← Chapters

အခန်း ၉၃၉

Vol. 63 Ch. 939

အခန်း ၉၃၉

Vol. 63 Ch. 939

အခန်း (၉၃၉) ကွင်းတစ်ခုလုံးကို ခြောက်ခြားခြင်း။

ရန်ကလန်၏ တပည့်များသည် ချင်ယွင်နှင့် ရှရှန်းယုကို လှည့်ကြည့်လိုက်ကြပါသည်။ သူတို့နှစ်ယောက်ကို တွေ့လိုက်သောအခါတွင် သူတို့၏မျက်လုံးများသည် အံ့သြမှုနှင့်အတူ သံသယအရိပ်များဖြင့် ပြည့်နှက်နေခဲ့သည်။ သူတို့နှစ်ယောက် မည့်သည့်နေရာကမှ ရောက်လာလဲဆိုသည်ကို အားလုံးက သိချင်နေကြသည်မှာ သေချာပါသည်။

သေချာသည်မှာ, ရှရှန်းယု၏အလှပက ရန်ကလန်၏ တပည့်တွေကို အံ့သြစေခဲ့သည်။

ရန်ဖုန်းလင်းနှင့် ရန်ဘိုင်လင်းတို့သည် ချင်ယွင်နှင့် ရှရှန်းယုတို့ကို သံသယအပြည့်ဖြင့် ကြည့်နေကြသည်။ အထူးသဖြင့်၊ ရန်ဘိုင်လင်းသည် သူ၏ရှေ့မှ လူငယ်လေးအား ရင်းနှီးပုံရသည်ဟု ခံစားမိသော်လည်း ယခင်က သူ မည်သည့်နေရာမှာ တွေ့ဖူးခဲ့သည်ကို မမှတ်မိတော့ပေ။

မူလက ဖန်းပိုင်ရှီသည် ချင်ယွင်၏ စကားကိုကြားသောအခါ အနည်းငယ် ထိတ်လန့်သွား သော်လည်း, ချင်ယွင်ကို လှည့်ကြည့်လိုက်သောအခါ စကားပြောသူသည် အစောပိုင်း လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့် ကောင်လေးတစ်ယောက်သာ ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ ဤအရာက သူ၏မျက်လုံးများတွင် အထင်သေး ရှုတ်ချသော အမူအရာကို ချက်ချင်း ထုတ်ဖော်ပြလာစေသည်။ သူသည် စကားပြောရန်ပင် စိတ်မကူးတော့ဘဲ ချင်ယွင်ကို သတ်ဖြတ်ဖို့ ပြင်းထန်သော စွမ်းအားကို တိုက်ရိုက် အသုံးပြုလိုက်သည်။

ရန်မျိုးနွယ်၏ တပည့်များသည်လည်း စိတ်ပျက်လက်ပျက် အမူအရာများ ဖြစ်ပေါ်လာကြ သည်။ မူလက၊ သူတို့သည် ပြိုင်ဘက်ကင်း ကျွမ်းကျင်ပညာရှင်တစ်ဦး ရုတ်တရက် ထွက်ပေါ်လာခြင်းကြောင့် အံ့သြနေကြသော်လည်း, ထိုကျွမ်းကျင်ပညာရှင်သည် ကြွားဝါရုံသာတတ်သော ကောင်လေးတစ်ယောက် ဖြစ်နေမည်ဟု သူတို့ မမျှော်လင့်ထားခဲ့ ကြပေ။ ဖန်းပိုင်ရှီက တိုက်ခိုက်လိုက်သည်ကို မြင်တော့၊ သူတို့သည်လည်း ချင်ယွင်အတွက် သူတို့စိတ်နှလုံးထဲမှ တိတ်တဆိတ် သတိပေးရုံသာ တတ်နိုင်ပါသည်။

