အခန်း ၉၃၈
Vol. 63 Ch. 938
အခန်း (၉၃၈) ဖန်းပိုက်ရှီ။
"အနိုင်ကျင့် လွန်းတယ်။ မင်းတို့က ငါတို့ရဲ့ ရန်ကလန်ကို မျက်လုံးထဲ ထည့်မထားဘူးပေါ့။ ငါတို့ သူတို့ကို တိုက်ခိုက်ရမယ်။"
"မှန်တယ်။ ငါတို့ သူတို့ကို တိုက်ကြရအောင်။ ငါတို့ရန်ကလန်ကတော့ အကြောင်းပြချက် မရှိဘဲ အသတ်မခံနိုင်ဘူး။"
"မှန်ပါတယ်။ ငါ့ရန်မိသားစုရဲ့လူတွေဟာ တိုက်ပွဲမှာ သေသွားရင်တောင် တရားမျှတမှုကို ရှာရဦးမှာပဲ”။
ရန်မျိုးနွယ်စုမှ အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက မတ်တပ်ထရပ်ကာ ကျယ်လောင်စွာ အော်ပြောလိုက်သည်။ သူ၏အသံသည် ပြင်းထန်သော အမျက်ဒေါသနှင့် ပြည့်နေခဲ့သည်။ သူပြောပြီးသည်နှင့် သ်၏စကားတွေက ပတ်ဝန်းကျင်မှ လူအများ၏ ပဲ့တင်ထပ်သံကို စွဲဆောင်သွားခဲ့သည်။
ရန်ကလန်၏ အိမ်နောက်ဖေး ခြံတစ်ခုလုံးတွင် လူ ၃၀၀ နီးပါး စုဝေးနေခဲ့ကြသည်။ စကားပြော ဆွေးနွေးနေကြသည့် လူအများထဲတွင် ရန်ကလန်၏ တပည့်ငယ်အချို့လည်း ပါဝင်သည်။ အများစုမှာ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်၏ စွမ်းအားများကို ပိုင်ဆိုင်ထားကြသည်။
မြေပြင်ပေါ်တွင် အလောင်းသုံးလောင်း လဲကျနေသည်။ ၎င်းတို့သည် ရန်ကလန်၏ အဖွဲ့ဝင်များ ဖြစ်သင့်သည်။ စောစောက ထိုလူခံစားရသည့် အမျက်ဒေါသက ဤလူသုံးယောက် အသတ်ခံရခြင်းကြောင့် ဖြစ်သည်မှာ ထင်ရှားပါသည်။
ထိုအချိန်တွင် ရန်ဘိုင်လင်းသည် ခြံဝင်းရှေ့ရှိ ကုလားထိုင်ပေါ်တွင် ထိုင်နေသည်။ သူ၏ အမူအရာက မှုန်ကုပ်ကုပ်နှင့် စကားတစ်ခွန်းမှ မပြောပါဘူး။
"တိုက်ခိုက်ရမှာလား?။ ဘာနဲ့ တိုက်ခိုက်ကြမှာလဲ?။ ငါ့ရန်မျိုးနွယ်ရဲ့ ခွန်အားအရ သေရုံက လွဲပြီး ဘာမှသုံးစားလို့မရဘူး။ ဒီလိုဆိုမှတော့ ငါတို့အနေနဲ့ ဒီထက်ပိုပြီး ဘာလို့ အသက်တွေကို နောက်ထပ် ထပ်ထည့်နေတော့မှာလဲ? (ထပ်သေခိုင်းတော့မှာလဲ?)" အဘိုးအိုတစ်ယောက်က ချက်ချင်း ထရပ်ပြီး စကားစမြည်ပြောလာသည်။ သူ၏မျက်နှာက အားကိုးရာမဲ့မှုတွေနှင့် ပြည့်နှက်နေခဲ့သည်။
