← Chapters

အခန်း ၉၄၃

Vol. 63 Ch. 943

အခန်း ၉၄၃

Vol. 63 Ch. 943

အခန်း (၉၄၃) ထျန်းရွှေ့နန်းတော် (ကောင်းကင်ရေနန်းတော်)။

"တကယ်ကို တော်ဝင်တာအိုဉပဒေသက ပြီးပြည့်စုံနေခဲ့ပြီ။ ဒါပေမယ့် သူ့ရဲ့ တော်ဝင် တာအို ဥပဒေတွေက ဘာတွေလဲဆိုတာ ငါ ဘယ်လိုလုပ် မမြင်နိုင်ရတာလဲ?။” ဖန်းထျန်းချီက ကြောက်ရွံ့စိတ်ဖြင့် ပြောလိုက်သည်။

အစောပိုင်းက ဤလူငယ်လေး ခုတ်ပိုင်းလိုက်သည့် လက်ဓားချက်ထဲမှာ အစွမ်းထက်သည့် ဥပဒေသစွမ်းအင်အတက်အကျလှိုင်းတွေ ပါဝင်နေပါသည် ထိုဥပဒေသ စွမ်းအင် အတက်အကျလှိုင်းများသည် တော်ဝင်တာအိုနယ်ပယ်၏ ပြီးပြည့်စုံခြင်းအဆင့်တွင်သာ ပေါ်ပေါက်လာနိုင်သည့် အရာဖြစ်သည်မှာ ထင်ရှားပါသည်။

၎င်းသည် သာမန် တော်ဝင်တာအိုနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်ထက်ပင် ပိုမို အားကောင်းသော်လည်း၊ ဤလူငယ်အသုံးပြုနေသည့် တော်ဝင်တာအိုဉပဒေသကို သူ မြင်နိုင်စွမ်းမရှိခဲ့ပါ။

၎င်းဉပဒေသသည် ရှေးဟောင်း ဖရိုဖရဲ တော်ဝင်တာအိုဉပဒေသကဲ့သို့ အနံ့အသက်မျိုး ရှိနေသော်လည်း၊ ၎င်းသည် ရှေးဟောင်း ဖရိုဖရဲ တော်ဝင်တာအိုဉပဒေသထက် အများကြီး ပြင်းထန်နေပါသည်။

ထို့အပြင်၊ သူသည် အကယ်၍၊ စွမ်းအားရှိသမျှကို အကုန်အသုံးပြုလျှင်ပင်၊ ယခုလေးတင် သူ၏ရှေ့မှလူငယ် အသုံးပြုခဲ့သော လက်ဖဝါးဓား၏ စွမ်းအားကို ယှဉ်နိုင်မည် မဟုတ်ကြောင်း သူ သေချာနေပါသည်။

အစောပိုင်းက ဆေဘာတိုက်ခိုက်မူ၏ စွမ်းအားက ကြောက်စရာကောင်းလွန်းပါသည်။ ၎င်းသည် သာမန် တော်ဝင်တာအို ဉပဒေသ ကျွမ်းကျင်သူများ၏ တိုက်ခိုက်မူကို ကျော်လွန်နေခဲ့ပြီး ပြိုင်ဘက်သည် လက်ဖဝါးဓားကိုသာ အသုံးပြုထားသည်။ ထိုကဲ့သို့ ခွန်အားမျိုးသည် သူဆန့်ကျင်နိုင်သည့် အရာမဟုတ်သည်မှာ သေချာပါသည်။

“ပြိုင်ဘက်ကင်း အင်မော်တယ်ဘုရင်.....။ သူက သေချာပေါက် ပြိုင်ဘက်ကင်း အင်မော်တယ်ဘုရင်ပဲ”။ ဤစကားက ဖန်းထျန်းချီ၏ စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာပြီး၊ ချင်ယွင်ကို ကြည့်လိုက်စဉ် သူ၏အမူအရာက အနှိုင်းမဲ့ ကြောက်ရွှံ့ ထိတ်လန့်သွားပါသည်။

