← Chapters

အခန်း ၉၄၆

Vol. 64 Ch. 946

အခန်း ၉၄၆

Vol. 64 Ch. 946

အဓိပတိအင်မော်တယ်သခင် စာစဉ် (၆၄)

ဘာသာပြန်သူ နေဇင်။

အခန်း (၉၄၆) ပြပွဲစတင်ခြင်း။

"လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့် တစ်ယောက်ကတောင် ငါ့ရှေ့မှာ ရိုင်းဆိုင်းရဲ တယ်ပေါ့။ ဒီနေ့ မင်း စော်ကားဖို့ မတတ်နိုင်တဲ့လူတွေ ရှိနေသေးတယ်ဆိုတာ ငါ မင်းကို ငါပြောပြပေးမယ်" ချိုင်ကော့က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ရုပ်အသွင်က ချက်ချင်း ပျံထွက်သွားကာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ သယ်ဆောင် ထားသော လက်တစ်ဖက်က ချင်ယွင်ဆီသို့ တိုက်ရိုက် ဖမ်းဆုပ်လိုက်ပါသည်။

ချိုင်ကော့ တိုက်ခိုက်မှုကို လူအုပ်ကြီး မြင်သောအခါတွင် အားလုံးက ကြောက်ရွံ့သည့် အမူအရာများကို ထုတ်ဖော်လိုက်ကြပါသည်။ ဂိုဏ်းသခင်လေးကို ငတုံးငအဟု ခေါ်ဆိုဝံ့ခြင်းသည် သေခြင်းတရားကို တောင်းခံခြင်းသာ ဖြစ်ပါသည်။ ဝိညာဉ် ကျောက်စိမ်းဂိုဏ်းရှိ လူတိုင်းသည် ဂိုဏ်းသခင်လေး၏ မျက်လုံးထဲတွင် သဲပွင့်များနှင့် မကွာခြားသည်ကို သိထားကြပြီး၊ ချင်ယွင်ကို ကြည့်သည့် ၎င်းတို့၏အကြည့်များလည်း နှိုင်းယှဉ်ပြ၍မရအောင်ပင် သနားစနာသည့်အမူအရာ ဖြစ်ပေါ်လာကြသည်။

သို့သော် ချင်ယွင်သည် ပတ်ဝန်းကျင်ရှိလူများ၏ မျက်လုံးများကို လုံးဝ ဂရုမစိုက်ပေ။ ချိုင်ကော့က သူ့ကို အမှန်တကယ် ဖမ်းဆုပ်လာသည်ကို မြင်လိုက်ရလျှင် ချင်ယွင်၏ မျက်လုံးထဲတွင် အထင်အမြင်သေးမှု အရိပ်အယောင် ပေါ်လာပါသည်။ သို့သော်၊ ချိုင်ကော့ ယခင်က ပြောခဲ့သည့်စကားများကို သတိရသွားပြီးနောက် ဤအထင်အမြင်သေးမှု သဲလွန်စကို သတ်ဖြတ်လိုသည့်ဆန္ဒက လျင်မြန်စွာ အစားထိုးသွားခဲ့သည်။

"မင်းက ကျိဖန်းကို ဒုက္ခပေးဖို့ သတ္တိရှိနေမှတော့ ဒီနေ့ မင်းကို ငါ ရှင်သန်ခွင့် မပေးနိုင်ဘူး" ချင်ယွင်၏ မျက်လုံးများသည် ခက်ထန်သော အလင်းရောင်များဖြင့် တောက်ပလာပြီး သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်များလည်း ပေါက်ကွဲသွားသည်။ ထိုကြောက်မက်ဖွယ် ကောင်းသည့် လွှမ်းမိုးနိုင်စွမ်းရှိသော အငွေ့အသက်သည် ချိုင်ကော့ကို ချက်ချင်း လွှမ်းခြုံးသွားလေသည်။

ပတ်ဝန်းကျင်ရှိ လူတိုင်းသည် ချက်ချင်းဆိုသလို သူတို့ကို ရိုက်နှက်လာသော ကြာပွတ် ရိုက်ချက် လွှဲချော်သွားချိန် သူတိုနှလုံးသားတွေ ရိုက်ခတ်သွားသကဲ့သို့ သူတို့နှလုံးသားများ အေးစက်သွားသလို ခံစားလိုက်ရသည်။

