← Chapters

အခန်း ၉၄၀

Vol. 63 Ch. 940

အခန်း ၉၄၀

Vol. 63 Ch. 940

အခန်း (၉၄၀) လွှမ်းမိုးကြီးစိုးနိုင်သော အငွေ့အသက်။

ချင်ယွင်သည် ရန်ဘိုင်လင်း၏ မျက်နှာပေါ်ရှိ လေးနက်သော အမူအရာကို မြင်လိုက်ရသည့် အခါတွင် သူ၏အမူအရာသည် အုံ့မှိုင်းလာခဲ့သည်။

ယခင်ကတည်းက သူသည် ဘေးတစ်ဖက်ရှိ တပည့်များ၏ ပြောဆိုမူများမှတဆင့် ဤအကြောင်းတွေကို ကြားဖူးထားပြီး ဖြစ်သည်။ ဤကိစ္စသည် ဝိညာဉ်ကျောက်စိမ်း ဂိုဏ်းနှင့် ပတ်သက်နေပုံရသည်။ သူသည် ဤဝိညာဉ်ကျောက်စိမ်းဂိုဏ်း အကြောင်းကို ယခင်က တစ်ခါမျှ မကြားဖူးသောကြောင့် ၎င်းသည် ထိပ်တန်းအင်အားစုကြီးတစ်ခု မဖြစ်သင့်ပေ။

ရန်ကျိဖန်းနှင့် သူသည် ညီအစ်ကိုများ ဖြစ်ကြသည်။ အကယ်၍၊ ရန်ကျိဖန်း တစ်ခုခုဖြစ်ခဲ့ လျှင်၊ ချင်ယွင်သည် ရန်ကျိဖန်းကို ထိခိုက်နစ်နာစေသည့် မည်သူ့ကိုမှ အလွတ်ပေးမှာ မဟုတ်ပါဘူး။

"ဟင်….…၊ ကျိဖန်းက ဝိညာဉ်ကျောက်စိမ်းဂိုဏ်းမှာ ပါဝင်ဖို့ အခိုင်အမာ ပြောဆိုထားလို့ သာ။ မဟုတ်ရင်, သူ့ကို ဝိညာဉ်ကျောက်စိမ်းဂိုဏ်းက ဖမ်းရုံတင်ဖမ်းဆီးထားမှာ မဟုတ်ဘူး။" ရန်ဘိုင်လင်းသည် သက်ပြင်းချလိုက်ပြီး သူ့ကိုယ်သူ အပြစ်တင်သံများဖြင့် ပြည့်နှက်နေခဲ့သည်။

"ဦးလေး ရန်၊ ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့။ ဘာဖြစ်ခဲ့တာလဲ အတိအကျ ပြောစမ်းပါဦး။ ကျွန်တော် ကျိဖန်းကို ကယ်တယ်ပေးနိုင်ပါတယ်" ချင်ယွင်က နှစ်သိမ့်ပေးသည်။

ရန်ဘိုင်လင်းက ခေါင်းညိတ်ပြီး ပြောသည် "အဖြစ်ပျက်က ဒီလိုပါ။ ဒီဝိညာဉ်ကျောက်စိမ်း ဂိုဏ်းက တုံကျိုးမှာ ကျော်ကြားတဲ့ ဂိုဏ်းတစ်ခုပဲ။ အဲဒီဂိုဏ်းရဲ့ အစွမ်းထက်ဆုံး ကျွမ်းကျင်သူက အင်မော်တယ် ဧကရာဇ်တစ်ပါးလို့ ပြောကြပါတယ်။ ဒါကြောင့် ငါက ကျိဖန်းက ဝိညာဉ်ကျောက်စိမ်းဂိုဏ်းထဲကို ဝင်ခွင့်ပြုလိုက်တယ်။ ဒီလိုနည်းနဲ့ ကျိဖန်း လည်း ပိုမိုကောင်းမွန်တဲ့ ကျင့်ကြံခြင်း အရင်းမြစ်တွေကို ရရှိနိုင်လိမ့်မယ်ပေါ့။ ကျိဖန်းက လည်း ငါ့ကို စိတ်မပျက်စေခဲ့ပါဘူး။ သူရဲ့ ကျင့်ကြံမူအခြေခံက ကောင်းကင်ထိတိုင် ထိုးတက်သွားခဲ့ပြီး၊ သူ့ရဲ့စွမ်းအားကလည်း အလွန်မြန်မြန်ဆန်ဆန်ပဲ တိုးတက်လာခဲ့ တယ်။ သိပ်မကြာခင်ကပဲ သူက လျှို့ဝှက်ဆန်းကြယ်အင်မော်တယ်နယ်ပယ်သို့ ဖြတ်ကျော်ပြီး၊ ဝိညာဉ်ကျောက်စိမ်းဂိုဏ်းရဲ့ ထိပ်တန်းတပည့်တစ်ဦး ဖြစ်လာခဲ့တယ်။”

ချင်ယွင်က ရန်ဘိုင်လင်း၏ လုပ်ဆောင်ချက်တွေမှာ အမှားအယွင်း မရှိသလို ရန်ကျိဖန်း၏ အရည်အချင်းကလည်း မဆိုးပါဘူး။ သူသည် အမှန်တကယ် ကောင်းမွန်သော ကျင့်ကြံခြင်း အရင်းမြစ်များ လိုအပ်သည်။ ဂိုဏ်းတစ်ခုထဲ ဝင်ရောက်ခြင်းက အမှန်တကယ်ပင် သူ့အတွက် တကယ်ကို သင့်တော်ပါသည်။

“ဒါဆို အဲဒီနောက်ပိုင်း ဘာဖြစ်ခဲ့လဲ?။ ချင်ယွင်က ဆက်မေးလိုက်သည်။

“ဒါပေမယ့် အချိန်ကောင်းတွေက ဘာမှမကြာလိုက်ပါဘူး။ ဘာအမှားယွင်းမှ မရှိခဲ့ပါဘဲနဲ့ တည်ငြိမ်နေတဲ့ တောအုပ်လေးဟာ ဖျက်ဆီးခံလိုက်ရတယ်လေ။ ကျိဖန်းက အလွန်မင်း ပါရမီကောင်းပြီး ထက်မြက်နေတော့, ဖန်းကလန်ရဲ့ အကြီးဆုံး သခင်ငယ် ဖန်းထန်ယွန်ရဲ့ မနာလိုစိတ်ကို ဆွဲဆောင်မိခဲ့တယ်လေ။ ဒါကြောင့်, သူက ဝိညာဉ်ကျောက်စိမ်းဂိုဏ်းရဲ့ သခင်လေးဖြစ်တဲ့ ချိုင်ကော့နဲ့ ပူးပေါင်းပြီး ကျိဖန်းကို တမင်တကာ လျှို့ဝှက်ကြံစည်ခဲ့ ကြတယ်။ ဒါကြောင့် ဝိညာဉ်ကျောက်စိမ်းဂိုဏ်းက သူ့ကို သုံးစားမရအောင် ပြုလုပ်ခဲ့တယ်။ နောက်ပိုင်းမှာတော့, ကျိဖန်းလည်း ဝိညာဉ်ကျောက်စိမ်းဂိုဏ်းရဲ့ အကျဉ်းထောင်ထဲမှာ အကျဉ်းချခံထားခဲ့ရတယ်။” ရန်ဘိုင်လင်းက ခံပြင်းဒေါသများ ပြည့်နှက်နေသောအသံဖြင့် ပြောလိုက်ပါသည်။

ချင်ယွင်၏ မျက်လုံးများသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များနှင့်အတူ တောက်ပ လာသည်။ သူအမုန်းဆုံးအရာက တစ်စုံတစ်ဦးက လျှိုဝှက်ကြံစည်ပြီး ချမှတ်ထားသည့် အရာများဖြစ်သည်။ ထိုအချိန်တုန်းက၊ သူသည် ချင်လန်၏ လျှို့ဝှက်ကြံစည်ပြီး ချမှတ်ထား သည့် အရာတွေကြောင့် သေမျိုးကမ္ဘာသို့ ပစ်ချခံခဲ့ရခြင်းသည် အတိအကျပင် ဖြစ်သည်။ ယခု ကျိဖန်းလည်း အလားတူဖြစ်ရပ်မျိုး ကြုံတွေ့ခဲ့ရသည်ဟု သူ ကြားလိုက်ရသည်နှင့်, သူ၏ရင်ထဲမှ အမျက်ဒေါသက ချက်ချင်း လောင်ကျွမ်းလာခဲ့သည်။

"နောက်တော့, ငါလည်း အကြီးအကဲတစ်ချို့နဲ့အတူ ဝိညာဉ်ကျောက်စိမ်းဂိုဏ်းကို သွားပြီး အကူအညီတောင်းခဲ့တယ်။ ဒါပေမယ့် ဖန်းကလန်က အဲဒီအချိန်မှာ ရှေ့ကို ရောက်လာပြီး ဝိညာဉ်ကျောက်စိမ်းဂိုဏ်းနဲ့ ပူးပေါင်းပြီးသွားပြီ။ သူတို့က ငါတို့ ရန်ကလန်ရဲ့ လက်ထဲမှာ ရတနာတစ်ခုရှိတယ်လို့ ပြောကြတယ်။ သူတို့က ငါတို့ ရန်ကလန်ရဲ့ ရတနာကို ဝါးမျိုးချင်တဲ့အတွက် နောက်သုံးရက်လောက်ကြာမှာ အဲဒီရတနာနဲ့ ပြန်လာလဲဖို့ ခွင့်ပြုပေးခဲ့တယ်။ ပြန်လာတဲ့လမ်းမှာ, ဒီဖန်းပိုင်ရှီက ငါတို့ ကလန်ရဲ့ အကြီးအကဲ သုံးယောက်ကို တိတ်တဆိတ် သတ်ဖြတ်ပြီး ငါ့ကိုတော့ ရတနာကို ပြန်ယူဖို့အတွက် လွှတ်ပေးလိုက်တယ်။” ရန်ဘိုင်လင်းက သူ၏လက်သီးတွေကို တင်းတင်းဆုပ်ထားပြီး သူ၏မျက်လုံးတွေက အဆုံးမဲ့ဒေါသတွေနှင့် ပြည့်နေခဲ့သည်.

သူ၏ခန္ဓာကိုယ်မှ အဆုံးမဲ့ သတ်ဖြတ်လိုသည့်ဆန္ဒများ ထွက်ပေါ်လာရင်း ချင်ယွင်၏ မျက်လုံးများလည်း ကျဉ်းမြောင်းသွားခဲ့သည်။

ပတ်ဝန်းကျင်ရှိ လူတိုင်းသည် ရေခဲခန်းထဲသို့ ရောက်ရှိသွားသလို ခံစားလိုက်ရသည်။ ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်သည် သူတို့၏ ခြေဖဝါးမှ ကောင်းကင် စိတ်ဝိညာဉ်အလွှာထိ တည့်တည့် တိုးဝင်လာခဲ့သည်။

ရှရှန်းယုလည်း အံ့အားသင့်သည့် အမူအရာ ဖြစ်ပေါ်နေသည်။ ချင်ယွင် ဒေါသတွေထွက်နေသည်ကို သူမ မြင်ဖူးသည်မှာ ဤအရာက ပထမဆုံးအကြိမ် ဖြစ်သည်။

"ဦးလေးရန် စိတ်မပူပါနဲ့၊ ငါ ကျိဖန်းကို သေချာပေါက် ဘေးကင်းစွာနဲ့ ပြန်ခေါ်ပေးမယ်။ ဖန်းကလန်နဲ့ ဝိညာဉ်ကျောက်စိမ်းဂိုဏ်းက သူတို့ရဲ့ လုပ်ရပ်အတွက် တန်ရာတန်ကြေးကို သေချာပေါက် ပေးဆပ်ရလိမ့်မယ်။" ချင်ယွင်၏ မျက်လုံးများမှ သတ်ဖြတ်လိုသည့်ဆန္ဒများ ထွက်ပေါ်လာနေသည်။ သတ်ဖြတ်လိုသည့်ဆန္ဒက အမှန်တကယ် နှလုံးခုန်စေသည်။

ချင်ယွင်၏ ရည်ရွယ်ချက်များကို သတိပြုမိပြီး ရန်ဘိုင်လင်းက အလောတကြီး အကြံပေးလိုက်သည် "တူလေးချင်, စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့။ ဒီဝိညာဉ်ကျောက်စိမ်း ဂိုဏ်းမှာ အင်မော်တယ်ဧကရာဇ်တွေ ရှိနေတယ်။ မင်း သူတို့ကို အနိုင်ယူလို့ မရနိုင်ဘူး။ အခု ငါတို့လုပ်ရမှာက ဒီအနက်ရောင်ကျောက်တုံးကို ယူသွားပြီး ကျိဖန်းနဲ့ လဲလှယ်ဖို့ပဲ"

"မှန်တယ်။ ဝိညာဉ်ကျောက်စိမ်းဂိုဏ်းက အစွမ်းထက်လွန်းတယ်။ ငါတို့အနေနဲ့ သူတို့ကို အနိုင်မယူနိုင်ဘူး" ရန်ဖုန်းလင်းက ပြောသည်။

"ဦးလေးရန်, တော်ဝင်အကြီးအကဲ, ဦးလေးတို့ စိတ်မပူပါနဲ့။ ကျွန်တော်က မဆင်မခြင် လုပ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ရဲ့ သစ္စာမဲ့တဲ့ အကြံအစည်တွေကို လွယ်လွယ် ကူကူနဲ့ အောင်မြင်ခွင့် မပြုနိုင်ဘူး။" ချင်ယွင်က အေးစက်စွာ ပြောလိုက်သည်။ ဖန်းကလန်နှင့် ဝိညာဉ်ကျောက်စိမ်းဂိုဏ်းကို အပြီးအပိုင် ပေးဆပ်ခိုင်းရန် သူ၏စိတ်ထဲတွင် ကြံစည်ထားပြီး ဖြစ်သည်။

အင်မော်တယ် ဧကရာဇ်ဆိုတော့ရော ကြောက်နေရမည်လား?။ ကောင်းကင်တာအို နယ်ပယ်၏ ဆဋ္ဌမအဆင့်အထက်ရှိ အကြီးမြတ်ဆုံး အင်မော်တယ် ဧကရာဇ် မဟုတ်သရွေ့၊ သူ ရင်ဆိုင်နိုင်သည်။ သူ့ဆီမှာလည်း အဆုံးစွန်သော လှုပ်ရှားမှုတစ်ခုဖြစ်သည့် နဂါးအသွင်ပြောင်းလဲခြင်း ရှိသည်ကို မေ့ထား၍ မရချေ။

ယခု သူသည် နဂါးအသွင်ပြောင်းလဲခြင်းကို အသုံးပြုပြီး သူ၏ ခွန်အားဖြင့်ပင် ကောင်းကင် တာအိုနယ်ပယ်၏ ပဉ္စမအဆင့်ရှိ အင်မော်တယ် ဧကရာဇ်တစ်ပါး တိုက်ခိုက်နိုင်သည်။ ဤအရာသည် ချင်ယွင်၏ နေရာချထားသည့် ဝှက်ချက်တစ်ချပ် ဖြစ်သည်။

ဟုတ်ပါသည်၊ နောက်ထပ်ဝှက်ဖဲတစ်ချပ်လည်း ရှိနေပါသေးသည်။ ထိုဝှက်ဖဲကတော့ တွန်ဒီပါ။ မူလက ချင်ယွင်သည် တော်ဝင်ချင် အင်မော်တယ် မင်းဆက်သို့ ရောက်ရှိပြီး နောက်မှ တွန်ဒီကို အင်မော်တယ်ဘုရင်၏စံအိမ်မှ ထွက်ခွာခွင့်ပြုရန် ရည်ရွယ်ထားခဲ့သည်။

