အခန်း ၉၃၅
Vol. 63 Ch. 935
အခန်း (၉၃၅) ရှရှန်းယုကို ဖိနှိပ်ခြင်း။
ချင်ယွင်ထံမှ ခုတ်ပိုင်းလိုက်သော ပြင်းထန်သော အအေးဓာတ်များ ထုတ်လွှတ်နေသော ဓားအလင်းနှင့် ကြယ်တံခွန်နှစ်စင်း အချင်းချင်း တိုက်မိသကဲ့သို့ အပြင်းအထန် တိုက်မိသွားခဲ့သည်။
“ဘုန်း…။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ချင်ယွင်၏ ဓားအလင်းသည် ဆုဟန်ယု၏ ဓားအလင်းကို အစိပ်စိပ်မွှာမွှာ ချေမွပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားစေခဲ့သည်။ ချင်ယွင်၏ ဓားချက်ကြောင့် ထိုကြောက်မက်ဖွယ်ကောင်းသော အအေးလှိုင်းသည် လုံးဝ ပြိုကွဲသွားခဲ့ရသည်။
လွင့်မျောစင်မြင့်ပေါ်ရှိ လူတိုင်းသည် တုန်လှုပ်ခြောက်ခြားသွားသည့် အမူအရာများကို ထုတ်ဖော်နေကြသည်။ ဆုဟန်ယု၏ ဓားချက်သည် မည်မျှ ကြောက်စရာကောင်းလိုက် သနည်း?။ ထိုဓားချက်သည် ယခုလိုပုံစံမျိုးဖြင့် ပိတ်ဆို့ခံလိုက်ရသည်လား?။
ကောင်းကင်ယံရှိ ရှရှန်းယု၏ မျက်ခုံးများသည် တင်းကျပ်စွာ တွန့်နေခဲ့သည်။ ဆုဟန်ယု သည် မြူနှင်းဓားကို အသုံးပြုနေသော်လည်း၊ ဆုဟန်ယု၏ ဓားချက်ကို ချင်ယွင်က အလွယ်တကူ တားဆီးနိုင်လိမ့်မည်ဟု သူမ မမျှော်လင့်ထားမိသည်မှာ ထင်ရှားသည်။
"မဖြစ်နိုင်ဘူး၊ ဒါက လုံးဝ မဖြစ်နိုင်ဘူး၊ ငါ့ရဲ့ ကောင်းကင်ပိတ်ဆို့ခြင်း ဓားတံဆိပ်က ဘယ်လိုလုပ် ပိတ်ဆို့ခံလိုက်ရတာလဲ?။" ထိုအချိန်တွင် ဆုဟန်ယု၏ မျက်နှာသည် ထိတ်လန့်သော အမူအရာ ပေါ်လာသည်။
ဤကောင်းကင်ပိတ်ဆို့ခြင်း ဓားတံဆိပ်သည် သူ၏ အစွမ်းထက်ဆုံး တိုက်ခိုက်မှု ဖြစ်ပါသည်။ ဤဓားချက်၏ စွမ်းအားသည် ကောင်းကင်တာအိုနယ်ပယ်၏ ပထမအဆင့် အင်မော်တယ် ဧကရာဇ်များပင်လျှင် အတင်းအကြပ် ခံယူဝံ့မည် မဟုတ်ပေ။ သို့သော်လည်း, ယခုအခါတွင် ချင်ယွင်၏ဓားချက်ဖြင့် ပိတ်ဆို့ခံလိုက်ရသည်။ ဤအရာက သူ့ကို မယုံနိုင်လောက်အောင် ခံစားရစေပါသည်။
