အခန်း ၉၃၆
Vol. 63 Ch. 936
အခန်း (၉၃၆) စကြာဝဠာ၏ဆင့်ကဲဖြစ်စဉ်။
ချင်ယွင်နှင့် ဆုဟန်ယုတို့အကြား တိုက်ပွဲသည် ဤနေရာတွင် ပြီးဆုံးသွားခဲ့ပြီး၊ သူ၏ နောက်ဆုံးစကားကြောင့်လည်း ချင်ယွင်အပေါ် မုန်းတီးမှုစံနှုန်းက အလွန် မြင့်မားလာ ခဲ့သည်။ ယောက်ျားတပည့်အားလုံးက ချင်ယွင်ကို ဆွဲဖြဲပစ်ရန်ပင် ဆန္ဒရှိနေကြပါသည်။
သေချာသည်မှာ၊ ချင်ယွင်အပေါ် ထိုအမျိုးသမီးတပည့်များ၏ ကြည်ညိုလေးစားမှုကလည်း အလွန်မြင့်မားသည့် အဆင့်သို့ ရောက်ရှိသွားခဲ့ပြီး၊ အားလုံးက ချင်ယွင်ကို သူမတို့၏ အထင်ကြီးလေးစားထိုက်သူ ပြယုဂ်တစ်ခုအဖြစ် မှတ်ယူကြပါသည်။
ချင်ယွင်သည် ကောင်းကင်အဆင့်တွင် တတိယအဆင့်ရှိ ဆုဟန်ယုကို အနိုင်ယူပြီးနောက်၊ ချင်ယွင်၏အမည်သည်လည်း ကောင်းကင်လေနတ်ဘုရား အကယ်ဒမီ တစ်ခုလုံးတွင် ပျံ့နှံ့သွားခဲ့သည်။
ထိုအချိန်တွင် ချင်ယွင်နှင့် ရှရှန်းယုတို့သည် ချင်ယွင် နေထိုင်ခဲ့သော သစ်သားခန်းသို့ ပြန်ရောက်နေပြီ ဖြစ်သည်။ ချင်ယွင်သည် သူ၏နောက်မှ လိုက်ပါလာသော မြင့်မြတ် ထည်ဝါလှသည့် နတ်ဘုရားမရှကို လှည့်ကြည့်ရင်း ကူကယ်ရာမဲ့ ခေါင်းခါလိုက်မိသည်။
ရှရှန်းယုကို သူ၏အစေခံအဖြစ် ခေါ်ဆောင်ရခြင်း၏ အကြောင်းအရင်းမှာ ရှရှန်းယုသည် ထိုအချိန်တုန်းက သူ့ကို အရှက်ရစေခဲ့သော အရှက်တရားကို လက်စားချေရုံသက်သက် သာ ဖြစ်ပါသည်။ ယခုတွင် သူသည် ရှရှန်းယုကို သူ၏အစေခံအဖြစ် အမှန်တကယ် လုပ်ဆောင်နိုင်ခဲ့ပြီ။ သို့သော်, ချင်ယွင်သည် ရှရှန်းယုကို မည်သည့်အရာ ခိုင်းစေရမလဲ ဆိုသည်ကို အမှန်တကယ် မသိပါချေ။ သူမကို စားဖို့ကိစ္စနှင့် ပတ်သက်၍မူ, ချင်ယွင်မှာ ထိုကဲ့သို့ အတွေးမျိုး မရှိခဲ့ပေ။ (စားဖို့ကိစ္စက မည်သည့်အဓိပ္ပာယ်ဆိုလိုသည်ကို သိလောက် မည်ထင်ပါသည်)။
"အခန်းထဲကို ကိုယ့်ဘာသာ ဝင်လိုက်ပါ။ ငါ့ခွင့်ပြုချက်မရှိဘဲ ဒီနေရာကနေ ထွက်သွားခွင့် မပြုဘူး။ ငါ အခု တံခါးပိတ်ကျင့်ကြံဦးမယ်။ တကယ်လို့၊ မင်းမှာ လုပ်စရာမရှိဘူးဆိုရင်, ငါ့ကို မနှောင့်ယှက်နဲ့။"
ချင်ယွင်သည် စကားတစ်ခွန်းကို ထုတ်ပြောပြီးနောက် သစ်သားအိမ်ထဲသို့ ၀င်သွားခဲ့သည်။