ချိုင်ကော့လည်း ထိတ်လန့်သွားသည်။ အခုလေးတင်, သူသည် ရှေးဟောင်းသားရဲ တစ်ကောင်၏ ခုန်အုပ်ခံရသည့် ခံစားချက်မျိုးကို ခံစားလိုက်ရပြီး သူ့နှလုံးသားအောက်ခြေ မှပင် တုန်လှုပ်သွားခဲ့သည်။ ထို့အပြင်၊ ထိုကြောက်စရာကောင်းသော အငွေ့အသက်သည် သူ မထီမဲ့မြင်ပြုခဲ့သည့် လူငယ်အထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

"မကောင်းတော့ဘူး..”။ ချိုင်ကော့သည် ချက်ချင်းပင် ဆိုးရွားသော ကြိုတင် သတိပေးချက်တစ်ခုကို ခံစားလိုက်ရပြီး ရပ်တန့်ရန် ရည်ရွယ်လိုက်သည်။

သို့သော် သူ ရပ်တန့်ခါနီးတွင် သူ၏မျက်နှာနှင့် သုံးလက်မအောက်သာ ဝေးသောနေရာမှ သရဲတစ္ဆေဆန်ဆန် မျက်နှာတစ်ခုက ပေါ်လာပါသည်။

သူသည် ၎င်းနှင့် မျက်လုံးချင်း ဆုံမိသွားသည်။

ချိုင်ကော့သည် အဆုံးမဲ့ သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နေသော ထိုမျက်လုံးတစ်စုံကို မြင်လိုက်ရသည်။ ပြင်းထန်သော သတ်ဖြတ်လိုစိတ်ကြောင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားကာ အမှန်တကယ်ပင် လုံးဝ မလှုပ်ရှားနိုင်တော့ပေ။

ချိုင်ကော့၏ နှလုံးသားသည် အလွန်အမင်း ထိတ်လန့်နေခဲ့ပြီး တစ်ဖက်လူက သူ့ကို တစ်ချက်ကြည့်ရုံဖြင့် သူသည် အမှန်တကယ် မလှုပ်ရှားနိုင်တော့ကြောင်းကို သူ မယုံကြည်နိုင် ဖြစ်နေခဲ့သည်။

သို့သော် ချိုင်ကော့သည် သူ၏အတွေးများကို အဆုံးမသတ်နိုင်ခင် ချင်ယွင်၏ လက်သီးချက်သည် သူ၏ဝမ်းဗိုက်ထဲသို့ ပြင်းထန်စွာ ထိုးဖောက် ဝင်ရောက်သွားသည်။

“ဘုန်း…”

ချင်ယွင်၏ ခွန်အားသည် ကောင်းကင်နှင့် မြေကြီးကို လှုပ်ခါသွားပါသည်။ ဤလက်သီးချက်တွင် သူ၏ ခွန်အားအားလုံးကို အသုံးပြုခဲ့သည်။