"တော်ဝင်အကြီးအကဲ၊ ငါတို့ ရန်ကလန်ရဲ့ လူတွေ ဒီအတိုင်း အချည်းနှီး သေသွားတာကို လက်ခံနိုင်ပါ့မလား?။ သူတို့ဖန်းကလန်က ငါတို့ရန်ကလန်ရဲ့ လူသုံးယောက်ကို သတ်ပစ် လိုက်တယ်။ ကျိဖန်းညီလေး သူတို့လက်ထဲရှိနေတာကို ထည့်မပြောနဲ့ဦး။ သူတို့က ငါတို့ ရန်ကလန်ကို သတ်ဖြတ်ချင်နေတာ ရှင်းနေတာပဲ။ ခေါင်းဆောင်၊ သူတို့ကို သတ်ဖြတ်ပြီး၊ ကျိဖန်းညီလေးကို လွှဲပြောင်းပေးခိုင်းရအောင်" အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး က အားမလိုအားမရ အမူအရာဖြင့် အော်ပြောလိုက်သည်။
"ဟုတ်တယ်၊ ကျိဖန်းညီလေးကို ပြန်လွှဲခိုင်းရမယ်။" ရန်ကလန်၏ တပည့်တွေက တယောက်ပြီး တစ်ယောက် အော်ပြောကြသည်။
"ဟမ့်၊ သူတို့သုံးယောက် သေသွားတာကို မင်းတို့ မေ့နေကြပြီလား?။ အခုချိန်မှာ, ဖန်းကလန်က ငါတို့ ရန်ကလန်ကို ချေမှုန်းပစ်ဖို့က လွယ်လွယ်လေးပဲ။ သူတို့ နောက်ကွယ်မှာရှိနေတဲ့ ဝိညာဉ်ကျောက်စိမ်းဂိုဏ်းကို ထည့်မပြောနဲ့ဦး၊ ငါတို့ ရန်ကလန်က သူတို့ကို ဘာကို အသုံးပြုပြီး တိုက်ခိုက်ကြမှာလဲ?" ဆံပင်ဖြူ အဘိုးကြီးက ထပ်ပြောပြန် သည်။
ဤစကားများပြောပြီးသည်နှင့် တပြိုင်နက် တပည့်များအားလုံး ခွန်အားမဲ့သွားကြပါသည်။
အသက်လတ်ပိုင်းရွယ် အမျိုးသားက မကျေမနပ်လေသံဖြင့် မေးလိုက်သည် "ဒါဆို ငါတို့က ကျိဖန်းညီလေးကို မကယ်တော့ဘူးလား?" ဝိညာဉ်ကျောက်စိမ်းဂိုဏ်းက သုံးရက်အတွင်း ပစ္စည်းတွေကို လွှဲပြောင်းပေးရမယ်လို့ ပြောထားပေမယ့်၊ အခုထိ ဘာအခြေနေမှ မသိရသေးပါဘူး။ ငါတို့က သူတို့ကို ဘာပစ္စည်းကို လွှဲပြောင်းပေးမှာလဲ?။
ဆံပင်ဖြူ အဘိုးကြီးလည်း ငြိမ်ကျသွားသည်။ ဤအရာအားလုံး ဖြစ်ပေါ်လာရခြင်းသည် ဤပစ္စည်းတစ်ခုတည်းကြောင့်သာ ဖြစ်ခဲ့သော်လည်း၊ ထိုပစ္စည်းက မည်သည့်အရာ ဆိုသည်ကို သူတို့လည်း အတိအကျ မသိသေးပါဘူး။
"ခေါင်းဆောင်..၊ ဝိညာဉ်ကျောက်စိမ်းဂိုဏ်းက လူတွေက အဲဒါက ဘာလဲဆိုတာကို အတိအကျ မပြောခဲ့ဘူးလား?။" ဆံပင်ဖြူ အဖိုးအိုက ရန်ဘိုင်လင်းကို ကြည့်ကာ မေးသည်။
