အခန်း ၉၄၂
Vol. 63 Ch. 942
အခန်း (၉၄၂) ဖန်းထျန်းချီ၏ အကြောက်တရား။
ခန်းမတစ်ခုလုံးရှိ လေထုသည် ချက်ချင်းပင် အေးခဲသွားပြီး ပတ်ဝန်းကျင် အပူချိန်သည် လွန်ကဲစွာ ကျဆင်းသွားပုံရသည်။
ဖန်းထျန်းချီသည် ချင်ယွင်ကို စူးစူးစိုက်စိုက်စိုက် ကြည့်နေရင်း သူ၏မျက်လုံးများသည် မျဉ်းကြောင်းတစ်ခုဖြစ်သည်အထိ ကျဉ်းမြောင်းသွားခဲ့သည်။ သူသည် ဖန်းကလန်၏ ခေါင်းဆောင်ဖြစ်ပြီး၊ သူ၏စွမ်းအားသည် တော်ဝင်တာအိုနယ်ပယ်၏ ကြီးမားသော ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေခဲ့ပြီ။ တခြားသူတွေရှေ့မှာ သူ့ကို ငရဲကိုပို့မည်ဟု ပြောဆိုခြင်းသည် အမှန်တကယ် အရှက်ခွဲမှုတစ်ခုပင် ဖြစ်သည်။
သို့သော်, သူသည် ထိုလူ၏ ခွန်အားကို မကျော်ဖြတ်နိုင်မှာ အလွန်မင်း ကြောက်ရွှံ့နေမိ သည်။ ထို့ကြောင့်, သူသည် အလွယ်တကူ မလှုပ်ရှားဝံ့ပါဘူး။ တတိယအကြီးအကဲကို လက်ဖဝါးတစ်ဖက်တည်းဖြင့် ရိုက်နှက်နိုင်စွမ်း ရှိနေခြင်းကြောင့်, ထိုလူ၏ခွန်အားသည် အလွန်မင်း ထူးခြားနေရလိမ့်မည်။ သူကိုယ်တိုင် ထိုကဲ့သို့ လုပ်ဆောင်နိုင်သော်လည်း သူ၏ ရှေ့မှ လူငယ်လောက် သေချာပေါက် အလွယ်တကူ မလုပ်ဆောင်နိုင်ပါဘူး။
ထို့အပြင် ထိုလူငယ်၏နောက်တွင် အမျိုးသမီးတစ်ဦး ရပ်တည်နေပါသည်။ ထိုအမျိုးသမီး က သူ့ကို ပြင်းထန်သော ဖိအားတစ်ခု ပေးနေခဲ့သည်။ ထိုအမျိုးသမီး၏ ကျင့်ကြံမူ အခြေခံသည် သူ့ထက်သာလွန်ကြောင်း သူ သေချာသည်။
"အခုလို ကူညီမယ့်တွေ ရန်ကလန်ကို ဘယ်တုန်းက ရောက်လာတာလဲ?။” ဖန်းထျန်းချီ သည် သူ၏စိတ်ထဲတွင် သူ့ကိုယ်သူ ရေရွတ်ရင်း သူ၏မျက်ခုံးများက "Chuan" ဟူသော စကားလုံးအဖြစ်သည်အထိ တွန့်သွားခဲ့သည်။
“အား…..ငါ မင်းကို သတ်မယ်”။
ထိုအခိုက်တွင်၊ ဖက်တီးဝက်သည် မြေပြင်မှထလာကာ ချင်ယွင်အား နီမြန်းသော မျက်လုံးများဖြင့် စိုက်ကြည့်နေလေသည်။ ဟိန်းဟောက်သံထွက်လာပြီးနောက်, သူသည် ချင်ယွင်ဆီသို့ ထပ်မံ ပျံသန်းသွားပြန်သည်။ (ဤနေရာ၌ ဖက်တီးဝက်ဟူသည် တတိယအကြီးအကဲကို တင်စားခေါ်ခြင်း ဖြစ်ပါသည်)။
သူသည် ဂုဏ်သရေရှိ တော်ဝင်တာအိုနယ်ပယ်၏ သတ္တမအဆင့်ရှိ အင်မော်တယ်ဘုရင် တစ်ပါးဖြစ်ပြီး၊ လွင့်ပျံသွားသည်အထိ ပါးရိုက်ခံခဲ့ရသည်။ ထိုသို့သော အရှက်ကွဲမှုကို သူ မည်သို့ ခံနိုင်ရည်ရှိမည်နည်း။