သို့သော်လည်း တွန်ဒီက ယခုလောလောဆယ် အပြင်မထွက်ချင်သေးဟု ဆိုသည်။ သူ အပြင်မထွက်ခင် ဖင်းဂေါ့ဂ်နယ်ပယ်၏ သတ္တမဆင့်ကို ဖြတ်ကျော်ရန် ရည်ရွယ်ထားသည် ဟု သူက ပြောသည်။ တွန်ဒီကိုယ်တိုင်က ပြောပြီဆိုကတည်းက ချင်ယွင်က သူ့သဘော အတိုင်း လိုက်ပါပေးရမည်။ သို့သော်လည်း ချင်ယွင်သည် သူ မဖြေရှင်းနိုင်သော ပြဿနာ များ ကြုံတွေ့လာပါက အကူအညီ တောင်းမည်ဖြစ်ပြီး၊ တွန်ဒီကလည်း သေချာပေါက် ကူညီမည်ဟု သူ ယုံကြည်ထားသည်။

ချင်ယွင်က အလွန်ပြတ်သားနေသည်ကို မြင်လိုက်ရသဖြင့် ရန်ဘိုင်လင်းသည် အခြားဘာမျှ မပြောနိုင်တော့ပေ။

တကယ်တော့ ချင်ယွင် ယခုလို အစွမ်းထက်သည့် ခွန်အားမျိုး ပိုင်ဆိုင်ထားသည်ကို တွေ့လိုက်ရသည့်အတွက် သူလည်း အရမ်းကို ပျော်ရွှင်နေပါသည်။ ဤနည်းအားဖြင့် ကျိဖန်းကို ကယ်တင်ရန် အခွင့်အလမ်း ပိုများလာမည် ဖြစ်သည်။ သို့သော်၊ ချင်ယွင်သည် ဝိညာဉ်ကျောက်စိမ်းဂိုဏ်း တစ်ခုလုံးကို တစ်ယောက်တည်း တိုက်ခိုက်ရန် မဖြစ်နိုင် ကြောင်း သူ ခံစားရသည်။

သူ၏အမြင်အရ၊ ချင်ယွင်၏ စွမ်းအားသည် အများဆုံး အင်မော်တယ်ဘုရင်အဆင့်၏ အထွတ်အထိပ်အဆင့်တွင် ဖြစ်သည်။ ထို့ကြောင့်၊ သူသည် အင်မော်တယ်ဧကရာဇ်များကို ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိနိုင်ပေ။ ထို့ကြောင့် သူက ချင်ယွင်ကို မဆင်မခြင် မပြုရန် အကြံပေးခြင်း ဖြစ်သည်။

"ဦးလေးရန်၊ ဒီလူကိုရော။" ချင်ယွင်သည် ခွေးသေကဲ့သို့ မြေပြင်ပေါ်တွင် လဲလျောင်းနေ သော ဖန်းပိုင်ရှီကို လက်ညှိုးထိုးပြပြီး မေးသည်။

"ဟမ့်၊ သူက ငါတို့ ရန်ကလန်ရဲ့ အကြီးအကဲ သုံးယောက်ကို သတ်ပစ်လိုက်တယ်။ သေချာပေါက်၊ သူ့ကို ရှင်သန်ခွင့် မပြုနိုင်ဘူး" ရန်ဘိုင်လင်းက ခက်ထန်စွာ ပြောသည်။

“ဘုန်း…”။

ရန်ဘိုင်လင်း ပြောပြီးသည်နှင့် ချင်ယွင်သည် ဖန်းပိုင်ရှီ၏ ခေါင်းကို ဆောင့်နင်းလိုက်ပြီး၊ ဖန်းပိုင်ရှီသည် ချက်ချင်းပင် ခေါင်းကွဲသွားကာ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

ချင်ယွင်ကိုကြည့်နေသည့် လူတိုင်း၏အကြည့်များသည် အနှိုင်းမဲ့ ရိုသေလေးစားနေကြ သည်။ ချင်ယွင်ကြည်သည့် ထိုတပည့်များ၏ အကြည့်များသည် ပြင်းထန်သော လေးစားမှု အပြည့် ရှိနေပါသည်။

