← Chapters

အခန်း ၉၄၄

Vol. 63 Ch. 944

အခန်း ၉၄၄

Vol. 63 Ch. 944

အခန်း (၉၄၄) ဝိညာဉ်ကျောက်စိမ်းဂိုဏ်း။

ဝိညာဉ်ကျောက်စိမ်းတောင်သည် တုံးကျိုးဒေသရှိ ထင်ရှားသော အင်မော်တယ်တောင် တစ်ခု ဖြစ်သည်။ စိမ်းလန်းစိုပြေသော တောင်တန်းများ၊ မြစ်ရေပြင်များနှင့်အတူ ဝိညာဉ် ကျောက်စိမ်းဂိုဏ်းသည် ဤနေရာတွင် တည်ရှိသည်။

ဤအခိုက်အတန့်တွင်၊ ဝိညာဉ်ကျောက်စိမ်းဂိုဏ်း၏ ခန်းမကျယ်တစ်ခုတွင် လူငယ်နှစ်ဦး သည် တစ်စုံတစ်ခုအကြောင်း ပြောနေပုံရပါသည်။

၎င်းတို့အနက်မှ အောက်ဆုံးခုံတွင် ထိုင်နေသော လူငယ်သည် ဝမ်းနည်းကြေကွဲမူနှင့် ဒေါသထွက်နေသည့် အမူအယာများ ရှိနေပါသည်။ သူ၏မျက်လုံးများသည် ကြီးမားသော ဖြစ်ရပ်ဆိုးကြီးကို ကြုံတွေ့ခဲ့ရသလိုပင် နီမြန်းနေ၏။ အမှန်မှာလည်း၊ သူသည် ဖန်းကလန်၏ ကလန်ခေါင်းဆောင် ဖန်းထျန်းချီ၏သား ဖန်းရှောင်ယန် ဖြစ်ပါသည်။

ယနေ့နံနက်တွင် သူ၏မျိုးနွယ်ထံမှ သတင်းဆိုးကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ မနေ့ည က သူ၏မျိုးနွယ်ကို လျှို့ဝှက်ဆန်းကြယ်သည့် ကျွမ်းကျင်သူတစ်ယောက်က တိုက်ခိုက်ခဲ့ပါ သည်။ သူ၏ဖခင် ဖန်းထျန်းချီ အပါအဝင် ဖန်းမျိုးနွယ်စုတစ်ခုလုံးရှိ အင်မော်တယ်ဘုရင် အဆင့် ကျွမ်းကျင်သူများ အားလုံးသည် သေဆုံးသွားခဲ့သည်။

ထိုမျှတင်မကဘဲ၊ လျှို့ဝှက်ဆန်းကြယ်သော ထိုကျွမ်းကျင်သူသည် သူတို့ဖန်းကလန်၏ စံအိမ်ကြီးကို ဖျက်ဆီးပစ်ခဲ့ပါသည်။ ယခုအခါ ဖန်းကလန်တစ်ခုလုံးသည် လုံးဝ မှေးမှိန် ပျောက်ကွယ်တော့မှာဖြစ်ပြီး၊ အင်မော်တယ်နန်းတော်အတွင်းရှိ အသက်ရှင်နေသူ အားလုံးလည်း ထွက်ခွာသွားကြပြီ ဖြစ်ပါသည်။

ဖန်းရှောင်ယန်သည် သတင်းပေးပို့ခြင်းအဆောင်မှ ပေးပို့လာသည့် သတင်းကို မြင်မြင်ချင်း၊ သူ၏မျက်လုံးများကို သူ မယုံကြည်နိုင် ဖြစ်သွားရသည်။ နောက်ဆုံးတွင်, သူသည် သူ၏ ဖခင်ထံသို့ စာပေါင်းများစွာ ပေးပို့ခဲ့သော်လည်း တုံ့ပြန်မှု တစ်စုံတစ်ရာ မရရှိခဲ့ပေ။ ထိုမှသာ သူ၏ဖန်းကလန်သည် လျှို့ဝှက်ဆန်းကြယ်သော ကျွမ်းကျင်သူတစ်ဦး၏ တိုက်ခိုက် သတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်း အတည်ပြုလိုက်ပါသည်။