ထို့ကြောင့်, သူသည် ဧရာမပုဆိန်ကြီးနှစ်ချောင်းကို ဆင့်ခေါ်လိုက်ပြီး၊ ဟာရီကိန်းမုန်တိုင်း ကဲ့သို့ ချင်ယွင်ဆီသို့ ခုတ်ပိုင်းလိုက်သည်။
ပုဆိန်ကြီးများသည် အကန့်အသတ်မဲ့ သတ်ဖြတ်လိုသည့်ဆန္ဒများကို သယ်ဆောင်လာပြီး၊ ထက်ရှသော ပုဆိန်အသွားကို အနီရောင်အလင်းအလွှာဖြင့် လွှမ်းခြုံထားကာ၊ ယင်းကပင် ဧရာမပုဆိန်၏ အငွေ့အသက်ကို ပို၍ ပြင်းထန်စေသည်။
ချင်ယွင်သည် ဟာရီကိန်းမုန်တိုင်းကဲ့သို့ သူ့ဆီသို့ ဖြတ်သန်းလာနေသည့် ဧရာမ ပုဆိန်ကြီးများကို ကြည့်ပြီး သူ၏မျက်လုံးများက အပြုံးရိပ်မပျက် ပေါ်လာသည်။
ချွင်…။
ချင်ယွင်က သူ၏လက်မောင်းနှစ်ဖက်ကို ကြက်ခြေခတ်ပုံစံ ပြုလုပ်လိုက်သည်။ ဧရာမ ပုဆိန်ကြီး နှစ်ချောင်းသည် ချင်ယွင်၏ လက်မောင်းပေါ်သို့ ပြင်းထန်စွာ ခုတ်ပိုင်းလာသည်။ သို့သော်, မြင်ကွင်းက လက်မောင်းပြတ်သွားသည့် မြင်ကွင်းမျိုး မတွေ့ရပေ။ ပုဆိန်ကြီးများ သည် ချင်ယွင်၏လက်နှင့် အပြင်းအထန် တိုက်မိပြီးနောက်, ပုဆိန်ကြီးများသည် အနှိုင်းမဲ့ မာကျောသော နတ်ဘုရားသံမဏိတစ်ခုကို လှီးဖြတ်လိုက်သကဲ့သို့ သန့်စင်သော သံမဏိ အသံပင် ထွက်ပေါ်လာသည်။
“ဘာလဲ…”။ ထိုမြင်ကွင်းကို မြင်လိုက်တော့ ဘေးကနေကြည့်နေသည့် မုတ်ဆိတ်ရှည်နှင့် ဒုတိယအကြီးအကဲသည် ချက်ချင်းဆိုသလို တုန်လှုပ်ခြောက်ခြားသွားသည့် အမူအရာ ပေါ်လာပါသည်။ သူ၏ပုံစံက တစ္ဆေသရဲတစ်ကောင်ကို မြင်လိုက်ရသလိုပင်။
သူတင်မကဘဲ၊ ရောက်ရှိနေသူ လူအားလုံးလည်း နှိုင်းစာ၍မရအောင် ထိတ်လန့် တုန်လှုပ်သွားသည့် အမူအရာများ ဖြစ်ပေါ်လာကြသည်။ ရှရှန်းယု၏ လှပသော မျက်လုံးများသည်ပင် အံ့အားသင့်သွားဟန် အရိပ်အယောင် ပေါ်လွင်နေသည်။
သူ၏ခန္ဓာကိုယ်သည် တုဖက်ကင်းပြီး သူ၏ ဗာဂျရာခန္ဓာကိုယ်သည် မနိမ့်ကျလှပေ။
ခန္ဓာကိုယ်ကို ဤမျှလောက် အတိုင်းအတာအထိ ကျင့်ကြံနိုင်စွမ်းရှိသူများသည် အင်မော်တယ်ကမ္ဘာ တစ်ခုလုံးမှာပင် အလွန်မင်း ရှားပါးပါသည်။
မြင့်မားသော စင်မြင့်ပေါ်တွင် ထိုင်နေသော ဖန်းထျန်းရှီသည် သူ၏နှလုံးသားထဲတွင် ပြင်းထန်သော ကြောက်ရွံ့မှုတစ်ခုကို ခံစားလိုက်ရသည်။ ထိုကဲ့သို့သော မွန်းစတား ပညာရှင်မျိုးသည် ရန်ကလန်တွင် မည်သည့်အချိန်က ထွက်ပေါ်လာသည်ကို သူ နားမလည်တော့ပါ။