"ကြည့်ရတာ, မင်းရဲ့ဓားသိုင်းပညာက ဒီထက် ဘာမှပိုပုံမပေါ်ဘူး။ ဟင့်…၊ ငါတော့ ဒီကျွန်မလေး ရှရှန်းယုအပေါ်မှာ အခြေချခွင့်ရတော့မယ် ထင်တယ်" ချင်ယွင်၏ အေးစက်စက် လှောင်ပြောင်ရယ်မောသံက ထပ်မံ ထွက်ပေါ်လာသည်။ သူ၏ရုပ်အသွင် သည် ပုံရိပ်ယောင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ဆုဟန်ယုဆီသို့ ပျံသန်းသွားသည်။ သူ၏လက်ထဲရှိ မြူနှင်းချောက်နက်ဓားသည် ပြင်းထန်သော စွမ်းအင်အတက်အကျ လှိုင်းများ ပါဝင်နေသည်။
ထိုစကားကို ကြားတော့ ဆုဟန်ယု၏ မျက်လုံးများသည် ပြင်းထန်သော မလိုလားမူနှင့် အတူ ချက်ချင်း တောက်ပသွားသည် ။ သူက ချင်ယွင်ကို ဒေါသတကြီး အော်ပြောလိုက် သည် "ငါ ရှုံးနိမ့်မှာမဟုတ်ဘူး။ ငါဆုဟန်ယုက ကျိန်းသေပေါက် ရှုံးမှာ မဟုတ်ဘူး။ ရှရှန်းယုက ငါ့အပိုင်ပဲ”။
ထိုကဲ့သို့ ဟစ်ကြွေးမူနှင့်အတူ ဆုဟန်ယုသည် ချင်ယွင်၏တိုက်ခိုက်မှုကို တားဆီးရန် သူ၏လက်ထဲရှိ မြူနှင်းဓားကို အသက်သွင်းလိုက်သည်။
ချွင်…။
ဓားနှစ်လက်သည် အချင်းချင်း အပြင်းအထန် တိုက်မိသွားကာ အလွန်မင်း တုန်လှုပ်ဖွယ် အသံများ ထွက်ပေါ်ပြီး၊ စွမ်းအားနှစ်ခုသည် လှိုင်းလုံးများကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။
"တကယ်လား?။ ဒါဆိုလည်း အစစ်အမှန် ဓားသိုင်းပညာရပ်က ဘာလဲဆိုတာ ငါ မင်းကို ကြည့်ခွင့်ပေးမယ်။" ချင်ယွင်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး သူ၏အကြည့်က ချက်ချင်း စူးရှလာသည်။
ဤကာလအတွင်းတွင် သူသည် ဓားသိုင်းပညာကို နားလည်ဆင်ခြင်ရန် မည်သည့်အခါမှ မစွန့်လွှတ်ခဲ့ပေ။ သူသည် လေထုကာစီးခြင်းဓားသိုင်း၏ စတုတ္ထမြောက် သိုင်းကွက်ကို နားလည်ရုံသာမက၊ သူ၏ ဓားသိုင်းပညာရပ်သည်လည်း မကြုံစဖူး အထွတ်အထိပ်အဆင့် သို့ ရောက်ရှိသွားခဲ့ပြီ။
ဘန်း…။
ကျယ်လောင်သော တော်ဝင်တာအို၏ ပဲ့တင်ထပ်သံက ထွက်ပေါ်လာသည်။ ထို့နောက် ချင်ယွင်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒတစ်ချက် ထွက်လာသည်။ ကမ္ဘာကြီးသည် အဆုံးမဲ့ဓားများဖြင့် ပြည့်နှက်နေသည်။ ထိုကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒသည် အရာဝတ္ထုတစ်ခုနှင့်ပင် တူနေပြီး ရောက်ရှိနေကြသော လူတိုင်း၏ မျက်လုံးနှစ်ခုကြားတွင် ဓား၏တဖက်စွန်းက (ဓားထိပ်ဖျား) တွဲလောင်းကျလျှက် ချိန်ထားနေသည်ဟု ခံစားရစေသည်။
"ဒါက ဓားရဲ့တော်ဝင်တာအိုလား?" ရုတ်တရက် တစ်စုံတစ်ယောက်သည် အလန့်တကြား လေသံဖြင့် အော်ဟစ်လိုက်သည်။ သူတို့သည် ဓားတစ်လက်ကိုင်ထားရင်း ကောင်းကင်ယံ မှာ ရပ်တန့်နေသော ချင်ယွင်ကို စိုက်ကြည့်နေကြပါသည်။ သူတို့၏မျက်လုံးများတွင် နှိုင်းစာ၍မရသည့် ကြည်ညိုလေးစားမှုများဖြင့် ရုတ်တရက် ပြည့်လာကြသည်။
ဓား၏တော်ဝင်တာအိုသည် ဓားတာအို၏ အကြီးမြတ်ဆုံး နယ်ပယ်တစ်ခု ဖြစ်သည်။ ဓားတာအိုကို ကျင့်ကြံသူများအတွက်မူ ၎င်းသည် ထူးခြားသော နယ်ပယ်တစ်ခုဟု ဆိုနိုင်ပါ သည်။
ချင်ယွင်၏ ဓားတာအိုသည် ဤကဲ့သို့ အကြီးမြတ်ဆုံး နယ်ပယ်သို့ ရောက်ရှိနေမည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။
ကောင်းကင်ယံ၌ ရှရှန်းယု၏ မျက်ခုံးများလည်း တွန့်နေခဲ့သည်။ သူမရှေ့ရှိ ဤအရာ အားလုံးသည် သူမ မျှော်လင့်ထားသည်ထက် ကျော်လွန်နေခဲ့သည်။
"မဟုတ်ဘူး...မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး။" ဆုဟန်ယုသည် ချင်ယွင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ပြင်းထန်သော ဓားဆန္ဒကို ကြည့်ပြီး သူ၏ မျက်လုံးများတွင် မယုံနိုင်သည့် အမူအရာများဖြင့် ပြည့်နှက်နေခဲ့သည်။
ချင်ယွင်က မထီမဲ့မြင် ပြုံးလိုက်ပြီး သူ၏လက်ကောက်ဝတ်ကို အနည်းငယ် လှုပ်ရှားလိုက်ရာ၊ မြူနှင်းချောက်နက်ဓားပေါ်မှ စူးရှသော အငွေ့အသက်က ပို၍ပင် ကြောက်စရာကောင်းလာခဲ့သည်။
"အဆုံးသတ်ဖို့ အချိန်တန်ပြီ.." ချင်ယွင်၏ မျက်လုံးများသည် ရုတ်တရက် စူးရှလာပြီး သူ၏ခန္ဓာကိုယ် တစ်ခုလုံးလည်း ချက်ချင်း လှုပ်ရှားသွားသည်။
ဆုဟန်ယုသည် ချက်ချင်းပင် ထိတ်လန့်သွားပြီး သူ၏လက်ထဲရှိ ဟန်လင်းဓားကို ချင်ယွင်ဆီသို့ အလျင်အမြန် ဝှေ့ယမ်းလိုက်သည်။
“ချွပ်…”။
ဆုဟန်ယု၏ ဓားချက်သည် ခုတ်ပိုင်းလိုက်သည်နှင့်၊ ဓား၏အစွန်းသည် ချင်ယွင်ကို နှစ်ခြမ်းခွဲပစ်သွားသည်။ သို့သော် ဆုဟန်ယု၏ မျက်နှာသည် ချက်ချင်းပင် ပြာနှမ်းသွားခဲ့ သည် ။
"ပုံရိပ်ယောင်တစ်ခုလား.." ဆုဟန်ယုက ထိတ်လန့်စွာ အော်ဟစ်လိုက်ပြီး သူ၏ နှလုံးသားထဲတွင် ဆိုးရွားသည့် ကြိုတင်သတိပေးချက်တစ်ခု ချက်ချင်း ပေါ်လာခဲ့သည်။
"မင်းရဲ့ဓားချက်က အရမ်းနှေးတယ်။" ပြင်းထန်သော သတ်ဖြတ်လိုသော ဆန္ဒနှင့်အတူ ချင်ယွင်၏ စကားလုံးတွေက ချက်ချင်း ထွက်ပေါ်လာကာ၊ လေထဲတွင် ဓားအလင်းတချက် လင်းလက်သွားသည်ကို လူတိုင်း မြင်တွေ့လိုက်ရသည်။
ဓားချက်က ခုတ်ပိုင်းသွားခဲ့ပြီး၊ တော်ဝင်တာအိုသည်လည်း ရိုးရှင်းပြီး ၎င်း၏ မူလ အခြေအနေသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။ သို့သော် ဓားရှည်အတွင်းပါရှိသော စွမ်းအင်အတက်အကျလှိုင်းများက လူတိုင်း၏နှလုံးသားကို ရင်တုန်စေခဲ့သည်။
“ဖူး…။
ဆုဟန်ယု၏ လှုပ်ရှားမှုများသည် ချက်ချင်းပင် တောင့်တင်းသွားပြီး၊ သူ၏ မျက်လုံးများသည် ပြင်းထန်သော မလိုလားမူများဖြင့် ပြည့်နှက်နေသည်။ သူ၏မျက်ခုံး အလယ်ဗဟိုကနေ သူ၏ခန္ဓာကိုယ်အောက်ပိုင်းအထိ သွေးထွက်သံယို ဒဏ်ရာတစ်ခု ထွက်ပေါ်လာသည်။
ချင်ယွင်က သူ၏ဓားကို ဖယ်ရှားပြီး ရပ်လိုက်သည်။ သူက လုံးဝ အလှမ်းမမီသော နေရာတွင် ပိတ်မိနေသော ဆုဟန်ယုကို ကြည့်ရင်း သရော်ဟန်ဖြင့် ပြောလိုက်သည် "စိတ်မပူပါနဲ့၊ မင်းကိုယ်စား ရှရှန်းယုကို ငါ ကောင်းကောင်း ဂရုစိုက်ပေးပါ့မယ်"
"မဟုတ်ဘူး……" ဆူဟန်ယုက ကျယ်လောင်စွာ အော်လိုက်ပြီး သူ၏အသံက ပြင်းထန်သော ဝမ်းနည်းဒေါသနှင့် ပြည့်နေခဲ့သည်။ သို့သော် ထိုအချိန်တွင် သူ၏ အသိစိတ်သည် အဆက်မပြတ် ပျောက်ကွယ်သွားခဲ့သည်။ သူ၏အသံ မဆုံးခင်မှာ သူ၏ ခန္ဓာကိုယ်က နှစ်ခြမ်းကွဲသွားပြီး အောက်ကို ပြုတ်ကျသွားပါသည်။
ဒေါင်…..