ဆံပင်ဖြူ အဘိုးအို၏ အမေးကို ကြားသောအခါ ရန်ဘိုင်လင်းသည် သူ၏ခေါင်းကို မော့လာ သည်။ သူက ခေါင်းကို အသာအယာယမ်းကာ ပြောသည် “မပြောခဲ့ဘူး၊ သုံးရက်အတွင်း လူတွေနဲ့ လဲလှယ်ပေးစေချင်တယ်လို့ပဲ ပြောခဲ့တာ။ အဲဒီပစ္စည်းက အတိအကျ ဘာလဲဆိုတာ ပြောမသွားခဲ့ဘူး။ ဝိညာဉ်ကျောက်စိမ်းဂိုဏ်းက ငါတို့ ရန်ကလန်ကနေ လိုချင်တပ်မက်တဲ့အရာကို ငါ တွေ့ကြည့်လို့ကို မရဘူး”။
"အဲ့ဒါက ဟိုကျောက်တုံးများ ဖြစ်နေမလား?" ဆံပင်ဖြူ အဖိုးအိုက မေးသည်။
"မင်းက ဒီပစ္စည်းကို ဆိုလိုတာလား?။" ရန်ဘိုင်လင်း၏ လက်ထဲတွင် လက်သီးဆုပ် အရွယ်ရှိ အနက်ရောင် ကျောက်တုံးတစ်ခု ပေါ်လာသည်။ ၎င်းတွင် လျှိုဝှက် ဆန်းကြယ်သော ပုံစံသင်္ကေတများ ရှိနေပါသည်။ ၎င်းတို့ပေါ်တွင်ရှိနေသည့် ပုံစံသင်္ကေတ များ မှလွဲ၍ ချင်ယွင် ယခင်က ရရှိခဲ့သော အနက်ရောင် ကျောက်တုံးနှစ်ခုနှင့် လုံးဝနီးပါး တူညီပါသည်။
"အနက်ရောင် ကျောက်တုံးလား?။
ဤအရာအားလုံးကို စောင့်ကြည့်နေရင်း လူအုပ်ထဲမှာ ရပ်နေသည့် ချင်ယွင်က အံ့သြစွာ မေးခွန်းထုတ်လိုက်သည်။ ဤနေရာတွင် အနက်ရောင် ကျောက်တုံးနှင့်တွေ့ရမည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ရှေးဟောင်းတာအိုဆရာသခင်၏ အဆိုအရ ဤကျောက်တုံးများ၏ မူလအစမှာ လျှို့ဝှက် ဆန်းကြယ်လှသည်။ စုစုပေါင်း ကျောက်တုံး ဆယ့်နှစ်တုံး ရှိပါသည်။ ချင်ယွင်က ကျောက်တုံးနှစ်ခုကို ရရှိထားပြီးသား ဖြစ်သည်။ ယခုအချိန်တွင်၊ ရန်ဘိုင်လင်း၏လက်မှ ကျောက်တုံးသည် သူမြင်ဖူးသော တတိယမြောက် ကျောက်တုံး ဖြစ်ပါသည်။
"ဒီကျောက်တုံးကို သိလို့လား?" ရှရှန်းယုက ချင်ယွင်ကို ထူးဆန်းသော လေသံဖြင့် မေးသည်။
"မသိပါဘူး၊ ဒီကျောက်တုံးရဲ့ ဇာစ်မြစ်က လျှို့ဝှက်ဆန်းကြယ်တယ်လို့ပဲ သိထားတာပါ။" ချင်ယွင်က ပြန်ဖြေသည်။
သို့သော်၊ ရှရှန်းယု၏ လေသံအရ သူမသည် ဤကျောက်တုံးမျိုးကို ယခင်က မြင်ဖူးကြောင်း ပြောပြနိုင်ပါသည်။
“ဘုန်း..”။
ထိုအချိန်တွင် ကြောက်စရာကောင်းသော တုန်ခါသံတစ်ချက် ထွက်ပေါ်လာသည်။ လူတိုင်း၏ ဦးခေါင်းအထက်ရှိ အစီအရင်ဝင်္ကပါသည် ကွဲအက်သွားပြီး ခြံဝင်းထဲသို့ လွင့်မျောပျံသန်းလာနေသော ပုံရိပ်တစ်ခုက လူတိုင်း၏ အမြင်အာရုံထဲတွင် ပေါ်လာသည်။