ချိုင်ကော့၏ ခန္ဓာကိုယ် တစ်ခုလုံးသည် တုန်လှုပ်ချောက်ချားဖွယ်ရာ လှိုင်းလုံးကြီးတစ်ခုလို ဖြစ်နေသည်။ သူသည် ထိုပြင်းထန်သော လှိုင်းလုံးကြီးများဖြင့် ရက်စက်စွာ ပုတ်ခတ်ခြင်း ကို ခံခဲ့ရသည်။ ထို လှိုင်းလုံးကြီး ပြိုကွဲမသွားခင် သူသည် လုံးလုံးလျားလျား နစ်မွန်းနေခဲ့ပါ သည်။ သူ၏ ဝမ်းဗိုက်မှ ပြင်းထန်သော နာကျင်မှုကြောင့် သူ၏ ဝိညာဉ်သုံးပါးနှင့် ဝိညာဉ်ခုနှစ်ပါးတို့တွင် ဝိညာဉ်နှစ်ခုနှင့် ဝိညာဉ်ခြောက်ခုတို့ ဆုံးရှုံးလုနီးပါး ဖြစ်စေခဲ့သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် လွင့်ထွက်ခါနီး သဲအိတ်နှင့်တူနေသည်။ (ဝိညာဉ်သုံးပါး ဟူသည်-- အာဟာရဝိဥာဉ် (အပင်များ) သိမ်မွေ့သော ဝိညာဉ် (တိရစ္ဆာန်များ အားလုံး) ဆင်ခြင်တုံတရား ဝိညာဉ် (လူသားများ)။ (ဝိညာဉ်ခုနှစ်ပါးဟူသည် (၁) သွေးဝိညာဉ်၊ (၂) အသက်ရှူဝိညာဉ်၊ (၃) အရိပ်အာဝါသ၊ (၄) သညာဝိဥာဉ်၊ (၅) အပျိုဖော်ဝင်စ ဝိညာဉ်၊ (၆) ဉာဏဝိဉာဏ်၊ (၇) နာမ်ဝိညာဉ်တို့ဖြစ်ပါသည်။ ဤသည်မှာ တတ်နိုင်သမျှ ရှာဖွေထားသည့် ဝိညာဉ်အခေါ်ဝေါ်များ ဖြစ်ပါသည်။ ဆုံးရှုံးသွားသည့် နှစ်ပါးနှင့်ခြောက်ပါးကိုတော့ မတင်ပြတော့ပါ)။

သို့သော် ချင်ယွင်သည် မည်သို့ ရပ်တန့်နိုင်မည်နည်း?။ ယခုအချိန်တွင် သူ၏ရင်ထဲမှာ ဒေါသမီးလျှံတွေ ပြည့်လျှံနေပါသည်။ တစ်ချက်လေး ထိုးလိုက်ရုံဖြင့် သ်၏နှလုံးသားထဲက အမျက်ဒေါသတွေကို မဖော်ထုတ်နိုင်သေးပါဘူး။

“ဘုန်း…”။

ချင်ယွင်၏ရုပ်အသွင်သည် ချိုင်ကော့၏ ဘေးတွင် တိုက်ရိုက် ပေါ်လာပြီး သူ၏ လက်များကို လွှဲယမ်းကာ လေးလံသောတူကြီးဖြင့် ချိုင်ကော့၏ ရင်ဘတ်ကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။

“ဘုန်း..”

ချိုင်ကော့၏ ခန္ဓာကိုယ်သည် ကျောက်တုံးကြီးတစ်ခုကဲ့သို့ မြေပြင်ပေါ်သို့ ပြုတ်ကျကာ ကျောက်စိမ်းရင်ပြင်၏ ကျောက်ပြားချပ်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။ ကျောက်တုံးများသည် ချက်ချင်းပေါက်ကွဲပြီး နေရာအနှံ့ အက်ကွဲသွားခဲ့သည်။

ချိုင်ကော့၏ ခန္ဓာကိုယ်သည် တွင်းနက်ဝတွင် လဲလျောင်းနေပြီး သူ၏တစ်ကိုယ်လုံး သွေးများဖြင့် ဖုံးလွှမ်းနေကာ အရိုးများ ကွဲအက်နေပြီး၊ ခွေးသေတစ်ကောင်လို မြေပြင်ပေါ်တွင် လဲလျောင်းနေရသည်။

ထိုတပည့်များသည် လုံးဝ အံ့အားသင့်သွားကြသည်။ အကယ်၍ မြေပြင်ထံမှ ပြင်းထန်သော တုန်ခါမှုများကြောင့်သာ၊ ထို့သို့မဟုတ်ပါက၊ သူတို့အားလုံး ထိုနေရာတွင် မှင်သက်တွေဝေကာ မတ်တပ်ရပ်နေကြပြီး, သူတို့ရှေ့မှ အံ့သြဖွယ်ကောင်းသော မြင်ကွင်းကို ကြည့်ရှုနေကြပေလိမ့်မည်။

ဂိုဏ်းသခင်လေး အရိုက်ခံနေရတာလား?။

ထို့အပြင်, သူသည် ပမွှားလူငယ်လေးတစ်ဦး၏ ရိုက်နှက်ခြင်းကို ခံနေရသည်လား?။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?။