ဆုဟန်ယု၏ အလောင်းသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားပြီး ခပ်အုပ်အုပ် အသံတစ်ချက် ထွက်ပေါ်လာသည်။
နေရာတစ်ခုလုံး သေလုမတတ် တိတ်ဆိတ်သွားသည်။ လူတိုင်းသည် ကောင်းကင်ယံရှိ မောက်မာသော ရုပ်အသွင်ကို စိုက်ကြည့်နေကြပြီး သူတို့၏မျက်လုံးများသည် တုနှိုင်းမရအောင် ကြည်ညိုလေးစားမှုနှင့် ပြည့်နေကြသည်။
ချင်ယွင်၏ နောက်ဆုံး ဓားချက်သည် ရိုးရှင်းပုံပေါက်သော်လည်း တုနှိုင်း၍ မရအောင်ပင် ကြောက်စရာကောင်းသော စွမ်းအားတစ်ခု ပါရှိသည်။ သူ၏ အရှိန်ဟုန်သည် အလွန် လျင်မြန်သောကြောင့် ရောက်ရှိနေကြသူ လူတိုင်းသည် နောက်ဆက်တွဲ ပုံရိပ်ယောင် များကိုသာ မြင်နိုင်ခဲ့သည်။ ထိုဓားချက်ကိုသာ ရင်ဆိုင်ရမည်ဆိုလျှင်၊ သူတို့ထဲက မည်သူမဆို သေချာပေါက် သေဆုံးရလိမ့်မည်။
ဘန်း….။
ကောင်းကင်ယံမှ အကာအကွယ်အလင်းဒိုင်းသည် လွင့်ပြယ်သွားခဲ့ပြီ။ ဆိုလိုသည်မှာ ဤတိုက်ပွဲက လုံးဝ ပြီးဆုံးသွားခဲ့ပြီ။
ချင်ယွင်သည် မြူနှင်းချောက်နက်ဓားကို ဖယ်ရှားလိုက်ပြီး ကောင်းကင်ယံတွင် အမြဲတမ်း ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နေခဲ့သည့် လှပသောပုံရိပ်လေးဆီကို လှည့်ကြည့်လိုက်သည်။ သူ၏ပါးစပ်ထောင့်တွင် မထင်မရှား အပြုံးက ရစ်ခွေခိုတွဲခြင်းမရှိဘဲ မနေနိုင်ခဲ့ပါချေ။
ဝှီး…။
အားလုံး၏အကြည့်တွေက ရှရှန်းယုဆီကို လွှဲလိုက်ကြသည်။ ရှရှန်းယုနှင့် ချင်ယွင် အလောင်းစားအကြောင်းကို ယခင်က သူတို့ကိုယ်တိုင် ကြားထားခဲ့သည်။ ဤအခိုက်အတန့်တွင် သူတို့သည် အလွန် သိချင်နေခဲ့သည်။ ရှရှန်းယုသည် ချင်ယွင်၏ အစေခံအဖြစ် အမှန်ပင် ဖြစ်လိုပါသလား?။
ရှရှန်းယု၏ အမူအရာသည် အေးခဲအေးစက်နေပြီး သူမ၏ယခင်က ငြိမ်သက်နေသော မျက်လုံးများသည် ရုန်းကန်မှုအသွင်ကို ထင်ရှားစေသည်။
သူမသည် အစေခံတစ်ဦးဖြစ်ရန် လုံးဝ မဖြစ်နိုင်သော်လည်း၊ လူပေါင်းများစွာ၏ ရှေ့တွင် သူမ၏ယခင်လောင်းကြေးကို ဝန်မခံဘဲ ချိုးဖောက်ခဲ့ပါက, သူမ၏ ယခင်က မြင့်မားပြီး ကြီးကြယ်ခမ်းနားသော ပုံရိပ်က အရှက်တကွဲ အကျိုးနည်းမူနှင့်အတူ ပျက်ယွင်းသွားရ လိမ့်မည်။
ချင်ယွင်သည် ရုန်းကန်နေရှာသော ရှရှန်းယုကို မြင်သောအခါ သူမ တွေးနေသည့်အရာကို သူ သိလိုက်သည်။ သူ၏ပါးစပ်ထောင့်စွန်းတွင် လှောင်ပြောင်ရိပ်တစ်ခု ပေါ်လာပြီး သူက ပြောလိုက်သည် “နတ်သမီးရှက ကိုယ့်စကားကို ပြန်ရုတ်သိမ်းဖို့ စီစဉ်နေတာလား?။ ဟုတ်တာပေါ့။ မင်းစကားကို ပြန်ရုတ်သိမ်းနိုင်ပါသည်။ စောစောက မင်းပြောခဲ့တဲ့ စကားတွေကို ငါက လေလည်တယ်လို့ ဟန်ဆောင်ပေးလိုက်ပါ့မယ်”။
ချင်ယွင်၏ စကားများသည် ပရိသတ်တစ်ခုလုံးကို မထီမဲ့မြင်ပြုသည့် အကြည့်များဖြင့် ကြည့်လာစေသည်အထိ ပဲ့တင်တင်ထွက်လာသည်။
ရှရှန်းယု၏ မျက်နှာသည် ချက်ချင်းပင် ပြာနှမ်းသွားခဲ့သည်။ အကယ်၍၊ ယခင်ကဆိုလျှင် သူမသည် လောင်းကြေးကို ငြင်းပယ်ရန် အကြောင်းပြချက်တစ်ခု ရှာတွေ့နိုင်သော်လည်း၊ ချင်ယွင်က ထိုစကားကို ပြောလိုက်ချိန်မှာတော့ လောင်းကြေးကို ငြင်းဆိုရန် အကြောင်းပြချက် မရှိတော့ပေ။
ချင်ယွင်၏ ဤနောက်ပြန်ဆုတ်ခွာဟန် ဤလှုပ်ရှားမှုသည် အလွန်အဆိပ်ပြင်းလွန်း သည်ဟု လူတိုင်းလည်း တိတ်တဆိတ် ကျိန်ဆဲကြသည်။ အကယ်၍၊ ရှရှန်းယုသာ လောင်းကြေးကို လက်မခံခဲ့ပါက၊ သူမသည် မစင်သဖွယ် ဖြစ်သွားပေးလိမ့်မည်။ ကောင်းကင်လေနတ်ဘုရားအကယ်ဒမီ၏ နံပါတ်တစ် နတ်သမီးအဖြစ် ချီးကျူးခံရသော ရှရှန်းယုသည် ထိုသို့သော အရှက်ကွဲခြင်းကို မည်သို့ လက်ခံနိုင်မည်နည်း?။
ရှရှန်းယုသည် သူမ၏ အနီရောင် နှုတ်ခမ်းများကို ကိုက်လိုက်ပြီး ချင်ယွင်ကို အေးစက်သော အမူအရာဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူမသည် တိုးတိုးလေး ပြောလိုက်သည် "ကောင်းပြီလေ, မင်းရဲ့ အစေခံလုပ်မယ်လို့ ငါ ကတိပေးတယ်။ ဒါပေမယ့် မင်း ငါ့ကို အမှားတစ်ခုခု လုပ်ဝံ့ရင် မင်းကိုသတ်မယ့်လူက ငါအရင်ဆုံးဖြစ်မယ်ဆိုတာ အာမခံတယ်"
အားလုံးသည် ချက်ချင်းပင် သူတို့နှလုံးသားထဲတွင် အော်ပြောနေကြသည်။ သူတို့သည် ရှရှန်းယုက သဘောတူလိမ့်မည်ဟု မှန်းဆထားပြီးသား ဖြစ်သော်လည်း၊ ရှရှန်းယုက ကိုယ်တိုင်ကိုယ်ကျ သဘောတူကြောင်း ကြားသိရသည့်အခါ, သူတို့သည် အရမ်းကို အံ့သြသွားကြရဆဲပင်။ ချင်ယွင်ကိုကြည့်သည့် သူတို့၏ အကြည့်တွေက ပြင်းထန်သော မနာလိုစိတ်များဖြင့် ပြည့်နှက်နေသည်။
ချင်ယွင်က ပြုံးပြီး လူတိုင်းက သူ့ကို သတ်ပစ်ချင်စေသည့် တစ်ခုခုကို ပြောလိုက်ပါသည် " စိတ်မပူပါနဲ့။ ငါ မင်းကို စိတ်မဝင်စားပါဘူး။ မင်းကိုယ်တိုင်က ငါ့ကို မသွေးဆောင်ဘူးဆိုရင် မင်းကို ငါ ဘာမှ မလုပ်ပါဘူးလို့ ကတိပေးပါတယ်။”ဟူ…။