ဟုတ်ပါသည်။ အတုန်လှုပ်ဆုံး လူကတော့ တတိယအကြီးအကဲဖြစ်သည့် ဖက်တီးဝက်ပင် ဖြစ်ပါသည်။ မူလကတည်းက မျဉ်းတစ်ကြောင်းသာသာ ကျန်တော့သည့် သူ၏ မျက်လုံးတွေက ချင်ယွင်ကို မွန်းစတားတစ်ကောင်ကို ကြည့်နေသလိုမျိုး စိုက်ကြည့် နေပါသည်။ (ဤနေရာ၌ ဝလွန်းသည့်အတွက် မျက်လုံးပေါက် ကောင်းကောင်း မပေါ်ဘဲ သေးငယ်သော မျဉ်းကြောင်းသာသာ ဖြစ်သည်အထိ မျက်လုံးများ မှေးကျဉ်းနေ သည်ကို ရည်ရွယ်ခြင်း ဖြစ်ဟန်တူပါသည်)။
သူ၏ ဧရာမပုဆိန်ကြီးနှစ်ချောင်းသည် ကောင်းကင်ကို ကွဲကြေစေပြီး ကမ္ဘာမြေကြီးကို ထက်ခြမ်းကွဲစေလောက်အောင် ထက်ရှသော အဆင့်မြင့်အဆင့် အင်မော်ယ်ပစ္စည်းများ ဖြစ်ပါသည်။ သို့သော် ၎င်းပုဆိန်ကြီးများသည် သူ၏ရှေ့မှ လူငယ်၏ အရေပြားကိုပင် ဖြတ်မသွားနိုင်ပေ။
ထိုမျှတင်မက၊ ပုဆိန်ကနေ ထွက်လာပေါ်လာသည့် ပြင်းထန်သော တန်ပြန် တုံ့ပြန်မှုကို လည်း သူကိုယ်တိုင်ပင် ခံစားနိုင်ပါသည်။ ထိုတန်ပြန်တုံ့ပြန်မှုက သူ၏လက်မောင်းကို ပြင်းထန်စွာ ထုံကျင်သွားစေသည်။
“နောက်ဆုတ်..” တတိယအကြီးအကဲ ဖက်တီးဝက်က စကားတစ်ခွန်းကို ချက်ချင်း တွေးလိုက်မိသည်။ သူ၏ရှေ့မှ ဤလူငယ်သည် သူ ဆန့်ကျင်တိုက်ခိုက်နိုင်သည့် တည်ရှိမှု မျိုး မဟုတ်ဘူးဆိုသည်ကို သူ လေးလေးနက်နက် သဘောပေါက်သွားပါပြီ။
သို့သော် ဤအခိုက်တွင် လူငယ်၏ နှုတ်ခမ်းထောင့်စွန်းမှ အနည်းငယ် တွန့်ကွေးသွားပြီး မထင်မရှား အပြုံးကို မြင်လိုက်ရ၏။ သူ၏စိတ်က ချက်ချင်း တုန်လှုပ်သွားပြီး ဦးရေပြားက ပြင်းထန်စွာ ထုံကျင်သွားပါသည်။
"အခုမှ ထွက်သွားမယ်ဆိုတော့ သိပ်ကို နောက်ကျသွားခဲ့ပြီ။
အေးစက်စက် ရယ်မောသံက တတိယအကြီးအကဲ ဖက်တီးဝက်၏ နားထဲတွင် ပေါက်ကွဲ ဝင်ရောက်သွားသည်။ ထို့နောက် တတိယအကြီးအကဲ ဖက်တီးဝက်သည် သူ၏ မျက်လုံးများဆီသို့ ဖြတ်သန်းလာသော ခြေထောက်အရိပ်ကို မြင်လိုက်ရပြီး ဖိနပ်ပါ ခြေဘဝါးတစ်ဖက်က သူ၏မျက်နှာပြင်ပေါ် ပြင်းထန်စွာ ရိုက်ခတ်သွားလေသည်။
ဖိနပ်ခြေဖဝါးမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် စွမ်းအားက ယခင် လက်ဖဝါးထက် အဆများစွာ ပိုကြောက်စရာကောင်းသည်။ သူ၏မျက်နှာပေါ်မှ အသားတွေက ရုတ်တရက် မြုပ်ဝင်သွားခဲ့ပြီး၊ သူ၏ဦးခေါင်းခွံတောင် ချက်ချင်း ကွဲသွားပါသည်။
