← Chapters

အခန်း ၉၃၂

Vol. 63 Ch. 932

အခန်း ၉၃၂

Vol. 63 Ch. 932

အခန်း (၉၃၂) ဆုဟန်ယုနှင့် တိုက်ခိုက်ခြင်း။

အကယ်၍၊ ချင်ယွင် ရှုံးနိမ့်သွားခဲ့လျှင်၊ သူသည် ဖရိုဖရဲရတနာ နှစ်ခုကို ထုတ်ပေးရမည်။ ချင်ယွင် အနိုင်ရခဲ့လျှင်၊ ရှရှန်းယုသည် ချင်ယွင်၏ အစေခံဖြစ်လာလိမ့်မည်။

လောင်းကြေးတွေက ကြီးမားလွန်းသည်။ ထို့ကြောင့်, လူတိုင်း အံ့အားသင့်သွားကြသည်။

ရှေးဟောင်း ဖရိုဖရဲရတနာနှစ်ခုသည် အင်မော်တယ်ဧကရာဇ်မင်းမြတ် သုံးပါးပင် အလွန်မက်မောခဲ့ရသော အရာများဖြစ်သည်။ ရှေးဟောင်းဖရိုဖရဲ ရတနာနှစ်ခုအဖြစ် ချင်ယွင်၏ လောင်းကြေးသည် အမှန်တကယ် ကြီးမားလွန်းလှသည်။

ဟုတ်ပါသည်။ ရှရှန်းယုကို ချင်ယွင်၏ အစေခံအဖြစ် လောင်းကြေးထပ်ခြင်းကလည်း ယောက်ျား လေးတပည့်များစွာ၏ နှလုံးသားထဲတွင် သေးငယ်ပေါ့ပါးသည့် လောင်းကြေး တစ်ခုတော့ မဟုတ်ပါဘူး။ ရှရှန်းယုသည် သူတို့၏ နှလုံးသားထဲတွင် ပြီးပြည့်စုံသော အမျိုးသမီးဖြစ်ပြီး ရှရှန်းယုကို သူတို့၏ အစေခံအဖြစ် ထားရန် နေနေ သာသာ၊ ရှရှန်းယုကို သူတို့၏ လက်တွဲဖော်အဖြစ်ပင် မတွေးဝံ့ကြပေ။

ဝှီး….။

လူတိုင်းက ရှရှန်းယုကို ကြည့်နေကြပြီး၊ သူမ မည်သည့်ဆုံးဖြတ်ချက်မျိုး ချမလဲဆိုသည်ကို သိလိုနေပုံရသည်။

ထိုအခိုက်တွင်, ရှရှန်းယု၏ မျက်ခုံးသည်လည်း အနည်းငယ် တွန့်န်ခဲ့ပြီး သူမ၏ သက်ဝင် လှုပ်ရှားနေသော မျက်လုံးများမှ မကျေနပ်မှု အရိပ်အယောင်များ ထွက်ပေါ်လာသည်။ ထင်ရှားသည်မှာ၊ သူမသည် ချင်ယွင်၏ အစေခံအဖြစ် ကမ်းလှမ်းမှုကို စက်ဆုပ်ရွံရှာနေခဲ့ သည်။

သူမသည် အမြဲတမ်း မာနကြီးပြီး၊ သူမသည် တစ်စုံတစ်ယောက်၏ အစေခံအဖြစ် လုပ်ဆောင်ရမည့်ကိစ္စကို အသားထား၊ ဤကမ္ဘာပေါ်တွင် မည်သူမျှ သူမရှရှန်းယု၏ လက်တွဲ အဖော်အဖြစ် ထိုက်တန်သူ တစ်ယောက်မှ မရှိဟုပင် ခံယူထားသည်။

သေချာသည်မှာ, ဤရှေးဟောင်းဖရိုဖရဲ ရတနာနှစ်ခုသည် သူမကိုပင် အလွန်မင်း ဆွဲဆောင်နိုင်သည်။

