← Chapters

အခန်း ၉၃၄

Vol. 63 Ch. 934

အခန်း ၉၃၄

Vol. 63 Ch. 934

အခန်း (၉၃၄) အရာအားလုံးကို ချေမှုန်းခြင်းဓား။

ဆုဟန်ယု၏ နှာခေါင်းရိုးသည် ချက်ခြင်း ပြတ်တောက်သွားခဲ့ပြီး၊ သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် နောက်သို့ လွင့်ပျံသွားကာ ကောင်းကင်ယံတွင် နှာခေါင်းသွေးများ ဖြန်းခနဲ လွင့်စင်သွားပါသည်။

ထိုအချိန်တွင် ဆုဟန်ယုသည် တုန်လှုပ်ခြောက်ခြားခြင်း ဒေါသထွက်ခြင်း နှစ်မျိုးစလုံး ဖြစ်ပေါ်လာသည်။ သူသည် ချင်ယွင် ဤမျှလောက် မြန်မြန်ဆန်ဆန် တိုက်ခိုက်လာမည်ဟု မျှော်လင့်မထားသလို ချင်ယွင်က သူ၏နှာခေါင်းအရိုးကို တိုက်ခိုက်မည်ဟုလည်း မျှော်လင့်မထားခဲ့ပေ။

ချင်ယွင်၏ လက်သီးချက်သည် ကြောက်စရာကောင်းလွန်းသည်။ လက်သီးချက်အားလုံးက ဆုဟန်ယု၏ နှာခေါင်းအရိုးကို အပိုင်းပိုင်း ကြေမွသွားစေပြီး၊ ယင်းကြောင့်၊ သူ၏ ချောမောသော မျက်နှာကို ချက်ချင်း ရုပ်ပျက်ဆင်းပျက် ဖြစ်သွားစေခဲ့ပါသည်။

ဘန်း…။

ဆုဟန်ယု၏ ခန္ဓာကိုယ်မှ ပြင်းထန်သော စွမ်းအင်အတက်အကျလှိုင်းတစ်ခု ပျံ့နှံ့ထွက်ပေါ် လာခဲ့ပြီး၊ အရာအားလုံး လျင်မြန်စွာ ရပ်တန့်သွားခဲ့သည်။ သို့သော်၊ သူ၏ ဆံပင်များလည်း ပြန့်ကျဲနေပြီး၊ သူ၏ နက်မှောင်သော မျက်လုံးတစ်စုံက ချင်ယွင်ကို ပြင်းထန်စွာ စိုက်ကြည့်နေသည်။

"ငါ မင်းကို သေစေချင်တယ်..” ဆုဟန်ယုသည် အသက်ရူကြပ်သလို ဟောဟဲစိုက်နေပြီး၊ ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒကို ထုတ်ဖော်လိုက်သည်။

"အိုး? ဘယ်လိုလဲ?" ချင်ယွင်က ညင်သာစွာ ပြုံးပြီး၊ ပုံရိပ်များအဖြစ် ပျောက်ကွယ် သွားခဲ့သည်။ သူသည် ဆုဟန်ယု၏ ရှေ့မှာ တဖန်ပြန်ပေါ်လာသည်။

ဆုဟန်ယုသည် ချက်​ချင်း ထိတ်​လန့်​သွားသည်​။ အကယ်၍, ချင်ယွင် သူဆီသို့ ပထမဆုံး အကြိမ် ချဉ်းကပ်နိုင်ခဲ့သည်ဆိုလျှင်၊ ၎င်းသည် သူ၏ပေါ့ဆမှုကြောင့်သာ ဖြစ်ပေလိမ့်မည်။ သို့သော်, ယခုတစ်ကြိမ်တွင် သူသည် ချင်ယွင်ကို စိုက်ကြည့်နေပြီး ချင်ယွင် မည်သည့် အရာလုပ်နေသည်ကို ရှင်းရှင်းလင်းလင်း နားမလည်နိုင်သေးပေ။

"ဒီလိုလား?" ချင်ယွင်က ရယ်မောလိုက်ပြီး၊ သူ၏လက်သီးက ဆုဟန်ယု၏ နှာခေါင်းကို ထပ်ပြီး ထိုးလိုက်သည် ။

ဆုဟန်ယု၏ အသွေးအသားပုံစံ ပျက်ယွင်းနေသော နှာခေါင်းထံမှ သွေးများ စီးကျလာပြီး သူ၏ မျက်နှာကို လုံးဝ မှတ်မိနိုင်ခြင်း မရှိတော့ပေ။

"အား…... ငါ မင်းကို သတ်ချင်တယ်..." ဆုဟန်ယုက အရူးအမူး အော်ဟစ်သည်။ ထို့နောက် သူသည် ချင်ယွင်ကို ထပ်မံတိုက်ခိုက်ရန် တော်ဝင်တာအိုဉပဒေသကို စုစည်းတော့မည်။

“ဘုန်း…”။

နောက်ထပ် သန်မာသော လက်သီးတစ်ချက်က ဆုဟန်ယု၏ နှာခေါင်းကို တတိယအကြိမ် ထိမှန်သွားသည်။

ဆုဟန်ယုသည် ထိုထိုးနှက်မှုကြောင့် ထိတ်လန့်သွားပြီး သူ၏ ရင်ဘတ်ထဲရှိ ဒေါသသည် ပိတ်ဆို့ထားသည့်အတွက် လေထဲတွင် မပေါက်ကွဲနိုင်သည့် မီးတောင်နှင့်တူသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ လွင့်မျောစင်မြင့်ပေါ်ရှိ လူတိုင်းသည် တုန်လှုပ် ခြောက်ခြားပြီး သူတို့၏နှလုံးသားထဲတွင် ကျိန်ဆဲမိကြသည်။ ချင်ယွင်သည် ကြောက်မက် ဖွယ်ကောင်းသော အရှိန်ဖြင့် ရုတ်တရက် ပေါက်ကွဲထွက်လာခြင်းကြောင့် သူတို့လည်း အံ့သြမိကြသည်။ ကျိန်ဆဲခြင်းက ချင်ယွင်အတွက် စျေးပေါလွန်းသည်။ သူ ဆုဟန်ယုကို လက်သီးဖြင့် ထိုးလိုက်တိုင်း သူ့မျက်နှာ၏ တူညီတဲ့ အစိတ်အပိုင်းကိုပင် ထိမှန်နေခဲ့သည်။ ထိုနေရာသည် သူ့မျက်နှာ၏ အထိခိုက်မခံနိုင်ဆုံး အစိတ်အပိုင်းတစ်ခုလည်း ဖြစ်နေပါ သည်။

ထိုအချိန်တွင် ဆုဟန်ယုသည် ဒေါသအမျက်ထွက် ပေါက်ကွဲထွက်နေပြီး ရူးသွပ်တော့မည့် အနေထားမျိုးထိ ရောက်ရှိနေခဲ့ပြီ။ ချင်ယွင်က သူ့ကို တိုက်ခိုက်နေခြင်း လုံးဝ မဟုတ်ဘဲ၊ သူ့ကို အရှက်ခွဲနေသည်ဟု သူ ခံစားမိသည်။

“ဘုန်း…”

နောက်ထပ် လက်သီးတစ်ချက်က ဆုဟန်ယု၏ နှာခေါင်းပေါ်သို့ ခိုင်မာစွာ ကျရောက်လာ သည်။ ဆုဟန်ယု၏ ဦးခေါင်းခွံသည် ကွဲအက်သွားပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကောင်းကင်နှင့် မြေကြီး လည်ပတ်နေသကဲ့သို့ ခံစားရသည်။

ချင်ယွင်၏ ပါးစပ်ထောင့်က လှောင်ရယ်သံ ထွက်ပေါ်လာသည်။ ယခုအချိန်တွင် သူသည် နဂါးစိတ်ဝိညာဉ် အနှစ်သာရ၏ အထောက်အပံ့ကို ရရှိထားသည်။ နတ်နဂါးလက်သီး သိုင်း၏ ဆဋ္ဌမမြောက်သိုင်းကွက်ကို အသုံးပြု၍ သူ၏ ခွန်အားနှင့် အရှိန်ဟုန်သည် ကောင်းကင်တာအိုနယ်ပယ်၏ ပထမအဆင့်ရှိ အင်မော်တယ်ဧကရာဇ်တစ်ပါး၏ အစွမ်းနှင့် နှိုင်ယှဉ်နိုင်သောအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့်၊ သူ၏ လက်ရှိအင်အားသည် ကောင်းကင်တာအိုနယ်ပယ်၏ ပထမအဆင့်ရှိ အင်မော်တယ် ဧကရာဇ်တစ်ပါးအောက် အားမနည်းဟု ဆိုနိုင်ပါသည်။

“ဘုန်း..”

ချင်ယွင်က ထပ်မံ တိုက်ခိုက်လိုက်ပြီး၊ ကြောက်မက်ဖွယ်ကောင်းသော နဂါးတစ်ကောင်၏ စွမ်းအားကို သယ်ဆောင်လာသော လက်သီးချက်က ဆုဟန်ယု၏ နှာခေါင်းအရိုးဆီသို့ တိုက်ရိုက် ထိသွားသည်။

"လုံလောက်ပြီ!"

ဆုဟန်ယုသည် ချက်ချင်းပင် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ကြောက်မက်ဖွယ် အအေးလှိုင်းတစ်ခုက သူ၏ခန္ဓာကိုယ်မှ ချက်ချင်း ထွက်ပေါ်လာကာ ချင်ယွင်ကို တိုက်ရိုက် တုန်လှုပ်သွားစေသည်။

ဆုဟန်ယု၏နောက်တွင် အဆုံးမဲ့အေးစက်မှုနှင့်အတူ အင်မော်တယ်ဘုရင် ကိုယ်ပွားတစ်ခု ပေါ်လာပြီး သူ၏အငွေ့အသက်ကို အဆများစွာတိုးစေသည်။

တစ်ချိန်တည်းမှာပင်၊ အနှိုင်းမဲ့ အားကောင်းသော စွမ်းအင်အတက်အကျလှိုင်းများ ပါရှိသည့် ဓားရှည်တစ်လက်က သူ၏လက်ထဲတွင် ပေါ်လာသည်။ ထိုဓားရှည်သည် အရိုးထိအောင်ပင် အေးစိမ့်စေမည့် အအေးစွမ်းအားဖြင့် ပြည့်နှက်နေသည်။

"ဟန်လင်းဓား၊ အဲဒါက တကယ်ကို ဟန်လင်းဓားပဲ။ ဆုဟန်ယုက ဟန်လင်းဓားကို တကယ်ထုတ်သုံးဖို့ မျှော်လင့်မထားဘူး။ သူ တကယ်ကို ဒေါသထွက်နေပုံရတယ်။ ဆုဟန်ယု၏ လက်ထဲရှိ ဓားကိုတွေ့သောအခါ၊ တစ်စုံတစ်ယောက်က အော်ပြောလိုက် သည်။

လူတိုင်းသည် ဆုဟန်ယု၏လက်ထဲမှ ဓားကို အဆုံးမဲ့မနာလိုစိတ်ဖြင့် ကြည့်နေကြသည် ။

ဟန်လင်းဓားသည် ဖရိုဖရဲ ကောင်းကင်ရတနာအဆင့်တွင် မြေအောက်ကမ္ဘာနန်းတော် ပြီးနောက် ဒုတိယအဆင့်တွင် ရပ်တည်နေခဲ့သည်။ ၎င်းဓားသည် အနှိုင်းမဲ့ ကြောက်စရာကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားပါသည်။ ဓားတစ်ချက်တိုက်ခိုက်ရုံဖြင့် ကီလိုမီတာ တစ်သောင်းခန့် အေးခဲသွားမည် ဖြစ်သည်။

ချင်ယွင် လည်း အံ့သြသွားသည် အရိပ်အယောင်ကို ထုတ်ဖော်လိုက်သည်။ ဖရိုဖရဲ ကောင်းကင်ရတနာအဆင့်တွင် ဒုတိယအဆင့်ရှိ ဟန်လင်းဓားသည် ဆုဟန်ယု၏ လက်ထဲတွင် အမှန်တကယ် ရှိနေမည်ဟု သူ မထင်ထားခဲ့ပေ။

"ချင်ယွင် မင်းက အရမ်းအစွမ်းထက်တယ်ဆိုတာ ငါ ဝန်ခံရမယ်။ မင်းက တကယ်ပဲ ငါ့ကို ဒီအထိရောက်အောင် တွန်းအားပေးခဲ့တယ်။ ဒါပေမယ့် ငါဆုဟန်ယုက ဓားသိုင်းပညာရပ် ရဲ့ အစစ်အမှန်စွမ်းအားက ဘာလဲဆိုတာ မင်းကို ငါ ပြောပြပေးမယ်။" ဆုဟန်ယုသည် သူ၏ လက်ထဲတွင် ဓားရှည်ကို ကိုင်ထားပြီး သူ၏ အကြည့်တွေက ယခင်ကထက်ပင် အေးစက်လာခဲ့သည်။ သူ၏လက်ထဲမှ မြူနှင်းဓားကို လှည့်ပတ်လိုက်ပြီး ဓားသွားပေါ်ရှိ အအေးဓာတ်က လူတိုင်း၏နှလုံးကို မွန်းကြပ်စေသည်။

"အိုး? ကံမကောင်းစွာပဲ၊ ငါကလည်း အနီးကပ် တိုက်ခိုက်ရေးမှာ တကယ်ကို မကျွမ်းကျင် ဘူး။ ငါတကယ် ကောင်းကောင်းကျွမ်းကျင်တာက ဓားသိုင်းပညာရပ်ပဲ။" ချင်ယွင်က ရယ်မောလိုက်ပြီး မြူနှင်းချောက်နက်ဓားက သူ၏လက်ထဲတွင် ပေါ်လာသည်။ မြူနှင်းချောက်နက်ဓားသည်လည်း ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒကို ထုတ်လွှတ်နေသည်။

"ဟမ့်၊ ဒါဆိုလည်း မင်းရဲ့ဓားသိုင်းပညာကပဲ ပိုအစွမ်းထက်သလား?။ ဒါမှမဟုတ် ငါ့ဓားသိုင်းပညာကပဲ ပိုအားကောင်းသလား ကြည့်ကြည့်ရအောင်။ တစ်ကွက်တည်းနဲ့ အနိုင်အရှုံးကို ဆုံးဖြတ်ကြတာပေါ့" ဆုဟန်ယုက အေးစက်စွာ ပြောသည်။ သူ၏ အသံသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နေသည်။

"ကောင်းပြီလေ၊ ဒါဆိုလည်း မင်းဆန္ဒအတိုင်း ဖြစ်ရလိမ့်မယ်။ သိုင်းကွက်တစ်ကွက်နဲ့ အနိုင်အရှုံးကို နိဂုံးချုပ်မယ်" ချင်ယွင်က ပေါ့ပေါ့ပါးပါး အပြုံးဖြင့် ပြောလိုက်ပြီး၊ သူ၏ မျက်လုံးများတွင် ပြင်းထန်သော တိုက်ခိုက်လိုသည့် အရိပ်အယောင်များ ထွက်ပေါ်လာ သည်။

သူတို့၏ဓားအရှိန်ဟုန်နှစ်ခု အပြင်းအထန် တွေ့ဆုံမူကပင် ကောင်းကင်လေရင်ပြင် တစ်ခုလုံး တုန်လှုပ်သွားစေခဲ့သည်.

လွင့်မျောစင်မြင့်ပေါ်ရှိ လူတိုင်းသည် မျက်တောင်မခတ်ဘဲ ကွင်းပြင်ထဲရှိ လူနှစ်ယောက်ကို ကြည့်နေကြသည်။ အဆုံးတွင် မည်သူက ဤအောင်ပွဲခံမည်ကို သူတို့ အလွန် သိချင်နေခဲ့သည်။

ကောင်းကင်တွင် ရှိနေသည့် ရှရှန်းယုသည်လည်း ကွင်းပြင်အတွင်းရှိ လူနှစ်ယောက်ကို စိုက်ကြည့်နေသည်။ သူမ၏ လှပသော မျက်နှာပေါ်တွင် လေးနက်မှု အရိပ်အယောင် ပေါ်လွင်နေသည်။ ဆုဟန်ယုသည် ခြေလှမ်းတိုင်းတွင် ချင်ယွင်၏ တွန်းအားပေးမူကို အမှန်တကယ် ခံနေရလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ ယင်းကြောင့် သူမ၏ မယိမ်းယိုင်သော ယုံကြည်မှုများပင် စတင် လှုပ်ခတ်လာရပြီ။

"ငါ့ရဲ့ တော်ဝင်တာအိုက ပြီးပြည့်စုံနေပြီ။ ငါ့ရဲ့ဓားသိုင်းကလည်း အကြီးမြတ်ဆုံး နယ်ပယ်အထိ ရောက်ရှိနေပါပြီ။ ဒီနေ့ မင်းကို ငါ့ရဲ့ဓားသိုင်းပညာ ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ ငါ ပြောပြပေးမယ်” ဆုဟန်ယု၏ လေသံက အရိုးတွေထဲ ထိုးဖောက်ဝင်လာသည့် ရေခဲတုံးအလားပင်။ သူလက်ထဲမှ မြူနှင်းဓားကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး ၎င်းဓားပေါ်ရှိ မြူနှင်းစွမ်းရည် အတက်အကျလှိုင်းများက ပို၍ပင် ပြင်းထန်လာခဲ့သည်။

ရေခဲတော်ဝင်တာအိုဉပဒေသ၏ စွမ်းရည်တစ်ခုလုံးကို မြူနှင်းဓားထဲသို့ လုံးလုံးလျားလျား သွန်းလောင်းထည့်လိုက်သည်။ ရုတ်တရက် ကောင်းကင်နှင့်မြေကြီးသည် အေးခဲသွားပုံရ သည်။ လေထုတစ်ခုလုံး အေးခဲနေပြီး ကြောက်မက်ဖွယ်ကောင်းသော နှင်းခဲများက ဆုဟန်ယု တစ်ဝိုက်တွင် ပျံ့သွားခဲ့သည်။

မြူနှင်းဓား၏ စွမ်းအင်အတက်အကျလှိုင်းများက ပို၍ပင် ကြောက်စရာကောင်းလာသည်။

"ကောင်းလိုက်တာ.. ဘယ်လောက်ကြောက်စရာကောင်းတဲ့ ဓားချက်လဲ?။ ဒါက ဆုဟန်ယုရဲ့ ခွန်အားအစစ်မှန်ပဲလား။ အရမ်းကို ပြင်းထန်လွန်းတယ်" လွင့်မျောစင်မြင့် ပေါ်ရှိ လူတိုင်းသည် တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်ကြသည်။ ဆုဟန်ယုကို ကြည့်နေရင်း သူတို့၏အကြည့်တွေက ထိတ်လန့်ကြောက်ရွံ့မှု အပြည့်နှင့်ပင်။

ဤအခိုက်အတန့်တွင် သူတို့သည် အကာအကွယ်အလင်းဒိုင်းမှ ထွက်ပေါ်လာသော ပြင်းထန်သော အအေးဓာတ်ကိုပင် ခံစားလိုက်ရပြီး သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံး ရေခဲခန်းထဲသို့ ကျသွားသလိုမျိုး အေးခဲသွားစေသည်။

"သေလိုက်တော့၊ ကောင်းကင်ပိတ်ဆို့ခြင်းဓားတံဆိပ်” ဆုဟန်ယုက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏လက်ထဲမှ မြူနှင်းဓားသည် နောက်ဆုံးတွင် ထွက်ပေါ်လာပါ ပြီ။ ရွှန်းလဲ့သော ဓားအလင်းသည် ဓားကို ချက်ချင်း လွှမ်းခြုံသွားကာ အဆုံးမဲ့ အေးစက်မှုနှင့်အတူ ချင်ယွင်ဆီသို့ ပျံသန်းသွားသည်။ ဓားချက်ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် လေဟာနယ်သည်ပင် အေးခဲသွားခဲ့သည်။

ချင်ယွင်သည် ရေခဲဒီရေလှိုင်းကဲ့သို့ ဝင်းလက်တောက်နေသော ဓားအလင်းတန်းကို ကြည့်လိုက်ရင်း သူ၏မျက်လုံးများသည်လည်း ပြင်းထန်သော ဓားအလင်းတန်းများဖြင့် ဝင်းလက်တောက်ပလာခဲ့သည်။

“ဘုန်း…”။

အင်မော်တယ်ဘုရင် ကိုယ်ပွားသုံးခုက သူ၏နောက်တွင် တစ်ပြိုင်နက် ထွက်ပေါ်လာ သည်။ တော်ဝင်တာအိုဉပဒေသ သုံးခု၏ စွမ်းအားများသည် ချက်ချင်းဆိုသလို ပျံ့နှံ့လာ ခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်နှင့် သူ၏လက်ရှိ ဓားသည် မရေမတွက်နိုင်သော ပုံရိပ်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"လေထုကာစီးခြင်းဓားသိုင်ရဲ့ စတုတ္ထသိုင်းကွက် - အရာအားလုံးကို ချေမှုန်းခြင်းဓား။" ချင်ယွင်က ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး၊ သူ၏လက်ထဲမှ မြူနှင်းချောက်နက်ဓားကို ချက်ချင်း ခုတ်ပိုင်းလိုက်သည်။

ဓားအလင်းတစ်ခုက ချက်ချင်း ထွက်သွားခဲ့ပြီး ဆုဟန်ယု၏ဓားအလင်းဆီသို့ အပြင်းအထန် ဖိနှိပ်လိုက်သည်။

All Chapters