အင်မော်တယ်ဘုရင်များကို တော်ဝင်တာအိုနယ်ပယ်ဖြင့် အဆင့် ၁၂ အဆင့် ပိုင်းခြားထား ပြီး၊ တော်ဝင်တာအိုနယ်ပယ်၏ အဆင့် ၁၂ ထက်တွင် အခြားအဆင့်တစ်ခု ရှိနေပါသေး သည်။

ပုံမှန်အားဖြင့်၊ တော်ဝင်တာအိုနယ်ပယ်၏ ပြီးပြည့်စုံခြင်းအဆင့်သည် အင်မော်တယ်ဘုရင် တစ်ယောက်၏ အမြင့်ဆုံးအဆင့် ဖြစ်သည်ဟု လူအများက ထင်ခဲ့ကြသော်လည်း၊ ၎င်းမှာ အမှန်တကယ် မှားယွင်းနေပါသည်။

တော်ဝင်တာအို ဉပဒေသတစ်ခု၏ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိခြင်းသည် တော်ဝင် တာအိုနယ်ပယ်၏ ပြီးပြည့်စုံအဆင်သို့ ဖြစ်ရှိခြင်းဖြစ်သလို၊ တော်ဝင်တာအို ဉပဒေသ နှစ်ခု၏ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိခြင်းကိုလည်း တော်ဝင်တာအိုနယ်ပယ်၏ ပြီးပြည့်စုံခြင်းအဆင့်ဟု ခေါ်ဝေါ်ခြင်းကြောင့် ဖြစ်ပါသည်။ တော်ဝင်တာအို ဉပဒေသ နှစ်ခု၏ ပြီးပြည့်စုံခြင်းအဆင့်ကို နားလည်နိုင်သော အင်မော်တယ်ဘုရင်များသည် တော်ဝင်တာအို ဉပဒေသတစ်ခုကို နားလည်ထားသူ အင်မော်တယ်ဘုရင်များထက် သေချာပေါက် အများကြီး သန်မာပါလိမ့်မည်။ (ဤနေရာတွင် အနည်းငယ် ပြန်ဆိုရခက် သော်လည်း ဆိုလိုရင်းမှာ ဉပဒေသတစ်ခုကို နားလည်သည်ဖြစ်စေ၊ နှစ်ခုကို နားလည်သည် ဖြစ်စေ ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိနေပြီဟု ဆိုလိုပြီး၊ ထိုလူနှစ်ယောက်ကြား စွမ်းအားကွားခြားချက်ကတော့ အရမ်းကို ကြီးမားနေပါလိမ့်မည်ဟူ…)

တော်ဝင်တာအို ဉပဒေသနှစ်ခုကို နားလည်သော အင်မော်တယ်ဘုရင်တစ်ပါးသည် တော်ဝင်တာအိုဉပဒေသ နှစ်ခုကိုပေါင်းစပ်ပြီး အသစ်တစ်ခုကို ဖန်တီးနိုင်ပါသည်။ ထို့အပြင်၊ ပေါင်းစပ်ရာမှ ပေါက်ကွဲထွက်လာသော စွမ်းအားသည် အလွန်မင်း ကြောက်စရာ ကောင်းပါသည်။ ၎င်းစွမ်းအားသည် တခါတရံမှာ ကောင်းကင်တာအိုနှင့်ပင် ယှဉ်နိုင်ပါသည်။ ထို့ကြောင့်၊ အင်မော်တယ်ဘုရင်များကြားတွင် ပြိုင်ဘက်ကင်း အင်မော်တယ်ဘုရင်ဆိုသည့် အထူးဘွဲ့တစ်ခု ရှိနေခြင်းဖြစ်ပါသည်။

ပြိုင်ဘက်ကင်း အင်မော်တယ်ဘုရင်များသည် တော်ဝင်တာအိုဉပဒေသ နှစ်ခု သို့မဟုတ် ထို့ထက်ပို၍ နားလည်နိုင်သော အင်မော်တယ်ဘုရင်များ ဖြစ်ကြပါသည်။ ပြိုင်ဘက်ကင်း အင်မော်တယ်ဘုရင်များ၏ ခွန်အားသည် အနည်းဆုံး ကောင်းကင်တာအိုနယ်ပယ်၏ ပထမအဆင့် အင်မော်တယ်ဧကရာဇ်များနှင့် နှိုင်းယှဉ်နိုင်ပြီး အချို့ဆိုလျှင်၊ ဒုတိယအဆင့် အင်မော်တယ်ဧကရာဇ်များ သို့မဟုတ် တတိယအဆင့် အင်မော်တယ် ဧကရာဇ်များဖြင့်ပင် နှိုင်းယှဉ်နိုင်ပါသည်။