အင်မော်တယ်ဘုရင်အဆင့် ကျွမ်းကျင်သူတစ်ဦး မရှိဘဲ၊ သူ၏ ဖန်းကလန်သည် တုံးကျိုးဒေသတွင် ခြေကုပ်ယူရန် အခွင့်အလမ်း မရှိတော့သလို ဖန်းရှောင်ယန်သည်လည်း အထောက်အပံ့များစွာ ဆုံးရှုံးသွားမည် ဖြစ်သည်။ ထို့ကြောင့် သူသည် သူ၏ ဖန်းကလန်ကို ချေမှုန်းပစ်ခဲ့သည့် သူကို မုန်းတီးမိသည်။

“အဖေရဲ့သေဆုံးမူအတွက် ငါ လက်စားချေရမယ်။”

သို့သော်လည်း တော်ဝင်တာအိုနယ်ပယ်၏ အထွတ်အထိပ်အဆင့်ရှိ သူ၏ဖခင်ကို သတ်ဖြတ်ခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သော ကျွမ်းကျင်ပညာရှင်နှင့် တော်ဝင်တာအို နယ်ပယ်၏ စတုတ္ထအဆင့်ရှိ သူ၏ ကျင့်ကြံမှုအဆင့်ကို တွေးကြည့်လိုက်သောအခါတွင်၊ သူသည် တုနှိုင်းမရသည့် ခံစားမှုကို ခံစားခဲ့ရသည်။ ထို့ကြောင့် သူသည် ဝိညာဉ် ကျောက်စိမ်းဂိုဏ်းအကြောင်းကို ချက်ချင်း စဉ်းစားမိခဲ့သည်။ ယခုအချိန်တွင်၊ ဝိညာဉ် ကျောက်စိမ်းဂိုဏ်းကသာ သူ့ကို ကူညီနိုင်မည် ဖြစ်သည်။

ဖန်းရှောင်ယန်သည် ဝိညာဉ်ကျောက်စိမ်းဂိုဏ်း၏ သခင်ငယ်လေး ချိုင်ကော့ကို ချက်ချင်း တွေ့ရှိပြီး သူ့မိသားစု၏ ဖြစ်ပျက်ခဲ့သမျှကို ပြောပြပါသည်။ ဤကိစ္စကို စုံစမ်းစစ်ဆေးပြီး သူ၏မိသားစုကို မည်သူသတ်ခဲလဲဆိုသည်ကို သိရှိနိုင်ရန်အတွက် ဂိုဏ်း၏ ကျွမ်းကျင်သူ တွေကို အကူအညီတောင်းနိုင်ရန် သူ မျှော်လင့်မိပါသည်။

သို့သော်လည်း၊ ချိုင်ကော့သည် သူ၏စကားကို ကြားပြီးနောက်မှာ မည်သည့် အမူအရာမျှ ထုတ်ဖော်ပြသခြင်း မပြုဟု သူ မမျှော်လင့်ခဲ့ပေ။ ယင်းက သူ့ကို စိုးရိမ်စေခဲ့သည်။

"ဂိုဏ်းသခင်လေး၊ သခင်လေး ကျွန်တော့်ကို ကူညီပေးပါ။ လူသတ်သမားကို ရှာတွေ့အောင် ကူညီပေးရမယ်နော်။ အခု ကျွန်တော့်ကို ကူညီပေးနိုင်တဲ့လူက သခင်လေးပဲရှိတော့တယ်" ဖန်းရှောင်ယန်က တောင်းပန်လိုက်သည်။

"ရှောင်ယန်၊ စိတ်မပူပါနဲ့၊ ဒီကိစ္စအတွက် ငါ မင်းကို သေချာပေါက် ကူညီပါ့မယ်။ ဒါပေမယ့် အခုတော့ မဟုတ်သေးဘူး။ ရန်ကလန်က အဲဒီရတနာကို ပေးပြီးတဲ့အခါ၊ ငါ မင်းအတွက် လူသတ်သမားကို ရှာဖွေပြီး မင်းရဲ့ ဖန်းကလန်အတွက် တရားမျှတမှု ပြန်ပေးပါ့မယ်။" ချိုင်ကော့က ပြုံးပြသော်လည်း သူ၏စိတ်ထဲတွင် အထင်အမြင်သေးမှုများနှင့် ပြည့်နေပါ သည်။

ဖန်းရှောင်ယန်နှင့် သူ အရမ်းရင်းနှီးရသည့် အကြောင်းရင်းက ဖန်းရှောင်ယန်၏ နောက်ကွယ်မှ ဖန်းကလန်သည် အသုံးဝင်သေးသည်ဟု ယူဆထားသောကြောင့် ဖြစ်ပါ သည်။ ယခုအချိန်တွင် ဖန်းကလန်က ပျက်သုဉ်းသွားခဲ့ပြီး၊ အင်မော်တယ်ဘုရင်အဆင့် ကျွမ်းကျင်သူများ အားလုံးလည်း အသတ်ခံလိုက်ရပြီ။ ဖန်းရှောင်ယန်သည် သဘာဝ အတိုင်း သူ့ကို မကူညီနိုင်တော့ပေ။ ဖန်းကလန်၏ အရေးကို သူ မည်သို့ စိုးရိမ်ပေးမည် နည်း?။

ယခုလေးတင် သူက ဖန်းရှောင်ယန်ကို ကူညီပေးမည်ဟု ပြောထားလိုက်သည်။ ဖန်းကလန်၏ ကလန်ခေါင်းဆောင် အပါအဝင် ဖန်းကလန်၏ အင်မော်တယ်ဘုရင်များ အားလုံးကို ညတွင်းချင်း သတ်ဖြတ်နိုင်သည့် လူသည် အင်မော်တယ် ဧကရာဇ်အဆင့် မဟုတ်နိုင်သော်လည်း၊ ထိုလူသည် အနည်းဆုံး တော်ဝင်တာအိုနယ်ပယ်၏ ပြီးပြည့်စုံခြင်း အဆင့်ရှိ အင်မော်တယ်ဘုရင်တစ်ယောက် ဖြစ်နိုင်သည်။ သူချိုင်ကော့သည် အသုံးမဝင်တော့သည့် ဖန်းကလန်ကြောင့် အင်မော်တယ်ဧကရာဇ် ကျွမ်းကျင်သူတစ်ဦးကို ပြစ်မှားမိသည်အထိ အလွန်တုံးအသူတစ်ယောက် မဟုတ်ပါချေ။

ချိုင်ကော့၏ စကားကိုကြားတော့ ဖန်းရှောင်ယန်၏ အမူအရာသည် ချက်ချင်းပင် ရှက်ရွံ့သွားသည်။ သူသည်လည်း တုံးအသူတစ်ဦး မဟုတ်ပေ။ ချိုင်ကော့သည် သူ့အပေါ် အပေါ်ယံဆက်ဆံနေကြောင်း သူ မည်သို့ မမြင်ဘဲရှိမည်နည်း?။

"ကောင်းလိုက်တဲ့ ချိုင်ကော့။ ဟိုတုန်းက မင်းအတွက် ငါ အများကြီး လုပ်ပေးခဲ့တယ်။ ဒါတောင် မင်းက ငါ့ကို အသုံးမဝင်တော့ဘူးလို့ အမှန်တကယ် မြင်လာခဲ့ပြီး၊ ငါ့ကို ကန်ထုတ်ပစ်ချင်နေပြီပေါ့”။ ဖန်းရှောင်ယန်သည် သူ၏စိတ်ထဲမှာ ကျိန်ဆဲလိုက်သော် လည်း သူကိုယ်တိုင်လည်း ဘာမှ မလုပ်နိုင်ခဲ့ပါဘူး။

ချိုင်ကော့သည် ဝိညာဉ်ကျောက်စိမ်းဂိုဏ်း၏ ဂိုဏ်းသခင်လေး ဖြစ်ပြီး ဝိညာဉ်ကျောက်စိမ်း ဂိုဏ်း၏ ဆက်ခံသူတစ်ဦးဖြစ်ကာ၊ ဝိညာဉ်ကျောက်စိမ်းဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင် အဖြစ်လည်း ချီးကျူးခံရသူ ဖြစ်ပါသည်။ သူသည် တော်ဝင်တာအိုနယ်ပယ်၏ အဆင့် ၁၂ ရှိ အင်မော်တယ် ဘုရင်တစ်ဦး၏ ကျင့်ကြံမူအခြေခံကို ပိုင်ဆိုင်ထားသည်။ ဖန်းရှောင်ယန် သည် သူ၏ရင်ထဲမှာ မကျေမနပ်ဖြစ်နေရင်တောင်မှ သူ့အနေဖြင့် ထုတ်မပြနိုင်ပါဘူး။

အကယ်၍၊ သူသည် ချိုင်ကော့ကိုသာ စော်ကားမိခဲ့လျှင်၊ သူသည် ဖန်းကလန်အတွက် လက်စားမချေနိုင်ရုံသာမက မနက်ဖြန်နေရောင်ကိုပင် သေချာပေါက် မြင်နိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် သွားများကျိုးပဲ့သည်အထိ အံတင်းတင်းကြိတ်ပြီး၊ ဤနာကြည်းမှုများကို သူ၏ဗိုက်ထဲသို့သာ မျိုချနိုင်ပါတော့သည်။

ချိုင်ကော့သည် မကျေမနပ်ဖြစ်သွားသည့် ဖန်းရှောင်ယန်ကို သူ၏မျက်နှာပေါ်တွင် အေးစက်သော အပြုံးဖြင့် ကြည့်လိုက်သည်။ သူ၏လုပ်ရပ်က ဖန်းရှောင်ယန်ကို နာကြည်းစေမည်ကို သူသိသော်လည်း၊ သူသည် ဖန်းရှောင်ယန်၏ ကလဲ့စားချေခြင်းကို မကြောက်ရွှံ့ပေ။ အဘယ့်ကြောင့်ဆိုသော် ဖန်းရှောင်ယန်တွင် ပေးဆပ်လိုသည့် အရင်းအနှီး မရှိခြင်း သို့မဟုတ် ထိုသို့လုပ်ဆောင်ရန် သတ္တိမရှိဟု ခံစားမိသောကြောင့် ဖြစ်ပါသည်။

ယခုအချိန်တွင်၊ သူ အမှန်တကယ် ဂရုစိုက်သည်မှာ ရန်ကလန်၏ ရတနာကို တတ်နိုင်သမျှ အမြန်ဆုံးရယူခြင်း ဖြစ်သည်။ ထိုရတနာက သခင်ချီတောင်းထားသည့် ပစ္စည်းလည်း ဖြစ်သည်။

အကယ်၍၊ သူသာ ထိုရတနာကို သခင်ချီထံ ပေးအပ်ပြီး သူ၏ အသိအမှတ်ပြုမှုကို ရယူနိုင်ခဲ့ပါက၊ ဂိုဏ်းထဲတွင် သူ၏ အဆင့်အတန်းသည် များစွာ မြင့်တက်လာမည်မှာ သေချာပါသည်။ သူသည် ကောင်းကင်ရေနန်းတော်သို့ပင် ဝင်ခွင့် ရရှိနိုင်သည်။ ၎င်းသည် တော်ဝင်ချင် မင်းဆက်ပြီးလျှင် ဒုတိယမြောက် ကြီးမားသော ထိပ်တန်း အင်အားစုကြီး တစ်ခုဖြစ်ပြီး လူတိုင်း အိပ်မက်မက်ခဲ့ရသည့် မြင့်မြတ်နယ်မြေ တစ်ခုလည်း ဖြစ်ပါသည်။

ကောင်းကင်ရေနန်းတော်နှင့် ယှဉ်လိုက်လျှင်၊ သေးငယ်လှသော ဝိညာဉ်ကျောက်စိမ်း ဂိုဏ်းသည် ဘာမှ မဟုတ်တော့ပါဘူး။

"ဂိုဏ်းသခင်လေးကို သတင်းပို့ပါတယ်။ ရန်ကလန်ရဲ့ ခေါင်းဆောင်က သခင်လေးကို တွေ့ဖို့ တောင်းဆိုနေပါတယ်”။ ထိုအချိန်တွင် တပည့်တစ်ဦးသည် ခန်းမအပြင်ဘက်သို့ ပြေးလာပြီး ချိုင်ကော့ကို သတင်းပို့လာသည်။

ချိုင်ကော့၏ မျက်လုံးများသည် ချက်ချင်း ဝင်းလက်တောက်ပလာသည်။ အခုအချိန်တွင် သူ၏အဖေသည် သခင်ချီကို ဖျော်ဖြေဧည့်ခံနေရသည့်အတွက် ဂိုဏ်းတစ်ခုလုံးကို သူ အုပ်စိုးထားသည်။

"ကောင်းပြီ၊ ကျောက်စိမ်းရင်ပြင်မှာ ငါ့ကိုစောင့်နေဖို့ သူတို့ကို ပြောလိုက်ပါ။ ငါ အဲဒီကို လာခဲ့မယ်” ချိုင်ကော့က ပြုံးပြီး ပြောသည် ။

"ဟုတ်ကဲ့ပါ” တပည့်က ပြန်ဖြေပြီး ချက်ချင်း ပြန်ဆုတ်သွားသည်။

ချိုင်ကော့သည် ဖန်းရှောင်ယန်ကို လှည့်ကြည့်ပြီးနောက် ပင်မခန်းမမှ ထွက်လာခဲ့သည်။

ဖန်းရှောင်ယန်၏ မျက်လုံးများတွင် အုံ့မှိုင်းနေသည့် အရိပ်အယောင် တစွန်းတစ ပေါ်လာပါ သည်။ သူလည်း အံကိုတင်းတင်းကြိတ်ကာ လိုက်ပါသွားခဲ့သည်။ နောက်ဆုံးတော့ သူသည် ဤကိစ္စကို အစီအစဉ်ဆွဲခဲ့သူ ဖြစ်ပြီး၊ ဤအစီအစဉ်ကြောင့်လည်း သူသည် အသိမှတ် ပြုခံခဲ့ရပါသည်။ သူသည် ချိုင်ကော့တစ်ယောက်တည်းကို အသိမှတ်ပြုခွင့် မပေးနိုင်သည် မှာ သေချာပါသည်။

ချိုင်ကော့နှင့် ဖန်းရှောင်ယန်တို့သည် ဝိညာဉ်ကျောက်စိမ်းဂိုဏ်း၏ အကြီးဆုံး ရင်ပြင် ဖြစ်သည့် ကျောက်စိမ်းရင်ပြင်ဆီသို့ အပြေးအလွှား သွားနေကြစဉ်မှာ၊ တပည့်တစ်ဦးက ချင်ယွင်နှင့် ရန်ဘိုင်လင်းတို့ကို ကျောက်စိမ်းရင်ပြင်သို့ ပို့ဆောင်ပေးခဲ့သည်။ ဟုတ်ပါသည်၊ ချင်ယွင်၏ အမြီးလေးသဖွယ် ရှရှန်းယုလည်း ရှိနေခဲ့ပါသည်။

ရှရှန်းယု၏အလှအပသည် အမှန်တကယ် ဆွဲဆောင်မှုအားကောင်းသည်ဟု ဆိုရမည် ဖြစ်သည်။ သူမသည် ဝိညာဉ်ကျောက်စိမ်းဂိုဏ်းတွင် ထွက်ပေါ်လာသည့် အချိန်၌၊ သူမသည် ဝိညာဉ်ကျောက်စိမ်းဂိုဏ်း၏ အမျိုးသားတပည့်များကို ဆွဲဆောင်နိုင်ခဲ့သည်။ အကယ်၍၊ သူတို့သည် ရှရှန်းယု၏ ကိုယ်ရေးအချက်လက်ကို မသိရှိခဲ့ပါက၊ သူမကို စကားလာပြောနေလောက်ပြီ ဖြစ်သည်။

ချင်ယွင်သည် ပတ်ဝန်းကျင်ရှိ ဝိညာဉ်ကျောက်စိမ်းဂိုဏ်း၏ တပည့်များကို ကြည့်လိုက် သည်။ ချိုင်ကော့သည် ဤကဲ့သို့သော မြင့်မြတ်သောပုံစံမျိုးဖြင့် ဤကိစ္စကို ကိုင်တွယ်ဖြေ ရှင်းရန် ရွေးချယ်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သူက ရန်ကလန်ကို အရှက်ခွဲချင်ပုံရသည်။ သို့သော် ချင်ယွင်၏ ထင်မြင်ချက်အရ၊ အဆုံးတွင် အရှက်ရမည့် တစ်ဦးတည်းသော လူက သူ၏ ဝိညာဉ်ကျောက်စိမ်းဂိုဏ်း ဖြစ်နိုင်သည်။

မူလက ချင်ယွင်သည် ဝိညာဉ်ကျောက်စိမ်းဂိုဏ်းထဲသို့ ခိုးဝင်ပြီး အရင်ဆုံး ရန်ကျိဖန်းကို ကယ်တင်ရန် ရည်ရွယ်ခဲ့သော်လည်း၊ ရန်ကျိဖန်းကို ဝိညာဉ်ကျောက်စိမ်းဂိုဏ်း၏ ဂိုဏ်းသခင်လေးက သူ၏လက်အောက်မှာ ချုပ်နှောင်ထားပြီ ဖြစ်ကြောင်း ရန်ဘိုင်လင်းက ချင်ယွင်ကို ပြောပြခဲ့သည်။ ထို့ကြောင့် ရန်ကျိဖန််ကို ကယ်တင်ရန် နည်းလမ်းနှစ်ခုသာ ရှိပါတော့သည်။

နံပါတ်တစ်နည်းလမ်းက ဝိညာဉ်ကျောက်စိမ်းဂိုဏ်းက ရန်ကျိဖန်းကို ကိုယ်တိုင်ကိုယ်ကျ လွှတ်ပေးရန်ဖြစ်သည်။

နံပါတ်တစ်နည်းလမ်းကတော့ ဝိညာဉ်ကျောက်စိမ်းဂိုဏ်း၏ ဂိုဏ်းသခင်လေးကို သတ်ပစ်ရန်ဖြစ်သည်။

ချင်ယွင်သည် ထိုစကားကို ကြားသောအခါ သူ၏ပထမဆုံး တုံ့ပြန်မှုက ဒုတိယနည်းလမ်းကို ရွေးချယ်ခြင်း ဖြစ်သည်။

ဝိညာဉ်ကျောက်စိမ်းဂိုဏ်းက သူ၏ညီအစ်ကို ရန်ကျိဖန်းကို ထိခိုက်နစ်နာစေသည့်အတွက်၊ မည်သို့ပင်ဖြစ်စေ ချင်ယွင်က သူတို့ကို ခွင့်မလွှတ်နိုင်ပါဘူး။ ထို့ကြောင့် မည်သို့ပင်ဖြစ်စေ၊ ဝိညာဉ်ကျောက်စိမ်းဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်နှင့် ဂိုဏ်းသခင်လေးသည် သေရပေမည်။

“ဝှီး..”။

ထိုအချိန်တွင်, ချင်ယွင်နှင့် အခြားလူများကို ကျောက်စိမ်းရင်ပြင်သို့ ခေါ်ဆောင်ခံရပြီး သိပ်မကြာမီတွင် အလင်းတန်းနှစ်စင်းသည် အဝေးမှ ဖြတ်ကျော်ပျံသန်းလာပြီး ချင်ယွင်နှင့် အခြားလူများ၏ ရှေ့သို့ ညင်သာစွာ သက်ဆင်းလာခဲ့သည်။

ဤလူသည် ဝိညာဉ်ကျောက်စိမ်းဂိုဏ်း၏ ဂိုဏ်းသခင်လေး ချိုင်ကော့နှင့် သူ၏လက်ပါးစေ ဖန်းရှောင်ယန်မှလွဲ၍ အခြားလူများ မဟုတ်ပေ။

"ကြည့်စမ်း၊ ဂိုဏ်းသခင်လေး ဒီကိုရောက်လာတယ်ဟေ့" တပည့်များသည် ထွက်ပေါ်လာ သော ချိုင်ကော့ကို မြင်သောအခါ ချက်ချင်းပင် လူစုခွဲပေးပြီး နေရာလွတ်တစ်ခုကို ဖန်တီးပေးကြသည်။ ချိုင်ကော့ကိုကြည့်သည့် သူတို့ အကြည့်တွေက ရိုသေမှုအပြည့် ရှိနေသည်။

ချိုင်ကော့၏ လင်းယုန်ငှက်ကဲ့သို့ စူးရှသော အကြည့်တွေက ချင်ယွင်နှင့် အခြားလူများကို ဖြတ်ကျော်သွားခဲ့ပြီး ရန်ဘိုင်လင်း၏ ခန္ဓာကိုယ်ပေါ်တွင် ခဏရပ်သွားကာ၊ သူသည် ရှရှန်းယုကို စူးစူးစိုက်စိုက် ကြည့်လိုက်ရင်း၊ သူ၏မျက်လုံးများတွင် ပြင်းထန်သော အလင်းရောင်များ ထွက်ပေါ်လာသည်။

All Chapters