တော်ဝင်တာအိုနယ်ပယ်၏ နဝမအဆင့် အင်မော်တယ်ဘုရင်တစ်ယောက်ထံမှ တိုက်ခိုက်မူနှင့် စပ်လျဉ်း၍မူ, ၎င်းသည် သာမန်ကာလျှံကာ တိုက်ခိုက်မူဆိုလျှင်ပင် အစောပိုင်း လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့်တစ်ယောက် ခံနိုင်ရည်ရှိသော အရာ မဟုတ်ပေ။ ထို့ကြောင့် လူတိုင်း၏အမြင်တွင်၊ ဤလူငယ်သည် သေချာပေါက် သေရတော့မည်။

ချင်ယွင်၏ ကျင့်ကြံမှုအခြေခံသည် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်၏ အစောပိုင်းအဆင့်တွင်သာ အမြဲရှိနေခဲ့သော်လည်း၊ သူ၏စစ်မှန်သော စွမ်းအားသည် ကောင်းကင်တာအိုနယ်ပယ်၏ ဒုတိယအဆင့် အင်မော်တယ် ဧကရာဇ်မင်းတစ်ပါးနှင့်ပင် နှိုင်းယှဉ်နေပြီ ဖြစ်သည်။ သူသည် တော်ဝင်တာအိုနယ်ပယ်၏ နဝမအဆင့် အင်မော်တယ် ဘုရင်တစ်ပါး လက်တစ်ဖက်တည်းဖြင့်ပင် အလွယ်တကူ ချေမှုန်းနိုင်ပါသည်။

“ဘုန်း…”။

ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသော်လည်း အလောင်းအပိုင်းအစ များ နေရာအနှံ့ ပြန့်ကြဲသွားသည့် မြင်ကွင်းမျိုး ဖြစ်ပေါ်မလာခဲ့ပါ။ ဆန့်ကျင်ဘက်အနေနှင့်, လူငယ်အား ထိခိုက်မှု လုံးဝ မရှိခဲ့ပါ။

"မဖြစ်​နိုင်​ဘူးမလား?" လူတိုင်းသည် တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်လိုက်ကြပြီး သူတို၏ မျက်လုံးများတွင် မယုံကြည်နိုင်မူများဖြင့် ပြည့်နှက်နေခဲ့သည်။

ချင်ယွင်သည် မလှုပ်မယှက် ထိုနေရာမှာပင် ဒဏ်ရာကင်းစွာ ရပ်နေခဲ့သည်။ ဖန်းပိုင်ရှီထံမှ ထုတ်လွှတ်လိုက်သော စွမ်းအားသည် မမြင်နိုင်သော အလင်းအကာကွယ်ကြောင့် ကြေမွပျက်ဆီးသွားသကဲ့သို့ သူ၏အဝတ်စားထောင့်စွန်းကိုပင် ထိခိုက်ခြင်းမရှိဘဲ ပေါက်ကွဲသွားခဲ့သည်။

ဖန်းပိုင်ရှီ၏ မျက်ခုံးများလည်း တွန့်သွားသည်။ သူ၏တိုက်ခိုက်မှုက ပြိုင်ဘက်ကို သတ်နိုင်ခြင်းမရှိဟု သူလည်း မမျှော်လင့်ထားခဲ့ပေ။

"ကောင်စုတ်၊ မင်းက ရန်ကလန်က မဟုတ်ဘူးမလား?။" ဖန်းပိုင်ရှီက မေးသည်။

"မှန်တယ်၊ ကျုပ်က တကယ်ပဲ ရန်ကလန်က မဟုတ်ဘူး၊ ဒါပေမယ့်, ခင်ဗျားကို သတ်ဖြတ်ရာမှာတော့ ကျုပ်ကို ခင်ဗျား တားဆီးနိုင်မယ့်ပုံ မပေါ်ဘူး" ချင်ယွင်က အေးစက်သော အပြုံးဖြင့် ပြောသည်။ သူပြောပြီးသည်နှင့် သူ၏မျက်လုံးထဲတွင် အေးစက်သော အရိပ်အယောင်တစ်ခု ပေါ်လာသည်။ ထို့နောက် ချင်ယွင်၏ရုပ်အသွင်သည် ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့သည်။

