အခန်း ၉၄၈
Vol. 64 Ch. 948
အခန်း (၉၄၈) ဝိညာဉ်ကျောက်စိမ်းဂိုဏ်း၏ ခေါင်းဆောင်။
“ဝုန်း..”။
ကျောက်စိမ်းရင်ပြင် တည်ရှိရာ တောင်ထွတ်တစ်ခုလုံးသည် ချင်ယွင်၏ ခြေဆောင့်နင်း ချက် အောက်တွင် ပြိုကျသွားခဲ့သည်။
ဤမြင်ကွင်းကို ကြည့်ရင်း လူတိုင်း အံသြသွားကြသည်။ ဤတောင်တန်းများအားလုံးကို အစီအရင်ဝင်္ကပါများဖြင့် တည်ဆောက်ထာင်းဖြင့် ထောက်ပံ့ပေးထားခဲ့သည်။
အင်မော်တယ် ဧကရာဇ်တစ်ပါး၏ ခွန်အားမရှိလျှင် ဤတောင်တန်းများကို ပြိုကျစေရန် မဖြစ်နိုင်ပေ။ သို့သော် သူတို့ရှေ့မှ ဤလူငယ်သည် ခြေတစ်ချက် ဆောင့်နင်းရုံဖြင့် တောင်ထိပ်များ ပြိုကျသွားခဲ့သည်။
တော်ဝင်အကြီးအကဲ လီယန်အတွက်ကတော့ အသက်ရှင်ဖို့ အခွင့်အလမ်း လုံးဝ မရှိခဲ့ပါ ဘူး။ ထိုကြောက်မက်ဖွယ် စွမ်းအားသည် သူ့အပေါ် သက်ရောက်ခဲ့ပြီး အသားဗွက်အိုင် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူ၏အလောင်းကို တောင်ထိပ်ပြိုကျမှုနှင့်အတူ မြှုပ်နှံသွားခဲ့ပြီ။
"ခင်ဗျားက အရည်အချင်း မပြည့်မီဘူးလို့ ကျုပ် ပြောခဲ့သားပဲ။ ခင်ဗျားက ကျုပ်ကို ယုံမှမယုံကြည်ခဲ့တာ။ အခု ကျုပ်က ခင်ဗျားကို သေတဲ့အထိ နင်းသတ်လိုက်ပြီဆိုတော့ ခင်ဗျား ယုံလောက်ပါပြီလေ” ချင်ယွင်သည် ဖုန်မှုန့်များ ထူထပ်စွာ ပျံ့လွင့်နေသော အပျက်အစီးများကို ကြည့်ရင်း အထင်သေးစွာ ပြောလိုက်သည်။ သူသည် လေထဲတွင် မတ်တတ်ရပ်နေကာ သူ၏ခန္ဓာကိုယ်သည် အဆုံးမဲ့ လွှမ်းမိုးနိုင်စွမ်းကြီးမားသော အငွေ့အသက်ကို ထုတ်လွှတ်နေခဲ့သည်။
အကယ်၍, လီယန်သာ ယခုအချိန်တွင် အသက်ရှင်နေပါက၊ သူသည် ချင်ယွင်၏ စကားကြောင့် ဒေါသထွက်နေပေလိမ့်မည်။ အဝေးမှ တပည့်များသည်လည်း ပြောစရာ စကားမဲ့နေသည့် အမူအရာများ ဖြစ်ပေါ်နေကြသည်။
"ငါ့ဝိညာဉ်ကျောက်စိမ်းဂိုဏ်းမှာ ဘယ်သူက ရိုင်းစိုင်းကြမ်းတမ်းစွာ ပြုမူရဲနေလဲ?။"
သို့သော် ထိုအချိန်တွင် ကောင်းကင်ယံ၌ ကျယ်လောင်ပြီး ကြည်လင်ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာသည်။ အင်မော်တယ် ဧကရာဇ်တစ်ပါး၏ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားက လေထဲတွင် ပျံ့နှံ့သွားပြီး၊ ချင်ယွင်ဆီသို့ နတ်ဘုရားတောင်ကဲ့သို့ ဖိနှိပ်လာခဲ့ပြီး သူ့ကို ဖိအားများဖြင့် ဖိနှိပ်လိုပုံရသည်။
အဝေးတွင်၊ ရှရှန်းယုနှင့် ရန်ဘိုင်လင်းတို့၏ အမူအရာများလည်း ပြောင်းလဲသွားကြကာ၊ ချင်ယွင်ကို ကြည့်နေသည့် သူတို့၏ အကြည့်များတွင် စိုးရိမ်သည့် အမူအရာများ ဖြစ်ပေါ်လာသည်။
အင်မော်တယ် ဧကရာဇ်တစ်ပါး၏အစွမ်း….၊ ဤသည်မှာ ဝိညာဉ်ကျောက်စိမ်းဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ကိုယ်တိုင် လှုပ်ရှားမှု ဖြစ်သည်။
ချင်ယွင်၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ရှိနေသေးသည်။ ဤအချိန်ကို သူ စောင့်နေခြင်း ဖြစ်သည်။ အရင်က သူလုပ်ခဲ့သမျှ အရာအားလုံးသည် ဝိညာဉ်ကျောက်စိမ်း ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်နှင့် သခင်ချီဆိုသူတို့ အပြင်ထွက်လာအောင် ဆွဲဆောင်ရန် ဖြစ်သည်။
"ဟမ့်၊ ခင်ဗျားလို သေးငယ်တဲ့ အင်မော်တယ် ဧကရာဇ်တစ်ပါးက ခင်ဗျားအင်အားလေးနဲ့ ကျုပ်ကို ဖိနှိပ်ဖို့ ကြိုးစားနေခဲ့တယ်။ ခင်ဗျားကို ကိုယ့်ကိုယ်ကို အရမ်းကို အထင်ကြီးနေရာ မရောက်ဘူးလား?”။
ချင်ယွင်က အေးစက်စွာ အော်ဟစ်လိုက်ပြီးနောက် နဂါးနတ်ဘုရား၏ ကြောက်မက်ဖွယ် အငွေ့အသက်များက ရုတ်တရက် ထွက်ပေါ်လာပြီး၊ အင်မော်တယ် ဧကရာဇ်၏ ဖိနှိပ် ချုပ်ချယ်မှုအား ပြင်းထန်စွာ တားဆီးပိတ်ဆို့ထားသည်။
“သူက အင်မော်တယ် ဧကရာဇ်တစ်ပါး ဖြစ်နေတော့ရော ဘာဖြစ်လဲ?။ သူသည် ရှေးဟောင်းနဂါးနတ်ဘုရား၏ စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ထားသည်။ ထို့အပြင်၊ သူသည် ကနဦးစကြဝဠာ၏ အရှင်သခင်လည်း ဖြစ်သည်။ သူ၏ စိတ်ဝိညာဉ်သည် သာမန် အင်မော်တယ် ဧကရာဇ်များ လှုပ်ခတ်နိုင်သော အရာမဟုတ်တော့ပေ။ သာမာန် အကြီးမြတ်ဆုံး အင်မော်တယ် ဧကရာဇ်များပင်လျှင် ဖိအားကို အားကိုးရုံမျှဖြင့် ချင်ယွင်ကို သြဇာလွှမ်းမိုးရန် ခက်ခဲပေလိမ့်မည်။
ကောင်းကင်နှင့်မြေကြီးသည် ပြောင်းလဲသွားကာ ပတ်ဝန်းကျင်ရှိ ဝိညာဉ်ကျောက်စိမ်း ဂိုဏ်း၏ တပည့်များ အားလုံးသည် ပြင်းထန်သော ဖိအားကို ခံစားခဲ့ရသည်။ ယခုလို ဖိအားမျိုးက သူတို့ကို မြေပြင်ပေါ် ပြားပြားဝပ်ပြီး ဒူးထောက်စေချင်စိတ် ဖြစ်ပေါ်စေသည်။
ရှရှန်းယုပင်လျှင် အနည်းငယ် မျက်မှောင်ကြုတ်ကာ သူမ၏ အဝတ်စားများက တဖျပ်ဖျပ် ခတ်နေသည်။ သိသာထင်ရှားသည်၊ ဤပြင်းထန်သော အင်မော်တယ်ဧကရာဇ်၏စွမ်းအား သည် သူမကို အလွန်စိတ်မသက်မသာ ဖြစ်စေခဲ့သည်မှာ ထင်ရှားသည်။
သို့သော် ချင်ယွင်၏ခါးသည် ကောင်းကင်ယံတိုင် တည့်တည့်မတ်မတ် ထိုးညွှတ်ထားသည့် ထက်ရှသော ဓားတစ်ချောင်းကဲ့သို့ ဖြောင့်တန်းနေ၏။ သူ၏ပတ်ဝန်းကျင်ရှိ ကြောက်စရာကောင်းသည့် ဖိအားတွေက သူ့ကို နည်းနည်းလေးမှ မထိခိုက်စေပါဘူး။
ဝှီး….။
ပုံရိပ်တစ်ခုသည် လေထဲတွင် လျင်မြန်စွာ လွင့်ပျံလာခဲ့ပြီး ချင်ယွင်၏ ရှေ့တွင် ချက်ချင်း ပေါ်လာခဲ့သည်။ သူသည် ချိုင်ကော့ကို ကယ်တင်လိုသည်မှာ ထင်ရှားသည်။
ဤလူ၏အရှိန်ဟုန်သည် လျှပ်တစ်ပြက်အချိန်အတွင်း ဖြတ်သန်းသွားသော ဥက္ကာပျံကဲ့သို့ အလွန်မြန်သည်။
ချင်ယွင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားကာ ဤပုံရိပ်ကို သူ တွေ့ရှိခဲ့သည်။
"ဟမ့်၊ ခင်ဗျားက သူ့ကို ကျုပ်လက်ကနေ ကယ်တင်ချင်တာလား?။ ကျုပ်ရဲ့ ထင်မြင်ချက်ကိုရော ခင်ဗျား မေးဖူးလား?" ချင်ယွင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး၊ သူ၏လက်ကို ဓားအဖြစ် အသုံးပြုကာ ထက်ရှသော ထိုအလင်းတန်းကို ချက်ချင်း ခုတ်ပိုင်းလိုက်သည်။
ထိုလူသည် အနည်းငယ် ထိတ်လန့်သွားပြီး မူလက ချိုင်ကော့ကို ဆုပ်ကိုင်တော့မည့် သူ၏ လက်ကို ချက်ချင်း ပြန်ရုတ်သွားပြီး ထိုဓားစွမ်းအင်ကို တိုက်ထုတ်လိုက်ရသည်။
“ဘုန်း…”။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ချင်ယွင်၏ ပြင်းထန်သော ဓားအလင်းသည် ထိုလူ၏စွမ်းအားနှင့် အပြင်းအထန် ထိပ်တိုက် ဆုံမိပြီး အားကောင်းသော စွမ်းအင်မုန်တိုင်း တစ်ခု ဖြစ်ပေါ်လာသည်။
ချင်ယွင်သည် ချိုင်ကော့၏ ရုပ်အသွင်ကို ဖမ်းကိုင်လိုက်ပြီး၊ အဝေးသို့ လွင့်မျောပျံသန်းကာ ထိုတိုက်ခိုက်လာသူအား လှမ်းကြည့်လိုက်ပါသည်။
ခရမ်းရောင်ဝတ်ရုံကို ၀တ်ဆင်ထားသော အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် အဝေးမှာ လွင့်မျောနေရင်း အင်မော်တယ် ဧကရာဇ်တစ်ပါး၏ ပြင်းထန်သော အငွေ့အသက်ကို ထုတ်လွှင့်နေကာ အလွန်ဂုဏ်သိက္ခာကြီးမားသော ခံစားချက်ကို ပေးစွမ်းနေသည်။
"ဂိုဏ်းခေါင်းဆောင်… ဂိုဏ်းခေါင်းဆောင်ကိုယ်တိုင် ဒီနေရာကို ရောက်လာခဲ့ပြီ”။ ပတ်ဝန်းကျင်မှ တပည့်များသည် ထိုအသက်လတ်ပိုင်းအရွယ် အမျိုးသားကို မြင်သောအခါ တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်ကြသည်။
မှန်ပါသည်။ ထိုလူကတော့ ဝိညာဉ်ကျောက်စိမ်းဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် ချိုင်ကော့၏ ဖခင် ချိုင်ကျန်းဖေး ဖြစ်ပါသည်။ သူသည် ဝိညာဉ်ကျောက်စိမ်းဂိုဏ်း၏ တစ်ခုတည်းသော အင်မော်တယ် ဧကရာဇ်တစ်ပါးလည်း ဖြစ်ပြီး သူ၏ခွန်အားသည် ကောင်းကင်တာအို နယ်ပယ်၏ အင်မော်တယ် ဧကရာဇ်အဆင့်သို့ ရောက်ရှိနေခဲ့ပါပြီ။
ချင်ယွင်သည် ချိုင်ကျန်းဖေးကို ကြည့်ကာ သူ၏မျက်လုံးထဲတွင် အပြုံးရိပ်တစ်ခု တောက်ပ လာသည်။ "ချိုင်ကျန်းဖေး၊ ခင်ဗျား ပေါ်လာပြီဆိုတော့ သခင်ချီလို့ ခေါ်တဲ့လူလည်း အနီးအနားမှာ ရှိနေမှာကို ကျုပ် ကြောက်မိပါတယ်။"
ဘန်း…။
ဟုတ်ပါသည်၊ ချင်ယွင်၏ အတွေးတွေ ထုတ်ပြောလာချိန်မှာ ချိုင်ကျန်းဖေး၏ အနားရှိ လေဟာနယ် ကွဲအက်သွားပါသည်။ အဖြူရောင် ၀တ်စုံဝတ်ထားသည့် အသက်လတ်ပိုင်း အရွယ် အမျိုးသားတစ်ဦးသည် အတွင်းမှ ထွက်လာခဲ့ပြီး၊ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာ သော အင်မော်တယ် ဧကရာဇ်တစ်ပါး၏ အငွေ့အသက်သည် ချိုင်ကျန်းဖေးထက်ပင် ကြီးမားပါသည်။
"နောက်ထပ် အင်မော်တယ် ဧကရာဇ်တစ်ပါးလား?" ထိုတပည့်များသည် သခင်ချီ၏ တည်ရှိမှုကို မသိကြသောကြောင့်၊ ထိုပုံရိပ်ကို မြင်သောအခါတွင် သူတို့၏မျက်နှာများသည် အံ့သြခြင်း အမူအရာများ ထွက်ပေါ်လာသည်။
ရန်ဘိုင်လင်းနှင့် ရှရှန်းယုတို့သည် ချက်ချင်းပင် မျက်မှောင်ကြုတ်သွားကြပါသည်။ အထူးသဖြင့် ရှရှန်းယုသည် ဤအဖြူရောင်ဝတ် အမျိုးသားအပေါ်မှ ထွက်ပေါ်နေသော အငွေ့အသက်သည် မည်မျှ ကြီးမားသည်ကို သူမ ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။
ဤလူ၏ ကျင့်ကြံမှုအဆင့်သည် အနည်းဆုံး ကောင်းကင်တာအို နယ်ပယ်၏ တတိယ အဆင့်ထက် ဖြစ်ကြောင်း သူမ ရဲဝံ့စွာ အတည်ပြုနိုင်သည်။ ချင်ယွင်ကို ပြန်ကြည့်လိုက် လျှင်၊ သူသည် အလွန်တည်ငြိမ်နေသဖြင့် သူမ အလွန်စိတ်ရှုပ်ထွေးသွားခဲ့သည်။
"သူက ကောင်းကင်တာအိုနယ်ပယ်ရဲ့ တတိယအဆင့် အင်မော်တယ် ဧကရာဇ်တစ်ပါးကို တိုက်ထုတ်ဖို့ တကယ်ပဲ ခွန်အားရှိနေတာလား?" ရှရှန်းယုက သူမကိုယ်သူမ တွေးနေမိသည်။ ချင်ယွင်နှင့် ပို၍ရင်းနှီးလာလေ သူ့ကို မမြင်နိုင်လေပင် ဖြစ်သည်။ ချင်ယွင် သည် သူမ မှန်းဆ၍မရသည့် အောက်ခြေမဲ့ တွင်းနက်ကြီးတစ်ခုလိုပင်။
"ခင်ဗျားက သခင်ချီ ဆိုသူလား?" ချင်ယွင်က အဖြူရောင်ဝတ်စုံဝတ် အသက်လတ်ပိုင်း အရွယ် အမျိုးသားကို ကြည့်ကာ ပြုံးပြုံးလေး ပြောလိုက်သည်။
"အိုး? မင်းက ငါ့ကို သိနေတာလား?" အဖြူရောင်ဝတ် အမျိုးသားက တခစ်ခစ် ရယ်ပြီး မေးသည်။
"ကျုပ် မသိပါဘူး။ ဒါပေမယ့် ကျုပ်ရဲ့ညီအစ်ကိုကို ဖမ်းခံရပြီး ရန်ကလန်ကလည်း ကပ်ဘေးဒုက္ခကြီးကို ခံစားခဲ့ရတယ်။ ဒါတွေအားလုံး ခင်ဗျားကြောင့်ပဲ မဟုတ်လား?။ ရန်ကလန်ရဲ့ရတနာကို လိုချင်တဲ့ မင်းရဲ့ လောဘကြောင့်သာ မဟုတ်ရင်၊ သူတို့ကရော ရန်ကလန်ကို ဉီးတည်ပြီး ဘယ်လိုလုပ် ဦးဆောင်တိုက်ခိုက်မှာလဲ?” ချင်ယွင်က အေးစက်သော အပြုံးဖြင့် မေးသည်။
ရန်ကလန်သည် ရန်မြို့တော်တွင် အကြီးဆုံးမျိုးနွယ် ဖြစ်သော်လည်း ဖန်းကလန်နှင့် ဝိညာဉ်ကျောက်စိမ်းဂိုဏ်းထက် များစွာ အားနည်းနေပါသေးသည်။ ပုံမှန်အတိုင်းဆိုလျှင် ဖန်းကလန်နှင့် ဝိညာဉ်ကျောက်စိမ်းဂိုဏ်းတို့သည် ရန်ကလန်ကို အာရုံစိုက်မည် မဟုတ်ပါ။ အခု ရန်ကလန် ဤဘေးဆိုးကို ခံစားခဲ့ရခြင်းသည် သူတို့ရှေ့တွင် ထွက်ပေါ်လာခဲ့သော သခင်ချီဆိုသူကြောင့် ဖြစ်ပါသည်။
အမှန်တကယ်ဆို၊ သူသည် ရန်ဘိုင်လင်းဆီကို ကိုယ်တိုင်ကိုယ်ကျ သွားတောင်း၍ပင် ရပါသည်။ သူ၏ခွန်အားနှင့် အဆင့်အတန်းကြောင့် ရန်ဘိုင်လင်းသည် သူ့ကို ပွေ့ဖက် ကြိုဆိုရန်အတွက် မျိုးနွယ်စု၏ ရတနာများကို သေချာပေါက် လွှဲပြောင်းပေးမည် ဖြစ်သည်။ သို့သော် သခင်ချီသည် ထိုသို့မလုပ်ခဲ့ပေ။ ထို့ကြောင့် ချင်ယွင်သည် ဤသခင်ချီသည် လူကောင်းမဟုတ်ဟု ခံစားခဲ့ရသည်။
"အဲဒီတော့ ဘာဖြစ်လဲ?။ သူတို့က ပုရွက်ဆိတ်တွေပဲလေ။ သေတယ်ဆိုလည်း သေတယ်ပေါ့။ အဲဒါက ငါနဲ့ ဘာဆိုင်လို့လဲ?" အဖြူရောင်ဝတ် အမျိုးသားက မထီမဲ့မြင် ပြုသည့် အမူအရာဖြင့် လှောင်ပြောင်ပြောသည်။
"ဒီကိစ္စက ခင်ဗျားနဲ့ သက်ဆိုင်နေတယ်ဆိုမှတော့၊ ခင်ဗျားရဲ့ လုပ်ရပ်တွေအတွက် ဒီနေ့ ခင်ဗျားကို ကျုပ်ကိုယ်တိုင် ပြန်ပေးဆပ်ခိုင်းမယ်။" ချင်ယွင်၏ အသံသည် အနှိုင်းမဲ့ အေးစက်နေသည်။
ချီဟန်ရှန်းသည် ချင်ယွင်၏ စကားကို ကြားသောအခါ သူ၏မျက်လုံးထဲတွင် အေးစက်သော အကြည့်တစ်ချက် ထွက်ပေါ်လာသည်။
"သခင်ချီ၊ ဒီကောင်စုတ်ကို သခင်ချီကိုယ်တိုင် လှုပ်ရှားစရာ မလိုပါဘူး။ သူ့ကို ဂရုစိုက်ဖို့ ကျွန်တော့်ကို ခွင့်ပြုပါ..”။ ချိုင်ကျန်းဖေးက ချီဟန်ရှန်းကို လေးစားစွာ ပြောလိုက်သည်။
"ကောင်းပြီလေ..” ချီဟန်ရှန်းက ပြတ်ပြတ်သားသား သဘောတူလိုက်သည်။ သူ၏ ခန္ဓာကိုယ်က ဖျတ်ခနဲ လင်းလက်မူနှင့်အတူ သူသည် အဝေးသို့ ဆင်းသက်ပြီး တိုက်ပွဲမြေပြင်မှ ထွက်သွားခဲ့သည်။
ချီဟန်ရှန်း… ဆုတ်ခွာသွားသည်ကို မြင်လိုက်ရလျှင်၊ ချိုင်ကျန်းဖေးက ချင်ယွင်ကို သတ်ဖြတ်ချင်စိတ် ပြင်းပြစွာဖြင့် လှည့်ကြည့်လိုက်ပါသည်။
"ကောင်စုတ်လေး၊ ငါ ထပ်ပြောပါရစေ။ ချိုင်အာကို လွှတ်လိုက်ပါ။ မဟုတ်ရင် မင်းရဲ့ ရှင်ခြင်းနဲ့သေခြင်းကို တောင်းပန်လာတဲ့အထိ ငါ လုပ်ရလိမ့်မယ်" ချိုင်ကျန်းဖေးက ရှေ့သို့ ခြေတစ်လှမ်း လှမ်းပြီး ကောင်းကင်ယံမှ ကောင်းကင်လျှပ်စီးလုံး တစ်ထောင်က ချက်ချင်း ဆင်းသက်လာသည်။ ခရမ်းရောင်လျှပ်စီးကြောင်းများသည် သူ၏ပတ်ဝန်းကျင်တွင် တဝဲလည်လည် စုရုံးလာခဲ့ပြီး ဖျက်စီးခြင်း၏ ပြင်းထန်သော ခံစားချက်ကို ထုတ်လွှတ်နေသည်။
"ကောင်းကင်တာအို လျှပ်စီးလား…?" ပတ်ဝန်းကျင်က လူများသည် ချက်ချင်းပင် အံ့အားတသင့် ရေရွတ်လိုက်ကြပြီး၊ သူတို့မျက်လုံးတွေက နှိုင်းမရတဲ့ ရိုသေလေးစားမှုတွေ နှင့် ပြည့်နေခဲ့ပါသည်။