အထူးသဖြင့်, အမျိုးသမီးတပည့်များသည် နှိုင်းစာ၍မရသည့် ရိုသေလေးစားသော အမူအရာများဖြင့် ချင်ယွင်ကို ကြည့်နေကြသည်။ ယခုအချိန်တွင် ချင်ယွင်ထံမှ ထုတ်လွှတ်နေသော လွှမ်းမိုးကြီးစိုးနိုင်စွမ်း အငွေ့အသက်သည် သူမတို့အတွက် အမှန်တကယ် စွဲမက်ဖွယ်ကောင်းနေပါသည်။

"ဦးလေး ရန်၊ ဦးလေးက ကျွန်တော့်ကို လမ်းပြပေးဖို့ တောင်းဆိုချင်တယ်”။ ချင်ယွင်က ရုတ်တရက် ထပ်ပြောလိုက်သည်။

"လမ်းပြရမှာလား?။ ဘယ်သွားမလို့လဲ?" ရန်ဘိုင်လင်းက အံ့သြစွာ မေးလိုက်သည်။

"ဖန်းကလန်, ဒါတွေအားလုံးက ဖန်းကလန်ကြောင့်ဖြစ်လာခဲ့တာ။ ဒါကြောင့်, ဖန်းကလန် က အဲဒီအတွက် တန်ရာတန်ကြေး ပေးဆပ်ရမယ်။ ဖန်းကလန်က ကျွန်တော်တို့ကို တုံကျိုးကနေ ဖယ်ရှားချင်တယ်လို့ မပြောခဲ့ဘူးလား?။ ဒီလိုဆိုမှတော့, ကျွန်တော်တို့က သဘာဝအတိုင်း သူတို့ပြောခဲ့သလို ပြန်လုပ်ရလိမ့်မယ်" ချင်ယွင်၏ အသံက ရေခဲကဲ့သို့ အေးစက်နေပြီး သူ၏လေသံက ပြင်းထန်သော မောက်မာမူများဖြင့် ပြည့်နေခဲ့သည်။

ရောက်ရှိနေသူ လူအားလုံးသည် ထိတ်လန့်သွားကြပြီး၊ ချင်ယွင်ကို အံ့သြခြင်းကြီးစွာဖြင့် ကြည့်နေကြသည်။

ရန်ဘိုင်လင်းသည်လည်း မှင်သက်သွားခဲ့ပြီး၊ သူ၏မျက်လုံးများပင် ပူလောင်လာသည်။ ဖန်းကလန်က သူတို့၏ ရန်ကလန်ကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့သည်။ အကယ်၍၊ သူသာ သူတို့ကို ပြန်မပေးဆပ်ခိုင်းဘူးဆိုရင်, ဘယ်လိုမှ စားဝင်အိပ်ပျော်မှာ မဟုတ်ပါဘူး။

"ကောင်းပြီ ငါ မင်းကို အဲဒီကို ခေါ်သွားပေးမယ်။" ရန်ဘိုင်လင်းက ပြောသည်။ သူသည် တော်ဝင်အကြီးအကဲ ရန်ဖုန်းလင်းအား ညွှန်ကြားချက် အနည်းငယ် ပေးပြီးနောက်၊ သူသည် ချင်ယွင်ကိုခေါ်ကာ ဖန်းကလန်၏ ဦးတည်ရာဆီသို့ ပျံသန်းသွားခဲ့သည်။

ရှရှန်းယုသည် ချင်ယွင်၏နောက်သို့ တိတ်တဆိတ် လိုက်သွားခဲ့ပြီး ဖြစ်သည်။ ဤကာလ အတွင်း သူမ၏ စူးစမ်းလေ့လာမှုအရ, သူမသည် ချင်ယွင်အပေါ် ပို၍ပို၍ပင် မမြင်နိုင်တော့ ကြောင်း ရှာဖွေတွေ့ရှိလာရသည်။ ထို့ကြောင့် သူမအနေဖြင့် မည်သည့်အခွင့်အရေးကိုမှ လက်လွှတ်ခံတော့မည် မဟုတ်သည်မှာ သေချာပါသည်။

All Chapters