ပတ်ဝန်းကျင်ရှိ လူတိုင်း အံ့သြသွားကြသည်။ ဤလူငယ်သည် သူတို့၏ မျက်မှောက်အရပ်မှ (မျက်စိရှေ့မှ) အဘယ်ကြောင့် တိတ်တဆိတ် ပျောက်ကွယ်သွားသည်ကို သူတို့ နားမလည်ခဲ့ကြပေ။

ဖန်းပိုင်ရှီလည်း ထိတ်လန့်သွားသည်။ သူ၏နှလုံးသားထဲတွင် ဆိုးရွားသော ကြိုတင် သတိပေးချက်တစ်ခု ရှိလာနေသည်။ သို့သော်၊ သူ၏ ထိုကြိုတင်သတိပေးချက် ထွက်ပေါ်လာသည်နှင့် တပြိုင်နက် သူ၏ ဦးခေါင်းနောက်ဘက်မှ တုန်လှုပ် ချောက်ချား ဖွယ်ရာ အငွေ့အသက်များ ထွက်ပေါ်လာသည်ကို ခံစားရလေသည်။

ဤအငွေ့အသက်သည် အလွန်ကြောက်စရာကောင်းသောကြောင့် သူ၏ကျောရိုးများပင် အေးစက်သွားသလို ခံစားလိုက်ရသည်။

“ဘန်း..”။

လက်ဖဝါးတစ်ဖက်သည် လေဟာနယ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ဖန်းပိုင်ရှီ၏ နောက်စေ့ကို ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။

ဖန်းပိုင်ရှီသည် သူ၏ဦးခေါင်းနောက်ဘက်ဆီမှ တုန်လှုပ်ချောက်ချားဖွယ်ရာ အင်အားတစ်ခု ထွက်ပေါ်လာသည်ကို ချက်ချင်း ခံစားလိုက်ရသည်။ ထို့နောက်, သူသည် အဝေးသို့ အတင်းကြပ် ထွက်ပြေးသွား၏။

သို့သော်လည်း သူ အဝေးကို မပျံသန်းနိုင်ခင်မှာ ဖန်းပိုင်ရှီ၏ နောက်ကျောဆီသို့ ခြေတစ်ချောင်းက တိတ်တဆိတ် ပေါ်လာပါသည်။

ခြေကန်ချက်က ကောင်းကင်နှင့်မြေကြီးပင် ပြိုကျသွားနိုင်သည်။

ဖန်းပိုင်ရှီ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ကောင်းကင်ယံမှ မြေပြင်ပေါ်သို့ ရောက်သည်အထိ ပြင်းထန်စွာ တက်နင်းခံလိုက်ရသည်။ မြေပြင်သည် ကျယ်လောင်သော အရှိန်အဟုန်ဖြင့် ပြိုကျသွားပြီး နေရာအနှံ့ ဖုန်မှုန့်များ ပျံ့လွင့်သွားသည်။ မြေပြင်တစ်ခုလုံးသည် ကြီးမားသော အစိတ်အပိုင်းတစ်ခုကြောင့် ရုတ်တရက် နစ်မြုပ်သွားပြီး ကီလိုမီတာ ထောင်ပေါင်းများစွာအကွာမှပင် မြေပြင်သည် တုန်ခါသွားသည်ကို ခံစားနိုင်သည်။

ဖန်းပိုင်ရှီသည် သွေးအန်ထုတ်လိုက်ရသည်။ သူ၏ခန္ဓာကိုယ် တစ်ကိုယ်လုံး သေလုမျောပါး ဖြစ်နေပါပြီ။ ထိုကန်ချက်၏ စွမ်းအားသည် သူ၏ခန္ဓာကိုယ်ရှိ အရိုးများနှင့် အတွင်းအင်္ဂါ အစိတ်ပိုင်းများအားလုံးကို ကွဲကြေလုနီးပါး ဖြစ်သွားခဲ့သည်။

သူ အသက်တစ်ဝက် ကျန်နေသေးရသည့် အကြောင်းရင်းကတော့ တစ်ဖက်လူက သူ၏အသက်ကို မယူချင်သေး၍သာ ဖြစ်ပါသည်။ ထိုသို့မဟုတ်လျှင်၊ ထိုကန်ချက်က သူ့ကို အပိုင်းပိုင်းပေါက်ကွဲပြီး လုံးလုံးလျားလျား သတ်ပစ်ဖို့ လုံလောက်နေပါပြီ။

ထိုမြင်ကွင်းကို ကြည့်ပြီး လူတိုင်း မှင်သက်အံသြသွားကြသလို သူတို့၏မျက်လုံးများလည်း တုန်လှုပ်ခြောက်ခြားခြင်းအပြည့် ဖြစ်နေကြသည်။

ယခုတိုက်ပွဲသည် တဒင်္ဂအတွင်းသာ ဖြစ်ပါသည်။ သူတို့ တုန့်ပြန်လာချိန်မှာ ဖန်းပိုင်ရှီသည် ချင်ယွင်၏ ခြေရင်းအောက်တွင် နင်းခံနေရပြီ ဖြစ်သည်။

"ဒါ... ဒါ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့်တစ်ယောက်ရဲ့ ခွန်အားလား?" တပည့်ငယ် တစ်ယောက်က တံတွေးမျိုချပြီး ပြောလိုက်သည်။

သူ၏ဘေးမှ အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ထိုတပည့်ငယ်ကို တစ်ချက် စိုက်ကြည့်ကာ ပြောလိုက်သည် “အရူး, လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့် တစ်ယောက်က တော်ဝင်တာအိုနယ်ပယ်၏ နဝမအဆင့် အင်မော်တယ်ဘုရင်ကို လက်တုံ့ ပြန်နိုင်စွမ်း မရှိတဲ့အထိ ရိုက်နှက်နိုင်မှာတဲ့လား?။ ဒါ့အပြင်, ဒီစီနီယာပုဂ္ဂိုလ် စိတ်မကြည် မလင်ဖြစ်အောင် လုပ်မိသွားမှာကိုလည်း ဂရုစိုက်ဦး"

လူငယ်သည် ချက်ချင်းပင် သူ၏ပါးစပ်ကို ဖုံးအုပ်လိုက်ပြီး စကားတစ်ခွန်းမှ မပြောဝံ့တော့ပေ။ သူသည် ချင်ယွင်ကို စိတ်မကြည်မလင်ဖြစ်အောင် လုပ်မိပြီး သေသည်အထိ ဖနှောင့်ဖြင့် ပေါက်သတ်ခံရမည်ကို အလွန်မင်း ကြောက်ရွှံ့သွားသလိုပင်။

အဝေးတွင်၊ ရန်ဖုန်းလင်းနှင့် ရန်ဘိုင်လင်းတို့သည် ဤမြင်ကွင်းကို ကြည့်ရင်း အံ့အား သင့်သွားကြသည်။ သူတို့၏ မျက်လုံးများတွင် ထိတ်လန့်မှုက ပို၍ပင် ကြီးမားလာသည်။ သူတို့သည် အနီးနားရှိ တပည့်များထက် များစွာပို၍ အမြင်ကျယ်ကြပါသည်။ သူတို့သည် ချင်ယွင်၏ နောက်ဆုံးကန်ချက်တွင်ပါရှိသော ကြောက်မက်ဖွယ်စွမ်းအားကို နက်ရှိုင်းစွာ ခံစားနိုင်ကြသည်။ ၎င်းကန်ချက်သည် သာမာန်အင်မော်တယ် ဘုရင်တစ်ဦးကို ခုခံနိုင်သည့် အရာ မဟုတ်သည်မှာ သေချာပါသည်။

"စီနီယာရဲ့ ကူညီမူအတွက် ကျေးဇူးတင်ပါတယ် " ရန်ဖုန်းလင်းသည် အပျက်အစီးများ ကြားထဲမှ လျှောက်လာခဲ့ပြီး ချင်ယွင်အား လေးလေးစားစား ပြောဆိုသည်။

"ဟုတ်ပါတယ်၊ စီနီယာ။ တကယ်လို့, စီနီယာကြောင့်သာ မဟုတ်ဘူးဆိုရင်၊ ရန်ကလန် တစ်ခုလုံးကို ဒီနေ့ ဖန်းပိုင်ရှီက သတ်ပစ်မှာကို ကျွန်တော် ကြောက်မိပါတယ်။ ကျွန်တော်က စီနီယာကို တကယ်ပဲ ကျေးဇူးတင်ပါတယ်။" ရန်ဘိုင်လင်းက လေးလေးစားစားဖြင့် ချင်ယွင်ကို ဦးညွှတ်လိုက်ပါသည်။

ချင်ယွင်က ရန်ဘိုင်လင်းကို အလျင်အမြန် ကူညီမပြီး ပြောသည် "ဦးလေးရန်၊ ကျွန်တော်က ချင်ယွင်လေ။ ဦးလေး မေ့သွားပြီလား?”။

"မင်းက... ချင်ယွင်လား?။" ချင်ယွင်၏စကားကိုကြားတော့ ရန်ဘိုင်လင်းသည် တစ်ခုခုကို မှတ်မိသွားပုံရသည်။ သူက ချင်ယွင်ကို မယုံကြည်နိုင်စွာ ကြည့်နေရင်း သူ၏မျက်နှာသည် အံ့အားသင့်သည့် အမူအရာတစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။

"ဟုတ်ပါယ်။ ကျွန်တော်က ချင်ယွင်ပါ။ ဦးလေး အရင်တုန်းက သင်ပေးခဲ့တဲ့ သဟဇာတ ဓားသိုင်းပညာရပ်ကို ကျွန်တော် သင်ယူခဲ့တယ်လေ။ ဦးလေး မေ့သွားပြီလား" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည်။

"မှန်တယ်၊ မှန်တယ်၊ မှန်တယ်၊ မင်းက ချင်ယွင်ပဲ။ ဒါဆို မင်းက တူလေး ချင်ပေါ့။ တစ်ယောက်နဲ့တစ်ယောက် မတွေ့ရတာ ဆယ်စုနှစ်အနည်းငယ်ပဲ ကြာသေးတယ်။ မင်းက ဒီလောက်အထိ အစွမ်းထက်လာလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ အဲဒီတုန်းက ဧကရာဇ် မင်းမြတ် ချင်ဟန်က သူ့သားကို ရာထူးကနေ ဖြုတ်ချပြီး သူ့သားကို သေမျိုးကမ္ဘာဆီသို့ ပို့လိုက်တယ်လို့ ဦးလေးလည်း ကြားမိတယ်။ သူ့သားကလည်း ချင်ယွင်လို့ ခေါ်တယ်။ ဦးလေးတောင်မှ မင်းများဖြစ်နေမလားလို့ တွေးမိသေးတယ်။ ကောင်စုတ်လေး ကျိဖန်းက သူ အင်မော်တယ်ဧကရာဇ်တစ်ပါး ဖြစ်လာတာနဲ့ လေဟာနယ်အတားဆီးကို ချိုးဖြတ်ပြီး မင်းကို သွားရှာမယ်လို့တောင် ပြောခဲ့သေးတယ်။ အခုအချိန် မင်းကို တွေ့လိုက်ရင် ကျိဖန်းလည်း အရမ်းပျော်နေလိမ့်မယ်" ရန်ဘိုင်လင်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ရန်ဘိုင်လင်း၏ စကားကို အနီးပတ်ဝန်းကျင်ရှိ လူအုပ်ကြီး ကြားသောအခါတွင် အံ့အားသင့်သည့် အမူအရာများကို ထုတ်ဖော်လာကြသည်။ သူတို့သည်လည်း ချင်ယွင် အပေါ် အကောင်းမြင်စိတ် ရှိခဲ့ဖူးသည်။ ထိုအချိန်တုန်းက ကလေးငယ်လေးသည် သူတို့ မော်ကြည့်ရသည့် ထိပ်တန်းကျွမ်းကျင်သူတစ်ဦး ဖြစ်လာလိမ့်မည်ဟု သူတို့ မမျှော်လင့် ထားဘူး။ ဤအရာက သူတို့ကို ခဏတာ မှင်တက်စေခဲ့သည်.

ချင်ယွင်က ပြုံးလိုက်သော်လည်း သူ၏နှလုံးသားက လှုပ်ရှားသွားခဲ့သည်။ ရန်ကျိဖန်းသည် သူ သေမျိုးကမ္ဘာထဲသို့ ကျရောက်သွားသည့်အတွက် ဝမ်းနည်းနေလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

"သူမက ဘယ်သူလဲ မင်းရဲ့မိန်းမလား…?" ရန်ဘိုင်လင်းသည် ချင်ယွင်၏ နောက်မှမှ ရှရှန်းယုကို ရုတ်တရက် ညွှန်ပြပြီး မေးလိုက်သည်။

ထိုစကားကိုကြားတော့ ရှရှန်းယုသည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ သို့သော် သူမ မရှင်းပြခင်မှာ ချင်ယွင်၏ နှိုင်းယှဉ်ပြ၍မရအောင် ရိုက်ချက်ပြင်းလှသည့် ချင်ယွင်၏ အသံကို သူမ ကြားလိုက်ရသည်။

"မဟုတ်ဘူး၊ သူမက ကျွန်တော့် အစေခံပါ။ ကျွန်တော့်မိန်းမက သူမထက် အများကြီး ပိုလှပါတယ်။" ချင်ယွင်က ပြုံးပြီး ပြန်ဖြေသည်။

ထိုအချိန်တွင် ရှရှန်းယုသည် ချင်ယွင်ကို သတ်ဖြတ်လိုသည့် စိတ်နှလုံးပင် ရှိလာနေပြီ ဖြစ်သည်။ ဤချင်ယွင်သည် အမှန်တကယ်ပင် သူမကို မထီမဲ့မြင် ပြုလွန်းသည်။

လူအုပ်ကြီးသည် ထိုစကားကို ကြားလျှင်, ပို၍ပင် အံ့သြသွားကြပါသည်။

သူတို့၏မျက်လုံးများတွင် ရှရှန်းယုသည် လုံးဝဥဿုံ ပြီးပြည့်စုံသော အလှပိုင်ရှင်တစ်ဦး ဖြစ်သည်။ သို့သော်၊ ဤချင်ယွင်က ဤအမျိုးသမီးသည် သူ၏ကျွန်ဖြစ်သည်ဟု အမှန်တကယ် ပြောဆိုခဲ့ပြီး၊ ယင်းက သူတို့၏နှလုံးသားထဲတွင် သွေးအန်ချင်စိတ်ပင် ဖြစ်ပေါ်စေခဲ့သည်။

ရန်ဘိုင်လင်းလည်း အလွန်အံ့သြသွားသည်။

"ဦးလေးရန်၊ ကျိဖန်း အဖမ်းခံရတယ်လို့ ဦးလေး ပြောခဲ့တယ် မဟုတ်လား?။ ဘာဖြစ်ကြတာလဲ။" ချင်ယွင်က မေးသည်။

ချင်ယွင်၏မေးခွန်းကိုကြားတော့ ရန်ဘိုင်လင်း၏ အမူအရာက လေးနက်လာသည်။

All Chapters