အခန်း ၉၄၁
Vol. 63 Ch. 941
အခန်း (၉၄၁) ဖန်းကလန်ကို သတ်ဖြတ်ခြင်း။
ယခုအခိုက်အတန့်တွင် တော်ဝင်ချင် အင်ပါယာ၏ တုံကျိုးဒေသ, ဝိညာဉ်မြို့အတွင်းရှိ အကြီးဆုံး စံအိမ်ကြီး အတွင်း၌ သီချင်းများနှင့်အတူ ရယ်မောသံများက အတော်မသတ် ဖြစ်ပေါ်နေပါသည်။
ဖန်းကလန်၏ ကလန်ခေါင်းဆောင် ဖန်းထျန်းချီသည် ပင်မထိုင်ခုံပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေသည်။ သူသည် ဝိုင်သောက်ရင်း ခန်းမထဲမှာ အလှမယ်တွေ ကပြဖျော်ဖြေနေသည် ကို ကြည့်ရူနေပါသည်။
တဆင့်နိမ့်သည့် ထိုင်ခုံများပေါ်တွင် အသက်လတ်ပိုင်းအရွယ် အမျိုးသား နှစ်ဦး ထိုင်နေပါ သည်။ တစ်ယောက်က မုတ်ဆိတ်ရှည်ရှည်နှင့် သူခိုးမျက်ခုံးရှိကာ၊ ကျန်တစ်ဦးကတော့ အလွန် ဝဖြိုးသည်။ ပထမဆုံး အကြည့်တစ်ချက်ဖြင့်ပင် သူသည် ဝဖြိုးနေသည့် ဝက်တစ်ကောင် နှင့် မကွာလှပါဘူး။
သို့သော်လည်း, သူတို့၏ ကျင့်ကြံမူအဆင့်က မနိမ့်ကျပါဘူး။ သူတို့သည် အင်မော်တယ် ဘုရင်နယ်ပယ် တော်ဝင်တာအို၏ သတ္တမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
၎င်းတို့နှစ်ဦးသည် ဖန်းကလန်၏ ဒုတိယအကြီးအကဲနှင့် တတိယအကြီးအကဲမှ လွဲ၍ အခြားမဟုတ်ပေ။
"ခေါင်းဆောင်, တော်ဝင်အကြီးအကဲက ဒီလောက်ကြာတာတောင် ပြန်မလာသေးဘူး။ သူက ရန်ကလန်တစ်ခုလုံးကို သတ်ပစ်လိုက်မှာတောင် ကျွန်တော် ကြောက်မိတယ်။" မုတ်ဆိတ်ရှည်နှင့် ဒုတိယအကြီးအကဲက ကောက်ကျစ်သော အပြုံးဖြင့် ပြောသည်။
“ဟား..၊ ဟား…၊ ဒါက ဖြစ်နိုင်တယ်ကွ။ မဟုတ်ရင်လည်း တော်ဝင်အကြီးအကဲရဲ့ စွမ်းအားနဲ့ဆို ရန်မျိုးနွယ်ရဲ့ နောက်ဆုံးလက်ကျန် အင်မော်တယ်ဘုရင်နှစ်ယောက်ကို ကိုင်တွယ်ပြီး ဖြစ်နေလောက်ပါပြီ” ဖန်းထျန်းချီက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ချက်ချင်းဆိုသလို သူ၏ဖန်ခွက်ကို ကောက်ယူကာ တစ်ငုံ သောက်လိုက်သည်။
“ဟမ့်၊ အစ်ကိုကြီးက ကျွန်တော့်ကိုကြ အဲဒီကို ခေါ်မသွားဘူး။ မဟုတ်ရင် ရန်ကလန်ထဲက မိန်းမတွေအားလုံးကို ကျွန်တော် အလွတ်ပေးမှာ မဟုတ်ဘူး” ရန်ဘိုင်လင်းရဲ့ ဇနီးက အရမ်းလှတယ်လို့ ကျွန်တော် ကြားဖူးတယ်။ မမြည်းစမ်းလိုက်ရတာ နှမြောစရာပဲ” ဆူဖြိုးသော တတိယအကြီးအကဲက ဖောက်ပြန်သော အမူအရာဖြင့် ပြောသည်။
“တတိယအကြီးအကဲက ဘယ်လိုမိန်းမမျိုးကို ကြိုက်လဲ?။ သခင့်အတွက် အဲဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းပြီး, ရတနာကို ရယူနိုင်တာနဲ့၊ အနာဂတ်မှာ မင်း ဘယ်လိုမိန်းမမျိုး ကြိုက်လဲ?။ မရတာ မရှိစေဘူး။ အဘွားကြီးကိုမှ ဘာလို့ လွမ်းနေရတာလဲ?” ဖန်းထျန်းချီ က ပြုံးရွှင်စွာ ပြောလိုက်ပါသည်။
"မှန်ပါတယ်၊ တတိယညီ၊ ဒီအချိန်မှာ ငါတို့က သခင်အတွက် အလုပ်လုပ်နေတာ။ သခင်က စိတ်ကျေနပ်သရွေ့ ငါတို့ဖန်းကလန်ရဲ့ အဆင့်အတန်းကလည်း မြင့်မားနေလိမ့်မယ်။ အဲဒီအချိန်မှာ တုံကျိုးဒေသ တစ်ခုလုံးကိုတောင် အလျားလိုက် အနံလိုက် လျှောက်သွားနိုင် လိမ့်မယ်။ အဲဒီအချိန်ရောက်ရင် မင်း လိုချင်တဲ့ ဘယ်မိန်းမမဆို မရမှာကို စိုးရိမ်စရာ လိုနေဦးမှာလား?" မှုတ်ဆိတ်ရှည်နှင့် ဒုတိယ အကြီးအကဲက လှောင်ပြောင်ပြောသည်။
“ဟုတ်တယ်, သခင်က ဘယ်လို ရတနာမျိုး လိုချင်နေလဲဆိုတာ ငါ မသိဘူး”။ ထိုစကားကို ကြားတော့ ဖက်တီးက တောက်ပစွာ ပြုံးပြီး သံသယစိတ်ဖြင့် မေးလိုက်ပါသည်။
“မင်းအနေနဲ့, ဒီကိစ္စကို လျစ်လျူရှုထားတာက ပိုကောင်းပါတယ်။ ငါတို့က သူပြောတဲ့ အတိုင်း လုပ်ရုံပဲလေ။ ဒါပေမယ့် ရန်ကလန်မှာ ဒီလိုရတနာတစ်ခု ရှိနေမယ်လို့ ငါ မမျှော်လင့်ထားဘူး။ ကံမကောင်းစွာပဲ၊ သာမန်လူက အပြစ်ကင်းပေးမယ့်၊ ရတနာက အပြစ်ဖြစ်နေတယ်။ ဒါကြောင့်ပဲ သူ့ရန်ကလန်တစ်ခုလုံးကို အပြစ်ပေးခံရတယ်။ သူနဲ့အတူ ရန်ကလန်တစ်ခု ပျောက်ကွယ်သွားတော့မယ်” မုတ်ဆိတ်ရှည်နှင့် ဒုတိယအကြီးအကဲက ထပ်မံ၍ လှောင်ပြောင် ပြောလိုက်သည်။
"အင်း၊ ဒီတစ်ခါတော့ ဝိညာဉ်ကျောက်စိမ်းဂိုဏ်းက ဒီရတနာကို အရင် သိမ်းယူသွားပြီး၊ ငါတို့က ဝိညာဉ်ကျောက်စိမ်းဂိုဏ်းကို စော်ကားသလိုဖြစ်မှာ ငါ ကြောက်မိတယ်”။ ဖက်တီးက ထပ်ပြောသည်။
“ငါတို့က အဲဒီရတနာကို အရယူပြီး အဲဒီသခင်ထံ အပ်လိုက်တာနဲ့၊ ဝိညာဉ်ကျောက်စိမ်း ဂိုဏ်းကတောင်မှ ငါတို့ဖန်းကလန်ကို ဘာမှ လုပ်ရဲမှာ မဟုတ်ပါဘူး။ ငါတို့ရဲ့ ဖန်းကလန် က တုံးကျိုးမှာ နံပါတ်တစ် မျိုးနွယ်စု ဖြစ်လာမှာ သေချာပါတယ်။” ဖန်းထျန်းချီက ရယ်မောပြီး၊ သူ၏မျက်လုံးများက သစ္စာမဲ့သည့် အမူအရာများဖြင့် ပြည့်နေခဲ့သည်။
ကျန်နှစ်ယောက်လည်း တဟားဟား ရယ်မောလိုက်ကြပြီး၊ နှစ်ယောက်စလုံး ဝိုင်ခွက်ကို ကောက်ကိုင်ကာ တစ်ကျိုက်တည်း မော့လိုက်ကြသည်။
"အင်း…၊ အစ်ကိုကြီးက ဘာဖြစ်လို့ ပြန်မလာသေးတာလဲ?” ဝိုင်သုံးခွက် သောက်ပြီး နောက် မုတ်ဆိတ်ရှည်နှင့် ဒုတိယအကြီးအကဲ တစ်ခုခု မှားနေပြီဆိုသည်ကို သိသွားပြီး၊ သူ၏သံသယစိတ်တွေက မြင့်တက်လာခဲ့သည်။
ဖန်းထျန်းချီနှင့် ဖက်တီးဝက် တတိယအကြီးအကဲတို့သည်လည်း လေးနက်သော အမူအရာများကို ဖြစ်ပေါ်နေကြပြီး သူတို့၏နှလုံးသားထဲတွင် ဆိုးရွားသော ကြိုတင် သတိပေးချက်တစ်ခု ရှိနေခဲ့သည်။
“သူ ပြန်လာမှာ မဟုတ်တော့ဘူး။”
ထိုအခိုက်အတန့်တွင်, သူတို့သုံးယောက်၏ နားထဲသို့ ရေခဲတမျှ အေးစက်စက် အသံတစ်ခု က တိုးဝင်လာခဲ့သည်။ ထို့နောက် ခန်းမအ၀င်ဝတွင် လူသုံးယောက် ပေါ်လာသည်။
ထိုအေးစက်စက်အသံကို ကြားတော့ ဖန်းထျန်းချီနှင့် အခြားလူများသည် ချင်ယွင်တို့ ရှိရာဆီသို့ ရုတ်တရက် လှည့်ကြည့်လိုက်ကြသည်။
“ရန်ဘိုင်လင်း, မင်းပါလား?” ဖန်းထျန်းချီ၏ အကြည့်များသည် နောက်ဆုံးတွင် ရန်ဘိုင်လင်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်မလာမီတွင် ထွက်ပေါ်လာသော လူသုံးဦးကို ဝှေ့ယမ်းကြည့်လိုက်ပြီး, သူ၏မျက်နှာတွင် အံ့အားသင့်သည့် အမူအရာတစ်ခုကို ထုတ်ဖော် လိုက်သည်။
အကမယ်တွေလည်း တစ်ယောက်ပြီး တစ်ယောက် လူစုကွဲသွားကြသည်။ ထိုအချိန်တွင် ချင်ယွင်နှင့် အခြားလူများသာ ခန်းမထဲတွင် ကျန်ရစ်ခဲ့သည်။
"ဖန်းထျန်းချီ၊ ငါ ဒီနေရာမှာ ပေါ်လာမယ်လို့ မင်းတို့ မမျှော်လင့်ထားဘူး မဟုတ်လား?”။ ရန်ဘိုင်လင်းက ရယ်မောလိုက်သည်။
"ငါ့အစ်ကိုကြီး ဘယ်မှာလဲ၊ မင်း သူ့ကို ဘာလုပ်လိုက်တာလဲ”? မုတ်ဆိတ်ရှည်နှင့် အကြီးအကဲက မေးတယ်။
“သေချာတာက, မင်းတို့ အစ်ကိုအကြီးဆုံးက ငရဲကိုရောက်သွားခဲ့ပြီ။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ မင်းတို့လည်း သူနဲ့အတူ လိုက်သွားရလိမ့်မယ်။" ချင်ယွင်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ရယ်မောရင်း ပြောလိုက်သည်။
ချင်ယွင်၏ စကားကိုကြားတော့ ဖန်းထျန်းချီက ချင်ယွင်ကို ချက်ချင်း ကြည့်လိုက်သည်။ သို့သော် ချင်ယွင်၏ ကျင့်ကြံမှုအဆင့်ကို မြင်သောအခါတွင် ၎င်းတို့၏ မျက်နှာများသည် ချက်ချင်းပင် အထင်အမြင်သေးသည့် အမူအရာ ပေါ်လွင်လာသည်။
“ဟမ့်၊ ဒီမှာစကားပြောဖို့ ဘယ်အချိန်ကတည်းက မင်းအလှည့်ရောက်သွားတာလဲ?။ လစ်လိုက်တော့”။ တတိယအကြီးအကဲက ဆူဖြိုးသော ဝက်တစ်ကောင်ကဲ့သို့ ကျယ်လောင်စွာ အော်ဟစ်ပြီး ချင်ယွင်ဆီသို့ တည့်တည့် ပြေးသွားသည် ။
ချင်ယွင်က ပေါ့ပါးသွက်လက်သည့် တတိယအကြီးအကဲကို ဆူဖြိုးသော ဝက်တစ်ကောင် အလား ကြည့်လိုက်ရင်း သူ၏မျက်လုံးများတွင် အပြုံးရိပ်သမ်းနေသည်.
“ဖျန်း..”
ချင်ယွင်သည် လျှပ်စီးလက်သကဲ့သို့ တိုက်ခိုက်လိုက်ပြီး ဆူးဖြိုးသောဝက် မျက်နှာကို တိုက်ရိုက် ပါးရိုက်လိုက်လေသည်။ ဖက်တီးဝက်၏ ခန္ဓာကိုယ်တစ်ကိုယ်လုံးသည် ချက်ချင်း လွင့်ထွက်သွားပြီး၊ မရပ်တန့်နိုင်ခင် ၎င်း၏လုံးဝိုင်းသော ခန္ဓာကိုယ်တစ်ခုလုံး သည် မြေပြင်ပေါ်တွင် လှိမ့်သွားခဲ့သည်။
"ကြည့်ရတာ လစ်ရမယ့်လူက ငါ မဟုတ်ဘူး။ မင်းဖြစ်နေပုံပဲ”။ ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည်။ သူက ဖက်တီးဝက်ကို အပျော်သဘောဖြင့် ကြည့်နေလေသည်။
ခန်းမထဲမှ တခြားသူတွေလည်း ချင်ယွင်ကို တစ်ယောက်ပြီး တစ်ယောက် ကြည့်လာကြ ပြီး၊ သူတို့၏ မျက်လုံးတွေက အလွန်မင်း လေးနက်လာခဲ့သည်။ ဤအခိုက်အတန့်တွင်, သူတို့ရှေ့မှ ဤလူငယ်သည် မရိုးရှင်းဘူးဟု သူတို့လည်း သဘောပေါက်သွားပါပြီ။ အစောပိုင်းက တိုက်ခိုက်မူတွေအရ, သူက အလွန်သန်မာပုံရသည်ကို သူတို့ ပြောနိုင်ပါသည်။
"မင်းက ဘယ်သူလဲ?။ မင်း ဘာလိုချင်လို့လဲ?။ ဖန်းထျန်းချီက မေးသည်။
ချင်ယွင်က ပြုံးပြီး ဖန်းထျန်းချီကို ကျီစယ်လိုသော အမူအရာဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူက “ငါ လုပ်ချင်တာကတော့ မင်းတို့ကို ငရဲပြည် ပို့ချင်တာပဲ။” စကားလုံး အနည်းငယ်ကို အေးစက်စွာ ပြောလိုက်ပါသည်။
ထိုစကားကို ပြောပြီးနောက် ချင်ယွင်က ရက်စက်သော အပြုံးကို ထပ်မံ ထုတ်ဖော်လိုက် သည်။ အဆုံးမရှိ သတ်ဖြတ်လိုသည့်ဆန္ဒက သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ခန်းမတစ်ခုလုံး ချက်ချင်း ပြည့်လျှံသွားခဲ့သည်။