← Chapters

အခန်း ၉၃၃

Vol. 63 Ch. 933

အခန်း ၉၃၃

Vol. 63 Ch. 933

အခန်း (၉၃၃) ကိုယ့်ကိုယ်ကို အထင်ကြီးနေခြင်း။

"နဂါးလက်သီးသိုင်းရဲ့ စတုတ္ထသိုင်းကွက် နဂါးနတ်ဘုရား အမြတ်ပြတ်ချေမှုန်းခြင်း" ချင်ယွင်က ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး နတ်နဂါးကျောက်စိမ်းတံဆိပ်က သူ၏ ခန္ဓာကိုယ်ကို ချက်ချင်း ကောင်းချီးပေးလာခဲ့သည်.

"အောင်း..”။

ချင်ယွင်၏ခန္ဓာကိုယ်မှ နဂါးဟန်းဟောက်သံတစ်ချက် ထွက်ပေါ်လာပြီးနောက် ရွှေရောင် နဂါးချီသည် သူ၏ခန္ဓာကိုယ်မှ ပြေးထွက်လာကာ ကောင်းကင်ယံရှိ ဧရာမလက်ဖဝါးကြီးကို ပြင်းထန်စွာ တိုက်ရိုက် တိုက်ခိုက်လိုက်လေသည်။

“ဘုန်း…”။

ရွှေနဂါးကြီးနှင့် ကြီးမားလှသော ရေခဲလက်ဖဝါးကြီးသည် ပြင်းထန်စွာ တိုက်မိသွားကာ ကောင်းကင်ယံ၌ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ ကောင်းကင်လေ ရင်ပြင်ပေါ်တွင် ကြီးမားသော စွမ်းအင်လှိုင်းလုံးများ ဖြစ်ပေါ်လာပြီး စွမ်းအားနှစ်ခု ချက်ချင်း ပေါက်ကွဲ သွားသည်။

ဝှီး….။

အလင်းတန်းနှစ်ခုသည် လေထဲသို့ ချက်ချင်း လင်းလက်သွားပြီး တစ်ခုနှင့်တစ်ခု ပြင်းထန်စွာ တိုက်မိသွားကြသည်။ တိုက်မိပြီးသည်နှင့် အလျင်အမြန် ကွဲကွာသွားကြ သည်။ သို့သော်လည်း သူတို့နှစ်ဦးကြားက ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်မှုက လေဟာနယ်တစ်ခုလုံးကို ပြင်းထန်စွာ တုန်လှုပ်သွားစေခဲ့သည်။

ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ကို နဂါးနတ်ဘုရားတစ်ကောင်က သိမ်းပိုက်ထားသကဲ့သို့ ဖြစ်နေပြီး၊ သူ၏လက်သီးချက်တိုင်းတွင် နဂါးနတ်ဘုရား၏ တန်ခိုးအစွမ်းများ ပါနေရှိ သည်။

ဆုဟန်ယု၏ လက်ဖဝါးရိုက်ချက်များသည် ကျောက်စိမ်းကဲ့သို့ ကြည်လင်နေပြီး ၎င်းတို့ အပေါ်တွင် ကြောက်မက်ဖွယ် အအေးဓာတ်စွမ်းအင်များ ပါရှိနေသည်။ သူ ထိလိုက်သည့် နေရာတိုင်း လေဟာနယ်သည်ပင် ချက်ချင်း အေးခဲသွားခဲ့သည်။

သူတို့နှစ်ယောက်သည် လေထဲတွင် အဆက်မပြတ် တိုက်ခိုက်နေကြသည်။ ဤတိုက်ခိုက် မှုကြောင့် ဖန်တီးဖြစ်ပေါ်လာသော လေလှိုင်းများသည် လေဟာနယ်တစ်ခုလုံးကို ပြင်းထန်စွာ တုန်လှုပ်စေခဲ့သည်။ သူတို့နှစ်ယောက်သည် အချိန်အတော်ကြာအောင် ဘက်ညီနေပြီး လက်ရည်တူ တိုက်ခိုက်နေကြသည်။