ဟုတ်ပါသည်၊ ပြိုင်ဘက်ကင်း အင်မော်တယ်ဘုရင်တစ်ပါးဆိုသည်မှာ သန်မာလွန်းသည် ဟုသာ ဆိုလိုရင်းမဟုတ်ဘဲ၊ ၎င်းသည် အနာဂတ်တွင် အလားလာကောင်းများကို ပိုင်ဆိုင် နိုင်မည်ဟုလည်း ဆိုလိုခြင်း ဖြစ်ပါသည်။

ဖန်းထျန်းချီသည် ပြိုင်ဘက်ကင်း အင်မော်တယ်ဘုရင်တစ်ယောက်ကို ရန်စမိမည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပါ။ ဤအရာက သူ့ကို လုံးဝ စိတ်ပျက်အားငယ်သွားစေပြီး သူ၏စိတ်ထဲမှာ ထွက်ပြေးရန် စိတ်ကူးပင် မရှိတော့ပါဘူး။

ချင်ယွင်သည် မြေပြင်ပေါ်သို့ ပြိုလဲကျသွားသော ဖန်းထျန်းချီကို ကြည့်ရင်း၊ သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။

ဝှီး…။

ချင်ယွင်၏ရုပ်အသွင်သည် ဖန်းထျန်းချီ၏ရှေ့တွင် တစ္ဆေသရဲကဲ့သို့ ပေါ်လာသည်။ သူသည် သူ၏ခြေဖဝါးတစ်ဖက်ကို ဖန်းထျန်းချီ၏ ပခုံးပေါ်တွင် တင်ထားပြီး ငြိမ်သက်စွာ ရပ်နေလိုက်သည်။ သူသည် သူ၏ခန္ဓာကိုယ်ကို အနည်းငယ် ကွေးညွှတ်ပြီး (ကုန်းပြီး) ဖန်းထျန်းချီကို တိတ်တဆိတ် ကြည့်နေသည်။

ဖန်းထျန်းချီသည် အလွန်မင်း ထိတ်လန့်သွားသည်။ ချင်ယွင်က တတိယအကြီးအကဲ ဖက်တီးဝက်ကို နင်းသတ်လိုက်သည့် မြင်ကွင်းကို အတွေးရောက်သွားစဉ်, သူ၏ပခုံးပေါ်ရှိ ခြေထောက်ကို ကြည့်လိုက်ရင်း သူ၏နှလုံးသားက ခုန်ထွက်လုမတတ် ဖြစ်နေပါပြီ။ သူသည် တတိယအကြီးအကဲ ဖက်တီးဝက်လို သနားစဖွယ် သေခြင်းမျိုးဖြင့် မသေချင်ပါ ဘူး။

"စီနီယာ၊ ကျွန်တော့်ကို သနားပါ”။ ဖန်းထျန်းချီက သနားညှာတာပေးရန် အလျင်စလို တောင်းဆိုလိုက်ပြီး၊ သူ၏မျက်လုံးတွေက စိုးရိမ်ပူပန်မှုတွေနှင့် ပြည့်နှက်နေပါသည်။

သူသည် အမှန်တကယ်ပင် ကြောက်လန့်နေခဲ့ပြီး၊ ခုခံရန် လုံးဝ မဝံ့ရဲခဲ့ပေ။

အဝေးမှ ရန်ဘိုင်လင်းသည် ဤမြင်ကွင်းကို စိတ်လှုပ်ရှား ပျော်ရွှင်စွာဖြင့် ကြည့်နေသည်။ ထိုအချိန်တုန်းက ဖန်းထျန်းချီသည် ဝိညာဉ်ကျောက်စိမ်းဂိုဏ်းမှာ သူ့ကို မထီမဲ့မြင်ပြုကာ ကြည့်ရှုခဲ့သည်။ ယခု သူသည် ဖန်းထျန်းချီ၏ ထိတ်လန့်သော အမူအရာကို မြင်လိုက်ရ လျှင်, သူ၏ရင်တွင်း၌ ဝမ်းသာပီတိ ဖြစ်နေမိသည် ။

