်ကထက် များစွာ နိမ့်ကျသွားခဲ့ပါပြီ။ ချင်ယွင်နှင့် ချင်လန်တို့သည် သွေးချင်းဆက်နွယ်နေသော ညီအစ်ကိုများ ဖြစ်နေခြင်း ကြောင့်သာ။ အကယ်၍၊ အခြားလူများသာဆိုလျှင်၊ ၎င်းတို့သည် ရှေးဟောင်း ဖရိုဖရဲ အင်မော်တယ်အရိုး အနှစ်သာရနှင့် ပေါင်းစည်း၍ ရနိုင်မည်မဟုတ်ပေ။ ယင်းအစား၊ ဤရှေးဟောင်း ဖရိုဖရဲ အင်မော်တယ်အရိုး အနှစ်သာရ၏ ဝါးမျိုခံရခြင်းကြောင့် ၎င်းတို့သည် သေဆုံးသွားနိုင်ပါသည်။

ဘန်း…။

နောက်ဆုံးတွင်၊ ချင်လန်၏ခန္ဓာကိုယ်ပေါ်ရှိ ရှေးဟောင်း ဖရိုဖရဲ အင်မော်တယ်အရိုး အနှစ်သာရကို ချင်ယွင်က လုံးဝ ထုတ်ယူလိုက်ပြီး၊ ချင်ယွင်၏ လက်ထဲတွင် ပြင်းထန်သော ဖရိုးဖရဲစွမ်းအင် အတက်အကျလှိုင်းများ ပါဝင်နေသည့် တောက်ပသော လက်သီးအရွယ် အပြာရောင်အလုံးတစ်လုံး ဖြစ်ပေါ်လာပါသည်။

"ရှေးဟောင်း ဖရိုဖရဲ အင်မော်တယ်အရိုး အနှစ်သာရကို ငါကို ပြန်ပေးစမ်း။ အဲဒါက ငါ့ဥစ္စာပဲ။" ချင်လန်က စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။ သူသည် ရူးသွပ်သော အခြေအနေသို့ ကျရောက်နေခဲ့ပြီ ဖြစ်သည်။ သူ၏အရိုးတွေအားလုံး ကျိုးသွားခြင်းကြောင့် သာ၊ ထိုသို့မဟုတ်ပါက, သူသည် ချင်ယွင်ကို သေသည်အထိ တိုက်ခိုက်ရန် ပြေးဝင်သွားလိမ့်မည်။

"အဲဒါက မင်းပိုင်လား?" ချင်ယွင်က မထီမဲ့မြင်ပြုဟန် ပြုံးလိုက်သည်။ ချင်လန်သည် ဤ ရှေးဟောင်း ဖရိုဖရဲ အင်မော်တယ်အရိုး အနှစ်သာရကို ဆယ်စုနှစ်များစွာ သိမ်းပိုက်ထားခဲ့ ပြီး၊ သူ၏အပိုင်ဟု အမှန်တကယ်ပင် ထင်မြင်နေခဲ့သည်။ ဤရှေးဟောင်း ဖရိုဖရဲ အင်မော်တ ယ်အရိုး အနှစ်သာရသည် သူ့ကိုယ်ပိုင်ဉစ္စာဖြစ်သည်။

"ဟမ့်၊ မင်းက တကယ်ကို အရှက်ကင်းမဲ့တာပဲ။ မင်း ဒီရှေးဟောင်း ဖရိုဖရဲ အင်မော်တယ် အရိုး အနှစ်သာရကို လိုချင်တယ်ဆိုမှတော့၊ ငါ မင်းကို ပြန်ပေးလိုက်မယ်။" ချင်ယွင်က အေးစက်စွာ အော်ပြောလိုက်ပြီး၊ ရှေးဟောင်း ဖရိုဖရဲ အင်မော်တယ်အရိုး အနှစ်သာရကို သူ၏လက်ဖဝါးဖြင့် ဖိနှိပ်လိုက်ရာ၊ ဖရိုဖရဲ အင်မော်တယ်အရိုး အနှစ်သာရသည် ချင်ယွင်ကြောင့် ပေါက်ကွဲသွားခဲ့ပြီး မိုးပြားရောင်အလင်းများအဖြစ် ပြောင်းလဲကာ ကောင်းကင်ယံသို့ လွင့်ပျံသွားလေသည်။