ဆုဟန်ယု၏ နှလုံးသားထဲတွင် အမျက်ဒေါသက ပို၍ပင် ပြင်းထန်လာခဲ့သည်။ ဤချင်ယွင် သည် ရှရှန်းယုကို သူ၏ကျွန်အဖြစ် စေခိုင်းဖို့ သတ္တိရှိခဲ့သည်။ သူသည် ရှုံးနိမ့်မည်ဟု တွေးထင်မထားသော်လည်း ယခုလိုလောင်းကြေးထပ်ခြင်းကို သူ၏ နှလုံးသားထဲတွင် သဘောမကျပါချေ။

"ဟမ့်၊ အလောင်းစားလုပ်ဖို့ရော လိုအပ်လို့လား?။” ငါ မင်းကို သတ်လိုက်တာနဲ့ ငါတို့က ဒီဖရိုဖရဲ ရတနာနှစ်ခုကို ရနိုင်တာပဲလေ” ဆုဟန်ယုက အထင်သေးစွာ ပြောလိုက်သည်။

"ဟုတ်သားပဲ” ဤစကားကို လူတိုင်းကြားသောအခါ၊ သူတို့သည့် အဓိပ္ပါယ်ရှိသည်ဟု ချက်ချင်း ခံစားလိုက်ရသည်။

ယခင်က ချင်ယွင်သည် နတ်နဂါးကျောက်စိမ်းတံဆိပ်ကို ပြသခဲ့ပြီး ဖြစ်သည်။ သူ့ကို သတ်လိုက်သည်နှင့် ရှေးဟောင်းဖရိုဖရဲရတနာများကို သဘာဝအတိုင်း ရရှိနိုင်လိမ့်မည်။ အလောင်းလုပ်ရန် လုံးဝ မလိုအပ်ပါ။

ဤအခိုက်တွင် ချင်ယွင်က ရယ်မောလိုက်သည်။ ဆုဟန်ယုက ယခုလိုစကားမျိုး ပြောမည်ကို သူ သိထားခဲ့သည်မှာ ကြာပါပြီ။ ထို့ကြောင့် သူက ဘာမှမထူးခြားဟန်ဖြင့် ပြောလိုက်သည် "မင်းက ငါ့ကို လျှော့တွက်ထားပဲ။ မင်း ငါ့ကို သတ်လိုက်ရင်တောင် မင်း အနေနဲ့ ရှေးဟောင်း ဖရိုဖရဲရတနာနှစ်ခုကို ရရှိနိုင်မှာ မဟုတ်ဘူးဆိုတာ ငါ အာမခံနိုင် တယ်။ အဲဒီအချိန်တုန်းက ဟွမ်ထန်းလုံရဲ့ နောက်ကွယ်မှာ ကျန်ရစ်ခဲ့တဲ့ အင်မော်တယ် နန်းတော်ကိုလည်း မမေ့လိုက်နဲ့။ ဒီရှေးဟောင်းဖရိုဖရဲ ရတနာကို ငါ့လက်ထဲမှာ ရှိနေတာ မှန်ပါတယ်။ ငါ လုံးဝ သေဆုံးသွားတာနဲ့ မင်းတို့ကရော အင်မော်တယ်နန်းတော်ကို ဖွင့်ပြီး ရှေးဟောင်းဖရိုဖရဲရတနာတွေကို ပြန်ယူနိုင်မှာတဲ့လား?။ ပြီးတော့ ကိုယ်ပွားလို့ခေါ်တဲ့ အင်မော်တယ်နည်းပညာတစ်ခု ရှိနေတယ်ဆိုတာကိုလည်း မေ့မထားကြနဲ့ဦး။"

"ကိုယ်ပွားလား…? ဒါဆို ဒီချင်ယွင်မှာ ကိုယ်ပွားတစ်ခု ရှိနေတုန်းပဲလား?" လူတိုင်းက ထိတ်လန့်စွာ အော်ပြောလိုက်ကြသည်။

အကယ်၍၊ ချင်ယွင် ပြောသည့်အတိုင်းသာ အမှန်တကယ် ဖြစ်ခဲ့ပါက၊ သူ့မှာ ကိုယ်ပွားတစ်ခု ရှိနေဆဲဖြစ်ပြီး၊ ထိုကိုယ်ပွားသည် ကောင်းကင်လေနတ်ဘုရားအကယ်ဒမီ တွင် ရှိမနေခဲ့ပါ။ ထိုသို့ဆိုလျှင်၊ အကယ်၍၊ သူတို့သည် ချင်ယွင်၏ အစစ်အမှန် ခန္ဓာကိုယ် ကို အမှန်တကယ် သတ်ပစ်မည်ဆိုလျှင်ပင်၊ ဖရိုဖရဲရတနာများကို ရရှိနိုင်ဦးမည် မဟုတ်သေးပါချေ။ အကယ်၍၊ သူတို့ ရရှိခဲ့မည်ဆိုလျှင်ပင်၊ သူတို့အနေဖြင့်၊ ထိုရတနာ များကို အသုံးပြုရန် အစပျိုးလုပ်ဆောင်နိုင်သည့် အသိဉာဏ်ဗဟုသုတမျိုး ရှိဉီးမည် မဟုတ်ပေ။

ဆုဟန်ယု၏ မျက်လုံးများသည် အလွန်ပင် အုံ့မှိုင်းလာခဲ့သည်။ ချင်ယွင်က ယခုလို အရာမျိုးလုပ်ဆောင်ထားမည်ဟု သူ မျှော်လင့်မထားခဲ့ပါဘူး။

"ဟမ့်၊ အပြင်မှာ မင်းရဲ့ ကိုယ်ပွားရှိမရှိ ဘယ်သူသိမှာလဲ?။ မင်း ငါတို့ကို လိမ်နေရင် ဘယ်လိုလုပ်မလဲ" ဆုဟန်ယု ချက်ချင်း ပြန်ပြောလိုက်သည်။

ချင်ယွင်က ပြုံးပြီး ဆုဟန်ယု၏ စကားများကို လျစ်လျူရှုလိုက်သည်။ သူက သူမ၏ အဖြေကို စောင့်နေဟန်ဖြင့် ရှရှန်းယုကို လှည့်ကြည့်လိုက်သည်။

ရှရှန်းယု၏ မျက်လုံးများသည် ချင်ယွင်၏ လောင်းကြေးကို ချိန်ဆနေသကဲ့သို့ တုံ့ဆိုင်းနေသည့် အရိပ်အယောင်မျိုး ဖော်ထုတ်ပြသနေသည်။ ချင်ယွင် အမှန်တကယ် ကိုယ်ပွား ရှိမရှိနှင့် ပတ်သက်၍မူ သူမသည် လုံးဝ ယုံကြည်ခဲ့သည်။

ဆုဟန်ယုသည် ရှရှန်းယု၏ ချီတုံချတုံ အမူအရာကို မြင်လိုက်ရလျှင်၊ သူသည် ချက်ချင်းပင် စိုးရိမ်လာသည်။ "ရှန်းယု၊ သူ့ကို ကတိမပေးနဲ့။ သူ့မှာ ကိုယ်ပွားရှိနေတယ်ဆို၊ ငါက သူရဲ့ ကိုယ်ပွားကို တွေ့အောင် ရှာပေးမယ်။ တကယ်လို့ မင်းသာ သူ့ရဲ့ အလောင်းအစားကို သဘောတူလိုက်ရင်၊ ဒါက မင်းကို လုံးဝ အရှက်ရစေလိမ့်မယ်။"

ရှရှန်းယုက သူမလက်ကို ဝှေ့ယမ်းလိုက်ပြီး၊ ချင်ယွင်ကို ကြည့်ကာ "ကောင်းပြီ၊ ဒီအလောင်းစားနဲ့ပတ်သက်ပြီး ငါ မင်းကို ကတိပေးတယ်”။

အုန်း……။

ဤစကားများသည် မရည်ရွယ်ဘဲ မိုးခြိမ်းသံကံသို့ ပေါက်ကွဲသွားခဲ့ပြီး၊ ရောက်ရှိလာသူ လူအားလုံးကို အလွန်အံ့အားသင့်စေခဲ့သည်။ ရှရှန်းယုသည် ထိုသို့သော အလောင်းအစား ကို အမှန်တကယ် သဘောတူရန် သူတို့ မမျှော်လင့်ထားပေ။