ဟုတ်ပါသည်၊ ချင်ယွင်၏မျက်လုံးထဲမှာလည်း နှစ်သက်ကျေနပ်မူအပြည့် ရှိနေပါသည်။ ဤကမ္ဘာကြီးသည် မူလကတည်းက ကျွမ်းကျင်သူများသာ လေးစားခံရသည့် နေရာဖြစ်ပြီး၊ တော်ဝင်တာအိုနယ်ပယ်၏ ပြီးပြည့်စုံသော ကျွမ်းကျင်သူများကိုပင် ၎င်းတို့၏ အသက်အရွယ်မရွေး ခွင့်လွှတ်ပေးပါရန် တောင်းခံရသည့်အထိ ခြိမ်းခြောက်နိုင်သော ကျွမ်းကျင်သူများကို အခြားလူများက လေးစားကြမည်သာ ဖြစ်ပါသည်။

"ပြောစမ်းပါဦး။ မင်းတို့က ရန်မျိုးနွယ်ကို ဘာလို့ အန္တရာယ်ပြုဖို့ ကြံစည်ရတာလဲ?" ချင်ယွင်က ဖန်းထျန်းချီကို မေးလိုက်သည်။

အစောပိုင်းက သူ ဤနေရာသို့ ရောက်လာချိန်မှာ ဖန်းထျန်းချီတို့ ပြောနေသည့် အကြောင်းအရာကို သူ ကြားပြီးပါပြီ။ ဖန်းထျန်းချီနှင့် တခြားလူတွေ ပြောနေသည့် “သခင်”ဆိုသူက ဘယ်သူလဲဆိုသည်ကို သူ အမှန်တကယ် သိချင်နေခဲ့ပါသည်။

ချင်ယွင်၏မေးခွန်းကို ကြားတော့ ဖန်းထျန်းချီ၏မျက်နှာတွင် တုန့်ဆိုင်းမှု အရိပ်အမြွက် ပေါ်လာပါသည်။

"မင်း ပြောပြရင် ပိုကောင်းလိမ့်မယ်။ မဟုတ်ရင်, မင်းလည်း အဲ့ဒီဖက်တီးဝက်လိုမျိုး အဆုံးသတ်ရလိမ့်မယ်" ချင်ယွင်သည် ခပ်ဝေးဝေးတွင် လူသားပုံစံမျိုး မရှိတော့သည့် ဖက်တီးဝက်ကို လက်ညှိုးထိုးပြကာ ရယ်မောလိုက်သည်။

ဖန်းထျန်းချီသည် မသိစိတ်က တတိကြီးအကြီးအကဲ ဖက်တီးဝက်ကို ငုံ့ကြည့်လိုက်ပြီး တံတွေးတစ်ချက် ချက်ချင်း မျိုချလိုက်မိသည်။ သူက ကမန်းကတန်း ပြောသည် "ကျွန်တော့် ပြောပြပါမယ့်။ ကျွန်တော် ပြောပြပါ့မယ်။ ရန်မျိုးနွယ်ရဲ့လက်ထဲက ရတနာကို လိုချင်နေတဲ့လူက သခင်ချီပါ။ အဲဒါကြောင့်လည်း၊ သူက ရန်မျိုးနွယ်ဆီက ရတနာကို သိမ်းယူဖို့ ဒီအစီအစဉ်ကို ရေးဆွဲခိုင်းလိုက်တာပါ။"

"ရတနာလား။ ဘာရတနာလဲ?" ချင်ယွင်က မသိဟန်ဆောင်ကာ မေးလိုက်သည်။

"အဲဒါက ထူးဆန်းတဲ့ ပုံစံတွေနဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အနက်ရောင် ကျောက်တုံး တစ်တုံးပါပဲ”။ ဖန်းထျန်းချီက ကမန်းကတန်း ပြောလိုက်သည်။

"အနက်ရောင် ကျောက်တုံးလား?။ မင်းက ဒါကို ပြောနေတာလား?" ချင်ယွင်၏ လက်ထဲတွင် အနက်ရောင်ကျောက်တုံးတစ်ခု ပေါ်လာပြီး ဖန်းထျန်းချီကို မေးလိုက်သည်။

တစ်ဖက်မှာရှိနေသည့် ရှရှန်းယုနှင့် ရန်ဘိုင်လင််တို့သည် ချင်ယွင်၏လက်ထဲမှ အနက်ရောင်ကျောက်တုံးကို တွေ့လိုက်ကြပြီး၊ သူတို့၏ မျက်နှာတွေက ချက်ချင်းဆိုသလို အံ့အားသင့်သွားကြပါသည်။ အဘယ့်ကြောင့်ဆိုသော် ချင်ယွင်က ထုတ်ပြလိုက်သည့် အနက်ရောင်ကျောက်တုံးသည် ရန်ကလန်ဆီမှ အနက်ရောင်ကျောက်တုံး မဟုတ်သော ကြောင့် ဖြစ်ပါသည်။

"ဟုတ်တယ်၊ ဒီအနက်ရောင် ကျောက်တုံးပါပဲ။ ကျောက်တုံးပေါ်က ပုံစံတွေကလွဲရင် သခင်ချီ ပြသဖူးတဲ့အနက်ရောင်ကျောက်တုံးနဲ့ ဆင်တူပါတယ်။" ဖန်းထျန်းချီက ကမန်းကတန်း ပြောလိုက်သည်။

ချင်ယွင်က အနည်းငယ် မျက်မှောင်ကြုတ်ကာ ဖန်းထျန်းချီကို ကြည့်ရင်း အေးစက်စွာ မေးသည် "သခင်ချီမှာလည်း ဒီလို ကျောက်တုံးတစ်လုံး ကိုင်ထားတယ်လို့ မင်း ပြောလိုက်တာလား?။ ဒီသခင်ချီက ဘယ်သူလဲ?။"

ဖန်းထျန်းချီသည် ပြောရမည်လား?, မပြောရမည်လား? မသိသကဲ့သို့ ချီတုံချတုံ ဖြစ်နေသည့် အမူအရာကို ထုတ်ဖော်လိုက်သည်။

ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် အေးခဲသွားသည်။ ဖန်းထျန်းချီ၏ ပခုံးပေါ်မှ သူ၏ခြေထောက်သည် ချက်ချင်းပင် ခွန်အားတိုးလာခဲ့သည်။ ဖန်းထျန်းချီ၏ ညှပ်ရိုးသည် ချင်ယွင်ကြောင့် ချက်ချင်း ကျိုးသွားသဖြင့် ဖန်းထျန်းချီက နာကျင်စွာ အော်ဟစ်လိုက် သည်။

"မနင်းနဲ့၊ မနင်းပါနဲ့။ ဒီသခင်ချီက ကောင်းကင်ရေနန်းတော်ရဲ့ အင်မော်တယ် ဧကရာဇ်ပါ။ သူ့လက်ထဲမှာ ဒီလို အနက်ရောင်ကျောက်တုံး တစ်တုံး ရှိနေပါတယ်။" ဖန်းထျန်းချီက ကမန်းကတန်း ပြောလိုက်သည်။

“ကောင်းကင်ရေနန်းတော်လား….? မင်းက ကောင်းကင်ရေနန်းတော်ကို ဆိုလိုတာလား?။ ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် သတ်ဖြတ်လိုသည့်ဆန္ဒက ပေါက်ကွဲထွက်လာ ခဲ့သည်။

ဤကောင်းကင်ရေ နန်းတော်သည် ချင်လန်၏မိခင် ဖန်တီးထားသော အင်အားမှ လွဲ၍ အခြားမဟုတ်ပေ။ ထိုအချိန်တုန်း သူသည် သေမျိုးကမ္ဘာသို့ နှင်ထုတ်ခံခဲ့ရသည်။ ထိုကိစ္စမှာ ကောင်းကင်ရေနန်းတော်က အများကြီး ပံ့ပိုးပေးခဲ့သည်။ သူ၏လက်အောက်ရှိ ထိုသစ္စာရှိ လက်အောက်ငယ်သားများ အားလုံးကို ကောင်းကင်ရေနန်းတော်က အမိန့်ပေးခဲ့သော ကြောင့်သာ ချင်လန်၏လူများက သတ်ဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