ရှရှန်းယုသည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ သူမသည် ကြိုတင် ပြင်ဆင်ထားပြီးသား ဖြစ်သည်။ အကယ်၍, ချင်ယွင်သည် ရိုင်းစိုင်းသည့် မည်သည့် တောင်းဆိုမူမျိုးမဆို ပြုလုပ်လာပါက, သူမ ချက်ချင်းပင် လှုပ်ရှားမည်ဖြစ်သည်။
သို့သော်လည်း ယခုအချိန်တွင် ချင်ယွင်သည် စကားတစ်ခွန်းသာ ချန်ထားခဲ့ပြီး၊ သူမအား လျစ်လျူရှုလိုက်ခြင်းကြောင့် သူမ၏အရိုးများပင် ယားယံသွားသလို ခံစားလာရပြီး၊ မကုတ်မိဘဲ မနေနိုင်ခဲ့ပါချေ။
ပိတ်ထားသော သစ်သားတံခါးကို စေ့စေ့ကြည့်ပြီးနောက်၊ ချင်ယွင်၏စကားအတိုင်း သူမသည် ချင်ယွင်၏ သစ်သားအိမ်အနီးတွင် ကိုယ်ပိုင်အိမ်တစ်လုံး တည်ဆောက်လိုက် သည်။
ချင်ယွင်သည် သစ်သားအိမ်လေးထဲ ဝင်ရောက်ခဲ့ပြီး၊ တင်ပျဉ်ခွေ ထိုင်လိုက်သည်။ ထို့နောက်၊ သူသည် အမှောင်ထုချောက်နက်ကြီးထဲမှ ရရှိခဲ့သော ကျောက်ဘုရင်ကို ထုတ်ယူလိုက်သည်။
ဤကျောက်ဘုရင်သည် ယခုအကြိမ် ချင်ယွင်၏အဆင့်ချိုးဖြတ်မူ အောင်မြင်ခြင်း၏ သော့ချက်တစ်ခု ဖြစ်သည်။ ဤကျောက်ဘုရင်ကို စုပ်ယူပြီးသည်နှင့် သူ၏ ကနဦး စကြာဝဠာသည် ကမ္ဘာမြေကြီး တုန်လှုပ်သွားလောက်သည့် အပြောင်းအလဲများကို ကြုံတွေ့ရလိမ့်မည်ဟု ကြိုတင်သတိပေးချက်တစ်ခု ရှိနေခဲ့သည်။
ဘန်း….။
ချင်ယွင်သည် ကနဦးစကြဝဠာ၏ စုပ်ယူခြင်းစွမ်းအားကို အသက်သွင်းလိုက်ပြီး၊ တွန့်ဆုတ်မနေဘဲ ကျောက်ဘုရင်၏ စွမ်းအားကို အရူးအမူး စုပ်ယူလိုက်သည်။
ကျောက်ဘုရင်သည် ချင်ယွင်၏ ရင်ဘတ်ပေါ်တွင် လွင့်မျောသွားပြီး ပြင်းထန်သော စွမ်းအင်အတက်အကျလှိုင်းများကို ထုတ်လွှတ်နေသည်။ ရှေးဟာင်းဆိတ်သုဉ်းခြင်း စွမ်းအင်အမြောက်အမြားသည် ကျောက်ဘုရင်ထံမှ အဆက်မပြတ် စီးထွက်နေပြီး ချင်ယွင်၏ ဝမ်းဗိုက်ထဲသို့ စိမ့်ဝင်သွားသည်။
ဤကြီးမားသော စွမ်းအင်ပမာဏသည် ကနဦးစကြဝဠာထဲသို့ သွန်းလောင်းလာသည်နှင့် အမျှ ချင်ယွင်၏ ကနဦးစကြာဝဠာတွင် စတင်ပျံ့နှံ့လာပြီး အတွင်းရှိ ဖရိုဖရဲစွမ်းအင်သည် တဖြည်းဖြည်း ပိုမိုအားကောင်းလာသည်။
ကျောက်ဘုရင်တွင်ပါရှိသော စွမ်းအားသည် အမှန်တကယ် ကြီးမားသည်ဟု ဆိုရမည် ဖြစ်သည်။ ချင်ယွင်သည် ကျောက်ဘုရင်၏ စွမ်းအင်အားလုံးကို လုံးလုံးစုပ်ယူနိုင်ရန် ဆယ်ရက်နှင့် ဆယ်ည ကြာခဲ့သည်။