ချင်ယွင်လည်း အနည်းငယ် အံ့သြသွားသည်။ ရှရှန်းယုက အမှန်တကယ် သဘောတူမည် ဟု သူ မမျှော်လင့်ထားပါဘူး။

ဆုဟန်ယု၏ အမူအရာသည် အလွန်ပင် မှိုင်းမှိုင်းနေသည်။ ရှရှန်းယုသည် အလောင်းစားကို ကတိပေးလိုက်သောကြောင့် သူ၏နှလုံးသားထဲတွင် ပြီးပြည့်စုံသော အရာလေးသည် တစ်စုံတစ်ယောက်ကြောင့် စွန်းထင်းသွားသလို ခံစားလာရသည်။ သို့သော် ချင်ယွင်သည် ဤအရာအားလုံးကို ဖြစ်ပေါ်စေခဲ့သူ ဖြစ်သည်။

"ချင်ယွင်၊ အရမ်းကြီး အပျော်မစောနဲ့ဦး။ ဒီမှာ ငါရှိနေမှ‌တော့၊ မင်းကို အနိုင်ရဖို့ အခွင့်အရေး နည်းနည်းလေးမှ မပေးမှာ သေချာတယ်" ဆုဟန်ယု၏ မျက်လုံးများသည် ကြောက်စရာကောင်းအောင် အေးစက်နေခဲ့ပြီး၊ သူ၏ သတ်ဖြတ်လိုသည့်ဆန္ဒက အဆီအနှစ်အဖြစ် သိပ်သည်းလာခဲ့ကာ ကောင်းကင်လေ ရင်ပြင်တစ်ခုလုံးရှိ လေထုကိုပင် အေးခဲသွားစေသည်။

"တကယ်လား? ဒါပေမယ့် မင်းရှုံးသွားရင်တော့ မင်းရဲ့နတ်သမီးလေးက ငါ့ရဲ့ကျွန် ဖြစ်လာလိမ့်မယ်။ အဲဒီအချိန်ရောက်ရင်၊ ငါ သူမကို ဘယ်လိုကစားမလဲဆိုတာကို မင်း စိတ်ကူးကြည့်နိုင်ပါတယ်။" ချင်ယွင်က လှောင်ပြောင် ရယ်မောလိုက်သည်။

ရှရှန်းယုသည် အလောင်းအစားကို သဘောတူလာရန် လုပ်ဆောင်ခဲ့ခြင်းက အမှန်တကယ် ဆို ချင်ယွင်၏ နည်းဗျူဟာတစ်ခု ဖြစ်သည်။ ယင်းက ဆုဟန်ယု၏ စိတ်ကို အနှောင့်အယှက် ပေးလို၍ ဖြစ်သည်။ ဆုဟန်ယုသည် ရှရှန်းယုကို ပို၍ ဂရုစိုက်လေ၊ ချင်ယွင်သည် သူမအား နှိမ်ချင်လေဖြစ်ကာ၊ ဆုဟန်ယုလည်း ပို၍ ဒေါသထွက်လွန်လေ ဖြစ်သည်။

သေချာပါသည်။ ချင်ယွင်၏ စကားတွေ ထွက်လာသည်နှင့် ဆူဟန်ယု၏ နှလုံးသားထဲမှ ဒေါသတွေက မီးတောင်ပေါက်ကွဲသလိုမျိုး ပေါက်ကွဲထွက်လာခဲ့သည်။

"ငါ မင်းကို သတ်ချင်တယ်။ ငါဆုဟန်ယု ဒီနေ့ မင်းကို မသတ်နိုင်ဘူးဆိုရင်၊ ငါက လူမဟုတ်တော့ဘူးလို့ ငါ ကျိန်ဆိုတယ်။" ဆုဟန်ယု၏ ခန္ဓာကိုယ်မှ တုနှိုင်းမရအောင် ပြင်းထန်သော အငွေ့အသက်တစ်ခု ထွက်ပေါ်လာပြီး၊ သူ၏ ခြေဖဝါးအောက်ရှိ ကျောက်ပြားများအားလုံးသည် ဤကြောက်စရာကောင်းသော အငွေ့အသက်အောက်တွင် အမှုန့်ဖြစ်သွားသည်။

