← Chapters

အခန်း ၉၄၅

Vol. 63 Ch. 945

အခန်း ၉၄၅

Vol. 63 Ch. 945

အခန်း (၉၄၅) ချိုင်ကော့၏ဒေါသ။

"ဘယ်လောက်တောင် လှလိုက်တဲ့ မိန်းကလေးလဲ”။ ချိုင်ကော့သည် သူ့ကိုယ်သူ စိတ်ထဲကနေ ရေရွတ်ရင်း သူ၏မျက်လုံးတွေက ရှရှန်းယုကို တည့်တည့် စိုက်ကြည့် နေသည်။

သူသည် မရေမတွက်နိုင်သော အမျိုးသမီးများနှင့် ကစားခဲ့ဖူးပြီး၊ မိန်းမလှပေါင်းများစွာကို မြင်တွေ့ခဲ့ဖူးသည်။ ဂိုဏ်းအတွင်းရှိ လှပသော အမျိုးသမီး တပည့်အများစုသည် သူ၏ အိပ်ရာထဲသို့ရောက်အောင် လှည့်စားခေါ်ခံရသူများ ဖြစ်ကြသည်။

သို့သော်လည်း သူ၏ရှေ့မှ ဤအမျိုးသမီးသည် သူမြင်ဖူးသမျှထဲမှာ အလှပဆုံးနှင့် ဒေါသကြီးသည့် အမျိုးသမီးတစ်ဦးဖြစ်နေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင်၊ ချိုင်ကော့ သည် သူ၏စိတ်ဝိညာဉ်တစ်ခုလုံးကို ဆွဲငင်သွားသလို ခံစားလိုက်ရပါသည်။

"မဟုတ်ဘူး၊ ငါ သူမကို အရယူရမယ်။" ချိုင်ကော့က သူ့ကိုယ်သူ တွေးလိုက်ပြီး၊ ဤမိန်းမကို ရအောင်ယူရန် သူ၏စိတ်ထဲတွင် ဆုံးဖြတ်လိုက်ပါသည်။

ဟုတ်ပါသည်။ ဆွဲဆောင်ခံလိုက်ရသည့်လူက ချိုင်ကော့တစ်ဦးတည်းတင် မဟုတ်ပါဘူး။ ဖန်းရှောင်ယန်သည်လည်း ရှရှန်းယုကို တွေဝေငေးငိုင်သော အမူအရာဖြင့် ကြည့်နေသည်။ ရှင်းရှင်းပြောရလျှင်၊ သူသည် ရှရှန်းယု၏ အလှပကြောင့် လုံးဝ မှင်သက်သွားခဲ့ရသည်။

ရှရှန်းယုသည် သူမအား ကိုယ်လုံးတီးသဖွယ် အမူအရာမျိုးဖြင့် ကြည့်ရူနေသည့် လူတွေကို အထူးသဖြင့် ချိုင်ကော့၏ တက်မက်သော အကြည့်တွေကို သူမအနေဖြင့် အလွန်မင်း စက်ဆုပ်သွားလေသည်။ သူမသည် မျက်မှောင်ကြုတ်လိုက်ပြီး သူမမျက်လုံးထဲတွင် အေးစက်မှု အရိပ်အယောင်တစ်ခု ပေါ်လာသည်။

ယခင်ကဆိုလျှင် သူမသည် သူတို့ကို ဓားတစ်ချက် ဝှေ့ယမ်း၍ သတ်ပစ်ပြီးသား ဖြစ်သော်လည်း၊ ယခုအခါတွင် သူမ၏ကိုယ်ရေးအချက်လက်အရ၊ သူမသည် ချင်ယွင်၏ အစေခံတစ်ဦးသာ ဖြစ်ပါသည်။ ထို့ကြောင့် ချင်ယွင်က မည်သည့်စကားမှ ပြန်မပြောခင် သူမအနေဖြင့် လှုပ်ရှားနိုင်မည် မဟုတ်ပေ။

