အခန်း ၉၄၉
Vol. 64 Ch. 949
အခန်း (၉၄၉) စစ်ပွဲ အင်မော်တယ် ဧကရာဇ်။
ချင်ယွင်သည် ကောင်းကင်တာအို၏ လျှပ်စီးကြောင်းများ ဖုံးလွှမ်းနေထားသော ဝိညာဉ် ကျောက်စိမ်းဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ကို ကြည့်လိုက်ရင်း သူ၏မျက်လုံးများတွင် ရက်စက်မှု အရိပ်အယောင်များ ပေါ်လာသည်။
"ကြည့်ရတာ၊ ကျုပ်ကလည်း ခင်ဗျားကို ပြောပြထားသင့်တယ်လို့ ယူဆတယ်။ ခင်ဗျား ဒီနေ့ ရန်ကျိဖန်းကို လွှတ်မပေးဘူးဆိုရင် ခင်ဗျားတင်မကဘူး, မင်းရဲ့ ဝိညာဉ်ကျောက်စိမ်း ဂိုဏ်းတစ်ခုလုံး ဒီနေရာကနေ ပျောက်ကွယ်သွားရလိမ့်မယ်" ချင်ယွင်၏ လေသံတွင် ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒများ ပါ၀င်နေပြီး နဂါးနတ်ဘုရား၏ ကြောက်မက်ဖွယ် စွမ်းအားက သူ၏ခန္ဓာကိုယ်ကို ချက်ချင်း လွှမ်းခြုံးသွားခဲ့သည်။
နဂါးနတ်ဘုရား၏တန်ခိုးအစွမ်းနှင့် ဖင်းဂေါ့ဂ်စွမ်းအားတို့သည် တညီတညွတ်တည်း လှည့်ပတ်သွားသည်နှင့် ချင်ယွင်၏ အငွေ့အသက်သည် လွန်ကဲစွာ မြင့်တက်သွားခဲ့သည်။
"မင်းက သေချင်နေတာပဲ” ချိုင်ကျန်းဖေးသည် ချက်ချင်းပင် ဒေါသထွက်သွားသည်။ သူ၏ရှေ့မှ ဤလူငယ်သည် အမှန်တကယ်ပင် သူ့ကို ခြိမ်းခြောက်ရန် သတ္တိရှိနေခဲ့သည်။ ပြင်းထန်သော သတ်ဖြတ်လိုစိတ်က သူ၏နှလုံးသားထဲသို့ တိုးဝင်လာခဲ့သည်။
“ဘုန်း…”။
ချိုင်ကျန်းဖေးက သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး ကောင်းကင်မှာ ကျယ်လောင်သည့် ပေါက်ကွဲသံကို ဖြစ်ပေါ်စေသည်။ လျှပ်စီးကြောင်းများစွာသည် ကောင်းကင်ယံကို ချက်ခြင်း ဖြတ်သန်းပြီး ချင်ယွင်ဆီသို့ ပြင်းထန်စွာ ပြေးဆင်းသွားခဲ့သည်။
ဤတစ်ကြိမ်တွင်၊ သူသည် သူ၏ရှေ့တွင်ရှိနေသော မာနကြီးပြီး မသိနားမလည်သည့် ဤလူငယ်ကို သတ်ပစ်ပြီး၊ အင်မော်တယ် ဧကရာဇ်တစ်ပါး၏ ဂုဏ်သိက္ခာကို အနည်းငယ် မျှပင် ချိုးဖေါက်၍မရကြောင်း သိစေချင်ခဲ့သည်။
ချင်ယွင်သည် ကောင်းကင်ယံမှ လျှပ်စီးများဝင်းလက်နေသော လျှပ်စီးကြောင်းများကို ကြည့်လိုက်ရင်း၊ သူ၏မျက်လုံးများသည် ပြင်းထန်သော အလင်းရောင်များဖြင့် လင်းလက်သွားသည်။ ကြောက်မက်ဖွယ် စွမ်းအားတစ်ခုက သူ၏ခန္ဓာကိုယ်ထဲတွင် ကျယ်လောင်စွာ ဟိန်းဟောက်လာသည်။
"ငါ့ကို ကူညီပြီး သူ့ကို စောင့်ကြည့်ထားစမ်း” ချင်ယွင်က သူ၏လက်ကို ဝှေ့ယမ်းပြီး လူသားပုံစံ မပေါက်တော့သည့် ချိုင်ကော့ကို ရှရှန်းယုဆီကို ပစ်ပေးလိုက်သည်။
ရန်ကျိဖန်းကို မကယ်တင်နိုင်ခင် ချိုင်ကော့က သေလို့မရပေ။ မဟုတ်ပါက, ချိုင်ကျန်းဖေး သည် မီးကုန်ယမ်းကုန် လုပ်ဆောင်ပေလိမ့်မည်။
ရှရှန်းယုသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သော်လည်း ချိုင်ကော့ကို ဖမ်းယူရန် သူမ၏ ခွန်အားကို အသုံးပြုနေဆဲ ဖြစ်သည်။
ထို့နောက် ချင်ယွင်၏ ပါးစပ်ထောင့်စွန်းသည် အနည်းငယ် တွန့်ကွေးသွားသည်။ သူသည် လျှပ်စီးကြောင်းများကို လျစ်လျူရှုပြီး ချိုင်ကျန်းဖေးဆီ တဟုန်ထိုး ပြေးဝင်ရန် သူ၏ ကြောက်မက်ဖွယ် စွမ်းအားကို တိုက်ရိုက် စုစည်းလိုက်သည်။
သူ၏ဟစ်ကြွေးအသံက မိုးခြိမ်းသံကဲ့သို့ပင်။ သူ၏အရှိန်ဟုန်က ကောင်းကင်ယံကို ထိုးဖောက်သွားသည့် ဝါးလုံးပစ်သံကဲ့သို့ပင်။
"သူ ရူးနေသလား?။ ဒါက ကောင်းကင်တာအိုလမ်းစဉ်ရဲ့ လျှပ်စီးကြောင်းတွေလေ။ သူက တကယ်ပဲ သူ့ကိုယ်သူ မကာကွယ်တော့ဘူးလား?" ချင်ယွင်သည် မည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ ချိုင်ကျန်းဖေးဆီသို့ အပြေးအလွှား ပြေးဝင်သွားကြောင်းကို တပည့်များ မြင်သောအခါတွင် သူတို့၏မျက်နှာများသည် အံ့အားသင့်သွားကြသည်။
ချိုင်ကျန်းဖေးလည်း အနည်းငယ် အံ့သြသွားသည်။ သူ၏ရှေ့မှ ဤကောင်စုတ်လေးသည် သူ၏ကောင်းကင်တာအို လျှပ်စီးကြောင်းတွေကို သူ၏ခန္ဓာကိုယ်သက်သက်ဖြင့် ခုခံနိုင်မည်ဟု သူ မယုံကြည်ပါဘူး။
သူသည် ကောင်းကင်တာအိုနယ်ပယ်၏ ပထမအဆင့်တွင်သာ ရှိနေသေးသော်လည်း ကောင်းကင်တာအိုနယ်ပယ်၏ ပထမအဆင့်သည်လည်း ကောင်းကင်တာအို ဖြစ်နေဆဲ ပင် ဖြစ်သည်။
ဤမျှ အလွယ်တကူ မည်သို့ ပိတ်ဆို့နိုင်မည်နည်း?။
“ဘုန်း…”။
ခရမ်းရောင် လျှပ်စီးကြောင်းများသည် ချင်ယွင်၏ခန္ဓာကိုယ်ကို ပြင်းထန်စွာ ရိုက်ခတ်သွားသည်။
ချင်ယွင်၏ ခန္ဓာကိုယ်သည် ရုတ်တရက် ရပ်တန့်သွားပြီး၊ ခပ်အုပ်အုပ် နှာခေါင်းရှုံ့သံက ထွက်လာသည်။ သို့သော်၊ သူသည် ဤလျှပ်စီးမိုးကြိုးကျည်အလုံးများကို ခုခံရန် သူ၏ ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် အသုံးပြုနေဆဲ ဖြစ်ပြီး၊ သူ၏ခန္ဓာကိုယ်က အတားအဆီး မရှိတော့သည့်အလား ချိုင်ကျန်းဖေးဆီသို့ ဆက်လက် ပြေးသွားခဲသည်။
"ဘယ်လို...ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?" တပည့်များသည် ဤမြင်ကွင်းကို စူးစူးဝါးဝါး စိုက်ကြည့်နေကြသည်။ သူတို့မျက်လုံးတွေကိုပင် မယုံနိုင်လောက်အောင် ဖြစ်ကြရသည်။
ကောင်းကင်တာအို၏ လျှပ်စီးကြောင်းများကိုပင် ခုခံနိုင်သော ဤခန္ဓာကိုယ်သည် မည်မျှ ကြောက်စရာကောင်းလိုက်မည်နည်း?။
ချိုင်ကျန်းဖေးသည်လည်း သူ၏မျက်နှာတွင် အံ့သြသော အမူအရာ ရှိနေသည်။ တစ်နေ့တွင် တစ်စုံတစ်ယောက်သည် သူ၏ ကောင်းကင်တာအို လျှပ်စီးကြောင်းများကို ခန္ဓာကိုယ်သက်သက်ဖြင့် ခုခံနိုင်လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
ဘန်း…။
သို့သော် ချိုင်ကျန်းဖေး ထိတ်လန့်အံ့ဩနေစဉ်မှာ ချင်ယွင်၏ ရုပ်အသွင်သည် ချိုင်ကျန်းဖေး၏ ရှေ့သို့ ရောက်ရှိလာပြီး အဆုံးမဲ့ ကြောက်မက်ဖွယ် စွမ်းအားများ ပါရှိသော လက်သီးချက်က ချိုင်ကျန်းဖေး၏ မျက်နှာဆီသို့ အပြင်းအထန် တိုက်ခိုက်သွားခဲ့သည်။
ချိုင်ကျန်းဖေး၏ အမူအရာ ပြောင်းသွားသည်။ ဤလက်သီးချက်မှ ခြိမ်းခြောက်နေသော အငွေ့အသက်ကို သူ အမှန်တကယ် ခံစားလိုက်ရသည်။ ပြင်းထန်သော လေပြင်းများက သူ၏ပါးပြင်ကို နာကျင်စေသည့် အရိပ်အယောင်ကိုပင် ခံစားရစေသည်။
နည်းနည်းလေးမှ တုန့်ဆိုင်းမနေဘဲ ချိုင်ကျန်းဖေးသည် လျှပ်စီးများ ရစ်ပတ်ထားသည့် သူ၏လက်ဖဝါးဖြင့် ချင်ယွင်၏ လက်သီးကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
“ဘုန်း…”။
ဖင်းဂေါ့ဂ်စွမ်းအားသည် ကောင်းကင်တာအို၏ လျှပ်စီးကြောင်းနှင့် အပြင်းအထန် တိုက်မိပြီး၊ ပြင်းထန်သော အသံဗလံများ ပေါက်ကွဲ ထွက်သွားစေသည်။
ချိုင်ကျန်းဖေး၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ဤကြောက်စရာကောင်းသော စွမ်းအားကြောင့် ချက်ချင်းပင် တွန်းထုတ်ခံလိုက်ရပြီး ချင်ယွင်ကို သူ၏မျက်လုံးများတွင် အံ့အားသင့်ဟန် အမူအရာဖြင့် ကြည့်လိုက်လေသည်။
ချင်ယွင်လည်း ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားကာ သူ၏မျက်လုံးများက အေးစက်သော အလင်းရောင်ဖြင့် တဖျတ်ဖျတ် ခတ်နေသည်။
ပထမအကြိမ် ထိပ်တိုက် ရင်ဆိုင်ပြီးနောက်၊ နှစ်ယောက်လုံး လက်ရည်တူ ဖြစ်နေခဲ့သည်။
အနီးနားပတ်ဝန်းကျင်ရှိ တပည့်များက အလွန်တုန်လှုပ်သွားကြသည်။ ယခုတော့ သူတို့သည် နောက်ဆုံးတွင် ဤလူငယ်သည် တော်ဝင်အကြီးအကဲကို အဘယ်ကြောင့် အလွယ်တကူ နင်းသတ်နိုင်သည်ကို နားလည်လာကြသည်။ အကြောင်းမှာ တဖက်လူ၏ ခွန်အားသည် ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ချိုင်ကျန်းဖေးသည် ချင်ယွင်ကို လေးနက်သော အမူအရာဖြင့် ကြည့်လိုက်သည်။ သူ၏ရှေ့မှ လူငယ်သည် အနှစ်တစ်ထောင်ကျော်ကြာ ကျင့်ကြံရခြင်း မရှိသည်မှာ ထင်ရှား သော်လည်း၊ ဤလူငယ်သည် သူနှင့်ယှဉ်နိုင်သော တိုက်ပွဲဝင်စွမ်းအားကို ပိုင်ဆိုင်ထား သည်။ ဤအရာက ဘယ်လို မွန်းစတားမျိုးပါလဲ?။
"ငါ ဒီကောင်လေးကို လုံးဝ ကြီးထွားခွင့် မပြုနိုင်ဘူး။ မဟုတ်ရင် ငါတို့ရဲ့ ကျောက်စိမ်း ဝိညာဉ်ဂိုဏ်းက တကယ်ပဲ ပျက်သုဉ်းသွားနိုင်တယ်။" ချိုင်ကျန်းဖေးသည် သူ့ကိုယ်သူ တွေးနေမိသည်။
ဤအခိုက်အတန့်တွင် ချီဟန်ရှန်းသည်လည်း အလားတူ အတွေးများ ရှိနေသည်။ ချင်ယွင်၏ စွမ်းဆောင်မှုသည် သူ၏နှလုံးသားထဲတွင် သတ်ဖြတ်လိုစိတ်ကို အပြည့်အ၀ မြုပ်နှံသွားခဲ့သည်။ ဟုတ်ပါသည်။ သူသည် ချင်ယွင်၏ အနာဂတ်အလားလာ၏ ခြိမ်းခြောက်မှုကိုသာ ခံစားခဲ့ရပြီး၊ လက်ရှိ ချင်ယွင်၏ ခွန်အားအတွက် မည်သည့်ဖိအားမှ မခံစားရပါဘူး။
သူ၏မျက်လုံးထဲမှာတော့ ကောင်းကင်တာအိုနယ်ပယ်၏ ပထမအဆင့်သည် လက်တစ်ဖက်တည်းဖြင့်ပင် သေသည်အထိ နှိပ်စက်နိုင်ပါသည်။
“ဘုန်း..”။
ကွင်းပြင်အတွင်းရှိ ကောင်းကင်ယံ၌ တုန်လှုပ်ခြောက်ခြားဖွယ်ရာ တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။ ချင်ယွင်သည် ချိုင်ကျန်းဖေး၏ ရှေ့မှာ ချက်ချင်း ပေါ်လာခဲ့ပြီး၊ သူ၏လက်သီးများသည် ချိုင်ကျန်းဖေးဆီသို့ မုန်တိုင်းတစ်ခုလို ရိုက်ခတ်သွားခဲ့သည်။
ဟုတ်ပါသည်၊ ချိုင်ကျန်းဖေး၏ အင်မော်တယ် ဧကရာဇ်အဆင့် ကျင့်ကြံမှုအခြေခံသည် သက်သတ်လွတ် မဟုတ်ပေ။ ချင်ယွင်၏ လက်သီးချက်များ ထွက်ပေါ်လာတိုင်း ကြောက်မက်ဖွယ် ကောင်းသော ခရမ်းရောင်လျှပ်စီးကြောင်းတွေက ထွက်ပေါ်လာကာ၊ ချင်ယွင်၏ လက်သီးချက်များကို နောက်မှ ပိတ်ဆို့တားဆီးလိုက်သည်။
တိုက်ခိုက်ခြင်းနှင့် ကာကွယ်ခြင်း၊ ဤအတိုင်းပင်၊ တခဏ အတွင်းမှာပင် သူတို့ နှစ်ယောက်သည် ဒါဇင်နှင့်ချီသည့် သိုင်းကွက်တွေကို ဖလှယ်ခဲ့ကြသည်။ လေဟာနယ် တစ်ခုလုံး တုန်လှုပ်ချောက်ချားလျက်ရှိကာ၊ ကြောက်မက်ဖွယ် မိုးခြိမ်းသံတွေက အဆက်မပြတ် မြည်ဟီးလျက် ရှိပါသည်။
ဘေးမှ ကြည့်ရူနေသူများသည် ကြည့်နေရင်း သူတို့ပါးစပ်တွေပင် ကျယ်လာကြပါသည်။ ဤတိုက်ပွဲမျိုးသည် နှစ်တစ်ရာလျှင် တစ်ကြိမ် သို့မဟုတ် အနှစ်တစ်ထောင်ကြာပင်လျှင် တစ်ကြိမ်သာ ဖြစ်ပွားလိမ့်မည်။ ထို့ကြောင့် သူတို့အားလုံးသည် ဤမျှလောက် အံ့သြဖွယ်ကောင်းသော တိုက်ပွဲကို လက်လွှတ်လိုက်ရမည်ကို စိုးရိမ်သဖြင့် မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ထားကြသည်။
ရန်ဘိုင်လင်းလည်း ထိတ်လန့်သွားသည်။ ရှရှန်းယုမှလွဲလို့ သူသည် ချင်ယွင်၏ အသက်အမှန်ကို သိရှိထားသူ တစ်ယောက်ဖြစ်သည်။ သူသည် အသက်တစ်ရာ အောက်သာ ရှိပါသေးသည်၊ ဆိုလိုသည်မှာ ချင်ယွင်သည် အနှစ်တစ်ရာ သို့မဟုတ် အနှစ်ငါးဆယ်ကြာအောင်ပင် မကျင့်ကြံရသေးပေ။
အနှစ်ငါးဆယ်ကြာ ကျင့်ကြံထားသော စွမ်းအားက ကောင်းကင်တာအိုနယ်ပယ်၏ ပထမအဆင့်ရှိ အင်မော်တယ် ဧကရာဇ်တစ်ပါးနှင့် ယှဉ်နိုင်နေပြီ။ ဤအရာကား မည်သည့် မွန်းစတားအမျိုးစားနည်း?။
တစ်ချိန်တည်းမှာပင်၊ ကျိဖန်းသည် အလွန်တရာ ကြီးကျယ်ခမ်းနားသော ပညာရှင် တစ်ဦးနှင့် မိတ်ဆွေဖွဲ့နိုင်ခဲ့သည့်အတွက် အလွန်ဝမ်းသာမိပါသည်။ အကယ်၍၊ ချင်ယွင်သာ ဤတိုက်ပွဲမှာ ရှင်သန်လွတ်မြောက်နိုင်ခဲ့လျှင်၊ သူတို့၏ ရန်ကလန်သည် ကောင်းကင်ယံ ထိတိုင် ပျံတက်သွားပေလိမ့်မည်။
ရှရှန်းယု၏ အမူအရာက တည်ငြိမ်သွားသည်။ အကြောင်းမှာ ၎င်းစွမ်းအားသည် ချင်ယွင်၏ နောက်ဆုံး တိုက်ပွဲဝင် စွမ်းအားမဟုတ်မှန်း သူမ သိထားသောကြောင့် ဖြစ်ပါသည်။ ချင်ယွင်သည် အဖိုးတန်ဆုံး ရတနာဖြစ်သည့် ရှေးဟောင်း ဖရိုဖရဲရတနာဖြစ်သော နတ်နဂါးကျောက်စိမ်း တံဆိပ်ကို အသုံးမပြုခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ သူသည် ဖင်းဂေါ့ဂ် စွမ်းအားနှင့် သူ့ကို တိုက်ခိုက်ဖို့ ပေးထားသည့် နဂါးနတ်ဘုရား၏ စွမ်းအားကိုသာ အားကိုးပြီး တိုက်ခိုက်ခြင်းနေခြင်း ဖြစ်သည်။
အကယ်၍ ချင်ယွင်သည် နတ်နဂါးကျောက်စိမ်းတံဆိပ်ကို အသုံးပြုခဲ့မည်ဆိုလျှင်၊ သူ၏ ခွန်အားသည် ချိုင်ကျန်းဖေးထက် ချက်ခြင်း သာလွန်သွားပေလိမ့်မည်။ ထို့ကြောင့် သူမ စိုးရိမ်နေသည့်အရာမှာ အဝေးမှာ တိုက်ခိုက်ခြင်း မပြုခဲ့သော ချီဟန်ရှန်း ဖြစ်သည်။ ၎င်းသည် ချင်ယွင် ရင်ဆိုင်ရမည့် ရန်သူအစစ် ဖြစ်သည်။ ချင်ယွင်သည် ချီဟန်ရှန်းကို အနိုင်ယူရန် အမှန်တကယ် အင်အားရှိမရှိကိုလည်း သူမ သိချင်နေခဲ့သည်။
“ဘုန်း…”။
နောက်ထပ် ကျယ်လောင်သော အသံသည် ကောင်းကင်ယံမှ ထွက်ပေါ်လာသည်။ ချိုင်ကျန်းဖေး၏ ခရမ်းရောင်လျှပ်စီးကြောင်းများသည် ချင်ယွင်၏လက်သီးဖြင့် အပြင်းအထန် တိုက်မိကာ ချင်ယွင်ကို နောက်တစ်ကြိမ် တွန့်ထုတ်လိုက်ပြန်သည်။
"ကောင်စုတ်လေး၊ မင်းရဲ့ခွန်အားက တကယ်ကောင်းတယ်ဆိုတာ ငါ ဝန်ခံရမှာဘဲ။ ဒါပေမယ့် မင်းက ငါ့ရဲ့စွမ်းအားကို အခုလိုပုံစံမျိုးနဲ့ ယှဉ်ပြိုင်နိုင်မယ်လို့ မင်း တကယ် ထင်နေတာလား?။ ဒါဆိုရင်တော့၊ မင်းက ငါ့ကို အရမ်းကို လျှော့တွက်လွန်းနေတာပဲ။ ဒီနေ့တော့ ကောင်းကင်တာအိုက ဘာလဲဆိုတာ ငါ မင်းကို ပြောပြပေးမယ်" ချိုင်ကျန်းဖေး ၏ မျက်လုံးများတွင် ခရမ်းရောင်လျှပ်စီးကြောင်းနှစ်ခု လင်းလက်လာသည်။
တခဏအတွင်းမှာပင် ကောင်းကင်နှင့် မြေကြီးသည် ထောင်ပေါင်းများစွာသော လျှပ်စီး ကြောင်းများ အဝေးမှ လွင့်ပျံနေသကဲ့သို့ ပြင်းထန်စွာ ဟိန်းဟောက်စ ပြုလာသည်။ ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်း အငွေ့အသက်များက ရောက်ရှိနေသူ လူအားလုံးကို ၎င်းတို့၏နှလုံးသားများ ရင်တုန်သွားစေခဲ့သည်။
လျှပ်စီးသည် ကောင်းကင်နှင့်မြေကြီး၏ များပြားလှသော နည်းပညာရပ်များကို သက်သေပြုပေးပါသည်။
“ဘုန်း..”
ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကြောင်းတစ်ခုသည် လေဟာနယ်ထဲမှ ဆုတ်ဖြဲထွက်လာခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးသားရဲအဖြစ်သို့ ပြောင်းလဲသွားသည်။ မိုးကြိုးသားရဲ၏ ခန္ဓာကိုယ်သည် ကြီးမားပြီး ပတ်ဝန်းကျင်ကို တုန်လှုပ်စေသည့် ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခုကို ထွက်ဖောက်လိုက်သည်။
ချင်ယွင်သည် သူ၏မျက်လုံးထဲတွင် ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲဆန္ဒဖြင့် ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေ၏။ သူ၏ပါးစပ်ထောင့်က ယုံကြည်မှုရှိသည့် အပြုံးတစ်ခု ပေါ်လာပြီး ပြောလိုက်သည် "မိုးကြိုးလား?။ ကျုပ်လည်း ဒါမျိုး လုပ်နိုင်တာပဲ”။