လူတိုင်း အံ့အားသင့်နေကြသည့် အမူအရာတွေကို ထုတ်ဖော်ကြထားကြသည်။ ချင်ယွင်သည် ဤမျှလောက် အစွမ်းထက်သော တိုက်ခိုက်ရေး စွမ်းအားကို ပိုင်ဆိုင်ထား လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။ သူသည် အမှန်တကယ်ပင် ဆုဟန်ယုနှင့် လက်ရည်တူ တိုက်ခိုက်နေခဲ့သည်။

အားလုံးက သူတို့ခေါင်းတွေကို လှည့်ပြီး သူတို့ နှစ်ယောက်ကြား တိုက်ပွဲကို ကြည့်ရူနေကြ သည်။ ရှရှန်းယု၏ အမူအရာသည် မည်သို့မည်ပုံ ဖြစ်နေမည်ကို သိရှိလိုသော အချို့လူများသည် အခါအားလျော်စွာ ရှရှန်းယုကို စိုက်ကြည့်ကြသည်။ သို့သော်၊ ချင်ယွင်နှင့် ဆူဟန်ယုတို့ အချင်းချင်း လက်ရည်တူတိုက်ခိုက်နေခြင်းကြောင့်၊ သူမသည် အနည်းငယ်မျှပင် တုန်လှုပ်ခြောက်ခြားသွားသည့်အမူအရာများ ဖြစ်ပေါ်မလာဘဲ၊ ရှရှန်းယု၏ အမူအရာက အမြဲတည်ငြိမ်နေခဲ့သည်။

"ဆုဟန်ယုက သူရဲ့ စစ်မှန်တဲ့ ခွန်အားကို လုံးဝ အသုံးမချတာများ ဖြစ်နေမလား?" လူတိုင်းက ကိုယ့်ကိုကိုယ် တွေးနေကြသည်။ ရှရှန်းယု၏ အေးဆေးတည်ငြိမ်သော အမူအရာအရ၊ သူမသည် ဆုဟန်ယုအပေါ် ခိုင်မာသော ယုံကြည်မှု ရှိနေသေးကြောင်း သဘာဝအတိုင်း ဆိုလိုရာရောက်ပါသည်။ ဤထင်မြက်ချင်က လူတိုင်းကို အံ့သြစေသည်။

“ဘုန်း..”။

ယခုအချိန်တွင် ကွင်းပြင်ထဲရှိ တိုက်ပွဲသည် လူတိုင်း၏အာရုံကို စွဲဆောင်ထားသည်။

ဆုဟန်ယု၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အေးစက်မှုတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ၏ခေါင်းထက်တွင် ကြီးမားသော ရေခဲတောင်ကြီးတစ်ခု ချက်ခြင်း သိပ်သည်းသွားလေသည်။

ရေခဲတောင်ကြီးသည် ပေပေါင်းတစ်ထောင်ကျော် မြင့်ပြီး ၎င်းတွင်ပါရှိသော အအေးဓာတ် သည် ကြောက်မက်ဖွယ် ကောင်းလှသည်။ ၎င်းရေခဲတောင်ကြီးက ချင်ယွင်ကို အရှင်လတ်လတ် ဖိနှိပ်ချင်နေသည့်အလား ပြင်းပြင်းထန်ထန် ဖိနှိပ်လာခဲ့သည်။

တော်ဝင်တာအိုက ပဲတင်ထပ် ထွက်ပေါ်နေပြီး၊ ၎င်း၏ အငွေ့အသက်သည် ကောင်းကင်နှင့် မြေကြီးကိုပင် ကွဲအက်သွားစေသည်။ ကျဆင်းလနေသော ရေခဲတောင်၏ အငွေ့အသက်သည် ကောင်းကင်လေရင်ပြင်တစ်ခုလုံးကိုပင် ကွဲအက်သွားသည့် အရိပ်အယောင်များ ပြသနေပုံရသည်။

"ဒါက နတ်ဆိုးဖိနှိပ်ခြင်းရေခဲတောင် တံဆိပ်လား?။" လွင့်မျောစင်မြင့်ပေါ်ရှိ လူအားလုံး သည် ကြီးမားသော ရေခဲတောင်ကြီးကို အံ့သြတကြီး မျက်လုံးများဖြင့် ကြည့်နေကြသည်။

နတ်ဆိုးဖိနှိပ်ခြင်း ရေခဲတောင် တံဆိပ်သည် ဆုဟန်ယု ကျွမ်းကျင်သော အစွမ်းထက်သည့် နတ်ဘုရားစွမ်းရည်တစ်ခု ဖြစ်သည်။ ၎င်းသည် ကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ထားပြီး အရာအားလုံးကို နှိမ်နင်းနိုင်စွမ်း ရှိသည်။

ဆုဟန်ယုသည် ဤလှုပ်ရှားမှုကို အမှန်တကယ် အသုံးပြုလိမ့်မည်ဟု သူတို့ မမျှော်လင့် ထားခဲ့ကြပေ။ ဤတစ်ကြိမ်တွင် ချင်ယွင်သည် အမှန်တကယ်ပင် အန္တရာယ်ရှိနေပြီ ဖြစ်သည်။

ချင်ယွင်သည် ကောင်းကင်ယံမှ လျင်မြန်စွာ ကျဆင်းနေသော ရေခဲတောင်ကြီးကို ကြည့်လိုက်ရင်း သူ၏မျက်လုံးများသည် ခက်ထန်သော အလင်းတန်းများနှင့်အတူ ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။

ရေခဲတောင်အတွင်းပါရှိသော ပြင်းထန်သော စွမ်းအားကို သူ ခံစားနိုင်သည်။ ဤစွမ်းအား က သူ့ကို ပြင်းထန်သည့် ဖိအားတစ်ခုကို ခံစားရစေပြီး သူ၏ခြေဖဝါးအောက်က မြေပြင်ကိုပင် ဖြိုခွဲပစ်ခဲ့သည်။

"အား…”

ချင်ယွင်က ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်ပေါ်ရှိ စွမ်းအားများ ချက်ချင်း ထွက်ပေါ်လာသည်။ သူ၏လက်များသည် ကြီးမားသော ရေခဲတောင်၏ အောက်ခြေကို တိုက်ရိုက် ထောက်ထားပြီး သူ၏လက်များသည် အနှိုင်းမဲ့ကြီးမားသော ရေခဲတောင်ကြီးနှင့် အပြင်းအထန် တိုက်မိသွားသည်။

ရေခဲတောင်ကြီးက ကြီးကျယ်ခမ်းနားပြီး ကျဆင်းလာသော စွမ်းအားက ပို၍ပင် ကြောက်စရာကောင်းလွန်းသည်။

ချင်ယွင်၏ မျက်နှာသည် ကြမ်းတမ်းပြီး ခက်ထန်လာခဲ့သည်။ သူ၏လက်မောင်းပေါ်ရှိ သွေးကြောများ ပေါက်ကွဲသွားကာ ခြေဖဝါးအောက်ရှိ မြေပြင်သည် ဆက်လက် ပြိုကျသွားသည်။ သူ၏ခြေထောက်အောက်ရှိ ကြမ်းပြင်သည် ပင့်ကူအိမ်ကဲ့သို့ လျင်မြန်စွာ ပြန့်ကျဲလာခဲ့သည်။

သို့သော်လည်း ကြောက်မက်ဖွယ်ကောင်းသော ဖိအားအား ထွက်ပေါ်နေသော ရေခဲတောင်ကြီးကို ချင်ယွင်သည် ပြင်းထန်စွာ ပိတ်ဆို့ထားဆဲ ဖြစ်သည်။

"ဘာ..? သူ တကယ်ကို ပိတ်ဆို့ထားတာလား?။" လွင့်မျောစင်မြင့်ပေါ်မှ လူအုပ်ကြီးသည် ဤမြင်ကွင်းကို မြင်သောအခါတွင် သူတို့၏ မျက်လုံးများသည် တုနှိုင်းမရအောင် အံ့အားသင့်ဟန် အရိပ်အယောင်များ ချက်ချင်း ထွက်ပေါ်လာသည်။

ဤရေခဲတောင်ကြီးသည် သာမန် ရေခဲတောင်တစ်ခု မဟုတ်ပေ။ ၎င်းတွင် အချိန်ကာလ တစ်ခုကြာအောင် နတ်ဆိုးအားလုံးကို နှိမ်နင်းနိုင်သည့် တန်ခိုးကြီးသော နတ်ဘုရား တန်ခိုးအစွမ်း ပါရှိနေသည်။

ချင်ယွင်သည် သူ၏ ရုပ်ခန္ဓာကိုယ် ခွန်အားဖြင့် ရေခဲတောင်ကို ပိတ်ဆို့ခဲ့ပြီး၊ ယင်းက လူတိုင်းကို အံ့အားသင့်စေခဲ့သည်။

"ဟမ့်၊ ငါ့ရဲ့ နတ်ဆိုးဖိနှိပ်ခြင်းရေခဲတောင် တံဆိပ်ကို လွယ်လွယ်နဲ့ ပိတ်ဆို့နိုင်မယ်လို့ မင်း ထင်နေတာလား?။ မင်းရဲ့အတွေးတွေက သိပ်ကို လှပလွန်းနေတယ်" ဆုဟန်ယုက အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏ မျက်လုံးများတွင် မထီမဲ့မြင်ပြုမှု အရိပ်အယောင် ထွက်ပေါ်လာသည်။ ထို့နောက် သူသည် ရေခဲတောင်ထိပ်တွင် ပေါ်လာသည်။

ဘန်း…။

ဆုဟန်ယု၏ လက်ဖဝါးသည် ရေခဲတောင်ပေါ်သို့ တိုက်ရိုက် ထိကပ်လိုက်သည်။ သူ၏ လက်ဖဝါးမှ လျှို့ဝှက်ဆန်းကြယ်သော လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာပြီးနောက် လျှို့ဝှက်ဆန်းကြယ်သော သင်္ကေတတစ်ခုသည် သူ၏ ရေခဲတောင်မှ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

ဤလျှို့ဝှက်ဆန်းကြယ်သော သွေးပြန်ကြောပုံစံများ ထွက်ပေါ်လာမူနှင့်အတူ၊ ဤရေခဲတောင်၏ စွမ်းအားသည် ချက်ချင်း ပေါက်ကွဲထွက်လာသည်။

ချင်ယွင်သည် ရေခဲတောင်ကြီး အဆများစွာ ပိုလေးလာသည်ကို ချက်ချင်း ခံစားလိုက်ရ သည်။ ရေခဲတောင်ကြီးမှ ကြောက်စရာကောင်းသော ဖိအားတစ်ခု ထွက်ပေါ်လာသည်။

“အား….”။

ချင်ယွင်၏ ဒူးများ ချက်ချင်း ကွေးညွတ်သွားသည်။ ရေခဲတောင်ပေါ်ရှိ ဖိအားကို သူ တောင့်မခံနိုင်ဟုပင် ခံစားမိသည်။

"ဟမ့်၊ ကိုယ့်ကိုယ်ကို ထင်ကြီးလွန်းနေတယ်။ သေလိုက်တော့" ချင်ယွင် ခံနိုင်ရည် မရှိတော့သည်ကို ဆုဟန်ယု မြင်လိုက်ရသည့်အခါ၊ သူ၏ မျက်လုံးတွေထဲ အေးစက်သည့် အပြုံးရိပ်တစ်ခု ပေါ်လာပါသည်။ သူ ရေခဲတောင်ပေါ်သို့ လက်ဖဝါးကို နှိပ်လိုက်ခြင်းက ချက်ချင်းပင် ပို၍လေးလံလာခဲ့သည်။

ချင်ယွင်၏ ခြေရင်းအောက်ရှိ မြေပြင်သည် တစ်ဖန်ပြိုကျလာပြီး ကောင်းကင်လေ ရင်ပြင်၏ ကြမ်းပြင်တစ်ခုလုံး ကွဲအက်သွားသည်။ ချင်ယွင်သည် နောက်ဆုံးတွင် ၎င်းကို သည်းမခံနိုင်တော့ဘဲ ရေခဲတောင်၏ မြေပြင်ပေါ်သို့ အတင်းဖိချခံလိုက်ရသည်။

“ဘုန်း..”

​ရေခဲ​တောင်​သည် မြေပြင်ပေါ်သို့​ ပြိုကျသွားခဲ့သည်။ ကောင်းကင်လေ ရင်ပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားစေသည်။

အားလုံးက ထိုမြင်ကွင်းကို အံ့သြတကြီး အမူအရာဖြင့် ကြည့်နေကြသည်။

"ဒီချင်ယွင် ရှုံးသွားတာလား?။ ဆုဟန်ယုက သူ့ကို ဖိနှိပ်ပစ်လိုက်ပြီ" လူတိုင်းက သူတို့စိတ်ထဲမှာ သက်ပြင်းကိုယ်စီ ချကြသည်။ ရေခဲတောင်ပေါ်တွင် ရပ်နေသော ချောမောသည့် ရုပ်အသွင်ကို ကြည့်လိုက်ရင်း သူတို့၏မျက်လုံးများသည် လေစားမူများဖြင့် ပြည့်နှက်နေသည်။

ရှရှန်းယုသည် ခေါင်းကို အနည်းငယ် ခါယမ်းကာ ရေခဲတောင်ဆီသို့ လှမ်းကြည့် လိုက်သည်။ သူမလည်း စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်သည်။

ထိုအချိန်တွင် ဆူဟန်ယု၏ မျက်နှာသည် ဂုဏ်ယူမှုအပြည့် ရှိနေခဲ့သည်။ သူက ရေခဲတောင်ကို ဖြိုခွင်းလိုက်သည့်နေရာကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စက် အသံဖြင့် ပြောလိုက်သည် "မင်းကများ ငါ့ကို အနိုင်ယူဖို့ ကြိုးစားချင်နေတာလား?။ မင်းက သစ်ပင်ကြီးကြီးကို လှုပ်ခါချင်နေတာပဲ။ မင်းက ငါ့ရှေ့မှာဆို ထိုးနှက်ချက် တစ်ချက်ကို တောင် ခံနိုင်ရည်မရှိဘူးဆိုတာ သိထားသင့်တယ်။”

ဆုဟန်ယု၏ စကားများသည် ကွင်းပြင်တစ်ခုလုံးတွင် အကန့်အသတ်မရှိ မောက်မာမှု အပြည့်ဖြင့် ပဲ့တင်ထပ်သွားခဲ့သည်။

သို့သော်လည်း လူအုပ်ကြီးသည် ဤမောက်မာသော မှတ်ချက်အတွက် အနည်းငယ်မျှ သဘောမကျမျိုး မဖြစ်ကြခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ ယင်းသည် သဘာဝအတိုင်းသာ ဖြစ်သည်ဟု သူတို့ ယူဆကြသည်။ ဆုဟန်ယုကို ကြည့်နေကြသည့် သူတို့၏ အကြည့်တွေ က ပို၍ပင် လေးစားလာခဲ့ကြသည်။

"တကယ်လား? မင်း ဒီလိုမျိုး အနိုင်ရသွားပြီလို့ ထင်နေတာလား?"

ထိုအချိန်မှာပင် ရေခဲတောင်အောက်မှ မထီမဲ့မြင်ပြုသည့် အသံတစ်ချက် ထွက်ပေါ်လာ ပါသည်။ ထို့နောက်တွင်၊ ရေခဲတောင်ကြီးတစ်ခုလုံးသည် ပြင်းထန်စွာ တုန်လှုပ်လာပြီး၊ ရေခဲတောင်၏ နက်ရှိုင်းသောအရပ်မှ တုနှိုင်းမရလောက်အောင် ပြင်းထန်သော စွမ်းအင် အတက်အကျလှိုင်းတစ်ခု ထွက်ပေါ်လာသည်။

ရေခဲတောင်ထိပ်မှာရှိနေသော ဆုဟန်ယု၏ မျက်နှာသည် ချက်ချင်းပင် ထိတ်လန့်တကြား ဖြစ်သွားသည်။ သူ၏ပုံရိပ်က နံဘေးသို့ အလျင်အမြန် ပျံသန်းသွားသည်။ အားလုံးက တစ်ခုခု မှားနေပြီဆိုသည်ကို သိလိုက်ကြပြီး၊ ရေခဲတောင်ကြီးကို ကြည့်ရန်အတွက် သူတို့ မျက်လုံးတွေ ပြူးကျယ်စွာ ဖွင့်လိုက်ကြပါသည်။

"ဘုန်း..”

မြေကြီးတုန်ခါလောက်သည့် ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။ နတ်သံမဏိကဲ့သို့ မာကျောသော ရေခဲတောင်ကြီးသည် လူတိုင်း၏ မျက်စိရှေ့တွင် ပေါက်ကွဲသွားသည်။ ခရမ်းရောင်ပုံသဏ္ဍာန်တစ်ခုသည် ရေခဲတောင် အစိတ်ပိုင်းများကြားမှ ပျံထွက်သွားပြီး ခရမ်းရောင်ပုံရိပ်များအဖြစ် ပြောင်းလဲကာ ဆုဟန်ယု၏ဘေးတွင် ပေါ်လာပါသည်။

နတ်နဂါးတစ်ကောင်၏ စွမ်းအားသည် ကောင်းကင်လေ ရင်ပြင်တစ်ခုလုံးကို ချက်ချင်းပင် ပြည့်နှက်သွားလေသည်။ ချင်ယွင်၏ ခန္ဓာကိုယ်အား ခရမ်းရောင် နတ်နဂါးပုံရိပ်ကြီးတစ်ခု က လွှမ်းခြုံထားသည်။ ခရမ်းရောင်နတ်နဂါးကြီးသည် အသက်ဝင်နေဟန်ရပြီး၊ ကြောက်မက်ဖွယ်ကောင်းသော ရှေးဟောင်းအငွေ့အသက်ကို ထုတ်လွှတ်နေသည်။ ထိုအချိန်တွင် ချင်ယွင်သည် နဂါးနတ်ဘုရားအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။

ဆုဟန်ယုသည် သူ၏ရှေ့တွင် ရုတ်တရက် ပေါ်လာသော ချင်ယွင်ကို အလွန်အံ့အား သင့်နေသော မျက်နှာထားဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူသည် တစ်စုံတစ်ခုကို တွေးတောနေပုံရပြီး၊ ချင်ယွင်ဆီသို့ အလျင်စလို ရိုက်နှက်ရန် ရေခဲအေးဥပဒေသကို အရှိန်မြှင့်လိုက်သည်။

"ဘယ်သူက ကိုယ့်ကိုယ်ကို အထင်ကြီးနေလဲဆိုတာ မင်းကို ငါ တွေ့ခွင့်ပေးမယ်။" ချင်ယွင်၏ ပါးစပ်ထောင့်သည် အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့ပြီး၊ ထို့နောက်တွင် ကြောက်မက်ဖွယ်ကောင်းသော နဂါးတစ်ကောင်၏ လွှမ်းမိုးနိုင်စွမ်းရှိသော အငွေအသက်က သူ၏လက်သီးမှ ထွက်ပေါ်လာသည်။

ချင်ယွင်၏ တိုက်ခိုက်မှုသည် ပုံရိပ်ယောင်တစ်ခုကဲ့သို့ပင် လျင်မြန်သည်။ ဆုဟန်ယု၏ လက်ဖဝါးက သူ့ကို မရိုက်မိခင်မှာ ချင်ယွင်၏ လက်သီးသည် ဆုဟန်ယု၏ နှာခေါင်းရိုးကို ပြင်းထန်စွာ ရိုက်မိသွားခဲ့သည်။

All Chapters