ချင်ယွင်သည် ရှရှန်းယုကို တည့်တည့်စိုက်ကြည့်နေသော ထိုနှစ်ကောင်ကို သူ၏ ပါးစပ်ထောင့်တွင် လှောင်ပြောင်သည့်အမူအရာဖြင့် ကြည့်လိုက်လေသည်။ ယခုလေးတင်၊ သူသည် ဤလူနှစ်ယောက်၏ တိုက်ရိုက် လျစ်လျူရှုခြင်းကို ခံလိုက်ရပြီး၊ ယင်းက သူ့ကို ဒေါသထွက်စေသလို ရယ်ရွှင်စရာလည်း ဖြစ်စေပါသည်။

သူ၏ကျင့်ကြံမူအဆင့် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်၏ အစောပိုင်းအဆင့် တွင်သာ မြင့်တင်ထားခဲ့ပြီး၊ ယခုအခါ သူ၏ကျင့်ကြံမူအခြေခံသည် သူ၏ကိုယ်ပိုင်နယ်ပယ် မဟုတ်တော့ပေ။ ကနဦးစကြာဝဠာသည်သာ သူ၏ကိုယ်ပိုင်နယ်ပယ် ဖြစ်ပါသည်။

သေချာသည်မှာ၊ အကယ်၍၊ သူသည် သူ၏ကျင့်ကြံမှုအခြေခံကို မြှင့်တင်ချင်သည်ဆိုလျှင်၊ အတွေးတစ်ချက်ဖြင့် အင်မော်တယ်ဘုရင်၏ အထွတ်အထိပ်အဆင့်အထိ သူ၏ ကျင့်ကြံမူ အဆင့်ကို ချက်ချင်း မြှင့်တင်နိုင်ပါသည်။ သို့သော် သူသည် ထိုသို့ မလုပ်ချင်ခဲ့ပေ။ ထိုသို့ပြုလုပ်ခြင်းသည် သူ့ကိုသာ ထိခိုက်စေမည် ဖြစ်ပြီး၊ သူ့အတွက် အနည်းငယ်မျှပင် အကျိုးရှိမည် မဟုတ်ပေ။

"အဟွတ်..၊ အဟွတ်..” ချင်ယွင်သည် ချောင်းဆိုးချင် ဟန်ဆောင်ကာ လည်ချောင်းကို ရှင်းလိုက်လေသည်။ မူလက စွဲညှို့ခံထားရသော ချိုင်ကော့နှင့် ဖန်းရှောင်ယန်တို့သည် ချက်ချင်း နိုးထလာကြပါသည်။

ချိုင်ကော့သည် သူ၏ပါးစပ်ထောင့်စွန်းမှ အထင်သေးသည့် အမူအရာကို ထုတ်ဖော်ရင်း ရန်ဘိုင်လင်းကို ကြည့်ရန် ခေါင်းလှည့်လိုက်ပါသည်။ သူက ရန်ဘိုင်လင်းကို ပြောလိုက် သည် "ခေါင်းဆောင်ရန်၊ ခင်ဗျား နောက်ဆုံးတော့ ရောက်လာပြီပဲ။ တကယ်လို့၊ ခင်ဗျားသာ ရောက်မလာဘူးဆိုရင်, ခင်ဗျားရဲ့သားက ခံနိုင်ရည် ရှိကောင်းမှရှိတော့မယ်”။

"မင်း ငါ့သားကို ဘာလုပ်လိုက်တာလဲ”။ ထိုစကားကို ကြားတော့ ရန်ဘိုင်လင်းက စိုးရိမ်တကြီး မေးလိုက်ပြီး ချိုင်ကော့ကို စိုက်ကြည့်နေသည်။