သူ၏သွားတွေ လွှင့်ပျံသွားပြီး သွေးတွေက လွင့်စင်သွားကာ၊ သူ၏ဝဖြိုးသော ခန္ဓာကိုယ်ကို လည်း လွှင့်ထွက်သွားတော့မည်။
သို့သော် ကိစ္စက ထိုမျှတင်မပြီးခဲ့ပေ။ သူလွှင့်မထွက်ခင်မှာ နောက်ထပ် ခြေဖဝါး တစ်ဘက်ဟာ သူ၏မျက်နှာပေါ်မှာ တိတ်တဆိတ် ပေါ်လာပါသည်။
ခြေတစ်လှမ်းဖြင့် ချင်ယွင်သည် ဖက်တီးဝက်ကို ကောင်းကင်မှ အတင်း ဆောင့်နင်းလိုက်ပါ သည်။
“ဘုန်း…”။
ခန်းမတစ်ခုလုံး ပြင်းထန်စွာ တုန်ခါပြီး ပြိုကျသွားသည်။ စံအိမ်ကြီး၏ ထက်ဝက်ကျော် သည် ချက်ချင်းပင် အပျက်အစီး ဖြစ်သွားသည်။
သနားစရာကောင်းသော တတိယအကြီးအကဲ ဖက်တီးဝက်သည် ချင်ယွင်၏ခြေထောက် ဖြင့် ဆောင့်နင်းခံရခြင်းကြောင့် သေဆုံးသွားခဲ့သည်။ သူသည် သနားစရာကောင်းစဖွယ် အော်ဟစ်သံကိုပင် မထုတ်ဖော်နိုင်ဘဲ သူ၏အသက်က ဆုံးရှုံးသွားပါသည်။
ရန်ဘိုင်လင်းသည် လုံးဝ အံ့အားသင့်သွားသည်။ သူသည် နှစ်ပေါင်း ၁၀၀၀၀ နီးပါး ရှင်သန် နေထိုင်လာခဲ့ပြီး လူများကို သတ်ဖြတ်ရန်အတွက် ဤကဲ့သို့ ကြီးစိုးနိုင်စွမ်းရှိသော နည်းလမ်းမျိုးကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။ ထို့အပြင်၊ အသတ်ခံရသူ အားလုံးသည် သူကဲ့သို့ပင် တော်ဝင်တာအိုနယ်ပယ်၏ သတ္တမအဆင့်ရှိ အင်မော်တယ် ဘုရင်များ ဖြစ်ကြပါသည်။
ချင်ယွင်၏ လွှမ်းမိုးနိုင်စွမ်းရှိသော ကိုယ်ဟန်အနေအထားက သူဖြစ်ပေါ်နေသော ထိတ်လန့်မှုနှင့်အတူ သူ၏နှလုံးသားကို နက်နက်ရှိုင်းရှိုင်း စွဲထင်သွားစေခဲ့ပြီး၊ ယင်းကြောင့်, သူ၏စိတ်ခံစားချက်သည် ပျော်ရွှင်ခြင်း စိတ်လှုပ်ရှားခြင်း နှစ်မျိုးစလုံး ဖြစ်ပေါ်လာရသည်။
တစ်ချို့လူတွေက စိတ်လှုပ်ရှားနေကြပြီး၊ တချို့ကတော့ ကြောက်ရွှံ့နေကြပါသည်။
ဤအခိုက်အတန့်တွင်၊ ဖန်းထျန်းချီနှင့် မုတ်ဆိတ်ရှည် ဒုတိယအကြီးအကဲတို့ နှစ်ဦးစလုံး သည် ချင်ယွင်၏ လွှမ်းမိုးမှုအငွေ့အသက်ကြောင့် ထိတ်လန့်သွားကြပြီး ချင်ယွင်ကို ကြည့်သည့် သူတို့အကြည့်တွေကလည်း ထိတ်လန့်နေကြသည်။