လူတိုင်းက သူတို့မျက်လုံးတွေကိုပင် မယုံနိုင်ကြတော့ပါဘူး။ ဖန်းရှောင်ယန်သည်ပင် တံတွေးတစ်လုတ်ကို မမျိုချဘဲ မနေနိုင်ခဲ့ပါချေ။ သူ၏အကြည့်တွေက ချင်ယွင်ကို သရဲ တစ္ဆေတစ်ကောင်ကို မြင်နေပုံရပြီး သူ၏နှလုံးခုန်သံက ပြင်းထန်စွာ အရှိန်ဟုန် မြန်လာခဲ့ သည်။

ချင်ယွင်သည် ဂုဏ်ယူဝင့်ကြွားစွာ မတ်တပ်ရပ်နေကာ ပတ်ဝန်းကျင်မှ လူများ၏ အကြည့်များကို လျစ်လျူရှုလိုက်သည်။ ယင်းအစား သူက သူ၏လက်ကို ဆန့်ထုတ်ပြီး ရွှံ့ညွှန်လိုပျော့ပြောင်းနေသည့် ချိုင်ကော့ကို မြေပြင်ကနေ သူ၏လက်ထဲသို့ စုပ်ယူလိုက် ပါသည်။

"မင်းက ငါ့ကိုသတ်မှာ မဟုတ်ဘူးလား?။ အခု မင်း ဘာလို့ မလှုပ်တော့တာလဲ?” ချင်ယွင် က လှောင်ရယ်ရယ်မောလိုက်ပြီး လက်တစ်ဖက်က ချိုင်ကော့ကို ကြက်တစ်ကောင်လို ကိုင်မြှောက်လိုက်ပါသည်။

ထိုအချိန်တွင် ချိုင်ကော့၏ နှလုံးသားသည် အလွန်မင်း ထိတ်လန့်နေခဲ့ပြီး၊ သူ၏ မျက်လုံးထဲရှိ ချင်ယွင်ကိုကြည့်သည့် အကြည့်တွေကလည်း တုနှိုင်းမရလောက်အောင် ကြောက်ရွှံ့ထိတ်လန့်သွားခဲ့သည်။ သူက သနားညှာတာပေးရန် တောင်းပန်လိုက်သည် "မဟုတ်ဘူး... ငါ့ကို မသတ်ပါနဲ့၊ ငါ့အသက်ကို ချမ်းသာပေးပါ”။

ချိုင်ကော့၏ စကားကို ချင်ယွင် ကြားသောအခါ၊ သူ၏ပါးစပ်ထောင့်က ပို၍ပင် သရော်ဟန် ပေါ်လာပါသည်။ သူက အေးစက်စွာ ပြောလိုက်သည် "မင်းက ငါ့ကို အရင် အ​ကြွေး​တင်​ခဲ့​တာ။​ ဆိုတော့၊ ညီ​အစ်​ကို ရန်ကျိဖန်းအပေါ် မင်းတင်ထားတဲ့ အကြွေးတွေကို ငါတို့က ပြန်ပေး​ဆပ်​လိုက်​မယ်။"

ထို့စကားပြောပြီးသည်နှင့် ချင်ယွင်၏ လက်ဖဝါးမှ နီမြန်းသော မီးတောက်တစ်ခု ထွက်ပေါ်လာသည်။ ဤမီးတောက် ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင် အပူချိန်သည် နှိုင်းစာ၍မရအောင် ကြောက်စရာကောင်းသည့် အတိုင်းအတာအထိ မြင့်တက်လာပြီး ၎င်းမှ ထွက်ပေါ်လာသည့် လောင်ကျွမ်းခြင်း အငွေ့အသက်သည် အလွန်ကြောက်စရာကောင်းပြီး မြင်ရသူတိုင်းကို ရင်တုန်စေသည်။

ချိုင်ကော့သည် ချင်ယွင်၏လက်ထဲမှ မီးလုံးတစ်လုံးကို မြင်သောအခါ၊ ချင်ယွင် မည်သည့် အရာလုပ်မည်ကို ချက်ချင်း သိလိုက်ပြီး၊ သူ၏မျက်လုံးများသည် အလွန်မင်း ထိတ်လန့်သွားခဲ့သည်။

