← Chapters

အခန်း ၉၅၀

Vol. 64 Ch. 950

အခန်း ၉၅၀

Vol. 64 Ch. 950

အခန်း (၉၅၀) တော်ဝင်တာအိုဖြင့် ကောင်းကင်တာအိုကို လှုပ်ခါခြင်း။

ချင်ယွင်၏ လျှပ်စီးစွမ်းရည် ကိုယ်ပွားသည် ယခုအချိန်တွင် ချင်ယွင်၏ထံမှာ ရှိမနေ သော်လည်း, ယင်းက ချင်ယွင်သည် လျှပ်စီးတော်ဝင်တာအိုဉပဒေသကို နားမလည်နိုင်ဟု မဆိုလိုပါ။

မူလခန္ဓာနှင့် ကိုယ်ပွားများ၏ အတွေးအမြင်များသည် မျှဝေထားသောကြောင့် မူလခန္ဓာသည် လျှပ်စီးစွမ်းရည်ကိုယ်ပွား၏ ထိုးထွင်းသိမြင်မှု အားလုံးကို သဘာဝအတိုင်း နားလည်သဘောပေါက်ပါသည်။

ဟုတ်ပါသည်။ ချင်ယွင်သည် လျှပ်စီးစွမ်းရည်ကိုယ်ပွားရှိ ဖရိုဖရဲ လျှပ်စီးကြောင်းများ၏ စွမ်းအားကိုတော့ အသုံးမချနိုင်သေးပါဘူး။ သူသည် လျှပ်စီးဉပဒေသကို အသုံးပြုပြီး၊ ပတ်ဝန်းကျင် လေဟာနယ်ထဲမှ လျှပ်စီးကြောင်းများကိုသာ စုပ်ယူနိုင်မည် ဖြစ်ပါသည်။

သို့သော်, ယင်းက လုံလောက်ပါသည်။ ချင်ယွင်၏ လျှပ်စီးစွမ်းရည် တော်ဝင်တာအို ဉပဒေသသုံးခုစလုံးလည်း ပြီးပြည့်စုံသောအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး၊ လျှပ်စီးဖျက်ဆီး ခြင်းဉပဒေသဆိုလျှင် ကောင်းကင်တာအိုနယ်ပယ်သို့ ခြေလှမ်းတဝက်ပင် ရောက်ရှိနေပြီ ဖြစ်သည်။

ယခုအချိန်တွင်၊ လျှပ်စီးစွမ်းရည်ကိုယ်ပွားသည် ဖရိုဖရဲလျှပ်စီးကို အသုံးမပြုဘူးဆိုလျှင်ပင်၊ ကောင်းကင်တာအိုနယ်ပယ်၏ ပထမအဆင့်ရှိ မည်သည့် အင်မော်တယ် ဧကရာဇ်ကိုမဆို သတ်ဖြတ်နိုင်သည်။ ဖရိုဖရဲလျှပ်စီးကို အသုံးလိုက်ပါက၊ သူသည် ကောင်းကင်တာအို နယ်ပယ်၏ ဒုတိယအဆင့်ရှိ အင်မော်တယ် ဧကရာဇ်များကို ရင်ဆိုရလျှင်ပင် ပြဿနာ မရှိတော့ပေ။ ထို့ကြောင့် ချင်ယွင်၏ လျှပ်စီးစွမ်းရည်အပေါ် အောင်မြင်မှုများသည် သူ၏ရှေ့မှာရှိနေသည့် ချိုင်ကျန်းဖေးထက် အားနည်းမည် မဟုတ်ပေ။

“ဘုန်း…”။

သေချာပါသည်။ ချင်ယွင်၏ လက်ဖဝါးမှ ကြောက်စရာကောင်းသည့် ရေခဲပြာရောင် လျှပ်စီးကြောင်းတွေ ထွက်ပေါ်လာအပါသည်။ ဤသည်မှာ လျှပ်စီးတော်ဝင်တာအို၏ ဉပဒေသသုံးခုကို ပေါင်းစပ်ခြင်း၏ ရလာဒ်ဖြစ်ပြီး၊ ၎င်းမှ ထုတ်လွှတ်သော စွမ်းအားသည် ချိုင်ကျန်းဖေးထက် အားနည်းခြင်း မရှိပေ။