"မင်းပါလား.. ဖန်းပိုင်ရှီ" ရန်ဘိုင်လင်းသည် ချက်ချင်းပင် ထိုင်ခုံမှထကာ ကောင်းကင်ယံရှိ ရုပ်သဏ္ဍာန်ကို စိုက်ကြည့်နေသည်။ သူ၏မျက်လုံးများသည် ပြင်းထန်သော သတ်ဖြတ်လို စိတ်များဖြင့် ပြည့်နှက်နေသည်။
"ဖန်းပိုင်ရှီ၊ မင်းက ငါတို့ ရန်ကလန်ရဲ့ အကြီးအကဲ သုံးယောက်ကို သတ်ဖြတ်ပြီးတဲ့အပြင်၊ မင်း ဘာတွေများ ထပ်လိုချင်သေးလို့လဲ?။" ဆံပင်ဖြူ အဘိုးကြီးက ဒေါသတကြီး အော်ပြောလိုက်သည်။ သူကတော့ ရန်ကလန်ရဲ့ တော်ဝင်အကြီးအကဲတစ်ဦး ဖြစ်ပါသည်။ သေဆုံးသွားသူ လူသုံးဦးအနက် တစ်ဦးသည် သူ၏ ညီဖြစ်သည်။ ထို့ကြောင့်၊ သူသည် အလွန်ဒေါသထွက်နေခဲ့သည်။
ရန်မျိုးနွယ်ဝင် တပည့်များ၏ အကြည့်များသည်လည်း အားလုံး အတူတူပင်။ အားလုံးက ဒေါသတွေနှင့် ပြည့်နေကြပါသည်။ ရန်ကလန်မှ လူ ၃ ယောက် သေဆုံးရသည့် အကြောင်းရင်းက သူတို့ရှေ့မှာရှိနေသည့် ဤလူကြောင့် ဖြစ်ပါသည်။ ဤလူသည် ဖန်းကလန်၏ တော်ဝင်အကြီးအကဲ ဖန်းပိုင်ရှီ ဖြစ်သည်။
"ဟား…၊ ဟား…၊ ငါ ဒီကို ဘာလာလုပ်တာလဲ?။ ဟုတ်လား?။ မင်းတို့လက်ထဲမှာရှိတဲ့ ရတနာအတွက်ကြောင့်ပဲပေါ့" ဖန်းပိုင်ရှီက ရန်ဘိုင်လင်းနှင့် ရန်ဖုန်းလင်းတို့ကို လှောင်ပြောင်ရယ်မောသည့် အမူအရာဖြင့် ကြည့်ရင်း ကျယ်လောင်စွာ ရယ်မော လိုက်သည်။
"မင်း ထွက်သွားလိုက်တော့။ ငါတို့အနေနဲ့ ဒီရတနာကို မင်းကို မပေးနိုင်ဘူး။ ဝိညာဉ် ကျောက်စိမ်းဂိုဏ်းက ငါတို့ကို အမိန့်ပေးထားပြီးသား။ သုံးရက်ကြာရင် ဒီရတနာကို ဖန်းအားနဲ့ လဲလှယ်ရမယ်။" ရန်ဘိုင်လင်းက အေးစက်စွာ ပြောသည်။ အခုဆို ဝိညာဉ် ကျောက်စိမ်းဂိုဏ်းက သူ၏လက်ထဲရှိ ဤအနက်ရောင် ကျောက်တုံးကို လိုချင်နေသည်မှာ တစ်ရာရာခိုင်နှုန်း သေချာသွားပါပြီ။
ဤအနက်ရောင်ကျောက်တုံးသည် သူ့သား၏ဘဝနှင့် ဆက်စပ်နေပါသည်။ သူသည် ၎င်းကို မည်သို့ လွယ်လွယ်ကူကူဖြင့် လက်လွှဲပေးနိုင်မည်နည်း?။