"ဘာမှ မလုပ်ပါဘူး၊ တောက်လောင်နေတဲ့ မီးအနည်းငယ်နဲ့ သူ့ခန္ဓာကိုယ်ကို ပူလောင်ခြင်းရဲ့ အရသာကို မြည်းစမ်းခွင့် ပေးလိုက်ရုံပါ။ ဟင်း…၊ သူ့မှာ ဘာကျင့်ကြံမှု အခြေခံမှ မရှိတော့တာ သနားစရာပဲ။ သူက အချိန်ကြာကြာ တောင့်ခံနိုင်စွမ်း မရှိတော့ ဘူးလေ။ သူ့ရဲ့အရေပြားနဲ့ သွေးသားတွေကတော့ လောင်ကျွမ်းခြင်း မီးလျှံကြောင့် ပေါက်ပြဲသွားရပြီ။ တကယ်လို့၊ ကျုပ်သာ သူ့အတွက် အင်မော်တယ်စွမ်းအင် အနည်းငယ်ကို ဆုံးရှုံးခံပြီး သူ့အသက်ကို ဆွဲဆန့်မထားခဲ့ဘူးဆိုရင်၊ သူက အခုချိန်မှာ ငရဲဘုရင်ကို တွေ့နေရမှာတောင် ကျုပ် စိုးရိမ်မိတယ်။ ခင်ဗျားက ကျုပ်ကို ကျေးဇူးတင်သင့် တယ်လို ခင်ဗျား မထင်ဘူးလား?”။ ချိုင်ကော့က ပြုံးပြီး ပြောသည်။ သူ၏လေသံက ပြင်းထန်သော ရန်လိုစိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။

"မင်း" ရန်ဘိုင်လင်းသည် ချက်ချင်းပင် ဒေါသထွက်သွားပြီး၊ ချိုင်ကော့ကိုကြည်သည့် သူ၏အကြည့်တွေက သူ့အား အရှင်လတ်လတ် ဝါးမြိုပစ်ချင်နေပုံပင်။

ထိုအချိန်တွင် ချင်ယွင်၏ မျက်လုံးများသည် လုံးဝ အေးစက်သွားခဲ့သည်။ သူ၏ နှလုံးသားထဲတွင် ကြီးမားသော သတ်ဖြတ်လိုစိတ်တစ်ခု ပေါ်လာပြီး၊ ခြေထောက် နှစ်ဖက်စလုံး၏ နံဘေးပေါ်တွင် တွဲလောင်းချထားသော သူ၏လက်များကို တင်းတင်း ကြပ်ကြပ် ဆုပ်ထားမိသည်။

ရှရှန်းယုသည် ချင်ယွင်၏ နောက်တွင် ရပ်နေသည်။ ပခုံးတွေတုန်ယင်နေသည့် ချင်ယွင်ကို ကြည့်လိုက်ရင်း၊ သူမလည်း မျက်မှောင်ကြုတ်သွားမိသည်။ လွန်ခဲ့သည့် ရက်အနည်းငယ် အတွင်း သူမသည် ချင်ယွင်၏အကျင့်စရိုက်နှင့် စိတ်ခံစားချက် အလွန်ပြင်းထန်သည်ကို နားလည်လုနီးပါး ဖြစ်နေခဲ့ပြီ။

ထို့ကြောင့် ချင်ယွင်သည် ယခုအခိုက်အတန့်တွင် အမှန်တကယ် စိတ်ဆိုးနေကြောင်း သူမ သိသည့်အပြင်၊ သူသည် အလွန်အမင်း ဒေါသထွက်နေပါသည်။

ကြောက်ရွှံ့ခြင်းကင်းမဲ့သည့် အကောင်တစ်ကောင် အလွန်မင်း ဒေါသထွက်နေသည့် အချိန်မှာ မည်သည့် တုန်လှုပ်ချောက်ချားစရာ လုပ်ရပ်မျိုး လုပ်ဆောင်မလဲဆိုသည်ကို သူမအနေဖြင့် စိတ်ကူးကြည့်ရန် ခက်ခဲပါသည်။ တစ်ချိန်တည်းမှာပင် သူမ၏ စိတ်ထဲတွင် မထင်မရှား ခန့်မှန်းချက်အချို့ ရှိနေခဲ့သည်။

ချိုင်ကော့သည် ရန်ဘိုင်လင်း၏ နောက်ကွယ်ရှိ ချင်ယွင်၏ ဒေါသထွက်နေသည့် အကြည့်တွေကို သတိမထားမိလိုက်ပေ။ အကယ်၍၊ သူ သတိထားမိလျှင်ပင်, သူ ဂရုမစိုက်ပါဘူး။ အမှန်တကယ် သူ ဂရုစိုက်နေသည့်အရာက ရန်ကလန်၏ ရတနာနှင့် ရှားပါးလှသည့် မိန်းမလှလေး ဖြစ်ပါသည်။