"ဘာလဲဟ?။ သူက လျှပ်စီးတော်ဝင်တာအိုရဲ့ ဉပဒေသကိုလည်း သိထားတာလား?။ ဒါက ဘယ်လို လျှပ်စီးဉပဒေသမျိုးလဲ?။ အဲဒါက ဘယ်လိုလုပ် ဒီလောက် အစွမ်းထက်နိုင်ရတာ လဲ?" ခပ်လှမ်းလှမ်းမှ ပတ်ဝန်းကျင်ရှိ တပည့်များအားလုံး အံ့အားသင့်သွားကြသည်။

ချင်ယွင် ဆင့်ခေါ်လိုက်သည့် လျှပ်စီးသည် ချိုင်ကျန်းဖေးထက် အားနည်းခြင်း မရှိဘူးဆို သည်ကို သူတို့ တွေ့ရှိခဲ့ရပါသည်။

ရှရှန်းယုသည်လည်း ယခုအခိုက်အတန့်တွင် အလွန်ထိတ်လန့် တုန်လှုပ်နေသော အမူအရာတစ်ခုကို ဖော်ပြလာခဲ့သည်။ ကောင်းကင်လေနတ်ဘုရားအကယ်ဒမီတွင် ဆုဟန်ယုနှင့် တိုက်ခိုက်စဉ်တုန်းက ချင်ယွင်သည် လေစွမ်းရည်ဥပဒေသများကို အသုံးပြုခဲ့ကြောင်း သူမ ရှင်းရှင်းလင်းလင်း သတိရမိသွားသည်။

သို့သော်လည်း ယခုအခါတွင် သူသည် လျှပ်စီးတော်ဝင်တာအို၏ ဉပဒေသများကို အသုံးပြုနေပြန်ပြီ။ ၎င်းသည် လျှပ်စီးတော်ဝင်တာအို၏ ဉပဒေသသုံးခုကို ပေါင်းစပ်ပြီး နောက် ဖြစ်ပေါ်လာသည့် တော်ဝင်တာအို၏ စွမ်းအားဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုရသော်, သူသည် လေစွမ်းရည် တောင်ဝင်တာအို ဉပဒေသသုံးမျိုးကို နားလည်သဘောပေါက်သဖြင့်, ယခု လျှပ်စီးစွမ်းရည် တော်ဝင်တာအို ဉပေဒသသုံးခုပါ ထည့်တွက်လျှင်၊ စုစုပေါင်း တော်ဝင်တာအိုဉပဒေသ ခြောက်မျိုးကို နားလည်ထားပြီး၊ ၎င်းတို့အားလုံးသည် တော်ဝင်တာအိုနယ်ပယ်၏ ပြီးပြည်စုံခြင်းအဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ခြောက်ခု…..လား..?

သူမသည် ၎င်းတို့ထဲတွင် သုံးခုကိုသာ နားလည်သဘောပေါက်ခဲ့ပြီး၊ ယင်းက သူမအား ရှုံးနိမ့်ခြင်း၏ ခံစားချက်ကို ပြင်းထန်စွာ ဖြစ်ပေါ်စေသည်။

ချိုင်ကျန်းဖေးက ချင်ယွင်သည် လျှပ်စီးစွမ်းရည် တော်ဝင်တာအိုဉပဒေသကို အမှန်တကယ် နားလည်ထားမည်ဟု မမျှော်လင့်ခဲ့ပေ။ သို့သော် သူ၏မျက်နှာသည် ချက်ချင်းပင် အေးစက်သော အပြုံးတစ်ခု ပေါ်လွင်လာကာ ပြောလိုက်သည် "ဟမ့်၊ မင်းက လျှပ်စီး တော်ဝင်တာအိုလေးကိုပဲ နားလည်ထားတာလေ။ ငါ့ရဲ့ ကောင်းကင်တာအိုကို ဆန့်ကျင်နေတာက တကယ်ကို သေခြင်းတရားကို တောင်းခံနေတာပဲ”။