"မဟုတ်ဘူး" ချင်လန်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သူ၏ မျက်လုံးများ သည် ပြူးကျယ်သွားခဲ့ပြီး၊ သူ၏နှလုံးသားထဲတွင် ပြင်းထန်သော စိတ်ပျက်အားငယ်မှု ခံစားချက်များ ထွက်ပေါ်လာပါသည်။

သူ၏ ပင်ကိုယ် ပါရမီစွမ်းရည်သည် မူလက အလွန်သာမန်သာ ဖြစ်သော်လည်း၊ သူသည် ရှေးဟောင်း ဖရိုဖရဲ အင်မော်တယ်အရိုး အနှစ်သာရကို ရရှိပြီးနောက်၊ ဖရိုဖရဲ ခန္ဓာကိုယ် ဖြစ်ပေါ်လာသည့် အချိန်မှစ၍၊ သူ၏ ကြီးထွားမှုက ခုန်ပျံကျော်လွှားပြီး တိုးတက်လာ ခဲ့သည်။ ပါရမီရှင်တစ်ယောက် ဖြစ်ရခြင်း၏ ဤခံစားချက်သည် သူ အလွန်နှစ်သက်သော အရာလည်း ဖြစ်ပါသည်။ သို့သော် ယခုတွင်, ရှေးဟောင်း ဖရိုဖရဲ အင်မော်တယ်အရိုး အနှစ်သာရသည် သုံးစားမရဖြစ်သွားခဲ့ပြီ။ အကယ်၍၊ သူသည် အသက်ရှင်နေသေး လျှင်ပင်၊ သူသည် သာမန်အင်မော်တယ်ဘုရင်တစ်ယောက်သာ ဖြစ်လာနိုင်ဖွယ် ရှိပါတော့ သည်။

ဤသာမန်ဖြစ်သွားသည့် ခံစားချက်မျိုးသည် မည်သို့ပင်ဖြစ်စေ၊ သူ လက်မခံနိုင်သည့် အရာ ဖြစ်ပါသည်။ ၎င်းသည် သူ့ကို သတ်ပစ်လိုက်ခြင်းထက်ပင် ပို၍ ဆိုးဝါးပါသည်။

လွင့်မျောစင်မြင့်ပေါ်ရှိ လူတိုင်းသည် နှိုင်းယှဉ်ပြ၍မရအောင်ပင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်နေကြသည်။ ချင်ယွင်သည် ရှေးဟောင်း ဖရိုဖရဲ အင်မော်တယ်အရိုး အနှစ်သာရကို အမှန်တကယ် ချေမွှပစ်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။ ၎င်းသည် မြင့်မြတ်လှသော ဖရိုဖရဲရတနာများနှင့် နှိုင်းယှဉ်နိုင်သော ကောင်းကင်ကို အန်တုနိုင်သည့် ရတနာတစ်မျိုး ဖြစ်ပါသည်။ လူပေါင်း ဘယ်လောက်များများ ၎င်းကို ပိုင်ဆိုင်ခွင့်ရရန် အိပ်မက်မက်ခဲ့ရသနည်း?.။ သူက ၎င်းကို သိပ်အများပြီး ဂရုမစိုက်ဘူးဆိုသည်မှာ ဖြစ်နိုင်ပါသလား?။

ထိုအချိန်တွင် ချင်ယွင်သည် ဝင့်ကြွားစွာ မတ်တပ် ရပ်နေသည်။ ဤရှေးဟောင်း ဖရိုဖရဲ အင်မော်တယ်အရိုး အနှစ်သာရသည် ယခုအချိန်တွင် သူ့အတွက် အဓိပ္ပါယ်မရှိတော့ပေ။ သူ၏ လက်ရှိခန္ဓာကိုယ်သည် ထိုအချိန်တုန်းက ရှေးဟောင်း ဖရိုဖရဲ အင်မော်တယ်အရိုး အနှစ်သာရကို ပိုင်ဆိုင်ခဲ့စဉ်ကထက် အဆပေါင်းများစွာ အားကောင်းနေခဲ့ပါပြီ။