ချင်ယွင်က ညင်သာစွာ ပြုံးလိုက်ပြီး၊ သူ၏မျက်လုံးများတွင် ပြင်းထန်သော တိုက်ပွဲစိတ်ဆန္ဒက ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော နဂါးအငွေ့အသက်များ ထွက်ပေါ်လာပြီး ဆုဟန်ယု၏ အငွေ့အသက်ကို ပိတ်ဆို့တားဆီးထားသည်။

ကွင်းပြင်ကြီး၏ အငွေ့အသက်သည် ရုတ်တရက် တင်းမာလာခဲ့သည်။ အငွေ့အသက် နှစ်ခု အပြင်းအထန် တိုက်မိပြီး၊ ကောင်းကင်လေ ရင်ပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွား ခဲ့သည်။

သူတို့နှစ်ဦးသည် တိုက်ပွဲပဋိဉာဉ် စာချုပ်တစ်ခုကို ချုပ်ဆိုရန်အတွက် သူတို့၏ ကိုယ်ရေး အချက်လက်တံဆိပ်ပြားများကို လျင်မြန်စွာ အသုံးပြုလိုက်ကြသည်။

ဘန်း…။

ကောင်းကင်လေရင်ပြင်သည် ဆုဟန်ယုနှင့် ချင်ယွင်တို့ကို လွှမ်းခြုံသွားသည့် အကာကွယ် အလင်းတန်းတစ်ခုက ချက်ချင်း ဖွဲ့စည်းသွားခဲ့သည်။

လူတိုင်းက မျက်တောင်မခတ်ဘဲ သူတို့နှစ်ယောက်ကို ကြည့်နေပြီး၊ ဤအံ့သြစရာ ကောင်းသည့် တိုက်ပွဲကို လွတ်သွားမှာ အရမ်းကို စိုးရိမ်နေကြသည်။

“ပြိုကျစမ်း”။

အဓိပ္ပါယ်မဲ့စကားတွေ ပြောမနေတော့ဘဲ၊ ဆုဟန်ယုသည် တိုက်ရိုက် တိုက်ခိုက်ခဲ့သည်။ ကြောက်မက်ဖွယ် ငွေဖြူရောင် အအေးဓာတ်က သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ချင်ယွင်ဆီသို့ တိုက်ရိုက် ပြေးဝင်လိုက်သည်။ သူ၏ရုပ်အသွင်သည် အဖြူရောင် ရေခဲနဂါးကြီးကဲ့သို့ လေထုထဲတွင် ချက်ချင်း လင်းလက်သွားသည်။

ချင်ယွင်သည် ဖင်းဂေါ့ဂ်စွမ်းအားကို ချက်ခြင်း စုစည်းပြီး နောက်ပြန် မဆုတ်ဘဲ လက်သီးဖြင့် ပစ်ထိုးလိုက်သည်။ လက်သီးနှစ်ခုက တခဏအတွင်း အပြင်းအထန် တိုက်မိသွားခဲ့သည်။

“ဘုန်း…”

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားနှစ်ခုသည် အပြင်းထန် တိုက်မိပြီး ပြင်းထန်သော လှိုင်းလုံးများ ဖြစ်ပေါ်လာသည်။

ချင်ယွင်သည် သူ၏လက်မောင်းမှ ကြောက်မက်ဖွယ်ရာ အအေးဒဏ်ကို ချက်ခြင်း ခံစားလိုက်ရပြီး သူ၏ခန္ဓာကိုယ်ကို အပြင်းအထန် တိုက်ခိုက်လာခဲ့ရာ၊ ထိန်းမနိုင်သိမ်းမရ ဖြစ်ကာ နောက်ပြန် ဆုတ်သွားခဲ့ရသည်။

"ဟစ်!"