ထိုသို့ပြောပြီးနောက် ချိုင်ကျန်းဖေးသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး ကောင်းကင်ရှိ ကြီးမားသော မိုးကြိုးသားရဲကြီးသည် ချင်ယွင်ဆီသို့ ဒေါသတကြီး ခုန်အုပ်လိုက်သည်။ ကြီးမားသော ခြေသည်းကြီးတစ်ချောင်းသည် ချင်ယွင်ဆီသို့ ပြင်းထန်စွာ ပုတ်ခတ်သွား သည်။ အကယ်၍, ဤခြေသည်းကြီးသာ အောက်ို ရိုက်မိသွားမည်ဆိုလျှင်၊ အချင်းဝက် ကီလိုမီတာ တစ်ရာအတွင်း မြေပြင်သည် ပြိုဆင်းသွားလိမ့်မည်။

"တော်ဝင်တာအိုက ကောင်းကင်တာအိုကို မဆန့်ကျင်နိုင်ဘူးလို့ ဘယ်သူ ပြောလဲ?။ ဒီနေ့၊ ခင်ဗျားရဲ့ ကောင်းကင်တာအိုကို လှုပ်ခါဖို့ ကျုပ်ရဲ့တော်ဝင်တာအိုကို အသုံးပြုမယ်။" ချင်ယွင်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏လက်ထဲရှိ ရေခဲပြာရောင် လျှပ်စီးကြောင်းတွေက သူ၏လက်ထဲမှာပင် ရှည်လျားသည့် လျှပ်စီးလှံတစ်ချောင်းအဖြစ် ပေါင်းစပ်သွားခဲ့ပါသည်။

ချင်ယွင်သည် သူ၏လက်ထဲရှိ လျှပ်စီးလှံကို ကိုင်ထားပြီး ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးသားရဲ၏ ကြီးမားသော ခြေသည်းများထဲသို့ တိုက်ရိုက် ထိုးချလိုက်လေသည် ။

ဘန်း…။

လှံသည် ဧရာမခြေသည်းကြီးနှင့် အပြင်းအထန် တိုက်မိပြီး အဝေးတွင် တုန်ခါသံတစ်ချက် ထွက်ပေါ်လာသည်။ မတူညီသော အလင်းတန်းနှစ်ခုသည် တပြိုင်နက် အပြင်းအထန် တိုက်မိသွားခဲ့သည်။

ဝှီး….။

ချင်ယွင်၏ ရုပ်အသွင်သည် မိုးကြိုးသားရဲ၏ ခန္ဓာကိုယ်ကို ချက်ခြင်း ထိုးဖောက်သွားသည်။ မူလက ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးသားရဲကြီးသည် လူတိုင်း၏ မျက်လုံးများ ရှေ့တွင် ပေါက်ကွဲသွားခဲ့သည်။

"မဖြစ်နိုင်...မဖြစ်နိုင်…”။ ချိုင်ကျန်းဖေးသည် သူ၏မျက်လုံးများကိုပင် မယုံနိုင်အောင် ဖြစ်နေခဲ့သည်။ ကောင်းကင်တာအိုနှင့် ပေါင်းစပ်သိပ်သည်းထားသည့် မိုးကြိုးသားရဲကြီး သည် အမှန်တကယ်ပင် တော်ဝင်တာအို၏ စွမ်းအားနှင့်အတူ သူ၏ရှေ့မှ ဤကောင်လေး က ဖြိုခွင်းပစ်လိုက်သည်။ သူ၏မျက်လုံးတွေကို သူ မည်သို့ ယုံကြည်နိုင်မည်နည်း?။