ဖရိုဖရဲ အစိမ်းရောင်ကြာပန်း ရုပ်ခန္ဓာကိုယ်၊ ဖင်းဂေါ့ဂ်ရုပ်ခန္ဓာကိုယ်၊ နတ်နဂါး သွေးမျိုးဆက်၊ ဤသုံးမျိုးပေါင်းစပ်ထားသော ရုပ်ခန္ဓာကိုယ်သည် မည်သူမှ မှန်းစ၍ မရနိုင်သည့် ရုပ်ခန္ဓာကိုယ်မျိုးဖြစ်ပြီး၊ ချင်ယွင်၏ ခန္ဓာကိုယ်သည် မခန့်မှန်းနိုင်အောင် မြင့်မားသောအဆင့်သို့ ရောက်ရှိနေခဲ့ပါပြီ။

"ချင်ယွင်၊ တကယ်လို့၊ မင်း ငါ့ကို သတ်လိုက်မယ်ဆိုရင်၊ ခမည်းတော်က မင်းကို အလွှတ်ပေးမှာ မဟုတ်ဘူး။ ငါ့အမေကလည်း မင်းကို ခွင့်မလွှတ်ဘူး။ မင်း ငါ့ကို နာခံမူရှိရှိနဲ့ လွှတ်ပေးလိုက်တာ ပိုကောင်းလိမ့်မယ်။" ချင်လန်သည်လည်း သူ၏ စိတ်တုန်လှုပ် ခြောက်ခြားမူမှ နိုးထလာခဲ့ပြီး၊ သူ၏ မျက်လုံးများတွင် အဆုံးမဲ့ အမုန်းတရားများနှင့်အတူ ပြောလိုက်သည်။

"မင်းကို သတ်ဖြတ်လိုက်ခြင်းက မင်းအတွက် သိပ်ကို သက်ညှာရာ ရောက်သွားမှာပေါ့။ ဟိုတုန်းက မင်းကြောင့် ငါဟာ သေမျိုးကမ္ဘာထဲ ပစ်ချခံရပြီး၊ ငါ့အမေ့ရဲ့ တည်နေရာကို လည်း မသိရသေးဘူး။ ငါကိုယ်တိုင်လည်း ခြောက်နှစ်လောက် လူတုံးလူအ တစ်ယောက် လို နေခဲ့ရတယ်။ မင်းကို သတ်ပစ်လိုက်ရုံနဲ့ ဒါတွေအားလုံးကို ဘယ်လိုလုပ် ပြန်ပေးဆပ် နိုင်စွမ်း ရှိဦးမှာလဲ" ချင်ယွင်က အေးစက်စွာ ပြောလိုက်ပြီး၊ သူ၏မျက်လုံးများတွင် ရန်လိုသည့် အကြည့်များ တောက်ပလာသည်။

သူပြောခဲ့သမျှ မလုံလောက်သေးပါဘူး။ အမှန်တကယ်ဆို၊ ထိုအချိန်တုန်းက သူ့နောက်မှ လိုက်ပါလာကြသော အစောင့်အကြပ်များသည် ချင်ယွင်ကို ကူညီခဲ့သောကြောင့်၊ ချင်လန်၏လက်တွင် ဝမ်းနည်းကျေကွဲစွာ သေဆုံးသွားခဲ့ရသည်။ ချင်လန်က ရာဇ၀တ်မှု တစ်ခုကိုပဲ ကျူးလွန်ခဲ့သည်ဆိုလျှင်ပင်၊ ယင်းရာဇဝတ်မူအတွက် သူ့ကို အကြိမ်တစ်ထောင် သတ်ပစ်ခြင်းက မလွန်လွန်းပါဘူး။