"ဟမ့်၊ အဲဒါကို လွှဲပေးဖို့ မလွှဲပေးဖို့က မင်းသဘောထားနဲ့ မသက်ဆိုင်ဘူးထ" ဖန်းပိုင်ရှီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက်၊ သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်များ ထွက်ပေါ်လာသည်။ သူ၏ ကျင့်ကြံမှုအခြေခံသည် တော်ဝင်တာအိုနယ်ပယ်၏ နဝမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ရန်ကလန်၏ တပည့်များသည် ဤကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို သတိပြုမိသောအခါ၊ သူတို့၏ အမူအရာများသည် ချက်ချင်းဆိုသလို အလွန်မင်း ရှက်ရွံ့သွားကြသည်။ ရန်ဘိုင်လင်းနှင့် ရန်ဖုန်းလင်းတို့၏ အမူအရာများသည်ပင်လျှင် အလွန်မင်း လေးနက်နေကြလေသည်။ အဘယ့်ကြောင့်ဆိုသော်, သူတို့နှစ်ယောက်သည် တော်ဝင်တာအိုနယ်ပယ်၏ သတ္တမအဆင့်တွင် ရှိနေသောကြောင့် ဖြစ်ပါသည်။ သူတို့နှစ်ယောက် အတူတူပူးပေါင်းလျှင်ပင် သူတို့ရှေ့မှ ဖန်းပိုင်ရှီကို အနိုင်ယူနိုင်မှာ မဟုတ်ပါဘူး။
"ငါတို့ မင်းကို တိုက်မယ်။" ရန်ဖုန်းလင်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏မျက်လုံးများတွင် ပြင်းထန်သော အမျက်ဒေါသများ ထွက်ပေါ်လာသည်။ ထို့နောက် သူသည် ပြေးထွက်သွားကာ ဖန်းပိုင်ရှီဆီသို့ ပြေးသွားခဲ့သည်။
"ယုံကြည်မူလွန်ကဲနေတာပဲ" ဖန်းပိုင်ရှီက ရယ်မောကာ သူ့ဆီသို့ ပျံသန်းနေသော ရန်ဖုန်းလင်းကို တိုက်ရိုက် ရိုက်ချလိုက်သည်။
“ဘုန်း..”။
ရန်ဖုန်းလင်းသည် ချက်ချင်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်ပေါ်သို့ ကြောက်မက်ဖွယ်ရာ စွမ်းအားများ ကျဆင်းသွားသည်ကို ခံစားလိုက်ရသည်။ သူသည် ထိန်းမနိုင်သိမ်းမရ နောက်ပြန် လွင့်ထွက်သွားကာ သူ၏နောက်ရှိ အိမ်အားလုံးကို ဖြိုချရင်း အပျက်အစီးကြား ထဲသို့ ပြုတ်ကျသွားသည်။ ထို့နောက် သူသည် အရူးအမူး သွေးအန်ထုတ်နေရသည်။
"တော်ဝင်အကြီးအကဲ” ရန်ဘိုင်လင်းသည် တော်ဝင်အကြီးအကဲ လွင့်ထွက်သွားသည်ကို မြင်လိုက်ရသောအခါ သူ၏မျက်လုံးများသည် ချက်ချင်းပင် နီမြန်းလာပြီး ဖန်းပိုင်ရှီကို စူးစူးစိုက်စိုက် ကြည့်ရင်း ပြင်းထန်သော သတ်ချင်စိတ်များ ပြည့်နှက်လာသည်။
"ယနေ့၊ ငါရန်ဘိုင်လင်း တိုက်ပွဲမှာ သေရင်တောင် မင်းနဲ့အတူတူ သေမယ်။" ရန်ဘိုင်လင်း၏ အသံသည် အနှိုင်းမဲ့ ခိုင်မာနေပြီး သူ၏မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ရှိနေသည်။
“ဝေါင်း..”