"ခေါင်းဆောင် ရန်၊ ခင်ဗျား တစ်ခုခု ယူလာတယ် မဟုတ်လား?။ တကယ်လို့, ခင်ဗျား မယူလာခဲ့ဘူးဆိုရင်, မင်းရဲ့သားကတော့ မနက်ဖြန်အထိ အသက်ရှင်နိုင်မှာ မဟုတ်တော့ ဘူး" ချိုင်ကော့သည် ရန်ဘိုင်လင်းကို ကြည့်ပြီး သရော်ဟန်ဖြင့် ပြောလိုက်သည်။

ရန်ဘိုင်လင်းသည် အံတင်းတင်းကြိတ်ကာ အနက်ရောင် ကျောက်တုံးကို ထုတ်ပေးတော့မည်။

သို့သော်လည်း ထိုအချိန်တွင် သူ၏နောက်တွင်ရှိနေသော ချင်ယွင်က ရှေ့သို့ ခြေတစ်လှမ်း တိုးကာ ချိုင်ကော့ကို အေးစက်စွာ ပြောလိုက်သည် "ရတနာကို ငါတို့ ထုတ်မပေးခင်, အရင်ဆုံး ရန်ကျိဖန်းကို တွေ့ခွင့် မပေးသင့်ဘူးလား?"

"မင်းက ဘယ်သူလဲ?။ မင်းက ဒီနေရာမှာ စကားပြောဖို့ ဘယ်အချိန်တုန်းက အလှည့် ရောက်သွားတာလဲ?" ဖန်းရှောင်ယန်က အော်ပြောလိုက်သည်။

သူသည် မူလကတည်းက ဒေါသထွက်နေသည့် အခြေနေတွင် ရှိနေခဲ့သည်။ ထို့အပြင်၊ အခု လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့်တစ်ယောက်က စကားပြောရန် ရှေ့ထွက် လာသည်ကို မြင်လိုက်ရသောအခါ, သူ၏စိတ်ထဲတွင် ပြင်းပြင်းထန်ထန် စက်ဆုပ် ရွံရှာသွားခဲ့သည်။

ချိုင်ကော့သည် ချင်ယွင်ကို မထီမဲ့မြင်ပြုကာ ရန်ဘိုင်လင်းကို တိုက်ရိုက် မေးလိုက်သည် "ရန်ကလန် ခေါင်းဆောင် ခင်ဗျားရဲ့ ရန်ကလန်က လူတွေက ဘယ်အချိန်ကတည်းက နာခံမူမရှိဘဲ ဒီလောက်ထိ စမ်းကမ်းမဲ့သွားရတာလဲ?။ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ် အဆင့်တစ်ယောက်က ကျုပ်ကို ဒီလိုပြောရအောင် ဘယ်လောက်တောင်မှ အတင်းရဲလိုက် လဲ?။ ကြည့်ရတာ, ခင်ဗျားရဲ့ ရန်ကလန်က ရန်ကျိဖန်းကို အသက်ရှင်လျှက် မလိုချင်တော့ ဘူးထင်တယ်။ ဟုတ်တယ်မလား?။”

ရန်ဘိုင်လင်းသည် သူ၏စိတ်ထဲတွင် စိုးရိမ်စိတ်များ မြင့်တက်လာရင်း မျက်မှောင် ကြုတ်လိုက်မိသည်။ သို့သော်၊ ချင်ယွင်၏ စွမ်းအားသည် အပေါ်ယံတွင် မြင်နေရသလို လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့်တစ်ဦးကဲ့သို့ မရိုးရှင်းကြောင်း သူသိထားပါ သည်။ ထို့ကြောင့်, သူသည် ချင်ယွင်ကို အပြစ်တင်ကြိမ်းမောင်းရန် မဝံ့ရဲခဲ့ပေ။ ထို့အပြင်, ချင်ယွင်ပြောသည့် စကားသည် ကျိုးကြောင်းဆီလျော်သည်ဟု သူလည်း ခံစားမိသည်။

"ဂိုဏ်းသခင်လေး၊ သူပြောတာ မှန်တယ်။ ငါတို့အနေနဲ့ ရတနာကို ထုတ်မပေးခင်၊ ဂိုဏ်းသခင်လေးအနေနဲ့ ငါ့သား ကျိဖန်းကို အရင်မပြသင့်ဘူးလား?" ရန်ဘိုင်လင်းက တိုက်ရိုက် မေးလိုက်ပါသည်။