ချင်လန်ကို သတ်ပစ်လိုက်ရုံဖြင့် သူ၏နှလုံးသားထဲက အမုန်းတရားတွေကို သူ ဘယ်လိုလုပ် ဖယ်ရှားနိုင်မှာလဲ?။ သူ့အတွက်ကြောင့် အချည်းနှီး သေဆုံးသွားခဲ့ရသည့် လူတွေအတွက် ဘယ်လိုလုပ် ထိုက်တန်မှာလဲ?။

ချင်ယွင်သည် ဤအကြောင်းကို ပို၍တွေးမိလေ၊ ဒေါသပိုကြီးလာလေပင်။ သူသည် ချင်လန်၏ ရင်ဘတ်ကို မညှာမတာ လက်သီးဖြင့် ထိုးချလိုက်သည်။

“ဘုန်း..”

မြေပြင်က ပြိုကျသွားပြီး၊ ကောင်းကင်လေရင်ပြင်တစ်ခုလုံး ချိုင့်ဝင်သွားခဲ့သည်။

ချင်လန်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေသည်။ သူသည် လက်သီးဖြင့် ထိုးခံရသည့် အခိုက်တန့်မှာ သူ၏ မျက်လုံးများက ပြူကျယ်သွားပြီး၊ သူ၏ရင်ဘတ်က ပေါက်ကွဲသွား ကာ သူ၏ရင်ဘတ်တွင် သွေးများနှင့် အသားများ ဖုံးလွှမ်းနေသည်။

"ဒီလက်သီးချက်က ငါ့ညီအစ်ကိုတွေ သတ်ပစ်ခဲ့တဲ့အတွက်ပဲ။" ချင်ယွင်၏ အသံသည် ကွင်းပြင်တစ်ခုလုံး ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပြီး၊ ကောင်းကင်ဘုံကိုပင် လွှမ်းမိုးနိုင်သော အငွေ့အသက်ကို သယ်ဆောင်လာသည်။

“ဘုန်း…”။

နောက်ထပ် အင်အားအပြည့် လက်သီးတစ်ချက်က ချင်လန်၏ ရင်ဘတ်ကို ထိမှန်သွားကာ မြေပြင်တစ်ခုလုံး ပေအနည်းငယ် နစ်ဝင်သွားခဲ့သည်။

"ဒီလက်သီးချက်က ငါ့အမေအတွက်။" ချင်ယွင်က ထပ်ပြောသည်။

နောက်ထပ် လက်သီးတစ်ချက်…။

"ဒီလက်သီးချက်က မင်း အရင်က အသုံးချခဲ့တဲ့ လူတွေအတွက်ပဲ။" ချင်ယွင်၏ အသံသည် ပို၍ပင် အေးစက်လာခဲ့သည်။

ချင်ယွင်၏ အသံသည် ဆက်လက် ထွက်ပေါ်လာခဲ့ပြီး၊ သူ၏လက်သီးသည်လည်း ချင်လန်၏ ရင်ဘတ်ကို ဆက်လက် ထိုးနှက်နေခဲ့သည်။

လွင့်မျောစင်မြင့်ပေါ်ရှိ လူတိုင်းသည် တုန်လှုပ်ခြောက်ခြားနေသည့် အမူအရာများ ဖြစ်ပေါ် နေကြသည်။ ထိုကြောက်မက်ဖွယ်ကောင်းသော လက်သီးချက်များသည် လူတစ်ဦး၏ ခန္ဓာကိုယ်ကို မုန်တိုင်းဝင်တိုက်သကဲ့သို့ ဝင်ရောက်နေပြီး၊ မည်သို့ ခံစားရမည်ကို တွေးပင် တွေးမကြည့်ဝံ့ရဲကြပေ။ သို့သော်၊ အမြောက်အမြား ထိုးနှက်ခံရမူကြောင့် ချင်လန်၏ ခန္ဓာကိုယ် တစ်ခုလုံး လုံးဝ ယိုယွင်းပျက်ဆီးသွားမည်ကို သူတို့ သိသည်။