"ဟမ့်၊ ရန်သူတွေအတွက်တော့ လမ်းတွေက တကယ့်ကို ကျဉ်းမြောင်းတာပဲ”။ သူသည် သခင်ချီဟုခေါ်သော ဤလူကို သိပ်မကြာခင်အချိန်တွင်း သေချာပေါက် သွားတွေ့မည်ဟု သူ၏စိတ်ထဲတွင် ဆုံးဖြတ်ချက်ချလိုက်ပြီး၊ ချင်ယွင်၏ မျက်လုံးများတွင် အေးစက်သော အပြုံးရိပ်တစ်ခု ပေါ်လာသည်။

"ဒါဆို အဲဒီသခင်ချီက ဘယ်မှာလဲ?" ချင်ယွင်က အေးစက်စွာ မေးလိုက်သည်။

"သခင်ချီက အခု ဝိညာဉ်ကျောက်စိမ်းဂိုဏ်းမှာ ရှိနေပါတယ်” ဖန်းထျန်းချီက တုန့်ပြန်ပြော သည်။ ထို့နောက် သူက "ကျွန်တော် ပြောစရာတွေ အကုန်ပြောပြီးပါပြီ။ စီနီယာက ကျွန်တော့်ကို လွှတ်ပေးနိုင်မလား?" ဖန်းထျန်းချီသည် သူ၏မျက်နှာပေါ်တွင် တောင်းပန်သည့် အမူအရာ ရှိနေသည်။

ချင်ယွင်က အေးစက်စွာ ပြုံးလိုက်ပြီး စကားလုံးနှစ်လုံးကို ထုတ်ပြောလိုက်သည် "မလွှတ်ပေးနိုင်ဘူး”။

ဖန်းထျန်းချီ၏ မျက်နှာပေါ်ရှိ အမူအရာသည် ချက်ချင်းပင် ခက်ထန်လာပြီး သူက အော်ပြောလိုက်သည် "ဘာလို့လဲ?။ ငါ့ဖန်းကလန်က မင်းကို ဘယ်တုန်းက စော်ကားဖူးလို့လဲ?။

"ဘာလို့လဲဆိုတော့ ရန်ကျိဖန်းက ငါ့အစ်ကိုမိုလို့ပဲ။" ချင်ယွင်၏ အေးစက်စက် အသံက ထွက်ပေါ်လာသည်။

ဖန်းထျန်းချီ၏ မျက်နှာသည် ချက်ချင်းပင် စိတ်ပျက်အားငယ်သွားသည့် အမူအရာ ပေါ်လွင်လာသည်။ ဟုတ်ပါသည်, ရန်ကျိဖန်းက မည်သူလဲဆိုတာ သူ သိပါသည်။ ၎င်းသည် သူနှင့် သူ့သားတို့ လျှို့ဝှက်စီစဉ်ခဲ့သော အစီအစဉ်၏သားကောင် ဖြစ်ပါသည်။ သို့သော် လည်း ရန်ကျိဖန်းသည် ဤမျှ အစွမ်းထက်သော ညီအစ်ကိုတစ်ယောက် အမှန်တကယ် ရှိနေလိမ့်မည်ဟု သူ ဘယ်သောအခါမှ မမျှော်လင့်ထားခဲ့ပေ။

ဖန်းထျန်းချီ၏ နှလုံးသားထဲတွင် ဝမ်းနည်းပူဆွေးမှု ပြင်းထန်စွာ ထွက်ပေါ်လာသော်လည်း ဤအရာအားလုံးသည် နောက်ကျနေပြီ ဖြစ်ပါသည်။

“ဘုန်း..”။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဖန်းကလန်၏ စံအိမ်ကြီးထဲရှိ နေအိမ်များအားလုံး ချက်ချင်း ပြိုကျကာ အပျက်အစီးများ အဖြစ်သို့ ပြောင်းလဲသွားပါသည်။ ဖန်းကလန်သည် တုံးကျိုးဒေသမှ ဖယ်ရှားခံလိုက်ရပါပြီ။

All Chapters