ခြင်္သေ့ဟောက်သံတစ်ချက် ထွက်ပေါ်လာပြီး၊ ကြီးမားသော ရွှေခြင်္သေ့သဏ္ဍာန် ပုံရိပ်ပြီးက ရန်ဘိုင်လင်း၏ နောက်တွင် ပေါ်လာသည်။ ထို့နောက် ရန်ဘိုင်လင်းသည် ပြေးထွက်ပြီး ဖန်းပိုင်ရှီဆီသို့ ပြေးသွားခဲ့သည်။
ရန်ကလန်၊ ခြင်္သေ့နတ်ဘုရား ကောင်းကင်ဘုံခြောက်ခြားခြင်းဒက်ပါ၏ ထူးခြားသော စွမ်းရည်။ ၎င်း၏ စွမ်းအားသည် အနှိုင်းမဲ့ ကြောက်စရာကောင်းသည်။
သို့သော်၊ ဖန်းပိုင်ရှီသည် ခြင်္သေ့နတ်ဘုရား ကောင်းကင်ဘုံခြောက်ခြားခြင်း ဒက်ပါကို အသုံးပြုနေသော ရန်ဘိုင်လင်းကို ကြည့်လိုက်ရင်း သူ၏မျက်လုံးထဲတွင် အေးစက်သော အပြုံးရိပ်တစ်ခု ပေါ်လာပါသည်။ "ဒါက ခြင်္သေ့နတ်ဘုရား ကောင်းကင်ဘုံခြောက်ခြားခြင်း ဒက်ပါပါလားလား..?။ ဒီလောက်ပဲ အစွမ်းထက်တာလား?။ ငါ့အတွက် ချိုးဖျက်လိုက်စမ်း" သူက အထင်သေးစွာ ရှုတ်ချပြီး ပြောလိုက်သည်။
ဖန်းပိုင်ရှီက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏လက်ဖဝါးကို တိုက်ရိုက် ဝှေ့ယမ်းလိုက်သည်။ ရန်ဘိုင်လင်းသည် ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီး တစ်ခု၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရသလိုပင်။ သူသည် ဖန်းပိုင်ရှီအနားတောင် မကပ်နိုင်ဘဲ အဝေးမှ အပျက်အစီးတွေကြားထဲသို့ လွင့်ထွက်ပြီး အပြင်းအထန် ပစ်တိုက်သွားခဲ့သည်။
အနီးနားရှိ ရန်ကလန်မှ တပည့်များသည် ၎င်းတို့၏ မျိုးနွယ်စု တော်ဝင်အကြီးအကဲနှင့် မျိုးနွယ်စု ခေါင်းဆောင်တို့ တစ်ချက်တည်း ရှုံးနိမ့်သွားခဲ့သည်ကို စောင့်ကြည့်နေရကြပြီး သူတို့၏ မျက်နှာများသည် ပြင်းထန်သော အမျက်ဒေါသနှင့်အတူ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။
ဖန်းပိုင်ရှီသည် ပတ်ဝန်းကျင်မှ ရန်ကလန်၏ တပည့်များကို ကြည့်ကာ ယုတ်မာစွာ ပြုံးလိုက်သည်။ "အင်း..၊ ကြည့်ရတာ, ဒီနေ့ ရန်ကလန်ကတော့ တုံးကျိုးကနေ နှင်ထုတ်ခံရ တော့မယ့်ပုံပဲ”။
လူအုပ်ကြီးသည် ထိုစကားကြားလျှင် ချက်ချင်း တုန်လှုပ်သွားကြသည်။ အပျက်အစီးများ ကြားထဲသို့ ပြုတ်ကျသွားသော ရန်ဘိုင်လင်းနှင့် ရန်ဖုန်းလင်းတို့သည်လည်း တုနှိုင်းမရ သည့် ဝမ်းနည်းပူဆွေးမှုတွေ၊ အမျက်ဒေါသတွေနှင့်အတူ မလိုလားသည့် ခံစားချက်များဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။
"ဒီနေ့ တုံးကျိုးကနေ နှင်ထုတ်ခံရမယ့်ကလန်က ရန်ကလန် မဟုတ်ဘူး။ မင်းရဲ့ ဖန်းကလန်ပဲ"
လူတိုင်း စိတ်ဓာတ်ကျနေချိန်တွင် လူတိုင်း၏နားထဲသို့ အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။ အားလုံးသည် အသံကြားရာသို့ လှည့်ကြည့်လိုက်ကြသည်။ ယင်းအစား၊ သူတို့သည် ရင်းနှီးမှုမရှိသော လူငယ်တစ်ဦးနှင့် အလွန်လှပသော အမျိုးသမီးတစ်ဦးတို့ကို တွေ့လိုက်ရပါသည်။