ချင်ယွင်၏ မျက်လုံးများတွင် မှုန်မှိုင်းနေသည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။ သူသည် သူ၏လက်ကို ဝှေ့ယမ်းကာ ချင်လန်၏ အသက်ဖြစ်သော အင်မော်တယ် စိတ်ဝိညာဉ်ကို တိုက်ရိုက်ဆွဲထုတ်ကာ သူ၏လက်ထဲတွင် ဆုပ်ကိုင်ထားသည်။

"ငါ့ကို သတ်လိုက်ပါ" ချင်လန်၏ အသက်သွေးကြောဖြစ်သော အင်မော်တယ် စိတ်ဝိညာဉ်ထံမှ အသံထွက်လာသည်။ ယခုလေးတင် သူ၏ခန္ဓာကိုယ်ပေါ်ရှိ နာကျင်မှုသည် သူ၏ခံနိုင်ရည်ကို ကျော်လွန်ပြီး သူ့ကို မယုံနိုင်လောက်အောင် နာကျင်ခံစားစေခဲ့ပြီး ဖြစ်သည်။ ယခုအချိန်တွင် သူသည် သေခြင်းတရားကို အကြွင်းမဲ့ စိတ်နှလုံးဖြင့် တောင်းရမ်းချင်မိသည်။

"မင်းကို သတ်လိုက်တာက မင်းအတွက် သိပ်ကို အကျိုးရှိသွားမယ်လို့ ငါ မင်းကို ပြောခဲ့ပါတယ်။ သေတာထက် ပိုဆိုးတဲ့အရာက ဘာလဲဆိုတာ မင်းကို ငါ ပြောပြမယ်" ချင်ယွင်သည် သူ၏လက်ကို ဝှေ့ယမ်းပြီး ချင်လန်ကို အင်မော်တယ်ဘုရင်၏ စံအိမ်ထဲသို့ ထည့်လိုက်သည်။ သူသည် သူ့ကို လျှပ်စီးကြာပွတ်ဖြင့် အဆက်မပြတ် ရိုက်နှက်ပေးခြင်း ဖြင့် ကြာပွတ်ဒဏ်ကို ခံစားရစေသည်။

ဤအရာအားလုံးကို ပြုလုပ်ပြီးနောက် ချင်ယွင်သည် အသက်ပြင်းပြင်း ရှူကာ သူ၏ စိတ်နှလုံးအတွင်း လှုပ်ရှားနေသော စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။

ချင်လန်ကြောင့် သူသည် အတိတ်က အရာများစွာကို တွေးဖြစ်ခဲ့သည်။ ထိုအရာများ အားလုံးသည် သူ၏မျက်လုံးများတွင် ကွက်ကွက်ကွင်းကွင်း မြင်နေခဲ့ပြီး၊ သူ၏ရင်ထဲတွင် တဆတ်ဆတ် နာကျင်လာစေသည်။

"ဒီတစ်ခါ ငါ ကျောက်ဘုရင်နဲ့ ပေါင်းစည်းပြီး နယ်ပယ်သုံးခုကို ချိုးဖျက်ပြီးတာနဲ့၊ ငါ့ရဲ့ အတိတ်က နာကြည်းမှုတွေကို ဖြေရှင်းဖို့ တော်ဝင်ချင် အင်မော်တယ် မင်းဆက်ကို သွားတော့မယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက်သည်။ ဤကိစ္စသည် သူ၏ နှလုံးသားထဲတွင် အမြဲတမ်း မွန်းကြပ်နေခဲ့သည်။

"နေရာအဆင့် ပြောင်းလဲမူကို ပြုနိုင်တဲ့အတွက် ကျောင်းသား ချင်ယွင်အား ဂုဏ်ယူပါ တယ်။ သင်ရဲ့အဆင့်က ကောင်းကင်အဆင့်သတ်မှတ်ချက်မှာ အဆင့် ၆၀ အထိ တိုးသွား ခဲ့ပါပြီ" ချင်ယွင်၏ စိတ်ထဲတွင် ကိုယ်ရေးအချက်လက်တံဆိပ်ပြားမှ အကြောင်းကြားသံကို ကြားလိုက်သည်။ တစ်ချိန်တည်းမှာပင်၊ ကောင်းကင်လေရင်ပြင်ကို ဖုံးအုပ်ထားသည့် အကာကွယ် အလင်းဒိုင်းသည်လည်း ယခုအခိုက်အတန့်တွင် ပျောက်ကွယ်သွားခဲ့သည်။