ချွင်..။
ချင်ယွင်သည် ကျောက်ဘုရင်ထံမှ ရှေးဟောင်းဆိတ်သုဉ်းခြင်းစွမ်းအား၏ နောက်ဆုံး တစွန်းတစကို စုပ်ယူနေစဉ်မှဦ တော်ဝင်တာအို၏ ပံ့တင်ထပ်အသံသည် ချင်ယွင်၏ ကနဦးစကြဝဠာမှ ထွက်ပေါ်လာသည်။
တော်ဝင်တာအို၏ ပဲ့တင်ထပ်အသံကို ချင်ယွင် ကြားသောအခါ၊ သူ၏မျက်နှာသည် စိတ်အားတက်ကြွသည့် အမူအရာ ပေါ်လာသည်။ ထို့နောက် သူသည် သူ၏ ကနဦး စကြဝဠာထဲသို့ လျင်မြန်စွာ ဝင်ရောက်လိုက်သည်။
ထိုအချိန်တွင်၊ ကနဦးစကြဝဠာတစ်ခုလုံးသည် သိပ်သည်းလှသော ဖရိုဖရဲ စွမ်းအင်များဖြင့် ပြည့်နှက်နေသည်။ စကြာဝဠာကြီးတစ်ခုလုံးသည် အရေးကြီးသော အခိုက်တန့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး နောက်တစ်ဆင့်က ဆင့်ကဲဖြစ်စဉ် ဖြစ်သည်။
ဆင့်ကဲဖြစ်စဉ်ဟု ခေါ်ဆိုရသည့်အရာသည် ကြယ်များ၏ ဆင့်ကဲဖြစ်စဉ်နှင့် အင်မော်တယ် ကမ္ဘာတိုက်ကြီး၏ (ဆင့်ကဲဖြစ်စဉ်)တို့ ဖြစ်သည်။ ဤလုပ်ငန်းစဉ်သည် အလွန်မင်း အရေးကြီးပါသည်။
ဘန်း…။
ချင်ယွင်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် သူ၏ပတ်ဝန်းကျင်ရှိ ဖရိုဖရဲ စွမ်းအင်တွေက အရူးအမူး ပျံ့နှံ့လာခဲ့သည်။ စကြဝဠာကြီးတစ်ခုလုံးသည် ကမ္ဘာမြေကြီး တုန်ခါလောက်သည့် ဆင့်ကဲပြောင်းလဲမှုများကို စတင် ခံစားလာရသည်။
ဖရိုဖရဲစွမ်းအင် ပမာဏများစွာသည် အတူတကွ စုစည်းပြီးရင်း စုစည်းလာခဲ့ကာ၊ ကုန်းတွင်း ပိုင်း၌ ကောင်းကင်တုန်လှုပ်လောက်သည့် အပြောင်းအလဲများ စတင် ပေါ်ပေါက်လာသည်။
စကြာဝဠာကြီး၏ လေဟာနယ်အတွင်းမှာ တိုက်ကြီးတစ်ခုက တဖြည်းဖြည်း ဖြစ်ပေါ်လာ သည်။ အသက်ရှိတွေမှလွဲ၍, ကုန်းမြေတွေ၊ တောတောင်တွေ၊ မြစ်ရေပြင်တွေ၊ ရေကန်တွေ ရှိနေပါပြီ။ ၎င်း၏ ဧရိယာသည် တုနှိုင်းမရလောက်အောင် ကြီးမားပြီး၊ အင်မော်တယ် ကမ္ဘာရှိ ဂြိုဟ်ကမ္ဘာလေးခုပေါင်းရလာဒ်နှင့် တူညီလုနီးပါးပင်။
"ဒါက ငါ့ကနဦးစကြာဝဠာရဲ့ အင်မော်တယ်ကမ္ဘာ တိုက်ကြီးလား?။" ချင်ယွင်သည် သူ၏ မျက်နှာပေါ်တွင် ရွှင်မြူးသော အမူအရာဖြင့် ကြီးမားသော ဂြိုဟ်ကမ္ဘာတိုက်ကြီးကို ကြည့်လိုက်လေသည်။