ချင်ယွင်၏ ခြေရာများသည် မြေပြင်ပေါ်တွင် ရှည်လျားသော ခြေရာစွပ်ကြောင်းတစ်ခု ဆွဲငင်သွားပြီး၊ ကောင်းကင်လေးရင်ပြင်၏ အလယ်ဗဟိုမှ ကောင်းကင်လေ ရင်ပြင်၏ အစွန်းဆီသို့ လျှောကျသွားခဲ့ရသည်။ ဆုဟန်ယု၏ ရုပ်အသွင်က မလှုပ်မယှက် ဖြစ်နေသည်။

ချင်ယွင်သည် ပြင်းထန်သော အအေးဒဏ်ကို ခံစားလိုက်ရပြီး သူ၏ခန္ဓာကိုယ် တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့သည်။ သူ၏ ဖင်းဂေါ့ဂ်စွမ်းအားပင်လျှင် ဤကြောက်မက်ဖွယ်ကောင်းသော အအေးဒဏ်ကို မခံနိုင်ခဲ့ပါ။

"ဟမ့်၊ မင်းက ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းနေတော့၊ မင်းမှာ အရည်အချင်းရှိတယ်လို့ ငါ ထင်ထားခဲ့တာ။ ဒါပေမယ့် မင်း ဒီလောက် အားနည်းလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။" ဆုဟန်ယုက အေးစက်စွာ ပြောလိုက်ရင်း သူ၏မျက်လုံးထဲတွင် ပြင်းထန်သော သရော် လှောင်ပြောင်မှုက ထင်ရှားနေသည်။

စင်မြင့်ပေါ်ရှိ လူများလည်း ခေါင်းယမ်းမိကြသည်။ ချင်ယွင်က သူတို့ကို ပို၍ပင် အံ့ဩစရာ ကောင်းသည့်အရာများ လုပ်ပြလိမ့်မည်ဟု မူလက သူတို့ ထင်ထားခဲ့ကြသော်လည်း၊ ချင်ယွင်သည် ဆူဟန်ယုအတွက် ပြိုင်ဘက်မဟုတ်ကြောင်း သက်သေပြနေပြီ။

ဆုဟန်ယု၏ စကားကိုကြားတော့ ချင်ယွင်၏ နှလုံးသားသည်လည်း ပြင်းထန်သော တိုက်ခိုက်လိုစိတ်ဖြင့် လောင်ကျွမ်းလာခဲ့သည်။

ကနဦးစကြဝဠာ၏ စုပ်ယူခြင်းစွမ်းအားသည် ချက်ချင်း ရောက်လာပြီး၊ သူ၏ခန္ဓာကိုယ် တစ်ကိုယ်လုံး ပြည့်နှက်နေသော အအေးဓာတ်ကို တိုက်ရိုက် ဝါးမြိုသွားစေသည်။ ကနဦးစကြဝဠာသည် စွမ်းအားအားလုံးကို ဝါးမြိုနိုင်သည်။

"သေလိုက်တော့.." ဆုဟန်ယု ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏ ခန္ဓာကိုယ် ပေါ်ရှိ အအေးဓာတ်သည် ပို၍ပင် ကြောက်စရာကောင်းလာသည်။ ထိုကြောက်မက်ဖွယ် အအေးစွမ်းအားသည် ကောင်းကင်၌ ကြီးမားသော လက်ဖဝါးကြီးတစ်ခုအဖြစ် သိပ်သည်းပြီး ချင်ယွင်ဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။ ၎င်း၏စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းသည်။

"ဟမ့်၊ မင်းက ငါ့ကို ဒီလိုပုံစံမျိုးနဲ့ သတ်ဖို့ကြိုးစားနေတာ၊ မင်းအနေနဲ့ ငါ့ကို အရမ်းလျှော့လွန်းရာ ကျမနေဘူးလား?" ချင်ယွင်သည် ကောင်းကင်ယံမှ ဧရာမ လက်ကြီးကို ကြည့်လိုက်သည်၊ သူ၏မျက်လုံးများသည် ရွှေရောင်ပြောင်းသွားပြီး တိုက်ခိုက်လိုသည့်စိတ်ဝိညာဉ်က တဟုန်ထိုး မြင့်တက်လာခဲ့သည်။

All Chapters