အခန်း ၉၄၇
Vol. 64 Ch. 947
အခန်း (၉၄၇) ခင်ဗျားက အရည်အချင်းမပြည့်မှီဘူး။
ဘန်း…။
ထိုလူသည် ချက်ချင်း တိုက်ခိုက်လိုက်သည်။ သူ၏ဝတ်စုံလက်မောင်းက လှုပ်ယမ်းသွား ခဲ့ပြီး၊ သဲတွေထဲမှ မုန်တိုင်းတစ်ခုက လုံးလုံးလျားလျား ဖြစ်ပေါ်လာသော လှိမ့်တက်လာ လေသည်။ ၎င်းသဲမုန်တိုင်းသည် ဧရာမ နဂါးကြီးတစ်ကောင်အလား ချင်ယွင်ဆီသို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်လေသည်။
သဲအတွင်းပါရှိသော မယုံနိုင်လောက်အောင် ထူထပ်သိပ်သည်းသော စွမ်းအားနှင့် မြေစွမ်းရည်ဉပဒေသ၏ ကြောက်မက်ဖွယ် စွမ်းအင်အတက်အကျ လှိုင်းများသည် ရှောက်ရှိနေသူ လူတိုင်း၏မျက်နှာ အမူအရာများကို ပြောင်းလဲသွားစေခဲ့သည်။
ချင်ယွင်သည် သူ့ဆီသို့ ပြေးလာနေသော နဂါးကြီးကို သူ၏မျက်နှာပေါ်တွင် အပြုံးမပျက် လှမ်းကြည့်လိုက်ရင်း လက်သီးဖြင့် ထိုးပစ်လိုက်လေသည်။
“ဘုန်း…”။
ဖင်းဂေါ့ဂ်စွမ်းအား ပျံ့နှံ့ထွက်ပေါ်လာသည်နှင့် သဲများဖြင့် ဖန်တီးထားသော မြေနဂါး မုန်တိုင်းကြီးသည် ချက်ချင်းပင် လွင့်စင်သွားကာ သဲများသည် ကောင်းကင်ယံတွင် ပြည့်လျှံသွားလေသည်။
အစမှအဆုံးအထိ ချင်ယွင်၏ ရုပ်အသွင်က ရပ်တန့်နေခဲ့သည်။
ထိုရုပ်အသွင်သည် ချင်ယွင်နှင့် ပေတစ်ထောင်အကွာတွင် လွင့်မျောနေခဲ့သည်။ သူ၏ မျက်လုံးများက ချင်ယွင်ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။
ချင်ယွင်သည် အပြေးအလွှား ပြေးလာခဲ့သော ထိုပုံရိပ်ပိုင်ရှင်ကို ကြည့်လိုက်ရင်း သူ၏ မျက်လုံးများတွင် ခပ်ဖျော့ဖျော့ အပြုံးရိပ် ပေါ်လာပါသည်။
ဤသည်မှာ ဆံပင်ဖြူ အဘိုးကြီးတစ်ယောက် ဖြစ်သည်။ သူသည် အရပ်ရှည်ရှည်နှင့် ထူထပ်သော အငွေ့အသက်ကို ထုတ်လွှတ်နေကာ အဝါရောင် ၀တ်စုံကို ၀တ်ထားသည်။ သူသည် မြေစွမ်းရည် တော်ဝင်တာအိုဉပဒေသကို ကျင့်ကြံနေသည်မှာ ထင်ရှားပါသည်။
"ကြည့်စမ်းပါဦး။ အဲဒါက တော်ဝင်အကြီးအကဲပဲ။ တော်ဝင်အကြီးအကဲက ဒီကိစ္စကို သတိထားမိသွားမယ်လို့ ငါ မျှော်လင့်မထားဘူး။” အနီးနားရှိ တပည့်အချို့က ထိတ်လန့်စွာ အော်ပြောကြသည်။
"ဂိုဏ်းသခင်လေးက ဆိုးဆိုးရွားရွား ညှဉ်းပန်းနှိပ်စက် ခံနေရတဲ့အတွက် တော်ဝင် အကြီးအကဲလည်း သဘာဝအတိုင်း ထွက်လာရတော့တာပေါ့။ တော်ဝင် အကြီးအကဲက ဒီလူငယ်အတွက် ပြိုင်ဘက်ဟုတ်ပါ့မလားလို့ ငါ သိချင်မိတယ်။” တစ်စုံတစ်ယောက်က သူ၏ စိတ်နှလုံးထဲမှ သံသယများကို ထုတ်ဖော်လိုက်သည်။
"မင်းက တုံးအနေလို့လား?။ တော်ဝင်အကြီးအကဲက ဒီလူငယ်အတွက် ဘယ်လိုလုပ် မယှဉ်နိုင်ဘဲ နေမလဲ?။ တော်ဝင်အကြီးအကဲက အင်မော်တယ်ဧကရာဇ် တစ်ပိုင်းဖြစ်နေပြီ။ ကောင်းကင်တာအိုကို နားလည်ဖို့ ခြေတစ်လှမ်းသာ ဝေးကွာတော့တယ်။ သူက တော်ဝင် အကြီးအကဲအတွက် ပြိုင်ဘက် ဖြစ်နိုင်ပါ့မလား?" ထိုလူ၏ဘေးနားမှ လူက ချက်ချင်း ပြန်ပြောလိုက်သည်။
"မှန်ပါတယ်၊ ဒီကောင်က တော်ဝင်အကြီးအကဲနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ?။ သူက ဆယ်ကွက်တောင် လှုပ်ရှားနိုင်မှာ မဟုတ်ဘူး။ တော်ဝင် အကြီးအကဲရဲ့ သတ်ဖြတ်ခြင်းကို ခံရလိမ့်မယ်။" အခြားတပည့်ကလည်း နှိုင်းယှဉ်၍မရအောင် ရိုသေလေးစားဟန်ဖြင့် တော်ဝင် အကြီးအကဲကို စိုက်ကြည့်နေပါသည်။
သူတို့၏အမြင်တွင်၊ တော်ဝင် အကြီးအကဲသည် သူတို့ဂိုဏ်းခေါင်းဆောင် ပြီးနောက် ဒုတိယ အစွမ်းထက်ဆုံး ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ သူသည် နှစ်ထောင်သောင်းမက ကျင့်ကြံခဲ့ပြီးဖြစ်ကာ၊ မည်သည့်နေရာမှ ပေါ်ထွက်လာမှန်းမသိသော ဤလူငယ်သည် အနှစ်တစ်ထောင်အောက်သာ ကျင့်ကြံထားသည်မှာ ထင်ရှားပါသည်။ တော်ဝင် အကြီးအကဲအတွက် သူသည် မည်သို့ ပြိုင်ဘက် ဖြစ်နိုင်တော့မည်နည်း?။
ရန်ဘိုင်လင်းနှင့် ရှရှန်းယုတို့သည် ဤအရာအားလုံးကို မော့ကြည့်ပြီး ဘာမှ မပြောဘဲ နေလိုက်ကြသည်။
ဤအခိုက်တန့်ကြာ ဆက်ခံခြင်းမှတဆင့် ချင်ယွင်သည် သေချာပေါက် မဆင်မခြင်လုပ်တတ်သည့် လူစားမျိုး မဟုတ်ကြောင်းကို သူတို့လည်း သိထားကြသည်။ သူ လှုပ်ရှားပြီ ဆိုကတည်းက ကိုင်တွယ်ဖြေရှင်းရန် သေချာပေါက် ယုံကြည်မှုရှိ၍ ဖြစ်ပါသည်။ ထို့အပြင်၊ ချင်ယွင်၏ ခွန်အားသည် သူတို့ယုံကြည်ထားသလောက် မရိုးရှင်းကြောင်း သူတို့ အမြဲ ခံစားခဲ့ရသည်။
ဘန်း…။
ကောင်းကင်ယံ၌ ချင်ယွင်နှင့် ဝိညာဉ်ကျောက်စိမ်းဂိုဏ်း၏ တော်ဝင် အကြီးအကဲတို့သည် တစ်ဖက်နှင့်တစ်ဖက် မတ်တပ်ရပ်နေ၏။ သူတို့နှစ်ဦးကြားတွင် ဖြစ်ပေါ်လာသော ပြင်းထန်သော အငွေ့အသက်များသည် အဆက်မပြတ် အပြင်းအထန် တိုက်မိနေပြီး၊ လေဟာနယ်တစ်ခုလုံးကို အဆက်မပြတ် တုန်လှုပ်သွားစေသည်။
"ကောင်စုတ်လေး၊ မင်း ဂိုဏ်းသခင်လေးကို လွှတ်ပေးလိုက်ရင် ပိုကောင်းမယ်။ မဟုတ်ရင် မင်း ဒီနေ့ ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး..”။ တော်ဝင် အကြီးအကဲ လီယန်က အေးစက်စွာ ပြောလိုက်ပြီး သူ၏လေသံက ပြင်းထန်သော လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း အပြည့်ရှိနေပါသည်။
ချင်ယွင်သည် လီယန်၏ စကားကိုကြားသောအခါ သူ၏ ပါးစပ်ထောင့်မှ အေးစက်သော အပြုံးတစ်ခု ချက်ချင်း ထွက်ပေါ်လာပြီး၊ သေခါနီးဆဲဆဲဖြစ်နေသည့် ချိုင်ကော့ကို သူ၏လက်ထဲဖြင့် မမြှောက်လိုက်သည်။
"ခင်ဗျားက ကျုပ်ကို ခင်ဗျားတို့ဂိုဏ်းရဲ့ ဂိုဏ်းသခင်လေးကို လွှတ်ပေးစေချင်တယ်ဆိုရင်, ခင်ဗျား လုပ်နိုင်တာက ခင်ဗျားရဲ့ဂိုဏ်းခေါင်းဆောင်ကို ကိုယ်တိုင်ကိုယ်ကျ လာတောင်းဆို ဖို့ တစ်ယောက်ယောက်ကို စေခိုင်းလိုက်ပါ။ ခင်ဗျားကိုယ်တိုင် တောင်းဆိုဖို့က ခင်ဗျားမှာ အရည်အချင်း မပြည့်မီဘူး။" ချင်ယွင်က သူ၏ပါးစပ်ထောင့်စွန်းကို အနည်းငယ် ပင့်ပြီး ပြောလိုက်သည်။ သူ၏လေသံက အနှိုင်းမဲ့ အေးစက်ပြီး မောက်မာလွန်းသည်။
ကွင်းပြင်ထဲတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ ဤလူငယ်သည် မာနကြီးလွန်းသည်ဟု အားလုံးက ခံစားမိကြသည်။ သူတို့၏တော်ဝင် အကြီးအကဲသည်ပင် အရည်အချင်း မပြည့်မီကြောင်း သူက အမှန်တကယ် ပြောနေခဲ့သည်။
လီယန်၏ မျက်လုံးများသည်လည်း ဒေါသများဖြင့် ဝင်းလက်တောက်ပလာသည်။ ဂိုဏ်းထဲ တွင် သူ၏အဆင့်အတန်းသည် လူတစ်ယောက်အောက်သာ နိမ့်ကျပါသည်။ လူတစ်သောင်းအထက်မှာရှိနေသည့် ဂိုဏ်းတစ်ခုလုံးတွင် သူ့ကို မည်သူမျှ မရိုမသေ မပြုဝံ့ကြပေ။ ဂိုဏ်းခေါင်းဆောင်တောင်မှ သူ့ကို မည်သည့်အခါမျှ မျက်နှာလွှဲခြင်းမျိုး မရှိခဲ့ပေ။ ယခုချိန်မှာတော့ သူက အရည်အချင်း မပြည့်မီဟု ကောင်စုတ်လေး တစ်ယောက်မှ ပြောနေခဲ့သည်။ ဤအရာက သူ၏နှလုံးသားထဲတွင် ပြင်းထန်သော အမျက်ဒေါသကို ဖြစ်ပေါ်စေခဲ့သည်။
"ကောင်စုတ်လေး၊ မင်းက တကယ်ကို မောက်မာတာပဲ။ ဒီနေ့ ငါ မင်းကို အဲဒီလိုပြောဆိုဖို့ အရည်အချင်းရှိတဲ့အကြောင်း ငါ ပြောပြမယ်။" လီယန်က ကျယ်လောင်စွာ အော်ဟစ် လိုက်သည်။ သူ၏အကြည့်တွေကလည်း ခက်ထန်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ မြေစွမ်းရည် တော်ဝင်တာအို ဉပဒေသများသည် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုတစ်ခုကို အစပျိုးတော့မည့်အလား အဆက်မပြတ် ပျံ့နှံ့ထွက်ပေါ်လာနေပြီး တုန်လှုပ်သွားကြသည်။
"ပထမ အကြီးအကဲ ဒေါသပေါက်ကွဲသွားပြီ။ ဒီကောင်လေးတော့ သေပြီပဲ။"
"မှန်ပတယ်။ တော်ဝင်အကြီးအကဲရဲ့ မြေစွမ်းရည် တော်ဝင်တာအိုဉပဒေသက ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိနေခဲ့တာ ကြာလှပြီ၊ သူတို့ရဲ့ စွမ်းအားက အလွန်မင်း ကြီးမားလှတယ်။ ဒီကောင်လေးတော့ အဲဒီစွမ်းအားကို ခုခံနိုင်စွမ်း ရှိမှာမဟုတ်ဘူး။"
သိပ်မကြာခင်မှာဘဲ ချင်ယွင်သည် တော်ဝင်အကြီးအကဲ၏ သတ်ဖြတ်ခြင်းကို ခံရတော့မည့်အတိုင်း ကွင်းဘေးပတ်ဝန်းကျင်မှ တပည့်တွေအားလုံး ဆွေးနွေးပြောဆို နေကြပါသည်။
"သေလိုက်တော့..”။ တော်ဝင်အကြီးအကဲ လီယန်က ကျယ်လောင်စွာ အော်ဟစ်လိုက် သည်။ သူ၏နောက်ကျောဘက်မှ သဲတွေက ချက်ချင်း မြင့်တက်လာခဲ့ပြီး ချင်ယွင်ဆီသို့ ပြင်းပြင်းထန်ထန် ရိုက်ခတ်လာသည့် လက်ဖဝါးကြီးတစ်ခုအသွင် ဖြစ်ပေါ်လာပါသည်။ သဲများမှဖြစ်ပေါ်လာသော လက်ဖဝါးကြီးသည် ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားကို သယ်ဆောင်လာပြီး၊ ၎င်းမှ ဖန်တီးထားသော အငွေ့အသက်သည် ပြင်းထန်သော လေပြင်းများကို ဖြစ်ပေါ်စေသည်။
ချင်ယွင်သည် လေထဲတွင် နတ်တောင်ကဲ့သို့ တည်ငြိမ်စွာ ရပ်နေသည်။ သူသည် သူ့ဆီသို့ ရိုက်ချလာနေသော သဲလက်ဖဝါးကြီးကို တိတ်တဆိတ် ကြည့်ရင်း အကာအကွယ် အနည်းငယ်မျှ မထုတ်ဘဲ နေလိုက်သည်။
"ဒီကောင်က သေချင်နေတာလား?။ ဒါမှမဟုတ် အကြောက်လွန်ပြီး တုံးအသွားတာ လား?။" ချင်ယွင် အမှန်တကယ် မည်သည့်ခုခံမှုမှ မလုပ်သည်ကို တပည့်တွေ မြင်သော အခါ, သူတို့အားလုံး ထိတ်လန့်သွားကြသည်။
ရှရှန်းယုနှင့် ရန်ဘိုင်လင်းတို့၏ မျက်လုံးများပင်လျှင် အံ့အားသင့်ဟန် အမူအရာများကို ထုတ်ဖော်လာကြသည်။ ချင်ယွင်သည် အဘယ်ကြောင့် ခုခံကာကွယ်မှု မပြုလုပ်သည်ကို သူတို့ နားမလည်ခဲ့ကြသည်မှာ ထင်ရှားပါသည်။
ကြောက်မက်ဖွယ်ကောင်းသော သဲလက်ဖဝါးကြီးသည် အလွန်လျင်မြန်ပြီး၊ ချင်ယွင်၏ ရှေ့သို့ ချက်ချင်း ရောက်ရှိလာခဲ့သည်။ ထို့နောက် ကောင်းကင်တုန်ခါပြီး ကမ္ဘာမြေ အက်ကွဲလောက်သည့် အရှိန်ဟုန်ဖြင့် ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်သို့ ရိုက်ချလိုက်လေသည်။
ဤမြင်ကွင်းကို လူတိုင်း မြင်လိုက်ရသောအခါ ချင်ယွင်သည် လုံးဝ သေဆုံးသွားပြီဟု ခံစားလိုက်ရသည်။
အဝေးမှ လီယန်၏ ပါးစပ်ထောင့်စွန်းများက မထီမဲ့မြင် ကဲ့ရဲ့ဟန်ကို ထင်ရှားပေါ်လွင်စေ သည်။ သာမန် တော်ဝင်တာအိုနယ်ပယ်၏ ပြီးပြည့်စုံခြင်းအဆင့် ကျွမ်းကျင်သူပင်လျှင် သူ၏လက်ဖဝါးကို အတင်းအကျပ် ခံယူဝံ့မည် မဟုတ်ပေ။ အကယ်၍၊ ဤလူငယ်သည် သူ၏လက်ဖဝါးရိုက်ချက်ကို လုံးဝ ခံနိုင်ရည်ရှိလျှင်ပင် ဤလူငယ် သေရမည်မှာ သေချာပါသည်။
ဘန်း…။
သို့သော် ထိုအခိုက်အတန့်တွင် ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ ချင်ယွင်သည် ဤလက်ဖဝါး ရိုက်ချက်ဖြင့် ရိုက်နှက်ခံရသည့် မြင်ကွင်းမျိုး ဖြစ်ပေါ်မလာခဲ့ ပေ။ ယင်းအစား သဲနှင့်ကျောက်တုံးများမှ ဖြစ်ပေါ်လာသော ဧရာမလက်ဖဝါးကြီးသည် ချင်ယွင်၏ ခန္ဓာကိုယ်ပေါ် ကျရောက်လာသည့် အခိုက်အတန့်မှာ လှိုင်းလုံးကြီးတစ်ခုက ကျောက်တုံးကြီးကို ရိုက်ခတ်သွားသည့်အလားပင်။ ၎င်းသည် ပေါက်ကွဲသွားသော်လည်း၊ ပေါက်ကွဲမှုကြောင့် ချင်ယွင်၏ ခန္ဓာကိုယ်ကို လုံးဝ လှုပ်ခါစေခြင်းမျိုး မဖြစ်ပေါ်စေခဲ့ပါ။ (လှိုင်းလုံးကြီးက ကျောက်တုံးကြီးကို ရိုတ်ခတ်သွားသော်လည်း ကျောက်တုံးကြီးက လှုပ်ခါခြင်းမျိုး မရှိခဲ့သလို လက်ဖဝါးရိုက်ချက်က ချင်ယွင်အပေါ် ကျရောက်သွားသော် လည်း မည်သည့်လှုပ်ခါမူမှ မရှိဟူလို)။
"ဘယ်လို...ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?" ထိုမြင်ကွင်းကို မြင်လိုက်ရတော့ အားလုံး အံ့ဩသွားကြပါသည်။
ကောင်းကင်မှာ သဲနှင့် ကျောက်တုံးတွေ အစိပ်စိပ်မွှာမွှာ ပြိုကွဲသွားခဲ့ပြီး သဲနှင့် ကျောက်ခဲမိုးက တပည့်တွေအပေါ်ကို ဆက်တိုက် ကျဆင်းလာသည်။ သို့သော် သူတို့ အားလုံးသည် သဲနှင့်ကျောက်တုံးများကို တွန်းလှန်ရန် မေ့လျော့ခဲ့ကြပြီး၊ ကြောင်တက်တက် အမူအရာဖြင့် ရှိနေကြကာ၊ သဲနှင့် ကျောက်ခဲမိုးက သူတို့အပေါ် ကျဆင်းလာသည်ကို ခွင့်ပြုလိုက်ရသည်။
တော်ဝင်အကြီးအကဲ လီယန်သည် ခန္ဓာကိုယ်တစ်ခုလုံးကို နဂါးကြီးတစ်ကောင် လျှောက်လှမ်းနေဟန် ခရမ်းရောင် အလင်းအလွှာတစ်ခုဖြင့် ဖုံးအုပ်ထားသော ချင်ယွင်ကို ကြည့်လိုက်ချိန်မှာ, သူ၏မျက်နှာသည် မယုံကြည်နိုင်သည့် အမူအရာများဖြင့် ပြည့်နှက်နေပြီး၊ သူ၏မျက်လုံးများသည် ထိတ်လန့်ခြင်းအပြင် ကြောက်ရွံ့မှုများဖြင့်ပါ ပြည့်နှက်နေသည်။
မှန်ပါသည်။ လီယန်သည် အမှန်တကယ်ပင် ကြောက်လန့်သွားခဲ့သည်။ သူ၏ရှေ့မှ ဤလူငယ်က ထုတ်လွှတ်လိုက်သည့် ကြောက်မက်ဖွယ်အငွေ့အသက်သည် ရှေးခေတ်က ရှေးဟောင်း နတ်နဂါးတစ်ကောင် ထွက်ပေါ်လာသည်အတိုင်းပင်။ သူ၏ အေးစက်သော အကြည့်များက ကမ္ဘာကြီးကိုပင် အထင်မြင်သေးနေပုံရပါသည်။
ဘန်း…။
ထိုအချိန်တွင် လီယန်သည် သူ၏နောက်မှ စူးရှသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာ သည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ ထို့နောက် အဝေးမှာရှိနေသည့် လူငယ်သည် ပျောက်ကွယ်သွားသည်ကို သူ တွေ့ရှိလိုက်ရပါသည်။
ရုတ်တရက် လှည့်ကြည့်လိုက်တော့ လီယန်သည် သူ၏မျက်လုံးရှေ့တွင် ချက်ချင်းပင် ကြီးထွားလာသည့် ခြေဖဝါးကြီးကို မြင်လိုက်ရပါသည်။ သူ့ကို တုံ့ပြန်ရန် အချိန် အနည်းငယ်မျှ မပေးဘဲ ထိုခြေဖဝါးကြီးက သူ၏မျက်နှာပေါ်သို့ ပြင်းထန်စွာ တွယ်ကပ်သွား ပါသည်။
“ဘုန်း…”
လီယန်၏ ခန္ဓာကိုယ်တစ်ခုလုံး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားခဲ့သည်။ ဥက္ကာပျံတစ်စင်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားသကဲ့သို့ မြေပြင်ပေါ်တွင် ကြီးမားသော တွင်းနက်ကြီးတစ်ခု အမှန်တကယ် ဖြစ်ပေါ်လာခဲ့သည်။
“ဘုန်း..”။
ချက်ချင်းဆိုသလိုပင်၊ နောက်ထပ် ကျယ်လောင်သည့် ပေါက်ကွဲသံတစ်ချက် ထပ်မံ ထွက်ပေါ်လာပါသည်။ ဤအသံက ယခင်အသံထက် ဆယ်ဆ ပိုကြောက်စရာကောင်း သည်။
ချင်ယွင်သည် ချိုင်ကော့၏ လက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ကြောက်မက်ဖွယ် ကောင်းသော အရှိန်ဖြင့် ကောင်းကင်ယံမှ ပြင်းထန်စွာ ပစ်ဆင်းလိုက်ကာ ခြေတစ်ချောင်း က လီယန်၏ ရင်ဘတ်ပေါ်သို့ ပြင်းထန်စွာ နင်းချလိုက်ပါသည်။
တခဏအတွင်းမှာပင်, ဤကြောက်စရာကောင်းသည့် ခြေဆောင့် နင်းချက်ကြောင့် ကျောက်စိမ်းရင်ပြင် တစ်ခုလုံး ပြိုကျသွားပြီး တောင်ထိပ်တစ်ခုလုံးလည်း ပြိုဆင်းသွားခဲ့ သည်။