"ဟမ့်၊ ယုံချင်ယုံ, မယုချင်နေ, ခင်ဗျား ကိစ္စပဲ”။

ထိုအချိန်တွင် ကောင်းကင်ယံမှ အေးစက်စက် အော်သံတစ်ချက် ထွက်ပေါ်လာသည်။ လျှပ်စီးလှံ ကိုင်ဆောင်ထားသည့် လူငယ်တစ်ဦးသည် တစ္ဆေသရဲတစ်ကောင်ကဲ့သို့ ချိုင်ကျန်းဖေး၏ရှေ့တွင် ပေါ်လာခဲ့သည်။ သူ၏လက်ထဲမှ လျှပ်စီးလျှံသည် ကြောက်မက်ဖွယ်ကောင်းသည့် လျှပ်စီးစွမ်းအင် အတက်အကျလှိုင်းတွေကို သယ်ဆောင် လာရင်း သူ၏မျက်ခုံးကြား တည့်တည့်သို့ တိုးဝင်လာခဲ့သည်။

ယခုအချိန်တွင် ချိုင်ကျန်းဖေးသည် သူ၏အသက်သည် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီဟု ခံစားမိသည်။ အကယ်၍၊ ဤလှံသာ သူ၏ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်သွားခဲ့ရင် သူသည် အသက်ရှင်ဖို့ အခွင့်အလမ်း မရှိတော့ဘူးဆိုသည်ကို သူ သေချာသိနေပါသည်။

"မဟုတ်ဘူး၊ ငါက အင်မော်တယ်ဘုရင်တစ်ပါးကို သေချာပေါက် ရှံးနိမ့်မှာ မဟုတ်ဘူး”။ ချိုင်ကျန်းဖေးက သူ့ကိုယ်သူ စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။ သူသည် ချင်ယွင်၏ လှံကို တားဆီးရန် ကောင်းကင်တာအိုလျှပ်စီးကို အလျင်အမြန် စုစည်းပြီး အကာကွယ် အစီအရင်ဝင်္ကပါတစ်ခုကို ဖန်တီးလိုက်သည်။

ဘန်း…။

သို့သော်လည်း ချင်ယွင်က သူ၏လက်ကောက်ဝတ်ကို လှည့်လိုက်ပြီး သူ၏လက်ထဲမှာ ရှိနေသည့် လျှပ်စီးလှံက ချိုင်ကျန်းဖေး ယခုလေးတင် စုစည်းထားသည့် ကောင်းကင် တာအိုလျှပ်စီး အကာကွယ် အစီအရင်ကို ချက်ချင်း အစိပ်စိပ်မွှာမွှာ ဖြိုခွဲပစ်လိုက်သည်။

ချိုင်ကျန်းဖေးသည် သူ သိပ်သည်းထားသည့် လျှပ်စီးအကာကွယ် ကြေမွသွားသည်ကို ကြည့်ပြီး၊ ပြင်းထန်သော အကြောက်တရား ခံစားမူက သူ၏မျက်လုံးထဲတွင် ပေါ်လာပါ သည်။

"သေလိုက်တော့..”။ ချိုင်ကျန်းဖေး၏ မျက်ခုံးနှစ်ခုကြား နေလွတ်ရာကို တည့်တည့် ချိန်ရွယ်ရင်း သူ၏လက်ထဲရှိ လျှပ်စီးလှံကို ထပ်မံ ထုတ်လွှတ်ကာ ချင်ယွင်က အေးစက်စွာ အော်လိုက်သည်။

ချိုင်ကျန်းဖေးသည် အလွန်ထိတ်လန့်သွားသည်။ လှံပေါ်တွင်ပါရှိသော စွမ်းအားသည် သူ၏ နှလုံးသားကို တုန်လှုပ်စေခဲ့သည်။