ချိုင်ကော့သည် မှင်သက်သွားရသည်။ ရှင်းရှင်းပြောရလျှင်၊ ရန်ဘိုင်လင်းက လျှို့ဝှက် ဆန်းကြယ် အင်မော်တယ်အဆင့် ကျင့်ကြံသူလေးအတွက် သူ့ကို ပွင့်ပွင့်လင်းလင်း တိုက်ခိုက်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပါဘူး။ ဤအရာက သူ၏နှလုံးသားထဲမှာ အမျက်ဒေါသကို တဟုန်းဟုန်း တောက်လောင်စေခဲ့ပါသည်။

"ခေါင်းဆောင်ရန်၊ ခင်ဗျားကြည့်ရတာ, ခင်ဗျားက ခင်ဗျားသားကို တကယ် အသက်မရှင် စေချင်ဘူး ထင်တယ် ဟုတ်တယ်မလား?။ ဟမ့်၊ နဂိုကတော့ ခင်ဗျားရဲ့ရတနာကို ကျုပ်လက်ထဲ လွှဲအပ်ပြီးတာနဲ့၊ ခင်ဗျားသားကို လွှတ်ပေးချင်ခဲ့တယ်။ ဒါပေမယ့်၊ အခု ခင်ဗျားက ကျုပ်ကို ဒီလိုပုံစံမျိုးနဲ့ အမှန်တကယ် စကားပြောရဲတယ်ပေါ့။ ဒီနေ့ ခင်ဗျားရဲ့ ရတနာကို ကျုပ်ကို လွှဲပေးရင်တောင် ခင်ဗျားရဲ့သားနဲ့ လဲလှယ်နိုင်မှာ မဟုတ်တော့ ဘူး…မဟုတ်ရင်…” ချိုင်ကော့က အေးစက်စွာ အော်ပြောလိုက်သည်။ သူ၏ပုံစံက ဒေါသပြင်းထန်စွာ ထွက်နေပုံရသော်လည်း၊ သူ၏စိတ်ထဲတွင် လှောင်ရယ်နေမိသည်။

ရှရှန်းယုကို မြင်ပြီးကတည်းက သူသည် ဤမိန်းမလှလေးကို ရရှိရန်အတွက် ဤအခွင့်အရေးကို အရယူရန် သူ၏စိတ်ထဲတွင် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ သူမသည် ရန်ဘိုင်လင်းနှင့် အတူလာကတည်းက သူမသည် ရန်ကလန်မှ ဖြစ်နိုင်ချေ ရှိပါသည်။ သူလိုချင်သည်က ဤအခွင့်အရေးကို အသုံးချပြီး ဤမိန်းမလှလေးကို ရအောင်ယူဖို့ပင် ဖြစ်သည်။

"မဟုတ်ရင်.. ဘာဖြစ်လဲ?" ချင်ယွင်က အေးစက်သော အပြုံးဖြင့် မေးသည်။ ချိုင်ကော့၏ အတွေးတွေကို သူ မည်သို့ မမြင်နိုင်ဘဲ နေမည်နည်း?။

ချိုင်ကော့က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့်တစ်ယောက်က မေးခွန်းမေးသူ ဖြစ်လာလိမ့်မည်ဟု သူ မမျှော်လင့် ထားပါဘူး။ သို့သော် သူက ဂရုမစိုက်ဘဲ တုန့်ပြန်လိုက်ပါသေးသည် "ဒီမိန်းမလှလေးနဲ့ ရတနာကို လွှဲပေးမှပဲ ခင်ဗျားရဲ့သား ရန်ကျိဖန်းကို ကျုပ်လွှတ်ပေးမယ်။ မဟုတ်ရင် ခင်ဗျားရဲ့သားကို ခင်ဗျားတစ်သက်လုံး ဘယ်တော့မှ ပြန်မတွေ့နိုင်တော့ဘူး"။