လွင့်မျောစင်မြင့်ပေါ်တွင်, ဟူဖန်း၏မျက်လုံးများသည် အလွန်မင်း အေးစက်နေခဲ့သည်။ သူမသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသော ဆွဲမက်ဖွယ် မျက်လုံးတစ်စုံဖြင့် ချင်ယွင်ကို စိုက်ကြည့်နေခဲ့သည်။

"ချင်ယွင်၊ နင့်ကို ဘယ်လိုနည်းလမ်းမျိုးပဲ အသုံးပြုရပါစေ, နင့်ရဲ့ ဒီနေ့လုပ်ရပ်အတွက် နာကျင်ဖွယ်ရာ တန်ကြာတန်ကြေး ငါပေးဆပ်မယ်။" ဟူဖန်းသည် စိတ်နှလုံးထဲတွင် အေးစက်စွာ ပြောလိုက်သည်။ ထို့နောက် သူမသည် ပြန်လှည့်၍ ပျောက်ကွယ်သွားခဲ့သည်။

ယခုအချိန်တွင် ချင်ယွင်သည် ဟူဖန်း ထွက်ခွာသွားသည်ကို ဂရုမစိုက်ပါ။ ယင်းအစား၊ သူသည် နတ်ဘုရားသတ်ဖြတ်ခြင်း ဆေဘာ၏ရှေ့သို့ လျှောက်လာပြီး ၎င်းကို ဆွဲထုတ်လိုက်သည်။

ဤဆေဘာသည် အလွန်မင်း လေးလံလွန်းသော်လည်း ချင်ယွင်အတွက်မူ ၎င်းကို အလွယ်တကူ ကိုင်မြောက်နိုင်ပါသေးသည်။

ဤဆေဘာသည် ဓားကောင်းတစ်လက်ဟု ဆိုရပေမည်။ ချင်လန်သည် ဤဆေဘာ၏ စွမ်းအားအစစ်အမှန်ကို လုံးဝ မပြသနိုင်ခဲ့ပေ။

ဘန်း…။

သို့သော် ဤအခိုက်အတန့်တွင် ကြီးကျယ်ခမ်းနားသော အငွေ့အသက်တစ်ခုက ချင်ယွင် အပေါ်သို့ ရုတ်တရက် ကျရောက်လာခဲ့သည်။ ချင်ယွင်ပင်လျှင် ဤကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်ကို အလေးအနက်ထားရန်မှတပါး ရွေးချယ်စရာ မရှိပေ။

“ဘုန်း..”။

ချင်ယွင်သည် နဂါးတစ်ကောင်၏ ကြီးကျယ်ခမ်းနားသော အငွေ့အသက်ကို ချက်ခြင်း ထုတ်လွှတ်လိုက်ပြီး၊ ထိုကြောက်မက်ဖွယ် အငွေ့အသက်ကို တွန်းထုတ်လိုက်သည်။ သို့သော် သူ၏ခြေထောက်အောက်ရှိ ကျောက်တုံးများ အားလုံးသည် ဤကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်ကြောင့် လွှင့်ထွက်သွားကြသည်။

တစ်ချိန်တည်းမှာပင် သေးသွယ်ကျစ်လစ်သော အသွင်အပြင်တစ်ခုသည် လွင့်မျော စင်မြင့်ပေါ်မှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။ သူလှမ်းလိုက်သည့် ခြေလှမ်းတိုင်းတွင် ကောင်းကင်နှင့်မြေကြီး၏ တော်ဝင်တာအိုပဲ့တင်ထပ်သံများ ပါ၀င်နေပြီး၊ ယင်းက လူတိုင်း၏နှလုံးသားကို ကြောက်ရွှံ့ တုန်လှုပ်သွားစေသည်။

စာစဉ် (၆၂) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters