အခန်း ၉၃၁
Vol. 63 Ch. 931
အဓိပတိအင်မော်တယ်သခင် စာစဉ် (၆၃)
ဘာသာပြန်သူ နေဇင်။
အခန်း (၉၃၁) လောင်းကြေးထပ်ခြင်း။
"ဒါက သူပဲ။ သူက ဘာလို့ ရောက်လာရတာလဲ?" လွင့်မျောစင်မြင့်ပေါ်ရှိ လူတိုင်းသည် ဤချောမောသော လူငယ်ကို အံ့သြစွာ ကြည့်နေကြသည်။
ဆုဟန်ယုသည် ကောင်းကင်အဆင့်တွင် တတိယအဆင့်မှာ ရှိနေသူ ဖြစ်သည်။ ကောင်းကင်လေနတ်ဘုရား အကယ်ဒမီတစ်ခုလုံးတွင်၊ သူသည် ရှရှန်းယုအောက်သာ နိမ့်ကျသည့် တစ်ခုတည်းသော တည်ရှိမှုဖြစ်မည်မှာ သေချာပါသည်။
ဤမာနကြီးသော ကောင်းကင်သားတော်သည် ချင်ယွင်ကို တိုက်ခိုက်မည့်လူအဖြစ် ရုတ်တရက် ဤနေရာတွင် ရှိနေမည်ဟု မည်သူမျှ မမျှော်လင့်ထားကြပေ။
"ဒီဆုဟန်ယုက တကယ်ပဲ ချင်ယွင်ကို တိုက်ခိုက်တော့မှာလား?။" တပည့်တစ်ဦးက သူ၏ အတွေးအမြင်များကို တင်ပြလာသည်။
'"သူ လှုပ်ရှားတော့မယ်လို့ ငါထင်တယ်။ ဒီဆုဟန်ယုက ရှရှန်းယုရဲ့ နောက်ကို လိုက်နေသူပဲ။ ဒါက ကောင်းကင်လေနတ်ဘုရား အကယ်ဒမီမှာရှိတဲ့ လူတိုင်းသိထားတဲ့ ကိစ္စပဲလေ။ ချင်ယွင်က ရှရှန်းယုကို ဒီလောက် အရှက်ခွဲထားမှတော့ ဆုဟန်ယု ရှေ့ထွက်ပြီး မားမားမတ်မတ်တပ် မရပ်တည်ဘူးဆိုရင်သာ ထူးဆန်းလိမ့်မယ်။" လူတစ်ယောက်က ပြန်ဖြေသည်။
လူတိုင်းက ခေါင်းညိတ်ပြကြပြီး၊ ဤစကားလုံးတွေက အရမ်းကျိုးကြောင်း ဆီလျော်သည် ဟု သူတို့လည်း ခံစားမိကြသည်။
"ဘယ်က ပိုသန်မာတယ်လို့ မင်း ထင်လဲ?။ ချင်ယွင်လား?။ ဒါမှမဟုတ် ဆုဟန်ယုလား?" နောက်လူတစ်ယောက်က ထပ်မေးသည်။
'"သေချာပေါက် ဆုဟန်ယုပဲပေါ့။ ချင်ယွင်က ချင်လန်ကို အနိုင်ယူနိုင်ကိုပဲ ကြည့်လို့မရဘူး။ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်က တော်ဝင်တာအိုနယ်ပယ်ရဲ့ အထွတ်အထိပ်မှာရှိတဲ့ အင်မော်တယ်ဘုရင်တစ်ယောက်က ဆုဟန်ယုကို စိန်ခေါ်ခဲ့ဖူးတယ်။ နောက်ပိုင်း အဲဒီအင်မော်တယ်ဘုရင် ဘာဖြစ်သွားလဲ မင်တို့ သိလား?. ဆုဟန်ယုက အဲဒီလူကို သတ်ဖို့ သိုင်းကွက်တစ်ပွဲပဲ အသုံးပြုခဲ့သည်၊ ဒါ့အပြင်၊ ဒါက လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ခန့်က ဆုဟန်ယုရဲ့ စွမ်းအားနော်။ အခု သူ ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ ဘယ်သူမျှ မသိနိုင်တော့ဘူး။ တစ်စုံတစ်ယောက်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
လူတိုင်း အသက်ပြင်းပြင်း ရှူလိုက်ကြသည်။ လွန်ခဲ့သော အနှစ်သုံးဆယ်ခန့်က သူသည် တော်ဝင်တာအို အင်မော်တယ်ဘုရင်ကျောက်စိမ်းကို တစ်ကွက်တည်းဖြင့် ရိုက်သတ်ခဲ့ သည်။ သူ၏ခွန်အားက မည်မျှ ကြောက်စရာကောင်းလိုက်သနည်း?။ ပြောစရာပင် မလိုတော့၊ ဤအရာက လွန်ခဲ့သော အနှစ်သုံးဆယ်က ကိစ္စဖြစ်သည်။
သာမန် အင်မော်တယ်ဘုရင်များတွက်မူ အနှစ်သုံးဆယ် တိုးတက်မှုက အရမ်းကြီး မကြီးမားနိုင်သော်လည်း၊ ဤကောင်းကင်လေနတ်ဘုရား အကယ်ဒမီက မည်သည့် နေရာမျိုးနည်း?။ ဤနေရာသည် ပါရမီရှင်များ စုဝေးရာ၊ အင်မော်တယ်ကမ္ဘာ တစ်ခုလုံး၏ ပါရမီရှင်များ စုဝေးရာ နေရာဖြစ်ပါသည်။
ပါရမီရှင်များအနေနှင့် အနှစ်သုံးဆယ်အတွင်း၌ ကမ္ဘာမြေကြီး ပြိုကွဲလောက်မည့် အပြောင်းအလဲမျိုး ဖြစ်လာနိုင်ရန် အခွင့်အလမ်း အလွန်မြင့်မားပါသည်။ ထို့ကြောင့်၊ ဆုဟန်ယုသည် ယခုအချိန်တွင် မည်မျှ အစွမ်းထက်မည်ကို မည်သူမျှ မပြောနိုင်ပေ။
ဆုဟန်ယုသည် လေထဲသို့ ခြေတစ်လှမ်းလိုက်ပြီး၊ ကောင်းကင်ယံတွင် လှိုင်းလုံးများ လှုပ်ခတ်သွားသည်။
"မင်းက ဘယ်သူလဲ?" ချင်ယွင်သည် ဆုဟန်ယုကို ကြည့်ကာ အေးစက်စွာ မေးသည်။
ကောင်းကင်ပေါ်မှ ဤလူငယ်လေးတွင် ရှိနေသော ပြင်းထန်သည့် သတ်ပစ်ချင်စိတ်ကို သူ ခံစားနိုင်ပါသည်။ ထို့အပြင် ဤလူငယ်သည် အလွန်အစွမ်းထက်လွန်းသည်။ သူ့ကိုတောင် အာရုံစူးစိုက်ရစေသည်။
"ဆုဟန်ယု." ချောမောသော လူငယ်လေးက အေးစက်စက်အသံဖြင့် တိုက်ရိုက် ပြန်ဖြေသည်။ သူ၏အသံ ထွက်ပေါ်လာသည်နှင့်အမျှ ကောင်းကင်လေ ရင်ပြင်တစ်ခုလုံး၏ အပူချိန်သည် တုနှိုင်းမရလောက်အောင် ကြောက်မက်ဖွယ်ကောင်းသော ဒီဂရီသို့ ကျဆင်းသွားခဲ့သည်။ သူ၏ခြေဖဝါးအောက်မှ ကြမ်းပြင်သည်လည်း နှင်းခဲအလွှာတွေဖြင့် ဖုံးလွှမ်းသွားသည်.
ချင်ယွင်သည် ဤကြောက်စရာကောင်းသော အေးစက်မှုကို ခံစားလိုက်ရပြီး သူ၏မျက်ခုံးများက တွန့်သွားခဲ့သည်။
ဆုဟန်ယု….။
ဤစကားတစ်ခွန်းက ကောင်းကင်နှင့်မြေကြီး၏ ဉပဒေသများကိုပင် အသက်သွင်းနိုင်ခဲ့ သည်။ တော်ဝင်တာအိုဉပဒေသ၏ ဉပဒေသများကို နားလည်သဘောပေါက်မှုသည် အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
"ဒီကောင်က ကြောက်စရာကောင်းတဲ့ ရန်သူပဲ။" ချင်ယွင်က သူ့ကိုယ်သူ စိတ်ထဲမှာ ရေရွတ်လိုက်ပြီး၊ သူ၏အကြည့်တွေက ကောင်းကင်ပေါ်မှ ချောမောသော အမျိုးသားကို ငေးကြည့်ရင်း ရင်သပ်ရှုမောဖြစ်ပြီး လေးလံလာခဲ့သည်။
"ဆုဟန်ယု၊ ငါတို့က တစ်ယောက်နဲ့တစ်ယောက်လည်း သိပုံမပေါ်ဘူး။ မင်းက ငါ့ကို ဘာလို့ လာရှာတာလဲ?" ချင်ယွင်က မေးသည်။
"ငါ မင်းကို သတ်မယ်” ဆုဟန်ယုက ပြတ်သားပြီး တိုက်ရိုက်ဆန်သော အသံဖြင့် ထပ်ပြောလိုက်ပြီး၊ သူ၏ လေသံက ခက်ထန်ပြီး အေးစက်သည် ။
ဤစကားကို လူတိုင်းကြားသောအခါ၊ သူတို့၏ ယခင်ခန့်မှန်းချက်သည် မှန်ကန်ကြောင်း သေချာသွားသည်။ ဆုဟန်ယုသည် ချင်ယွင်ကို ပြဿနာရှာရန်အတွက် ဤနေရာ၌ ရှိနေခဲ့သည်။
"ရှရှန်းယု ကြောင့်လား?" ချင်ယွင်က အေးစက်သော အပြုံးဖြင့် မေးလိုက်ရင်း၊ သူ၏မျက်လုံးများတွင် အေးစက်မှု အရိပ်အယောင် ပေါ်လာသည်။
ရှရှန်းယုသည် သူမကို လိုက်လံပိုးပန်းနေသူ ဤမျှလောက် အများအပြားရှိနေမည်ဟု သူ မမျှော်လင့်ထားပေ။ ယခင်းက ဆောင်းကျိနှင့် တခြားသူတွေကိုပင် သူ မေ့သွားခဲ့ပြီ။ ကောင်းကင်အဆင့်တွင် တတိယအဆင့်ရှိ ဆုဟန်ယုသည် ရှရှန်းယုကို ကာကွယ်ရန် ရပ်တည်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ဆုဟန်ယု၏ စူးရှသော မျက်ခုံးမွှေးများသည် စူးရှပြီး သူ၏ မျက်လုံးအစုံသည် ချင်ယွင်ကို ချွန်ထက်သော ဓားများကဲ့သို့ စိုက်ကြည့်နေကြသည်။ "မင်း သူမကို အရှက်မခွဲသင့်ဘူး၊ သူမက မင်းနဲ့ မထိုက်တန်လို့ပဲ" အေးစက်စွာ ပြောသည်။
"ငါက သူမနဲ့ စေ့စပ်ခဲ့ဖူးသူ ရည်းစားတစ်ယောက်ပဲ။ ငါ သူမနဲ့ မထိုက်တန်ဘူးလား?" ချင်ယွင်က လှောင်ပြောင်ပြီး မေးလိုက်သည်။ သူ၏စကားက အလွန်မင်း ထိရောက်လွန်း သည်။
အလွန်မင်း နားကြားမြင်းကပ်စရာကောင်းသည့် အထူးသဖြင့် 'စေ့စပ်ထားသူ' ဟူသော စကားလုံး အနည်းငယ်သည် ဆုဟန်ယု၏နားထဲသို့ ရောက်သွားသောအခါ၊ ဆုဟန်ယု၏ ဓားနှင့်တူသော မျက်ခုံးများသည် တွန့်သွားခဲ့သည်။
"အဲဒီတုန်းက ရှရှန်းယုက မင်းနဲ့ စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းခဲ့ပြီးပြီ။ ရှရှန်းယုရဲ့ အရည်အချင်းက မင်းနဲ့ မထိုက်တန်ဘူး။ တကယ်လို့, မင်းက “စေ့စပ်ဖူးသူ”ဆိုတဲ့ စကားကို ထပ်ပြောဖို့ သတ္တိရှိတယ်ဆိုရင်, အခုပဲ မင်းကို ငါ သတ်မယ်။" ဆုဟန်ယုက ဒေါသသံဖြင့် အေးစက်စွာ ပြောလိုက်ပြီး၊ သူ၏ခန္ဓာကိုယ်အပေါ်ရှိ သတ်ပစ်ချင်စိတ်က ပို၍ပင် ပြင်းထန်လာသည်။
"ဟမ့်၊ ရှရှန်းယုကိုယ်တိုင်က မင်းပြောနေတဲ့ စကားတွေကို ပြောရင် ပိုကောင်းတယ်မယ် မဟုတ်လား? မင်းက ဒီလိုပြောတော့၊ ငါတောင် နည်းနည်း နောင်တရမိသွားတယ်။ တကယ်လို့ ငါသာ ဒီကိစ္စကို စောစောက သိခဲ့မယ်ဆိုရင်၊ ရှဟောင်ချင်းကို ငါ သဘောတူ ဖြစ်လိမ့်မယ်။ ရှရှန်းယုရဲ့ခန္ဓာကိုယ် အချိုးစားကလည်း တကယ့်ကို ကောင်းမွန်လှတယ်။ သူမက မင်္ဂလာအိပ်အခန်းထဲမှာဆို အရမ်းကို နှက်သက်ဖွယ်ဖြစ်လိမ့်မယ်။" ချင်ယွင်က မဖွယ်မရာ ညစ်ညမ်းသော အမူအရာဖြင့် ပြောလိုက်သည်။
"ပါးစပ်ပိတ်ထားစမ်း..” ဆုဟန်ယုသည် ချက်ချင်းပင် ဒေါသပေါက်ကွဲသွားသည်။ ရှရှန်းယု သည် သူ၏နှလုံးသားထဲတွင် လုံးဝ အစွန်းအထင်းမခံနိုင်သော မိန်းမတစ်ယောက် ဖြစ်သည်။ သူသည် အခြားသူများ၏ ပုတ်ခတ်စော်ကားမှုကိုပင် အနည်းငယ်မျှ သည်းမခံနိုင်ခဲ့ပေ။ သို့သော်, ချင်ယွင်သည် လူတိုင်း၏ရှေ့တွင် ရှရှန်းယုကို အမှန်တကယ် စော်ကားနေခဲ့သည်။ ဤအရာကို သူ လုံးဝ သည်းမခံနိုင်ပါဘူး။
လွင့်မျောစင်မြင့်ပေါ်ရှိ ယောင်္ကျားလေး တပည့်များသည်လည်း ဆာလောင် မွတ်သိပ်နေ သော ဝံပုလွေများကဲ့သို့ ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်နေကြပြီး၊ သူတို့၏ မျက်လုံးများ တွင် ပြင်းထန်သော အမုန်းတရားများဖြင့် ပြည့်နှက်နေခဲသည်။
ချင်ယွင်က ရယ်မောလိုက်သည်။ သူသည် ရှရှန်းယုကို အမှန်တကယ် လက်ထပ်ချင်၍ မဟုတ်ဘဲ ဆုဟန်ယုကို ဒေါသထွက်စေလို၍ ဖြစ်ပါသည်။
ယခင်က ဆုဟန်ယု၏ မောက်မာပြီး မထီမဲ့မြင် အကြည့်များက သူ့ကို အလွန် မပျော်မရွှင် ဖြစ်စေခဲ့သည်။ သူသည် သူ၏ မထီမဲ့မြင်ပြုသော အပြုအမူကို ချိုးဖြတ်လိုပါက၊ ၎င်းကို အလွယ်တကူ လုပ်ချင်သည်ဆိုလျှင်၊ ရှရှန်းယုသည် ဆုဟန်ယု၏ အကြီးမားဆုံး အားနည်းချက် ဖြစ်သည်။
သေချာပါသည်၊၊ ချင်ယွင်၏ ရန်စမှုကြောင့် ဆုဟန်ယုသည် ဒေါသထွက်နေသော ဝံပုလွေတစ်ကောင်ကဲ့သို့ သူ့၏ချွန်ထက်သော အစွယ်တွေကို ထုတ်ပြလာခဲ့သည်။
"ကြည့်စမ်း၊ အဲဒါ ရှရှန်းယု မဟုတ်လား။" သို့သော် ယခုအချိန်တွင်၊ တစ်ယောက်ယောက်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။
လူတွေအားလုံးက ချက်ချင်းပင် ထိုလူညွှန်ပြနေသော ဘက်ကို လှမ်းကြည့်လိုက်ကြသည်။ အမှန်ပင်၊ သူမသည် ကောင်းကင်လေရင်ပြင်၏ အစွန်းတွင် ရှိနေသည်။ အလွန်မင်းလှပပြီး သက်ဝင်လှုပ်ရှားနေသော ရုပ်အသွင်ပြင်လေးသည် ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေပြီး၊ လူတိုင်း၏ နှလုံးခုန်နှုန်းကို မြန်ဆန်စေသည့် မျက်လုံးတစ်စုံက ချင်ယွင်ကို အေးစက်စွာ ကြည့်နေလေသည်။
ဆုဟန်ယုသည် အနည်းငယ် မှင်သက်သွားခဲ့သည်။ သူက ရှရှန်းယုကို ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူ၏မျက်လုံးများတွင် အေးစက်မှုသည် ပို၍ပင် ပြင်းထန်လာပြီး သူ၏နှလုံးသားထဲရှိ ချင်ယွင်ကို သတ်ပစ်လိုစိတ်က ပို၍ပင် ပြင်းထန်လာ သည်။
ထိုအချိန်တွင်, ချင်ယွင်လည်း ရှိုက်ကြီးတငင် ပြုံးလိုက်မိသည်။ ယခုအချိန်မှာ ရှရှန်းယု ပေါ်လာမည်ဟု သူ တကယ်ကို မမျှော်လင့်ထားခဲ့ပါဘူး။ ထို့အပြင်၊ အစောပိုင်းက သူ၏စကား အားလုံးကို ရှရှန်းယု ကြားလိုက်ပုံရသည်။
သို့သော် ချင်ယွင်သည် ရှင်းပြရန် အနည်းငယ်မျှ ရည်ရွယ်ချက် မရှိပေ။ ထိုအချိန်တုန်းက ရှရှန်းယုသည် သူ့အပေါ် အရှက်ခွဲမူက ယခုထက်ပင် ပို၍တိုက်ရိုက်ဆန်ခဲ့သည်.
"ချင်ယွင်၊ နင် ချင်လန်ကို အနိုင်ယူနိုင်တာ ငါ တကယ်ကို အံ့သြမိပါတယ်၊ ဒါပေမယ့် ဆုဟန်ယုကို ဒေါသထွက်အောင်မလုပ်ဖို့ ငါ အကြံပေးချင်တယ်။ နင်က သူ့အတွက် ပြိုင်ဘက်မဟုတ်ဘူး။" ရှရှန်းယုက အေးစက်စွာ ပြောသည်။
ထိုစကားကို ကြားတော့ ချင်ယွင်က အေးစက်စက် ပြုံးလိုက်သည်။ ဤလေသံက သူတို့စေ့စပ်ပွဲကို ဖျက်သိမ်းရန် လာတုန်းက သူမအသုံးပြုခဲ့သည့် လေသံနဲ့ တော်တော်လေး ဆင်တူပါတယ်။ "နင် ငါနဲ့ မထိုက်တန်ဘူး။ နင့်နှလုံးသားကို အသေသတ် လိုက်ပါတော့။ ငါတို့ဟာ တူညီတဲ့ ကမ္ဘာတစ်ခုတည်းက မဟုတ်ဘူး" ထိုစကားများကို ချင်ယွင်သည် မှတ်မှတ်ရရကို မှတ်မိနေပါသေးသည်။
"ရှရှန်းယု၊ ငါ သူ့ကို အနိုင်မယူနိုင်ဘူးလို့ မင်းပြောလိုက်တာနဲ့ ငါက သူ့ကို အနိုင်မယူ နိုင်တော့ဘူးလား?။ ဒါဆိုရင် ဘယ်လိုလဲ။ ငါတို့ လောင်းကြေးထပ်မလား?" ချင်ယွင်က ရှရှန်းယုကို ကြည့်ပြီး လှောင်ပြောင် ပြောလိုက်သည်။
"ဘာလောင်းကြေးလဲ?" ရှရှန်းယုသည် အနည်းငယ် အံ့အားသင့်သွားပြီး ပြောလိုက်သည်။
"တကယ်လို့ ငါ သူ့ကိုရှုံးခဲ့ရင် ငါသိထားတဲ့ ရတနာနှစ်ခုစလုံးကို ငါ မင်းကို ပေးလိုက်မယ်။ ဒါပေမယ့် မင်းရှုံးခဲ့ရင်တော့....." ချင်ယွင်က ခေတ္တရပ်ပြီး အနည်းငယ် ပြုံးပြလိုက်သည်။ "မင်းက ငါ့အစေခံပဲ...."
အိုး….။
ထိုစကားတွေ ပြောပြီးသည်နှင့် ပရိသတ်ကြီးသည် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပါသည်။