"သခင်ချီ…၊ ကျွန်တော့်ကို ကယ်ပါဦး..” ချိုင်ကျန်းဖေးသည် အဝေးမှ ချီဟန်ရှန်းကို အမြန် လှမ်းအော်လိုက်ပါသည်။

ဘန်း..။

ချိုင်ကျန်းဖေး၏ ကျယ်လောင်သော အော်ဟစ်သံကို ကြားပြီးနောက်၊ ချီဟန်ရှန်း၏ ရုပ်အသွင်သည် အကွာအဝေး ပေထောင်ပေါင်းများစွာကို ချက်ချင်း ဖြတ်ကျော်ကာ ချိုင်ကျန်းဖေး၏ ရှေ့တွင် တိတ်တဆိတ် ပေါ်လာသည်။ သူက လက်တစ်ဖက်ကို ဆန့်ထုတ် လိုက်ပြီး ချင်ယွင်၏ လျှပ်စီးလှံကို သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းပြီး တိုက်ရိုက် ချေမွလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားတစ်ခုက ချက်ချင်း ထွက်ပေါ်လာသည်။

ဤစွမ်းအားတွင် ပါရှိသော အတက်အကျ လှိုင်းများသည် ချိုင်ကျန်းဖေး၏ ယခင် တိုက်ခိုက်မှုများထက် အဆပေါင်း ရာနှင့်ချီ သို့မဟုတ် ထောင်နှင့်ချီ၍ပင် ပြင်းထန်ပါသည်။

ချင်ယွင်၏ အမူအရာသည် ချက်ချင်း ပြောင်းသွားခဲ့သည်။ တုန့်ဆိုင်းမနေဘဲ၊ သူသည် နတ်နဂါးကျောက်စိမ်းတံဆိပ်ကို အသက်သွင်းလိုက်သည်။ နတ်နဂါး ကျောက်စိမ်း တံဆိပ် ၏ ကြောက်မက်ဖွယ် စွမ်းအားသည် သူ၏ခန္ဓာကိုယ်ထဲသို့ ချက်ချင်း တိုးဝင်လာခဲ့သည်။

“ဘုန်း..”

ချင်ယွင်သည် ထိုစွမ်းအားကို လက်သီးဖြင့် ထိုးလိုက်ပြီး ပြင်းပြင်းထန်ထန် ထိပ်တိုက် ရင်ဆိုင်လိုက်လေသည်။

သို့သော်လည်း၊ စွမ်းအား၏ အတက်အကျလှိုင်းများကြောင့် ချင်ယွင်၏ လက်မောင်းများ သည် ထုံကျင်သွားကာ သူ၏ခန္ဓာကိုယ်တစ်ကိုယ်လုံး ချက်ချင်း လွင့်ပျံသွားခဲ့သည်။

ချင်ယွင်သည် မရပ်တန့်နိုင်ခင် ခြေလှမ်း ထောင်ပေါင်းများစွာအကွာထိ ဆုတ်သွားခဲ့ရ သည်။ ရုတ်တရက် ချင်ယွင်၏ မျက်လုံးများသည် အုံ့မှိုင်းသည့် အခိုးအငွေ့များနှင့်အတူ ပေါက်ကွဲထွက်လာခဲ့သည်။

အခုလေးတင်၊ သူသည် ချိုင်ကျန်းဖေးကို သတ်နိုင်လုနီးပါး ဖြစ်ခဲ့သော်လည်း, ချီဟန်ရှန်း၏ တိုက်ခိုက်မှုကြောင့် သူ၏ အောင်မြင်မှုက ပျက်သုဉ်းသွားခဲ့ရသည်။ ဤအရာက သူ၏နှလုံးသားထဲတွင် မကျေမနပ်ဖြစ်သည့် ပြင်းထန်သော ခံစားချက်ကို ဖြစ်ပေါ်စေခဲ့ သည်။

အဝေးမှ တပည့်တွေလည်း အံသြနေပြီ။ ဤလူငယ်၏ တိုက်ခိုက်ရေး စွမ်းအားသည် သူတို့ ဂိုဏ်းခေါင်ဆောင်ကိုပင် သတ်နိုင်လုနီးပါးအထိ အစွမ်းထက်မည်ဟု သူတို့ မမျှော်လင့် ထားဘူး။ ဤအရာက သူတို့ကို တွေဝေမှိန်းမောသွားစေပြီး အစစ်မှန် မဟုတ်သည့် ခံစားချက်ကို ဖြစ်ပေါ်စေသည်။

ရှရှန်းယုလည်း ထိတ်လန့်သွားခဲ့ရသည်။ ချင်ယွင်၏ တိုက်ခိုက်ရေးစွမ်းအားသည် သူမ၏ စိတ်ကူးကို ကျော်လွန်သွားခဲ့ပြီ။ သူ၏ကျင့်ကြံမူ အခြေခံသည် သုံစားမရဖြစ်ခဲ့ပြီး၊ သေမျိုး ကမ္ဘာအထိ ပစ်ချခံရသည့် လူတစ်ယောက်သည် ပြန်လည်ထမြောက်လာနိုင်သည်ကို သူမအနေဖြင့် ယုံကြည်ဖို့ ခက်ခဲနေပါသည်။

သို့သော်လည်း ယခုအချိန်တွင် သူမသည် ဤမေးခွန်းကို စဉ်းစားရန် အချိန်မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ကွင်းပြင်ရှိ လေထုသည် အလွန်မင်း တင်းမာသော အဆင့်သို့ တိုးမြင့်လာနေပြီ ဖြစ်သောကြောင့်ပင်။

"ဘေးကို ဖယ်လိုက်စမ်း…”။ ချင်ယွင်က ချီဟန်ရှန်းကို အေးစက်စွာ အော်ပြောလိုက်သည်၊ သူ၏လေသံက တင်းမာပြီး ပြတ်သားကာ အမိန့်ပေးသည့် အရိပ်အယောင်ကို ပေါ်လွင်စေ သည်။

"ချာတိတ်လေး၊ မင်း ဘယ်သူနဲ့ စကားပြောနေလဲဆိုတာရော သိရဲ့လား?" ချီဟန်ရှန်း၏ မျက်လုံးများတွင် ဒေါသအရိပ်အယောင် ပေါ်လာသည်။ သူ၏ရှေ့မှ ဤမျိုးမစစ် ကောင်လေးသည် သူ့ကိုပင် ယခုလိုလေသံမျိုးဖြင့် ပြောရဲခဲ့သည်။

"ဘေးကို ထွက်သွားလို့ ကျုပ်ပြောနေတယ်နော်”။ ချင်ယွင်က ပြင်းထန်စွာ အော်ပြောလိုက် ပြီး၊ သူ၏မျက်လုံးထဲတွင် ခရမ်းရောင်အလင်းတန်းတစ်ခုက တောက်ပလာပါသည်။

"ငါက မဖယ်ဘူးဆိုရင်ရော ဘာဖြစ်မလဲကွာ?" ချီဟန်ရှန်း၏ အမူအရာလည်း အေးစက်သွားသည် ။

"ဒါဆိုလည်း သွားသေလိုက်တော့”။ ချင်ယွင်သည် ချက်ချင်းပင် ကျယ်လောင်စွာ အော်ဟစ် လိုက်ပြီး သူ၏မျက်လုံးများသည် အဆုံးမဲ့ သတ်ဖြတ်လိုသည့် ဆန္ဒများဖြင့် ပြည့်နှက်လာခဲ့ သည်။ ချင်ယွင်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော နဂါးတစ်ကောင်၏ လွှမ်းမိုးကြီးစိုးနိုင်သော အငွေ့အသက် ထွက်ပေါ်လာပြီး တစ်ကမ္ဘာလုံးကို ချက်ချင်း လွှမ်းခြုံသွားပါသည်။

All Chapters