သူသည် သူ့ကနဦးစကြာဝဠာ၏ အင်မော်တယ်ကမ္ဘာတိုက်ကြီးကို ဂြိုလ်ကမ္ဘာကြီး လေးခုအဖြစ် ခွဲခြားပစ်ရန် မရည်ရွယ်ခဲ့ပေ။ ယင်းအစား သူသည် စကြာဝဠာတစ်ခုလုံးကို အင်မော်တယ်ကမ္ဘာကြီးတစ်ခုအဖြစ် ဖွဲ့စည်းရန် စီစဉ်ထားသည်။ စကြာဝဠာတစ်ခုလုံးကို အင်မော်တယ်ကမ္ဘာကြီးတစ်ခုအဖြစ် ဖွဲ့စည်းခြင်းက ပိုကောင်းသည်ဟု သူ ခံစားရသည်။
"အင်မော်တယ်ကမ္ဘာကြီးထဲမှာ၊ ကြယ်တွေနှင့် သေမျိုးကမ္ဘာတွေ မရှိူဘူးဆိုရင် အလုပ်မဖြစ်နိုင်ဘူး" ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက်သည်။
ထို့နောက် သူ၏လက်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်ရာ ကြယ်များသည် လေဟာနယ် ထဲတွင် ပေါ်လာပါသည်။ ကြယ်များ၊ ဂြိုလ်ကမ္ဘာများနှင့် ကြယ်တံခွန်များသည် လေဟာနယ်ထဲတွင် အသီးသီး ပေါ်လာကြသည်။
ချင်ယွင်သည် မူလကတည်းက ကနဦးစကြဝဠာကို အုပ်စိုးသူဖြစ်သည်။ သူ၏စိတ်ထဲတွင် ရှိနေသည့် အရာအားလုံး “အင်မော်တယ်ကမ္ဘာတိုက်ကြီးဘဲဖြစ်စေ သို့မဟုတ်၊ သေမျိုးကမ္ဘာတွေဖြစ်စေ, ကြယ်တွေဖြစ်စေ, အားလုံးသည် ချင်ယွင်၏ စိတ်ထဲရှိသည့် အတိုင်း ဖြစ်ပေါ်လာရသည်။
သေမျိုးကမ္ဘာနှင့် အင်မော်တယ်ကမ္ဘာအနီးတစ်ဝိုက်ရှိ ကြယ်များကို ဆင့်ကဲပြောင်းလဲမူ ပြုလုပ်ပြီးနောက်၊ ချင်ယွင်သည် အင်မော်တယ်ကမ္ဘာနှင့် သေမျိုးကမ္ဘာကြားတွင် အတားအဆီးတစ်ခုကို တည်ဆောက်လိုက်သည်။
ချင်ယွင်သည် အရာအားလုံးကို အောင်မြင်စွာ ဖန်တီးပြီးနောက်၊ ချင်ယွင်၏ ခေါင်းထဲတွင် ကျယ်လောင်သော ပဲ့တင်ထပ်သံတစ်ခု ထွက်ပေါ်လာသည်။ ချင်ယွင်သည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်း ခိုးအငွေ့အဖြစ် ပြောင်းလဲသွားသလို ခံစားလိုက်ရပြီး သူ၏စိတ်ထဲမှာ တော်ဝင်တာအိုဉပေဒသများ၏ ပြီးပြည့်စုံခြင်းအဆင့်သို့ ချက်ချင်း ရောက်ရှိသွားခဲ့သည်။
လေစွမ်းရည်သာမက၊ လျှပ်စီးစွမ်းရည်နှင့် သစ်သားစွမ်းရည်တို့သည်လည်း ပြီးပြည့်စုံခြင်း နယ်ပယ်သို့ ရောက်ရှိသွားခဲ့သည်။
"ကနဦးစကြဝဠာ ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်က အခုလို အကျိုးကျေးဇူးတွေ ထွက်ပေါ်လာခြင်း ဖြစ်လောက်တယ်" ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက်မိသည်။