"ဟင့်အင်း၊ မဟုတ်ဘူး...။ မင်း ဒီလို လုပ်လို့မရဘူး။ တကယ်လို့, မင်း ငါ့ကိုသတ်ရင် ငါ့အဖေက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး” ချိုင်ကော့က ကမန်းကတန်း အော်ပြောလိုက်သည်။

"ဟမ့်၊ ဒါဆိုလည်း မင်းအဖေကိုယ်တိုင် လာပါစေကွာ”။ ချင်ယွင်က လှောင်ပြောင်ပြီး ချိုင်ကော့၏ ဝမ်းဗိုက်ကို တိုက်ရိုက် ရိုက်လိုက်ပြီး သူ၏ ဒန်တန်ကို ချက်ခြင်း ဖျက်ဆီး ပစ်လိုက်သည်။ ထို့နောက် ထိုကြောက်မက်ဖွယ်ကောင်းသော မီးလုံးကြီးကိုလည်း ချိုင်ကော့၏ ခန္ဓာကိုယ်ထဲသို့ ပစ်ချလိုက်သည်။

“အား…”။

ချိုင်ကော့၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ချက်ချင်းပင် စိတ်ဆင်းရဲစွာ ထအော်တော့သည်။ ဤကြောက်မက်ဖွယ်ရာ မီးတောက်သည် အတွင်းရော အပြင်ပါ လောင်ကျွမ်းသွားပြီး ချိုင်ကော့၏ ခန္ဓာကိုယ်တစ်ခုလုံးကို မီးတောက်လောင်နေသော မီးလူသားအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားစေခဲ့သည်။

“အား….”။

ချိုင်ကော့၏ အော်သံက အဆုံးမရှိပေ။ ကြောက်မက်ဖွယ်ရာ မီးတောက်များက သူ၏တစ်ကိုယ်လုံးကို လောင်ကျွမ်းနေပြီး၊ ချက်ချင်းပင် သူ၏အရေပြားများ ကွဲထွက်ကာ မည်းနက်လာသည်။

ဤသည်မှာ ချင်ယွင် ထိန်းချုပ်ထားသော ကောင်းကင်မီးလျှံ ဖြစ်သည်။ အပူချိန်က ကြောက်စရာကောင်းလွန်းသည်။ သာမာန်မီးတောက်တွေနှင့် နှိုင်းယှဉ်၍မရသည်မှာ သေချာပါသည်။ ယခုအချိန်တွင်, အကယ်၍၊ ချိုင်ကော့၏ ကျင့်ကြံမူအခြေခံသည် ရှိနေသေးပါက, သူသည် ၎င်းအပူဒဏ်ကို ခံနိုင်ရည် ရှိကောင်းရှိပေလိမ့်မည်။ သို့သော် ယခုအခါ သူ၏ ဒန်တန်သည် သုံးစားမရဖြစ်သွားခဲ့ပြီး၊ သူသည် သာမန်သေမျိုးတစ်ဦး ထက်သာ အနည်းငယ် သန်မာပါတော့သည်။ ဤကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်မီးလျှံကြောင့် လောင်ကျွမ်းခြင်းကို သူ မည်သို့ ခံနိုင်ရည်ရှိမည်နည်း။

ပတ်ဝန်းကျင်ရှိ ဝိညာဉ်ကျောက်စိမ်းဂိုဏ်းမှ တပည့်များသည် ဤမြင်ကွင်းကို မြင်လိုက်ရလျှင်၊ သူတို့၏ နှလုံးသားများသည် ခုန်ပေါက်သွားကြသည်။ သူတို့သည် ချင်ယွင်ကို နတ်ဆိုးတစ်ကောင်ကို ကြည့်နေသကဲ့သို့ ကြည့်နေကြပါသည်။