သေသည်အထိ တိုက်ပွဲဝင်နိုင်ဆဲဖြစ်သည်ဟု မူလက ထင်နေခဲ့သော ဖန်းထျန်းချီသည် တိုက်ခိုက်လိုသည့် စိတ်ဓာတ်အားလုံး ဆုံးရှုံးခဲ့သည်။ သူ၏ရှေ့မှ ဤလူငယ်သည် သူထင်ထားသည်ထက် ပို၍ အစွမ်းထက်သည်။
“စီနီယာ၊…. စီနီယာ… တကယ်လို့, စီနီယာမှာ ပြောစရာတစ်ခုခုရှိတယ်ရင်,၊ စီနီယာကို ပြစ်မှားမိတဲ့အတွက် ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ”။ မုတ်ဆိတ်ရှည်နှင့် ဒုတိယအကြီးအကဲက မျက်လုံးများကို လှိမ့်ပတ်ကစားရင်း လေးလေးစားစား ပြောလိုက်ပါ သည်။ သို့သော် သူ ခေါင်းငုံ့လိုက်သည့် အခိုက်တွင် ကောက်ကျစ်စဉ်းလဲသော အပြုံးတစ်ခုက သူ့မျက်လုံးများ၏ နက်ရှိုင်းသောအရပ်တွင် ထွက်ပေါ်လာပါသည်။
ချင်ယွင်၏ အင်မော်တယ်စိတ် အာရုံသည် မည်မျှ အားကောင်းလိုက်သနည်း?။ သူသည် မုတ်ဆိတ်ရှည်နှင့် ဒုတိယအကြီးအကဲ၏ အပြုအမူလေးတွေကို သတိထားမိသည်မှာ ကြာလှပါပြီ။ ဤအခိုက်အတန့်တွင် သူ၏မျက်လုံးထဲတွင်ဖြစ်ပေါ်နေသည့် သစ္စာမဲ့သည့် အရာမူမှတဆင့် သူတွေးနေသည့်အရာကို ပြောပြနိုင်ပါသည်။
အချိန်က တခဏအတွင်း ရပ်တန့်သွားသည်။
မှန်ပါသည်။ မုတ်ဆိတ်ရှည်နှင့် ဒုတိယအကြီးအကဲလည်း အချိန်အတော်ကြာ ရပ်တန့်နေ ခဲ့သည်။ သူသည် ချင်ယွင်နှင့် အခြားသူများ ဝင်ရောက်လာစဉ်ကတည်းက သူ သန့်စင်ထား သည့် လျှို့ဝှက်ဆန်းကြယ်သော အရိပ်မဲ့နတ်ဘုရားသတ်အဆိပ်မှုန့်ကို ထုတ်လွှတ်ခဲ့ပြီး ဖြစ်သည်
ဤအရိပ်မဲ့နတ်ဘုရားသတ်အဆိပ်မှုန့်သည် အရောင်ကင်းပြီး အနံ့အရသာ မရှိပေ။ သူ၏ အင်မော်တယ်စိတ်အာရုံဖြင့်ပင် ၎င်းကို သိရှိရန် ခဲယဉ်းသည်။ အင်မော်တယ် ဧကရာဇ် အဆင့်အောက်ရှိ မည်သူမဆို ဤဆိပ်ကို ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။ ဤအဆိပ်ဖြင့် အဆိပ်သင့်သွားပါက၊ အချိန်အတိုင်းအတာ တစ်ခုအထိ ၎င်းတို့၏ ကျင့်ကြံမှုအခြေခံနှင့် လှုပ်ရှားသွားလာမှုအားလုံး ဆုံးရှုံးသွားလိမ့်မည်။ သို့သော် ဤအဆိပ်၏ တစ်ခုတည်းသော အားနည်းချက်မှာ အဆိပ် ပျံ့နှံ့ရန်အတွက် အချိန်အတိုင်းအတာတစ်ခု ယူရခြင်းဖြစ်သည်။ ယခုအချိန်တွင် သူသည် ချင်ယွင် အဆိပ်သင့်မည့်အချိန်ကို စောင့်မျှော်နေခြင်း ဖြစ်သည်။
ချင်ယွင်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။ အမှန်တော့၊ သူသည် အိမ်တံခါးဝသို့ ဝင်လိုက်သည်နှင့် လေဟာနယ်တစ်ခုလုံး စိမ့်ဝင်သွားသည့် ပြင်းထန်သော အဆိပ်ကို သူ ခံစားနိုင်သည်။ ထို့ကြောင့်၊ သူသည် ကနဦးစကြဝဠာအတွင်းသို့ အဆိပ်ငွေ့အားလုံးကို စုပ်ယူရန်အတွက် ကနဦးစကြဝဠာ၏ စွမ်းအင်ကို အသုံးပြုပြီး ဖြစ်သည်။ ထိုအဆိပ်က သူ့ကို နည်းနည်းလေးမှ ဒုက္ခမပေးနိုင်ဘူး။
ရှရှန်းယုနှင့် ရန်ဘိုင်လင်းတို့အတွက်မူ ချင်ယွင်က ၎င်းတို့အား ပြင်ဆင်နိုင်ရန်အတွက် အသံထုတ်လွှင့်မှုတစ်ခုကို ပေးပို့ထားပြီးဖြစ်သည်။ ထို့ကြောင့် အဆိပ်သည် သူတို့အထဲမှ တစ်စုံတစ်ယောက်ကိုမှ မထိခိုက်စေခဲ့ပေ။
"စောင့်မနေနဲ့တော့။ မင်းရဲ့အဆိပ်က ငါတို့အတွက် အသုံးမဝင်ဘူး။" ချင်ယွင်က မုတ်ဆိတ်ရှည်နှင့် ဒုတိယအကြီးအကဲအား ပြုံးပြုံးလေးပြောသည် ။
မုတ်ဆိတ်ရှည်နှင့် ဒုတိယအကြီးအကဲ၏ မျက်နှာပေါ်ရှိ အပြုံးသည် ချက်ချင်းပင် တင်းမာသွားပြီး သူ၏မျက်နှာအမူရာက အနှိုင်းမဲ့ ပြာနှမ်းသွားသည်။ သူ၏ရှေ့မှ ဤလူငယ်သည် သူ၏ အရိပ်မဲ့နတ်ဘုရားသတ်အဆိပ်မှုန့်ကို ရှာဖွေတွေ့ရှိလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပါဘူး။
"မင်း... မင်းက ဘယ်လိုမွန်းစတားမျိုးလဲ?" မုတ်ဆိတ်ရှည်နှင့် ဒုတိယအကြီးအကဲက ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်ရင်း ပြင်းထန်သော ကြောက်ရွံ့မှုဖြင့် ပြည့်နှက်နေသည်။
ချင်ယွင်သည် ကူကယ်ရာမဲ့ ပြုံးလိုက်မိသည်။ အမှန်တကယ်တော့ သူ့ကို မွန်းစတာဟု ခေါ်ခံရသော်လည်း၊ မုတ်ဆိတ်ရှည်နှင့် ဒုတိယအကြီးအကဲကို ကြည့်လိုက်ပြီး၊ သူ၏ အကြည့်တွေက သတ်ဖြတ်ချင်စိတ်တွေ ပြည့်နှက်နေခဲ့သည်။
ဤမုတ်ဆိတ်ရှည်နှင့် ဒုတိယအကြီးအကဲသည် သေချာပေါက် လူကောင်းတစ်ယောက် မဟုတ်ပေ။ သူသည် တတိယအကြီးအကဲ ဖက်တီးဝက်နှင့် အတူတူပင်လျှင် ဖြစ်သည်။ သူလည်း သေရပေလိမ့်မည်။
ဘန်း…။
ချင်ယွင်က သူ၏လက်ကို ဓားအဖြစ် အသုံးပြုကာ လက်တစ်ဖက်ဖြင့် ခုတ်ပိုင်းလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းသည် တခဏအတွင်း ဖြတ်ကျော်သွား သည်။ မုတ်ဆိတ်ရှည်နှင့် ဒုတိယအကြီးအကဲသည် နှစ်ခြမ်းမကွဲမီ စိတ်ဆင်းရဲစွာ အော်ဟစ်ရန်ပင် အချိန်မရခဲ့ပေ။
ထိုမြင်ကွင်းကိုမြင်တော့ ဖန်းထျန်းချီ၏ ခြေထောက်တွေက မတုန်လှုပ်ဘဲ မနေနိုင်တော့ပါချေ။