ဤဆင့်ကဲဖြစ်စဉ်သည် စကြဝဠာတစ်ခုလုံး၏ ဖွဲ့စည်းပုံဆိုင်ရာ ဉပဒေသများကို နက်ရှိုင်းစွာ နားလည်သဘောပေါက်နိုင်စေခဲ့သည်။ သူ၏ကနဦးစကြဝဠာသည် သူ လက်ရှိ နေထိုင်ခဲ့သည့် စကြဝဠာ၏ဉပဒေသများနှင့် ကွဲပြားသော်လည်း စကြာဝဠာတစ်ခု၏ သဘောသဘာဝများမှာ အတူတူပင် ဖြစ်ပါသည်။ ထို့ကြောင့် ချင်ယွင်သည် ဤဆင့်ကဲ ဖြစ်စဉ်ဖြင့် ကြီးမြတ်သော ပြီးပြည့်စုံခြင်းအဆင့်သို့ ဖြတ်ကျော်နိုင်ခဲ့သည်။
"ကြည့်ရတာ ငါ ကောင်းကင်တာအိုနယ်ပယ်ရဲ့ ဉပဒေသတွေကို နားလည်ဆင်ခြင်ဖို့ လိုအပ်တော့မယ့်ပုံ မပေါ်ဘူး။ ကနဦးစကြာဝဠာကြီး ဆက်လက် တိုးတက်ပြောင်းလဲ လာတာနဲ့အမျှ၊ စကြဝဠာရဲ့ဉပဒေသတွေကို ငါ့ရဲ့နားလည်သဘောပေါက်မှုကလည်း ပိုမို နက်ရှိုင်းလာလိမ့်မယ်" ချင်ယွင်က သူ့ကိုယ်သူ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ဤအရာသည် ကောင်းကင်ဘုံကိုပင် အံတုနိုင်သည့် လှည့်စားမှုတစ်ခု ဖြစ်ပါသည်။ ဤအကြောင်းကို စဉ်းစားကြည့်လျှင်၊ အခြားအင်မော်တယ် ဧကရာဇ်များသည် ကောင်းကင်တာအိုကို နားလည်ဆင်ခြင်ကြရသည်။ ၎င်းသည် နှစ်ပေါင်း ၁၀၀၀၀၀ သို့မဟုတ် နှစ်သန်းလောက် အချိန်ယူရသော်လည်း၊ ချင်ယွင်ကတော့ ထိုကဲ့သို့ လုပ်ဆောင်နေစရာ မလိုတော့ပါဘူး။ ကနဦးစကြာဝဠာ ဆက်လက် တိုးတက်နေသရွေ့၊ ကောင်းကင်တာအိုအပေါ် သူ၏နားလည်နိုင်စွမ်း ပိုမိုနက်ရှိုင်းလာမည် ဖြစ်ပြီး၊ ဤဖြစ်စဉ်သည် ထိုအင်မော်တယ် ဧကရာဇ်များထက် အဆပေါင်း ရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာ သို့မဟုတ် သောင်းနှင့်ချီ၍ပင် လျင်မြန်မည် ဖြစ်ပါသည်။
ယခုအချိန်တွင်၊ ချင်ယွင်၏ နားလည်ဆင်ခြင်မှုအဆင့်သည် ကြီးမြတ်သော ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ အင်မော်တယ်ဘုရင်နယ်ပယ်တွင် မည်သူမျှ သူ့ပြိုင်ဘက် မဟုတ်တော့ပေ။ ချင်ယွင်သည် ကောင်းကင်တာအိုနယ်ပယ် ပထမအဆင့်ရှိ အင်မော်တယ် ဧကရာဇ်များနှင့်ပင် တိုက်ခိုက်ရန် ခွန်အားရှိနေပါပြီ။ အကယ်၍၊ သူသည် ကောင်းကင်တာအိုနယ်ပယ် ဒုတိယအဆင့်ရှိ အင်မော်တယ် ဧကရာဇ်များကို အနိုင်မယူနိုင်ခဲ့လျှင်ပင် ပြိုင်ဘက်အနေဖြင့် သူ့ကို မည်သည့်အရာမျှ လုပ်နိုင်မည် မဟုတ်ပေ။
"တော်ဝင်ချင် အင်မော်တယ် မင်းဆက်ကို သွားရမယ့် အချိန်ပဲ။ အမေ၊ အမေ ဘယ်နေရာပဲ ရောက်နေပါစေ၊ ကျွန်တော် အမေ့ကို သေချာပေါက် တွေ့အောင်ရှာမယ်" ချင်ယွင်က သူ့ကိုယ်သူ တွေးပြီး လက်သီးတွေကို တင်းတင်းဆုပ်လိုက်သည်။
ဘန်း….။
ချင်ယွင်သည် ကနဦးစကြာဝဠာထဲမှ ထွက်လာခဲ့သည်။ သို့သော် သူသည် သစ်သားအိမ်ထဲ မှ ထွက်လာသောအခါတွင် ရှရှန်းယုသည် သူ၏ရှေ့ရှိ ရေကန်ပေါ်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏ မျက်လုံးများကို တင်းတင်းစေ့ထားကာ ကောင်းကင်တာအို ဉပဒေသ၏ ဉပဒေသများကို ဖမ်းဆုပ်နေပုံရသည်။ သူမ၏ခန္ဓာကိုယ်ပေါ်ရှိ စွမ်းအင်အတက်အကျလှိုင်းများသည် ကြီးမားလှသည်၊ သူမသည် အင်မော်တယ် ဧကရာဇ်နယ်ပယ်သို့ ဖြတ်ကျော်ရန် ခြေတစ်လှမ်းလောက်သာ လိုနေသကဲ့သို့ပင်။ သူမသည် အင်မော်တယ် ဧကရာဇ်တစ်ပိုင်း နယ်ပယ်တွင် ရှိနေသင့်သည်။
"သူမက ဘယ်လို ရုပ်ခန္ဓာကိုယ် အမျိုးစားကို ပိုင်ဆိုင်ထားတာပါလိမ့်။ သူမက ဘာလို့ ဒီလောက် အရည်အချင်းတွေ ရှိနေရတာလဲ?" ချင်ယွင်က သူ့ကိုယ်သူ တွေးနေမိသည်။
ဤမေးခွန်းသည် သူ အမြဲသိချင်နေသည့် မေးခွန်းတစ်ခု ဖြစ်သည်။ ထိုအချိန်တုန်းက သူသည် ဖရိုဖရဲအင်မော်တယ်အရိုးကို ပိုင်ဆိုင်ခဲ့သော်လည်း၊ သူ၏ ကြီးထွားတိုးတက် နှုန်းက ရှရှန်းယုနှင့် မယှဉ်နိုင်သေးပါဘူး။
အနှစ်တစ်ရာ မပြည့်ခင်အတွင်းမှာပင်၊ ရှရှန်းယုသည် အင်မော်တယ်ဧကရာဇ် တစ်ပိုင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤအရာသည် အင်မော်တယ်ကမ္ဘာကြီးတစ်ခုလုံး၏ သမိုင်းမှာ ရှားရှားပါးပါး အဖြစ်အပျက်တစ်ခု ဖြစ်သည်။
ဘန်း…။
ရှရှန်းယု ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်၊ သူမ၏မျက်လုံးများတွင် အနှိုင်းမဲ့ အစွမ်းထက်သည့် စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာခဲ့ပြီး ချင်ယွင်ဆီသို့ လွင့်ထွက်သွား ခဲ့သည်။
ချင်ယွင်က တဟားဟား ရယ်မောလိုက်ပြီး သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းကာ ထိုကြီးမားလှသော စွမ်းအားကို ခွဲထုတ်ပစ်လိုက်သည်။