ဖန်းရှောက်ယန်လည်း ဤမြင်ကွင်းကို ဗလာကျင်းနေသည့် မျက်လုံးတစ်စုံဖြင့် လုံးဝ စိုက်ကြည့်နေသည်။ ယခင်က သူသည် ချိုင်ကော့ကို မုန်းတီးနေသေးသော်လည်း ယခုအချိန်တွင် ချိုင်ကော့ကို ယခုလိုပုံစံမျိုးဖြင့် တွေ့လိုက်ရတော့ ယခင်ကနှင့် ထပ်တူကျသော ခံစားမူအရိပ်မြွက်ကိုပင် မခံစားရတော့ပေ။ ယင်းအစား သူ၏ ဦးရေပြားတွေသာ ထုံကျင်နေခဲ့သည်။

ချင်ယွင်သည် မီးလောင်ပြီး သေဆုံးလုနီးပါးဖြစ်နေသော ချိုင်ကော့ကို ကြည့်ကာ အေးစက်သော အပြုံးရိပ်တစ်ခုက သူ၏မျက်လုံးထဲတွင် ပေါ်လာသည်။ သူသည် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး သူ၏အသက်ကို အဆုံးမသတ်နိုင်စေရန် ချိုင်ကော့၏ ခန္ဓာကိုယ်ထဲသို့ အသက်စွမ်းအင်အချို့ ထည့်သွင်းလိုက်သည်။

"မဟုတ်ဘူး... ငါ့ကိုသတ်ပါ..။ ငါ့ကို သတ်လိုက်ပါ”။ ချိုင်ကော့က အရူးအမူး အော်ဟစ်လိုက်သည်။ ယခုလို ပူလောင်နေသည့် ခံစားမှုမျိုးက သူ့ကို အလွန်မင်း နာကျင်စေပါသည်။

"ဟမ့်၊ အခု မင်း ဘယ်လိုခံစားရလဲ သိပြီလား?။ ရန်ကျိဖန်း အပေါ်မှာ ဒီလိုမျိုး နှိပ်စက်ခဲ့တုန်းက မင်း ဘာလို့ မစဉ်းစားမိတာလဲ?။" ချင်ယွင်သည် သူ၏မျက်လုံးများတွင် သနားခြင်း အရိပ်အယောင် အနည်းငယ်မျှ မရှိဘဲ အေးစက်စွာ ပြောသည်။

ချိုင်ကော့၏ နှလုံးသားသည် စိတ်ပျက်အားငယ်မှုများနှင့် ပြည့်နှက်နေပြီး အော်ဟစ်သံများကိုသာ အဆက်မပြတ် ကြားနေရပါသည်။ သို့သော်, သူ သတိလစ်သွား သည့် အချိန်တိုင်းတွင် ထူးဆန်းသော စွမ်းအားတစ်ခု သူ၏ဦးနှောက်ထဲသို့ ထိုးသွင်း ဝင်ရောက်လာကာ သူ၏အသိစိတ်ကို ကြည်လင်လာစေသည်။ အသက်မရှင်သန်နိုင်ဘဲ သေခြင်းတရားကို တောင်းပန်နေရသည့် ခံစားချက်မျိုးက သူ့ကို ချက်ချင်း သေစေချင်ပါ သည်။

"ရပ်လိုက်တော့, ငါ့သခင်လေးကို မြန်မြန်လွှတ်လိုက်စမ်း..."

ထိုအချိန်တွင် ကောင်းကင်ယံမှ ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာသည်။ ပုံရိပ်တစ်ခုသည် အဝေးမှ ပျံသန်းလာခဲ့ပြီး သူ၏ကိုယ်ပေါ်ရှိ ပြင်းထန်သော စွမ်းအင် အတက်အကျလှိုင်းများဖြင့် ချင်ယွင်ဆီသို့ ဦးတည်သွားလေသည်။

ချင်ယွင် ပျံလွင့်လာသော အသံကြားရာဆီသို့ လှည့်ကြည့်လိုက်သော်လည်း သူ၏ မျက်လုံးထဲတွင်မူ အပြုံးရိပ်တစ်ခု ပေါ်လာပါသည်။ သူက သူ့ကိုယ်သူ ရေရွတ်လိုက်သည် “ ပြပွဲကောင်းတွေက အခုမှ စတင်တော့မယ်”။

All Chapters