ထိုစကားကိုကြားတော့ ချင်ယွင်သည် ချက်ချင်းဆိုသလို ရယ်မောလိုက်ပြီး၊ ရယ်မောသံက ရင်ပြင်တစ်ခုလုံး ကျယ်လောင်စွာ ထွက်ပေါ်လာပါသည်။

ပတ်ဝန်းကျင်မှ တပည့်များသည် ချင်ယွင်ကို အရူးတစ်ယောက်လို ကြည့်နေဟန်တူပါ သည်။ သူတို့သည် ခြိမ်းခြောက်ခံနေရသည်မှာ ရှင်းလင်းသေချာသော်လည်း ကျယ်လောင် စွာ ရယ်မောနိုင်သေးသည်။ ဤလူမှ အရူးမဟုတ်လျှင်၊ မည်သူက အရူးဖြစ်တော့မည်နည်?။

ချိုင်ကော့လည်း ဝေခွဲမရဖြစ်သွားသည်။ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့် တစ်ယောက်က ကျယ်လောင်စွာ ရယ်နေသည်ကို သူ နားမလည်သော်လည်း၊ သူသည် ဤလျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့် ကျင့်ကြံသူလေးကို သူ၏စိတ်ထဲတွင် အလွန် စက်ဆုပ်ရွံရှာနေမိသည်။

ထိုအခိုက်တွင် ချင်ယွင်က ရယ်မောခြင်းကို ရပ်လိုက်ပြီး ချိုင်ကော့ကို အေးစက်သော အပြုံးဖြင့် ကြည့်လိုက်သည်။ "ဂိုဏ်းသခင်လေး၊ ကျွန်တော် ရယ်မောတာနဲ့ ပတ်သက်ပြီး ဂိုဏ်းသခင်လေးက သိချင်နေတာ မဟုတ်လား?" တကယ်တော့ ဂိုဏ်းသခင်လေးက တုံးအလွန်းတဲ့အတွက် ကျွန်တော်က ရယ်မောလိုက်ပါ။ ကျွန်တော်တို့က ဂိုဏ်းသခင်လေးရဲ့ နယ်မြေကို ရောက်နေပြီလို့ ဂိုဏ်းသခင်လေး ပြောခဲ့တယ်လေ။ ဒါဆိုလည်း ဂိုဏ်းသခင်လေးက ဘာလို့ ကျွန်တော်တို့ကို အခုလိုမျိုး ခြိမ်းခြောက်ချင်နေ သေးတာလဲ? ဂိုဏ်းသခင်လေးက ကျွန်တော်တို့ဆီကနေ ဘာလို့ တိုက်ရိုက် မလုယူရတာလဲ?"။

ထိုစကားတွေ ပြောပြီးသည်နှင့် ပရိသတ်အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ အားလုံးက ချင်ယွင်ကို အံ့သြစွာကြည့်နေကြသည်။ ဤလူက ဂိုဏ်းသခင်လေးကို ငတုံးဟု ခေါ်ဝံ့တာလား?။

ချိုင်ကော့၏ မျက်လုံးများသည်လည်း အမျက်ဒေါသနှင့်အတူ ဝင်းလက်တောက်ပ လာခဲ့သည်။ နှစ်ပေါင်းများစွာကြာအောင် မည်သူကမှ သူ၏ရှေ့မှာ သူ့ကို ငတုံး တစ်ယောက်ဟု မခေါ်ရဲပါဘူး။ ယနေ့, သူသည် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့် ကျင့်ကြံသူတစ်ဦး၏ အပြစ်တင်ခြင်းကို အမှန်တကယ် ခံရလိမ့်မည်ဟု သူ မမျှော်လင့်ထား ပေ။ သူလိုလူတစ်ယောက်အတွက် ထိုကဲ့သို့ အထင်မြင်သေးသည့်စကားကို မည်သို့ ခံနိုင်ရည် ရှိမည်နည်း?။

"မင်းက သေခြင်းတရားကို တောင်းခံနေတာပဲ” ချိုင်ကော့၏ ခန္ဓာကိုယ်မှ ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒများ ချက်ချင်း ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ရာ အငွေ့အသက်များလည်း ထွက်ပေါ်လာပါသည်။

ချင်ယွင်၏ နှုတ်ခမ်းများသည် အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။

စာစဉ် (၆၃) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters